← Chapters

အနန္တသင်္ချိုင်း အဆိပ် (၂)

Vol. 54 Ch. 754

အနန္တသင်္ချိုင်း အဆိပ် (၂)

Vol. 54 Ch. 754

သို့သော်လည်း နှစ်မိနစ်မျှ ကြာပြီးနောက်၌ သူမ၏ အမူအရာက စတင်ကာ ပြောင်းလဲလာ၏။ ဝေ့ဝူယင်မှာ လက်ချောင်းများကို အသုံးပြုကာ လေထဲရှိ အဆိပ်များကို စိတ်ဝင်တစားဖြင့် ဆက်လက် စစ်ဆေး ကြည့်နေတုန်း ဖြစ်သည်။

အသက်အောင့်ထားခြင်းလေလော... မဖြစ်နိုင်ချေ။ သူမ၏ အဆိပ်က အသက်ရှူဖို့ မလိုချေ။ ၎င်းက ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအင်နှင့် တိုက်ရိုက် ချိတ်ဆက်ခြင်းမျိုး ဖြစ်သည်။

“မင်းမှန်တတယ်...”

ဝေ့ဝူယင်က မှတ်ချက်ချလိုက်၏။ ထို့နောက် သူက ဆက်၍ မေးလိုက်ကြ၏။

“ဒါနဲ့ ကြယ်တာရာ ဆင်းတုကို ဆင့်ခေါ်တယ် ဆိုတာက မင်းလား... မင်း သတ်လိုက်တဲ့လူလား...”

ဝေ့ဝူယင် မွှေးရနံ့မှ တစ်ဆင့် မိန်းကလေး၏ အော်ရာ အကြွင်းအကျန်များကို အာရုံ ခံစားခဲ့မိပြီး ဖြစ်သည်။ ထိုအရာက ယခင် သူ ခံစားမိခဲ့သည့် အော်ရာနှင့်တော့ မတူချေ။ သို့သော်လည်း... ကြယ်တာရာ ဆင်းတုက ဝိညာဉ်အော်ရာကို ပြောင်းလဲ သွားစေမည်လား သူ မသိချေ။

“ဟမ့်... အဲဒီ သားကောင်လေးကို သတ်ဖို့ ငါက ကြယ်တာရာ ဆင်းတု လိုမှာလား...”

မိန်းကလေက မထီမဲ့မြင်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်၏။ သို့သော်လည်း သူမ၏ လေသံက အနည်းငယ် တုန်ရီနေကာ ယုံကြည်ချက်တို့ လျော့ပါးနေသည်။ တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူမက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“ဒါပေမဲ့ လူချောလေး... ဘယ်လိုလုပ်ပြီး ငါ့ရဲ့ အနန္တသင်္ချိုင်း ရနံ့က နင့်ကို မသက်ရောက် နိုင်တာလဲ...”

“အနန္တ သင်္ချိုင်း ရနံ့... မသက်ရောက်နိုင်ဘူး...”

ဝေ့ဝူယင်က ကိုယ့်ကိုယ်ကို ပြောဟန်နှင့် ရေရွတ်လိုက်ကာ လက်သီးကို ဆုပ်လိုက်၏။ ထိုအခါ သူ့ လက်ချောင်းများ ကြားမှ ခုနစ်ရောင်ခြယ် အလင်းစများ တောက်ပနေသည်ကို တွေ့လိုက်ရသည်။

“ကျုပ်ကို မသက်ရောက်နိုင်တာ မဟုတ်ဘူးဗျ... အဲဒါက ကျုပ် ခန္ဓာကိုယ်ထဲမှာ အကြာကြီး မနေနိုင်တာ”

“အမ်...”

