အခန်း (၄၆၂)
Vol. 33 Ch. 462
သူ့စကားကို ကြားလိုက်ရသောအခါတွင် လူအိုကြီးက လက်ကိုဝှေ့ယမ်းလိုက်ပြီး အပေါ်ထပ်သို့ တက်သွားသည်။
“ကျေးဇူးပြုပြီး ကြွပါ”
ငါးယောက်မြောက်သခင်မလေး၊ အစိမ်းပုပ်ရောင်ဝတ်စုံနှင့်လူငယ်လေး၊ အာခီမီပညာရှင်များ အားလုံးက မျက်လုံးပြူးသွားသည်။
အကြီးအကဲသည် ကျေးဇူးပြုပြီးဟူသော စကားလုံးကို သုံးခဲ့သည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် သူ့ဖိတ်ခေါ်မှုနှင့် ထိုက်တန်သောလူများ သိပ်မရှိပေ။
“ကျေးဇူးပါပဲ”
ဟန်မူယဲ့က လက်သီးဆုပ်လိုက်ပြီး မူဝမ်ကို ခေါ်သွားသည်။
“ယုထင်၊ ငါတို့ကို အောက်ထပ်မှာပဲ စောင့်နေပါ”
မူဝမ်က နောက်လှည့်ပြီး တီးတိုးပြောသည်။
ဇူအော်ယုထင်၏ အာခီမီကျွမ်းကျင်မှုနှင့် ဆရာသခင်တစ်ယောက်၏ ဆေးလုံးသန့်စင်ခြင်းကို ကြည့်ရှုရန်မသင့်တော်ပေ။
ဇူအော်ယုထင်က ကြောင်အစွာ ခေါင်းညိတ်သည်။
သူမက ထုံထိုင်းနေပြီဖြစ်သည်။
ချင်မိသားစု၏ တတိယသခင်ဖြစ်သူ ချင်ဝူယွမ်သည် အာခီမီစံအိမ်ကို တာဝန်ယူထားသည်။
ချင်ဝူယွမ်က နန်းမြို့တော်၏ ချင်မိသားစုမှ တိုက်ရိုက်မျိုးဆက်တစ်ဦး ဖြစ်သည်။
ချင်မိသားစု၏ခေါင်းဆောင်ဖြစ်သောချင်စုယန်သည် ရှားပါးသော ကွန်ဖြူးရှပ်တာအို သူတော်စင်တစ်ဝက်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူက ထိပ်တန်းအဆင့် အာခီမီဆရာသခင်တစ်ဦးလည်းဖြစ်ပြီး အာခီမီဌာန၏ ခေါင်းဆောင်သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။
သူက အာခီမီတွင်လည်း သူတော်စင်တစ်ဝက်အဆင့်သို့ ရောက်နေနိုင်သည်ဟု ပြောကြသည်။
ချင်စုယွမ်သည် အရှေ့ပင်လယ်သို့ တစ်ယောက်တည်းထွက်သွားခဲ့သောအချိန်တွင် နာမည်ကြီးလာခဲ့သည်။ သူက စုတ်တံကို ဓားအဖြစ်အသုံးပြုပြီး လက်ရေးလှနည်းစနစ်များဖြင့် သတ်ဖြတ်ခဲ့သည်။ သူက အရှေ့ပင်လယ်မှ ရေနဂါးကလန်၏ ထိပ်တန်းကျွမ်းကျင်သူများကို ဖိနှိပ်ပြီး အလယ်ပိုင်းကုန်းမြေကို နောက်တစ်ကြိမ်ရန်မစနိုင်ရန် ပြုလုပ်ခဲ့သည်။
ချင်စုယွမ်ဟူသောနာမည်သည် လောကကို တုန်ခါသွားစေသည်။
‘အဲဒီလိုလူမျိုးက သခင်လေးကို လေးလေးစားစား ဆက်ဆံနေတာလား’
ဇူအော်ယုထင်က တွေးမိသည်။
အစိမ်းပုပ်ရောင်ဝတ်စုံနှင့်လူငယ်သည် ဇူအော်ယုထင်ကိုကြည့်လိုက်ပြီး စဉ်းစားနေသည်။ ထို့နောက် သူက ရှေ့တက်လာပြီး လက်သီးဆုပ်၍ နှုတ်ဆက်သည်။
“နတ်မိမယ်၊ ငါက နည်းနည်းလောက် မေးချင်လို့ပါ”
....
