အခန်း (၄၅၄)
Vol. 33 Ch. 454
ဟန်မူယဲ့က လုယွီကျိုး၏အစီအစဉ်ကြောင့် ကွမ်မြစ်ဝတွင် လှုပ်ရှားခဲ့ရသောဖြစ်ရပ်ကို ထုတ်မပြောပေ။
ထိုအရာသည် အချင်းချင်းနားလည်မှု ဖြစ်သည်။
လုယွီကျိုးနှင့် လုမိသားစုကြောင့်သာမဟုတ်လျှင် ဟန်မူယဲ့က ကွမ်မြစ်ဝတွင် နာမည်အကြီးခံပြီး နတ်များကို ဘွဲ့ထူးချီးမြှင့်ခဲ့မည်မဟုတ်ပေ။
ဟန်မူယဲ့နှင့်မူဝမ်က လုယွီကျိုး၏ခြံဝိုင်းတွင် ကြာမြင့်စွာမနေဘဲ ပြန်သွားခဲ့သည်။
သူက စာကြည့်ခန်းနှင့် စာအုပ်စင်ခန်းဆောင်ကို အပြောင်သိမ်းသွားခဲ့သည်။ ထို့အပြင် ပန်းချီကားများ၊ စားပွဲခုံများနှင့် ကုလားထိုင်များကိုလည်း ယူသွားသည်။ သူက လက်ဖက်ရည်တစ်ခွက်သောက်ပြီး ပြန်သွားခဲ့သည်။
သူ့အကျင့်စရိုက်သည် မကောင်းသောကြောင့် သူနှင့်နီးကပ်စွာမနေရန် လုယွီကျိုးကို ပြောခဲ့သေးသည်။
သူက ထိုသို့ပြောပြီး မူဝမ်ကိုလည်း ကြည့်လိုက်သည်။
မူဝမ်က ခေါင်းငုံ့ပြီး ပြုံးသည်။
ထိုဖြစ်ရပ်ကြောင့် လူအိုကြီးယန်က ရယ်လိုက်သည်။
ဗလာဖြစ်နေသောခြံဝိုင်းထဲမှ ဟန်မူယဲ့တို့ ထွက်သွားသောအခါတွင် လူအိုကြီးယန်၏အပြုံးက ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။ သူ့မျက်လုံးများက တောက်ပလာသည်။
“သူက အမိန့်ပြန်တမ်းနဲ့ နတ်တွေကို ဘွဲထူးချီးမြှင့်ခဲ့တဲ့ ဆရာမူယဲ့လား”
ထိုလူမဟုတ်လျှင် သူက စိတ်မဝင်စားပေ။
လုယွီကျိုးက ဟန်မူယဲ့နှင့် မူဝမ်တို့၏နောက်ကျောကို ကြည့်လိုက်ပြီး ခံစားချက်များနှင့် ခေါင်းညိတ်သည်။
“သူက နတ်တွေကို ဘွဲ့ထူးချီးမြှင့်နိုင်လိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး။ ဒါပေမဲ့ ငါတာအိုကိုရရှိခဲ့တာ သူ့ကျေးဇူးကြောင့်ပဲ”
ဟန်မူယဲ့၏အကူအညီမရှိလျှင် လုယွီကျိုးက သေဆုံးသွားလိမ့်မည်။
လုယွီကျိုး၏စကားကို ကြားလိုက်ရသောအခါတွင် လူအိုကြီးယန်က လေးနက်သောမျက်နှာထားဖြင့် ပြောသည်။
“ကောင်းကင်ရဲ့လှုပ်ရှားမှုက အမြဲတက်ကြွနေတယ်။ လူကြီးလူကောင်းတစ်ယောက်က တိုးတက်ဖို့အတွက် အမြဲကြိုးစားတယ်။ ကမ္ဘာမြေက ကျယ်ပြန့်တယ်။ လူကြီးလူကောင်းတစ်ယောက်က ဂုဏ်ကျက်သရေနဲ့အတူ လောကကို အုပ်ချုပ်သင့်တယ်”
