← Chapters

အခန်း (၄၅၅)

Vol. 33 Ch. 455

အခန်း (၄၅၅)

Vol. 33 Ch. 455

သူတို့က စာပေဆွေးနွေးရန်အတွက် လူစုနေခြင်းဖြစ်လိမ့်မည်။

ဟန်မူယဲ့နှင့်မူဝမ်က ဝင်မပါချင်သောကြောင့် စံအိမ်ကို ဖြတ်လျှောက်လာပြီး ရေကန်၏ ကြည်လင်သောလှိုင်းတွန့်များကို ကြည့်နေသည်။

လေထုထဲတွင် ခရမ်းရောင်အငွေ့အသက်များရှိနေပြီး ရွှေရောင်သမာဓိစွမ်းအားများသည် တလက်လက်တောက်ပနေသည်။

ရေကန်၏သဘာဝစွမ်းအင်သည် အလွန်သိပ်သည်းပြီး အချိန်မရွေး မြူနှင်းမိုးများအဖြစ် ရွာကျလာမည့်ပုံပေါ်သည်။

မြူဆိုင်းနေသောမြင်ကွင်းသည် အလွန်အိပ်မက်ဆန်သည်။

ဟန်မူယဲ့က မူဝမ်၏လက်ကို ဆွဲလိုက်သည်။

သူတို့နှစ်ယောက်က ပခုံးချင်းယှဉ်၍ ရပ်နေပြီး ရေကန်ကို တိတ်ဆိတ်စွာကြည့်သည်။

ဟန်မူယဲ့၏ စိတ်နယ်ပယ်ထဲတွင် ဝိညာဉ်စွမ်းအားများ လှုပ်ရှားလာပြီး ဝိညာဉ်လိပ်ပြာဓားပေါ်တွင် အင်းကွက်များရေးထွင်းနေသည်။

အမှတ်အသားတစ်ခုချင်းစီသည် စွမ်းအားများ သိမ်မွေ့သွားခြင်းဖြစ်သည်။

သက်ဝင်လှုပ်ရှားနေသော လူသားလောကသည် လူတစ်ယောက်၏စိတ်ကို သန့်စင်ရန်အတွက် အကောင်းဆုံးနေရာဖြစ်သည်။

ယခုအချိန်သည် လချီ၍ကျင့်ကြံခြင်းနှင့် နှိုင်းယှဉ်နိုင်သည်။

စိတ်ခွန်အားတိုးတက်လာခြင်းသည် လူသားလောကဆန္ဒထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်သည်။

ထိုအခွင့်အရေးမျိုးသည် ဉာဏ်အလင်းရခြင်းနှင့် ဆင်တူပြီး ရရှိရန် ခက်ခဲသည်။

သို့သော် သူ့စိတ်အခြေအနေသည် တခြားလူများကြောင့် လှုပ်ရှားလာလိမ့်မည်။ သူ့ဘေးတွင် မူဝမ်ရှိနေသောကြောင့် သူက စိတ်ကိုသန့်စင်ရန်အတွက် အခွင့်အရေးလစ်ဟင်းနေမည်မဟုတ်ပေ။

“ဒီဇနီးမောင်နှံကို ကူညီဖို့အတွက် တောင်းဆိုလို့ရမလား”

သူတို့နောက်မှ အသံတစ်သံထွက်လာသောကြောင့် မူဝမ်က ရှက်သွားသည်။

ဇနီးမောင်နှံ ....

လက်ထပ်ပြီးသားစုံတွဲများကို ထိုသို့ခေါ်သည်။

သူမက ဘေးတွင်ရှိသောဟန်မူယဲ့ကို တစ်ချက်ကြည့်လိုက်သည်။ ဟန်မူယဲ့၏မျက်နှာထားက တည်ငြိမ်နေသည်။

သူတို့က နောက်လှည့်ကြည့်လိုက်သောအခါတွင် ကျောင်းတော်သားနှစ်ယောက်ကို မြင်ရသည်။

တစ်ယောက်က ပိန်ပါးပြီး အသားဖြူသည်။ အစိမ်းရောင်ကျောင်းတော်သားဝတ်စုံကို ဝတ်ထားသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။

နောက်တစ်ယောက်က အရပ်ရှည်ပြီး မျက်လုံးထဲတွင် တက်ကြွမှုများနှင့် ပြည့်နေသည်။ သူ့ခန္ဓာကိုယ်ထဲတွင် သမာဓိစွမ်းအားများ လှုပ်ရှားနေသောကြောင့် ကွန်ဖြူးရှပ်တာအိုကျင့်ကြံခြင်းတွင် အားနည်းမည်မဟုတ်ပေ။

