← Chapters

အခန်း (၄၅၂)

Vol. 33 Ch. 452

အခန်း (၄၅၂)

Vol. 33 Ch. 452

ဟန်မူယဲ့က ဆိုင်လေးတစ်ဆိုင်ရှေ့တွင် ရပ်လိုက်သည်။

ထိုဆိုင်သည် အသစ်ဖြစ်ပြီး သစ်သားစင်ပေါ်တွင် ပစ္စည်းများ ရှုပ်ပွနေသည်။

ဖြတ်ထားသောဝါးပင်များ၏ရနံ့ကို ရနေသည်။

အရပ်ရှည်သောရှောက်တထျန်းသည် ဝါးစင်နှစ်ခုကို လက်ထဲတွင် ကိုင်ထားသည်။ သူက တစ်ဖက်သို့ လှည့်လိုက်သောအခါ တံခါးဝတွင်ရပ်နေသော ဟန်မူယဲ့ကို မြင်လိုက်ရသည်။

“ဘမ်း”

ဝါးစင်သည် ပြုတ်ကျသွားခဲ့သည်။

“သခင်လေး ....”

ကျိုးပဲ့နေသောဝါးအပိုင်းအစများကို သန့်ရှင်းရေးလုပ်နေသည့်မူဝမ်က နောက်သို့လှည့်ကြည့်သည်။

ဟန်မူယဲ့က ရှေ့ဆက်လျှောက်လာပြီး မူဝမ်နှင့် နီးကပ်သောနေရာတွင် ရပ်လိုက်သည်။ ထို့နောက် သူက လက်ကိုဆန့်ထုတ်ပြီး သူမ၏နူးညံ့သောခန္ဓာကိုယ်ကို ဖက်သည်။

သူက အာကာသထဲတွင် သုံးနှစ်ကြာသည်အထိ ခရီးသွားခဲ့သည်။ ထို့နောက် တောင်ပိုင်းကုန်းမြေတွင် မူဝမ်နှင့်တွေ့ပြီး ကွမ်မြစ်ဝတွင် လမ်းခွဲခဲ့သည်။ ဟန်မူယဲ့က သေမျိုးတစ်ယောက်ကဲ့သို့ နေထိုင်ပြီး တွေးတောခဲ့သည်။

သူက မူဝမ်နှင့်အတူ ရှောက်တထျန်းနှင့်စွေ့စွေ့၏ ပျော်ရွှင်မှုကို မြင်တွေ့ခဲ့သည်။ ချီကျစ်ယွီနှင့် ငါးမိစ္ဆာဖုန့်ကျူး၏ ပျော်ရွှင်မှုနှင့်ဝမ်းနည်းမှုကိုလည်း ကြုံခဲ့ရသည်။

လူသားလောကတွင် ကြိုးစား၍မယူလျှင် လွဲချော်သွားမည့်အရာများ ရှိနေသည်။

မူဝမ်က ဟန်မူယဲ့၏ပွေ့ဖက်မှုထဲတွင် ငိုကြွေးမိသည်။

သူမက အကြောင်းပြချက်တစ်ခုကြောင့် မျက်ရည်များကို မရပ်တန့်နိုင်ပေ။

စွေ့စွေ့က ရှောက်တထျန်းကိုဆွဲ၍ ဆိုင်ထဲမှ တိတ်ဆိတ်စွာထွက်သွားသည်။

ဇူအော်လင်းက ဆိုင်တံခါးဝသို့လျှောက်လာပြီး မေးခွန်းအနည်းငယ်ခန့် မေးခဲ့သည်။ ထို့နောက် သူက ထွက်သွားသည်။