မိန်းကလေးက အံ့အားသင့်ဟန်နှင့် ရေရွတ်လိုက်၏။ ဝေ့ဝူယင် ဆိုလိုသည့် အရာကို သူမ နားမလည်ချေ။ သူမ၏ အဆိပ်က အလွယ်တကူ ချေဖျက်နိုင်သည့် အရာ မဟုတ်ချေ။ သို့သော်လည်း ဝေ့ဝူယင်၏ လက်ချောင်းများ ကြားတွင် တဖြည်းဖြည်း လင်းလက်လာသည့် ခုနစ်ရောင်ခြယ် အလင်းကို တွေ့လိုက်ရသော အခိုက်၌ သူမ၏ အမူအရာက ပြောင်းလဲ သွားလေ၏။

ဝေ့ဝူယင်က လက်သီးဆုပ်ကို ဖြေလိုက်ရာ လက်မ အနည်းငယ်ခန့် အရွယ်အစား ရှိသည့် စက်ဝိုင်း သဏ္ဌာန် အလုံးလေး ထွက်ပေါ်လာခဲ့သည်။ ၎င်းက အဖြူရောင် ဆေးလုံး တစ်ခု ဖြစ်၏။ တောက်ပစွာ ပြုံးလိုက်ရင်း သူက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်၏။

“ဒီတော့ ဒါက ကျင်းကျူးရဲ့ အခွင့်အရေးပေါ့လေ...”

သူ ဤနေရာကို အချိန်ကိုက် ရောက်ရှိလာမှု၊ ကြိုတင် စီစဉ်ထားသည့် အချိန်စည်းမျဉ်း၊ စစ်မြေပြင် အကြောင်း ထုံးလိုချေ၊ ရေလိုနှောက် သိရှိထားသည့် လူတစ်ယောက်နှင့် တွေ့ဆုံခဲ့မှု၊ ထို့နောက် သည်မိန်းကလေး...။

အားလုံးက အစီအစဉ် တစ်ခုအတိုင်း ဖြစ်ပျက်နေသလို ဝေ့ဝူယင် သံသယ ဖြစ်မိသည်။ ထို့ကြောင့်ပင် ၎င်းကို မတူကွဲပြားသည့် အမြင်တစ်ခုမှ ကြည့်ရှုရန် ဝေ့ဝူယင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ကျင်းကျူး၏ ကံကြမ္မာက ဤနေရာသို့ ရောက်ရှိလာကာ စစ်ကျောက်တိုင်ကို လေ့လာဖို့ ဆိုလျှင်... ထိုကဲ့သို့ ပြုလုပ်နိုင်သည့် ရတနာများ သူ့တွင် ရှိလျှင်ရှိ၊ မရှိရင် မဟာမိတ်များ ရှိရလိမ့်မည် ဖြစ်သည်။

ဆက်စပ်မှု စစ်မြေပြင်၏ စည်းမျဉ်းများက အလွန်ပင် တင်းကြပ်လွန်းကာ သေမျိုးများ အတွက် အောင်မြင်ဖို့ မဖြစ်နိုင်လောက်အောင်ပင် ဖြစ်သည်။ ထို့ကြောင့်ပင် စစ်သည်တော်များမှာ လွတ်မြောက်ရန် အတွက် တစ်ယောက်ကို တစ်ယောက် သတ်ဖြတ်လာကြရသည်။ မည်မျှပင် ပါရမီ မြင့်မားသည့် သေမျိုး တစ်ယောက် ဖြစ်စေ လျှို့ဝှက် အာဏာရှင် အဆင့် တစ်သောင်းကို ယှဉ်ပြိုင် တိုက်ခိုက်ဖို့က မဖြစ်နိုင်လောက်အောင်ပင် ဖြစ်သည်။

ပင်မ စစ်မြေပြင်တွင် ရှိစဉ်တုန်းက ဝေ့ဝူယင်မှာ မရေမတွက်နိုင်သည့် ဆေးတောင့်များကို အသုံးပြုကာ ချိုက်လျှို့ယန်ကို သတ်ဖြတ်ပစ်ခဲ့သည်။ သို့ဖြစ်လေရာ ဤနေရာတွင်လည်း ၎င်းတို့ကို အသုံးပြု၍ ရနိင်ပေသည်။

အကယ်၍ စစ်ကျောက်တိုင်မှာ ကျင်းကျူး အတွက် ကောင်းကင်တာအိုက စီစဉ်ပေးထားသည့် အခွင့်အရေး တစ်ခု ဆိုလျှင်.... ၎င်းက သေမျိုးများ အတွက် ဖြစ်နိုင်ချေ ရှိသည်။ ကောင်းကင်တာအိုမှာ အဖြစ်အပျက်များကို ကြိုတင် စီစဉ်ထားလေ့ ရှိပြီး ကိုယ်ပိုင် ခွန်အားနှင့် အားသာချက်တို့ကို အသုံးပြု၍ ရယူရမည်က ကောင်းချီးခံများ၏ တာဝန်သာ ဖြစ်သည်။

အနန္တ သင်္ချိုင်း အဆိပ်...

