← Chapters

အခန်း (၄၅၁)

Vol. 33 Ch. 451

အခန်း (၄၅၁)

Vol. 33 Ch. 451

နန်းမြို့တော်တွင်နေထိုင်ရခြင်းသည် အလွန်ခက်ခဲသည်။ သူ့မိသားစုကြောင့်သာမဟုတ်လျှင် ဇူအော်လင်းသည် နန်းမြို့တော်မှ ရွှေ့ပြောင်းသွားလိမ့်မည်။

ရုတ်တရက်ဆိုသလိုပင် ဇူအော်လင်း၏မျက်နှာထား ပြောင်းလဲသွားသည်။

ရှောင်မိသားစုစစ်သူကြီး၏နေအိမ်တွင် သံချပ်ကာများ၏ တချပ်ချပ်မြည်သံကို ကြားနိုင်သည်။

လူဆယ်ယောက်ကျော်ထွက်လာပြီး တံခါးဖွင့်လိုက်သည်။

ခေါင်းဆောင်သည် အပြာရောင်ဝတ်စုံကို ဝတ်ထားသည်။

သူ့မျက်နှာထားသည် လေးနက်နေပြီး ခြေလှမ်းကျဲများနှင့် လျှောက်လာသည်။ သူ့နောက်တွင်ရှိသောလူများသည် အနီရောင်သံချပ်ကာကို ဝတ်ထားသည်။

ဇူအော်လင်းက မျက်လုံးပြူးသွားသည်။

ရှေ့ဆုံးတွင်ရှိသောလူသည် ရှောင်မိသားစု၏ ကွန်ဖြူးရှပ်တာအိုဆရာသခင်ဖြစ်သော တော်ဝင်စိစစ်ရေးမှူး ရှောင်ချန်ဖုန်းဖြစ်သည်။

ခြင်္သေ့ဦးခေါင်းနှင့် မီးတောက်သံချပ်ကာကို ဝတ်ဆင်ထားသော လူတစ်ယောက်လည်း ရှိနေသည်။ သူက ရှောင်မိသားစု၏ ဒုတိယခေါင်းဆောင် မီးတောက်နီစစ်တပ်၏ ရှေ့ပြေးတပ်စစ်သူကြီး ရှောင်ချန်ချွန်းဖြစ်သည်။

ကျန်လူများသည်လည်း ရှောင်မိသားစု၏ လွှမ်းမိုးနိုင်စွမ်းရှိသော ပုဂ္ဂိုလ်များဖြစ်ကြသည်။

လှည်းရှေ့သို့ရောက်သွားသော ရှောင်ချန်ဖုန်းဦးဆောင်သည့် စွမ်းအားကြီးပုဂ္ဂိုလ်များကို ဇူအော်လင်းက ငေးကြည့်နေမိသည်။

ရှောင်မိသားစု၏အကြီးအကဲဖြစ်သော ဆရာသခင်အဆင့် တော်ဝင်စိစစ်ရေးမှူ ရှောင်ချန်ဖုန်းက အဝတ်များကိုဆွဲဆန့်၍ ဦးညွှတ်လိုက်သည်။

ဆရာသခင်တစ်ဦးသည် သူ့ကို ကြိုဆိုရန်အတွက် ဦးညွှတ်ခဲ့သည်။

ဇူအော်လင်းက တစ်ကိုယ်လုံးပျော့ခွေသွားသည်။

‘တစ်နေ့လုံး ငါလိုက်ပို့ခဲ့တဲ့လူက ဘယ်သူလဲ’

“ရှောင်ချန်ဖုန်းက နှုတ်ဆက်လိုက်ပါတယ်”

လှည်းရှေ့တွင်ရပ်နေသော ရှောင်ချန်ဖုန်းက တီးတိုးပြောသည်။

“ကြိုဆိုပါတယ် ဆရာမူယဲ့”