ရှုပ်ပွနေသောဆိုင်လေးထဲတွင် အချင်းချင်းပွေ့ဖက်နေသော လူနှစ်ယောက်သာကျန်ရစ်ခဲ့သည်။

ယခုအချိန်တွင် ဟန်မူယဲ့သည် လောကကိုလွှမ်းမိုးနိုင်သော အားကောင်းသည့်ကျင့်ကြံသူတစ်ဦး မဟုတ်တော့ပေ။ မူဝမ်ကလည်း ဆေးဖော်ခြင်းကိုစွဲလမ်းနေသော အာခီမီပါရမီရှင်တစ်ဦး မဟုတ်တော့ပေ။

သူတို့က သိမ်မွေ့သောခံစားချက်များနှင့် လူသားနှစ်ယောက်သာဖြစ်သည်။

“ငါပြန်လာပြီ”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

မူဝမ်က အသံပေးလိုက်ပြီး နီရဲနေသောမျက်နှာဖြင့် နောက်ဆုတ်သည်။

သူမက ဟန်မူယဲ့၏မျက်လုံးကို မော့မကြည့်ရဲပေ။

“အစ်ကိုဟန်၊ ကျွန်မ ဒီဆိုင်ကို ငှားလိုက်တယ်။ ဘယ်လိုထင်လဲ ....”

မူဝမ်က နှလုံးသားထဲရှိရှက်ရွံ့မှုများကို ဖိနှိပ်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။

ဆိုင်သည် ရှေ့မျက်နှာစာထုတ်ထားပြီး အတွင်းပိုင်းသည်လည်း အနည်းငယ်ကျယ်ဝန်းသည်။

သစ်သားစင်အချို့ကို ထပ်မံထည့်သွင်းနိုင်လိမ့်မည်။

“ဒါက မြို့အောက်ပိုင်းနဲ့ သိပ်မဝေးနဲ့ မြို့အလယ်ပိုင်းပဲ။ ဒီနေရာမှာ ဆေးလုံးတွေရောင်းရင် ပိုပြီးအဆင်ပြေလိမ့်မယ်”

“နန်းမြို့တော်ရဲ့ အကြီးဆုံးအာခီမီကျင့်ကြံခြင်းနေရာဖြစ်တဲ့ တိမ်တိုက်အာခီမီအဆောက်အအုံနဲ့လည်း သိပ်မဝေးဘူး”

“ဆိုင်နောက်မှာ ခြံဝိုင်းလေးတစ်ခုရှိတယ်။ ဧည့်ခန်းနဲ့ တိတ်ဆိတ်တဲ့အခန်းတစ်ခန်းလည်း ရှိတယ်”

ဟန်မူယဲ့က ပြုံးလိုက်ပြီး မူဝမ်၏နောက်မှ လိုက်သွားသည်။ သူက ဆိုင်နှင့်အိမ်ကို ကြည့်ရှုခဲ့သည်။

ခြံဝိုင်းသည် သိပ်မကြီးဘဲ သစ်သားစင်များ အုတ်ခဲများဖြင့် ရှုပ်ပွနေသည်။ အိမ်နောက်တွင်ရှိသော အခန်းတွဲများသည် အတော်လေး ပျက်စီးနေပုံပေါ်သည်။

“အရင်ရက်တွေတုန်းက စွေ့စွေ့၊ တထျန်းနဲ့ ကျွန်မတို့ ဒီမှာ နေခဲ့တယ်။ အစ်ကိုဟန် ရောက်လာလိမ့်မယ်ဆိုတာကို ကျွန်မသိထားတယ်”

သူမက အခန်းကို ဖွင့်ကြည့်လိုက်သောအခါတွင် အိပ်ယာလေးတစ်ခုကို မြင်ရသည်။

“စွေ့စွေ့နဲ့တထျန်းတို့ စားသောက်ဆိုင်ဖွင့်ဖို့အတွက် ဘေးမှာရှိတဲ့ဆိုင်ကိုလည်း ငှားပေးထားတယ်”

”သူတို့က နန်းမြို့တော်မှာ နေစရာမရှိဘူး။ ဒီမှာ သူတို့က ကျွန်မအတွက် မိတ်ဆွေတွေပဲ”

