မင်းရဲ့အယုံရဆုံးအစေခံဖြစ်ပါရစေ
Vol. 26 Ch. 519
လင်းမိုသည် သူမခန္ဓာကိုယ်ပေါ်မှ ခွာချလိုက်ကာ ခွေးပေါက်လေးတစ် ကောင်ကဲ့သို့ ခုန်လေသည်။ သူသည် ပေထင်းဟွမ်၏ ပခုံးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ တောင်တန်းကို ငုံ့ကြည့်လေသည်။ ဤတစ်ကြိမ်သည် သူ သူမ၏ မှော်သားရဲဖြစ်လာပြီးနောက် သူမနှင့်ဘေးချင်းယှဉ်တိုက်ခိုက်သည် မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
ပေထင်းဟွမ်၏သားရဲများအတွက် သခင်နှင့်တွဲပြီးတိုက်ခိုက်ခြင်းသည် အချစ်ကိုဖော်ပြခြင်းပင်။
တောင်တန်းလေသည် ပေထင်းဟွမ်၏ဝတ်ရုံကို အောင်လံတံခွန်ကဲ့သို့ လွင့်ပျံသွားစေကာ သူမ၏ စိတ်နေသဘောထားကို ပို၍အေးစက်သွားစေသည်။ သူမသည် ကမ္ဘာပေါ်သို့ဆင်းသက်လာသည့် ငရဲမင်းနှင့်တူသည်။ သူမသည် ခံ့ညားထည်ဝါနေသည်မှာ မည်သူကမှ သူမကိုတည့်တည့်မကြည့်ရဲလောက် အောင်ပင်။
ပေထင်းဟွမ် တစ်လှမ်းချင်းလျှောက်လာသည်ကို ကြည့်ပြီး ယွမ်ဟဲ့သည် တောင်လမ်းတစ်ဝက်မှ တွေဝေခြင်းမရှိ ပြေးလာလေသည်။ သူသည် သူမနှင့် ခြေသုံးလှမ်းအကွာတွင်ရပ်ကာ စိတ်လည်းမတည်ငြိမ်နိုင်တော့ပေ။ သူသည် ဒူးတစ်ဖက်ထောက်ကာ ညာဘက်လက်ကို မြှောက်လိုက်သည်။ “သခင် ပေထင်းဟွမ် ကျွန်တော် ယွမ်ဟဲ့က အခုကစပြီး သခင့်ရဲ့သစ္စာစောင့်အဖြစ် နောက်ကနေလိုက်ဖို့ သစ္စာဆိုချင်ပါတယ်...”
“နေဦး”
ကြည်လင်ပြီးအေးစက်သည့်အသံတစ်သံသည် ယွမ်ဟဲ့ကိုနှောင့်ယှက်၏။ သို့သော် နောက်ကျသွားလေပြီ။ ယွမ်ဟဲ့၏စိတ်နှလုံးသည် စကားလုံးများထက် မြန်သည်။ သစ္စာဆိုပြီးနောက် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းသည် သူတို့ နှစ်ယောက်ကို လွှမ်းခြုံလေသည်။ ယွမ်ဟဲ့ဆိုလိုက်သောသစ္စာသည် ပေထင်းဟွမ်၏စိတ်ထဲတွင် ပဲ့တင်ကျန်ခဲ့သည်။ "သခင်ပေထင်းဟွမ် ကျွန်တော် ယွမ်ဟဲ့က အခုကစပြီး သခင့်ရဲ့သစ္စာစောင့်အဖြစ် နောက်ကနေလိုက်ဖို့ သစ္စာဆိုချင်ပါတယ်...”
