သူတို့ရဲ့အဆိပ်ပြင်းတဲ့လျှာက ငါ့နဲ့ယှဉ်နိုင်တာပဲ
Vol. 26 Ch. 520
ပေထင်းဟွမ်သည် ကြောင်အမ်းအမ်းဖြစ်ရမည့်အလှည့်ပင်။ သူမသည် ခြေလှမ်းများကိုရပ်တန့်ကာ အရိုင်းဆန်သောလူကို ကြည့်လိုက်သည်။ ဒီငတုံး ကောင်လေး အထင်လွဲသွားအောင် သူမ ဘာများပြောလိုက်မိလို့လဲ။ “မင်းကို ရှင်းအောင်မပြောခဲ့ဘူးလား.. သူနဲ့စာချုပ်တည်ထောင်လိုက်လို့ မင်းကိုပြောနေ တာ.. မင်းက မင်းရဲ့စာချုပ်သားရဲကို သယ်သွားမလို့လား”
ပေထင်းဟွမ်သည် ပခုံးပေါ်မှ ဝိညာဉ်မှင်ကို လက်ဖြင့်ပွတ်ကာ တွင်းထဲ တွင် သေချင်ယောင်ဆောင်ပြီး လဲလျောင်းဆဲဖြစ်သော နွားရိုင်းကို စိုက်ကြည့် လိုက်သည်။ ထိုနွားရိုင်း ချစ်စရာမကောင်းနေသည်မှာ သူမ၏အမှားမဟုတ်ပေ။
“စာချုပ်ဟုတ်လား” ယွမ်ဟဲ့သည် ချက်ချင်းထခုန်ကာ ထိုနွားရိုင်းကို ညွှန် ပြလေသည် “သခင် ဘာပြောလိုက်တာလဲ.. ဒီနွားရိုင်းနဲ့စာချုပ်တည်ထောင်လို့ ရတယ်လို့ပြောလိုက်တာလား.. ဒါပေမဲ့ လူသားရဲ့ စာချုပ်သားရဲမဖြစ်ခင် မှော်သားရဲတွေကို ထိန်းကျောင်းရတယ်မဟုတ်ဘူးလား”
ပေထင်းဟွမ်သည် နဖူးကိုရိုက်မိသည်။ သူမ၏နေရာထဲတွင် သားရဲများ သည် အိမ်ခေါင်မိုး အုပ်ကြွပ်ပြားပေါ်တွင်တက်ပြီး ရယ်မောနေသံများကို သူမ ကြားနေရသည်။ သူတို့သည် သူမ၏နေရာထဲတွင် လူးလှိမ့်နေကြသည်။ အထူးသဖြင့် မိုးကြိုးသွားသည် စိတ်ပါလက်ပါရယ်မောနေသည်။
“ဟား ဟား ဟား ဝဋ်လည်ပြီ ဝဋ်လည်ပြီ.. ဒီငတုံးနဲ့မှ ဝဋ်လည်တာပဲ.. သခင်က ဝမ်းမည်းပြီး ကောက်ကျစ်လွန်းတာ.. သခင်လေးကျို့ယန်ထက် တောင် ပိုကောက်ကျစ်တာလေ.. ကောင်းကင်ကြီးက ဆက်မကြည့်နိုင်တော့လို့ ဒီလိုအရူးနဲ့ သူမကိုပြန်နှိပ်စက်တာ”
“ဟား အဟွတ် အဟွတ်” ကျို့ယန်သည် ရှေ့လက်သည်းများဖြင့် နဖူးပေါ် မှ အမွေးများကို ပွတ်ပြီး ခေါင်းကိုခပ်မိုက်မိုက်လေး ခါယမ်းလေသည် “မင်း အသက်မရှင်ချင်တော့ရင် စကားပြောတာ သတိထားပြော မိုးကြိုးသွား.. ငါက မြေခွေးဆိုပေမဲ့ အမြဲတမ်းပွင့်ပွင့်လင်းလင်းလုပ်တတ်တယ်.. သခင့်ရဲ့အပြုအမူ တွေက ငါနဲ့မဆိုင်ဘူး.. သူမက တာဝန်ယူတတ်တယ်”
“ဟူး ထင်ထားတဲ့အတိုင်းပဲ တချို့ကိစ္စတွေက လွန်နေပြီ မင်းက ကောင်းကင်အပြစ်ပေးတာခံရတော့မယ်.. ဒီလိုအရူးမျိုးက သခင့်ဘေးနားမှာရှိ နေရင် အနာဂတ်မှာ ဘဝကြီးတော့ ပျော်ဖို့ကောင်းတော့မှာပဲ” လျှပ်စီးသည် သူ၏အကျင့်အတိုင်း အမြီးကိုလှုပ်ယမ်းနေသည်။ ရုတ်တရက်ဆိုသလိုပင် သူ့ အမြီးမှအရိုးတွေနာကျင်သွားပြီး အံကြိတ်မိသည်။ ဘုရားရေ ရှောင်ကျောက်က သူ့အမြီးကို ကျိုးအောင်ထိစားနေတာပဲ။
