← Chapters

အခန်း (၄၅၈)

Vol. 33 Ch. 458

အခန်း (၄၅၈)

Vol. 33 Ch. 458

ဇူအော်ယုထင်က တီးတိုးပြောလိုက်ပြီး စာအုပ်ကိုပေးသည်။

ဟန်မူယဲ့နှင့်မူဝမ်က အလွန်ငယ်ရွယ်ပုံပေါ်သည်။ သူတို့သည် တပည့်ဖြစ်လာသော သာမန်အာခီမီပညာရှင်များသာ ဖြစ်နိုင်သည်။

သူတို့က တော်ဝင်ဥယျာဉ်လမ်းတွင် ဆိုင်ဖွင့်ရဲသောကြောင့် ဇူအော်ယုထုံက အလွန်စိတ်ဝင်စားနေသည်။

မူဝမ်က ဇူအော်မောင်နှမကို အိမ်ပြန်လွှတ်လိုက်ပြီး မနက်ဖြန်မှပြန်လာရန် ပြောလိုက်သည်။

ဇူအော်လင်းက ဇူအော်မောင်နှမအတွက် အရာအားလုံးသုံးစွဲပြီး မြို့အလယ်ပိုင်းနှင့် မြို့အောက်ပိုင်းကြားတွင် အိမ်တစ်လုံးကို ငှားရမ်းခဲ့သည်။

ထိုသို့ဆိုလျှင် သူတို့က အကြီးစားမြင်းလှည်းဖြင့် မိုင်တစ်ရာခန့်ခရီးသွားပြီး မြို့လယ်ပိုင်းသို့ဝင်ရောက်ရန် မလိုအပ်တော့ပေ။

မြို့ထဲတွင် မိုင်တစ်ရာခရီးသွားရန်အတွက် ဝိညာဉ်ကြေးပြားငါးပြားသာလိုအပ်သော လူတင်မြင်လှည်းများ ရှိသည်။

ဇူအော်လင်း၏မိတ်ဆက်ပေးမှုကြောင့် နန်းမြို့တော်တွင် သာမန်လူသားများအသုံးပြုသော ဝိညာဉ်ကြေးပြားများရှိနေကြောင်း ဟန်မူယဲ့နှင့်မူဝမ်တို့ သိလိုက်ရသည်။

ဝိညာဉ်ကြေးပြားသည် သုံးလက်မရှည်ပြီး လက်မဝက်ခန့် ကျယ်သည်။ ကြေးပြားပေါ်တွင် အင်းကွက်များနှင့်အတူ တန်ဖိုးသတ်မှတ်ချက်လည်း ရှိသည်။

ဝိညာဉ်ကြေးပြားတစ်ရာကို ဝိညာဉ်ကျောက်တုံးတစ်တုံးဖြင့် လဲလှယ်နိုင်သည်။

နန်းမြို့တော်တွင် လူအရေအတွက် ၉၀%ခန့်သည် သာမန်လူများဖြစ်ကြသည်။ ထို့ကြောင့် သူတို့က ဝိညာဉ်ကျောက်တုံးများကိုအသုံးပြု၍ ရောင်းဝယ်ရန်အတွက် မဖြစ်နိုင်ပေ။

ကျင့်ကြံခြင်းလောကတွင် ဝိညာဉ်ကြေးပြားများကို အသုံးမပြုနိုင်ပေ။ ထိုကြေးပြားများသည် ကျင့်ကြံသူများအတွက် စာရွက်လွတ်တစ်ရွက်သာ ဖြစ်သည်။

သို့သော် တိုင်းပြည်၏အာမခံချက် ရှိနေသောကြောင့် သာမန်လူသားများက ပြဿနာမရှိဘဲ အသုံးပြုနိုင်သည်။

ဝိညာဉ်ကြေးပြားများအတွက် အဖွဲ့အစည်းတစ်ခုရှိသည်ဟု ဇူအော်လင်းက ပြောခဲ့သည်။ သို့သော် သူက ထိုအဖွဲ့အစည်းကို မမြင်ဘူးပေ။

“လူသားလောကနဲ့ ကျင့်ကြံခြင်းလောကတို့က ကွာခြားနေတုန်းပဲ”

မူဝမ်က မြင်းလှည်းနှင့်အတူထွက်သွားသော ဇူအော်မိသားစု၏လူသုံးယောက်ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

