လူတိုင်း၏ အာရုံစိုက်ရာ
Vol. 41 Ch. 603
“ မင်းက လမ်းဆက်လျှောက်ချင်သေးတာလား…”
“ ဟင်.. နင်ကကော ဆက်မသွားချင်တော့ဘူးလား… အဲ့တာဆိုလည်း အိမ်ပြန်မယ်လေ... အဆင်ပြေပါတယ်.…”
“ အိမ်ပြန်ဖို့ အလျင်မလိုပါဘူးကွာ… ဒါပေမယ့် ဒီကျောင်းဝန်းကြီးထဲမှာ ဆက်ပြီးတော့ လမ်းလျှောက်နေတာကတော့ သိပ် အဓိပ္ပာယ်မရှိသလိုပဲ… ကျောင်းအပြင် သွားကြမယ်ဆိုရင်ကော…”
“ ကျောင်းအပြင်ဘက်မှာဆို ညဈေးတန်းပဲ ရှိတော့တာ မဟုတ်ဘူးလား… ငါတို့ မနေ့ညက သွားပြီးပြီလေ…”
“ ဟုတ်တယ်.... ဒါပေမယ့် ကျောင်းဂိတ်ဝ အပြင်ဘက်ကိုကြည့်လိုက်… မျက်နှာချင်းဆိုင်မှာကျ ‘ ခုနစ်ရက် ‘ ဟိုတယ် … ဘယ်ဘက် တစ်ရာမီတာမှာကျတော့ ‘ ရွှေစံအိမ် ‘ … ညာဘက် ငါးဆယ်မီတာမှာကျတော့ “ မြစိမ်းရောင် ဟိုတယ် ‘ … အဲ့ညာဘက် ရှစ်ဆယ်မီတာမှာကျတော့ ဟန့်ထင် ခန်းမ… အားလုံးက နာမည်ကြီးတဲ့ နေရာတွေချည်းပဲ… တကယ်လို့ အဲ့ဒီနေရာတွေ သွားမလည်ဘူးဆိုရင် ဒီကိုလာတာ ဖြုန်းတီးလိုက်တာပဲ မဟုတ်ဘူးလား..”
“ ဟွန်း...နင်ကတော့ အဲ့ဒီ နင့်ရဲ့ တဏှာစိတ်တွေကို မပြင်နိုင်သေးဘူးပဲ… အားရှိရှိ ငါ့ကို အဲ့လိုနေရာမျိုးတွေပဲ ဆွဲခေါ်သွားချင်နေတယ်…” ကျီချင်းရန် နောက်ပြန်လှည့်မကြည့်ပဲ လမ်းလျှောက်လိုက်ပြီး “ ဘာပဲဆိုဆို ငါကတော့ မသွားဘူး… ဒီလိုလေး လမ်းလျှောက်တာကပဲ တော်တော်လေး ကောင်းတယ်လို့ ထင်တာပဲ…”
လင်းရီလည်း ရွေးချယ်စရာမရှိပဲ ကျီချင်းရန်နှင့်အတူ ကျောင်းတစ်ပတ် လမ်းလျှောက်လိုက်ရလေသည်။
သို့သော်လည်း ထိုအချိန်တွင် တိတ်ဆိတ်နေသည့် လေထုကို အံ့အားသင့်နေသည့် အသံတစ်သံက ဖြိုခွင်းသွားခဲ့၏။
“ သူဌေး…”
လင်းရီနှင့် ကျီချင်းရန်တို့ လှည့်ကြည့်လိုက်သောအခါ လူလေးငါးခြောက်ယောက်မှာ သူတို့နောက်တွင် ရပ်နေကြောင်း မြင်တွေ့လိုက်ရ၏။
တစ်ချို့တစ်လေကတော့ ' စားကောင်းတယ် 'ဆိုင်ငယ်လေး၏ အမာခံ စားသုံးသူများဖြစ်ကြလေသည်။
ကျောက်ယွဲ့ထုံ၊ ထုံးဖေး နှင့် လီချန်တို့ပင်။
သို့သော်လည်း သူတို့နောက်မှ ကောင်လေးတစ်ချို့လည်း လိုက်ပါလာခဲ့ကြ၏။ ထိုထဲမှ တစ်ချို့ကိုတော့ လင်းရီ မျက်မှန်းတန်းမိလေသည်။
တစ်ဦးမှာ ထုံးဖေး၏ ရည်းစား လျိုကျီးယွမ်။
ကျန်သူများကတော့ ဖုန်းရှစ်ယွီနှင့် ကျောက်ယွဲ့ထုံကို လာရှာစဉ် လိုက်ပါလာခဲ့ကြသူများ ဖြစ်ကြ၏။
တက္ကသိုလ်ကျောင်းသားဘဝမှာ ထိုကဲ့သို့ပင်။ မိန်းကလေးတစ်ယောက်ကို ပိုးပန်းနေစဉ်ကာလအတွင်း အခန်းဖော်များမှ အောင်သွယ်တော်လုပ်ပေးသည်က သာမန်သာဖြစ်လေသည်။
လင်းရီကို မြင်တော့ မိန်းကလေးများက သူတို့ထံ ချဉ်းကပ်လာခဲ့ကြ၏။
“ သူဌေး… သူမက နင့်ရဲ့ ကောင်မလေးလား…”
“ ဟုတ်တယ်… ဆိုင်ကပိတ်သွားပြီဆိုတော့ သူနဲ့အတူ ခဏ လမ်းလျှောက်ထွက်လာတာ…”
လင်းရီ အပြုံးလေးဖြင့် ပြန်ဖြေလိုက်၏။
“ ဟယ်လို မစ်…”
မိန်းကလေးများမှာ ကျီချင်းရန်ကို ဆိုင်တွင်မြင်ဖူးကြပြီး နှစ်ယောက်မှာ စုံတွဲများဖြစ်မည်ကိုလည်း ခန့်မှန်းထားခဲ့ကြ၏။
သူတို့နှစ်ယောက်က တော်တော်လေး လိုက်ဖက်တာပဲ…
“ ဟယ်လို…” ကျီချင်းရန် မိန်းကလေးများကို အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
“ သူဌေးက ခုမှ ကျွန်မတို့ ကျောင်းကို ရောက်ဖူးတာမလား… အထဲလိုက်ပြပေးမယ်လေ…” ကျောက်ယွဲ့ထုံမှ အပြုံးဖြင့် ဖိတ်ခေါ်လိုက်သည်။
“ ထုံထုံ.. မင်းဘာလို့ လူတကာကို လျှောက်ခေါ်နေတာ….. နှုတ်ဆက်ပြီး တော်ရောပေါ့…လာ...ကိုယ့်လမ်းကိုယ် ဆက်သွားကြမယ်...”
