← Chapters

ဒီလူက အခြေအနေကို အသားယူဖို့ ရောက်လာတာပဲ

Vol. 26 Ch. 518

ဒီလူက အခြေအနေကို အသားယူဖို့ ရောက်လာတာပဲ

Vol. 26 Ch. 518

“လင်းမို ချပ်ဝတ်တန်ဆာအပြည့် ပြောင်းမယ်”

ကြည်လင်သောအသံတစ်သံသည် တောင်တန်းများအောက်မှထွက်လာ သည်။ တောင်ခွဲနွားရိုင်းသည် ထိတ်လန့်သွားကာ အသံလာရာဘက်ကို ကြည့် လိုက်၏။ အနက်ရောင်ဝတ်ထားသောလူငယ်သည် မြူခိုးမည်းနှင့် တစ်သား တည်းနီးပါးပင်။ သူ၏ငွေရောင်မျက်နှာဖုံးသည် မီးခိုးရောင်ကောင်းကင်အောက် တွင် အလင်းများတောက်လောင်လျက်ရှိသည်။ မီးတောက်သုံးခုဖြစ်သည့် သန့်စင်သောမြူခိုးမည်းသည် အလင်းတန်းအဖြစ်ပြောင်းကာ လူငယ်ဆီသို့ ခုန် အုပ်လေသည်။

ငွေရောင်ပဉ္စဂံအစီအရင်သည် လူငယ်၏ခြေထောက်အောက်တွင် ထွန်းလင်းလာသည်။ ပြောင်မြောက်လှသည့်ပုံစံထဲတွင် ငွေရောင်မွန်မြတ် သော ကြက်ခြေခတ်ဓား ၇ ချောင်းသည် ယပ်တောင်ပုံသဏ္ဍာန်အဖြစ် သပ်ရပ် စွာ စီစဉ်ထား၏။ သူသည် လူသားဝိညာဉ်သခင်များအကြားတွင် ဓား ၇ လက် ကြယ်ဓာဝိညာဉ်သခင် ကျွမ်းကျင်သူဖြစ်သည်။

လူတစ်ဦး၏ဝိညာဉ်ကို ဝါးမျိုနိုင်သည့် အနက်ရောင်ချပ်ဝတ်တန်ဆာ သည် လူငယ်၏ ပိန်သွယ်သောပုံရိပ်ကို လွှမ်းခြုံထားသည်။ သူ၏ရှည်လျား သောဆံပင်သည် လေထဲတွင် လွင့်ပါနေသည်။ သူ၏နက်မှောင်သောမျက်လုံး များသည် အရယူရန်ဆုံးဖြတ်ထားသည့်အလား ကြယ်များကဲ့သို့ တလက်လက် တောက်နေသည်။ သူ၏လက်ထဲမှ နှင်းဖြူရောင်ဓားပျော့သည် ကျယ်လောင်ပြီး ကြောက်မက်ဖွယ်ကောင်းသောအသံ ထုတ်လွှတ်လေသည်။

“တုံးလိုက်တဲ့နွား.. ငါ မင်းကို အခွင့်အရေးပေးမယ် အညံ့ခံမှာလား အသေခံမှာလား”

ကြည်လင်၊ မောက်မာပြီး စူးရှသည့်ရောင်ဝါနှင့် အရိုင်းဆန်သောအသံ သည် တောင်ခွဲနွားရိုင်းဆီသို့ ရောက်လာသည်။ တောင်ခွဲနွားရိုင်းသည် ချက်ချင်းပင် ကြောင်စီစီဖြစ်သွား၏။ သူဘာတွေစဉ်းစားနေတာလဲ။ သူ ဒီ အမှောင်ဒြပ်စင်မှော်သားရြကို ကျေးဇူတင်ချင်ခဲ့တာမလား။ သောက်ကောင် တကယ်တော့ ဒီကောင်က လူသားတစ်ယောက်ရဲ့ စာချုပ်သားရဲဖြစ်နေတာပဲ။ သူက ဘယ်လိုလုပ် ဒီမှာလာကူညီမှာလဲ။ သူက အခြေအနေကို အသားယူဖို့ ရောက်လာတာပဲ။

ရေညှောင့်ကောင်ငှက်နှင့် ခုံးကောင်တို့ တိုက်ခိုက်လျှင် တံငါသည်က အမြတ်ထွက်သည်။

တောင်ခွဲနွားရိုင်း၏ကြီးမားသော မွန်မြတ်သောသားရဲပုံရိပ်သည် ပေထင်း ဟွမ်၏ရှေ့တွင် မြင့်မားသောတောင်သဖွယ်တည်ရှိနေသည်။ ဤအခိုက်အတန့် တွင် တောင်သည် အနည်းငယ် မတည်မငြိမ်ဖြစ်ကာ သူ၏ခန္ဓာကိုယ်သည် အကြမ်းပတမ်း တုန်ယင်လေသည်။ ၎င်းသည် ဒေါသထွက်၍ တုန်ယင်နေခြင်း ပင်။

သူသည် ရူးတော့မည့်အတိုင်းပင်။

စကားတစ်ခွန်းမှမပြောဘဲ.. မဟုတ်ပေ.. နတ်သားရဲအဆင့်မရောက်သေး သည့် တောင်ခွဲနွားရိုင်းသည် စကားမပြောဘဲ ပေထင်းဟွမ်ဆီသို့ ပြေးဝင်လေ၏။

