← Chapters

နင်က လေဖြတ်ဖို့ ကံပါလာပြီးသား

Vol. 41 Ch. 604

နင်က လေဖြတ်ဖို့ ကံပါလာပြီးသား

Vol. 41 Ch. 604

လူတိုင်း၏ အကြည့်အောက်တွင် လင်းရီ ဘောလုံးကိုကိုင်၍ ဖရီးပစ်သွင်းသည့် လိုင်းမှ ခုန်လိုက်လေသည်။

ခန္ဓာကိုယ်ကို စစ်ပုဆိန် ပုံစံကဲ့သို့ အဆုံးစွန်ဆုံး ဆွဲဆန့်လိုက်ပြီး မရေမတွက်နိုင်သည့် လူများ၏ မျက်လုံးအပေါ်မှ ဖြတ်ကျော်၍ ပျံသန်းသွားခဲ့သည်။

ဝှစ်….. ဘန်း

လင်းရီ ဘတ်စကတ်ဘောကို ခြင်းထဲသို့ ပစ်ထဲ၍ လက်တစ်ဖက်ဖြင့် တွဲလျောင်းထားပြီး ကျီချင်းရန်ဘက်သို့ V ပုံစံ ပို့ပေးလိုက်သည်။

ထိုအခိုက်အတန့်တွင်တော့ အချိန်မှာ တဒင်္ဂရပ်တန့်သွားသည့်နှယ်ပင်။

ကြမ်းပြင်ပေါ်တွင် ခုံပေါက်နေသည့် ဘောလုံးကသာလျှင် ဘာဖြစ်သွားလဲဆိုတာကို သက်သေပြနေခဲ့တော့၏။

“ ဝှက်သယ်ဖက်ခ်… သူ တွမ်ဟော့ခ်လိုမျိုး စစ်ပုဆိန်ပုံစံ ခုန်သွင်းပြသွားတာလား.. အဲ့တာ လူလုပ်နိုင်တဲ့ အကွက်မျိုးမှ ဟုတ်လို့လားဟ…"

ကျီချင်းရန်၏ လှပသော မျက်လုံးလေးများမှာလည်း ပြူးကျယ်နေပြီး ရှော့ခ်ရနေခဲ့လေသည်။

လင်းရီ ခုလေးတင် အဲ့လောက် အမြင့်ကြီး ခုန်သွားတယ်လား…

အားကစား မျိုးဆက်သွေးကိစ္စကတော့ ပူစရာ မလိုတော့ဘူး ထင်တယ်…

‘ အာ… ငါဘာလို့ အဲ့ဒီ အရှက်ကင်းမဲ့တဲ့ အတွေးကို ထပ်တွေးနေပြန်တာ….”

“ ဖက်ခ်…. ငိုးမ… သောက်ရမ်းလန်းတယ်…”

တဒင်္ဂမျှ တိတ်ဆိတ်သွားပြီးနောက် ဘတ်စကတ်ဘောကွင်းတစ်ခုလုံး အာမေဋိတ် သံများဖြင့် ပြည့်နှက်သွားခဲ့တော့၏။

လူတိုင်းလင်းရီကို လေးစားအားကျသည့် မျက်ဝန်းတို့ဖြင့် ကြည့်လိုက်ကြသည်။

ယင်းက သူမကို လင်းရီကိုယ်စား ဂုဏ်ယူသွားစေခဲ့လေသည်။

ဒီခံစားချက်က အရမ်းကောင်းတာပဲ…

“ ဘယ်လိုလဲ…”

“ အရမ်းလှတယ်…”

ကျီချင်းရန် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက် ပြောလိုက်၏။ လူအများအပြား ရှိနေသည့် အချက်ကြောင့်သာမဟုတ်ပါက သူမ ပြေးဝင်၍ အနမ်းတစ်ပွင့် ဆုချလိုက်ပြီး ဖြစ်လေသည်။

