အနန္တသင်္ချိုင်း အဆိပ်
Vol. 54 Ch. 753
“ဒီတော့ကာ နှစ်ယောက်တောင်ပေါ့...”
အသံလှိုင်းများနှင့် မွှေးပျံ့သော ရနံ့များမှာ ဝေ့ဝူယင်တို့ဆီသို့ ရောက်ရှိလာ၏။ ၎င်းက မိန်းကလေးသံ တစ်ခု ဖြစ်ကာ ကောင်းကင်ဓမ္မတေးများ ကဲ့သို့ လှပ တင့်တယ် လွန်းလှ၏။
“ဘုရားရေ.. ခင်ဗျားက...”
ကွမ်ယု၏ အမူအရာက ပိုမို၍ မတည်မငြိမ် ဖြစ်လာ၏။ သူ၏ လေသံက သရဲတစ္ဆေ တစ်ကောင်ကို အရှင်လတ်လတ် တွေ့မြင်လိုက်ရသည့် အလား ခြောက်ကပ်နေသည်။ သူ၏ ခြေထောက်က မသိမသာပင် ရွေ့လျားသွားကာ ခံစစ် အနေအထားကို ပြောင်းလဲ လိုက်၏။
“ခုနကလူ အဲဒီလို အော်အောင် ခင်ဗျား ဘာလုပ်လိုက်တာလဲ...”
တစ်ခဏ ကြာပြီးနောက် ကွမ်ယု၏ လေသံက ပြန်လည် တည်ငြိမ်သွားသည်။ ကြောက်ရွံ့ တုန်လှုပ်ခြင်းများ မရှိတော့ချေ။
ဝေ့ဝူယင်ကတော့ မူလနေရာတွင်ပင် ငြိမ်သက်စွာ ရပ်နေဆဲ ဖြစ်သည်။ မည်သည့် အရာများ ဖြစ်ကြောင်း သူ နားမလည်နိုင်သေးချေ။ သူက ခေါင်းကို အနည်းငယ် ငုံ့ထားကာ အတွေးများကို မြန်ဆန်စွာ လှည့်ပတ်ရင်း ကြယ်တာရာ ဝိညာဥ်များနှင့် ချိတ်ဆက်ရန် ကြိုးပမ်း နေခဲ့၏။
“သေရတာက အရသာ ရှိတယ်... ဟုတ်တယ်မလား...”
မိန်းကလေး၏ အသံက အဖြေမပေးပဲ ပြန်လည် မေးလိုက်၏။ သူမ၏ အပြုံးတစ်ခု ပါဝင်နေသည့် အလား အလွန်ပင် ချိုမြိန်ငြိမ့်ညောင်း နေပေသည်။ သို့သော်လည်း ၎င်း၏ အဓိပ္ပာယ်ကတော့ ဆန့်ကျင်ဘက်ပင် ကြက်သီးထဖွယ် ကြောက်စရာ ကောင်းလှပေသည်။
“...”
ကွမ်ယုက လက်နက်ကို ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။ တစ်ချိန်တည်းမှာပင် ဝေ့ဝူယင်၏ ဦးခေါင်းက မော့လာကာ အသံလာရာ အရပ်ကို မျက်နှာ မူလိုက်သည်။ ထို့နောက် သူက အနည်းငယ် ပြုံးလိုက်ရင်း..
“ဘယ်သိမလဲ... ကျုပ်မှ မစမ်းဖူးတာ”
မိန်းကလေးမှာ ဝေ့ဝူယင်၏ အဖြေကြောင့် အနည်းငယ် အံ့အားသင့် သွားဟန် ရ၏။ သူမ၏ အသံက ပိုမို၍ ချိုသာလာကာ အရည်ပျော်ကျလောက်အောင် ငြိမ့်ညောင်းလာသည်။
“မကြာခင် ရှင်ခံစားရမှပါ... ခံစားရမှာပါ”
ဖျပ်... ဖျပ်...
ခြေသံများက ရှေ့သို့ ဆက်၍ တိုးလာခဲ့၏။
“ခဏ...”