ချင်မိသားစု အာခီမီစံအိမ်၏ တတိယထပ်တွင်ချင်စုယန်ရောက်လာသောအခါ လေ့လာရန်ရောက်လာကြသော အာခီမီပညာရှင်များအားလုံးက ဦးညွှတ်သည်။
ခန်းဆောင်၏ရှေ့ဆုံးတွင် စင်မြင့်တစ်ခုရှိနေသည်။ ပိန်ပါးသော သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်က တင်ပျဉ်ခွေထိုင်နေသည်။ သူကချင်စုယန်ကို မြင်လိုက်ရသောအခါတွင် မတ်တပ်ရပ်၍ ဦးညွှတ်သည်။
ချင်စုယွမ်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ရှေ့ဆုံးတွင်ရှိသော စားပွဲခုံလေးတွင် ထိုင်သည်။
သူ့နောက်တွင်ရှိသောမိန်းကလေးက မသိစိတ်အလျောက် နောက်လှည့်ကြည့်သည်။
သူမက နွေဦးရေလှိုင်းစံအိမ်၏ ငါးယောက်မြောက်သခင်မလေးချင် ဖြစ်သည်။
သူမက ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် ထူးချွန်သော ကဗျာစာပေစွမ်းရည်ကို တွေးမိသောကြောင့် သူမ၏အဘိုးကို ပြောပြလိုက်သည်။
သို့သော် သူမ၏အဘိုးက သူ့ကို ဖိတ်ခေါ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဤလောကတွင် သူမအဘိုး၏ ဖိတ်ကြားခြင်းကို ခံရသောလူများ သိပ်မရှိပေ။
သူမ၏အဘိုးက အိမ်တွင် အမတ်ချုပ်ကြီးဝမ်ကိုပင် ကျိန်ဆဲနေတတ်သည်။
ဟန်မူယဲ့နှင့်မူဝမ်တို့ ရောက်လာသောကြောင့် တတိယထပ်တွင်ရှိသော အာခီမီဆရာနှင့် အာခီမီဆရာသခင်များ မျက်မှောင်ကြုတ်သွားသည်။
သူက ငယ်လွန်းသည်။
နန်းမြို့တော်တွင် ထိုသို့ငယ်ရွယ်သော အာခီမီဆရာတစ်ယောက် ရှိနေလျှင် နာမည်ကြီးပြီးသား ဖြစ်နေလိမ့်မည်။
မိသားစုများက ပါရမီကောင်းသောတပည့်ကို မြင့်မားစွာ မြှောက်စားလိမ့်မည်။
ရှေ့တွင်ရှိသော အနက်ရောင်ဝတ်စုံနှင့်လူကြီးကလည်း ဟန်မူယဲ့နှင်မူဝမ်ကို ကြည့်လိုက်သည်။
ဟန်မူယဲ့က တခြားလူများ၏အကြည့်ကို ဂရုမစိုက်ပေ။ သူက မူဝမ်၏လက်ကို ကိုင်ထားပြီး နေရာလွတ်တစ်ခုတွင် ထိုင်လိုက်သည်။
ကျန်လူများကလည်း ဖြည်းဖြည်းချင်း အကြည့်လွဲသည်။
သူတို့က ဆေးလုံးသန့်စင်ခြင်းကို လေ့လာရန်အတွက် ရောက်လာသည်။ တခြားကိစ္စများသည် ဦးစားပေးမဟုတ်ပေ။
သူတို့အားလုံးက အနိမ့်ဆုံး အာခီမီဆရာအဆင့်တွင် ရှိသည်။ သူတို့၏စိတ်ဓာတ်က ခိုင်မာပြီး သန့်စင်သည်။ သာမန်လူများနှင့် မတူပေ။
“ခလွမ် ....”