သူက ခဏတာစဉ်းစားပြီး ဟန်မူယဲ့ကို ဆရာဟု ခေါ်လိုက်သည်။

သူက ဆရာသခင်မူယဲ့ဆိုသောနာမည်ကို တစ်ခါမှမကြားဘူးပေ။

သို့သော် သူ့မှာ ဟန်မူယဲ့၏စွမ်းရည်မျိုး မရှိကြောင်း နားလည်ထားသည်။

ဟန်မူယဲ့က အမိန့်အာဏာတစ်ခုဖြင့် နတ်များကို တရားဝင်ဘွဲ့ထူးပေးခဲ့သည်။

ကွမ်မြစ်ဝ၏တိုက်ပွဲသည် အလယ်ပိုင်းကုန်းမြေတစ်ခုလုံးကို တုန်ခါသွားစေသည်။

နန်းမြို့တော်၏ ဆွေးနွေးမှုအများဆုံးခေါင်းစဉ်သည် အမိန့်ပြန်တမ်းထုတ်ပေးခဲ့သောလူ ဖြစ်သည်။

ထိုကိစ္စမျိုးကိုလုပ်နိုင်သော ဆရာသခင်များ သိပ်မရှိပေ။

အားကောင်းသောခန္ဓာကိုယ်နှင့်ဝိညာဉ်ကို ပိုင်ဆိုင်ထားပြီး သူတော်စင်အဆင့်သို့တက်ရောက်ရန် ပြင်ဆင်နေသောဆရာသခင်များတွင်သာ ထိုစွမ်းရည်မျိုး ရှိနိုင်လိမ့်မည်။

ထိုသို့ဆိုလျှင် ထိုဆရာသခင်က မည်သည့်နေရာမှ ရောက်လာသနည်း။

ရှောင်မိသားစုသည် သတင်းအချက်အလက်များကို စုဆောင်းနိုင်သည်။

အနည်းဆုံး ရှောင်ချူးပို့ပေးခဲ့သောသတင်းများသည် နန်းမြို့တော်မှ မိသားစုကြီးများ၏သတင်းထက် ပိုမိုတိကျသည်။

ရှောင်ချူး၏သတင်းကို လက်ခံရလိုက်သောအခါတွင် ရှောင်မိသားစု၏ အကြီးအကဲဖြစ်သော ရှောင်ချန်ဖုန်းက ဟန်မူယဲ့နှင့်ပတ်သတ်၍ စုံစမ်းခဲ့သည်။

“ကြိုဆိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ဟန်မူယဲ့က လှည်းပေါ်တွင်ထိုင်နေပြီး လက်သီးဆုပ်၍ ရှောင်ချန်ဖုန်းတို့ကို ကြည့်သည်။

“ငါက ညီမမူကိုရှာဖို့အတွက် နန်းမြို့တော်ကို ရောက်လာတာပါ။ သူဘယ်မှာလဲ မင်းတို့သိလား”

ထင်သားသည့်အတိုင်းပင်ဖြစ်သည်။

ထိုလူသည် ရှောင်မိသားစု၏ ခမ်းနားသောကြိုဆိုမှုကို ဂရုမစိုက်ပေ။ သူ၏ ညီမမူကိုသာ ဂရုစိုက်သည်။

ထိုအပြုအမူမျိုးသည် မဟာကျင့်ကြံသူကြီးတစ်ဦးနှင့် ကိုက်ညီသည်။

သန်မာသောလူများသည် တခြားလူများ၏အမြင်ကို ဂရုမစိုက်ဘဲ ကိုယ်ပိုင်နှလုံးသားကိုသာ ဂရုစိုက်သည်။

ရှောင်ချန်ဖုန်းက ဟန်မူယဲ့ကို သေချာမသိသော်လည်း ဟန်မူယဲ့က နန်းမြို့တော်သို့ ရောက်လာမည်ဟု ကောက်ချက်ချထားသည်။

သူက နှလုံးသားကိုသန့်စင်ရန်အတွက် လူသားလောကကို ရောက်လာလိမ့်မည်။

ထိုကျွမ်းကျင်သူသည် တောင်ပိုင်းကုန်းမြေမှ ရောက်လာခဲ့သည်။

တောင်ပိုင်းကုန်းမြေတွင် ချင်းရီမင်က သူ့ကို ကြိုဆိုခဲ့ပြီး ရှောင်ယွဲ့လီက သူ့ကို အလေးအနက်ထားသည်။

ကံမကောင်းစွာဖြင့် ရှောင်ယွဲ့လီသည် အဝေးသို့ရောက်နေသောကြောင့် အချိန်မီ သတင်းမပေးနိုင်ခဲ့ပေ။

သို့သော် ရှောင်ယွဲ့လီသည်လည်း ထိုကျွမ်းကျင်သူ၏ နောက်ခံအစစ်အမှန်ကို မသိနိုင်လောက်ပေ။