“ကျွန်မက ပိုင်လီထုံယွင်ပါ။ ကျွန်မရဲ့အတန်းဖော်တွေနဲ့ ကဗျာရေးခဲ့တယ်။ ဒါပေမဲ့ ဘယ်သူကပိုကောင်းလဲဆိုတာကို မဆုံးဖြတ်နိုင်ခဲ့ဘူး။ အဲ့ဒါကြောင့် ရှင်တို့နှစ်ယောက်ကို အကဲဖြတ်ပေးဖို့ တောင်းဆိုလို့ရမလား”

သွယ်လျသောအမျိုးသမီးကျောင်းသူက လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီး ဟန်မူယဲ့နှင့်မူဝမ်ကို နှုတ်ဆက်သည်။

‘ကဗျာကို အကဲဖြတ်ပေးရမှာလား’

မူဝမ်က ပြုံးလိုက်ပြီး ခေါင်းခါသည်။ သူမက ဟန်မူယဲ့ကို လှည့်ကြည့်သည်။

“အစ်ကိုဟန်၊ ကျွန်မက ဒါကို မလုပ်နိုင်ဘူး။ အစ်ကိုဟန်က လုပ်နိုင်လား”

‘လုပ်နိုင်လား’

အမျိုးသားတစ်ယောက်သည် မလုပ်နိုင်ဘူးဟု မပြောနိုင်ပေ။

ဟန်မူယဲ့က ရယ်လိုက်ပြီး ပြောသည်။

“ညီမမူ၊ ငါလုပ်နိုင်တယ်လို့ ထင်လား”

ထို့နောက် သူက မူဝမ်ကိုဆွဲခေါ်ပြီး နွေဦးရေလှိုင်းစံအိမ်သို့ ခြေလှမ်းကျဲများနှင့် လျှောက်သွားခဲ့သည်။

“အစ်မပိုင်လီ၊ သူတို့ လုပ်နိုင်ပါ့မလား။ ဒါက ဆရာလျှိုကုန်းလင်းရဲ့ စာအရေးအသားနဲ့ သက်ဆိုင်နေတဲ့ အလောင်းအစားနော်”

ပိုင်လီထုံယွင်၏ဘေးတွင်ရှိသောလူငယ်က စိုးရိမ်နေသောအသံဖြင့် ပြောသည်။

“စောင့်ကြည့်ကြရအောင်။ သူတို့က တကယ်ပဲ ကဗျာကို အကဲဖြတ်နိုင်ရင် ဖြတ်နိုင်လိမ့်မယ်”

ပိုင်လီထုံယွင်က ခေါင်းခါလိုက်ပြီး နွေဦးရေလှိုင်းစံအိမ်သို့ လိုက်သွားသည်။

ဟန်မူယဲ့က စံအိမ်၏ရှေ့တွင်ရှိသော စာလုံးများကို ကြည့်သည်။

“ဒီစာလုံးတွေက စိတ်ဝင်စားစရာကောင်းသားပဲ။ သူ့ကို ငါတို့ဆိုင်အတွက် နာမည်ရေးဖို့ဖိတ်လိုက်ရင် ကောင်းမယ်ထင်တယ်”

ဟန်မူယဲ့က လက်မှတ်ကိုကြည့်လိုက်ပြီး ပြုံးသည်။

“ဟွမ်တင်းရှုတဲ့လား။ စကားလုံးတွေက ပြီးပြည့်စုံပြီး တန်ဖိုးထားခံရတဲ့ မဟာကျောင်းတော်သားလား။ သူက မြို့အပြင်မှာရှိတဲ့မြစ်တစ်ဝက်ကို မင်ရည်တွေနဲ့ မည်းမှောင်သွားစေတယ်လို့ ပြောကြတယ်”

မူဝမ်က ခေါင်းခါလိုက်ပြီး ပြောသည်။

“ဒီလို မဟာကျောင်းတော်သားတစ်ယောက်ရဲ့ လက်ရေးလှစာကို ဘယ်လိုလုပ်ပြီး ရနိုင်မှာလဲ”

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး စံအိမ်ထဲသို့လျှောက်ဝင်သွားလျက် ပြောသည်။

