← Chapters

အခန်း (၄၆၀)

Vol. 33 Ch. 460

အခန်း (၄၆၀)

Vol. 33 Ch. 460

“ဒီစံအိမ်မှာ အာခီမီဆရာ သုံးယောက်ရှိပါတယ်။ သူတို့ထဲမှာ စံအိမ်သခင် တာအိုတန်ခိုးရှင်ချန်ယွင်က အာခီမီဆရာတစ်ယောက်ပဲ။ သူက သွေးမျိုးဆက်စုစည်းနိုင်တဲ့ဆေးလုံးတွေကို သန့်စင်တဲ့နေရာမှာ ကျွမ်းကျင်ပါတယ်”

ဇူအော်ယုထင်က လမ်းပြနေစဉ်တွင် ဖြည်းဖြည်းချင်း ရှင်းပြနေသည်။

“သွေးမျိုးဆက်ကို စုစည်းနိုင်တာလား”

မူဝမ်က ဟန်မူယဲ့ကို လှည့်ကြည့်သည်။

“ဂိုဏ်းတူအစ်ကို၊ ကျွန်မတို့ သွားကြည့်ကြမလား”

အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဟန်မူယဲ့က သွေးမျိုးဆက်စုစည်းနိုင်သောဆေးလုံးများကို သန့်စင်ရာတွင် ကျွမ်းကျင်ခဲ့သည်။ ထို့အပြင် ကောင်းကင်ကြိုးကြာများ၏ သွေးအဆီအနှစ်ကိုလည်း ဆေးလုံးထဲတွင် ပေါင်းထည့်ခဲ့သည်။

တောင်ပိုင်းကုန်းမြေသည် သွေးမျိုးဆက်စွမ်းအားနှင့်ပတ်သတ်၍ အလွန်စွဲလမ်းနေသည်။

သူတို့က ကံကောင်းခြင်းအာခီမီစံအိမ်သို့ ရောက်သွားသောအခါတွင် အစိမ်းရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက် ရောက်လာသည်။

“ညီမဇူအော်၊ အာခီမီစံအိမ်ကနေ ထွက်သွားတော့မယ်လို့ ပြောခဲ့တယ်မဟုတ်လား”

“အစ်ကိုကျိုး၊ ဒါက ကျွန်မရဲ့သခင်လေးနဲ့ သခင်မလေးပါ။ သူတို့က တာအိုတန်ခိုးရှင်ချန်ယွင်ရဲ့ ဆေးလုံးသန့်စင်မှုကို ကြည့်ချင်ပါတယ်”

ဇူအော်ယုလုံက ညင်သာစွာပြောသည်။

သူမက အာခီမီစံအိမ်မှ ထွက်လာသောအခါတွင် အနည်းငယ်နောင်တရခဲ့သည်။

သို့သော် ဆေးလုံးသန့်စင်နေသောမူဝမ်ကို မြင်လိုက်ရသောအခါတွင် သူမက အလွန်ဝမ်းသာသွားသည်။

မူဝမ်၏ အာခီမီကျွမ်းကျင်မှုသည် တာအိုတန်ခိုးရှင်ချန်ယွင်၏အထက်တွင် ရှိနေသည်။

အာခီမီကို လေ့လာချင်ကြောင်း ကြားလိုက်ရသောအခါတွင် အစ်ကိုကျိုးက ပြုံးသည်။

“ညီမဇူအော်၊ အာခီမီစံအိမ်ရဲ့စည်းမျဉ်းတွေကို သိတယ်မဟုတ်လား။ ဆေးမီးပြင်းဖိုတစ်အိုး သန့်စင်ဖို့အတွက် ဝိညာဉ်ကျောက်တုံးတစ်ရာ လိုအပ်တယ်။ လမ်းညွှန်မှုကို လိုချင်တယ်ဆိုရင် ဈေးနှုန်းက နှစ်ဆဖြစ်သွားလိမ့်မယ်”