ဟန်မူယဲ့က ခေါင်းညိတ်သည်။

ကျင့်ကြံခြင်းလောကတွင် ခွန်အားသည် အရေးကြီးသည်။ လူတစ်ယောက်တွင် ခွန်အားရှိလျှင် ဝိညာဉ်ကျောက်တုံးများကို ရနိုင်လိမ့်မည်။ အကြောင်းပြချက်ပေးရန် မလိုပေ။

လူသားလောကတွင် လူသားများကိုချုပ်နှောင်ထားသော မရေမတွက်နိုင်လောက်သည့်စည်းမျဉ်းများ ရှိသည်။ ထိုစည်းမျဉ်းများသည် လူသားများအတွက် လုံခြုံမှုကိုပေးနိုင်သော်လည်း တစ်ချိန်တည်းမှာပင် ကန့်သတ်ချက်များကို ချမှတ်ထားခဲ့သည်။

“ဒါနဲ့ ဒီဆိုင်ကိုငှားဖို့အတွက် ဝိညာဉ်ကျောက်တုံးတွေ ဘယ်လောက်သုံးလိုက်ရလဲ”

ဟန်မူယဲ့က မူဝမ်ကိုလှည့်ကြည့်ပြီး မေးသည်။

ယနေ့တွင် သူက မြင်းလှည်းဆိုင်သို့သွားပြီး မြင်းလှည်းကို နှစ်ရှည်ငှားရမ်းရန်အတွက် စာချုပ် ချုပ်ခဲ့သည်။ သူက ငါးနှစ်စာအတွက် ဝိညာဉ်ကျောက်တုံး ၁,၂၀၀ ပေးခဲ့ရသည်။

ထိုဝိညာဉ်ကျောက်တုံးများကို ဝိညာဉ်ကြေးပြားအဖြစ်ပြောင်းလိုက်လျှင် လူသုံးယောက်ရှိသောမိသားစုတစ်စုသည် မြို့အလယ်ပိုင်းတွင် နှစ်အနည်းငယ်ခန့် နေနိုင်လိမ့်မည်။

ထိုသို့ဆိုလျှင် တော်ဝင်ဥယျာဉ်လမ်းတွင်ရှိသော ဈေးဆိုင်သည် အလွန်ဈေးကြီးလိမ့်မည်။

“အစ်ကိုဟန်က ဆိုင်ဖွင့်တာကနေ အမြတ်ပြန်မရမှာကို စိုးရိမ်နေတာလား”

မူဝမ်က ပြုံးလိုက်ပြီး စာအုပ်ကိုသိမ်းသည်။ သူမက ခြံဝိုင်းထဲသို့ ဝင်သွားခဲ့သည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းခါသည်။

ဆိုင်ပိတ်ပြီးသောအခါတွင် သူက အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။ သူ့ပတ်ဝန်းကျင်တွင် ချီစွမ်းအင်အလင်းများ လှုပ်ရှားနေသည်။

သို့သော် သူက မကျင့်ကြံခဲ့ပေ။ ချီစွမ်းအင်အလင်းများကို ဖိနှိပ်လိုက်ပြီး ပန်းချီကားတစ်ချပ်ကို ဖွင့်ကြည့်သည်။

လုယွီကျိုး၏ စုဆောင်းမှုထဲတွင် ချင်းထန့်၏ပန်းချီကားများ များပြားစွာရှိနေသည်။

ဆရာချင်းထန့်သည် လုယွီကျိုးကဲ့သို့ အထိန်းအကွပ်မဲ့စွာ လွတ်လပ်သည်ဟု ပြောကြသည်။

‘သူတို့က တူညီတဲ့စိတ်ဝင်စားမှုတွေ ရှိနေတာလား။ မဟုတ်သေးဘူး။ တစ်ယောက်ကိုတစ်ယောက် သနားနေတာဖြစ်ရမယ်’

ဟန်မူယဲ့က တွေးသည်။

သူက စာလိပ်ကို ဖွင့်လိုက်သောအခါတွင် အပြင်ဘက်သို့ ပျံထွက်လာလုနီးပါးဖြစ်နေသော အသက်ဝင်သည့်ငှက်များကို မြင်လိုက်ရသည်။

သမာဓိစွမ်းအားများသည် ပန်းချီကားကို လွှမ်းခြုံသွားသည်။

ပန်းချီကားထဲတွင်ရှိသောငှက်များသည် တောင်ပံများကိုဖြန့်၍ ပျံထွက်လာပြီး အခန်းထဲတွင် လှည်ပတ်နေသည်။