ဖုန်းရှစ်ယွီ ဝင်ပြောလိုက်၏။
“အဲ့ဒါ နင့်အပူလား…. နင် မကြိုက်ရင် တခြားနေရာသွားလိုက်…”
ထိုသို့ ခပ်ပြတ်ပြတ် ပြောခံလိုက်ရသည့်အတွက်ကြောင့် ဖုန်းရှစ်ယွီ ငြိမ်ကျသွားခဲ့တော့သည်။
သူ၏ စိတ်ထဲတွင်တော့ လင်းရီအပေါ် အငြိုးအတေးများကလည်း တစထက်တစ တိုးပွားလာလေသည်။
ငိုးပဲကွာ…. အဲ့ဒီ ဟင်းချက်တဲ့ကောင်ကြောင့်သာ မဟုတ်ရင် ငါနဲ့ ထုံထုံ အစောကြီးကတည်းကရင် အတူနေပြီးလောက်ပြီ….
“ အဲ့ဒါဆို….. အဲ့ဒါဆိုလည်း အတူသွားကြတာပေါ့..”
ကျီချင်းရန် အစကတော့ အခြားသူများနှင့် လမ်းမလျှောက်ချင်ပေ။ ယင်းက သူမနှင့် လင်းရီတို့နှစ်ဦး၏ ကိုယ်ပိုင်ကမ္ဘာလေးကို လာရောက်နှောက်ယှက်နေခြင်းဖြစ်၏။ သို့သော်လည်း တစ်ဖက်သူမှ ယဉ်ယဉ်ကျေးကျေးနှင့် ကမ်းလှမ်းလာသောကြောင့် တိုက်ရိုက်ကြီး ငြင်းလိုက်မည်ဆိုပါကလည်း အားနာဖို့ ကောင်းလှပေသည်။ ထို့ကြောင့် အတူသွားရန်သာ တတ်နိုင်တော့၏။
လီချန် ရယ်မောလိုက်ပြီး “ သူဌေး…. နင်က ငါတို့ ကျောင်းဖိုရမ်မှာ တော်တော်လေး နာမည်ကြီးနေတာနော်… ခုဆို ဆိုင်က တော်တော်လေး အခြေအနေကောင်းနေပြီမလား…”
“ အင်း … တကယ်ကြီးကို ရောင်းအားတက်လာတာ… ကျေးဇူးပဲ…”
“ ရပါတယ်… အဓိကက အစားအသောက်တွေ အရမ်း အရသာရှိလို့လေ… နည်းနည်းလေး ဈေးကြီးတယ်ဆိုပေမယ့် ပေးရတာ တန်ပါတယ်…”
“ ကျေးဇူးပါနော်…. နောက်အားရင်လည်း ထပ်လာခဲ့ပေါ့..” ကျီချင်းရန် ပြုံးလျက် သူမတို့၏ ထောက်ပံ့ပေးမှုကို ကျေးဇူးတင်လိုက်သည်။
သို့နှင့် အုပ်စုမှာ လမ်းလျှောက်လာရင်းဖြင့် ဘတ်စကက်ဘော ကစားသည့် နေရာသို့ရောက်ရှိ လာကြသည်။
“ ငါမှတ်မိတာမှန်မယ်ဆိုရင် နင် ဘတ်စကက်ဘော ဘယ်လိုကစားလဲဆိုတာ သိသင့်တယ်မလား…”
“ သိသင့်တယ်မလား ဆိုတာက ဘာစကားကြီးတုန်း… အဲ့လို ကလေးကလားဆန်တဲ့ ကစားနည်းကို ငါက ဆရာတစ်ဆူလို ကျွမ်းကျင်ပြီးသား…”
“ သူဌေး နင်က ဘတ်စကက်ဘောလည်း ကစားတတ်တယ်ပေါ့…” လီချန် အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။
“ ဒီလောက် ရိုးရှင်းတဲ့ အားကစားနည်းကို မသိတဲ့သူ ရှိသေးလို့လား…”
“ ဝိုး.. သူဌေး …နင်က အရမ်းအံ့ဩဖို့ကောင်းတာပဲ… ရုပ်ချောရုံတင်မကသေးဘူး… ဟင်းချက်လည်း အရမ်းတော်တယ်.. ဘတ်စကက်ဘောလည်း ကစားတတ်သေးတယ်ဆိုတော့ သူဌေးလောက် ပြီးပြည့်စုံတဲ့ ယောက်ျားမျိုး ရှိလောက်မယ် မထင်ဘူး…”
“ ဟိတ် ဟိတ်… နင့်အမက ဒီမှာ ရှိနေသေးတယ်လေ…”
“ ဟီးဟီး….” မိန်းကလေး သုံးယောက်လုံး ရယ်မောလိုက်ကြပြီး “ ဒါပေမယ့် သူဌေးက တကယ်ကြီး အရမ်းနဲ့ ကြည့်ကောင်းတယ်…. ငါကတော့ ဘတ်စကက်ဘော ကစားပြီး ချွေးတွေနဲ့ ဆွဲဆောင်မှုရှိနေတဲ့ ကောင်လေးတွေကို အနှစ်သက်ဆုံးပဲ…”
“ တကယ်ကြီးလား… ဘတ်စကက်ဘောဆိုတာကလည်း ငါကျွမ်းကျင်တဲ့ အားကစားပဲလေ…” ဖုန်းရှစ်ယွီ ကော်လံထောင်ရင်း ပြောလိုက်၏။
“ ငါက သူဌေးလိုမျိုး ရုပ်ချောတဲ့ ကောင်လေးတွေ ဘတ်စကက်ဘော ကစားတာကို ပြောတာ…. ကျန်တဲ့သူတွေကို မဆိုလိုဘူး…”