ထိုအရာသည် အာခီမီအဆောက်အအုံ၏ စည်းမျဉ်းဖြစ်သည်။

ဝိညာဉ်ကျောက်တုံးများပေးနိုင်လျှင် ဆေးလုံးသန့်စင်မှုကို လေ့လာနိုင်သည်။

သို့သော် နားလည်သဘောပေါက်မှုသည် လေ့လာသူနှင့်သာ သက်ဆိုင်သည်။

ဇူအော်ယုလုံက ဟန်မူယဲ့နှင့်မူဝမ်ကို ကြည့်သည်။

“ဈေးမကြီးပါဘူး”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

ဝိညာဉ်ကျောက်တုံးနှင့်ဖြေရှင်းနိုင်သောကိစ္စရပ်များကို ဟန်မူယဲ့က ဂရုမစိုက်ပေ။

ဟန်မူယဲ့က နန်းမြို့တော်၏ အာခီမီစည်းမျဉ်းများကို သဘောကျသွားသည်။

သူက လူသားလောက၏ ဈေးထဲသို့ ရောက်နေသောကြောင့် စည်းမျဉ်းများကို ဈေးနှုန်းဖြင့် သတ်မှတ်ထားပုံရသည်။

သို့သော် ထိုအရာသည် ကောင်းမွန်သည်။

ပိုက်ဆံသည် သူ့အတွက် အရေးမကြီးပေ။

ပုံမှန်အားဖြင့် မောက်မာတတ်သော အာခီမီပညာရှင်သည် ဇူအော်ယုထင်ကို ပြုံးပြလိုက်ပြီး ဟန်မူယဲ့နှင့်မူဝမ်ကို လမ်းပြခဲ့သည်။

ဝိညာဉ်ကျောက်တုံးတစ်ရာ ရလာသောအခါတွင် သူက ကျေးဇူးမမေ့တတ်သည့်အတွက် ဇူအော်ယုထင်ကို ချီးကျူးလိုက်ပြီး သူမ၏လက်ထဲသို့ ဝိညာဉ်ကျောက်တုံးတစ်တုံး တိတ်ဆိတ်စွာထည့်ပေးခဲ့သည်။

ထို့ကြောင့် ဇူအော်ယုထင်က ရှက်သွားသည်။

တာအိုတန်ခိုးရှင်ချန်ယွင်က အသက်ငါးဆယ်အရွယ်ခန့် ဖြစ်သည်။ သို့သော် အမှန်တကယ်တွင် သူက အသက်သုံးရာကျော်နေသည်။ သူက ကမ္ဘာမြေ ဝိညာဉ်နိုးထခြင်းအဆင့်သို့ ရောက်နေသော်လည်း အာခီမီကို ကျင့်ကြံသောကြောင့် ကျင့်ကြံခြင်းအငွေ့အသက်သည် ကြံ့ခိုင်မှုမရှိပေ။

ထိုအရာသည် နန်းမြို့တော်ရှိကျင့်ကြံသူများအတွက် ပြဿနာတစ်ခုဖြစ်သည်။

သူတို့က တိုက်ပွဲများကို မကြုံဖူးသောကြောင့် သတ်ဖြတ်လိုစိတ်မရှိဘဲ ကျင့်ကြံရုံသာ တတ်နိုင်သည်။

ယနေ့တွင် ဆေးလုံးသန့်စင်ခြင်းကိုလေ့လာရန်အတွက် လူ ၁၂ယောက်၊ ၁၃ယောက်ခန့် ရှိနေသည်။ သူတို့ကို အုပ်စုခြောက်စု ခွဲထားသောကြောင့် ဝိညာဉ်ကျောက်တုံးခြောက်ရာ ရလိမ့်မည်။

သို့သော် ဝိညာဉ်ကျောက်တုံးခြောက်ရာသည် အဌမအဆင့်ဆေးလုံးနှင့် မယှဉ်နိုင်ပေ။

ထိုဆေးလုံးများသည် ဝိညာဉ်ကျောက်တုံးထောင်ချီ၍ တန်ဖိုးရှိသည်။

သို့သော် ဝိညာဉ်ကျောက်တုံးများပိုရလာလျှင် ပိုကောင်းသည်။ ထို့အပြင် အဖိုးအခသတ်မှတ်၍ ကြည့်ရှုခွင့်ပြုခြင်းသည် နန်းမြို့တော်မှ အာခီမီဈေးများ၏ ထုံးစံတစ်ခုဖြစ်သည်။