ကျောက်ယွဲ့ထုံနှင့် ကျန်သည့် မိန်းကလေးများလည်း မျက်လုံးအရောင် တဖျတ်ဖျတ် ဖြစ်နေကြ၏။

သူဌေးက ကွန်ပျူတာ နတ်ဘုရားတင်မကသေးဘူး… ဘတ်စကက်ဘော ကစားတာလည်း တော်တာပဲလား…

လောကကြီးမှာ ဒီလောက်ပြည့်စုံတဲ့လူ ရှိသေးတာလား…

လင်းရီ ဖုန်းရှစ်ယွီကို လှည့်ကြည့်လိုက်ပြီး “ မင်း ခုနစ်လုံးပစ်သွင်းကြေး ဆော့မယ်လို့ ပြောတယ်မလား… ခု စကြစို့…”

“ အာ……”

ဖုန်းရှစ်ယွီ ပြောစရာကင်းမဲ့စွာဖြင့် ကြက်သေသေသွားတော့၏။ ကျန်သူများကတော့ ပွဲကြီးပွဲကောင်း ကြည့်ရတော့မည့်ဟန်ဖြင့် မျှော်လင့်စောင့်စားနေကြလေသည်။

လင်းရီ ပစ်သွင်းသွားသည့် ပုံစံကို ကြည့်ပါက စကေးတစ်ချို့ရှိမည်မှာ သေချာသလောက်ဖြစ်ပြီး လုံးဝ အထင်သေး၍ မရပေ။

စစ်ပုဆိန်ပုံစံ ပစ်သွင်းသည်မှာ ရိုးရှင်းဟန် တူသော်လည်း အင်မတန်မြင့်မားသည့် စကေးကျွမ်းကျင်မှုနှင့် တိကျမှုတို့ လိုအပ်သည်။

သို့သော်လည်း လင်းရီမှာ အမြင့်ကြီးခုန်ရုံသာမက ပိုစ့်ပင်ပေးသွားခဲ့၏။ သူ၏ ခွန်အားမှာ ဖုန်းရှစ်ယွီ အထက်တွင် ရှိကြောင်း မြင်သာလေသည်။

ပြိုင်ပွဲမှာ မစတင်ရသော်လည်း ရလဒ်မှာ ထွက်ပေါ်လာပြီးဖြစ်၏။

“ ဟျောင့် ဘာတွေငိုင်နေတာ… မင်းဆော့မှာလား မဆော့ဘူးလား…”

“ အဟမ်း… အဲ့တာက ငါ ခုလေးတင် နေလို့မကောင်းလာသလိုပဲ… ဒီနေ့တော့ မကစားတော့ဘူး… နောက်နေ့ကျမှပေါ့…”

“ ကောင်းပြီလေ… အဲ့တော့လည်း မဆော့ရုံပေါ့…”

လင်းရီလည်း အားယားမနေချေ။ ဘောလုံးကို နောက်ပြန်ပစ်လိုက်ပြီး ကျီချင်းရန်၏ ပခုံးကို ဖက်၍ “ ပြန်ကြစို့.. အတော်လေးတောင် နောက်ကျနေပြီ…”

“ အွန်း အွန်း…”

လင်းရီနှင့် ကျီချင်းရန် ထွက်ခွာသွားသည်ကို မြင်တော့ ဖုန်းရှစ်ယွီ ကျောက်ယွဲ့ထုံထံ လျှောက်လာခဲ့ပြီး “ ထုံထုံ .. မင်းခုနလေးတင် နောင်တရပြီလို့ ပြောခဲ့တာမလား… ငါလည်း ဒီလိုမျိုး ပြိုင်တာက အဓိပ္ပာယ်မရှိဘူးလို့ ထင်တယ်… ဒါကြောင့်မို့ မင်းပြောတဲ့အတိုင်းပဲ လုပ်လိုက်တာ…”