ဖုန်းရှစ်ယွီ ပြောစရာစကား ကင်းမဲ့သွားခဲ့တော့၏။
ဟိုကောင်က သူ့ကောင်မလေးရှေ့မှာမို့ ကိုယ်ရည်သွေးနေတာလေ…. ဘာလို့ အဲ့စကားတွေကို မျက်စိ စုံမှိတ်ပြီး ယုံနေတာ…
“ လင်းရီ … ဒါဆို ဘတ်စကက်ဘောကွင်းထဲ သွားရအောင်လေ…” ကျီချင်းရန် လင်းရီလက်ကို ကိုင်ရင်း အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ငါလည်း ဘတ်စကက်ဘော ကစားတဲ့ ကောင်လေးတွေကို ကြိုက်တယ်…”
“ ဟုတ်လား… ငါအရင်တုန်းက ဘာလို့ မသိခဲ့ပါလိမ့်…”
“ နင် မကစားတတ်ဘူးဆိုရင် နင့်ရဲ့ ခံစားချက်တွေ နာကြင်သွားမှာ စိုးလို့ မပြောခဲ့တာလေ…”
“ ဒါဆိုလည်း တစ်ချက်နှစ်ချက်လောက် သွားပုတ်ကြတာပေါ့…”
ကျီချင်းရန်နှင့် ကျောက်ယွဲ့ထုံတို့ ရောက်ရှိလာမှုက ကွင်းထဲရှိ လူတိုင်းကို လုပ်လက်စ အလုပ်များ ရပ်တန့်သွားစေခဲ့သည်။
ဘတ်စကက်ဘော ကစားရသည်မှာ ပျော်ရွှင်ဖို့ကောင်းလှသော်လည်း မိန်းမလှလေးများလောက်တော့ ဆွဲဆောင်မှု မရှိချေ။
ယခုလိုမျိုး အလှလေး နှစ်ယောက် ရောက်လာသည်ဆိုလျှင်တော့ မေးနေရန် မလိုပေ။
“ အစ်ကိုဖုန်းက အသစ်လေးတွေကို ရှယ်ဖြုတ်ဖို့ လာပြန်ပြီနဲ့ တူတယ်…”
ဖုန်းရှစ်ယွီနှင့် ကျန်သူများရောက်လာသည်ကို မြင်တော့ ဘတ်စကက်ဘော ကွင်းထဲရှိ လူတိုင်း နှုတ်ဆက်လိုက်ကြ၏။
ကျိုးဟိုင် နည်းပညာ တက္ကသိုလ်တွင် ဖုန်းရှစ်ယွီမှာ ကျောင်းအသင်းဝင် တစ်ဦးဖြစ်ပြီး အတန်ငယ် လွှမ်းမိုးနိုင်စွမ်းရှိသူ တစ်ယောက်ဟုလည်း သတ်မှတ်၍ ရသည်။ ၎င်းကို ရောက်နေကြသည့် လူတိုင်း သိရှိပြီးဖြစ်၏။
ဖုန်းရှစ်ယွီမှာ ကွင်းထဲသို့ ရောက်လာသည်နှင့် ကစားသမား အသစ်လေးများနှင့် လက်ရည်စမ်းလေ့ရှိကာ အနိုင်ကျင့် နှိပ်ကွပ်လေ့ရှိ၏။ထိုသို့ လုပ်ရင်း ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ငြီးငွေ့ဖွယ် ကောင်းသည်ဟု ခံစားမိလာကာ အခြားကျောင်းများသို့သွားရင်း ပိုကောင်းသည့် ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ကစားလေ့ရှိလေသည်။
“ ဘတ်စကက်ဘော ဆရာကြီးရှိတယ်ဆိုလို့ နည်းနည်းလောက် စမ်းရအောင် ခေါ်လာခဲ့တာ…”
ထိုအခါ လူတိုင်း၏ အကြည့်များက လင်းရီထံ ကျရောက်သွားခဲ့၏။
ဒီကောင်က ဘယ်သူတုန်းဟ… ကျောင်းသားသစ်လား… ဘာလို့ တစ်ခါမှ မမြင်ဖူးတာ…
“ ကောင်းတာပေါ့.. တစ်ပွဲလောက် ဆော့ကြမယ်…” ပြောရင်းဖြင့် ကောင်လေးမှ ဘတ်စကက်ဘောကို ပစ်ပေးလာခဲ့၏။
“ မေ့လိုက်… ငါက ဒီတိုင်းလမ်းလျှောက်ထွက်လာတာ… အချိန်သိပ်မရဘူး..”
“ ဟေး… အဲ့လောက်ကြီးလည်း စိုးရိမ်မနေစမ်းပါနဲ့ ညီကိုရာ… ငါတို့အားလုံးက ညီကိုဖုန်းရဲ့ သူငယ်ချင်းတွေပဲ… အားလုံး ပေါ့ပေါ့ပါးပါးပဲ…”
လင်းရီ ဘတ်စကက်ဘော ယူလိုက်ပြီး ကျီချင်းရန်ထံ ကမ်းပေးလိုက်၏။
“ စမ်းကြည့်ဦးမလား…”
“ ဟင့်အင်း.. မဆော့တတ်ဘူး… ငါက အားကစား ညံ့တယ်…”
“ ဒီတိုင်း စမ်းကြည့်ကြည့်ပေါ့… မဟုတ်လည်း ဘာမှ လုပ်စရာ မရှိပဲကို..”