လုယွီကျိုးက ခေါင်းညိတ်သည်။
လူအိုကြီးယန်က ခြံဝိုင်းထဲမှ ထွက်သွားသည်။
“ဒီလိုလူမျိုးက နန်းမြို့တော်ကို ရောက်လာတယ်လား။ စိတ်ဝင်စားစရာပဲ”
“အဲဒီ ကျောက်စိမ်းရှားစောင်းပင်တွေက ပွင့်တော့မှာမဟုတ်လား”
လုယွီကျိုးက နှုတ်ခမ်းများတွန့်သွားပြီး ခေါင်းညိတ်သည်။
ကျောက်စိမ်းရှားစောင်းပင်သည် သူ့ရတနာလေးဖြစ်သည်။
မြင်းလှည်းသည် ပစ္စည်းများဖြင့်ပြည့်နေသည်။ ဟန်မူယဲ့က ပစ္စည်းများပြန်ပို့ရန်အတွက် ဇူအော်လင်းကို အရင်ပြန်လွှတ်လိုက်ပြီး သူနှင့်မူဝမ်က တော်ဝင်ကျောင်းကို လှည့်ပတ်ကြည့်နေသည်။ ထို့နောက် မြင်းလှည်းတစ်စင်းငှား၍ ပြန်လာလိမ့်မည်။
ဇူအော်လင်းက ထွက်သွားပြီး ဟန်မူယဲ့နှင့်မူဝမ်က ပခုံးချင်းယှဉ်၍ လမ်းလျှောက်နေသည်။
“အစ်ကိုဟန်၊ အဲဒါတွေအားလုံးက ရတနာတွေပဲမဟုတ်လား။ ဇူအော်လင်းက ပစ္စည်းတွေယူပြီး ထွက်ပြေးသွားမှာ မစိုးရိမ်ဘူးလား”
မူဝမ်က ဟန်မူယဲ့ကို လှည့်ကြည့်သည်။
ဟန်မူယဲ့က ရယ်သည်။
ပစ္စည်းများက ကောင်းမွန်သော်လည်း ကွန်ဖြူးရှပ်ရတနာများဖြစ်သည်။ ပစ္စည်းပေါ်တွင်ရှိသော အမှတ်အသားများသည် မြင်သာသည်။ ထို့ကြောင့် ပျောက်ဆုံးသွားလျှင်ပင် လွယ်ကူစွာပြန်ရနိုင်လိမ့်မည်။
ထို့အပြင် ဇူအော်လင်းက တုံးအမနေလျှင် ပစ္စည်းများကို ယူမည်မဟုတ်ပေ။
“တော်ဝင်ကျောင်းတော်ရဲ့ နွေဦးရေလှိုင်းစံအိမ်က မြင်ကွင်းကောင်းတယ်လို့ ပြောကြတယ်။ ညီမမူ၊ ငါတို့ သွားကြည့်ကြမလား”
ဟန်မူယဲ့က မူဝမ်၏လက်ကို ကိုင်လိုက်သည်။
မူဝမ်က အင်္ကျီလက်စထဲသို့ လျင်မြန်စွာလက်ရုတ်သည်။
ဤနေရာတွင် လူအများအပြားရှိနေသည်။
သို့သော် သူမက နီရဲနေသောမျက်နှာဖြင့် ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ယောက်က ရေခိုးရေငွေ့များဖြင့်ပြည့်နေသော စံအိမ်ဆီသို့ လျှောက်သွားလိုက်သည်။
ထိုစံအိမ်သည် စာသင်ခန်းတစ်ခန်းဖြစ်သည်။ အထဲမှ စာအံသံများကို ကြားနိုင်သည်။