“သူ့စကားလုံးတစ်လုံးက ရွှေပြားတစ်ထောင်တန်တယ်မဟုတ်လား။ သူ့ကို ရွှေပြားတစ်သောင်းပေးပြီး စာလုံးတွေ ပိုရေးခိုင်းလိုက်တာပေါ့”

မူဝမ်က ခေါင်းငုံ့လိုက်ပြီး ပြုံးသည်။

ပိုင်လီထုံယွင်နှင့်လူငယ်က ခေါင်းခါသည်။

စံအိမ်ထဲတွင်ရှိသောလူများကလည်း သူ့စကားကိုကြားလိုက်ပြီး မျက်မှောင်ကြုတ်သည်။

“ပိုင်လီ၊ ဒီနှစ်ယောက်က နင်ရှာတွေ့လာတဲ့ အကဲဖြတ်ဒိုင်တွေလား”

စံအိမ်ထဲတွင် ခရမ်းရောင်ဝတ်စုံနှင့်မိန်းကလေးတစ်ယောက်က ဟန်မူယဲ့နှင့်မူဝမ်ကို တစ်ချက်ကြည့်လိုက်ပြီး ပိုင်လီထုံယွင်ကို ကြည့်သည်။

“ဒိုင်က ကျောင်းတော်ရဲ့ဆရာမဟုတ်ရင်တောင် ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတွေ ဖြစ်သင့်တယ်။ သူတို့က ....”

မိန်းကလေးက ခေါင်းခါလိုက်ပြီး ပေါ့ပါးစွာပြောသည်။

“သူတို့က ကဗျာတွေကို အပြည့်အဝနားမလည်နိုင်မှာ စိုးရိမ်မိတယ်”

သူမက ပတ်ဝန်းကျင်တွင်ရှိသောလူများကို လှည့်ကြည့်လိုက်ပြီး ပြောသည်။

“ဆရာထောင်ရီချန်ကို ငါတို့အတွက် ဒိုင်လုပ်ပေးဖို့ အကြံပြုချင်တယ်”

သူမ၏စကားကို ကြားလိုက်ရသောအခါတွင် လူအချို့က ခေါင်းညိတ်ပြီး လူတချို့က ခေါင်းခါသည်။

“ငါးယောက်မြောက်သခင်မလေးချင်က ငါ့ကို ဒိုင်လုပ်စေချင်ရင် ငါက လက်ခံလိုက်ပါ့မယ်။ သခင်မလေးပိုင်လီက လက်ခံနိုင်မလား”

စံအိမ်၏ သစ်သားတိုင်တစ်တိုင်ကိုမှီနေသော သက်လတ်ပိုင်းအရွယ်လူဝကြီးတစ်ယောက်က အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“ဆရာထောင်က ကဗျာပညာရပ်မှာ ကျွမ်းကျင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့နှစ်ဖက်လုံးနဲ့ မရင်းနှီးတဲ့လူကို ရှာလိုက်တာက ပိုကောင်းလိမ့်မယ်လို့ ကျွန်မထင်မိတယ်”

ပိုင်လီထုံယွင်က ခေါင်းခါသည်။

သူမ၏စကားလုံးများသည် အဓိပ္ပာယ်ပါသည်။

နည်းပြထောင်က ခပ်ဟဟရယ်လိုက်ပြီး နောက်ဆုတ်သည်။

သူက ပိုင်လီထုံယွင်နှင့် မရင်းနှီးသော်လည်း ချင်မိသားစုနှင့် ရင်းနှီသည်။

ပိုင်လီထုံယွင်က ဟန်မူယဲ့နှင့်မူဝမ်ကိုကြည့်လိုက်ပြီး ပြောသည်။

“ရှင်တို့နှစ်ယောက်က တော်ဝင်ကျောင်းတော်ကို အလည်လာကြတာဆိုတော့ ဒိုင်လုပ်ရင် ပိုစိတ်ဝင်စားဖို့ကောင်းသွားမှာပေါ့”

သူမက စားပွဲဆီသို့ လျှောက်သွားလိုက်ပြီး ကဗျာစာရွက်များကို ဖြန့်သည်။

“ဒီကဗျာတွေမှာ လက်မှတ်ထိုးမထားဘူး။ ရှင်တို့ကြိုက်တဲ့ကဗျာကို ရွေးလိုက်ရုံပါပဲ”

ပိုင်လီထုံယွင်၏စကားကို ကြားလိုက်ရသောအခါတွင် ငါးယောက်မြောက်သခင်မလေးချင်က မျက်မှောင်ကြုတ်သည်။ သို့သော် စကားမပြောပေ။