အချင်းချင်း သင်ယူနိုင်သည်။

ယနေ့ရှိနေသောလူအများစုသည် ဟန်မူယဲ့တို့နှင့် သက်တူရွယ်တူဖြစ်သည်။ တချို့က ရင်ဘတ်တွင် ရွှေတံဆိပ်များ တပ်ဆင်ထားသည်။

ရွှေတံဆိပ်များသည် အာခီမီဌာနမှ ထုတ်ပေးသော အာခီမီတံဆိပ်ပြားဖြစ်သည်။ ထိုတံဆိပ်ပြားသည် အဆင့်မီသော အာခီမီပညာရှင်တစ်ယောက်ကို ရည်ညွှန်းသည်။

အာခီမီပညာရှင်တစ်ယောက်ဖြစ်လာပြီး အတွေ့အကြုံ မလုံလောက်သောအခါတွင် ဝိညာဉ်ကျောက်တုံးအချို့အသုံးပြု၍ တခြားလူများ၏ ဆေးလုံးသန့်စင်မှုကို လေ့လာခြင်းသည် နည်းလမ်းကောင်းတစ်ခုဖြစ်သည်။

အဌမအဆင့်ဆေးလုံးကို သန့်စင်လိုလျှင် ဝိညာဉ်ကျောက်တုံး ရာချီ၊ ထောင်ချီ၍ ကုန်ဆုံးနိုင်သည်။

တာအိုတန်ခိုးရှင်ချန်ယွင်က ဆယ်ပေခန့်အကွာတွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ့ရှေ့တွင် အနီရောင်မီးတောက်များဝိုင်းရံထားသော အနက်ရောင်မီးပြင်းဖိုတစ်ခု ရှိနေသည်။

သူ့ဘေးတွင် လေးနက်သောမျက်နှာထားဖြင့် လူငယ်အချို့ရှိနေသည်။ သူတို့က မီးတောက်ကို အာရုံစိုက်ထားပြီး ဝိညာဉ်ဆေးပင်များကို ပြင်ဆင်နေသည်။

သူတို့သည် တာအိုတန်ခိုးရှင်ချန်ယွင်၏ တိုက်ရိုက်တပည့်များဖြစ်ကြပြီး ဆေးလုံးတာအိုနှင့်ပတ်သတ်၍ လမ်းညွှန်ချက်များကို ရရှိနိုင်သည်။

ဇူအော်ယုထင်က ပထမဆုံးအကြိမ်အဖြစ် တာအိုတန်ခိုးရှင်ချန်ယွင်၏ ဆေးလုံးသန့်စင်ခြင်းကို အနီးကပ်မြင်လိုက်ရသည်။

ဟန်မူယဲ့နှင့်မူဝမ်တို့ ရှိနေသောကြောင့် သူမက ဤအခွင့်အရေးကို ရခဲ့သည်။

ဆေးလုံးသန့်စင်နေသောအချိန်တွင် မည်သူမှ စကားမပြောကြပေ။ မီးတောက်ကိုထိန်းချုပ်ပြီး ဝိညာဉ်ဆေးပင်များ တစ်ပင်ပြီးတစ်ပင် ပစ်သွင်းနေသော တာအိုတန်ခိုးရှင်ချန်ယွင်ကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။ နောက်ဆုံးတွင် ဆေးလုံးများဖြစ်ပေါ်လာပြီး သိမ်းဆည်းလိုက်သည်။

ဆေးလုံးနှစ်လုံး ထွက်လာခဲ့သည်။ တစ်လုံးသည် အဆင့်မြင့်အရည်အသွေးဖြစ်ပြီး နောက်တစ်လုံးသည် သာမန်ပင်ဖြစ်သည်။

တာအိုတန်ခိုးရှင်ချန်ယွင်က သာမန်ဆေးလုံးကို ဘေးတွင်ရှိသော လူငယ်တစ်ယောက်ဆီသို့ ပေးလိုက်ပြီး သိမ်းခိုင်းသည်။

ဆေးလုံးများကို သိမ်းပြီးသောအခါတွင် တာအိုတန်ခိုးရှင်ချန်ယွင်က အပြင်လူများကို ကြည့်သည်။