“ ဟီးဟီး…. အဲ့တာဆို ငါစမ်းကြည့်ကြည့်မယ်နော်…”
ကျီချင်းရန် ဘတ်စကက်ဘောကို လက်ထဲတွင်ကိုင်ပြီး ခြင်းထဲသို့ သွင်းရန် ရှေ့သို့ လျှောက်လှမ်းသွားလိုက်သည်။ ထို့နောက် သူမ၏ ခွန်အားကို စုစည်းပြီး လက်နှစ်ဖက်ဖြင့် ဘောလုံးကို ပစ်လိုက်တော့၏။
ဘောလုံးမှာ သူမခေါင်းပေါ်သို့ ကျော်တက်သွားခဲ့ပြီး… ထိုမျှသာ။ မကြာမီ တစ်လံအကွာ၌ ဘောလုံး ပြန်ပြုတ်ကျလာခဲ့၏။
“ ဟ..အဲ့လောက်လေးပဲလား..”
“ အာ…. ငါ အဲ့လောက်ပဲ တတ်နိုင်တယ်…” ကျီချင်းရန် ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြောလိုက်သည်။
“ ငါ့ကို ဆွဲစိတ်တုန်းကတော့ ဒီခွန်အား မဟုတ်ပါဘူးဟ…”
“ အဲ့တာက မတူဘူးလေ… အားစိုက်ထုတ်ရတာခြင်း ကွဲပြားတယ်…” ကျီချင်းရန် ပြောပြီးနောက် လင်းရီအနားကပ်၍ လေသံ တိုးတိုးလေးဖြင့် “ တကယ်လို့ လူကို ဆွဲစိတ်တဲ့ ပြိုင်ပွဲသာရှိမယ်ဆိုရင် ငါသေချာပေါက ပထမဆု ရနိုင်တယ်….”
“ အေးပါ အေးပါ… ခုတော့ တခြားကိစ္စ ပြောရအောင်…”
ကျီချင်းရန် ပြုံးပြီးနောက် လင်းရီကို တံတောင်ဖြင့် တွတ်ကာ “ ဒီကလေးတွေကို နင် လုပ်ပြလိုက်စမ်းပါ… သုံးမှတ် ပစ်သွင်းချက်… ကိုယ့်ကိုယ်ကို အရှက်မရစေနဲ့နော်….”
“ ဟက်...အဲ့လောက်ကတော့ အေးဆေး… ငါမျက်စိမှိတ်ပြီး ပစ်တောင် ဝင်တယ်…”
ဖုန်းရှစ်ယွီနှင့် ကျန်သူများအားလုံ စိတ်ထဲတွင် ကျိန်ဆဲလိုက်ကြ၏။
ဘယ်လိုတောင် လေကြီးလိုက်တဲ့ကောင်လဲ..
အဲ့ဒါ ဘတ်စကက်ဘောခြင်းကွ.. ဘောလုံး ဂိုးပိုက်မဟုတ်ဘူး… အေးဆေး ပစ်လို့ရတယ်များ မှတ်နေတာလား….
ဝှစ်..
သုံးမှတ်ပစ်သွင်းချက်။
လင်းရီ အသာလေး ပစ်သွင်းပြီး သုံးမှတ်ရယူသွားခဲ့၏။
“ မဆိုးဘူး…” သူမ လင်းရီကို လက်မထောင်ပြလိုက်သည်။
သို့သော်လည်း ဖုန်းရှစ်ယွီနှင့် ကျန်သူများမှာ အနည်းငယ် အံ့အားသင့်သွားခဲ့၏။
ကြက်ကန်းဆန်အိုး တိုးသွားတာများလား...
"နောက်တစ်ခေါက် နောက်တစ်ခေါက်..."ကျီချင်းရန် စိတ်အားထက်သန်စွာဖြင့် အော်ဟစ်လိုက်သည်။
လူတိုင်း လင်းရီအား အာရုံစူးစိုက်နေသည်ကိုမြင်တော့ သူမအရမ်းကို ဂုဏ်ယူမိသွားခဲ့၏။
"ဒီတိုင်း သုံးမှတ် ပစ်သွင်းချက်လေးများကိုများ... ပျင်းစရာကောင်းတယ် မထင်ဘူးလား..."
"ဘာဆိုင်လို့ ပျင်းစရာကောင်းရမှာ.. ဒီလောက် အကွာအဝေးကနေ သုံးမှတ်ပစ်သွင်းချက် ရတာတောင်မှ တော်တော်လေး အထင်ကြီးဖို့ ကောင်းနေပြီ..."ကျီချင်းရန် အားရကျေနပ်ဟန်ဖြင့် ပြောလိုက်သည်။
လင်းရီ၏ ကိုယ်နေဟန်ထားမှာ အရမ်းကို ပြီးပြည့်စုံပြီး အားကစား စွမ်းရည်မှာလည်း အံ့အားသင့်ဖို့ ကောင်းလှသည်။
သူမ အနာဂတ်တွင် လင်းရီနှင့် ကလေးရှိလာမည်ဆိုပါက အားကစား သွေးမျိုးဆက်အတွက် ပူပင်ဖို့ရာ မလိုအပ်တော့ခေ။ေ
'ဟမ်..'
ငါ ဘာလို့ ရှက်စရာကောင်းတဲ့ အတွေးတွေ စဉ်းစားလိုက်တာ...
ယခုတစ်ကြိမ်တွင်တော့ လင်းရီ ပို၍ ခပ်ဝေးဝေး လှမ်းလိုက်ပြီး "ကိုယ် မင်းအတွက် နောက် တစ်လုံး သွင်းပြမယ်..."
"အွန်း အွန်း ကြိုးစားထား..."