ဟန်မူယဲ့နှင့်မူဝမ်က စားပွဲဆီသို့လျှောက်သွားပြီး ကဗျာများကို ဖတ်ကြည့်သည်။

ပိုင်လီထုံယွင်၏စကားသည် မှန်သည်။ ပွဲတစ်ခုကြုံရခြင်းသည် စိတ်ဝင်စားဖွယ်ကောင်းသည်။

တော်ဝင်ကျောင်းတော်၏ ကဗျာနှင့်စာပေဆွေးနွေးပွဲတွင် အကဲဖြတ်ပေးရသောအခွင့်အရေးသည် ရှားပါးသည်။

“နေဝင်ဆည်းဆာအောက်မှာ ကန်ရေပြင်က နီရဲနေတယ်”

“ဒါက ကျောက်စိမ်းပျံလွှားရေကန်ရဲ့ မြင်ကွင်းလား။ ဒါက မဆိုးဘူးထင်တာဘဲ။ လက်ရေးကလည်း ကောင်းတယ်”

မူဝမ်က ညင်သာစွာပြောသည်။

သူမ၏စကားကို ကြားလိုက်ရသောအခါတွင် ကျောင်းတော်သားအချို့က ပြုံးသည်။

“ဒီကဗျာကို ကောင်းတယ်လို့ပြောတာလား”

လူတစ်ယောက်က ညင်သာစွာပြောသည်။

မူဝမ်က ရှက်သွားပြီး ဟန်မူယဲ့ကို ကြည့်သည်။

သူမသည် ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း စာပေနှင့်ပတ်သတ်၍ မကျွမ်းကျင်ပေ။

သူမက ကဗျာ၏နောက်ကွယ်တွင်ရှိသော နက်ရှိုင်းသည့်အဓိပ္ပာယ်ကို မမြင်နိုင်ပေ။

ဟန်မူယဲ့က လက်မြှောက်ပြီး တခြားစာလိပ်ကို ကြည့်သည်။

“စိမ်းပြာရောင်ရေပြင်ဘေးက လှပတဲ့ရှုခင်း၊ တောင်တန်းရဲ့မြူခိုးကြားက ကြည်လင်တဲ့စမ်းရေ”

“နှစ်ခုလုံးက ကျောက်စိမ်းပျံလွှားရေကန်အကြောင်းကို ရေးထားတာလား”

မူဝမ်က အသံတိုးလိုက်ပြီး ဟန်မူယဲ့ကို ပြောသည်။

“အစ်ကိုဟန်၊ ကျွန်မကို ပြောပြပါ”

သူမ၏စကားကို ကြားလိုက်ရသောအခါ နောက်တွင်ရှိသောလူတစ်ယောက်က ရေရွတ်သည်။

“ထင်ထားတဲ့အတိုင်းပဲ သူမက ကွန်ဖြူးရှပ်တာအိုပညာရှင်တစ်ယောက် မဟုတ်ဘူး။ သူမက ကဗျာကို ကောင်းသလား ဆိုးသလား ဆိုတာတောင် အကဲမဖြတ်နိုင်ဘူး”

“အဲ့ဒါက အစ်မပိုင်လီရဲ့အမှားပဲ။ ကဗျာတွေကို အကဲဖြတ်ပေးဖို့အတွက် ဒီလူနှစ်ယောက်ကို ခေါ်လာခဲ့တာ”

ကျောင်းတော်သားများသည် တစ်ယောက်ကိုတစ်ယောက် အထင်သေးသည်။

သို့သော် အပြင်လူများအပေါ်တွင် ပိုအထင်သေးသည်။

တော်ဝင်ကျောင်းတော်သည် ကွန်ဖြူးရှပ်တာအို၏ မြင့်မြတ်နယ်မြေဖြစ်သည်။ တံမြက်စည်းလှည်းနေသောအဘိုးကြီးကပင် ကဗျာအချို့ကို ရွတ်ဆိုနိုင်သည်။

ယနေ့တွင် ကဗျာအကြောင်းနားမလည်သော လူနှစ်ယောက်ကို ခေါ်လာပြီး ကဗျာကို အကဲဖြတ်စေသည်။ ထိုရလဒ်ကို လက်ခံမည့်လူမရှိပေ။