စစ်ဝိညာဉ်၏ ဝိညာဉ်လဲလှယ်မှု...

၎င်းတို့က အခွင့်အရေး အတွက် အရေးကြီးသော အစိတ်အပိုင်း နှစ်ခု ဖြစ်ပေသည်။ သို့သော်လည်း... အဆုံးသတ်တွင်တော့ ကွမ်ယုနှင့် ထိုမိန်းကလေးတို့မှာ မတော်တဆမှုများဖြင့် သေလျှင်သေ၊ မသေလျှင် ကျင်းကျူး၏ သတ်ဖြတ်ခံရနိုင်သည်ဟု ဝေ့ဝူယင် ခံစားမိသည်။

အဘယ်ကြောင့်နည်း။ ရှင်းလင်းစွာပင်... မိန်းကလေးနှင့် ကွမ်ယုတို့ထံမှ ဆိုးယုတ်သည့် အပြစ်သား အငွေ့အသက်များကို သူ ခံစားနိုင်သောကြောင့်ပင်။ အထူးသဖြင့် မိန်းကလေးပင်။ အကယ်၍ သူ၏ သီအိုရီသာ မှန်ကန်ပါက ထိုနှစ်ယောက်မှာ ကျင်းကျူး၏ လမ်းကြောင်းတွင် ချနင်းခံရကာ အနာဂတ် ကမ္မတန်ဖိုးများ အတွက် ပေးဆပ်ခံရမည့် ဖြစ်တည်မှုများ ဖြစ်နိုင်သည်။

မကြာခင်... ပဟေဠိ တစ်ခုလုံးကို ပြီးပြည့်စုံစွာ ဆက်ရန် နောက်ထပ် အပိုင်းအစများ ထပ်မံ ပေါ်ကောင်း ပေါ်လာနိုင်ပေသည်။ သို့သော်လည်း ဝေ့ဝူယင်ကတော့ မလိုအပ်ချေ။ သူက ကျင်းကျူး မဟုတ်ပါချေ။

ဝေ့ဝူယင်၏ ရှေ့ဦး ရည်ရွယ်ချက်က ဆက်စပ်မှု စစ်မြေပြင် တစ်ခုလုံးရှိ ထိပ်သီး ပါရမီရှင်များကို စုစည်းကာ စစ်ဝိညာဉ် တစ်သောင်းကို တိုက်ခိုက်ရန် ဖြစ်ပေသည်။ သို့သော်လည်း စစ်ဝိညာဥ် လဲလှယ်မှု အကြောင်း သိရှိပြီး နောက်တွင်တော့ သူက မှားယွင်းနေသည့် လမ်းကြောင်း တစ်ခုပေါ် ရောက်နေကြောင်း သဘောပေါက် သွားခဲ့သည်။

“ဒါနဲ့ဆို လုံလောက်တာထက် ပိုမှာ သေချာတယ်...”

ဝေ့ဝူယင်၏ အမူအရာက ပိုမို၍ စိတ်လှုပ်ရှားလာပုံ ပေါ်သည်။ မိန်းကလေးမှာ ငြိမ်သက်နေဆဲ ဖြစ်သည့် ဝေ့ဝူယင်ကို ကြည့်ကာ ပိုမို၍ စိတ်ရှုပ်ထွေးလာခဲ့၏။

သို့သော်လည်း အဖြူရောင် ဆေးလုံးကို စိုက်ကြည့်ရင်း သူမ၏ အမူအရာက စတင်ကာ ပြောင်းလဲလာသည်။ ထိုအရာက သူမ၏ အနန္တ သင်္ချိုင်း အဆိပ်ပင်။ ဤသို့ဆိုလျှင် သူ့လက်ထဲမှ ထွက်ပေါ်လာခဲ့သည့် ခုနစ်ရောင်ခြယ် အလင်းတန်းများမှာ အဂ္ဂိရတ် စွမ်းအင်များလော။ ထိုလူချောလေးက သူမ၏ အနန္တ သင်္ချိုင်း အဆိပ်ကို ဆေးလုံး တစ်ခု အဖြစ် ပြောင်းလဲပစ်နိုင်သည်လော။ မည်ကဲ့သို့နည်း။