"အဲ့လောက် အဝေးကြီး သွားရပ်နေတာက နည်းနည်းလေး ယုံကြည်မှု လွန်ကဲရာ မကျလွန်းဘူးလား... "လျိုကျီးယွမ် ပြောလိုက်ပြီး "အဲ့ကနေ ပစ်ရင် ခြင်းတောင် မှန်မှာ မဟုတ်ဘူး..."
"ဒီကောင် သူ့ကောင်မလေး အထင်ကြီးအောင် လျှောက်လုပ်ပြနေတာပါကွာ..."ဖုန်းရှစ်ယွီမှ အမြင်ကပ်နေသည့် လေသံဖြင့် ပြောလိုက်၏။
"နင်တို့ကောင်တွေ မနာလိုဖြစ်နေကြတာမလား..."
ထုံးဖေး ပြုံးစစ မေးလိုက်သည်။
"မနာလို နေတာ မဟုတ်ဘူး.. အဲ့တာကြီးက လုံး၀ ဖြစ်နိုင်ခြေကို မရှိတာ..."
ဖုန်းရှစ်ယွီ ပြောလိုက်ပြီးနောက် လက်ညိုးထိုး၍"အဲ့ကောင် ရပ်နေတဲ့ နေရာကိုလည်း ကြည့်လိုက်ဦး.. ကွင်းလယ်တောင် ရောက်တော့မယ်.. သူ့ကိူယ်သူ ပရော်ဖက်ရှင်နယ် အားကစား သမားများ မှတ်နေလား မသိဘူး... လူကြီးတွေရဲ့ လက်မောင်းအားတောင် အဲ့လောက် မသန်မှတော့ ဒီကောင် ပစ်လို့ကတော့ ခြင်းနားတောင် ရောက်နိုင်ပါ့မလားပဲ..."
"အမှန်ပဲ.. အဲ့တာက လူမဆန်ဘူး..."လျိူကျီးယွမ် ပြောလိုက်သည်။
ဖုန်းရှစ်ယွီ လက်မောင်းပိုက်ကာ လှောင်ပြောင်ထေ့ငေါ့သည့် လေသံဖြင့် "တကယ်လို့ ဘတ်စကက်ဘော ခြင်းထဲ ၀င်ခဲ့မယ်ဆိုရင် ငါ အဲ့ဘာလုံးကို စားပြလိုက်မယ်..."
ဝှစ်....
ဘောလုံးမှာ လေထဲတွင် လှပသည့် သဏ္ဍာန် ကွေးညွတ်သွားပြီး ခြင်းထဲသို့ အထစ်အငေါ့မရှိ ၀င်ရောက်သွားခဲ့၏။
"ဖက်ခ်..."
"စောက်ရမ်း တိကျတယ်..."
ဘက်စက်ဘော ကွက်းတစ်ခုလုံး အာမေဋိတ်သံများဖြင့် ကျွတ်စီညံသွားခဲ့တော့၏။
သူက ကိုယ်နေဟန်ထား ခပ်မိမိနဲ့ နှစ်လူံး ၀င်အောင် သွင်းနိုင်တယ်ဆိုတော့ အရင်က လေ့ကျင့်ခဲ့ဖူးမှန်း သိသာတယ်..
"ညီကိုယွီ.. ဒါက နည်းနည်းလေး ကိုးရို့ကားယား နိုင်သလဲပဲ..."လျိုကျီးယွမ် ပြောလိုက်သည်။
"သူဌေး ပသ်တာ ခြင်းထဲ၀င်ခဲ့ရင် အဲ့ကောင် ဘောလူံးကို စားပြမယ်လြိ့ ပြောထားတာ မဟုတ်ဘူးလား..."လီချန် ပြောလိုက်သည်။
"ဒါက..."ဖုန်းရှစ်ယွီ မျက်နှာ ပူစပ်ပူလောင် ဖြစ်နေခဲ့ပြီး "ငါက မဖြစ်နိုင်တဲ့ အကြောင်းကို စကားလုပ်ပြီး ပြောပြတာလေကွာ.. ပြီးတော့ အဲ့လို သွင်းပြနိုင်တယ်ဆိုတာကလည်း ဘာမှဟုတ်တာ မဟုတ်ဘူး.. လုံလောက်အောင် လေ့ကျင့်ထားတဲ့ သူဆိုရင် အသာလေး သွင်းပြနိုင်နယ်... အရေးကြီးဆုံးက ဘတ်စကက်ဘော ကစားတာပဲ..."
"သူဌေးရဲ့ လက်က အဲ့လောက် တည့်တာကို တကယ်ပြိုင်ရင်လည်း နင်က သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး... နင် ဘော့စ်ကို မနာလိုဖြစ်တိုင်စ လိုက်လျှောက် ဝေဖန်မနေနဲ့..."
ကျောက်ယွဲ့ထုံ ပြောလိုက်သည်။
လင်းရီတွင် ချစ်သူရှိပါသော်လည်း အနှီ မိန်းမငယ်လေးများ၏ ရင်ထဲမှ လေးစားမှုကိုတော့ အကျိုးသက်ရောက်မှု မရှိခဲ့ချေ။
"ထုံထုံ... မင်း အဲ့လိုကြီး ပြောလိုက်တာကတော့ မဟုတ်သေးပါဘူး... ငါဆိုတဲ့ ကောင်က အတော်ဆုံး မဟုတ်ရင်တောင် ကျောင်း လက်ရွေးစင်တွေထဲက တစ်ယောက်... သူ့လို ဟင်းချက်တဲ့ကောင်ကို အနိုင်ယူဖို့ဆိုတာ အလွယ်လေးမဟုတ်ဘူးလား..."
"လုံး၀ မဖြစ်နိုင်ဘူး.. လာပြီး လျှောက် ပြောမနေနဲ့..."
"ထုံထုံ. ဒီလိုဆိုရင်ကော... ငါခဏနေကျရင် သူနဲ့ တစ်ယောက်ချင်း ပြိုင်မယ်... တကယ်လို့ ငါနိုင်ခဲ့ရင် မင်းငါ့ကို အခွင့်အရေးနောက်တစ်ခေါက် ထပ်ပေးရမယ်... အိုကေလား.... "
"နင် ရှုံးရင်ကော..."
