← Chapters

အခန်း (၄၅၆)

Vol. 33 Ch. 456

အခန်း (၄၅၆)

Vol. 33 Ch. 456

ထိုအရာသည် ကွန်ဖြူးရှပ်တာအို၏ ဆွဲဆောင်မှုဖြစ်လိမ့်မည်။

စာကားလုံးများသည် ဖြည်းဖြည်းချင်း စိတ်ဆန္ဒကို စုစည်းပေးသည်။

ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ မူဝမ်ကိုကြည့်သည်။

သူမ၏ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်သမာဓိစွမ်းအားအချို့ ရှိနေသည်။

ကွန်ဖြူးရှပ်တာအို၏ သမာဓိစွမ်းအား ....

သို့သော် ထိုအငွေ့အသက်သည် အပေါ်ယံသာဖြစ်ပြီး ခါးသီးစွာကျင့်ကြံခြင်းမှမဟုတ်ဘဲ နားလည်သဘောပေါက်ခြင်းမှ ရရှိလာသည်။ ခဏကြာလျှင် ပျောက်ကွယ်သွားလိမ့်မည်။

သို့သော် သူမက သမာဓိစွမ်းအားကိုအသုံးပြု၍ စိတ်အခြေအနေကို သန့်စင်နိုင်သည်။

ခဏအကြာတွင် မူဝမ်က ဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်သည်။ သူမကိုစိုက်ကြည့်နေသော ဟန်မူယဲ့ကို မြင်လိုက်ရသည်။

“အစ်ကိုဟန်”

သူမက ရှက်ရွံ့စွာ ခေါင်းငုံ့သည်။

ဟန်မူယဲ့က သူမ၏လက်ကို လှမ်းကိုင်သည်။ သူက တီးတိုးပြောသည်။

“သွားကြစို့”

‘သွားတော့မှာလား’

သူမက စားပွဲကို ကြည့်လိုက်သောအခါတွင် ကဗျာစာရွက်များ ကုန်ဆုံးသွားပြီဖြစ်ကြောင်း မြင်လိုက်ရသည်။

သူမက ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါတွင် ပိုင်လီထုံယွင်၊ သခင်မလေးချင်နှင့် ဆရာထောင်အပါအဝင် ကျောင်းတော်သားများအားလုံးက အတွေးများနေပုံပေါ်သည်။

သူတို့က တီးတိုးရေရွတ်နေကြသည်။

ဟန်မူယဲ့က ခေါင်းခါပြီး မူဝမ်နှင့်အတူ နွေဦးရေလှိုင်းစံအိမ်မှ ထွက်လာသည်။

မူဝမ်က နွေဦးရေလှိုင်းစံအိမ်ကို လှည့်ကြည့်သည်။

‘ဒီလိုအတွေ့အကြုံမျိုးက တကယ်ထူးခြားတာပဲ’

သူမ တွေးမိသည်။

‘ဒါက ကွန်ဖြူးရှပ်တာအိုကျောင်းတော်သားတွေရဲ့ စာပေဆွေးနွေးပွဲလား’

‘ဒါက သူတို့ ကျင့်ကြံတဲ့နည်းလမ်းလား’

နွေဦးရေလှိုင်းစံအိမ်ထဲတွင် အစိမ်းရောင်ဝတ်စုံနှင့်ကျောင်းတော်သားတစ်ယောက်က အတွေးများနေသကဲ့သို့ လက်သီးဆုပ်ထားသည်။

သူ့ခန္ဓာကိုယ်ထဲမှ သမာဓိစွမ်းအားများ ပေါ်ထွက်လာသည်။

“သြဂုတ်လမှာ ကန်ရေပြင်က ကမ်းခြေအထိရောက်လာပြီး ကောင်းကင်နဲ့ရေပြင်က နောက်ကျိနေတယ်။ ကျင့်ကြံခြင်းလမ်းစဉ်ကလည်း မရှင်းလင်းဘဲ ရှုပ်ထွေးနေတယ်။ ငါနားလည်သွားပြီ။ ငါနားလည်သွားပြီ ....”