လုယန်က ကိုယ်တိုင်လာရောက်ပြီး ကြိုဆိုသည့်အတွက် ဟန်မူယဲ့က ကွမ်မြစ်ဝတွင် တိုက်ခိုက်ခဲ့သည်။

သတင်းများအရ လုယန်သည် ဟန်မူယဲ့ကို ဘလေးဟု ခေါ်ခဲ့သည်။

သူတော်စင်တစ်ဝက်အဆင့်သို့ရောက်နေသော လုယွီကျိုး၏ ညီအစ်ကိုဖြစ်သည်။

သို့သော် သူတို့သည် ညီအစ်ကိုအရင်းများမဖြစ်နိုင်ပေ။ တစ်ယောက်ကိုတစ်ယောက် ညီအစ်ကိုအဖြစ် သတ်မှတ်ထားခြင်းသာ ဖြစ်လိမ့်မည်။

လုယွီကျိုးက နန်းမြို့တော်တွင်ရှိသော်လည်း တော်ဝင်ကျောင်းထဲတွင် ပုန်းနေသည်။ ဟန်မူယဲ့နှင့်ပတ်သတ်ပြီး သူ့ကို သွားမေးရဲသောလူများ မရှိပေ။

လုယွီကျိုးက ပြောချင်လျှင် ထုတ်ပြောလိမ့်မည်။

ဒေသတစ်ခုကိုဖိနှိပ်နိုင်သော သူတော်စင်တစ်ဝက်အဆင့်ကျွမ်းကျင်သူသည် နန်းမြို့တော်၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ဝမ်မော့ရှန်မှလွဲ၍ သူ့ကိုဖိနှိပ်နိုင်သောလူများ မရှိပေ။

မည်သို့ပင်ဖြစ်စေ ရှောင်ချန်ဖုန်းက စုဆောင်းထားသောအချက်အလက်များအရ ကောက်ချက်ချနိုင်ခဲ့သည်။

ကွမ်မြစ်ဝ၏ကျွမ်းကျင်သူသည် သူတော်စင်တစ်ဝက်အဆင့်ဖြစ်သော လုယွီကျိုးနှင့် ရင်းနှီသည်။ သူကလည်း အလယ်ပိုင်းကုန်းမြတွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်လာလိမ့်မည်။

ရှောင်ချူးပြန်လာသောအခါတွင် ရှောင်ချန်ဖုန်းက အကြိမ်ရေအနည်းငယ်ခန့် ကိုယ်တိုင်ကြုံတွေ့၍ မူဝမ်၊ ရှောက်တထျန်းနှင့် တခြားလူများအကြောင်းကို မေးခဲ့သည်။

သူက အခြေအနေများကို ရှင်းလင်းစွာသိထားသည်။

ရှောင်ချန်ဖုန်းက ခေါင်းမော့လိုက်ပြီး တီးတိုးပြောသည်။

“ဆရာမူယဲ့၊ နတ်မိမယ်မူဝမ်က ကျောက်စိမ်းအာခီမီအဆောက်အအုံနားမှာ ဆိုင်တစ်ဆိုင်ငှားပြီး ဆေးဆိုင်ဖွင့်ဖို့ ပြင်ဆင်နေပါတယ်”

သူက ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“ဆရာမူယဲ့ကို လမ်းပြပေးဖို့အတွက် လူနှစ်ယောက်စီစဉ်လိုက်ပါ့မယ်”

ရှောင်ချန်ဖုန်းက ကြိုဆိုပွဲပြုလုပ်ရန်အတွက် သေချာပေါက် ပြောမည်မဟုတ်ပေ။

ရှောင်မိသားစုက ထိုလူနှင့် ဆက်ဆံရေးတစ်ခုတည်ဆောက်ချင်လျှင်ပင် အလျင်စလို လုပ်မည်မဟုတ်ပေ။

ထိုလူသည် နန်းမြို့တော်တွင်နေထိုင်မည်ဖြစ်သောကြောင့် အခွင့်အရေးများ ရလာလိမ့်မည်။

ရှောင်ချန်ဖုန်း၏စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ပြောသည်။

“ငါကိုယ်တိုင်ရှာလိုက်ပါ့မယ်”