ဝေ့ဝူယင်က လက်တစ်ဖက်ကို အသံလာရာ ဘက်သို့ ဆန့်ထုတ်လိုက်သည်။ ခြေသံများက နောက်တစ်ကြိမ် တိုးလျသွားကာ ပျောက်ကွယ် သွားပြန်၏။
မိန်းကလေးက တည်ငြိမ်စွာပင် ရပ်နေကာ ဝေ့ဝူယင် ပြောလာမည့် အရာကို နားစွင့်နေဟန် ရသည်။ ထိုဖြစ်စဥ်က အမြင်အာရုံ အပြည့်ရှိနေသည့် ကွမ်ယုကိုပင် စိတ်ရှုပ်ထွေး သွားစေခဲ့၏။
ဝေ့ဝူယင်က အချိန်ဆွဲနေခြင်း မရှိပဲ အသာအယာ ပြုံးကာ မေးလိုက်သည်။
“ဆက်စပ်မှု စစ်မြေပြင်ကို ခင်ဗျား ဘယ်လိုထင်လဲ...”
ထိုစစ်သည်တော်၏ ဇစ်မြစ်၊ မျိုးနွယ်နှင့် ပုံပန်း သဏ္ဌာန်တို့ကို တစ်ခုမှ မသိသည့်တိုင်အောင် သူက မဲမဲမြင်ရာ တိုက်ခိုက်မည့် လူစားမျိုး မဟုတ်ပါချေ။
ဝေ့ဝူယင်၏ အမြင်အရဆိုလျှင်... သူတို့ အားလုံးမှာ ရည်ရွယ်ချက်မဲ့ သတ်ဖြတ် တိုက်ခိုက်ဖို့ အလွှတ်ခံလိုက်ရသည့် လူရိုင်းများ မဟုတ်ချေ။ ထိုအရာက မှန်ကန်သည့် ဖြေရှင်းချက်ဟုလည်း ဝေ့ဝူယင် မထင်ချေ။
မိန်းကလေးမှာ တိတ်ဆိတ်နေ၏။ သို့သော်လည်း ပန်းရနံ့ကတော့ ပိုမို ပြင်းထန်လာသည်။ ဝေ့ဝူယင် သူမကို မမြင်နိုင်သည့်တိုင် အခြား ရုပ်ပိုင်းဆိုင်ရာ အာရုံခံစားမှုများ တစ်ဆင့် သူတို့ အကြားရှိ အကွာအဝေးကို မှန်းဆ နိုင်ပေသည်။ သူမက ယခုလို တင်းကြပ်သည့် စစ်မြေပြင်တွင် ရှေ့တိုးရန်၊ နောက်ဆုတ်ရန် အလွန် လွယ်ကူသည့် နှစ်ဆယ့် တစ်မီတာ အကွာအဝေးတွင် ရှိနေပေသည်။
“သေဖို့နဲ့ နာကျင်ဖို့ ပြီးပြည့်စုံတဲ့ နေရာ...”
တစ်ခဏ ကြာပြီးနောက် သူမက နာခံစွာပင် ပြန်ဖြေလိုက်၏။ ကွမ်ယုကတော့ ကျောရိုးတစ်ခုလုံး အေးစက် နေခဲ့ပြီ ဖြစ်လေသည်။ ရှေ့သို့ တိုးဝင်ကာ ထိုအမျိုးသမီး၏ အသက်ကို အမြန်ဆုံး အဆုံးသတ် ပစ်သင့်သည်ဟု သူ ခံစားနေရသည်။ သို့သော်လည်း ဝေ့ဝူယင်မှာ သူ့ထက် ပိုမို၍ အစွမ်းထက်လေရာ ဦးဆောင်သူ နေရာကို ယူ၍ သူက ပံပိုးသူ နေရာတွင် နေလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သို့ဖြစ်လေရာ ဝေ့ဝူယင် စတင် လှုပ်ရှားသည်ကို စောင့်ဆိုင်းရလိမ့်မည် ဖြစ်သည်။
“စစ်ကျောက်တိုင်နဲ့ ပတ်သက်ပြီးရော ခင်ဗျား ဘယ်လိုထင်လဲ...”