သူက လက်နှစ်ဖက်ကိုနောက်ပစ်ပြီး ခေါင်းမော့ကြည့်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ခရမ်းရောင်လူသားဆန္ဒစွမ်းအားများ တုန်ခါနေသည်။

“တောင်တန်းတွေရဲ့အလွန်က တောင်တန်းပေါ်မှာ အဆုံးမရှိဆန့်ထွက်သွားတဲ့ စံအိမ်တွေရှိတယ်။ သီဆိုကခုန်ခြင်းတွေက ဘယ်လောက်အထိ ကြာရှည်ခံမလဲ။ တိုးတက်နေတဲ့လူသားကမ္ဘာက လွမ်းမောဖွယ်ကောင်းတယ်”

ပိုင်လီထုံယွင်၏ဘေးတွင်ရှိသော ငါးယောက်မြောက်သခင်မလေးချင်က ခေါင်းငုံ့ထားပြီး ရှုပ်ထွေးသောမျက်နှာထားဖြင့် ရေရွတ်သည်။

အခွင့်အရေးများသည် ကွာခြားနိုင်သော်လည်း စာကားလုံးများနှင့်အမှန်တရားသည် တူညီသည်။

နွေဦးရေလှိုင်းစံအိမ်တွင် သမာဓိစွမ်းအားနှင့် စာပေအငွေ့အသက်များ ရောယှက်သွားပြီး ရွှေရောင်အလင်းလွှာတစ်ခု ဖြစ်လာသည်။

ပိုင်လီထုံယွင်က ပြေးထွက်လာသောအခါတွင် တောင်လမ်းသို့ရောက်နေသော ဟန်မူယဲ့နှင့်မူဝမ်ကို မြင်ရသည်။

သူမက လျင်မြန်စွာသွားပြီး ဦးညွှတ်လိုက်သည်။

“သင်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ”

ထို့နောက် သူမက လက်နှစ်ဖက်ကိုဆုပ်ကိုင်လိုက်ပြီး ပြောသည်။

“ဆရာတို့နှစ်ယောက်က နန်းမြို့တော်မှာ ဆိုင်ဖွင့်မလို့လား။ ကျွန်မက ဆိုင်နာမည်ရေးဖို့အတွက် ဆရာဟွမ်ဆီမှာ တောင်းဆိုပေးနိုင်ပါတယ်”

သူမ၏စကားကို ကြားလိုက်ရသောအခါတွင် မူဝမ်က ပျော်သွားပြီး ဟန်မူယဲ့ကို ကြည့်သည်။

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး မူဝမ်ကို ကြည့်သည်။

“ညီမမူ၊ ငါတို့ရဲ့ဆိုင်ကို နာမည်မပေးရသေးဘူးလေ”

မူဝမ်က ကြောင်အသွားပြီး ညင်သာစွာပြောသည်။

“အဲ့ဒါဆိုရင် နာမည်ပေးလိုက်ပါ့မယ်”

“ညီမမူက သူဌေးမပဲ။ ညီမူမရဲ့စကားကို နားထောင်ရမှာပေါ့”

ဟန်မူယဲ့၏စကားကြောင့် မူဝမ်က ရှက်သွားသည်။

သူမက ခဏလောက်စဉ်းစားလိုက်ပြီး ပြောသည်။

“အဲ့ဒါဆိုရင် အာခီမီကံကြမ္မာစံအိမ်လို့ နာမည်ပေးရအောင်။ အာခီမီပညာရပ်ကြောင့် ကျွန်မတို့ ဆုံတွေ့နိုင်ခဲ့တာ”

“အဲဒါဆိုရင် အာခီမီကံကြမ္မာစံအိမ်လို့ ခေါ်ကြရအောင်”

ဟန်မူယဲ့က ပိုင်လီထုံယွင်ကိုကြည့်လိုက်ပြီး ပြောသည်။

“ငါတို့ရဲ့ဆိုင်က လကြည့်မြို့ရဲ့ တော်ဝင်ဥယျာဉ်လမ်းမှာ ရှိတယ်။ ဆိုင်မဖွင့်ရသေးပေမဲ့ ရှာဖို့လွယ်ပါတယ်”

ထို့နောက် သူက မူဝမ်နှင့်လက်ချင်းတွဲပြီး တောင်အောက်သို့ ဖြည်းဖြည်းချင်းဆင်းသွားသည်။

“လကြည့်မြို့ရဲ့ တော်ဝင်ဥယျာဉ်လမ်းလား။ ကောင်းပြီလေ”