ကျောက်စိမ်းခေါင်းလောင်းသံ ထွက်ပေါ်လာသည်။ အနက်ရောင်ဝတ်စုံနှင့် ဆရာသခင်ချင်ဝူယွမ်သည် အငွေ့အသက်များကို ရုတ်သိမ်းလိုက်ပြီး လက်ဝါးထဲတွင် မီးလုံးတစ်လုံး ပေါ်လာသည်။
ကြေးမီးပြင်းဖိုသည် ချီစွမ်းအင်များဖြင့် တောက်ပနေသည်။ အဆင့်မြင့်သော မီးပြင်းဖိုတစ်လုံးပင်ဖြစ်သည်။ ထိုမီးပြင်းဖိုသည် မှော်ရတနာတစ်ခု မဟုတ်သော်လည်း အသိစိတ်ရှိသည်။
ဝိညာဉ်ဆေးပင်များကို သစ်သားစင်ပေါ်တွင် တစ်ခုပြီးတစ်ခု တင်ထားသည်။
ဟန်မူယဲ့က စိုက်ကြည့်နေပြီး သူ့စိတ်ထဲတွင် ပုံရိပ်များပေါ်လာသည်။
ချင်ဝူယွမ်၏ရှေ့တွင်ရှိနေသော မီးပြင်းဖိုသည် တုန်ခါသွားသည်။ ဝိညာဉ်ဆေးပင်အချို့ကို ထည့်သွင်းလိုက်သည်။
ဆေးလုံးသန့်စင်နေသောအချိန်တွင် မည်သူမှ စကားမပြောပေ။
ပဥ္စမအဆင့်ဆေးလုံးအတွက် ဝိညာဉ်ဆေးပင်များ၏ကုန်ကျစရိတ်သည် ဝိညာဉ်ကျောက်တုံးတစ်သန်းနှင့် နီးကပ်နေသည်။
ဆေးလုံးဖြစ်ပေါ်လာလျှင် တန်ဖိုးမဖြတ်နိုင်ပေ။
ထို့အပြင် ပဥ္စမအဆင့်ဆေးလုံးအတွက် ဝိညာဉ်ဆေးပင်များသည် ရှားပါးပြီး အဖိုးတန်သည်။ ဆေးပင်များ ပျက်စီးသွားခဲ့လျှင် နောက်တစ်ကြိမ်ဆေးလုံးသန့်စင်နိုင်မည့်အချိန်ကို မည်သူမှ မသိနိုင်ပေ။
မီးပြင်းဖိုသည် ညင်သာစွာလည်ပတ်နေပြီး မီးတောက်များ လှုပ်ရှားနေသည်။
နှစ်နာရီအကြာတွင် မီးပြင်းဖိုထဲတွင်ရှိသော ဆေးစွမ်းအားများ စုစည်းသွားသည်။
ချင်ဝူယွမ်၏မျက်နှာထားက လေးနက်နေသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင်ရှိသော အငွေ့အသက်များသည် ချောက်နက်တစ်ခုနှင့် ဆင်တူသည်။ သူ့လက်များသည် အရိပ်များအဖြစ် ပြောင်းလဲသွားပြီး ဆက်တိုက်လှုပ်ရှားနေသည်။
ဟန်မူယဲ့၏စိတ်ထဲတွင် လက်များ၏လှုပ်ရှားမှုကို ဆက်တိုက်မြင်နေရသည်။
သူက ဆေးလုံးတုန်ခါစုစည်းခြင်းနည်းစနစ်ကို နားလည်သွားသည်။
ဆေးအဆီအနှစ်များကို စုစည်းပြီး မသန့်စင်မှုများကိုဖယ်ထုတ်နိုင်သော ထိုနည်းစနစ်သည် ချင်မိသားစု၏ အမွေအနှစ်တစ်ခုဖြစ်သည်။
ထိုနည်းစနစ်၏ခက်ခဲမှုသည် မီးပြင်းဖိုထဲတွင်ရှိသော ဆေးစွမ်းအားများကို ထိန်းချုပ်ခြင်းဖြစ်သည်။
အပြင်လူများသည် ကျပန်းရိုက်ချနေသော ချင်ဝူယွမ်၏လက်ဝါးချက်များကိုသာ မြင်ရသည်။ သို့သော် ချင်ဝူယွမ်က ဆေးစွမ်းအားများစုစည်းသောနေရာကို စနစ်တကျ ရိုက်နှက်နေသည်။