ဝေ့ဝူယင်က ဆက်လက်၍ မေးလိုက်၏။
“မဖြစ်နိုင်ဘူး... နင် တခြား သိချင်တာ ရှိသေးလား လူချောလေး...”
မိန်းကလေး၏ အသံက အချိန်တိုင်း၌ ပိုမို၍ ချိုသာ လာနေခဲ့၏။ ချိုအီသော မွှေးရနံ့ကလည်း နှာသီးဝများထံ ပိုမို၍ ကလူကျီစယ်လာသည်။ သူမက ယောကျ်ား တစ်ကာ၏ အသည်းနှလုံးကို အရည်ဖျော် ပစ်နိုင်သည့် တည်ရှိမှုမျိုးပင်။
ဝေ့ဝူယင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ ချိုသာသည့် အသံနှင့် ဆန့်ကျင်ဘက်ပင် လေထုထဲသို့ ပိုမို တိုးဝင် လာနေသည့် သတ်ဖြတ်မှု အငွေ့အသက်များကို သူ ခံစားမိပေသည်။ ချိုအီသော ရနံ့ကို ရှူရှိုက်တိုင်း ထိုခံစားချက်က ပိုမို၍ ထင်းရှားလာနေ၏။
အဘယ်ကြောင့် မည်သည့် နည်းလမ်းကို သုံးနေကြောင်း မွှေးရနံ့ကို အဘယ်ကြောင့် ထုတ်လွှတ်နေကြောင်း ဝေ့ဝူယင် မသိသည့်တိုင် သူ့စိတ်ကတော့ သတိအပြည့်ကပ်ပြီး ဖြစ်သည်။
ရုတ်တရက် ကွမ်ယုမှာ တစ်စုံတစ်ရာကို သတိထားမိသွားဟန်ဖြင့် နှာခေါင်းကို အလျှင်အမြန် ပိတ်လိုက်၏။
“အဲဒီ အနံ့က...”
သူ၏ အော်ဟစ်လိုက်၏။ သို့သော်လည်း လှံရှည်အား ကိုင်ဆောင်ထားသည့် လက်များ တဖြည်းဖြည်း တုန်ရီလာနေသည်ကို သတိထားမိလိုက်လေရာ သူ့လေသံက တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွားသည်။ တဖြညးဖြည်းနှင့် အမြင် အာရုံပင်လျှင် ဝေဝါးလာရာ သူ အံ့အားသင့် သွားခဲ့သည်။ ထူးဆန်းသော လေသံနှင့် အတူ သူက အော်ဟစ် လိုက်လေ၏။
“အဆိပ်...”
သို့သော်လည်း စစ်မြေပြင်၏ စစ်သည်တော် တစ်ယောက် အနေဖြင့် ဘာလုပ်သင့်သည်ကို ကွမ်ယု ကောင်းစွာ သိပေသည်။ သူက အရှေ့ရှိ မိန်းကလေးကို စိုက်ကြည့်ကာ လက်နက်ကို ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။ ထို့နောက် နောက်သို့ ပြန်လှည့်ကာ တုန့်ဆိုင်းခြင်း မရှိပဲ ထွက်ပြေးလေတော့သည်။
ဝှစ်... ဝှစ်...