ပိုင်လီထုံယွင်က ခေါင်းညိတ်သည်။

“ပိုင်လီ၊ နင့်ဖတ်ဖို့အတွက် ဆရာလျှိုရဲ့လက်ရေးစာမူကို သုံးရက်ငှားပေးလိုက်မယ်”

ငါးယောက်မြောက်သခင်မလေးချင်က ပိုင်လီထုံယွင်၏နောက်တွင် ရှိနေသည်။

“သူ့ဆီကိုသွားရင် ငါ့ကိုလည်း ခေါ်လိုက်ပါ”

ထိုစကားကို ကြားလိုက်ရသောအခါတွင် ပိုင်လီထုံယွင်က နောက်လှည့်ကြည့်သည်။

“ငါးယောက်မြောက်သခင်မလေးချင်က အမြဲတမ်း မောက်မာနေတာမဟုတ်ဘူးလား။ ဒီနေ့ကျမှ ဘာဖြစ်လို့ အရှုံးပေးလိုက်တာလဲ”

ငါးယောက်မြောက်သခင်မလေးချင်က ပိုင်လီထုံယွင်ကို လျစ်လျူရှုလိုက်ပြီး လှည့်ထွက်သွားသည်။

ပိုင်လီထုံယွင်က ပြုံးသည်။

“အစ်မပိုင်လီ၊ အဲ့ဒီလူက ကျောင်းတော်ရဲ့ မဟာကျင့်ကြံသူကြီးတစ်ယောက်လား။ ကဗျာနဲ့ပတ်သတ်ပြီး တကယ့်ကိုကျွမ်းကျင်လွန်းတယ်”

အစိမ်းရောင်ဝတ်စုံနှင့်လူငယ်က လျှောက်လာပြီး တီးတိုးပြောသည်။

“ဟုတ်တယ်။ သူ့ကို ကဗျာဆရာလို့ခေါ်ရင်တောင် အပိုပြောနေတာမဟုတ်ဘူး”

လူတစ်ယောက် ရှေ့တက်လာပြီး လေးနက်စွာပြောသည်။

ကျန်လူများကလည်း နွေဦးရေလှိုင်းစံအိမ်ထဲမှ ထွက်လာပြီး တောင်လမ်းကို ကြည့်လိုက်သည်။

နွေဦးရေလှိုင်းစံအိမ်ဘေးတွင် ခံစားချက်များ လှိုင်းထန်နေသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး တောင်အောက်သို့ ဖြည်းဖြည်းချင်းဆင်းသည်။

ချီပင်လယ်တွင်ရှိသော လှုပ်ရှားနေသည့်လူသားဆန္ဒစွမ်းအားများကို သူခံစားနိုင်သည်။

လူသားဆန္ဒစွမ်းအားများသည် ပိုမိုလျင်မြန်စွာ စုစည်းလာသည်။

သာမန်လူသားများထက် ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများကို သိမ်းသွင်းနိုင်လျှင် လူသားဆန္ဒစွမ်းအားများ ပိုမိုစုစည်းနိုင်ပုံရသည်။

မူဝမ်က ခံစားချက်ကောင်းနေပြီး ဟန်မူယဲ့ပြုပြင်ခဲ့သောကဗျာများကို ရွတ်နေသည်။

“ဒါက အဖြူရောင်သဲသောင်မဟုတ်လား။ ကဗျာထဲကအတိုင်း လှတာပဲ”

“အစိမ်းရောင်မိုးမခပင်တွေကြားမှာ လေပြေလေညင်းတွေ တိုက်ခတ်နေတယ်။ ငါ့ရဲ့အချစ်က မသေနိုင်တဲ့ မြက်ပင်တွေလိုပဲ”

မူဝမ်က ဟန်မူယဲ့၏လက်ကို တင်းကျပ်စွာကိုင်မိလိုက်သည်။

“အမ်၊ ဒီကဗျာက မဆိုဘူးပဲ။ မင်းရေးခဲ့တာလား”

သိပ်မဝေးသောနေရာတွင် တံမြက်စည်းတစ်ချောင်းကိုင်ထားသော လူအိုကြီးက မူဝမ်ကို မော့ကြည့်သည်။