“အားလုံးပဲ၊ တစ်ခုခုရလိုက်ကြလား”

သူ့စကားကို ကြားလိုက်ရသောအခါ ရင်ဘတ်ပေါ်တွင် တံဆိပ်တစ်ခုရှိနေသော အစိမ်းရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်က လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ မေးသည်။

“တာအိုတန်ခိုးရှင်ချန်က ဆေးလုံးသန့်စင်နေတဲ့အချိန်မှာ ရှင်းရန်မြက်ပင်ရဲ့ဂုဏ်သတ္တိကို ကျွန်တော်သတိထားမိပါတယ်။ ပြန်သွားပြီး စမ်းသပ်ကြည့်ဖို့ စိတ်ကူးထားပါတယ်”

“ဟုတ်တယ်။ ရှင်းရန်မြက်ပင်က ဆေးစွမ်းအားကို ဓာတ်ပြယ်စေဖို့အတွက် သုံးရတာ။ အချိန်ကိုက်ထည့်နိုင်ဖို့ အရေးကြီးတယ်”

တာအိုတန်ခိုးရှင်ချန်ယွင်က လမ်းပြပေးလိုက်သည်။ သို့သော် သူက တစ်ဝက်သာပြောခဲ့သည်။ မြက်ပင်ထည့်ရမည့်အချိန်ကို နားမလည်နိုင်လျှင် ဝိညာဉ်ကျောက်တုံးများပိုပေး၍ မေးမြန်းနိုင်သည်။

“ကျွန်မက ဒီဆေးညွှန်းထဲမှာရှိတဲ့ တောအုပ်သစ်မြစ်ရဲ့အသုံးချပုံကို မေးချင်ပါတယ်”

အဝတ်အစားပေါ်တွင် အိတ်ကပ်များစွာရှိနေသော အမျိုးသမီးကျင့်ကြံသူတစ်ယောက်က ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ပေးသည်။

အဆင့်မြင့်အရည်အသွေးဝိညာဉ်ကျောက်တုံးဖြစ်သည်။ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတစ်သောင်းနှင့် တန်ဖိုးတူသည်။

မေးခွန်းတစ်ခုအတွက် ဝိညာဉ်ကျောက်တုံးတစ်သောင်းဖြစ်သည်။

ဗဟုသုတများသည် အဖိုးတန်သည်။

ဝိညာဉ်ကျောက်တုံးတစ်သောင်းသည် သန့်စင်လိုက်သောဆေးလုံးများထက် အဖိုးတန်သည်။

တာအိုတန်ခိုးရှင်ချန်ယွင်က လက်ကို ဝှေ့ယမ်းလိုက်သောအခါ ဘေးတွင်ရှိသောတပည့်တစ်ယောက်က ဝိညာဉ်ကျောက်တုံးကို ယူလိုက်သည်။

သူက လက်မြှောက်လိုက်သောအခါတွင် ကျောက်စိမ်းပေလွှာတစ်ခု ပျံထွက်လာသည်။

ထိုကျောက်စိမ်းပေလွှာတွင် ကန့်သတ်ချက်ရှိပြီး လူတစ်ယောက်၏နတ်အာရုံကိုသာ ခွင့်ပြုသည်။ တခြားနတ်အာရုံများကို ဖျက်ဆီးပစ်လိမ့်မည်။

သို့သော် အမျိုးသမီးကျင့်ကြံသူက အချက်အလက်များကို ဖြန့်ဖြူးချင်လျှင် နည်းလမ်းများစွာသုံးနိုင်သည်။

သို့သော် အာခီမီကျင့်ကြံသူများအတွက် ကိုယ်ပိုင်နားလည်မှုသည် အရေးအကြီးဆုံးအရာဖြစ်သည်။ တခြားလူ၏ဗဟုသုတများကို ထုတ်ရောင်းပြီး ဝိညာဉ်ကျောက်တုံးရှာဖွေခြင်းသည် မကောင်းသောလမ်းစဉ်ဖြစ်သည်။