“ ပြိုင်တောင် မပြိုင်ရဲတဲ့ကောင်ကများ အရှက်ပြေ ငါ့ကြောင့်ဆိုပြီး အပြစ်လာပုံချနေတယ်ပေါ့… ငါခု နင့်ကို ရှင်းအောင် ပြောထားလိုက်မယ်… ငါတို့နှစ်ယောက်က ဘယ်လိုမှ မအပ်စပ်သလို ပေါင်းဖက်လို့လည်း မဖြစ်နိုင်ဘူး… နင့်မှာ အခွင့်အရေးလည်း မရှိတော့ဘူး… ငါ့ကို နောက်ကျရင် ဝီချက်ကနေ စာလာလာ မပို့နဲ့တော့… မဟုတ်လို့ကတော့ ဘလော့ပစ်လိုက်မယ်..”

လင်းရီကတော့ ဖုန်းရှစ်ယွီ ရင်ထဲရှိ မျှောင့်လင့်ချက် မှိုင်းပျပျလေးကို ငြိမ်းသက်သွားစေခဲ့ကြောင်း မသိခဲ့ပေ။

‘ စိတ်မကောင်းပါဘူးကွာ…’

နှစ်ယောက်သား စားသောက်ဆိုင်သို့ ဖြည်းညင်းစွာ လမ်းလျှောက်လာခဲ့ကြပြီး ကျိုကျုံးဗီလာသို့ မောင်းထွက်လာခဲ့ကြ၏။

အိမ်သို့ ပြန်ရောက်ပြီးနောက် လင်းရီ ဆိုဖာပေါ်တွင် ထိုင်နေစဉ် ကျီချင်းရန် အသီးတို့ လှီးဖြတ်၍ ယူလာခဲ့လေသည်။

သူမ လင်းရီ၏ ပေါင်ပေါ်တွင် တက်ထိုင်လိုက်ပြီး မျက်နှာကို လက်နှစ်ဖက်ဖြင့် ညစ်လျက် “ နင်က အရမ်း အံ့ဩဖို့ကောင်းတာပဲ… ကျန်တဲ့သူတွေ နင့်ကို အရမ်း အားကျနေကြတာ သိလား…”

လင်းရီကတော့ ငိုရအခက် ရယ်ရအခက် ဖြစ်နေပြီး “ သုံးမှတ်ပစ်သွင်းတာနဲ့ ဒီတိုင်း အမြင့်ခုန်ပြီး ခြင်းထဲသွင်းတာလေးပါကွာ… အဲ့ဘာမဟုတ်တာ‌လေးကို ခုထိ ပျော်နေသေးတုန်းလား…”

“ နင်မှ သူတို့ရဲ့ အားကျမနာလိုတဲ့ မျက်ဝန်းတွေကို မမြင်လိုက်လို့လေ…”

“ အေးပါ အေးပါ… ချင်းရန်လေး ပျော်ရင်ပြီးတာပါပဲ…”

ကျီချင်းရန် ပြုံးလိုက်ပြီး လင်းရီ၏ မျက်နှာကို ကိုင်ကာ လေးနက်သည့် လေသံဖြင့် “ ငါတို့ ကျောင်းဝန်းထဲ လမ်းလျှောက်တုန်းက နင်ပြောတာ ငါက နင့်ရဲ့ ဘဝကို ပြီးပြည့်စုံစေတယ်လို့ ပြောတယ်နော်… အဲ့တာ တကယ်ကြီးလား…”

“ ဒါပေါ့ကွ… ငါက ဘာလို့ ညာရမှာ…”

“ ငါ တစ်လမ်းလုံး စဉ်းစားလာခဲ့တာ.. ငါလည်းနင့်လိုပဲ…”

