အနိုင်ပဲရှိတယ် အရှုံးမရှိဘူး
Vol. 26 Ch. 517
ချွင်း
သူတို့သည် ကောင်းကင်အဆင့်ကျွမ်းကျင်သူနှစ်ယောက်ဖြစ်သည်။ ၎င်း သည် နောက်ဆုံးအားထုတ်မှုဖြစ်သည်။ သူတို့ခန္ဓာကိုယ်ထဲမှ ဒြပ်စင်စွမ်းအင် များအားလုံးနီးပါး ထုတ်သုံးပြီးနောက် ထိုတိုက်ကွက်သည် အင်အားကြီးလွန်း သဖြင့် အားကောင်းသော တောင်ခွဲနွားရိုင်းကဲ့သို့ အဆင့်မြင့်ကြယ်မွန်မြတ် သောသားရဲပင် သူတို့နှစ်ယောက်ပေါင်းသည့် စွမ်းအားကို မခံနိုင်ပေ။ ၎င်း သည် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားပြီး သူ့ကိုယ်သူတည်ငြိမ်အောင် လုပ်ရသည်။
တောင်ခွဲနွားရိုင်းသည် ကြမ်းတမ်းသောခွန်အားရှိရုံတင်မကပေ။ မွန်မြတ် သောသားရဲတစ်ကောင်အနေနှင့် ၎င်းတွင် အရွယ်ရောက်ပြီးလူသား၏ အသိဉာဏ်မျိုးရှိသည်။ သို့သော် ၎င်း၏ထိုးထွင်းဉာဏ်သည် လူသားထက်ပင် ပို၍အမြင်ရှိသည်။ အစပိုင်းတွင် ၎င်းသည် ခေါင်းသုံးလုံးငရဲခွေးဖန်တီးလိုက် သည့် ထူးဆန်းသောလေထုကြောင့် ရှုပ်ထွေးသွားခဲ့သည်။ သို့သော် ၎င်း၏ရောင်ဝါမှတစ်ဆင့် တစ်ဖက်လူသည် အမှောင်ဒြပ်စင်စွမ်းအင်သတ္တဝါ ဖြစ်ကြောင်းကို ရှင်းလင်းစွာ အာရုံခံနိုင်သည်။
သူတို့နှစ်ကောင်လုံးသည် မှော်သားရဲများဖြစ်ကြသည်။ သူတို့သည် ရန်သူ များဖြစ်သည့်တိုင်အောင် လူသားမျိုးနွယ်ကဲ့သို့ မတူညီသည့်လူသားကို တိုက်ခိုက်ရာတွင် တစ်ဖက်တည်းရပ်တည်နေတုန်းပင်။
ထို့ကြောင့် တောင်ခွဲနွားရိုင်းသည် အခွင့်အရေးယူကာ ကောင်းကင် အဆင့်လူသားနှစ်ယောက်ကို တိုက်ခိုက်ခြင်းဖြစ်သည်။
တောင်ခွဲနွားရိုင်း၏ ပြန်တွန်းလှန်ခြင်းကိုခံရပြီးနောက် ချောင်ထိုင်နှင့် ကျယ်ရွေ့တို့လည်း ခံစားချက်မကောင်းတော့ပေ။ သူတို့သည် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားပြီး ပါးစပ်မှ သွေးအန်တော့သည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ရာ အချင်းချင်းမျက်လုံးထဲမှ အကြောက် တရားအရိပ်အယောင်ကို တွေ့လိုက်ရသည်။ ကြယ် ၇ ပွင့် မွန်မြတ်သောသားရဲ သည် ဤမျှလောက်အားကောင်းလိမ့်မည်ဟုထင်မထားပေ။ သူတို့နှစ်ယောက် လုံးသည် ကြယ်ဝိညာဉ်သခင်များဖြစ်ကြသည်။
သူတို့၏ပူးပေါင်းတိုက်ခိုက်မှုသည် တောင်ခွဲနွားရိုင်း၏ ပြန်တွန်းကန်မှု ကြောင့် ရှုံးနိမ့်ခဲ့ရသည်။ နီရဲနေသော နတ်မိစ္ဆာမီးတောက်သုံးခုမှ သူတို့ကို အငမ်းမရကြည့်နေသည်ကိုမြင်သောအခါ အတွေးတစ်ခုဝင်လာသည်။ ကြည့်ရ သည်မှာ သူတို့သည် သူတို့ကိုယ်သူတို့ ကာကွယ်ရန်သာ တတ်နိုင်တော့မည်။
သူတို့နှစ်ယောက်သည် တစ်ချိန်တည်းမှာပင် မိုးပေါ်သို့တက်လိုက်ကာ မျက်လုံးသုံးခုကို ရှောင်ရှားလိုက်သည်။ သူတို့ခန္ဓာကိုယ်မှ အပြာရောင်ဒြပ်စင် စွမ်းအင်အလုံးတစ်ခု ထွက်ပေါ်လာသည်။ ထိုမြင်ကွင်းကိုကြည့်ပြီး ပေထင်းဟွမ်သည် လင်းမိုကို စိတ်ထဲမှ အမိန့်ပေးလိုက်သည် “သတိထား ကြယ် ဝိညာဉ်သိုင်းပညာပဲ”
“သိပါတယ် သခင် ငါအဆင်ပြေတယ်”