ဟန်မူယဲ့က စကားမပြောဘဲ တိတ်ဆိတ်စွာနားထောင်နေသည်။

မူဝမ်က ဗလာဖြစ်နေသောအခန်းကိုကြည့်လိုက်ပြီး ပြုံးသည်။

“ဒီလိုနေရာမျိုးမှာ တစ်ခါမှမနေဖူးဘူး”

“ဒါက နတ်ဘုံလိုမျိုး အလယ်ပိုင်းကုန်းမြေရဲ့ နန်းမြို့တော်ပဲ။ တခြားနေရာမှာရှိတဲ့ သာမန်လူသားတွေက ဘယ်လိုနေလဲမသိဘူး”

ဟန်မူယဲ့ပြန်လာသောကြောင့် မူဝမ်က စကားပိုပြောမိနေသည်။

သူမက အခန်း၊ ပန်းစိုက်မည့်နေရာနှင့် ပြုပြင်ရမည့်နေရာများကို ပျော်ရွှင်စွာလိုက်ပြနေသည်။

သူမက အပြုံးတစ်ခုနှင့်အတူ ဆိုင်၏ပုံစံကို အစီအစဉ်ဆွဲနေသည်။

မူဝမ်က ခြံဝိုင်းနှင့်အခန်းကို လိုက်ပြလိုက်ပြီး ရှက်ရွံ့နေသောမျက်နှာထားဖြင့် ပြောသည်။

“အစ်ကိုဟန်က ကျွန်မနဲ့ ဘေးချင်းကပ်ရပ်အခန်းမှာ နေလို့ရတယ်”

ထိုသို့ဖြင့် သူမက ဟန်မူယဲ့၏စကားကို စောင့်မနေဘဲ အိပ်ယာပြင်ရန်အတွက် အိပ်ယာခင်းများ သွားယူလိုက်သည်။

ရှောက်တထျန်းနှင့်စွေ့စွေ့က ဆိုင်ကိုရှင်းလင်းပြီး တံခါးပိတ်လိုက်သည်။

ထိုနေ့ညတွင် ဟန်မူယဲ့က ဗလာဖြစ်နေသောအိမ်ထဲတွင် နေခဲ့သည်။

သူက နှလုံးသားထဲတွင် ငြိမ်းချမ်းမှုကိုသာ ခံစားရသည်။

‘ဟွမ်လောင်လျှို လူသားဖြစ်ချင်တုန်းက ဒီလိုခံစားချက်မျိုးလား’

လူသားလောကသည် နွေးထွေးမှုနှင့် နူးညံ့မှုများပြည့်နေသော နေရာတစ်ခုဖြစ်သည်။

လူသားလောကထဲတွင်နစ်မြုပ်ပြီး ပြန်လည်မနိုးထချင်သောလူများ မည်မျှရှိနေသနည်း။

နေထွက်လာပြီး ဟန်မူယဲ့က အခန်းထဲမှ ထွက်လာသောအခါ မျက်နှာသစ်ရန်အတွက် ပစ္စည်းများပြင်ဆင်ပေးထားကြောင်း မြင်လိုက်ရသည်။

သူက ပြုံးလိုက်ပြီး ရေခွက်ကို ကောက်ယူသည်။

သူက မျက်နှာသစ်လိုက်ပြီး ဆိုင်ထဲသို့ သွားလိုက်သည်။ ဆိုင်ရှေ့တွင်ရှိနေသောရှောက်တထျန်းကို မြင်ရသည်။

“သခင်လေး၊ နတ်မိမယ်မူဝမ်နဲ့ စွေ့စွေ့တို့က ဟိုဘက်အိမ်မှာ မနက်စာလုပ်နေတယ်။ သူတို့က ကျွန်တော့်ကို ဆိုင်စောင့်ဖို့ပြောထားတယ်”