"ငါ ရှုံးမှာ မဟုတ်ဘူး..."
"ဟမ့်.. အဲ့လောက် ယုံကြည်ချက်တွေ လွန်ကဲမနေနဲ့..."ကေျာက်ယွဲ့ထုံ ထေ့ငေါ့လိုက်ပြီး "တကယ်လို့ နင်ရှုံးခဲ့ရင် ငါ့နောက်ကနေ တောက်တဲ့လို လိုက်မတွယ်ကပ်ရဘူး..."
"ဟား.... ရတယ်လေ.. ပြဿနာ မရှိဘူး... မင်းသာ ပြမီးမှ နောင်တမရနဲ့..."
"မပူနဲ့.. ငါသေရင်တောင် နောင်တမရဘူး..."
"ရှောင်ထုံ.. နင် ဖုန်းရှစ်ယွီကို တကယ်ကြီး ကြိုက်နေတာလား..."လီချန် တီးတိုးမေးလိုက်၏။
"အရငါကတော့ သူ့အပေါ် အမြင်ကောင်းလေစတွေ ရှိခဲ့ဖူးတယ်.. ဒါပေမယ့် မနေ့က အဖြစ်အပျက်ပြီးတော့ သူက နည်းနည်းလေး စရိုက်ဆန်သလိုပဲ.. အခြေခံ ယဉ်ကျေးမှုဆိုတာတောင် နားမလည်ဘူး... သူ့လိုမျိုး ယောက်ျားလေးတွေက ဘာမှ အားကိုးလို့ ရမှာ မဟုတ်ဘူး..."
"နင် မကြိုက်ဘူးဆိုရင်လည်း ဘာလို့ သူ့ကို အခွင့်အရေးပေးလိုက်တာ..."
"ငါဘယ်တုန်းက အခွင့်အရေးပေးလို့..."
"သူဌေးနဲ့ သူနဲ့ တစ်ယောက်ချင်း ယှဉ်လို့ သူနိုင်မယ်ဆိုရင် နင်သူ့ကို အခွင့်အရေး ထပ်ပေးမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား... အဲ့တာက သွယ်ဝိုက်ပြီး သဘောတူလိုက်တာနဲ့ အတူတူပဲလေ..."
"ဒါပေမယ့် သူဌေးရဲ့ လက်ကလည်း အရမ်းတည့်တယ်ဆိုတော့ သူ့ရဲ့ စကေးတွေကလည်း ကောင်းမှာပါဟ.. ဖုန်းရှစ်ယွီကို မရှုံးနိုင်လောက်ပါဘူး..."
"နင်ကတော့လေ...အရမ်းကို တုံးအတယ်... ငါ့လို အူကြောင်ကြားမလေးကတောင် အလွတ်တန်း ပစ်သွင်းတာနဲ့ တကယ့် ကစားပွဲက မတူဘူးဆိုတာ နားလည်တယ်... နင်ဘာလို့ အဲ့တာလေးတောင် မသိရတာ... "
"အဲ့နှစ်ခုကြား ကွာဟချက်က အဲ့လောက်ကြီးတယ်လား..."
"ဒါပေါ့ဟဲ့..."လီချန် ပြောလိုက်ပြီး "သူဌေးက ဘတ်စကက်ဘော ကစားတတ်ရင် ကစားတတ်လိမ့်မယ်... ဒါပေမယ့် ဖုန်းရှစ်ယွီဆိုတာက ကျောင်းရဲ့ လက်ရွေးစင် ကစားသမား.. အပျော်တမ်း ကစားတဲ့သူနဲ့ ယှဉ်မယ်ဆိုတော့ ဘယ်သူနိုင်မယ်ဆိုတာ မေးနေစရာတောင် လိုနေသေးလို့လား..."
လီချန်၏ စကားများကို နားထောင်ပြီးနောက် ကျောက်ယွဲ့ထုံ ယခု ပြဿနာ၏ လေးနက်မှုကို ဟတိပြုမိသွားကာ ထုံးဖေးကို ဘေးတစ်နေရာသို့ ခေါ်သွားလိုက်ပြီး "ဖေးဖေး... သူဌေးနဲ့ ဖုန်းရှစ်ယွီ ပြိုင်ကစားမယ်ဆိုရင် ဘယ်သူ နိုင်လောက်မယ်လို့ ထင်လဲ..."
"မေးနေစရာ လိုသေးလို့လားလို့.. သေချာပေါက် ဖုန်းရှစ်ယွီပဲလေ..."
ထုံးဖေး အကြီးကြီး ပြုံးလိုက်ပြီး ကျောက်ယွဲ့ထုံကို တံတောင်ဖြင့် တွတ်လိုက်ကာ "သူဌေးရဲ့ ချစ်သူကို မြင်ပြီးတော့ နင် ဖုန်းရှစ်ယွီကို ငြင်းလိုက်တာကို နောင်တရနေတာမလား.. နောင်တရတယ်ဆိုရင်လည်း ပွင့်ပွက့်လင်းလင်း ပြောလိုက်လေ.. ဘာမှ ကြီးကျယ်နေတာလည်း မဟုတ်ပဲနဲ့.. ဒီလိုမျိုး လှည့်ကွက်သုံးပြီး အဖြေပေးနေစရာ မလိုပါဘူး... "
"ဟာ.. မဟုတ်တာတွေ .. နင်တို့ အထင်လွဲနေပြီ..."ကျောက်ယွဲ့ထုံ ပြောလိုက်၏။
ထိုအခါမှသာ သူမ စောနက တော်တော်လေး တုံးအမိခဲ့ကြောင်း သဘောပေါက်သွားလေသည်။
"ဖုန်းရှစ်ယွီ... ငါနောင်တရသွားပြီ.. ငါ ခုနတုန်းက ပြောတာကို ထည့်မတွက်တော့ဘူး...."