“မဟုတ်ဘူး။ အဲ့ဒါကို နွေဦးရေလှိုင်းစံအိမ်မှာ ကျောင်းသားတွေရေးခဲ့တာ။ ဒါပေမဲ့ ကျွန်မရဲ့အစ်ကိုဟန်က ကဗျာကို ပြုပြင်ပေးခဲ့တယ်”

မူဝမ်က ခေါင်းခါလိုက်ပြီး ဂုဏ်ယူစွာပြောသည်။

‘ကျွန်မရဲ့အစ်ကိုဟန်က အကောင်းဆုံးပဲ’

“ပြုပြင်တာလား”

လူအိုကြီးက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးရေရွတ်သည်။ ထို့နောက် စိတ်ဝင်စားမှုပျောက်ဆုံးသွားပုံရပြီး သစ်ရွက်ကြွေများကို လှည်းကျင်းနေသည်။

ဟန်မူယဲ့က တံမြက်စည်းလှည်းနေသောပုံစံကိုကြည့်ပြီး မျက်လုံးများတောက်ပသွားသည်။

တံမြက်စည်းသည် စုတ်ချက်အတိုင်း လှုပ်ရှားနေသည်။

‘သူက လက်ရေးလှပညာရှင်လား’

ဟန်မူယဲ့က တွေးမိသည်။

လူအိုကြီးက တစ်ခုခုကို အာရုံခံမိပုံပေါ်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“ကောင်လေး၊ ဒီအဘိုးကြီးအသိအမှတ်ပြုတဲ့ကဗျာမျိုး ဖွဲ့နိုင်ရင် ငါက မင်းအတွက် ရေးပေးမယ်”

လူအိုကြီးက တံမြက်စည်းကိုင်ထားပြီး တည်ငြိမ်စွာပြောသည်။

‘ကဗျာဖွဲ့ရမှာလား’

မူဝမ်က ဟန်မူယဲ့ကို မျှော်လင့်ချက်များနှင့်ကြည့်သည်။

ဟန်မူယဲ့က စိတ်ရွှင်သွားသည်။

‘ဒါက တော်ဝင်ကျောင်းတော်ဆိုတာမျိုးလား’

ဤနေရာတွင် သူက သာမန်ကာလျှံကာဖြင့် ကဗျာမစပ်နိုင်ပေ။ အပြင်မထွက်နိုင်မှာ စိုးရိမ်မိသည်။

အကြောင်းအရင်းရှိသောကြောင့် မြို့၏တစ်ဝက်တွင် သမာဓိစွမ်းအားများရှိနေပြီး တခြားတစ်ဝက်တွင် ခရမ်းရောင်ချီများနှင့် ပြည့်နေသည်။

ဟန်မူယဲ့က တွေးမိသည်။

သမင်ဖြူတောင်တန်းတွင် ခရမ်းရောင်လူသားဆန္ဒစွမ်းအားများ သိပ်သည်းသော်လည်း အခြေခံအုတ်မြစ်ကွာခြားချက်ကြောင့် သမာဓိစွမ်းအားများ နည်းပါးနေသည်။

ကျောင်းတော်တွင် တုန်းဖန်ရှုတစ်ယောက်သာရှိသောကြောင့် တော်ဝင်ကျောင်းတော်နှင့် မယှဉ်နိုင်ပေ။

တော်ဝင်ကျောင်းတော်သို့ မရောက်ဘူးလျှင် ကျောင်းတော်၏ကျော်ကြားမှုကို နားလည်နိုင်မည်မဟုတ်ပေ။

ဟန်မူယဲ့က စာစုတစ်ခု ချန်ထားခဲ့ပြီး ကျင်းချွမ်မြို့၏အပြင်တွင် ကဗျာကို ဓားအဖြစ်သုံးခဲ့သောကြောင့် သမင်ဖြူတောင်တန်းကျောင်းတော်သည် နာမည်ကြီးလာခဲ့သည်။

ဓားသယ်ထားသော ကျောင်းတော်သားများသည် သမင်ဖြူတောင်တန်းကျောင်းတော်မှ စတင်ခဲ့သည်။

သို့သော် ထိုအရာများသည် အလယ်ပိုင်းကုန်းမြေ၏ ကွန်ဖြူးရှပ်တာအိုတော်ဝင်နယ်မြေဖြစ်သော တော်ဝင်ကျောင်းတော်၏အဆင့်အတန်းကို မလှုပ်ခါနိုင်ပေ။