ရှောက်တထျန်းက လျင်မြန်စွာရှေ့တက်လာပြီး ဦးညွှတ်သည်။

ဘေးအိမ်သည် ဆိုင်တစ်ဆိုင်ဖြစ်သော်လည်း ဆိုင်တစ်ဝက်သာဖြစ်သည်။ နောက်တွင်လည်း ခြံဝိုင်းမရှိဘဲ မီးဖိုချောင်လေးတစ်ခုသာ ရှိသည်။

ထိုဆိုင်အတွက် တစ်လလျှင် ဝိညာဉ်ကျောက်တုံးသုံးရာ ပေးရသည်။

မူဝမ်က ဟန်မူယဲ့ကို ပြောပြခဲ့သည်။

သို့သော် ရှောက်တထျန်းနှင့်စွေ့စွေ့ကို တစ်လလျှင် ဝိညာဉ်ကျောက်တုံးသုံးဆယ်ဟု ပြောခဲ့သည်။

ဝိညာဉ်ကျောက်တုံးသုံးဆယ်သည် ရှောက်တထျန်းတို့ပိုင်ဆိုင်မှု၏ တစ်ဝက်ဖြစ်သည်။

ကံကောင်းစွာဖြင့် မူဝမ်က ရှောက်တထျန်းနှင်စွေ့စွေ့ကို ငှားရမ်းခဲ့သည်။ ထို့ကြောင့် သူမက သူတို့ကို လုပ်အားခပေးလိမ့်မည်။

မီးဖိုချောင်ထဲတွင် စွေ့စွေ့က ကြက်ဥကြော်ကို လျင်မြန်စွာလုပ်ခဲ့သည်။ မူဝမ်က မီးဖိုချောင်နှင့်မရင်းနှီးဘဲ လက်နှစ်ဖက်လုံး ဆီများဖြင်စိုရွှဲနေသည်။

ဟန်မူယဲ့က မီးဖိုချောင်ထဲသို့ဝင်မသွားဘဲ အပြင်ဘက်မှ ကြည့်နေခဲ့သည်။

‘တခြားကမ္ဘာရဲ့နတ်သမီးတစ်ပါးက လူသားတစ်ယောက်လိုဖြစ်သွားပြီပဲ။ ကောင်းတယ်’

သူက တွေးမိသည်။

သူက မနက်စာ၏အရသာနှင့်ပတ်သတ်၍ မှတ်ချက်မပေးခဲ့ပေ။

သို့သော် မူဝမ်၏မျက်လုံးထဲတွင် မျှော်လင့်ချက်များနှင့်ပြည့်နေသောကြောင့် ဟန်မူယဲ့က ပြုံးလိုက်ပြီး မနက်စာကို ကုန်အောင်စားခဲ့သည်။

ဟန်မူယဲ့ရောက်လာသောကြောင့် ဆိုင်၏အပြင်အဆင်နှင့်ပတ်သတ်၍ သူ့အကြံကို နားထောင်ရမည်။

မနက်စာစားပြီးသောအခါတွင် သူတို့က ဆိုင်နှစ်ဆိုင်ကို လှည့်ကြည့်ခဲ့သည်။ ဟန်မူယဲ့က ပြုံးလိုက်ပြီး ပြောသည်။

“ရှောက်တထျန်း၊ ဒီစင်တွေကိုကြည့်ပါအုံး။ မင်းရဲ့စားသောက်ဆိုင်မှာ သုံးနိုင်မဲ့ပစ္စည်းတွေအားလုံးကို ရွှေ့လိုက်လေ”

သူက နန်းမြို့တော်တွင် နှိမ့်ချစွာဖြင့် ဆေးဆိုင်လေးတစ်ခု ဖွင့်ချင်လျှင်ပင် လိုအပ်သောပစ္စည်းများ စုံလင်နေရမည်။