ပေထင်းဟွမ်သည် ငါးယောက်အဖွဲ့တွင် ကောင်းကင်အဆင့်သိုင်းပညာ ရှင် မဟုတ်ပေ။ သူမ၏အပြာနုရောင်ဒြပ်စင်စွမ်းအင်သည် လက်ထဲမှဓားပျော့ ကို ရစ်ပတ်လေသည်။ ကိုးရောင်မီးတောက်သည် မျက်တောင်မခတ်ဘဲ ဓားပျော့ကို ခုန်အုပ်လေသည်။ ဓားပျော့သည် ရုတ်တရက်ကွေးသွားပြီး တောင်ခွဲနွားရိုင်းအား ကြမ်းတမ်းစွာခုတ်လေသည်။ အထက်မှအောက်ထိ ၎င်းသည် ကမ္ဘာကြီးကိုခွဲခြမ်းပြီး တောင်နှင့်မြစ်များကို လှုပ်ခါသွားစေသည်။

ဘုန်း..

တစ်ချက်.. တစ်ချက်တည်းပင်။

တောင်ခွဲနွားရိုင်း၏ကြီးမားသော မွန်မြတ်သောသားရဲခန္ဓာကိုယ်သည် ဘောလုံးကဲ့သို့ တောင်တန်းအောက်ရှိ မြေပြန့်ဆီသို့ တည့်တည့်ကျသွားလေ သည်။ ဖုန်လုံးလှိုင်းကြီး ထ,လာသည်။ ယွမ်ဟဲ့သည် တောင်လမ်းတစ်ဝက်တွင် ရပ်ပြီး မြေကြီးအား တင်းမာစွာစိုက်ကြည့်လေသည်။ လေပြင်းတိုက်၍ ဖုန်မှုန့် များကင်းစင်သွးလေသည်။ မြေကြီးပေါ်တွင် အလောင်းကောင်ရှိနေသည်ကို သူ ရှင်းလင်းစွာမြင်နေရသည်။ တောင်ခွဲနွားရိုင်း၏ ခုခံမှုသည် အလွန်သန်မာ၏။ ၎င်း၏ ပင်မခန္ဓာကိုယ်ကို သံအပ်နှင့်တူသည့် အမွေးထားဖြင့် ကာကွယ်ထား၏။ ရှည်လျားပြီး ကြောက်စရာကောင်းသည့် ဒဏ်ရာသည် သူ့ကျောကို ဦးခေါင်းမှ ခြေဖျားထိ ပြည့်နေသည်။ ၎င်းသည် တွင်းထဲတွင် အားနည်းစွာလဲလျောင်းနေ သည်။

ကြယ်ဝိညာဉ်သိုင်းပညာကပင် တောင်ခွဲနွားရိုင်း၏ ကာကွယ်ရေးစွမ်းအားကို အနိုင်မတိုက်နိုင်ပေ။ ထိုအခိုက်အတန့်တွင် မြေကြီး နှင့်ရိုက်မိထားသော တောင်ခွဲနွားရိုင်းသည် ၎င်းကြောင့်ဖြစ်သွားသော တွင်းထဲ တွင် အလောင်းသဖွယ်မလှုပ်မယှက်လဲလျောင်းနေသည်။ မသည် အသက်ရှူရန် ရုန်းကန်နေရသည်။

အသက်ပြင်းပြင်းရှူပြီးနောက် ယွမ်ဟဲ့သည် လေပေါ်တွင်ပျံဝဲနေသော အနက်ရောင်ချပ်ဝတ်တန်ဆာစစ်နတ်ဘုရားနှင့်တူသည့် ဘေထင်းဟွမ်အား ထိတ်လန့်စွာဖြင့် မော့ကြည့်လိုက်သည်။ ရွှေ့ပြောင်းအစီအရင်အထွက်တွင် ကျောင်းသားသစ် အယောက် ၂၀ ကိုသတ်ခဲ့သည့် ပေထင်းဟွမ်နှင့်ယှဉ်လျှင် ယခုသည် အမှန်တကယ်ကြောက်ဖို့ကောင်းနေသည်။

ကြယ် ၇ ပွင့်မွန်မြတ်သောသားရဲသည် တစ်ချက်တည်းနှင့် ပြိုလဲသွားခဲ့ သည်။ ၎င်းသည် အဆင့်နိမ့်ဓားကောင်းကင်အဆင့် လူသားဝိညာဉ်သခင်နှင့် ယှဉ်နိုင်သည့် ကြယ် ၇ ပွင့်မွန်မြတ်သောသားရဲဟု လူသိများသည်။ ပေထင်းဟွမ်သည် ထိုကဲ့သို့ မှော်သားရဲကို ချက်ချင်းသတ်ပစ်လိုက်သည်။

သူ့ဘဝတွင် လုပ်ဆောင်ခဲ့သော အရဲရင့်ဆုံးအရာထဲတွင် ပေထင်းဟွမ်၏ အဖွဲ့ဝင်ဖြစ်ရန် စတင်လုပ်ဆောင်သည့်လုပ်ရပ်ဖြစ်သည်ကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ အနာဂတ်တွင် မည်သို့ဖြစ်စေကာမူ အနည်းဆုံး တော့ ယနေ့တွင် ဤ ၁၄ နှစ်အရွယ်လူငယ်သည် စစ်မှန်သောခွန်အားသည် မည်သည့်အရာဖြစ်သည်ကို ပြသသွားခဲ့သည်...

All Chapters