“ ဒါကြောင့်မို့ ဘာမှ စိတ်မပူနဲ့သိလား… ငါတို့အသက်တွေကြီးလို့ နင့်ခြေထောက်တွေ ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ရင်တောင်… ဒါမှမဟုတ် နင့်ရဲ့ အောက်ပိုင်းတစ်ခြမ်း လေဖြတ်သွားတာပဲဖြစ်ဖြစ် နင့်ကို ဝှီးချဲပေါ်တင်ပြီး ပြုစုပေးမယ်နော်… နင့်ကို ဘေးမှာ ထားပြီး တခြားယောက်ျားတစ်ယောက်နဲ့ တွဲကတာကို ထိုင်မကြည့်စေရဘူး…”

“ နေ နေစမ်းပါဦး…” လင်းရီ ပြောလိုက်ပြီး “ အသက်ကြီးလည်း ငါက ကျန်းကျန်းမာမာနဲ့ ရှိနေလို့ မရဘူးလား… ဘာကိစ္စ အောက်ပိုင်းလေဖြတ်ရမှာ… ဝှီးချဲပေါ် ထိုင်နေရတဲ့သူက မင်းဖြစ်နေတာကော မဖြစ်နိုင်ဘူးလား…”

“ အိုင်းယား… ငါက နင့်ကို အနာဂတ်ကျရင် ကောင်းကောင်းဆက်ဆံပေးပါမယ်ဆိုပြီး နှိုင်းယှဉ်ပြတာလေ…”

“ တကယ်လို့ နင်စက်ပစ္စည်းတွေနဲ့ အသက်ဆက်ရှင်ရမယ်ဆိုရင်တောင်မှ ဒေါက်တာတွေကို အကုန်လုံး ပြီးပြည့်စုံအောင် လုပ်ပေးဖို့ ပြောထားပေးမယ်…”

“ တကယ်လို့ တစ်နေ့ အဲ့လို ပစ္စည်းတွေရှိမှ အသက်ဆက်ရှင်ရမယ်ဆိုရင် ဒေါက်တာကို အဲ့ဒီကြိုးတွေ ဖြုတ်ဖို့ ပြောလိုက်… အဲ့လိုမျိုး သနားစရာကောင်းတဲ့ ပုံစံနဲ့တော့ အသက်မရှင်ချင်ဘူး..”

“ သေချာလား…”

“ သေချာတာပေါ့ဟ…”

ကျီချင်းရန် လင်းရီ ပေါင်ပေါ်မှ ထသွားပြီး ရုပ်ရှင်ကြည့်သည့် အခန်းထဲသို့ ဝင်သွားခဲ့၏။

“ မဟုတ်ဘူးလေ.. ချင်းရန် Router ကြိုးလေးတော့ မဖြတ်ပါနဲ့ဟ….”

…………..

သူမ စိတ်ကောင်းဝင်နေသောကြောင့်လားတော့ မသိ။ နောက်တစ်နေ့ နံနက်တွင် ကျီချင်းရန် လင်းရီကို ဆုချသည့် အနေဖြင့် ဟင်းပွဲများစွာကို ချက်ပြုတ်ပေးလေသည်။

နံနက်စာ စားပြီးနောက် ကျီချင်းရန် အပြာရောင် ရှပ်အင်္ကျီ ၊ အဖြူရောင် ဝတ်စုံနှင့် ဒေါက်မြင့် ညှပ်ဖိနပ်တစ်ရံကို စီးနင်းရင်း လင်းရီနှင့်အတူ ထွက်လာခဲ့၏။

“ နင်က Koenigsegg မောင်းမလို့လား…”

“ ငါဒီနေ့ ဆွေးနွေးစရာ ကိစ္စရှိလို့လေ… တကယ်လို့ ဆိုင်ကို အရင်သွားမယ်ဆိုရင်တော့ မယူသွားပါဘူး..”