ယခင်ဆိုင်ဟောင်း၏ပစ္စည်များကို မလိုအပ်သောကြောင့် ရှောက်တထျန်းကို ရှင်းထုတ်ခိုင်းလိုက်သည်။

ဟန်မူယဲ့က မူဝမ်ကိုလှည့်ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“ပရိဘောဂတွေ ရှာကြစို့။ ဒီဆိုင်နဲ့အိမ်ကို ပြန်ပြင်ရမယ်”

“ဆိုင်နဲ့စားပွဲတွေအတွက် သစ်သားအကောင်းစားတွေ သုံးသင့်တယ်”

မူဝမ်က သူပြောသည့်အတိုင်းကို ငြင်းဆိုမည်မဟုတ်ပေ။

ဟန်မူယဲ့က မူဝမ်နှင့်အတူ ဆိုင်ထဲမှထွက်လာသောအခါ သိပ်မဝေးသောနေရာတွင် မြင်းလှည်းမောင်းနေသည့် ဇူအော်လင်းကို မြင်ရသည်။

ဇူအော်လင်းက ရှေ့တက်လာပြီး ဦးညွှတ်သည်။ သူက နောက်တွင်ရှိသောဆိုင်ကို ကြည့်လိုက်ပြီး ပြောသည်။

“သခင်လေးရဲ့ဆိုင်အတွက် တောက်တိုမည်ရလုပ်ပေးမဲ့လူ လိုနေမှာပဲမဟုတ်လား”

“စိတ်မပူပါနဲ့သခင်လေး။ ကျွန်တော်က မြို့အထက်ပိုင်းနဲ့ပတ်သတ်ပြီး မကျွမ်းပေမဲ့ အလယ်ပိုင်းနဲ့အောက်ပိုင်းကို ရင်းနှီးတယ်”

ဇူအော်လင်းက အမှန်တကယ်ပါးနပ်သည်။

ဟန်မူယဲ့က နန်းမြို့တော်သို့ ပထမဆုံးအကြိမ်အဖြစ် ရောက်လာခဲ့သောကြောင့် အသုံးပြုနိုင်သောလူများ မရှိပေ။

ရှောက်တထျန်းနှင့်စွေ့စွေ့ကလည်း နန်းမြို့တော်နှင့် မရင်းနှီးပေ။

ရှောက်တထျန်းက အလုပ်ကြမ်းများကို လုပ်နိုင်သည်။ စွေ့စွေ့က ထမင်းသုံးနပ်ချက်ပြီး သန့်ရှင်းရေးလုပ်ရန်အတွက် ကူညီပေးနိုင်သည်။

ဟန်မူယဲ့က လူသုံးချင်လျှင် ရှောင်မိသားစုနှင့် ကုန်သွယ်ရေးအဖွဲ့အစည်းက လူများလွှတ်ပေးလိမ့်မည်။

သို့သော် ဟန်မူယဲ့က မတောင်းဆိုချင်ပေ။

‘ဆိုင်ကို မူဝမ်နဲ့အတူ ဖြည်းဖြည်းချင်းပြင်ဆင်ပြီး ဆေးဆိုင်ဖွင့်လိုက်တာက ပိုမကောင်းဘူးလား’

သူတွေးသည်။

ဟန်မူယဲ့က ရှေ့တွင်ဦးညွှတ်နေသော ဇူအော်လင်းကိုကြည့်လိုက်ပြီး ပြုံးသည်။

ဇူအော်လင်းက တစ်ညလုံးစောင့်နေခဲ့သောကြောင့် အခွင့်အရေးတစ်ခု ရသွားသည်။

“တော်ဝင်ကျောင်းကို သွားကြစို့”

သူက မူဝမ်၏လက်ကို ကိုင်ထားပြီး သဘာဝကျစွာဖြင့် မြင်းလှည်းဆီသို့ လျှောက်သွားသည်။

တော်ဝင်ကျောင်းတော် ....