ပန်းချီကားတွင် ဝိညာဉ်တစ်ခုရှိပြီး ဓမ္မရတနာတစ်ခုနှင့် ယှဉ်နိုင်သည်။

ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများ၏အမြင်တွင် ထိုပန်းချီစာလိပ်သည် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုဖြစ်သည်။

သူ့စိတ်ထဲတွင် သာမန်ကာလျှံကာပန်းချီဆွဲနေသော အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ဦး ပေါ်လာသည်။

သူက မင်ရည်စက်နည်းစနစ်ကို နားလည်ခဲ့သည်။

သူက မင်ရည်ပန်းချီနည်းစနစ်ကို နားလည်ခဲ့သည်။

....

လောက၏မဟာတာအိုတွင် တူညီသောအဆုံးသတ်သို့ ရောက်နိုင်ရန်အတွက် နည်းလမ်းအမျိုးမျိုးရှိသည်။

စာရွက်ပေါ်တွင် နဂါးတစ်ကောင်ကဲ့သို့ရွှေ့လျားနေသော မင်ရည်ကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့၏ ချီပင်လယ်တွင်ရှိသော ဓားဆန္ဒသည် အနည်းငယ်တုန်ခါသွားသည်။

သူ့ဒန်ထျန်ထဲတွင်စုစည်းထားသော ဓားဆန္ဒသည် ဆက်တိုက်လည်ပတ်နေသည်။

ချီပင်လယ်သည် ဓားဆန္ဒများကို စုစည်းပေးပြီး ဒန်ထျန်သည် ဓားတာအိုကို စုစည်းသည်။

သွေး၊ ချီနှင့်ဝိညာဉ်ကို ပေါင်းစပ်လိုက်လျှင် ဓားတာအိုရွှေအမြုတေကို စုစည်းနိုင်မည်။

အမှန်အတိုင်းပြောရလျှင် သူက ရွှေအမြုတေအဆင့်သို့ ချက်ချင်းတက်ရောက်နိုင်သည်။ သူက ခန္ဓာကိုယ်ကို လေ့ကျင့်နေပြီး အလျင်မလိုသောကြောင့် ဖြစ်သည်။

“ဇီတာ၊ ကျားကွက်၊ လက်ရေးလှ၊ ပန်းချီ၊ ကဗျာနဲ့ သီချင်း။ ကွန်ဖြူးရှပ်တာအိုက အလယ်ပိုင်းကုန်းမြေကိုလွှမ်းမိုးနိုင်တာ မအံ့သြတော့ပါဘူး။ ဒီနည်းလမ်းတွေနဲ့တင် တခြားကျင့်ကြံသူတွေကို ကျော်တက်နိုင်တယ်”

ပန်းချီကားထဲသို့ပြန်ဝင်သွားသော ငှက်များကိုကြည့်လိုက်ပြီး ဟန်မူယဲ့က တီးတိုးရေရွှတ်သည်။

အဆင့်နိမ့်ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများသည် တိုးတက်ရန် ခက်ခဲသော်လည်း အဆင့်မြင့်သောအခါတွင် ကျွမ်းကျင်မှုရှိလာပြီး လောကကိုလေ့လာ၍ တာအိုကို ရရှိနိုင်သည်။ သူတို့ကို တခြားလူများက မယှဉ်နိုင်ပေ။

ဟန်မူယဲ့က ပန်းချီကားကိုသိမ်းလိုက်ပြီး ဗလာဖြစ်နေသောစာလိပ်ကို ထုတ်ယူသည်။

ရတနာရှစ်မျိုးယုရီသည် စုတ်တံအဖြစ် ပြောင်းသွားသည်။

ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ စားပွဲပေါ်တွင် မင်တုံးသွေးပြီး စုတ်တံကိုနှစ်၍ စက္ကူပေါ်တွင် ပန်းချီဆွဲသည်။

ခဏအကြာတွင် အနက်ရောင်စပျစ်သီးများ ပေါ်လာခဲ့သည်။

သူက ပန်းချီကားကို သေချာကြည့်လိုက်သောအခါ စိတ်နယ်ပယ်ထဲတွင် စပျစ်သီးပုံများ ပေါ်လာသည်။ စပျစ်သီးများသည် ချိုမြိန်ပြီး စိတ်ကို အားဖြည့်ပေးနိုင်သည်။