တိမ်တိုက်အာခီမီဈေး၏ ကောင်းကင်ထက်တွင် တိမ်တိုက်များ စုဝေးလာသည်။
သို့သော် ထိုတိမ်တိုက်များသည် တိကျသောနေရာကို မရှာနိုင်ခဲ့ပေ။ လျှပ်စီးများလက်နေသော်လည်း မိုးကြိုးများ ကျဆင်းမလာပေ။
အလယ်ပိုင်းကုန်းမြေ၏ နန်းမြို့တော်သည် ကောင်းကင်တာအိုကို ထိန်းချုပ်ထားသည်။ မိုးကြိုးကပ်ဘေးသည် ကျဆင်းမလာနိုင်ပေ။
“ဝီ”
မီးပြင်းဖိုသည် တုန်ခါသွားပြီး ရွှေရောင်ဆေးလုံးတစ်လုံး ပျံထွက်လာသည်။
ချင်ဝူယွမ်က ဆေးလုံးကို ဖမ်းယူလိုက်ပြီး ပျံသန်းသွားသည်။
“ငါပြန်လာခဲ့မယ်”
နန်းမြို့တော်တွင် မိုးကြိုးကပ်ဘေးကို လှုံ့ဆော်ရန်အတွက် မိုးကြိုးဆွဲဆောင်ခြင်းစင်မြင့်ကို တည်ဆောက်ထားသည်။ ထိုနေရာကို ဝင်္ကပါတစ်ခုက ကာကွယ်ပေးထားပြီး ကပ်ဘေးဖြတ်ကျော်မည့်လူများ၏ လုံခြုံမှုကို အာမခံပေးနိုင်သည်။
မိုးကြိုးဆွဲဆောင်ခြင်းစင်မြင့်ကို ကပ်ဘေးဖြတ်ကျော်ခြင်းစင်မြင့်ဟုလည်း ခေါ်သည်။
နန်းမြို့တော်တွင် ကပ်ဘေးဖြတ်ကျော်ခြင်းစင်မြင့် ၁၀၈ခုရှိသည်။
သာမန်ကမ္ဘာမြေအဆင့်ကျင့်ကြံသူများသည် ကပ်ဘေးစင်မြင့်ကို အသုံးပြုရန်အတွက် လျှောက်ထားနိုင်သည်။ သူတို့က ဝိညာဉ်ကျောက်တုံးသုံးသန်းကို ပေးဆောင်ရမည်။
အာခီမီဆရာသခင်များသည် ထိုသို့ လုပ်ဆောင်ရန် မလိုအပ်ပေ။
သို့သော် သူတို့က အာခီမီဌာန၏ ခွင့်ပြုချက်နှင့် မိုးကြိုးကို ဆွဲဆောင်ရန်အတွက် အကျိုးပြုအမှတ်များ အသုံးပြုရသည်။
အဝေးတစ်နေရာတွင် မိုးကြိုးပစ်သံများကို ကြားရသည်။ သို့သော် ခဏအကြာတွင် ရပ်တန့်သွားသည်။
ဟန်မူယဲ့က ပြတင်းပေါက်အောက်ခြေကို ကြည့်လိုက်သည်။
သူက မိုးကြိုးဓာတ်လိုက်ဖက်ညီမှုကို အသုံးပြု၍ နန်းမြို့တော်၏မြေအောက်သို့ မိုးကြိုးစွမ်းအားများ ရောက်ရှိသွားကြောင်း ခံစားမိသည်။
ထို့နောက် ထိုစွမ်းအားကို သိုလှောင်ထားလိုက်သည်။
နန်းမြို့တော်တစ်ခုလုံးကို အားကောင်းသောအစီအရင်တစ်ခုနှင့် ကာကွယ်ထားပုံရသည်။
ထိုအရာသည် ပုံမှန်ပင်ဖြစ်သည်။ အားကောင်းသောဝင်္ကပါတစ်ခုမရှိလျှင် နန်းမြို့တော်သည် နှစ်ပေါင်းများစွာကြာသည်အထိ ရပ်တည်နိုင်မည်မဟုတ်ပေ။
ချင်ဝူယွမ်က ရွှေရောင်ဆေးလုံးကို ကိုင်ထားပြီး ချက်ချင်းပြန်ရောက်လာသည်။
