← Chapters

သူမက အရမ်း ဆွဲဆောင်မှုရှိတယ်

Vol. 41 Ch. 605

သူမက အရမ်း ဆွဲဆောင်မှုရှိတယ်

Vol. 41 Ch. 605

"အမှန်ပဲ... အဲ့တာကို အချက်ပြသဘောမျိုးနဲ့သုံးမှာ... လူဘယ်လောက် များများ သုံးကြမလဲ မသိဘူး..."

"သုံးဖို့ဆိုတာ မဖြစ်နိုင်လု နီးပါးပဲ...လက်ရှိ စီးပွားရေး လုပ်ငန်းရှင်တွေက စီးပွားရေး လောကရဲ့ အတက်အကျကို အတွေ့အကြုံ ရှိပြီးသားသူတွေ.... ဒါပေမယ့် အဲ့တာက သူတို့ရဲ့ အနာဂတ် ဆုံးဖြတ်ချက်တွေကိုတော့ ယိမ်းယိုင်သွားစေနိုင်တယ်... "လျန်ရူရွှယ် ပြောလိုက်ပြီး "ဒါကြောင့်မို့ နင် အဲ့ဒီ နည်းလမ်းနဲ့ စစ်စတမ်အသစ်ကို မိတ်ဆက်ပေးချင်တယ်ဆိုရင် ထင်သလောက် အောင်မြင်မှာ မဟုတ်ဘူး..."

"အဲ့‌တာကြောင့်မို့လည်း ငါက နည်းဗျူဟာကျကျနဲ့ ၀င်လာတာလေ..."

"ငါမြင်တာတော့ နင် နည်းဗျူဟာကျကျ မလာပဲနဲ့ လူတွေကို ပိုက်ဆံပေးနေတယ်လို့ပဲ မြင်တယ်..."

"မင်းလည်း ငါ့အကြောင်း သိသားနဲ့..."

"ဒါပေမယ့် ဘယ်သူကမှ စိတ်ပြောင်းလိမ့်မယ်လို့တော့ မထင်ဘူး..."လျန်ရူရွှယ် ပြောလိုက်ပြီး "IOS နဲ့ Androidက အရမ်းကို စေ့စပ်စုံလင်ပြီးတော့ နာမည်လည်း အခိုင်အမာ ရှိပြီးသား... ဒီနေရာမှာ IOS အကြောင်း မပြောသေးဘူး... Android လို open-sourced တစ်ခုလုံးကြီး ရှိနေမှတော့ ဘယ်သူက နင့်ရဲ့ စစ်စတမ်အသစ် သပ်သပ်ကြီး သုံးနေမှာ...."

"မင်းပြောတဲ့ ပြဿနာကို ငါစဉ်းစားပြီးသွားပြီ... ဒါကြောင့်မို့ အဲ့ဒီ အကြံဉာဏ်ကို ပယ်ချလိုက်တာ... သူများတွေနဲ့ လက်တွဲလုပ်လို့မရမှတော့ ကိုယ့်ဘာကိုယ်ပဲ လုပ်ရတော့မှာပေါ့..."

"နင် ဖုန်းအရင်ရောင်းသင့်တယ်နော..."

"မဟုတ်ဘူ.. ဖုန်းစစ်စတမ်ကိုက လူသုံးကုန်တစ်ခုပဲ.. ငါက လိုချင်တဲ့သူမှန်သမျှကို ဖရီးပေးသွားမှာ..."

လျန်ရူရွှယ် တစ်ခုခု မှားယွင်းသလို ခံစားလိုက်ရပြီး "နင်ဘာလို့ ဒါကြီး လုပ်နေတာ.. အဲ့တာက နင့်ကို ပိုက်ဆံ ၀င်စေမှာလည်း မဟုတ်ပဲနဲ့..."

"ငါက ပိုက်ဆံရှာဖို့ အာရုံစိုက်နေတာမှ မဟုတ်တာ... ဒါကြောင့်မို့ အလျင်လိုစရာ မလိုပါဘူး..."လင်းရီ ပြောလိုက်ပြီး "ဒီကိစ္စ ငါမင်း အကူအညီလိုတယ်..."