ကျင့်ကြံသူအများစုသည် တခြားလူများ၏နားလည်သဘောပေါက်မှုကို အမှီပြု၍ ကိုယ်ပိုင်ကျင့်ကြံခြင်းတိုးတက်လာရန် ကြိုးစားကြသည်။

တချို့အာခီမီပညာရှင်များသည် မေးခွန်းများမေးကြပြီး တချို့က နားလည်ထားသောအရာများကို ထုတ်ပြောသည်။

ဟန်မူယဲ့၏အမြင်တွင် ဤဖြစ်ရပ်သည် တာအိုတန်ခိုးရှင်ချန်ယွင်၏ အာခီမီနှင့်ပတ်သတ်သော အကျိုးအပြစ်များကို ထောက်ပြနေခြင်းဖြစ်သည်။

သူ့အမြင်အရ တာအိုတန်ခိုးရှင်ချန်ယွင်သည် ကျောက်စိမ်းဆီဆေးလုံးများကို သန့်စင်ရာတွင် မကျွမ်းကျင်ပေ။ အမှားများ ရှိနေသည်။

“ယုထင်၊ ဘယ်လိုလဲ။ တစ်ခုခု နားလည်လိုက်လား”

မူဝမ်က စိတ်လှုပ်ရှားနေသော ဇူအော်ယုထင်ကို လှည့်ကြည့်သည်။

ဇူအော်ယုထင်က ထပ်ကာတလဲလဲ ခေါင်းညိတ်သည်။

“ကျွန်မက တစ်ခုခု နားလည်လိုက်တယ်ထင်တယ်။ ကျွန်မ၊ ကျွန်မ ....”

သူမ၏မျက်နှာက နီရဲနေသည်။ သို့သော် နားလည်ထားသည့်အရာကို မဖော်ပြနိုင်ပေ။

“ကျောက်စိမ်းဆီဆေးလုံးက အဌမအဆင့်ဆေးလုံးတွေကြားမှာ နာမည်ကြီးတဲ့ဆေးလုံးပဲ။ အဲ့ဒီဆေးလုံးက သွေးမျိုးဆက်စွမ်းအားပေါင်းစပ်မှုကို တိုးမြှင့်ပေးနိုင်တယ်”

“ဒါပေမဲ့ သွေးမျိုးဆက်စွမ်းအားပေါင်းစပ်မှုက ချီစွမ်းအင်နဲ့ ကျင့်ကြံခြင်းအပေါ်မှာလည်း မူတည်သေးတယ်။ အဲဒါကြောင့် ဆေးလုံးက ကမ္ဘာမြေအဆင့်အောက်မှာရှိတဲ့ လူတွေအတွက်ပဲ အသုံးဝင်တယ်”

မူဝမ်က ရှက်နေသော ဇူအော်ယုထင်ကိုကြည့်လိုက်ပြီး ညင်သာစွာပြုံးသည်။

ဗဟုသုတသည် မခက်ခဲပေ။ သင်ကြားပေးရန် လူတစ်ယောက်ကိုသာ လိုအပ်သည်။

သင်ယူနေသောလူများကို ထိုသို့ပြောပြမည့်လူ မရှိပေ။

“ဒီဆေးလုံးက ဖီးနစ်ငှက်မွေးမြက်ပင်ကို အဓိကပါဝင်ပစ္စည်းအနေနဲ့ သုံးထားတယ်။ ဆေးပင်ရဲ့ဆေးစွမ်းအားကို သန့်စင်ဖို့အတွက် အပူချိန်ကို လျော့ချထားရမယ်။ ပြီးတော့ ဖုန့်ယွမ်မြက်ပင်နဲ့ သံမဏိသစ်ကိုင်းကို အသုံးပြုပြီး ဆေးစွမ်းအားကို ချေဖျက်ရမယ်။ အဲ့ဒါကြောင့် ဆေးရည်ကို ရောနှောတဲ့အချိန်မှာ အပူချိန်ပြန်မြှင့်ရမယ်”

မူဝမ်၏စကားလုံးများကြောင့် ဘေးတွင်ရှိနေသော အာခီမီလူငယ်များက နားလည်သွားသောမျက်နှာထားဖြင့် ခေါင်းညိတ်သည်။