သူက ကျေနပ်သွားပြီး စာရွက်ပေါ်တွင် အမှတ်အသားရေးထိုးလိုက်သည်။

“မူယဲ့က ဆရာနွယ်စိမ်းရဲ့ပုံစံကို အတုယူထားတယ်”

ထို့နောက် သူက စုတ်တံကို သိမ်းသည်။

ဟန်မူယဲ့က ဗလာဖြစ်နေသောအခန်းကိုကြည့်လိုက်ပြီး သက်ပြင်းချပြန်သည်။

ညတာသည် ရှည်လျားပြီး သူက မအိပ်ချင်ပေ။

‘လကြည့်ဖို့အတွက် အင်မော်တယ်လရေကန်ကို ညီမမူနဲ့အတူသွားရင် ကောင်းမလား’

ရှုခင်းက လှပသောကြောင့်သာ ဖြစ်သည်။

....

လမ်းပေါ်တွင် မြင်းလှည်းတစ်စီးမောင်းနှင်နေသည်။ ညအချိန်ဖြစ်သောကြောင့် မြင်းလှည်းက အရှိန်မြှင့်ထားသည်။

မြင်းလှည်းမောင်းနေသောဇူအော်လင်းက သက်တောင့်သက်သာရှိနေပုံပေါ်သည်။ သို့သော် သူက အကောင်းဆုံးကြိုးစားပြီး မြင်းလှည်းကိုတည်ငြိမ်အောင် ထိန်းချုပ်ထားသည်။

မြင်းလှည်းထဲတွင် ဇူအော်ယုထင်က ကျောက်စိမ်းတုံးတစ်တုံးကို ကိုင်ထားပြီး အလင်းပေးလိုက်သည်။ ဇူအော်ယုလုံက စာအုပ်ဖွင့်ပြီး ယနေ့မြင်ခဲ့ရသောစာလုံးများကို မှတ်သားလိုက်သည်။

“မဟာတာအိုက ခက်ခဲတယ်။ ငါ့ကို လိမ်ညာနေတာမဟုတ်ဘူး ....”

ဇူအော်ယုလုံက စာရေးသားခြင်းကို ရပ်တန့်လိုက်ပြီး ခေါင်းခါ၍ သက်ပြင်းချသည်။

“ငါက တော်ဝင်ကျောင်းတော်မှာ သင်ခန်းစာတွေနားထောင်နိုင်ရင် သူများတွေနဲ့ သိပ်ကွာမှာမဟုတ်ဘူးလို့ တွေးမိတယ်”

“အခု မဟာကျောင်းတော်သားကြီးတွေရဲ့ လက်ရေးစာမူတွေကို မြင်လိုက်ရတဲ့အခါမှာ နေ့တိုင်း မဟာပညာရှင်တွေနဲ့ သင်ကြားနေရတဲ့ တော်ဝင်ကျောင်းတော်ရဲ့ကျောင်းသားတွေက ဘယ်လောက်တောင်ထူးချွန်နေမလဲဆိုတာကို နားလည်သွားတယ်”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ဇူအော်ယုထင်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“အတူတူပဲ။ အာခီမီအတန်းမှာလည်း တရားဝင်အာခီမီပညာရှင်နဲ့ တိုက်ရိုက်တပည့်တွေကပဲ အကောင်းဆုံးသင်ကြားမှုတွေကို ရနိုင်တယ်”

“အမှန်အတိုင်းပြောရရင် သူတို့က ကျွန်မတို့တိုက်ခိုက်နေတဲ့ အခွင့်အရေးတွေကိုတောင် ဂရုမစိုက်ဘူး”

ဇူအော်လင်းက သူတို့၏စကားကို ကြားလိုက်ရပြီး ပါးစပ်အဟောင်းသားဖြစ်နေသည်။

‘အခွင့်အရေးတဲ့လား’

‘ဒီနေ့အခွင့်အရေးကရော ဘယ်လိုလဲ’

“ယုလုံ၊ ယုထင် ဒီနေ့ကစပြီး မြို့အလယ်ပိုင်းကို ပြောင်းနေရင်ရော ဘယ်လိုလဲ”

ဇူအော်လင်းက မြင်းလှည်းကို အရှိန်လျော့လိုက်ပြီး မေးသည်။

“မြို့လယ်ပိုင်းကိုလား”

ဇူအော်ယုထင်က ကြောင်အသွားသည်။

“အဖေ၊ မြို့လယ်ပိုင်းရဲ့ အိမ်ငှားခဈေးနှုန်းက ....”