ထိုနေရာသည် လောက၏ ကွန်ဖြူးရှပ်တာအိုကျောင်းတော်သားများ အလိုချင်ဆုံးနေရာဖြစ်သည်။

ဇူအော်လင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မြင်းလှည်းကို လျင်မြန်စွာ သပ်ရပ်အောင်လုပ်သည်။ ဟန်မူယဲ့နှင့်မူဝမ်တို့ လှည်းပေါ်သို့တက်လာသောအခါတွင် သူက ကြာပွတ်ကိုမြှောက်လိုက်ပြီး မောင်းနှင်သွားသည်။

သခင်လေးသည် ထူးခြားကြောင်း သူသိထားသည်။

မနေ့က ရှောင်မိသားစု၏အကြီးအကဲသည် သူ့ကို ကြိုဆိုခဲ့သည်။ ယနေ့တွင် သူက တော်ဝင်ကျောင်းတော်သို့ သွားနေသည်။

‘သူက ဘယ်သူ့ကို သွားတွေ့မှာလဲ’

သူတွေးမိသည်။

ဇူအော်လင်းက ဟန်မူယဲ့၏ပုံရိပ်ကို စဉ်းစားကြည့်လိုက်ပြီး လှည်းကို အရှိန်လျော့သည်။

ဟန်မူယဲ့နှင့်မူဝမ်က ပတ်ဝန်းကျင်မြင်ကွင်းများကိုကြည့်ပြီး တီးတိုးစကားပြောနေသောအသံကို သူကြားလိုက်ရသည်။

“သခင်လေး၊ သခင်မလေး၊ ဘယ်ဘက်မှာရှိနေတဲ့ ကောင်းကင်မိုးမခပင်ကို လွန်ခဲ့တဲ့နှစ်သုံးထောင်မှာ အမတ်ချုပ်ကြီးဝမ်က စိုက်ခဲ့တာပါ။ တော်ဝင်ကျောင်းကိုလာတဲ့ ကျောင်းတော်သားတွေအားလုံးက ကောင်းကင်မိုးမခပင်ကို လာကြည့်ကြတယ်”

ဇူအော်လင်းက ပတ်ဝန်းကျင်ရှိမြင်ကွင်းများကို ကျယ်လောင်စွာရှင်းပြနေသည်။

သူရင်းနှီးနေရာများသည် လူစိမ်းများအတွက် အသစ်အဆန်းဖြစ်သည်။

ကြီးမားသော ကောင်းကင်မိုးမခပင်၏ပတ်ပတ်လည်တွင် လူများထိုင်နေသည်။

ဟန်မူယဲ့က မိုးမခပင်ကြီးကိုကြည့်လိုက်ပြီး ခပ်ဟဟရယ်၍ ခေါင်းညိတ်သည်။

မူဝမ်က မဂ္ဂနိုလီယာသစ်သီးနှင့် သန့်စင်ထားသောဆေးလုံးကို စားသုံးပြီး သစ်သားဓာတ်လိုက်ဖက်ညီမှုကို အဆုံးစွန်အထိ တိုးမြှင့်ထားသောကြောင့် မိုးမခပင်ဆီမှထွက်ပေါ်လာသော ရင်းနှီးသည့်ခံစားချက်ကို ခံစားရသည်။

“ဒီမိုးမခပင်က အတော်လေးအသိဉာဏ်ရှိတယ်။ သူက ကျွန်မတို့ကို နန်းမြို့တော်မှာ ပျော်ပျော်နေဖို့ ပြောနေတယ်”

မူဝမ်က ပြောသည်။

‘အသိဉာဏ်ရှိတာလား’

လှည်းမောင်းနေသောဇူအော်လင်းက စိတ်ရှုပ်ထွေးစွာ လှည့်ကြည့်သည်။

‘ဟုတ်သားပဲ။ သခင်လေးကိုအဖော်ပြုနေတဲ့ သခင်မလေးက ဘယ်လိုလုပ်ပြီး သာမန်လူတစ်ယောက်ဖြစ်နိုင်မှာလဲ’