သူမက စကားလုံးအနည်းငယ်သာ ပြောကြားခဲ့သော်လည်း ဆေးလုံးသန့်စင်ခြင်း၏ ယူဆချက်များကို ရှင်းပြသွားသည်။

ဇူအော်ယုထင်က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်သည်။

တစ်ဖက်တွင် တာအိုတန်ခိုးရှင်ချန်ယွင်က မူဝမ်ကို အံ့အားသင့်စွာကြည့်သည်။

သူမသည် ငယ်ရွယ်သော်လည်း ဆေးလုံးသန့်စင်သည့်ဖြစ်စဉ်တွင် ဆေးစွမ်းအားများရောစပ်ပုံကို မြင်နိုင်သည်။ ထိုလူမျိုးသည် ရှားပါးသည်။

ကျောက်စိမ်းဆီဆေးလုံးသည် လူသိများသော်လည်း ဆေးလုံးသန့်စင်ရာတွင် မတူညီသောနည်းလမ်းများကို အသုံးပြုကြသည်။ ထို့ကြောင့် ကွာခြားချက်များ ရှိသည်။

သူက စဉ်းစားလိုက်ပြီး စကားပြောမည့်အချိန်တွင် မူဝမ်၏အသံကို ထပ်ကြားလိုက်ရသည်။

“ဒါပေမဲ့ သံမဏိသစ်ကိုင်းရဲ့ဆေးစွမ်းအားကို နည်းနည်းလောက်ပိုပြီး အသုံးပြုနိုင်ရင် ဆေးလုံးက ပိုကောင်းလာမယ်ထင်တယ်”

မူဝမ်က ဟန်မူယဲ့ကိုလှည့်ကြည့်ပြီး ပြောသည်။

သူမ နားမလည်နိုင်သော အရာတစ်ခုခုရှိလာလျှင် အစ်ကိုဟန်ကိုအကူအညီတောင်းခြင်းသည် သူမ၏ အကျင့်တစ်ခုဖြစ်သည်။

‘သံမဏိသစ်ကိုင်းရဲ့ဆေးစွမ်းအားကို နည်းနည်းပိုသုံးမှာလား’

တာအိုတန်ခိုးရှင်ချန်ယွင်၏မျက်နှာထားက ပြောင်းလဲသွားသည်။

သူက ထိုအကြောင်းကို သိထားသည်။ သံမဏိသစ်ကိုင်း၏ဆေးစွမ်းအားကို ပိုသုံးနိုင်လျှင် ဆေးလုံးသည် ထိပ်တန်းအဆင့်ဆေးလုံး ဖြစ်လာလိမ့်မည်။

သို့သော် သံမဏိသစ်ကိုင်းသည် ပေါင်းစပ်ရန်ခက်သည်။ မီးအပူချိန်ကို မြှင့်တင်လိုက်လျှင် မီးပြင်းဖိုထဲတွင်ရှိသော တခြားဆေးပင်များ ပျက်စီးသွားလိမ့်မည်။

အာခီမီလမ်းစဉ်တွင် ဟန်ချက်ညီမှုကိုထိန်းချုပ်ရန် အလွန်ခက်ခဲသည်။

တာအိုတန်ခိုးရှင်ချန်ယွင်က ဆေးလုံးများ၏ပြောင်းလဲမှုအတွက် အချိန်ကြာမြင့်စွာ စဉ်းစားကြည့်ခဲ့ရသည်။

ဈေးကွက်ထဲတွင်ရှိသော ကျောက်စိမ်းဆီဆေးလုံးအများစုသည် အဆင့်မြင့်အဆင့်တွင် ရှိသည်။ ထိပ်တန်းအဆင့်ဆေးလုံးများသည် အနည်းငယ်သာရှိသည်။ ဆေးစွမ်းအားကို ဟန်ချက်ညီစွာတိုးမြှင့်ရန်အတွက် မလွယ်ကူပေ။

“ဟီးဟီး၊ တာအိုရောင်းရင်းလေး သံမဏိသစ်ကိုင်းရဲ့ဆေးစွမ်းအားကို ဖော်ထုတ်ဖို့မလွယ်ဘူး။ မိုးရေမြက်ပင်နဲ့ ရင်းမြစ်ကြွယ်မြက်တို့က အပူချိန်ကို မခံနိုင်ဘူး”