စံအိမ်၏အပြင်ဘက်တွင် ဝတ်ရုံရှည်နှင့် လူငယ်အများအပြားသည် ကျောက်လှေကားပေါ်တွင် ထိုင်နေသည်။ သူတို့က ပေါင်ပေါ်တွင် စာအုပ်လှန်ထားပြီး လိုက်ကြည့်နေသည်။
သူတို့က စာသင်ကြားမှုကိုနားထောင်ရန် ရောက်လာသော ကျောင်းတော်သားများဖြစ်သည်။
တော်ဝင်ကျောင်းတော်သည် ကွန်ဖြူးရှပ်တာအို၏ ဗဟုသုတများကို သင်ကြားပေးသည်ဟု ပြောကြသည်။ စာသင်ခန်းထဲတွင် မဟာတာအို၏အသံကို ပိတ်ဆို့ထားသော ဝင်္ကပါတစ်ခုရှိသည်။ မဟာတာအို၏အသံမရှိလျှင် သင်ခန်းစားများကို နားလည်ရန်ခက်ခဲသည်။
သို့သော် ဤကျောင်းတော်သားများအတွက် အပြင်ဘက်တွင် သင်ခန်းစာနားထောင်နိုင်ခြင်းသည် ကောင်းချီးတစ်ခုဖြစ်သည်။ အရာရှိကျောင်းတော်သားများကဲ့သို့ အခန်းထဲတွင် သင်ကြားနိုင်ခြင်းသည် သူတို့အတွက် ဘဝအိပ်မက်တစ်ခု ဖြစ်သည်။
“ဇူအော်ယုလုံ၊ ဇူအော်ယုလုံ ....”
လှည်းပေါ်မှခုန်ဆင်းလာသော ဇူအော်လင်းက ကျယ်လောင်စွာအော်ဟစ်လိုက်သောကြောင့် သင်ခန်းစာကိုနားထောင်နေသော ကျောင်းတော်သားများက မျက်မှောင်ကြုတ်သည်။
ကျောက်လှေကားထစ်ပေါ်တွင် ထိုင်နေသော အသက် ၁၇ ၁၈ အရွယ် လူငယ်လေးက မတ်တပ်ရပ်လာသည်။ သူက ကိုယ်ပိုင်နေရာကို တွ့န်ဆုတ်စွာကြည့်လိုက်ပြီး လူကြားထဲမှ တိုးဆင်းလာသည်။
သူ့နေရာကို လူတစ်ယောက်က လျင်မြန်စွာယူသွားခဲ့သည်။
“အဖေ၊ ဘာဖြစ်လို့ ကျွန်တော့်ကိုရှာနေတာလဲ”
လူငယ်လေးက ဇူအော်လင်းကို ဦးညွှတ်လိုက်ပြီး တီးတိုးမေးသည်။
ဇူအော်လင်းက ဇူအော်ယုလုံ၏အင်္ကျီလက်ကို ဆွဲလိုက်သည်။ သူက တီးတိုးပြောသည်။
“ယုလုံ၊ မင်းက ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူကြီးတစ်ယောက်ရဲ့ လက်ရေးစာတွေကို မဖတ်ချင်ဘူလား”
“မင်းအတွက် ငါယူလာခဲ့တယ်”
ဇူအော်ယုလုံက ကြောင်အသွားခဲ့သည်။ ထို့နောက် သူက ဖျော့တော့စွာပြုံးလိုက်ပြီး ပြောသည်။
“အဖေ၊ ကျွန်တော်က ဒီမှာနားထောင်နိုင်တာနဲ့တင် ကျေနပ်နေပါပြီ။ အဖေ့ရဲ့ဝိညာဉ်ကျောက်တုံးတွေကို ဂန္တဝင်စာပေတွေအပေါ်မှာ မဖြုန်းတီးလိုက်နဲ့။ လမ်းပေါ်မှာရောင်းတဲ့ဟာတွေက အတုတွေချည်းပဲ ....”