ပေထင်းဟွမ်သည် ဒေါသထွက်သွားသည်။ ဝဋ်လည်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ ဒီကောင်တွေ လတ်တလော ကောင်းကောင်းနေ ကောင်းကောင်း စားနေရလို့လား။ သူတို့တွေ အဲလောက်လွတ်လပ်နေတာ။ သူသည် ဒေါသ တကြီးမပြောဘဲမနေနိုင်တော့ပေ “အဂူး သူတို့အကုန်လုံးလေ သူတို့ခွန်အား တွေတိုးတက်လာတာ မမြင်ကြဘူးလား.. သူတို့ရဲ့ လျှာအဆိပ်ပြင်းတာ ငါ့ကို တောင်ယှဉ်နိုင်တော့မယ်”
“ဟူး အဟွတ် အဟွတ်” ပေထင်းဟွမ်သည် လျှာကိုက်ပြီး သေချင်သွား ၏။ သူမသည် ဒေါသထွက်လွန်းသဖြင့် စကားပင်မပြောနိုင်တော့ပေ။ သူမသည် အလွန်အကျိုးအကြောင်းသင့်သည်။ ကဲ ဟုတ်ပြီလား။ သူမက ဘယ်လိုလုပ် ရက်စက်ရမှာလဲ။ သူမသည် ယွမ်ဟဲ့အား ဒေါသတကြီးပြောလိုက် “မှော်သားရဲ တွေကို ယဉ်ပါးအောင်လုပ်ပြီးမှ စာချုပ်တည်ထောင်ရမယ်လို့ ဘယ်သူပြောလဲ.. ခုနက သူ ငါ့ကိုသတ်မိမလိုဖြစ်သွားတာမမြင်ဘူးလား.. စမ်းကြည့်လေ.. သူသာ မင်းနဲ့ စာချုပ်မတည်ထောင်ရဲရင် သူ့ကိုအရှင်အရေစုတ်ပစ်မယ်”
“ဟင် မင်းက အဲလိုလုပ်နိုင်တာလား” ယွမ်ဟဲ့သည် ယုံရမည်လား မယုံရ မည်လားကိုမသိတော့ပေ။ ပေထင်းဟွမ်၏စကားများသည် သူလက်ခံနိုင်သည် နှင့် များစွာကွာခြားနေသည်။ သို့သော် သူသည် သခင်၏စကားကို လက်မခံဘဲ မည်သို့နေနိုင်မည်နည်း။
ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကိုကုတ်ပြီး ယွမ်ဟဲ့သည် နွားရိုင်း၏ဘေးသို့ တဖြည်းဖြည်းရွှေ့သွားသည်။ သူသည် လက်ကိုဆန့်ထုတ်ပြီး ရေရွတ်လေသည “အင်း မင်းက လိမ္မာတယ် ငါ့ရဲ့စာချုပ်သားရဲလုပ်ပေး.. မင်းသာ ခုခံနေရင် ငါ့ သခင်က မင်းကိုယဉ်ကျေးနေတော့မှာမဟုတ်ဘူး.. ငါလည်း မင်းကို မကူညီနိုင် ဘူး”
သူ စကားမဆုံးခင်မှာပင် တစ်စုံတစ်ရာလွဲမှားနေသည်ကို ယွမ်ဟဲ့ သိလိုက်သည်။ နွားရိုင်းနှင့် သူ၏ဝိညာဉ်ဆက်သွယ်ချက်သည် အလွန်ပင်ချောမွေ့နေသည်။ ချောမွေ့လွန်းသဖြင့် သူ၏ဆက်သွယ်နည်းသည် မှန်သလားမှားသလားဆိုသည်ကိုပင် မသိတော့ပေ။
အချိန်မည်မျှကြာသွားသည်မသိပေ။ အသံနက်နက်ကြီးတစ်ခုသည် ယွမ်ဟဲ့၏အသိစိတ်ပင်လယ်ထဲတွင်ပေါ်လာသည်။ သူ့စိတ်ထဲတွင် နွားပေါက် အရွယ် ပုံရိပ်တစ်ခုပေါ်လာသည် “အရိုင်းလေးက သခင့်ကို နှုတ်ဆက်ပါတယ် နောက်ဆိုဂရုစိုက်ပေးပါဦး”
“ဟင် မင်းက ဘယသ်ူလဲ” ယွမ်ဟဲ့သည် ရုတ်တရက် ထခုန်ချင်မိသည်။ ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီး၏ ငွေရောင်အဆင်းသည် ဆင်းသက်လာ ပြီး သူနှင့် နွားရိုင်းကို လွှမ်းခြုံလိုက်လေသည်....