သူက လူသားလောကတွင် အတွေ့အကြုံယူပြီး နှလုံးသားကိုသန့်စင်ရန်အတွက် နန်းမြို့တော်တွင် မူဝမ်နှင့်အတူ ဆေးဆိုင်ဖွင့်လိမ့်မည်။ ရှောင်မိသားစုနှင့် နက်ရှိုင်းစွာမဆက်သွယ်သင့်ပေ။

ထိုသို့ဆိုလျှင် လုယွီကျိုးအပြင် ဟန်မိသားစုကုန်သည်ရေးအဖွဲ့အစည်းနှင့်လည်း မကြာခဏ ဆက်သွယ်ရလိမ့်မည်။

လွန်ခဲ့သော၂နှစ်ခန့်တွင် ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းက နန်းမြို့တော်တွင် ဆိုင်တစ်ဆိုင်ဖွင့်ခဲ့သည်။

“ဇူအော်လင်း ကျောက်စိမ်းအာခီမီအဆောက်အအုံကို သိလား”

ဟန်မူယဲ့က ငေးမောနေသော ဇူအော်လင်းကို ကြည့်လိုက်သည်။

ဇူအော်လင်းက တစ်ကိုယ်လုံးတုန်ခါသွားသည်။ သူက လျင်မြန်စွာပြောသည်။

“ဟုတ်ကဲ့။ ကျွန်တော်သိပါတယ်”

သူက သွက်လက်စွာပြေးလာသည်။ ထို့နောက် ခပ်ဟဟရယ်လိုက်ပြီး ရှောင်ချန်ဖုန်းနှင့် တခြားလူများကို ဦးညွှတ်သည်။ သူက မြင်းလှည်းပေါ်သို့တက်သွားပြီး ကြာပွတ်ကို ဝှေ့ယမ်းသည်။

မြင်းလှည်းထွက်သွားသောအခါတွင် ရှောင်ချန်ဖုန်း၏မျက်နှာထားက တည်ငြိမ်သွားသည်။

သူ့နောက်တွင် သံချပ်ကာဝတ်ထားသော ရှောင်ချန်ချွန်းက တီးတိုးပြောသည်။

“အစ်ကိုကြီး၊ အဲ့ဒီလူက တည်ငြိမ်ပြီး အသက်ကိုလည်း ဖုံးကွယ်မထားဘူး။ သူက တကယ်ပဲ သန်မာတာလား”

“အဲဒီလိုကျွမ်းကျင်သူမျိုးက နန်းမြို့တော်မှာ ဆေးဆိုင်တစ်ဆိုင်ပဲ ဖွင့်ချင်တာလား”

ရှောင်ချန်ဖုန်းက လှည့်ကြည့်လိုက်သောအခါတွင် ရှောင်ချန်ချွန်းအပြင် တခြားလူများကလည်း သံသယဝင်နေကြောင်း မြင်လိုက်ရသည်။

သူ့မျက်နှာက မည်းမှောင်သွားသည်။

ရှောင်ချန်ဖုန်းက ရှောင်ချန်ချွန်းကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ကွမ်မြစ်ဝတိုက်ပွဲက ဒေသရှစ်ခုရဲ့လုံခြုံမှုနဲ့ သက်ဆိုင်နေတယ်။ အဲဒါက အရေးမပါဘူးလား”

ရှောင်ချန်ချွန်းနှင့် တခြားလူများက ခေါင်းညိတ်သည်။

အရေးပါသည်။

တာအိုဂိုဏ်းများ အောင်မြင်သွားခဲ့လျှင် အရှေ့တောင်ဘက်၏ ဒေသရှစ်ခုသည် ဖရိုဖရဲဖြစ်သွားလိမ့်မည်။

“အကြီးအကဲလုယွီကျိုးက အဲဒီလိုကိစ္စကြီးကို နည်းနည်းလေးမှစိတ်မပူဘူး။ သူ့ရဲ့တာအိုနယ်မြေနဲ့ သက်ဆိုင်နေပေမဲ့ လှုပ်ရှားလာတာမျိုး မရှိဘူး။ ဘာဖြစ်လို့လဲ”

ရှောင်ချန်ဖုန်းက သူတို့ကိုကြည့်ပြီး မေးသည်။

‘ဘာဖြစ်လို့လဲ’

ရှောင်ချန်ချွန်းက မျက်လုံးများမှေးကျဉ်းလိုက်ပြီး ညင်သာစွာပြောသည်။

“တခြားတစ်ယောက် လှုပ်ရှားနိုင်တယ်ဆိုတာကို သူသိထားလို့ပဲ”