ပေထင်းဟွမ်သည် အနည်းငယ် ကူကယ်ရာမဲ့မိသည်။ သူမသည် လက်ကို နဖူးပေါ်တင်ကာ အသက်ကိုပြင်းပြင်းရှူလိုက်သည်။ ယွမ်ဟဲ့သည် သူမကို စိတ်လှုပ်ရှားစွာကြည့်နေသည်ကို ကြည့်ပြီး သူမ၏ခေါင်းကို မတတ်သာစွာဖြင့် ခါယမ်းလိုက်သည် “ထတော့ ငါ့မှာ အစေခံမနည်းဘူး.. ပြီးတော့ ငါလည်း အသားမကျဘူး.. မင်းက ဆန္ဒရှိမှတော့ အခုကစပြီး ငါ့နောက်လိုက်ခဲ့”
“ဟုတ်ကဲ့ပါ သခင်” သူသည် တစ်စုံတစ်ဦး၏အစေခံဖြစ်ရန် စိတ်အားထက်သန်စွာဖြင့် သစ္စာဆိုခဲ့သော်လည်း ယွမ်ဟဲ့သည် စိတ်ထဲတွင် နည်းနည်းမှ နောင်တမရခဲ့ပေ။ ဤကဲ့သို့အရေးကြီးသောလူတစ်ဦး နောက်သို့ လိုက်ရသည်မှာ သုံးဘဝတွင် စုဆောင်းခဲ့သည့် ကောင်းချီးများကို သုံးလိုက်ရ သလိုခံစားရလေသည်။
ပေထင်းဟွမ်သည် လက်မြှောက်ကာ သေလုဆဲဆဲဖြစ်နေသည့် တောင်ခွဲ နွားရိုင်း၏ဦးခေါင်းပေါ် တင်လိုက်သည်။ ကစဥ့်ကလျားနတ်အရင်းအမြစ် ရောနှောနေသော ဒြပ်စင်စွမ်းအင်သည် တောင်ခွဲနွားရိုင်း၏ခန္ဓာကိုယ်ထဲသို့ သူမ၏ လက်ဖဝါးမှတဆင့်ဝင်သွားလေသည်။ သူမ၏ အားကောင်းသော စိတ်စွမ်းအင်သည်လည်း တောင်ခွဲနွားရိုင်း၏ ဝိညာဉ်ပင်လယ်ကို ဝိုင်းလိုက် သည်။
ပေထင်းဟွမ်သည် သူမ၏စိတ်ခွန်အားကို လေ့ကျင့်ပြီးနောက် ပိုသန်မာ လာခဲ့သည်။ သုံးလတိုင်တိုင် နေ့ရောညပါ ဆေးသန့်စင်ပြီးနောက် ပိုသန်မာလာ ခဲ့၏။ တောင်ခွဲနွားရိုင်း၏စိတ်ခွန်အားသည် သူမနှင့်မယှဉ်နိုင်ပေ။ မကြာမီတွင် ၎င်း၏အလိုလိုခုခံမှုသည် ဖိနှိပ်ခံလိုက်ရပြီး ထိန်းကျောင်းခြင်းလုပ်ငန်းစဉ်သည် ချောမွေ့စွာပြီးဆုံးသွားလေသည်။
အကျိုးအမြတ်များရပြိးနောက် တောင်ခွဲနွားရိုင်း၏ ဝိညာဉ်သည် ပြန်လန်းန်းလာကာ သူ့ခန္ဓာကိုယ်ပေါ်မှဒဏ်ရာများအားလုံး ပြန်ကောင်းလာ သည်။ ၎င်း၏အရိုင်းဆန်သောမျက်လုံးများသည် နူးညံ့လာသည်။ ကြယ် ၇ ပွင့် မွန်မြတ်သောသားရဲသည် ထိန်းကျောင်းခံရပြီးနောက် ကြယ် ၂ ပွင့် အဆင့် တက်သွားကာ ကြယ် ၉ ပွင့်မွန်မြတ်သောသားရဲဖြစ်သွား၏။
ထိုသည်မှာ ပေထင်းဟွမ် သူမ၏စွမ်းအင်ကို ဖိနှိပ်ထားခြင်းကြောင့်သာ ဖြစ်သည်။ မဟုတ်လျှင် ပေထင်းဟွမ်၏လက်ရှိခွန်အားနှင့်ဆိုလျှင် ကြယ် ၇ ပွင့် မွန်မြတ်သောသားရဲကို ထိန်းကျောင်းပြီးနောက် နတ်သားရဲဖြစ်လာနိုင်သည်မှာ အလွယ်လေးပင်။
သို့သော် သူမသည် အများရှေ့တွင် ကစဥ့်ကလျားနတ်အရင်းအမြစ်ကို ထုတ်မပြချင်ပေ။ ယွမ်ဟဲ့သာ သူမနောက်လိုက်ရန် သစ္စာမဆိုလျှင် ပေထင်းဟွမ်သည် ကစဥ့်ကလျားနတ်အရင်းအမြစ်ကို ဤနွားရိုင်းအတွက် သံဒးမည်မဟုတ်ပေ။
ပေထင်းဟွမ်သည် နွားရိုင်းကိုကန်ပြီး ရှုပ်ထွေးနေဆဲဖြစ်သည့် ယွမ်ဟဲ့ကို ဘာမှမဟုတ်သလို ပြောလိုက်၏ “ဒီကောင်နဲ့ စာချုပ်တည်ထောင်လိုက်”
“ဟင်”
ယွမ်ဟဲ့ နားမလည်ပေ။ အစောက သူ့သခင် တောင်ခဲနွားရိုင်း၏ဦးခေါင်း ပေါ်သို့ လက်တင်လိုက်ချန်တွင် သူ့သခင်သည် နွားရိုင်း သေမသေကို စမ်းသပ် ခြင်းဖြစ်မည်ဟု ယွမ်ဟဲ့ထင်လိုက်သည်။ ပေထင်းဟွမ်လှည့်ထွက်ပြီး မုချင်းလင် ရှိရာ တောင်ဘေးသို့လျှောက်သွားသည်ကိုမြင်သောအခါ ယွမ်ဟဲ့သည် ခြေလှမ်းအနည်းငယ်လိုက်သွားပြီးနောက် ခေါင်းကုတ်လေသည် “သခင် ဒီငတုံး နွားရိုင်းကို ဘယ်လိုလုပ်ကြမလဲ.. ဒါက.. ဒီနွားရိုင်းက လေးလွန်းတယ်.. တစ် ယောက်တည်းမသယ်နိုင်လောက်ဘူး”