"ထည့်မတွက်တော့ဘူး...."
"မင်းပြောတဲ့ သေရင်တောင် နောင်တမရဘူးဆို... မင်းငြင်းတယ်ဆိုမှတော့ အဲ့ကောင် ရှုံးမယ်ဆိုတာ သေချာနေတဲ့ သဘောပဲမလား.. အဲ့တော့ ငါက နိုင်ရင်လည်း ဘာသွားလုပ်ရမှာ... သူများတွေက ငါ အနိုင်ကျင့်နေတယ်လို့ ပြောကုန်ကြမှာပေါ့ဟ..."
ကျောက်ယွဲ့ထုံ တိတ်ဆိတ်သွားခဲ့၏။ သူမ ကိုယ့်ကိုယ်ကို ရောင်းချမိလိုက်သလို ခံစားလိုက်ရလေသည်။
"ရှောင်ထုံ... နင် ဖြစ်လာမယ့် ရလဒ်ကိုပဲ လက်ခံလိုက်ပါအေ..."လီချန် ဖြောင်းဖြလိုက်ပြီး "ဖူးစာရေး နတ်မင်းကြီးက နင်တို့နှစ်ယောက်ကို အတူရှိစေချင်တာလည်း ဖြစ်နိုင်တာပဲလေ.. နင် ခုခံမနေနဲ့တော့ .. ဒီတိုင်း လက်ခံပြီး ပျော်မွေ့လိုက်..."
"ဒါပေမာိ့ ငါမှ သူ့ကို မကြိုက်တာ..."ကျောက်ွာဲ့ထုံ မပျော်ရွှင်စွာ ပြောလိုက်ပြီး "ဟူး... အဲ့လိုမှန်းသိရင် သူနဲ့ လောင်းကြေး မထပ်ပါဘူး..."
"ခုမှတော့ နင် နောင်တရချင်ရင်တောင် နောက်ကျသွားပြီ..."လီချန် မတတ်နိုင်ဟန်ဖြင့် ပခုံးတွန့်လိုက်ပြီး "သူဌေး အနိုင်ဪပါစေလို့ပဲ ကြိတ်ဆုတောင်းကြတာပေါ့..."
"ဒါဆို နင်ကော သူဌေး နိုင်ဖို့ အခွင့်အလမ်းရှိတယ်လို့ ထင်လား..."
"နင်ခု အိပ်လိုက်လေ.. အဲ့တာဆို သူဌေးက အိပ်မက်ထဲမှာ အနိုင်ရသွားလောက်ပြီ..."
"အာ..... သွားပါပြီ..."ကျောက်ယွဲ့ထုံ စိတ်ပျက်အားလျော့သွားခဲ့တော့၏။
လင်းရီနှင့် ကျီချင်းရန်တို့ကတော့ သူမတို့နှစ်ယောက်၏ စကားဝိုင်းကို မကြားပဲ ဆက်လက် တစ်တီတူးနေကြ၏။
“ ရီ.. နင်က အရမ်းတော်တာပဲ… နင်ဘတ်စကက်ဘော ကစားတာ အဲ့လောက်တော်မှန် ငါမသိဘူးကော…”
“ ပင်းချန်တက္ကသိုလ်မှာ ဘတ်စကက်ဘော နည်းပြလုပ်ခဲ့တာကို မင်းက မေ့သွားတာလား…”
“ အဲ့တုန်းက နင်လျှောက်ပြောနေတယ်ပဲ ထင်တာ… ဒီလောက် တော်မယ်လို့တောင် ထင်မထားဘူး ဟီးဟီး…”
ကျီချင်းရန်၏ အမူအရာမှာ သူခိုးလူမိသကဲ့သို့ ဖြစ်သာခဲ့၏။
“ နင့်ဘေးပတ်ပတ်လည်က လူတွေကို ကြည့်ကြည့်လိုက်… နင့်ကို မနာလိုတဲ့ ပုံစံနဲ့ ကြည့်နေကြတာ… တစ်ချက်ကြည့်လိုက်တာနဲ့ သူတို့က နင့်လောက်မတော်ဘူးဆိုတာ ပြောနိုင်တယ်…”
“ ငါ့ကို မြှောက်ပင့်မနေနဲ့… သည့်ထက်ဆက်မြှောက်နေရင် ငါ နတ်ပြည်တက်သွားတော့မှာ…”
“ ခစ်ခစ်… နင်က အရမ်းတော်နေတာကိုး…”
ကျီချင်းရန် လင်းရီကို တံတောင်ဖြင့် တွတ်လိုက်ပြီး “ သွားပြီးတော့ ပိုမိုက်တဲ့ဟာလေး လုပ်ပြလိုက်… သူတို့နင့်ကို အကြာကြီး မနာလို ဖြစ်နေပါစေ…”
“ ဒီခု ငါ ဘောလုံးပစ်လိုက်တာကရင် အရမ်းခက်နေပြီ…”
“ အဲ့ထက် ပိုခက်တာ မရှိတော့ဘူးလား…” ကျီချင်းရန်မေးလိုက်ပြီး “ ငါက သူတို့ အားကျနေတဲ့ မျက်ဝန်းတွေကို မြင်ချင်နေတာ…”
“ ဒါဆို ကွင်းတစ်ခုလုံးကို ရှော့ခ်ရသွားစေမယ့် ပြကွက်ကို လုပ်ပြမယ်.. မင်း အပြင်မှာ ဘယ်တုန်းကမှ မမြင်ရစေဘူးလို့ အာမခံတယ်…”
“ အွန်း ကောင်းတယ် ကောင်းတယ်…”
“ ဒီမှာ စောင့်နေ…”
“ ညီကို…”
လင်းရီ သုံးမှတ်ပစ်သွင်းလိုင်းမှ လမ်းလျှောက်လာသည်ကို မြင်တော့ ဖုန်းရှစ်ယွီ တားလိုက်၏။
“ ဘာကိစ္စလဲ…”
“ ဒီတိုင်း ဘောလုံး အလွတ်သွင်းတာက ပျင်းဖို့ကောင်းတယ်… ခုနစ်လုံး ပစ်သွင်းနည်းစနစ်နဲ့ ကစားကြမလား..