သူစကားပြောမပြီးခင် ဇူအော်လင်းက သူ့ကို မြင်းလှည်းပေါ်သို့ ပစ်တင်လိုက်သည်။ ထို့နောက် လျင်မြန်စွာမောင်းထွက်သွားသည်။
“ငါဖြည်းဖြည်းမောင်းမယ်။ မင်း သေချာကြည့်လိုက်”
ဇူအော်ယုလုံက ကုလားထိုင်ကြီးတစ်ခုနှင့် ဝင်တိုက်မိသွားသည်။ သူက အောက်ကိုငုံ့ကြည့်လိုက်ပြီး ပခုံးများတုန်ခါလျက် ရပ်တန့်သွားသည်။
သူ့ရှေ့တွင် စာအုပ်တစ်အုပ်ရှိသည်။ စာလုံးတိုင်းသည် ပန်းပွင့်နေသကဲ့သို့ လှပသည်။
“လက်ထောက်ကျောင်းအုပ်လု ကိုယ်တိုင်ရေးသားထားသော ပန်းပွင့်များ၏ ဆယ်နှစ်တာမှတ်တမ်း”
‘သူတော်စင်တစ်ဝက်အဆင့်ရဲ့ လက်ရေးမူလား’
သူက ဖြည်းဖြည်းချင်းခေါင်းမော့လိုက်ပြီး ပတ်ဝန်းကျင်ကိုကြည့်သည်။ မြင်းလှည်းထဲတွင် စာအုပ်များ၊ စာလိပ်များ၊ စားပွဲနှင့်ကုလားထိုင်များဖြင့် ပြည့်နေသည်။
“အဖေ၊ ကျွန်တော်က အဖေ့ရဲ့သားအရင်းတော့ ဟုတ်ပါတယ်နော်”
ဇူအော်ယုလုံ၏စကားကို ကြားလိုက်ရသောအခါတွင် ဇူအော်လင်းက ခါးသီးစွာပြုံးပြီး သက်ပြင်းချသည်။
“ယုလုံ၊ အဖေက အသုံးမကျဘူး။ မင်းနဲ့ မင်းညီမက အခက်အခဲတွေကို ကြုံနေရတယ်”
“တကယ်လို့ အဖေ့မှာ စွမ်းရည်တချို့ရှိခဲ့ရင် မင်းအတွက် ကောင်းမွန်တဲ့ကျောင်းတစ်ကျောင်းကို ရှာပေးနိုင်မယ်။ မင်းရဲ့ စာကြိုးစားပုံနဲ့ဆိုရင် အခြေခံကျောင်းတော်သားတစ်ယောက် ဖြစ်နေလိမ့်မယ်။ ဒီလိုမျိုး ဒုက္ခခံနေစရာ လိုမှာမဟုတ်ဘူး”
“မင်းညီမကလည်း အာခီမီပညာရပ်မှာ ပါရမီကောင်းတယ်။ သူမက ကြိုးစားမယ်ဆိုရင် တရားဝင် အာခီမီပညာရှင်တစ်ယောက် ဖြစ်လာနိုင်တယ်”
“ဒါပေမဲ့ လမ်းဆုံးမှာရှိတဲ့ လူအိုကြီးမာရဲ့မိသားစုက လက်ထပ်ဖို့ ကမ်းလှမ်းလားတယ်။ သူတို့က လက်ဖွဲ့ငွေ့အဖြစ် ဝိညာဉ်ကျောက်တုံးရှစ်ရာနဲ့ ကမ်းလှမ်းခဲ့တယ်။ ငါက တွေးကြည့်နေတုန်းပဲ ....”