"စပွန်ဆာပေးမယ့် အခွင့်အရေးက အသေးအမွှား ကိစ္စလေးရယ်.. ငါ့အဘိုးတောင် မလိုဘူ.. အန်ကယ်ချိန်ကို ပြောလိုက်ရုံနဲ့တင် ပြီးပြီ.."လျန်ရူရွှယ် ပြောလိုက်ပြီး "ဒါပေမယ့် အဲ့လောက်လေးက လုံလောက်တာ သေချာရဲ့လား.. ငါ့ဘက်က ထပ်ပြီးတော့ ဖြည့်စွက် ကူညီပေးရဦးမလား..."

" ဘယ်လိုကူညီမှာ..."

"ဥပမာပြောရရင် ပြည်တွင်း ဆော့ဝဲ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကြောင့် ဒီရဲ့ စစ်စတမ်အသစ်ကို လုပ်လိုက်တာ ဆိုရင် နင့် အတွက်လည်း အကျိုးရှိသွားမယ်မလား..."

"ကောင်းပြီလေ... အကူအညီ ဖြစ်မယ်ထင်တဲ့ဟာ မှန်သမျှ မင်းပေးသလောက် အကုန်ယူတယ်... ငါက ဂျေးမများတတ်ဘူး..."

"ဘယ်လိုတောင် လောဘကြီးလိုက်လဲ..."

စကားပြောပြီးနောက် လျန်ရူရွှယ် အ၀တ်အစားလဲကာ ထွက်ခွာရန် ပြင်ဆင်လေသည်။

သူမ မူလက လင်းရီကို လိုက်ပို့ခိုင်းရန် ကြံစည်ထားသော်လည်း Koenigsegg ကို မြင်ပြီးနောက် ထိုအကြံအား လက်လျော့လိုက်တော့၏။

လင်းရီ ဆိုင်သို့ ပြန်ရောက်လာသောအခါ မနက် ခုနစ်နာရီ ကျော်နေပြီး ဖြစ်၏။

လင်းရီ သူ့စိတ်ထဲရှိ အတွေးများအား တစ်ဖန် ပြန်စုစည်းလိုက်သည်။

လျန်ရူရွှယ် ပြောသည်က မှန်၏။ သူ၏ စစ်စတမ်ကို အသုံးပြုသူ ရရှိရန် မလွယ်ကူပေ။ ထို့ကြောင့် ကိုယ်ဘာကိုယ် ပြုလုပ်ရမည် ဖြစ်၏။

Sci-tech မှ ချစ်ပ်အသေးများ ထုတ်လုပ်ထားသော်လည်း မိုဘိုင်းဖုန်းထဲတွင် အဓိက မဏ္ဍိုင်အဖြစ် အသုံးပြုရန်ကျ အနည်းငယ် လိုအပ်နေသေးလေသည်။

ဒါဆို သူ့ရဲ့ နောက်ထပ် ရွေးချယ်စရာ တစ်ခုက ဘာဖြစ်မလဲ...

သူ၏ အတွေးများကို စီစစ်ပြီးနောက် လင်းရီ စွန်းဖုယွီနှင့် ချီရှန်းကျောက်ကို ဂရုထဲသို့ ဆွဲသွင်းကာ ဗွီဒီယိုကော ခေါ်လိုက်၏။

"ဒါရိုက်တာလင်း .. ညွှန်ကြားစရာများ ရှိလို့လား..."ဖုန်းထဲတွင် စွန်းဖုယွီမှ ပြောလာခဲ့သည်။

"စွန်းကြီး ... ငါတို့ စစ်စတမ်အသစ်ရဲ့ အရင်းအမြစ်ကုတ်က Android နဲ့ အနီးစပ်ဆုံး တူမှ ဖြစ်မယ်... တစ်နည်းပြောရရင် Android‌ပေါ်မှာ သုံးလို့ရတဲ့ အက်ပ်တွေက ငါတို့ရဲ့ စစ်စတမ် အသစ်ပေါ်မှာလည်း သုံးလို့ ရရမယ်...ဒါပေမယ့်လည်း တစ်ထေရာတည်း မဖြစ်အောင် ခြားနားချက်လေးတွေတော့ ရှိရမှာပေါ့... နည်းပညာပိုင်းအရဆိုရင် ခု ငါပြောသွားသလိုမျိုး လုပ်သွားဖို့က ပြဿနာ မရှိဘူးမလား... "