“ ငါက ဒီတိုင်း ခြင်းထဲ လေးငါးလုံးလောက်ထည့်ပြီး ပြန်တော့မှာ.. အဲ့လိုဆော့ရင် သေချာပေါက် ချွေးထွက်မှာပဲ…”
“ မင်းရဲ့ အားကစား သက်လုံက အဲ့လောက် မဆိုးလောက်ဘူးမလား… ခုနစ်လုံးထဲလေ… လေးငါးမိနစ်လောက်ဆို ပွဲပြီးပြီ…”
“ ကောင်းပြီလေ… ငါလည်း မကစားတာကြာပြီဆိုတော့ မင်းနဲ့ နောက်မှ ကစားပေးမယ်… “ လင်းရီ ထူးမခြားနားစွာဖြင့် ပြောလိုက်၏။
“ နောက်မှလား…”
“ ခု ငါ့ကောင်မလေးက အကွက်လှလှလေး ကြည့်ချင်နေတာဆိုတော့ အဲ့တာပြီးမှပဲ ကစားကြတာပေါ့…”
“ ကောင်းပြီလေ… မင်းဆက်လုပ်လို့ရတယ်..” ဖုန်းရှစ်ယွီလည်း အလျင်မလိုပေ။
“ အစ်ကိုယွီ.. ဒီအခွင့်အရေးကို အသုံးချပြီးတော့ သွေးပူအောင် လုပ်လိုက်ပါလား…” လျိုကျီးယွမ် မေးလိုက်သည်။
“ ဒီလိုကောင်ကို နှပ်ချဖို့ သွေးပူစရာ လိုလို့လားကွ…. ခုနစ်လုံး သွင်းပြီးရင်တောင် သေချာပေါက် ချွေးတစ်စက် ကျမှာ မဟုတ်ဘူး…”
“ အဲ့တာလည်း ဟုတ်တော့ဟုတ်တယ်… အစ်ကိုယွီနဲ့ သူနဲ့ကြား ကွာဟချက်က အကြီးကြီးလေ…”
ကျောက်ယွဲ့ထုံ လျှို့ဝှက်စွာ သက်ပြင်းချလိုက်၏။ သူမ၏ ဆုံးဖြတ်ချက်ကို သေလောက်အောင် နောင်တရနေလေသည်။
တစ်ချိန်တည်းတွင် လူတိုင်း၏ အကြည့်မှာ လင်းရီအပေါ်သို့ စုပြုံကျနေကြသည်။
မည်သူတစ်ဦးတစ်ယောက်ကမျှ လင်းရီ ဘာလုပ်တော့မလဲဆိုတာကို နားမလည်ကြချေ။
“ သူဘာလုပ်ချင်နေတာ… ဒီတိုင်း ဘလိုင်းကြီး ပစ်ပြမလို့လား….”
လျိုကျီးယွမ် မေးမြန်းလိုက်၏။
“ နေမှာပေါ့… အဲ့ဒါက နည်းစနစ် နည်းနည်းလိုတယ်ဆိုရင်တောင်မှ ကံကောင်းဖို့က အရေးကြီးဆုံးပဲ… တကယ်လို့ ဝင်သွားမယ်ဆိုရင်တော့ မင်းရဲ့ ကောင်မလေးရှေ့မှာ ဝင့်ကြွားလို့ရမယ်… မဝင်ဘူးဆိုရင်တောင်မှ သေချာမလုပ်လို့ဆိုပြီး ပြောလို့ရတယ်… ကုန်ကုန်ပြောရရင် သူ့ရည်မှန်းချက်က တစ်ခုတည်းပဲ… အဲ့တာ သူ့ကောင်မလေး အထင်ကြီး လေးစားတာကို ခံချင်နေတာ…”
သို့သော်လည်း ထိုအခိုက်အတန့်တွင် လင်းရီ ရွေ့လျားလာခဲ့ပြီး ဘောလုံးလေးငါးချက်ပုတ်၍ ဘတ်စကက်ဘောခြင်းဆီသို့ တစ်ဟုန်ထိုး ပြေးထွက်လာခဲ့သည်။
“ ဖက်က်.. ဒါက ဘာကြီးတုန်းကွ…. ဘလိုင်းကြီး ပစ်တာလည်း မဟုတ်ဘူး…” လျိုကျီးယွမ် အံ့အားသင့်သွားခဲ့လေသည်။
သုံးလှမ်း လျှောက်၍ ခုန်သွင်းခြင်းမှာ သုံးမှတ်ပစ်စည်းမှ သွင်းသည်လောက် အဆင့်မမြင့်ပေ။
ဒါက ဘာအကွက်လားဟ… ပုံမှန်ဆို နှစ်လှမ်းအထိပဲ ခွင့်ပြုထားတာလေ…အဲ့ဒါ စည်းကမ်းဖောက်တယ် ခေါ်တယ်ကွ..
တကယ်လို့ မင်းကောင်မလေးက ဘတ်စကက်ဘောအကြောင်း မသိဘူးဆိုတာနဲ့ ဒီကွင်းထဲက ကောင်တွေ မသိဘူးလို့ မဆိုလိုဘူး…
တော်တော်လေး အံ့ဩလောက်ပါပေတယ်…
ဒီကောင်က ဘယ်လို မိမိုက်သလို လုပ်ရမလဲတောင် မသိဘူးပဲ...
“ နေဦး… ငိုးမ..သေစမ်း… ဒီကောင် ဖရီးသွင်းတဲ့ စည်းလိုင်းကနေ ခုန်လိုက်တယ်လား… ခုန်ပြီး လက်တစ်ဖက်နဲ့ တွဲလောင်းခိုတော့မလို့လားဟ..”