“ ဖုန်းစစ်စတမ်အကြောင်း ဆွေးနွေးမလို့လား…”

လင်းရီ ခေါင်းညိမ့်လိုက်၏။ “ ဟုတ်တယ်…”

“ ဟုတ်ပြီလေ.. ငါတို့လည်း ရောင်းအားတက်လာပြီဆိုတော့ ဒီတစ်ခါတော့ လိုက်လျောလိုက်မယ်…” ကျီချင်းရန် ခေါင်းညိမ့်လိုက်သည်။

နှုတ်ဆက်ပြီးနောက် နှစ်ယောက်မှာ ကားကိုယ်စီမောင်း၍ ထွက်ခွာသွားကြလေသည်။

ကျီချင်းရန်ကတော့ ချောင်ရန် အုပ်စုထံ ဦးတည်လိုက်ပြီး လင်းရီကတော့ လျန်ရူရွှယ်ထံသို့ ဦးတည်လိုက်၏။

“ မင်း အခု ရုံးမှာလား…”

လမ်းတွင် လင်းရီ လျန်ရူရွှယ်ထံ ဖုန်းခေါ်လိုက်၏။

“ အိမ်မှာ…. အလုပ်မသွားသေးဘူး… ဘာကိစ္စလဲ…”

“ ဘယ်အချိန်ရှိနေပြီတုန်း… ခုထိ အိမ်ကနေ မထွက်နိုင်သေးဘူးဆိုတော့ ဒီလ အချိန်မှန်ကြေး မလိုချင်တော့ဘူးနဲ့တူတယ်…”

“ ဘယ်သူက ငါ့လစာ ဖြတ်ရဲမှာ…” လျန်ရူရွှယ်ပြုံးလိုက်ပြီး “ ဒါနဲ့လေ တမြန်မနေ့တုန်းက အန်ကယ်ချိန် ငါ့ဆီဖုန်းဆက်လာပြီးတော့ နင့်ကို ထမင်းဖိတ်ကျွေးချင်လို့ဆိုပြီးပြောနေတာ… ဒါပေမယ့် နင်က အဲ့လိုမျိုးတွေ မကြိုက်ဘူးဆိုတာ သိလို့ နင့်အစား ကူငြင်းပေးလိုက်တယ်…”

“ သူက ဘာလို့ ထမင်းဖိတ်ကျွေးချင်နေတာ…”

“ နင်က ကမ္ဘာကြီးကိုတောင် လှုပ်ခတ်စေနိုင်လောက်တဲ့ လုပ်ရပ်တွေနဲ့ ဟွာရှပြည်သူတွေကို အများကြီး အကျိုးပြုထားတာလေ… သူ့ဘက်က ကျေးဇူးတင်မှုကို ဖော်ပြသင့်တာပေါ့… နင့်ကို ဟွာရှ ဆေးဝါးသမ္မဂရဲ့ ဒုဥက္ကဌရာထူးပေးဖို့တောင် စီစဉ်နေတာ…”

“ အချိန်ရရင် အိမ်‌လေး ဘာလေးလည်း လာလည်ဦး…”

“ ခုအားတယ်.. ခုလာပြီ… အိမ်မှာစောင့်နေ..”

“ အဲ့ဒါဆို ဒိန်ချဉ်တစ်ဘူးလောက် ဝယ်ခဲ့ပေးဦး… ငါသောက်ချင်လို့…”

“ မင်းအလုပ်တွေချည်းပဲ…”

“ နင့်ဆိုင်ကို ဆက်ဖွင့်ချင်သေးတယ်မလား… အဲ့ဒါဆို ခိုင်းတဲ့အတိုင်းလုပ်လိုက်… မဟုတ်ရင် ချိတ်ပိတ်ပစ်လိုက်မယ်…”

“ မင်းတော်တော်များသွားပြီ..”