ကွမ်ယုမှာ အတော်လေး လျှင်မြန်လှ၏။ စက္ကန့်ပိုင်း အတွင်းမှာပင် သူက မီတာ ဒါဇင်ပေါင်းများစွာကို ရောက်ရှိ သွားခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်ကတော့ မူလနေရာတွင်ပင် ဆက်လက် ရပ်နေဆဲ ဖြစ်သည်။ မိန်းကလေးမှာ ထွက်ပြေးသွားသည့် ကွမ်ယုကို လှမ်းကြည့်ကာ အမဲလိုက်ရန် ပြင်လိုက်၏။ ထိုကဲ့သို့ လိုက်တမ်း ပြေးတမ်း ကစားရခြင်းကို သူမ အတော်လေး နှစ်သက်ပေသည်။
သို့သော်လည်း... ဝေ့ဝူယင် အနည်းငယ်ပင် လှုပ်ရှားမလာသည်ကို မြင်လိုက်ရသော အခိုက်၌ သူမ၏ ခြေလှမ်းများက ရပ်တန့်သွား၏။ သူမက မူလနေရာတွင်ပင် ရပ်ကာ ဝေ့ဝူယင်ကို ကြည့်နေလိုက်သည်။
အကွာအဝေး တစ်ခု အထိ ပြေးပြီးနောက် ကွမ်ယုမှာ နောက်သို့ ပြန်လည် လှည့်ကြည့်လိုက်ကာ သူ့ခန္ဓာကိုယ်ထဲရှိ အဆိပ်များကို ဖြည်းညင်းစွာပင် တွန်းထုတ်နေလိုက်၏။ မသိခင် အဆိပ်ခတ် ခံလိုက်ရခြင်းက အတော်လေး ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ တိုက်ပွဲ မစခင်တည်းက အဆိပ်ခတ် ခံလိုက်ရလေရာ ထိုအရာက ကြီးမားသော အားနည်းချက်ကို ဖြစ်ပေါ်စေသည်။ ထိုအဆိပ်က အချိန်ကြာလာသည်နှင့် အမျှ စုပြုံ လာတတ်သည့် စွမ်းရည် ရှိသည်မှာ ထင်ရှားသည်။
ဝေ့ဝူယင်ကတော့ မူလနေရာတွင်ပင် ရပ်နေဆဲ ဖြစ်သည်။ သူက ကွမ်ယု နောက်ဆုတ်သွားတာကို သတိထားမိပုံပင် မရပဲ ဆက်လက် မေးခွန်းထုတ်လိုက်၏။
“ကျုပ် စစ်ကျောက်တိုင်ကို လေ့လာဖို့ ရည်ရွယ်ထားတယ်... ခင်ဗျား ကျုပ်နဲ့ ပူးပေါင်းမလား”
“ဟင်း ဟင်း... ရှင်လေးက ရုပ်ချောပေမဲ့ သိပ်ဉာဏ်ကောင်းတဲ့ပုံတော့ မပေါ်ဘူး”
မိန်းကလေးက ထူးဆန်းသော လေသံဖြင့် မှတ်ချက်ချလိုက်၏။ ပုံမှန်ဆိုလျှင် သူမကို မြင်လိုက်ရသည့် ယောက်ျားများမှာ ရုပ်ရည်ကြောင့် အံ့အားသင့် ကြလိမ့်မည်။ ထို့နောက် သူမ၏ အသံ၏ ဆွဲဆောင်မှုတွင် နစ်မြော နေကြလိမ့်မည်။ သို့သော်လည်း မကြာခင်မှာပင် ကွမ်ယုကဲ့သို့ အဆိပ်ခတ် ခံရသည့် အခြေအနေကို ရှာဖွေ တွေ့ရှိသွားကာ ထွက်ပြေးလျှင်ပင် ပြေး၊ မပြေးလျှင်လည်း သူမကို အသည်းအသန် သတ်ဖို့ ကြိုးစား ကြလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ဝေ့ဝူယင်ကတော့ မျက်လုံးများ မှိတ်ထားဆဲ ဖြစ်သည်။ မွေးပျံ့ချိုအီသော ရနံ့က အဆိပ်ဖြစ်ကြောင်း သိသည့်တိုင် တည်ငြိမ်စွာပင် ရှိနေဆဲ ဖြစ်သည်။
“ရှင်က မျက်လုံးကန်း နေတာလား...”