လင်းမို၏အသံသည် လူသတ်မည့်ရည်ရွယ်ချက်ဖြင့် ပြည့်နေသည်။ သူ့ သခင်နောက်လိုက်ပြီးနောက် သူ့အတွက် ပထမဆုံးအကြိမ်တိုက်ခိုက်ခြင်းဖြစ် သည်။ သူသည် အနိုင်သာရှိပြီး မရှုံးစေရပေ။
မြူခိုးမည်းသည် ပိုပို၍ထိုးတက်လာသည်။ ၎င်းသည် ထူထဲကာ သူတို့၏ ဝိညာဉ်များသည် ဝါးမျိုခံရလုနီးပါးဖြစ်ရာ ကောင်းကင်အဆင့်ကျွမ်းကျင်သူ နှစ်ယောက်တို့သည် အကြောင်းအရင်းမရှိ ကြောက်လန့်သွားမိသည်။ ကျယ်ရွေ့နှင့် ချောင်ထိုင်တို့သည် ပြိုင်ဘက်ကို ကြည့်လိုက်ကြသည်။ ကျယ်ရွေ့ ၏ လက်ထဲမှ ကြယ်ဝိညာဉ်သိုင်းပညာသည် တောင်ခွဲနွားရိုင်းဆီသို့ တိုးဝင်လေ ၏။
ချောင်ထိုင်သည် လက်ထဲမှ ကြယ်ဝိညာဉ်သိုင်းပညာကို မီးတောက်သုံးခု ဆီသို့ ပစ်လွှတ်မည့်အချိန်တွင် ရုတ်တရက် ပိုပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုသည် သူတို့ကိုတိုက်ခိုက်လာလေသည်။ သူ့မြင်ကွင်းမှာမှောင်မိုက် သွားပြီး သူ့စိတ်မှာလည်း အပ်ပေါင်းများစွာနှင့် ထိုးစိုက်ခံလိုက်ရသလိုပင်။ ပစ်မှတ်ပျောက်သွားပြီနောက် ကြယ်ဝိညာဉ်သိုင်းပညာသည် ဦးတည်ချက်မရှိ တော့ဘဲ နေရာလွတ်တစ်ခုဆီသို့ တိုးဝင်လေသည်။
ဘုန်း
ကောင်းကင်အဆင့်ဝိညာဉ်သခင်၏ ကြယ်ဝိညာဉ်သိုင်းပညာသည် တောင်ခွဲနွားရိုင်း၏ခန္ဓာကိုယ်ဆီသို့ တိုက်ရိုက် တိုးဝင်လေသည်။ မလှုပ်မယှက် နှင့် ၎င်း၏မလှုပ်ရှားနိုင်သော ခန္ဓာကိုယ်သည် တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ခုခံခဲ့သည်။ ၎င်း၏ပခုံးပေါ်မှအသားများကွဲထွက်သွာပြီး တွင်းနက်ကြီးတစ်ခု ပေါ်လာသည်။ တွင်းထဲမှ သွေးများစိမ့်ထွက်လာပြီး ပြင်းထန်သည့်နာကျင်မှု သည် နွားရိုင်းကို နှိုးဆွပေးလေသည်။
“ဝူး”
ဒေါသထါက်သောအော်သံသည် တောင်တန်းတစ်ခုလုံးကို လှုပ်ခါသွားစေ သည်။ တောင်ခွဲနွားရိုင်းသည် ၎င်း၏ခွဦလေးခုကို မြေကြီးထဲသို့မြှုပ်ထားပြီး ခြေလေးချောင်းကို လေလုံးအနက်နှင့်ရစ်ပတ်ထားလေသည်။ ၎င်းသည် မိုးပေါ် မှ ဝိညာဉ်သခင်နှစ်ယောက်ဆီသို့ အရှိန်နှင့်ပြေးလေသည်။ ဦးခေါင်းနှင့် ကြမ်းတမ်းစွာ ပတ်ယမ်းလိုက်ပြီးနောက် ၎င်း၏ကြီးမားသောဦးချိုနှစ်ခုသည် သူတို့နှစ်ဦးကို ပင့်မြှောက်ကာ တောင်တန်းဆီသို့ အားပါပါပစ်လိုက်လေသည်။
ကြယ်ဝိညာဉ်သိုင်းပညာသုံးထားသော ကောင်းကင်အဆင့်ဝိညာဉ်သခင် နှစ်ယောက်သည် ခြေကုန်လက်ပမ်းကျနေပြီဖြစ်သည်။ သူတို့၏တုံ့ပြန်ချက် သည် ရူးသွပ်နေသောတောင်ခွဲနွားရိုင်းလောက် မမြန်နိုင်တော့ပေ။ သူတို့၏ တည်ရှိမှုသည် စွမ်းအားမဲ့နေသလိုပင်။ သူတို့နှစ်ယောက်သည် တောင်တန်း ပေါ်သို့ကျရောက်နေသည့် လှပသောကတော့ပုံနှင့်တူလေသည်။
တောင်ခွဲနွားရိုင်းသည် ထိုနေရာသို့ အထင်သေးစွာကြည့်ကာ လေးလံစွာသက်ပြင်းချလိုက်သည်။ ယနေ့ သူသည် အမှောင်ဒြပ်စင်မွန်မြတ် သောသားရဲကို ကျေးဇူးတင်ရမည်။ တစ်ဖက်လူသည် သူ့ထက်သန်မာသည်ကို သူ ခံစားမိသည်။ ထိုလူခေါ်လိုက်သော မြူခိုးမည်းသည် လွှမ်းမိုးနိုင်သည်။ သူသည် ထိုလူနှင့်ရန်သူမဖြစ်ချင်ပေ...