“ကျွန်တော်သဘောတူတယ်”

ဇူအော်ယုလုံ၏မျက်လုံးများ တောက်ပသွားသည်။ သူက ညီမဖြစ်သူကို လှည့်ကြည့်သည်။

“ငါတို့ အခုနေတဲ့နေရာက လူတွေများတယ်။ အမြဲတမ်းနေနိုင်တဲ့နေရာလည်း မဟုတ်ဘူး”

“မြို့လယ်ပိုင်းက ပိုပြီး တိတ်ဆိတ်တယ်”

သူ့မျက်လုံးများက မီးတောက်များရှိနေသကဲ့သို့ တောက်ပနေသည်။

“အရေးအကြီးဆုံးအရာကတော့ ငါတို့က ဈေးဆိုင်နဲ့ ပိုနီးလာတဲ့အတွက် ဆိုင်မှာ ကြာကြာနေနိုင်လိမ့်မယ်”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ဇူအော်ယုထင်က တုံ့ဆိုင်းသွားပြီး တီးတိုးပြောသည်။

“အစ်ကို၊ ဆိုင်ရှင်တွေက ဘယ်သူတွေလို့ အစ်ကိုထင်လဲ။ သူတို့ဆိုင်က တကယ်ပဲ တိုးတက်လာမှာလား”

“နန်းမြို့တော်မှာ ဆေးဆိုင်တစ်ဆိုင်က နောက်ခံမရှိရင် စီးပွားရေးလုပ်ဖို့ ခက်တယ်”

သူမက အာခီမီအခန်းတွင် တပည့်တစ်ယောက်ဖြစ်သောကြောင့် အာခီမီနယ်ပယ်၏ ရေးသားမထားသောစည်းမျဉ်းများကို နားလည်နေသည်။

“တခြားလူတွေက လုပ်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ဆိုင်ရှင်နဲ့သူဌေးက သေချာပေါက်လုပ်နိုင်လိမ့်မယ်”

ဇူအော်ယုလုံ၏မျက်နှာထားက လေးနက်နေသည်။

“အဖေ၊ သဘောတူတယ်မဟုတ်လား”

မြင်းလှည်းမောင်းနေသောဇူအော်လင်းက ရယ်လိုက်သည်။

သူက လုယွီကျိုး၏အိမ်တွင် တွေ့သမျှပစ္စည်းများကို ဟန်မူယဲ့၏အမိန့်အတိုင်း ရွှေ့ပေးခဲ့ရသည်။

သူတော်စင်တစ်ဝက်အဆင့် ....

လောက၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ထိုလူမျိုးနှင့် မိတ်ဆွေဖြစ်နိုင်သောလူသည် သာမန်မဟုတ်ပေ။

မြင်းလှည်း၏ဘီးလုံးများသည် လည်ပတ်နေသည်။ ဇူအော်လင်းက အော်ဟစ်လိုက်သည်။

“ရွှေ့ကြမယ်။ ငါတို့ ဒီနေ့ညပဲ မြို့လယ်ပိုင်းကို ပြောင်းမယ်”

ဟန်မူယဲ့နှင့်မူဝမ်က နှစ်ရက်ကြာသည်အထိ ဆိုင်ကိုပြင်ဆင်နေပြီး လိုအပ်သောပရိဘောဂပစ္စည်းများကို ဝယ်ယူခဲ့သည်။

ခြံဝိုင်းကို ကျောက်တုံးများ၊ ဝါးပင်များဖြင့် အလှဆင်ထားပြီး အခန်းများကို သန့်ရှင်းရေးလုပ်ထားသည်။

ကံကောင်းစွာဖြင့် ဇူအော်လင်းက နန်းမြို့တော်နှင့် ရင်းနှီးသည်။ သူက မြင်းလှည်းမောင်းပြီး ဟန်မူယဲ့တို့လိုအပ်သောပစ္စည်းများကို နေရာအနှံ့တွင် ဝယ်ပေးနိုင်သည်။

သို့သော် ဇူအော်လင်းတို့ငှားခဲ့သောအိမ်သည် ဟန်မူယဲ့တို့၏ဆိုင်နှင့် မိုင်ဒါဇင်ချီပြီး ဝေးနေသည်။