သမင်ဖြူတော်တန်းကျောင်းတော်သည် တော်ဝင်ကျောင်းတော်သို့ ကျောင်းသားများစေလွှတ်ပြီး ဆွေးနွေးပွဲပြုလုပ်နိုင်လျှင် ကောင်းလိမ့်မည်။

ဟွမ်ကျစ်ဟူနှင့် တခြားကျောင်းသားများအတွက် အရေးပါသည်။ သူတို့က သမင်ဖြူတော်တန်းကျောင်းတော်တွင် နေထိုင်နေလျှင် တော်ဝင်ကျောင်းတော်၏ ခမ်းနားမှုကို သိနိုင်မည်မဟုတ်ပေ။

“နေပါအုံး။ မင်းက ဒီလိုမျိုး လှပတဲ့နေရာမှာတောင် ကဗျာမစပ်နိုင်ဘူးလား”

တံမြက်စည်းကိုင်ထားသောလူအိုကြီးက ပြောသည်။

‘ကဗျာမစပ်နိုင်ဘူးတဲ့လား’

‘နောက်နေတာပဲဖြစ်ရမယ်’

ဟန်မူယဲ့က တွေးသည်။

သမင်ဖြူတောင်တန်းကျောင်းတော်၏ ကျောင်းအုပ်ဖြစ်ပြီး တစ်ညအတွင်း၌ ကဗျာတစ်ရာရေးဖွဲ့ခဲ့သော ဆရာသခင်မူယဲ့သည် ကဗျာစပ်နိုင်သည်။

အမိန်အာဏာဖြင့် နတ်များကို ဘွဲ့ထူးအပ်နှင်းခဲ့သော ဆရာသခင်မူယဲ့သည် ကျောက်စိမ်းပျံလွှားရေကန်တွင် ကျရှုံးသွားမည်မဟုတ်ပေ။

ဟန်မူယဲ့က ရောင်ပြန်ဟပ်နေသော ကျောက်စိမ်းပျံလွှားရေအိုင်ကိုကြည့်ပြီး တည်ငြိမ်စွာပြောသည်။

“ငါက ပေတစ်သောင်းမြင့်တဲ့နှင်းတောင်ကို မြင်ဖူးခဲ့တယ်။ နှင်းတွေက ကျောက်စိမ်းလိုမျိုး တောက်ပနေပြီး နှင်းပွင့်တွေက လေတိုက်ခတ်သွားတဲ့အခါမှာ ငွေရောင်မြွေတွေလို ကခုန်နေကြတယ်”

သူက မြောက်ပိုင်းကုန်းမြေ၏နှင်းတောင်များကို အစွန်အဖျားသာမြင်ခဲ့ရသော်လည်း ထိုမြင်ကွင်းသည် အလွန်လှပသည်။

တံမြက်စည်းကိုင်ထားသောလူအိုကြီးက မျက်ခုံးပင့်သည်။

“မြောက်ပိုင်းကုန်းမြေလား”

“ရေစီးကို မိုင်တစ်သောင်းအထိ ဆန်တက်ပြီး မြင့်မားတဲ့လှိုင်းလုံးတွေကိုလည်း မြင်ဖူးတယ်”

ဟန်မူယဲ့၏မြက်လုံးများ တောက်ပလာသည်။

ကျားလင်မြစ်တွင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လက်ရွေးစင်တပည့်များသည် မိုင်တစ်သောင်းအထိ ခရီးသွားခဲ့သည်။ ခမ်းနားသောထိုပြိုင်ပွဲကို မည်သူက မေ့နိုင်မည်နည်း။

“တောင်ပိုင်းကုန်းမြေနဲ့ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ရေစီးကို ဆန်တက်သွားတဲ့လူတွေ အများကြီးရှိတယ်။ တကယ့်ကို ခမ်းနားတယ်”

လူအိုကြီးက ခေါင်းညိတ်လိုက်ပြီး ဟန်မူယဲ့ကိုကြည့်သည်။

ဟန်မူယဲ့က မျက်လုံးများမှေးကျဉ်းလိုက်သည်။ သူ့ဆီမှ မဖော်ပြနိုင်သောဖိအားတစ်ခု ပေါ်ထွက်လာသည်။