လင်းရီ ဒိန်ချဉ်နှစ်ကတ် ဝယ်ပြီးနောက် လျန်ရူရွှယ်အိမ်သို့ ရောက်လာခဲ့လေသည်။

လျန်ရူရွှယ်မှာ အိပ်စုံမှုန်မွှားဖြင့် ဖြစ်နေပြီး သူမ၏ ညအိပ်ဝတ်စုံကိုပင် မလဲရသေးချေ။ သူမ၏ ဆံပင်မှာဖွာတာနေပြီး ဖြူဖွေးသော ခြေတံများကိုလည်း လှစ်ဟာပြထား၏။ သူမ၏ အရှေ့ဘက်ခြမ်းကတော့ လုံးဝန်းနေကာ မြင်သူတိုင်းကို လှဲသိပ်စေချင်စိတ်များ ဖြစ်ပေါ်နေစေတော့၏။

“ ဆိုပါဦး… နင့်ဘက်က ထူးထူးဆန်းဆန်း ဖုန်းအရင်ခေါ်လာတယ်ဆိုတော့ တစ်ခုခုဖြစ်နေလို့လား…”

“ မင်းပြောမှပဲ ငါက ဘဝင်ကိုင်တဲ့ကောင်ကြီး ကျနေတာပဲ… ကိစ္စမရှိရင် မင်းဆီလာလို့မရတော့ဘူးလား…”

“ သေချာလို့လား…”

“ဒါက ငါ့ကိုယ်ရေးကိုယ်တာ ကိစ္စတော့ မဟုတ်ပါဘူး… ဒါပေမယ့် မင်းနဲ့ ပတ်သက်နေတာ….”

“ ငါနဲ့လား…. ဘာကိစ်စလဲ…”

“ ငါမင်းကို နိုင်ငံရေး အောင်မြင်မှုတစ်ချို့ ကမ်းလှမ်းချင်လို့ … စိတ်ဝင်စားလား…”

“ အမ်... ဒီတစ်ခေါက်လည်း ဘာတွေ မွှေပြန်ဦးမှာ…”

“ မမွှေပါဘူးကွာ...လောလောဆယ် ငါ ဖုန်း စစ်စတမ်တစ်ခုကို လုပ်နေတာ… ပြီးတော့ ထုံးစံအတိုင်း အတိုင်ပင်ခံရာထူးက မင်းဥစ္စာပဲ…”

“ နင်ငါ့ကို အရူးလာလုပ်နေတာလား….” လျန်ရူရွှယ် ပြောလိုက်ပြီး “ ဖုန်းစစ်စတမ်က ဘာမှ အံ့ဩဖို့ကောင်းတာလည်း မဟုတ်ပဲနဲ့…. တကယ်လို့ ငါ့ရဲ့ အကူအညီလိုတယ်ဆိုရင်လည်း တိုက်ရိုက်ပြောလိုက်လေ… အားရင် ငါ့ကို အရူးလုပ်ဖို့လောက်ပဲ စဉ်းစားနေ…”

လင်းရီ ရယ်မောရယ်မောလိုက်ပြီး “ ဒါဆိုလည်း မင်းကို မဖုံးကွယ်ထားတော့ဘူး… ငါ့ကို ဥပဒေမူဝါဒ တစ်ချို့ ကင်းလွတ်ခွင့် ပေးနိုင်မလားလို့ပါ….”

“ ဘာမူဝါဒလဲ… ပြောလေ…”

“ နှစ်သစ်ကူးပွဲတော်ညမှာ စပွန်ဆာပေးချင်တယ်… ပိုက်ဆံ ဘာညာ ကိစ္စမရှိဘူး.. အထက်ကြီးပိုင်းတွေဘက်က နံပါတ်တစ်ခု ပြောလိုက်တာနဲ့ ငါ့ဘက်က ထုတ်ပေးနိုင်တယ်… ဒါပေမယ့် လေလံဝင်မဆွဲချင်ဘူး… အဲ့ကိစ္စ ကူညီပေးနိုင်မလား…”

“ သီအိုရီအရဆိုရင်တော့ လုံးဝ မဖြစ်နိုင်ဘူး…”