သခင်မလေးချင်နှင့် ဘေးတွင်ရှိသောလူများက လှောင်ပြောင်လိုက်သည်။

ဟန်မူယဲ့က ရှက်ရွံ့သွားသောမူဝမ်ကို ကြည့်သည်။

သူက မူဝမ်နှင့်အတူ အပျော်ရှာရန်အတွက် ကျောက်စိမ်းပျံလွှားရေကန်သို့ ရောက်လာခဲ့သည်။ အပြင်လူများ၏နှောင့်ယှက်မှုကို သည်းခံမည်မဟုတ်ပေ။

‘ကောင်းပြီလေ။ မင်းတို့ကို ကောင်းကောင်း အကဲဖြတ်ပေးလိုက်မယ်’

“ကဗျာက စိတ်ကူးယဉ်ဆန်လွန်းတယ်။ လွန်ကဲတဲ့တင်စားမှုတွေနဲ့ ပြည့်နေတယ်”

ဟန်မူယဲ့က တည်ငြိမ်စွာပြောလိုက်သောကြောင့် လူတိုင်း၏မျက်နှာထားများ တောင့်တင်းသွားသည်။

လူအများအပြားသည် ထူးဆန်းသောမျက်နှာထားဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်သည်။

ပိုင်လီထုံယွင်နှင့် နောက်တွင်ရှိသောလူငယ်က အံ့အားသင့်သွားသည်။

ဆရာထောင်က ဟန်မူယဲ့ကိုင်ထားသောစာရွက်ကို ကြည့်လိုက်ပြီး ဟန်မူယဲ့ကို မော့ကြည့်သည်။

“ဒါကိုပြောချင်တာ ....”

နောက်တွင်ရှိသောလူတစ်ယောက်က ပြောသည်။

သို့သော် သူစကားပြောမပြီးခင် ဟန်မူယဲ့၏အသံကို ကြားလိုက်ရသည်။

“ညီမမူ၊ ကြည့်လိုက်။ ကန်ရေက လှတယ်လို့ ပြောထားတယ်။ စကားလုံးက ထိုင်းမှိုင်းပြီး ပြတ်ပြတ်သားသားမရှိဘူး။ ပြီးတော့ ကာရံလည်းမညီဘူး”

ဟန်မူယဲ့က စကားလုံးများကို ညွှန်ပြပြန်သည်။

“ပြီးတော့ ဒီစာလုံးတွေကိုကြည့်လိုက်။ ဒေါင်လိုက်စုတ်ချက်တွေက အရမ်းအားပါလွန်းတယ်။ အလျားလိုက်စုတ်ချက်တွေမှာ အားထည့်မထားဘူး။ ပြီးတော့ တမင်ချန်ထားခဲ့တဲ့ စာလုံးတွေလည်းရှိသေးတယ်။ ဒီလိုစာအရေးအသေားက အခြေခံမကောင်းတဲ့အတွက် ဖြစ်လာတာပဲ”

ဟန်မူယဲ့က ထိုကဗျာစာရွက်ကိုချလိုက်ပြီး နောက်တစ်ရွက်ကို ကောက်ကိုင်သည်။

“ညီမမူ၊ ဒါကိုကြည့်လိုက်။ တစ်ခုခုမှားနေတာကို မြင်ရလား”

သူတို့၏နောက်တွင် လူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။

ဟန်မူယဲ့၏စကားလုံးများသည် ကြမ်းတမ်းသော်လည်း အလွန်တိကျသည်။

ကဗျာအကြောင်းကို မသိသောလူတစ်ယောက်သည် ထိုမှတ်ချက်မျိုး မပေးနိုင်ပေ။

ဤနေရာတွင်ရှိနေသောလူများပင်လျှင် ထိုသို့ ရှင်းလင်းစွာမပြောနိုင်ပေ။

သူတို့အားလုံးက မသိစိတ်အလျောက် ရှေ့တိုးလာပြီး ချောင်းကြည့်သည်။

“ရေပြင်က ကြည်လင်ပြီး လှပတယ်။ တောင်တန်းကို တိမ်တွေက လွှမ်းခြုံထားတယ်”

“အဲဒီစာသားတွေက ကောင်းပေမဲ့ လုံလောက်တဲ့အဓိပ္ပာယ်ကို မဖော်နိုင်ဘူးမဟုတ်လား”

မူဝမ်က တီးတိုးပြောသည်။ သူမက ဟန်မူယဲ့ပြောခဲ့သောစကားလုံးများကို လေ့လာနေခဲ့သည်။

“ဟုတ်တယ်။ မင်းက ကွန်ဖြူးရှပ်တာအိုကို လေ့လာခဲ့ရင် မဟာကျောင်းတော်သားတစ်ယောက် ဖြစ်နေလိမ့်မယ်”