“ငါက မိုင်သန်းချီတဲ့ တောင်နဲ့မြစ်တွေက မြင့်တက်ပြီး ကျဆင်းသွားတာကို မြင်ဖူးတယ်။ အနက်ရောင်ရေလှိုင်းတွေက ကောင်းကင်အထိ ထိုးတက်လာခဲ့တယ်”

နတ်ဘုရားသားရဲပါ့ရှားသည် ကျောပေါ်တွင် ကမ္ဘာတစ်ခုသယ်၍ ပျက်သုဉ်းခြင်းပင်လယ်သို့ရောက်လာပြီး မျောပါနေခဲ့သည်။ လောက၏ကျယ်ပြန့်မှုသည် စိတ်ကူးမယဉ်နိုင်လောက်ပေ။

လူအိုကြီးက ဟန်မူယဲ့ကို အံ့အားသင့်စွာကြည့်သည်။

သူက ဟန်မူယဲ့ပြောသောနေရာကို မြင်ဖူးနိုင်သော်လည်း ထုတ်မပြောနိုင်ပေ။

မူဝမ်က ရှုပ်ထွေးသောအပြုံးတစ်ခုနှင့်အတူ ဟန်မူယဲ့ကို ကြည့်သည်။

‘အစ်ကိုဟန်ရဲ့ကျင့်ကြံခြင်းလမ်းစဉ်က တကယ်စိတ်လှုပ်ရှားစရာကောင်းတာပဲ’

‘ဒါပေမဲ့ ငါ့အတွေ့အကြုံက လိုအပ်နေသေးတယ်’

‘အစ်ကိုဟန်နဲ့ယှဉ်လိုက်ရင် ငါ့မှာ ဘာမှမရှိဘူး’

ဟန်မူယဲ့က မူဝမ်၏စိတ်အခြေအနေကို အာရုံခံမိပုံပေါ်သည်။ သူက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“ကမ္ဘာက ကျယ်ပြန့်ပေမဲ့ အားလုံးက နှလုံးသားထဲမှာပဲရှိတယ်”

“စိတ်တည်ငြိမ်အေးချမ်းခြင်းက ကောင်းကင်နဲ့မြေကြီးပဲ”

ထို့နောက် သူက ရှေ့တွင်ရှိသောရေကန်ကိုကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

“ကန်စပ်အထိရောက်လာတဲ့ရေပြင်နဲ့ အစိမ်းရောင်မိုးမခပင်တွေရဲ့ဘေးမှာ လူငယ်လေးတစ်ယောက် သီချင်းဆိုနေတယ်”

“အရှေ့အရပ်မှာ နေထွက်လာပြီး အနောက်အရပ်မှာ မိုးရွာနေတယ်။ နေမထွက်ပေမဲ့ အချစ်ရှိတယ်”

‘သိမ်မွေ့တဲ့ ခံစားချက်လား’

မူဝမ်၏မျက်လုံးများက မှုန်ဝါးသွားပြီး ရှေ့တွင်ရှိသောရေကန်ကို ကြည့်သည်။ သူမက ငေးမောသွားသည်။

ကန်ရေပြင်ထက်တွင် ခရမ်းရောင်ချီနှင့် ရေခိုးရေငွေ့များ လှုပ်ရှားနေသည်။ အမှန်တကယ် မိုးရွာလာသည်။

“ဟားဟား ကောင်းတယ်။ နေမထွက်ပေမဲ့ အချစ်ရှိတယ်တဲ့လား။ လူသားကမ္ဘာက အချစ်အတွက်ပဲမဟုတ်ဘူးလား”

လူအိုကြီးက ကျယ်လောင်စွာရယ်သည်။ သူ့လက်ထဲတွင်ရှိသော တံမြက်စည်းသည် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။ သူက ဓားကို စုတ်တံအဖြစ်အသုံးချပြီး ဘေးတွင်ရှိသော အပြာရောင်ကျောက်တုံးပေါ်တွင် ကဗျာရေးခဲ့သည်။

အပြာရောင်ကျောက်တုံးပေါ်တွင် ခရမ်းရောင်ချီနှင့်ရွှေအလင်းများ စုစည်းလာသည်။

All Chapters