တိုက်ဆိုင်မှုဖြစ်စေ အစီအစဉ်ချထားခြင်းဖြစ်စေ ဟန်မူယဲ့က ကွမ်မြစ်ဝတွင် ရှိနေခဲ့သည်။

အမတ်ချုပ်ကြီးဝမ်နှင့်လုယွီကျိုးတို့က ဟန်မူယဲ့၏တိုက်ခိုက်နိုင်စွမ်းကို သိထားသောကြောင့် မလှုပ်ရှားခဲ့ပေ။

ယနေ့တွင်ရောက်လာသော ဟန်မူယဲ့သည် အမတ်ချုပ်ကြီးဝမ်နှင့် လုယွီကျိုးတို့သိထားသော အရေးကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။

တစ်နည်းပြောရလျှင် ယနေ့ကြိုဆိုခဲ့သောလူများသည် လုံလောက်စွာအဆင့်အတန်းမမြင့်သောကြောင့် ဟန်မူယဲ့က လှည်းပေါ်မှ ဆင်းမလာခဲ့ပေ။

“စစ်တပ်ကိုသွားပြီး သခင်ကြီးကို မေးလိုက်”

ရှောင်ချန်ဖုန်းက ခေါင်းခါပြီး ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသည်။

“သခင်ကြီးက ဆရာမူယဲ့နဲ့ပတ်သတ်ပြီး တစ်ခုခုသိနေနိုင်တယ်”

“ပြီးတော့ အရေးကြီးကိစ္စမရှိရင် ဆရာမူယဲ့ကို မဆက်သွယ်နဲ့။ လူသားလောကမှာ အတွေ့အကြုံရှာနေတဲ့ကျွမ်းကျင်သူတွေက တစ်ယောက်ယောက်နှောင့်ယှက်လာရင် စိတ်အပျက်ဆုံးပဲ”

ရှောင်ချန်ချွန်းနှင့် တခြားလူများက ခေါင်းညိတ်လိုက်သည်။

....

ယခုအချိန်တွင် နန်းမြို့တော်သည် မီးရောင်ဖြင့် တောက်ပနေသည်။

ကောင်းကင်ထက်တွင် သဘာဝစွမ်းအင်အလင်းများ ဖြတ်ပြေးသွားပြီး လမ်းဘေးနှစ်ဖက်တွင်ရှိသော မီးတိုင်များကို ထွန်းညှိပေးသည်။

ဈေးဆိုင်များသည်လည်း တောက်ပနေပြီး နန်းမြို့တော်တစ်ခုလုံးကို နေ့အလင်းကဲ့သို့ ဖြစ်နေစေသည်။

လမ်းများသည် ပိုမိုအသက်ဝင်လာပုံပေါ်သည်။

ကျောက်စိမ်းအာခီမီအဆောက်အအုံသည် တော်ဝင်ဥယျာဉ်လမ်းတွင် ရှိသည်။

ဇူအော်လင်းက နှလုံးသားထဲတွင်ရှိသော လှုပ်ရှားနေသည့်ခံစားချက်များကို ဖိနှိပ်ထားပြီး တစ်ကိုယ်လုံး တောင့်တင်းနေသည်။

လှည်းထဲတွင်ထိုင်နေသောလူသည် စိတ်ကူးမယဉ်နိုင်လောက်သောအဆင့်အတန်းနှင့် ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သည်။

သူတို့၏ လမ်းပြနယ်ပယ်ထဲတွင် ဝိညာဉ်ကျောက်တုံးအချို့ရရန်အတွက် လမ်းပြပေးခြင်းသည် နေ့စဉ်အလုပ်တစ်ခုသာဖြစ်သည်။ ချက်ချင်းချမ်းသာသွားသော ဇာတ်လမ်းများလည်း ရှိနေသည်။

ဥပမာအနေဖြင့် ဆွေမျိုးတစ်ယောက်လာရှာသော နန်ယွမ်ဒေသ၏ကျောင်းတော်သားကို လမ်းပြပေးခဲ့သည့် လောဝူဖြစ်သည်။ ကံမကောင်းစွာဖြင့် ကျောင်းတော်သားသည် ဆွေမျိုးကို မရှာနိုင်ခဲ့ပေ။ သူက ထိတ်လန့်ပြီး လမ်းပေါ်တွင် မေ့လဲသွားခဲ့သည်။