ဟန်မူယဲ့က မူဝမ်ကို ချီကျူးလိုက်သောကြောင့် မူဝမ်က ရှက်သွားသည်။

“ဒီစာကြောင်းနှစ်ခုက မဆိုးဘူး။ ပြောင်းလဲလို့ရတယ်”

“နေသာတဲ့နေ့မှာ ရေပြင်က တောက်ပနေတယ်။ အဝေးမှာရှိတဲ့ တောင်တန်းတွေကို မိုးစက်နဲ့မြူနှင်းတွေက လွှမ်းခြုံထားတယ်။ ဒီလိုပြင်လိုက်ရင် စာသားက ဆွဲဆောင်မှုရှိသွားလိမ့်မယ်”

“ဒါပေမဲ့ ဒီလိုကဗျာမျိုးကို စုတ်တံအကောင်းစားနဲ့ သေချာရေးသင့်တယ်။ ဒီလိုစုတ်တံမျိုးနဲ့ဆိုရင် မျဉ်းကွေးတွေက သိမ်မွေ့မှုလျော့ကျသွားလိမ့်မယ်”

ထိုသို့ဖြင့် ဟန်မူယဲ့က ထိုကဗျာစာရွက်ကို အောက်ချပြီး တခြားကဗျာများကို စစ်ဆေးလိုက်သည်။

သူက မူဝမ်ကို ကဗျာစာရွက်ပြပြီး အတူတူပူးပေါင်း၍ ကဗျာ၏အဓိပ္ပာယ်နှင့် အရေးအသားကို စစ်ဆေးနေသည်။

“ဒီစာကြောင်းကို ပြောင်းလဲရမယ်။ တစ်ခုတည်းကို အကြိုက်ဆုံးလို့ ပြောင်းသင့်တယ်။ ရေကန်ကို ပတ်သွားတယ်ဆိုတဲ့နေရာမှာ ကြည့်မဝဘူးလို့ ပြောင်းရမယ်။ ငါအကြိုက်ဆုံးဖြစ်တဲ့ အနောက်ဘက်ရေကန်ရဲ့မြင်ကွင်းကို ကြည့်လို့မဝဘူး။ အစိမ်းရောင်ပေါ့ပလာပင်တွေရဲ့အောက်မှာ အဖြူရောင်သဲပြင်ရှိနေတယ်”

“ဒီကဗျာ၊ ဒါကိုတော့ ပြောင်းလဲလို့မရဘူး။ မျှော်လင့်ချက်မဲ့နေပြီ”

“ဒါက အတော်လေးစိတ်ဝင်စားစရာကောင်းတယ်။ ညီမမူ၊ ကြည့်လိုက်။ တောင်တန်းတွေရဲ့အလွန်မှာ တောင်တန်းတွေရှိတယ်။ မိုးဖွဲတွေကြားမှာ စံအိမ်က ပုန်းကွယ်နေတယ်။ ဒါကို တစ်ခုတည်းအဖြစ် ပြောင်းလို့ရတယ်။ တောင်တန်းတွေရဲ့အလွန်က တောင်တန်းပေါ်မှာ အဆုံးမရှိဆန့်ထွက်သွားတဲ့ စံအိမ်တွေရှိတယ်။ နောက်ထပ်စာကြောင်းကတော့ လူတွေအကြောင်းဖြစ်သင့်တယ်”

....

မူဝမ်က ညင်သာစွာတုံ့ပြန်နေပြီး မကြာခဏ စကားအချို့ပြောသည်။

သူမ၏စကားများ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဟန်မူယဲ့က ချီးကျူးနေသောကြောင့် မူဝမ်က ရှက်နေသည်။

ကျောင်းသားများ၏ ကဗျာစာစုများအပေါ်တွင် မှတ်ချက်ပေးရခြင်းသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်။

မူဝမ်က အရိုင်းဆန်သော၊ ကျက်သရေရှိသော၊ ပေါ့ပါးသော၊ မောက်မာသော စာလုံးများကို မြင်ခဲ့ရသည်။ ရေကန်ဘေးတွင်ရပ်ပြီး ကျယ်လောင်စွာကဗျာရွတ်နေသော ကျောင်းတော်သားများကို မြင်လိုက်ရပုံပေါ်သည်။

All Chapters