ဇူအော်လင်းက စကားများဆက်ပြောနေသော်လည်း လှည်းထဲတွင်ရှိသော ဇူအော်ယုလုံက ထိုစကားသံများကို မကြားနိုင်တော့ပေ။ သူက လေးနက်သောမျက်နှာထားဖြင့် စာအုပ်ကိုကိုင်ထားပြီး သေချာဖတ်လိုက်သည်။
ကွန်ဖြူးရှပ်တာအို ကျင့်ကြံသူကြီးတစ်ယောက်၏ လက်ရေးစာတွင် မဟာတာအို၏အငွေ့အသက် ပါနေပုံရသည်။
ထို့အပြင် မဟာကျောင်းတော်သားတစ်ယောက်၏အမြင်သည် အလွန်စေ့စပ်သည်။
“လောကရဲ့အလှက တံလျှပ်တစ်ခုလိုပဲ”
“အရှေ့တောင်ဒေသမှာ ကျောက်စိမ်းသစ်ပင်နဲ့ နှင်းလုံးပန်းတွေရှိကြတယ်လို့ ပြောတယ်။ ငါက ဆယ်နှစ်ကြာအောင် ရှာဖွေခဲ့ပေမဲ့ အဲဒီသစ်ပင်တွေကို မတွေ့ခဲ့ရဘူး။ အဆုံးမှာတော့ အလှအပက ဖြတ်ပြေးသွားတဲ့ အရိပ်တစ်ခုလိုပဲဆိုတာကို ငါနားလည်ခဲ့တယ်။ အလှတရားနဲ့ ကြုံတွေ့နိုင်ပေမဲ့ လိုက်ရှာဖို့ မဖြစ်နိုင်ဘူး”
သစ်သားထိုင်ခုံအောက်တွင် ရှိနေသော ဇူအောင်ယုလုံက လက်ထဲတွင်ရှိသောစာအုပ်ကို ဆာလောင်စွာကြည့်နေသည်။ သူက စာလုံးတိုင်းကို သေချာဖတ်နိုင်ရန် မျှော်လင့်မိသည်။
သူ့ခန္ဓာကိုယ်ထဲမှ ကျောင်းတော်သားအငွေ့အသက်များ ပေါ်ထွက်လာသည်။
စာပေချီနှင့် သမာဓိစွမ်းအားများ ပေါင်းစပ်သွားလျှင် လူတစ်ယောက်ကို အခြေခံအဆင့်ကျောင်းတော်သား ဖြစ်လာစေသည်။
မြင်းလှည်းသည် ဖြည်းဖြည်းချင်းရပ်တန့်သွားသည်။ ဇူအော်လင်းက မြင်းလှည်းတံခါးကို ဖြည်းဖြည်းချင်းဖွင့်သည်။
တောက်ပနေသောနေရောင်သည် အထဲသို့ ဝင်ရောက်လာသည်။ ဇူအော်ယုလုံက ငေးမောသွားသည်။
“အဖေလား”
ဇူအော်လင်းက ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။ သူက ဇူအော်ယုလုံ၏လက်ထဲတွင်ရှိသော စာအုပ်ကိုကြည့်လိုက်ပြီး ပြုံးသည်။
“ဘယ်လိုလဲ။ အဖေက မင်းကို မလိမ်ဘူးမဟုတ်လား”
ဇူအော်ယုလုံက နီရဲနေသောမျက်နှာဖြင့် ခေါင်းညိတ်သည်။
သူက အပြင်ဘက်ကိုကြည့်လိုက်ပြီး စာအုပ်ကို တွ့န်ဆုတ်စွာသိမ်းသည်။
“ဒီစာအုပ်တွေအားလုံးကို ပြီးအောင်ဖတ်နိုင်ရင် ....”
သူ့မျက်နှာထားသည် နာကျင်နေပုံပေါ်သည်။
“ယုလုံ၊ ဒီစာအုပ်တွေက ....”