သူတွေးမိသည်။

လမ်းတစ်လျှောက်တွင် ဇူအော်လင်းက မြင်ကွင်းများကို ကျယ်လောင်စွာရှင်းပြနေပြီး မူဝမ်နှင့်ဟန်မူယဲ့က မြင်ကွင်းများကိုကြည့်၍ တီးတိုးဆွေးနွေးနေသည်။

မူဝမ်က နန်းမြို့တော်တွင် ရက်အနည်းငယ်ပိုကြာအောင် နေခဲ့သော်လည်း မလည်ပတ်ရသေးပေ။

နန်းမြို့တော်က အလွန်ကြီးမားသည်။ တစ်မြို့လုံးအနှံ့လည်ပတ်ချင်လျှင် ရက်အနည်းငယ်ခန့်အချိန်ယူရမည်။

“အဲဒါက ဟန်မိသားစု ကုန်သည်ရေးအဖွဲ့အစည်းပဲ။ သူတို့က နန်းမြို့တော်ကို လွန်ခဲ့တဲ့ ၂နှစ်လောက်မှာ ရောက်လာခဲ့တယ်။ ဒါပေမဲ့ အတော်လေး နာမည်ကြီးနေပြီ”

ဇူအော်လင်းက ဆိုင်တစ်ဆိုင်ကိုညွှန်ပြပြီး ပြောသည်။

“ဟန်မိသားစုကုန်သည်ရေးအဖွဲ့အစည်းက ရှုရှီဒေသမှာ စတင်ခဲ့ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေနဲ့ ဆက်သွယ်နေတယ်လို့ ပြောကြတယ်။ သူတို့ရဲ့နောက်ကွယ်မှာ သမင်ဖြူတောင်တန်းကျောင်းတော်လည်း ရှိတယ်”

ဇူအော်လင်းက သတင်းအများအပြားကို သိထားသည်။

နန်းမြို့တော်သို့ အသစ်ဝင်ရောက်လာသော ကုန်သွယ်ရေးအဖွဲ့အစည်းတစ်ခု၏နောက်ခံကို အင်အားစုများအားလုံး စစ်ဆေးကြလိမ့်မည်။

ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းသည် မည်သည့်အရာကိုမှ ဖုံးကွယ်မထားဘဲ ရက်ရောစွာဖြင့် နောက်ခံကို ထုတ်ပြခဲ့သည်။

နောက်ခံမရှိလျှင် နန်းမြို့တော်တွင် စီးပွားရေးဆောင်ရွက်ရန် ခက်ခဲလိမ့်မည်။

မြင်းလှည်းကို နေ့တစ်ဝက်ခန့် မောင်းနှင်ခဲ့ပြီး တော်ဝင်ကျောင်းတော်သို့ ရောက်လာသည်။

ခရမ်းရောင်ချီများသည် တိမ်တိုက်နှင့်မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး သမာဓိစွမ်းအားများ ရစ်ဝဲနေသည်။

တော်ဝင်ကျောင်းတော်ကို ခရမ်းရောင်တိမ်တိုက်များက လွှမ်းခြုံထားပြီး သုခဘုံတစ်ခုနှင့် တူနေသည်။

လမ်းဘေးနှစ်ဖက်တွင် ထင်းရှူးပင်နှင့် ကျောက်ပန်းပင်များ စီတန်းလျက် ရှိနေသည်။

သစ်ပင်များအောက်တွင် စာအံနေသောကျောင်းတော်သားများဖြင့် ပြည့်နေသည်။

တော်ဝင်ကျောင်းတော်သည် မြို့ကြီးတစ်မြို့ခန့် ကျယ်ဝန်းသည်။

ဤနေရာတွင် ရှုခင်းများ ပိုရှိနေသည်။

All Chapters