သူမက စိတ်ဝင်တစားဖြင့် မေးလိုက်၏။ ဝေ့ဝူယင်က ထိုမေးခွန်းကို ပြန်မဖြေချေ။ ထို့အစား ခေါင်းကိုသာ တစ်ချက်ညိတ်ကာ မှတ်ချက်ချလိုက်။
“မင်းရဲ့ စွမ်းရည်တွေက အတော်လေး စိတ်ဝင်စားစရာ ကောင်းသားပဲ... အဲဒီ အဆိပ်လေထုက စစ်ဝိညာဉ်တွေကိုရော အကျိုးသက်ရောက် စေနိုင်လား...”
“...”
မိန်းကလေးမှာ ဝေ့ဝူယင်၏ မေးခွန်းကြောင့် အံ့အားသင့် သွား၏။ မွှေးရနံ့များ ပိုမို၍ ထူထပ်လာသည် အထိ စက္ကန့် နှစ်ဆယ်ခန့် သူမ တိတ်ဆိတ် နေခဲ့သည်။ တစ်ခဏ ကြာပြီးနောက်တွင်တော့ မွှေးရနံ့များမှာ အပြင်းထန်ဆုံး အကန့်အသတ်ထိ ရောက်ရှိလာခဲ့၏။
ဝေ့ဝူယင် လက်တစ်ဖက်ကို အပေါ်သို့ မြှောက်ကာ လက်ညိုးကို လေထုထဲ ဝှေ့ယမ်းလိုက်သည်။ သူက လွင့်မြောနေသည့် လေထု၏ ထုထည်ကို ခံစားကြည့်နေဟန် ရ၏။
“အဲဒါက မလုပ်နိုင်ဘူးလား...”
သူက စိတ်ပျက်လက်ပျက် အမူအရာဖြင့် ရေရွတ်လိုက်၏။ ထိုအဆိပ်လေထုက အတော်လေး အားနည်း လွန်းသေးသည်။ ကွမ်ယု၏ စကားအရဆိုလျှင် စစ်ဝိညာဥ် တစ်ခုချင်းစီမှာ လျှို့ဝှက် အာဏာရှင် အဆင့်၌ ရှိနေကြရာ သူတို့ကို ထိခိုက်အောင် လုပ်နိုင်ဖို့ ခက်ခဲလိမ့်မည် ဖြစ်သည်။ မည်မျှပင် အစွမ်းထက်သည် ဆိုစေ... မိန်းကလေး၏ အဆိပ်က သေမျိုး အကန့်အသတ် အတွင်း ရှိနေဆဲ ဖြစ်ပေသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
မိန်းကလေးက ဝေ့ဝူယင်၏ တုန့်ပြန်မှုကို သဘောကျဟန်နှင့် ပြုံးလိုက်၏။ သူမ၏ အဆိပ်က လျှို့ဝှက် အာဏာရှင် အဆင့်များအား မသက်ရောက်နိုင်တာ အမှန်တကယ်ပင် ဖြစ်သည်။ သို့သော်လည်း သေမျိုးများ အတွက်တော့ သက်ရောက်နိုင်တာထက်ပင် ပိုပေသည်။ ဝေ့ဝူယင်၏ တည်ငြိမ်ပြီး ယုံကြည်ချက် မြင့်မားသည့် ပုံစံလေးမှာ မကြာခင် ပြိုကျသွားတော့မည် ဖြစ်ကြောင်း သူမ သိရှိပြီး ဖြစ်သည်။ ချောမောသော မျက်နှာလေးထက်တွင် ထွက်ပေါ်လာမည့် ကြောက်မက်ဖွယ် အမူအရာ အကြောင်း တွေးတောရုံဖြင့်ပင် သူမ၏ စိတ်များမှာ ပိုမို လှုပ်ရှားလာခဲ့၏။
ထိုလူငယ်လေး မသေခင် မည်ကဲ့သို့ ဆိုးဆိုးရွားရွား အမူအရာများ ဖြစ်ပေါ်လာမည်နည်း။ ထိုကြည်နူးဖွယ် မြင်ကွင်းလေးအား ကြည့်ရခြင်းကပင်လျှင် သူမအတွက် စည်းစိမ် တစ်ခုပင်။