ဇူအော်လင်းမပြောခင် ဇူအော်ယုလုံက ပေါ့ပါးစွာပြုံးလိုက်ပြီး လှည်းထဲမှ ထွက်လာသည်။
“အဖေ၊ လက်ထောက်ကျောင်းအုပ်လုပြောတာ မှန်တယ်။ လောကရဲ့အလှတွေက တိုတောင်းတယ်။ ပျော်ရွှင်မှုတွေက နောက်ဆုံးမှာတော့ နောင်တအဖြစ် ပြောင်းသွားတယ်”
“ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူကြီးတစ်ယောက်ရဲ့ ကိုယ်ပိုင်လက်ရေးမူကို ဖတ်နိုင်တာက ကျွန်တော့်အတွက် ကံကောင်းမှုကြီးတစ်ခုပါပဲ။ ဒီထက်ပိုပြီး တောင်းဆိုမိရင် ကပ်ဘေးတစ်ခု ဖြစ်သွားလိမ့်မယ်”
ထို့နောက် သူက ကုလားထိုင်ကြီးကို မလိုက်သည်။
“အဖေ၊ ဒါတွေကို ဘယ်ပို့မှာလဲ”
ဇူအော်လင်းက လမ်းဘေးတွင်ရှိသောဆိုင်ကို ညွှန်ပြသည်။
ဆိုင်ရှေ့တွင် အရပ်ရှည်သောကျားလူငယ် ရှောက်တထျန်းက သစ်သားစားပွဲနှင့် သစ်သားစင်များကို ရွှေ့နေသည်။
ထိုပစ္စည်းများကို လွှတ်ပစ်လိုက်လျှင် နှမြောစရာကောင်းသည်ဟု စွေ့စွေ့က ပြောသည်။ ထိုပစ္စည်းများကို စားပွဲအဖြစ် ပြောင်းနိုင်သည်။
သူတို့က ဝိညာဉ်ကျောက်တုံးများ သိပ်မရှိသောကြောင့် တတ်နိုင်သမျှ ချွေတာရမည်။
ရှောက်တထျန်းက မနေ့ညတွင် ဇူအော်လင်းကို မြင်ဖူးထားသည်။ ဇူအော်လင်းက ဟန်မူယဲ့အတွက် လှည်းမောင်းပေးရန် ကူညီနေကြောင်း သူသိထားသည်။
ဇူအော်လင်းနှင့် ဇူအော်ယုလုံက ကုလားထိုင်တစ်ခုကို သယ်လာကြောင်း မြင်လိုက်ရသောအခါတွင် သူက လျင်မြန်စွာသွား၍ ကူညီပေးလိုက်သည်။
ဇူအော်ယုလုံနှင့် ဇူအော်လင်းက ကုလားထိုင်များကို နှစ်ယောက်သယ်နေရသော်လည်း ရှောက်တထျန်းက ကုလားထိုင်နှစ်လုံးကို တစ်ခါတည်းသယ်လာသည်။
လှည်းပေါ်ရှိပစ္စည်းများကြောင့် ခြံဝိုင်းလေးနှင့်ဆိုင်သည် ပြည့်နှက်သွားခဲ့သည်။
ဇူအော်ယုလုံက ကြောင်အသွားပြီး စာအုပ်နှင့်စာလိပ်များကို ကြည့်နေသည်။
‘ဒီပစ္စည်းတွေကို တစ်ခါလောက်ဖတ်နိုင်ရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ’
သူက ကွန်ဖြူးရှပ်ပညာရှင်၏စာအုပ်ကြောင့် ဉာဏ်အလင်းအနည်းငယ်ရခဲ့သည်။
ကုလားထိုင်နှစ်လုံးကို မည်သည့်ပစ္စည်းများဖြင့် ပြုလုပ်ထားကြောင်း မသိနိုင်သော်လည်း ကုလားထိုင်၏လက်ရာသည် နာမည်ကြီးလက်မှုပညာရှင်တစ်ယောက်၏ လက်ရာဖြစ်သည်။