တာအိုတန်ခိုးရှင်ချန်ယွင်က ပြုံးလိုက်ပြီး ခေါင်းခါသည်။ သူက ဟန်မူယဲ့ကို ကြည့်သည်။

“တာအိုရောင်းရင်း၊ မင်းနားလည်သင့်တယ်”

ဟန်မူယဲ့က စကားမပြောသော်လည်း မျက်နှာထားတည်ငြိမ်နေသောကြောင့် ယုံကြည်ချက်ရှိနေပုံပေါ်သည်။

အာခီမီပညာရှင်လူငယ်များကလည်း နောင်တများဖြင့် ခေါင်းညိတ်သည်။

တာအိုတန်ခိုးရှင်ချန်ယွင်၏နောက်တွင်ရှိသော တပည့်များက ရယ်လိုက်သည်။

သူတို၏ဆရာသည် အာခီမီဆရာအဆင့်တွင် ရှိနေသည်။

“ဟုတ်တယ်။ ဒီဆေးလုံးတွေက သံမဏိသစ်ကိုင်းရဲ့ ဆေးစွမ်းအားလျော့နည်းလို့ အရည်အသွေးမကောင်းဖြစ်နေတာကို ညီမမူက ပြောနိုင်တာပဲ။ ညီမမူရဲ့ အာခီမီပါရမီက တကယ့်ကို ထူးခြားပါတယ်”

ဟန်မူယဲ့က မျက်နှာထားပြောင်းလဲမသွားဘဲ မူဝမ်ကို ကြည့်သည်။

မူးဝမ်က ချီးကျူးခံလိုက်ရသောကြောင့် ပြုံးမိသည်။

“သံမဏိသစ်ကိုင်းရဲ့ဆေးစွမ်းအားကို ပေါင်းစပ်ဖို့အတွက် နည်းလမ်းတွေအများကြီးရှိတယ်”

ဟန်မူယဲ့၏စကားများကြောင့် လူတိုင်း အံ့အားသင့်သွားပြီး သူ့ကို ကြည့်လိုက်သည်။

တာအိုတန်ခိုးရှင်ချန်ယွင်၏မျက်လုံးများက တောက်ပလာပြီး ဟန်မူယဲ့ကို ကြည့်သည်။

“တာအိုရောင်းရင်း၊ မင်းမှာ တကယ်ပဲ နည်းလမ်းရှိရင် ငါက .....”

တာအိုတန်ခိုးရှင်ချန်ယွင် စကားပြောမပြီးခင် ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး ပြောသည်။

“ရိုးရှင်းတဲ့နည်းလမ်း သုံးခုရှိတယ်။ ပထမတစ်ခုက ဆေးညွှန်းကို ပြောင်းပြီး ဖုန့်ယွမ်မြက်ကို မဂ္ဂနိုလီယာသစ်ကိုင်းနဲ့ အစားထိုးလိုက်။ ဆေးစွမ်းအားက အများကြီး ပြောင်းလဲသွားမှာမဟုတ်ဘူး”

“ဒါပေမဲ့ မဂ္ဂနိုလီယာသစ်ကိုင်းက ဈေးကြီးတဲ့အတွက် ကုန်ကျစရိတ်များလာလိမ့်မယ်”

လူငယ်များအားလုံးက ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။

ဟန်မူယဲ့၏စကားများက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ရှားပါးသော အတွေ့အကြုံတစ်ခု ဖြစ်သည်။

သူတို့ အောင်မြင်သွားခဲ့လျှင် ဆေးညွှန်းအသစ် ရလာလိမ့်မည်။

ဆေးညွှန်းများကို ပြောင်းလဲနိုင်သောလူရှိလျှင် ဘွဲ့ထူး ချီးမြှင့်ခံရမည်။

ထိုအရာသည် အာခီမီဈေးတွင် နာမည်တစ်လုံးရလာနိုင်သော အခွင့်အရေးဖြစ်သည်။

“မဂ္ဂနိုလီယာသစ်ကိုင်းလား”

All Chapters