ချယ်ရီသီးအရွယ်စားခန့်ရှိသော ဆေးလုံးပေါ်တွင် ပုံရိပ်ယောင်မျဉ်းနှစ်ကြောင်း ရှိနေသည်။
ပဥ္စမအဆင့်ဆေးလုံးများအတွက် ဒုတိယအသွင်ပြောင်းခြင်းကိုရရှိနိုင်ရန် အလွန်ခက်ခဲသည်။
ထိုဆေးလုံးသည် ထိပ်တန်းအဆင့်သို့ရောက်နေပြီး အင်မော်တယ်အဆင့်နှင့် ခြေတစ်လှမ်းသာကွာဝေးသည်။
အင်မော်တယ်အဆင့် ပဥ္စမအဆင့်ဆေးလုံးသည် အနည်းဆုံး ဝိညာဉ်ကျောက်တုံးဆယ်သန်း တန်ဖိုးရှိသည်။
အာခီမီစံအိမ်တွင်ချင်စုယန်မှလွဲ၍ လူတိုင်းမတ်တပ်ရပ်ပြီး ဂုဏ်ပြုလိုက်သည်။
ချင်ဝူယွမ်ကို ဂုဏ်ပြုရုံတင်မကဘဲ လေ့လာခွင့်ပေးသည့်အတွက် ကျေးဇူးတင်ခြင်းလည်း ဖြစ်သည်။
ဆေးလုံးတာအိုကျင့်ကြံခြင်းသည် အချင်းချင်းဝေမျှမှုကြောင့် တိုးတက်လာသည်။
ဟန်မူယဲ့က ချင်ဝူယွမ်ကိုကြည့်လိုက်ပြီး မျက်လုံးထဲတွင်ရှိသောအလင်းများ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
နန်းမြို့တော်၏စည်းမျဉ်းများကို အံ့ဖွယ်ကောင်းကင်ကမ္ဘာ၏ တခြားကုန်းမြေများက ယှဉ်နိုင်မည်မဟုတ်ပေ။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျဆင်းသွားသော အာခီမီကျင့်ကြံခြင်းသည် အကြောင်းပြချက်ရှိသည်။
“ဆရာသခင်ချင်ဝူယွမ်က ဆရာသခင်အဆင့်နဲ့ မဝေးတော့ဘူးမဟုတ်လား”
ဆေးလုံးကိုကြည့်လိုက်ပြီး မုတ်ဆိတ်ဖြူလူအိုကြီးတစ်ယောက်က သက်ပြင်းချ၍ ညင်သာစွာပြောသည်။
ဆရာသခင်အဆင့် ....
အာခီမီဆရာသခင်သည် လောက၏ ထိပ်တန်းအာခီမီကျင့်ကြံသူတစ်ဦး ဖြစ်သည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် အာခီမီကျင့်ကြံသူများ မရေမတွက်နိုင်အောင်ရှိသော်လည်း ဆရာသခင်အဆင့်သို့ ရောက်နိုင်သောလူသည် အလွန်ရှားပါးသည်။
“အကြီးအကဲရှုစွန်းက တကယ့်ကိုအမြင်စူးရှတာပဲ။ ဝူယွမ်က အတားအဆီးနဲ့ ကြုံတွေ့နေရပါပြီ။ ဒါပေမဲ့ အတွေ့အကြုံတွေ လိုအပ်နေပါသေးတယ်”
ချင်ဝူယွမ်က ခေါင်းညိတ်လိုက်ပြီး နောင်တများဖြင့် ခေါင်းခါသည်။
သူက အတားအဆီးနှင့် ကြုံတွေ့နေရပြီဖြစ်သည်။
အာခီမီပညာရှင်များအားလုံး ထိတ်လန့်သွားသည်။
အများစုသည် ရှေ့တွင် ဖြောင့်မတ်စွာထိုင်နေသောချင်စုယန်ကို ကြည့်လိုက်ပြီး မျက်လုံးများတောက်ပလာသည်။
‘ချင်မိသားစုက ဆရာသခင်နှစ်ယောက် လိုချင်နေတာလား’