လင်းရီ ပြုံးလိုက်ပြီး ချက်ချင်း နားလည်သွားတော့၏။

ဟွာရှလို နိုင်ငံမျိုးတွင် စကားပြောခြင်းမှာလည်း အနုပညာတစ်ရပ်ပင်။ စကားအကျကောက်သည်မှစ၍ စကားလုံးတိုင်း၏ ကွဲပြားသည့် အဓိပ္ပာယ်တို့ကို ခွဲထုတ်ကာ တွေးတော၍ ရလေသည်။

သီအိုရီအရ မဖြစ်နိုင်ဘူးဆိုသည်မှာ လက်တွေ့ကျကျ ဆိုလျှင်တော့ ဖြစ်နိုင်ပေသည်။

"ငါ သက်ဆိုင်ရာလူတွေနဲ့ စကားပြောကြည့်လိုက်ဦးမယ်.. ဒါပေမယ့် လုပ်ထုံး လုပ်နည်းတွေကိုတော့ ကျော်လို့မရဘူး.. အဲ့ဒါကလည်း ဒီတိုင်း ရေလိုက်ငါးလိုက် လုပ်သွားပေးလိုက်ရင် ရပြီ... နောက်ဆုံး ရလဒ်ကိုတော့ အကျိုးသက်ရောက်မှု ရှိစေမှာ မဟုတ်ဘူး.. ဘာမှ စိတ်မပူနဲ့..."လျန်ရူရွှယ် ပြောလိုက်ပြီး "မနှစ်တုန်းက အတိုင်းဆိုရင် နှစ်သစ်ကူးပွဲတော်မှာ စပွန်ဆာပေးဖို့က တစ်ဘီလီယမ်ကျတယ်.. ဒါပေမယ့် နင်က နာမည်လည်း အတန်အသင့် ရထားတယ်ဆိုတော့ အဲ့လောက် အများကြီး ကုန်ဖို့ လိုမယ် မထင်ပါဘူး... ဒီတိုင်း သင့်တင့်တဲ့ ပမာဏလေးပဲ ပေးလိုက်ရင် အဆင်ပြေပြီ.."

"အဲ့တာဆို စိတ်ချသွားပြီ..."

လျန်ရူရွှယ် လင်းရီကို စိုက်ကြည့်လိုက်ပြီး "နင်က ဘာကြော်ငြာချင်နေတာ... ဖုန်းအသစ်လား..."

"ဖုန်း မဟုတ်ပါဘူး.. စစ်စတမ်..."

"စစ်စတမ်..."

လျန်ရူရွှယ် အနည်းငယ် ရှုပ်ထွေးသွားပြီး "ဘယ်ဖုန်းက စစ်စတမ်ကြီး သီးသန့် ကြော်ငြာလို့.. အဓိပ္ပာယ် မရှိတာတွေ လျှောက်လုပ်မနေစမ်းပါနဲ့ လင်းရီရယ်...."

"ငါ အသစ် စမ်းကြည့်မလို့လေ..."လင်းရီ ပြောလိုက်ပြီး "လက်ရှိ မိုဘိုင်းဖုန်း ဈေးကွက်က Appleရဲ့ IOS နဲ့ Googleရဲ့ Android က သိမ်းပိုက်ထားပြီးသား.. တကယ်လို့ သာမန်ပုံစံနဲ့ ကြော်ငြာမယ်ဆိုရင် ဘာမှ သိပ်ပြီး ထူးခြားမှာ မဟုတ်ဘူး.. ဒါကြောင့်မို့ မိုဘိုင်းဖုန်း စစ်စတမ်အသစ်ကို ထုတ်ကုန်တစ်ခု အနေနဲ့ ရောင်းချဖို့ စီစဉ်နေတာ..... "

"ဒီတော့ နင်က နှစ်သစ်ကူးပွဲတော်ရဲ့ လွှမ်းမိုးမှုတွေကို အသုံးချပြီးတော့ ကြေညာချင်နေတယ်ပေါ့…”

All Chapters