အတွေးနှင့် အတူ သူမမှာ ပိုမို၍ မသေမချာ ဖြစ်လာခဲ့၏။ ဆက်စပ်မှု စစ်မြေပြင်၏ ကန့်သတ်ချက်များအမှာ အလွန် ပြင်းထန်လှကာ ဝိညာဥ်နှင့် ကြယ်တာရာ အင်အားများကို အသုံးမပြုနိုင်သလောက် ဖြစ်သည်။ ခန္ဓာကိုယ်အား အကန့်အသတ်ထိ သန့်စင်ထားသူများမှာ ကြယ်တာရာ ဆင်းတုကို ထုတ်ဖော် နိုင်ကြသည့်တိုင် ထိုအရာက အလွန် ရှားပါးပေသည်။ ထိုကဲ့သို့ လုပ်နိုင်သူများမှာလည်း မကြာခဏဆိုသလို အားနည်းသည့် ရုပ်ခန္ဓာ ကျင့်စဥ်နှင့် ကြယ်တာရာ ဝိညာဥ်များကို ရွေးချယ်ထားကြသူများဖြစ်လေရာ သူတို့ အတွက် ပိုမို လွယ်ကူပေသည်။

ကွမ်ယုနှင့် သူမတို့မှာ မွေးရာပါ ရုပ်စွမ်းအင်များနှင့် ကိုက်ညီသည့် ရုပ်ခန္ဓာ မြှင့်တင်ခြင်းဖြစ်စဥ်များကို ကြုံတွေ့ခဲ့ရသည့်တိုင် သေမျိုးအဆင့်၏ အကြွင်းမဲ့ အကန့်အသတ်ကိုတော့ ရောက်ရှိရန် အတွက်တော့ အလှမ်းကွာဝေးနေသေးဆဲ ဖြစ်သည်။ ဥပမာပေး နှိုင်းယှဥ်ရလျှင် ၎င်းက ရေဆူမှတ်နှင့် ပဲပုတ်ဆူမှတ်လိုပင်။ ရေဆူမှတ်သို့ ရောက်ရှိရန် တစ်ရာ ဆဲစီးယပ်မျှသာ လိုအပ်ချိန်တွင် ပဲပုပ်ဆူမှတ် ရောက်ရှိရန် အတွက် သုံးရာ ဒီဂရီ ဆဲစီးယပ်ခန့် လိုအပ်ပေသည်။ ထိုအရာကပင် ဝေ့ဝူယင် စိတ်ရှုပ်ထွေး စေခဲ့သည့် အကြောင်းရင်းလည်း ဖြစ်သည်။

မိန်းကလေးမှာ အကန့်အသတ်ကို မရောက်သေးသည့်တိုင် ရောက်ရှိပြီးသည့် လူတစ်ယောက်လို ပြောဆိုခဲ့သည်။ သူမက ဖြီးဖြန်းခဲ့ခြင်းသာ ဖြစ်သည်။ သို့သော်လည်း ဤသည်က စစ်မြေပြင် ဖြစ်သည်။ အကယ်၍ ရန်သူ ကြောက်ရွံ့စိတ် ဝင်သွားလျှင် စိတ်ပိုင်းဆိုင်ရာ အရ ကြီးမားသော အားသာချက်ကို ဖြစ်ပေါ်စေသည်။ အကယ်၍ သူမက ကြောက်မက်ဖွယ်ရာ အရည်အသွေးကို ပြခဲ့လျှင် ရန်သူများမှာ တုန့်ဆိုင်း သွားလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... ကံဆိုးစွာပင် ထိုအရာများက ဝေ့ဝူယင် အပေါ်တွင်တော့ အကျိုးသက်ရောက်မှု မရှိခဲ့ပါချေ။

“အဲဒါက ဆေးလုံးလား...”