“အကြီးအကဲဝူယွမ်၊ အရိုးချုပ်နှောင်ခြင်းဆေးလုံးရဲ့ အဆီအနှစ်သုံးခုမြက်ပင်က ဘာဖြစ်လို့ နှစ်တစ်ရာသက်တမ်းကို လိုအပ်တာလဲ။ အဲဒီမြက်ပင်က အထောက်အပံ့တစ်ခုပဲ။ ဆေးစွမ်းအားကို တိုးမြှင့်ပေးနိုင်တာမျိုးလည်း မရှိဘူး”
အစိမ်းရောင်ဝတ်စုံကို ဝတ်ထားပြီး ရင်ဘတ်တွင် ရွှေရောင်အာခီမီဆရာအဆင့် တံဆိပ်ပြားတစ်ခုတပ်ထားသော အသက်လေးဆယ်အရွယ်လူက ဦးညွှတ်လိုက်သည်။ သူက လက်ထဲတွင် ကျောက်စိမ်းသေတ္တာတစ်လုံး ကိုင်ထားပြီး ဖွင့်လိုက်သည်။
အထဲတွင် အဆင့်မြင့်ဝိညာဉ်ကျောက်တုံးများ ရှိနေသည်။
“နှစ်တစ်ရာသက်တမ်းရှိတဲ့ အဆီအနှစ်သုံးခုမြက်ပင်က အဖိုးတန်တယ်”
ထိုအာခီမီဆရာက စကားပြောလိုက်ပြီး ကျောက်စိမ်းသေတ္တာကို ရှေ့သို့ တွန်းပို့သည်။
ချင်ဝူယွမ်က ဆေးလုံးကို သိမ်းလိုက်ပြီး ကျောက်စိမ်းသေတ္တာကို ယူသည်။ ထို့နောက် သူက ခေါင်းမော့လိုက်ပြီး ညွှန်ပြသည်။ ရွှေရောင်အင်းကွက်တစ်ခုသည် အလင်းတန်းအဖြစ်ပြောင်းပြီး အာခီမီပညာရှင်၏ရှေ့သို့ ရောက်သွားသည်။
အာခီမီပညာရှင်၏ နတ်အာရုံသည် အင်းကွက်နှင့်ထိတွေ့သွားပြီး မျက်နှာထားပြောင်းလဲသွားသည်။ သူက ရုတ်တရက် နားလည်သွားပုံပေါ်သည်။
“ကျွန်တော်နားလည်ပါပြီ။ ဟယ်စစ်က ကျေးဇူးတင်ပါတယ်”
အာခီမီပညာရှင်က လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ ချင်ဝူယွမ်ကို ဦးညွှတ်သည်။ ထို့နောက် နောက်သို့ ပြန်ဆုတ်သွားသည်။
မေးခွန်းတစ်ခုအတွက် ဝိညာဉ်ကျောက်တုံးသိန်းချီ၍ ပေးလိုက်ရသည်။
ချင်ဝူယွမ်က အပြုံးတစ်ခုနှင့်အတူ ကျောက်စိမ်းသေတ္တာကို ငါးယောက်မြောက်သခင်မလေးချင်၏ရှေ့တွင် ထားလိုက်သည်။
“စစ်ယွီ၊ ဦးလေးသုံးက လက်ဆောင်ပေးလိုက်မယ်”
ချင်စစ်ယွီသည် ငါးယောက်မြောက်သခင်မလေးချင် ဖြစ်သည်။
ချင်စစ်ယွီက ကျောက်စိမ်းသေတ္တာကို ယူလိုက်ပြီး ပြုံးသည်။
“ဦးလေးသုံးက အဘိုးရဲ့မှတ်ချက်ကို ကြားချင်တာမဟုတ်လား။ ဒီဝိညာဉ်ကျောက်တုံးတွေက မလုံလောက်မှာ စိုးရိမ်မိတယ်”
ချင်စစ်ယွီက ချင်ဝူယွမ်၏အတွေးကို ဖော်ထုတ်လိုက်သည်။ ချင်ဝူယွမ်ကချင်စုယန်ကို ကြည့်လိုက်သည်။
“အဖေ၊ ကျေးဖူးပြုပြီး သင်ပြပေးပါအုံး”
အာခီမီပညာရှင်များအားလုံးကချင်စုယန်ကို ကြည့်လိုက်သည်။
‘ဒီအချိန်မှာလာမိတာ တကယ်မှန်တာပဲ’