ထိုပစ္စည်းများအားလုံးကို လက်ထောက်ကျောင်းအုပ်လု၏အိမ်မှ ရွှေ့လာခဲ့သည်ဟု သူ့အဖေက ပြောသည်။
စွေ့စွေ့ရောက်လာပြီး တစ်ဖက်အိမ်တွင် စားသောက်ရန်အတွက် သူတို့ကို ဖိတ်ခေါ်ခဲ့သည်။ ဇူအော်ယုလုံက ဆိုင်ထဲမှ တွန့်ဆုတ်စွာထွက်လာပြီး ဆိုင်တံခါးပိတ်လိုက်သော ရှောက်တထျန်းကို ကြည့်နေသည်။
“အဖေ၊ သခင်လေးမူယဲ့နဲ့ သခင်မလေးမူက သာမန်လူတွေမဟုတ်ဘူးလို့ ပြောတယ်မဟုတ်လား”
ဇူအော်ယုလုံက ဇူအော်လင်း၏အင်္ကျီလက်စကို ဆွဲလိုက်ပြီး တီးတိုးပြောသည်။
ဇူအော်လင်းက ခေါင်းညိတ်သည်။
“အဲဒါဆိုရင် ကျွန်တော်က ဒီဆိုင်မှာ လက်ထောက်လာလုပ်ရင်ရော ဘယ်လိုလဲ”
‘လက်ထောက်လား’
ဇူအော်လင်းက မျက်လုံးများတောက်ပသွားသည်။
တခြားနေရာဆိုလျှင် သူခွင့်ပြုမည်မဟုတ်ပေ။
သူ့ခွန်အားများ ကုန်ဆုံးသွားသည်အထိ အလုပ်လုပ်ရမည်ဆိုလျှင်ပင် သူ့သားကို တခြားလူများအတွက် အလုပ်လုပ်မပေးစေချင်ပေ။
သို့သော် သခင်လေးမူယဲ့၏ ဆိုင်လက်ထောက်ဖြစ်လာခြင်းသည် အခွင့်အရေးတစ်ခုနှင့် အတူတူပင်ဖြစ်သည်။
သခင်လေးမူယဲ့၏အကူအညီကို မရလျှင်ပင် ကွန်ဖြူးရှပ်ပညာရှင်များ၏လက်ရေးစာကို ဖတ်ရှုနိုင်လျှင် စိတ်ကူးမယဉ်နိုင်လောက်သော အကျိုးကျေးဇူးကို ရလိမ့်မည်။
“ကောင်လေး၊ မင်းက သခင်လေးမူယဲ့ရဲ့ဆိုင်မှာ လက်ထောက်လုပ်ချင်ရင် သူတို့နှစ်ယောက်နေတစ်ဆင့် စရလိမ့်မယ်”
ဇူအော်လင်းက ရှောက်တထျန်းကိုကြည့်လိုက်ပြီး ဝိညာဉ်ကျောက်တုံးနှစ်တုံး ထုတ်ပေးသည်။
“သေရည်နဲ့အသားတွေ ဝယ်လာခဲ့”
ဇူအော်ယုလုံက ခပ်ဟဟရယ်လိုက်ပြီး ဝိညာဉ်ကျောက်တုံးများကိုယူ၍ ထွက်သွားသည်။
.....
ကျောက်စိမ်းပျံလွှားရေကန်သည် တောင်ပံဖြန့်ထားသော ပျံလွှားတစ်ကောင်နှင့် တူသည်။ ပတ်ဝန်းကျင်တွင် စံအိမ်နှင့် ဈေးဆိုင်များ အတန်းလိုက်ရှိနေသည်။
နွေဦးရေလှိုင်းစံအိမ်သည် ကျောက်စိမ်းပျံလွှားရေကန်၏ဘေးတွင်ရှိသော တောင်တန်း၏အမြင့်ဆုံးနေရာတွင် တည်ရှိသည်။
ဟန်မူယဲ့နှင့်မူဝမ်က တောင်ပေါ်သို့ တက်လာသောအခါတွင် သက်ဝင်လှုပ်ရှားနေသော နွေဦးရေလှိုင်းစံအိမ်၏ ကျောင်းတော်သားများကို မြင်ရသည်။