သူမက စိတ်ဝင်တစားဖြင့် ဝေ့ဝူယင်ကို မေးလိုက်၏။ ဝေ့ဝူယင်က ကွယ်ဝှက်ခြင်း မပြုပဲ ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်... မင်းရဲ့ အနန္တ သင်္ချိုင်း အဆိပ် ဆေးလုံးပဲ... မင်းရဲ့ အဆိပ်က လျှို့ဝှက် အာဏာရှင် အဆင့်တွေကို မသက်ရောက်နိုင်ပေမဲ့ ဒါကတော့ ကျိန်းသေ အလုပ်ဖြစ်လိမ့်မယ်”

ထိုကဲ့သို့ ပြောပြီးနောက် ဝေ့ဝူယင်က ဆေးလုံးကို အနည်းငယ် မြှောက်လိုက်ကာ အလေးချိန်ကို မှန်းဆလိုက်၏။ ထို့နောက် ၎င်းအား မိန်းကလေးထံ ပစ်ပေါက်လိုက်လေတော့သည်။

ဝေ့ဝူယင်၏ လှုပ်ရှားမှုက အလွန်အမင်း မြန်ဆန်လှ၏။ ဆေးလုံးက အလွန် လျှင်မြန်စွာပင် မိန်းကလေး၏ ခြေထောက်နားသို့ ကျကာ ပေါက်ကွဲသွားသည်။ မိန်းကလေးမှာ ထိတ်လန့် တုန်လှုပ်သွားကာ နောက်သို့ ကပျာကယာ ဆုတ်ရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း... မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် အဖြူရောင် တိမ်တိုက် မြူနှင်း တစ်ခုက သူမကို လျှင်မြန်စွာ ဖုံးအုပ် သွားခဲ့ပြီ ဖြစ်လေတော့သည်။

သူမက ချက်ချင်းပင် ရုန်းထွက်ကာ နောက်သို့ ဆုတ်လိုက်၏။ သို့သော်လည်း ခြေလှမ်း အနည်းငယ် အတွင်းမှာပင် သူမ၏ ခြေလှမ်းများက မတည်မငြိမ် ဖြစ်လာကာ ယိမ်းယိုင်လာ၏။

“ရှင် ကျွန်မကို ဘာလုပ်လိုက်...တာ...”

သူမ၏ စကားလုံးများက လမ်းခုလတ်တွင်ပင် ရပ်တန့်သွား၏။ လေးပင် မောပန်းသည့် အသက်ရှူသံများက လေထုကို ဖြတ်သန်း၍ ထွက်ပေါ်လာသည်။ ထိုအသက်ရှူသံများနှင့် အတူ သူမ၏ အသံက ပိုမို၍ တိုးလျလာကာ နောက်ဆုံးတွင် ထွက်ပေါ်လာနိုင်ခြင်းပင် မရှိတော့ချေ။

ဝေ့ဝူယင်က အသာအယာ ပြုံးလိုက်၏။

“ကွမ်ယု...”

သူက သွေးရောင် မျက်လုံးများနှင့် စစ်သည်တော်ကို ခေါ်လိုက်သည်။ ကွမ်ယုမှာ ထွက်ခွာ သွားခြင်း မရှိသေးပဲ ခပ်လှမ်းလှမ်းမှ သူတို့ကို လေ့လာနေဆဲ ဖြစ်ပေသည်။

နောက်ဆုံး အမျိုးသမီး ကြောက်လန့်တကြား စတင် ထွက်ပြေးကာ ခြေလှမ်း အနည်းငယ် အတွင်း အရုပ်ကလေး တစ်ရုပ်လို ပြိုလဲသွားသည်ကို တွေ့မြင်လိုက်ရသော အခိုက်၌ သူ၏ နှလုံးသားက တဒိတ်ဒိတ် ခုန်လာခဲ့၏။ ထိုအရာက မည်ကဲ့သို့နည်း။

ကွမ်ယု စိတ်လှုပ်ရှားစွာပင် ထိုနေရာသို့ ဦးတည်လိုက်လေသည်။ မီတာ အနည်းငယ် အကွာအဝေးသို့ အရောက်၌ ဝေ့ဝူယင်ထံမှ အသံတစ်ခုကို ကြားလိုက်ရလေ၏။

“ဒါနဲ့ သူက လှလား...”

All Chapters