အာခီမီဆရာသခင်တစ်ယောက်၏ စကားတိုင်းသည် ကောင်းချီးဖြစ်သည်။
ချင်စုယွမ်က မတ်တပ်ထရပ်ပြီး ဖြည်းဖြည်းချင်း လှည့်ကြည့်သည်။
လူတိုင်း၏ မျှော်လင့်နေသောအကြည့်အောက်တွင် သူက ဟန်မူယဲ့နှင့်မူဝမ်ကို ကြည့်သည်။
“မင်းဘယ်လိုထင်လဲ”
သူက မိတ်ဆွေလေးဟု မခေါ်ဘဲ တန်းတူညီသောလူတစ်ယောက်အဖြစ် ဆက်ဆံခဲ့သည်။
ချင်စုယွမ်၏စကားလုံးများကြောင့် အရာအားလုံး တိတ်ဆိတ်သွားသည်။
‘ချင်စုယွမ်နဲ့ တန်းတူဆက်ဆံနိုင်တဲ့လူက ဘယ်လိုလူမျိုးလဲ’
ချင်ဝူယွမ်က မျက်လုံးများတောက်ပသွားပြီး ဟန်မူယဲ့ကို ကြည့်သည်။
ဟန်မူယဲ့က မျက်နှာထားပြောင်းလဲမသွားဘဲ ညင်သာစွာပြောသည်။
“ညီမမူ၊ တစ်ခုခု နားလည်ခဲ့လား”
မူဝမ်က နီရဲသောမျက်နှာဖြင့် ခေါင်းညိတ်သည်။
သူမက သိမ်မွေ့သောအကျင့်စရိုက်ကို ပိုင်ဆိုင်ထားပြီး လူအများ၏ရှေ့တွင် စကားပြောမည်မဟုတ်ပေ။
ထို့အပြင် သူမ၏ရှေ့တွင် အာခီမီအကြီးအကဲများ ရှိနေသည်။
သို့သော် ဟန်မူယဲ့မေးလာသောကြောင့် သူမက တီးတိုးပြောသည်။
“ဆရာသခင်ဝူယွမ်က ဆေးလုံးသန့်စင်တဲ့နေရာမှာ ဆေးစွမ်းအားရဲ့အညစ်အကြေးတွေကို ဖယ်ထုတ်ခဲ့တယ်။ အဲ့ဒီနည်းလမ်းက တကယ့်ကိုကောင်းတယ်”
သူမက ချင်မိသားစု၏ အထူးနည်းစနစ်ကို မသိသော်လည်း နည်းစနစ်၏ကောင်းမွန်မှုကို အာရုံခံနိုင်သည်။
“အရိုးချုပ်နှောင်ခြင်းဆေးလုံးကို သန့်စင်တဲ့နေရာမှာ အကြီးအကဲဝူယွမ်က မတူညီတဲ့ နည်းစနစ်တွေနဲ့ ဆေးလုံးကို သုံးကြိမ်ပြောင်းလဲခဲ့တယ်။ ဒီမျိုးဆက်သစ်က တကယ့်ကို အထင်ကြီးမိပါတယ်”
ဆေးလုံးများကို ပြောင်းလဲပြီး ဆေးလုံး၏အညစ်အကြေးကို ဖယ်ထုတ်ခဲ့သည်။ ထိုအရာကို မြင်နိုင်သည့်အတွက် သူမက ထူးခြားသည်။
ချင်စုယွမ်ကပင် မနေနိုင်ဘဲ မူဝမ်ကို ကြည့်မိသည်။
‘ဒီအမျိုးသမီးကျင့်ကြံသူက အာခီမီလမ်းစဉ်မှာ ပါရမီထူးခြားလောက်တယ်”
“ဟုတ်တယ်။ ညီမမူက ဒါကိုမြင်နိုင်ခဲ့တာပဲ”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး တီးတိုးပြောသည်။
“ဆေးလုံးကို သန့်စင်တဲ့နေရာမှာ တူညီတဲ့ဆေးစွမ်းအားကို အသုံးပြုထားရင် သန့်စင်မှုကိုလိုက်ပြီး အရည်အသွေးကွာခြားသွားလိမ့်မယ်”
သူက ချင်ဝူယွမ်ကို ကြည့်သည်။
ဟန်မူယဲ့က မူဝမ်ကို စကားပြောရန်အတွက် အခွင့်အရေးပေးခဲ့သည်။