သူက ဈေးဆိုင်နှင့် နီးကပ်လိုသော်လည်း တစ်လလျှင် ဝိညာဉ်ကျောက်တုံးရာချီသော အိမ်ငှားခကို အမှန်တကယ်ပင် မတတ်နိုင်ပေ။

ဆိုင်သည် ပုံစံပြောင်းသွားခဲ့သည်။ မူဝမ်က ဆေးလုံးများသန့်စင်ပြီး အရင်ဆုံးပြသထားရန်အတွက် တွေးမိသည်။

ဟန်မူယဲ့က ခွန်အားကို မထိန်းချုပ်နိုင်သေးပေ။ သူက ဝိညာဉ်ဆေးပင်များကို ဖြုန်းတီးလိုက်ပြီး လက်လျော့ခဲ့သည်။

စွေ့စွေ့နှင့်ရှောက်တထျန်းက စားသောက်ဆိုင်ကို ဖွင့်ခဲ့သည်။ ဆိုင်ထဲတွင် စားပွဲခုံလေးခုံကို ခင်းကျင်းထားသည်။ အနောက်ဘက်ရှိမီးဖိုချောင်ထဲတွင် စားသောက်ဖွယ်ရာများကို ပြင်ဆင်သည်။

ဆိုင်သည် ကလေးများကို ဆွဲဆောင်နိုင်သည်။

သူတို့က ဟန်မူယဲ့၏အကြံဉာဏ်ကိုလည်း ရယူခဲ့သည်။

နန်းမြို့တော်တွင် အရွယ်အစားအမျိုးမျိုးရှိသော ဈေးဆိုင်များရှိသည်။ မရေမတွက်နိုင်လောက်သော စားသောက်ဆိုင်များလည်း ရှိသည်။

စွေ့စွေ့နှင့်ရှောက်တထျန်းက စားဖိုမှူးများမဟုတ်ပေ။ တောင်ပိုင်းကုန်းမြေ၏ သွားရည်စာများကိုအသုံးချ၍ ကလေးများကိုဆွဲဆောင်ခြင်းသည် အကြံကောင်းတစ်ခုပင်ဖြစ်သည်။

သူတို့နှစ်ယောက်က စားသောက်ဆိုင်ကို ကြိုးစားလည်ပတ်နေသည်။ လွန်ခဲ့သောနှစ်ရက်တွင် ငါးကြော်လုံးနှင့် ပေါင်မုန့်ပြားများ ရောင်းကောင်းခဲ့သည်။

အထူးသဖြင့် ညဘက်တွင် တုတ်ထိုးချိုချဉ်များကို ဆိုင်တံခါးဝတွင် ချထားသည်။ ရှောက်တထျန်းက ဆိုင်ရှေ့တွင်ထိုင်ပြီး ကလေးများကို ကစားရန်အတွက် စောင့်နေသည်။ ဆိုင်အဝင်ဝသည် ကစားကွင်းတစ်ခုနှင့် တူနေသည်။

ညဘက်တွင် ဆိုင်ပိတ်လိုက်သောအခါ သူတို့က ဝိညာဉ်ကြေးပြားများကို စုဆောင်းနိုင်သည်။

ဝိညာဉ်ကျောက်တုံးများနှင့်လဲလှယ်လိုက်လျှင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးအချို့ ရနိုင်လိမ့်မည်။

သူတို့၏တွက်ချက်မှုအရ ဆိုင်ငှားခကိုပါ ထည့်တွက်လိုက်လျှင် တစ်နေ့ကို ကြေးပြားအချို့ ကျန်လိမ့်မည်။

ထိုအမြတ်ကြောင့် ဝင်ငွေမရှိခဲ့သော သူတို့နှစ်ယောက်သည် စိတ်လှုပ်ရှားနေပြီး ကောင်းမွန်စွာမအိပ်နိုင်ခဲ့ပေ။

ဆေးဆိုင်တွင် ဟန်မူယဲ့က ကောင်တာနောက်တွင်ထိုင်နေပြီး ပေါ့ပါးစွာ ပန်းချီဆွဲနေသည်။

သူက ပန်းချီနည်းစနစ်များကို ပိုမိုစိတ်ဝင်စားလာပုံပေါ်သည်။

သဘာဝနှင့်အလွန်နီးစပ်သော ပန်းချီဆွဲခြင်းသည် လူတစ်ယောက်၏စိတ်အခြေအနေကို လေ့ကျင့်ရာတွင် အလွန်အကျိုးသက်ရောက်မှုရှိသည်။

All Chapters