လောဝူက ကြင်နာတတ်သည်။ သူက ကျောင်းတော်သားကို ကယ်တင်ခဲ့သည့်အပြင် နေထိုင်နိုင်ရန်အတွက် နေရာတစ်ခုကိုလည်း ရှာပေးခဲ့သည်။

နောက်ပိုင်းတွင် ကျောင်းတော်သားသည် တော်ဝင်စာမေးပွဲကို အောင်မြင်ပြီး အစိုးရအရာရှိတစ်ဦး ဖြစ်လာခဲ့သည်။ လောဝူ၏မိသားစုသည် သူနှင့်အတူ နန်ယွမ်ဒေသသို့ လိုက်သွားခဲ့သည်။ ထိုအချိန်မှစ၍ သူတို့သည် ဘဝအတွက် စိတ်ပူရန်မလိုတော့ပေ။

ထိုဖြစ်ရပ်မျိုးသည် တစ်နှစ်တွင် အကြိမ်ရေအနည်းငယ်ခန့် ဖြစ်ပွားခဲ့သည်။

‘ငါ့အခွင့်အရေး ရောက်လာတာလား’

ဇူအော်လင်းက တွေးမိသည်။

သို့သော် ယနေ့ သူတွေ့ခဲ့သောပုဂ္ဂိုလ်သည် ကျောင်းတော်သားများနှင့် မတူပေ။

ထိုလူကို ရှောင်မိသားစု၏ အကြီးအကဲကပင် ကြိုဆိုခဲ့ရသည်။

ညဘက်ရောက်လာပြီဖြစ်သည်။ ယနေ့ညတွင် သွားမည့်နေရာသို့ရောက်လျှင် အကောင်းဆုံးဖြစ်လိမ့်မည်။

ထိုပုဂ္ဂိုလ်ကြီး၏ စိတ်ကျေနပ်မှုအပေါ်တွင်မူတည်၍ သူ့စွမ်းဆောင်မှုကို ဆုံးဖြတ်နိုင်လိမ့်မည်။

ဇူအော်လင်းက လှည်းကို အမြန်နှုန်းမြှင့်လိုက်သည်။ သူက တစ်နာရီအချိန်ယူ၍ မြို့အထက်ပိုင်းမှ မြို့လယ်၏ ကျောက်စိမ်းအာခီမီအဆောက်အအုံသို့ ရောက်လာခဲ့သည်။

တော်ဝင်ဥယျာဉ်လမ်းသည် မြို့လယ်နှင့် မြို့အောက်ပိုင်းကို ချိတ်ဆက်ထားသော လမ်းမကြီးဖြစ်သည်။ ထိုလမ်းသည် မိုင်ရာချီရှည်လျားပြီး မြို့လယ်ကို ဖြတ်သန်းသွားသည်။

အင်မော်တယ်လရေကန်နှင့် ရေကန်အတွင်းရှိ လပုံရိပ်ကို ရှုစားနိုင်သောကြောင့် လကြည့်မြို့ဟု အမည်တွင်လာသည်။

ဤနေရာသည် မြို့အထက်ပိုင်းနှင့် အနည်းငယ်ကွာဝေးပြီး မြို့အောက်ပိုင်းနှင့် ပိုမိုနီးစပ်သည်။

လကြည့်မြို့သို့ရောက်လာသောအခါ ဟန်မူယဲ့က နတ်အာရုံကို ဖြန့်ထုတ်သည်။

ဇီတာသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားပုံပေါ်ပြီး ချက်ချင်းပျောက်ကွယ်သွားသည်။

ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ လှည်းပေါ်မှဆင်းလာသည်။ သူက လက်မြှာက်လိုက်ပြီး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတစ်တုံးကို ပေးသည်။ ထို့နောက် ဖြည်းဖြည်းချင်း ရှေ့ဆက်လျှောက်သွားသည်။

အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်ရာ ....

ထိုပုဂ္ဂိုလ်သည် အလွန်ရက်ရောသည်။

ဇူအော်လင်းက တွန့်ဆုတ်သွားပြီး ဝိညာဉ်ကျောက်တုံးကို မယူခဲ့ပေ။

သူက မြင်းလှည်းမောင်းပြီး ဟန်မူယဲ့သွားမည့်နေရာကို ကြည့်နေသည်။

All Chapters