ယခုအချိန်တွင် ဟန်မူယဲ့က ဆက်မပြောလျှင် အထင်သေးခံရလိမ့်မည်။
“ဆရာသခင်ဝူယွမ်က အရိုးချုပ်နှောင်ခြင်းဆေးလုံးကို သက်သက်သာသာ သန့်စင်သွားတယ်။ ဆေးစွမ်းအားကို သန့်စင်နဲ့နည်းလမ်းကလည်း အထင်ကြီးလောက်တယ်”
ဟန်မူယဲ့၏အသံက ပေါ့ပါးနေပြီး အထက်လူတစ်ယောက်၏ လေသံနှင့် တူသည်။
အကယ်၍ချင်စုယန်က သူ့ကို မတောင်းဆိုခဲ့လျှင် အာခီမီပညာရှင်များက မျက်နှာထားပြောင်းလဲသွားလောက်သည်။
ချင်ဝူယွမ်က မျက်နှာထေားပြောင်းလဲမသွားဘဲ ဟန်မူယဲ့ကို ကြည့်သည်။
“ဒါပေမဲ့ ကျွန်တော့်အမြင်မှာတော့ အရိုးချုပ်နှောင်ခြင်းဆေးလုံးအတွက် ဆေးလုံးပြောင်းလဲခြင်းနည်းစနစ်ကိုသုံးဖို့ မလိုအပ်ဘူး”
“အရိုးချုပ်နှောင်ခြင်းအတွက် အရိုးကနေစပြီး ဆေးစွမ်းအားကို ချုပ်နှောင်ခြင်းအနေနဲ့ အသုံးချသင့်တယ်”
ချင်ဝူယွမ်၏မျက်နှာထားက ပြောင်းလဲသွားသည်။
ပတ်ဝန်းကျင်တွင်ရှိသော အာခီမီပညာရှင်များက မျက်မှောင်ကြုတ်သည်။
ချင်စစ်ယွီက ဟန်မူယဲ့ကို နားမလည်နိုင်စွာ ကြည့်သည်။
“ဝီ”
ချင်စုယွမ်၏ရှေ့တွင် ရွှေရောင်မီးပြင်းဖိုတစ်ခု ပေါ်လာသည်။
“မင်းက အရိုးချုပ်နှောင်ခြင်းဆေးလုံးတွေကို သန့်စင်နိုင်မယ်ဆိုရင် ဒီလူအိုကြီးက မင်းကို အာခီမီဌာနရဲ့စာကြည့်တိုက်မှာ သုံးရက်စာဖတ်ခွင့်ပေးမယ်”
အာခီမီဌာနရဲ့ စာကြည့်လိုက် ....
အာခီမီပညာရှင်များက အသံပြုမိသည်။
ချင်စစ်ယွီကပင် အဘိုးဖြစ်သူကို အံ့အားသင့်စွာ ကြည့်သည်။
အာခီမီဌာနသည် မြင့်မြတ်နယ်မြေတစ်ခုဖြစ်သည်။ မရေမတွက်နိုင်သော အာခီမီကျင့်ကြံသူများသည် ထိုနေရာသို့ သွားချင်သော်လည်း မသွားနိုင်ခဲ့ပေ။
“ဒီအခွင့်အရေးကို လွှဲပြောင်းပေးလို့ရလား”
ဟန်မူယဲ့ကချင်စုယန်ကို ကြည့်သည်။
“ရတယ်”
ချင်စုယွမ်က ခေါင်းညိတ်သည်။
ဟန်မူယဲ့က ပြုံးသည်။
“ကျွန်တော်က အခု ဆေးလုံးသန့်စင်ဖို့ အဆင်မပြေဘူး”
သူ့စကားများကြောင့် ပတ်ဝန်းကျင်တွင်ရှိသော အာခီမီပညာရှင်များ စိတ်ပျက်သွားသည်။ချင်စုယန်က မျက်မှောင်ကြုတ်သည်။
သို့သော် သူဆက်ပြောလိုက်သောစကားကြောင့် သူတို့အားလုံး မျက်လုံးပြူးသွားကြသည်။
“ဒါပေမဲ့ ဝိညာဉ်အားဖြည့်နည်းစနစ်ကိုသုံးပြီး ဆရာသခင်ဝူယွမ်ကို နောက်တစ်ကြိမ်ဆေးလုံးသန့်စင်အောင် လုပ်နိုင်တယ်”