စွန်းဖုယွီ လိမ္မာပါးနပ်စွာ ပြုံးလိုက်ပြီး " ဘာမှ စိတ်မပူပါနဲ့ ဘော့စ်... ကျွန်တော့်ဘက်က အစတုန်းကတည်းကရင် အဲ့ဒီအတိုင်းပဲ ဆောင်ရွက်ထားတာပါ...."

"တကယ်ကြီးလားကွ..."

"တကယ်ပါဘော့စ်..."စွန်းဖုယွီ ပြောပြီးနောက် "စစ်စတမ် အသစ်ထွင်တာက ကျွန်တော်တို့ ပထမဆုံးမှ မဟုတ်တာ... ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်လာရင် ရှေ့က နမူနာတွေ အများကြီး ရှိတယ်လေ..."

"အသေးစိတ်ပြော.."

"ဟုတ်ကဲ့ပါဘော့စ်...တကယ်လို့ ဘော့စ်က အပြည့်အ၀ ထိန်းချုပ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ ရွေးချယ်စရာ မရှိပဲနဲ့ အသစ်စက်စက် ဖုန်းစစ်စတမ် တစ်ခုကို ဖန်တီးရတော့မှာ... ဒါပေမယ့် ပုံကြမ်းကနေ ထပ်ပြီးတော့ မွမ်းမံမယ်ဆိုရင်တော့ အက်ပ်တွေ ဒီလောက်ထိ ပေါများနေတဲ့ ကာလမှာ စစ်စတမ်အသစ်အတွက် အက်ပ်အသစ်သပ်သပ်ရေးတယ်ဆိုတာက အလဟဿ ဖြုန်းတီးနေတာနဲ့ အတူတူပဲ... ဘယ်သူကမှ သူတို့ရဲ့ အရင်းအမြစ်တွေကို ဖြုန်းတီးပြီးတော့ အက်ပ်အသစ်တွေ ရေးမနေဘူး... အဲ့လိုလုပ်ဖို့ တစ်ခုတည်းသော ဖြေရှင်းနည်းလမ်းကလည်း စစ်စတမ် အသစ်ကို Android နဲ့ အနီးစပ်ဆုံးတူအောင် လုပ်ဖို့ပဲ....ဒါပေမယ့် ဘော့စ် ပြောတဲ့အတိုင်း ကျွန်တော်တို့ရဲ့ စစ်စတမ် အသစ်မှာ အသုံးပြုချင်တယ်ဆိုရင်တော့ နည်းနည်းပါးပါး ပြုပြင်ပြောင်းလဲ မှုလေးတွေတော့ လိုအပ်တာပေါ့...."

"ဒါဆို စွပ်စွဲတာကို ရှောင်ရှားဖို့ကျတော့ကော ...."

"ပိုတောင်မှ ရိုးရှင်းသေး... Tencent က ရှေ့ကနေ ဘယ်လို လုပ်ရမလဲဆိုတာ ပြောပြပြီးသား မဟုတ်ဘူးလား... "စွန်းဖုယွီ ပြောလိုက်ပြီး "အွန်လိုင်းသတင်းအချက်အလက်နဲ့ လုံခြုံရေး နယ်ပယ်မှာ ခိုးချတယ်ဆိုတဲ့ အဓိပ္ပာယ်က ကုတ်ကို ထပ်တူပွားလိုက်တာ.. ဒါပေမယ့် အဲ့တာကို ရှောင်ရှားဖို့ဆိုရင် ကျွန်တော်တို့က ပြန်ရေးလိုက်ရင် ရပြီ... တကယ်လို့ သူတို့ဘက်က တရားစွဲတယ်ဆိုရင်တောင် ကျွန်တော်တို့ဘက်က ဘာမှ ကြောက်နေစရာ မလိုဘူး... ကျွန်တော်တို့ရဲ့ ကုတ်က တူသလိုဖြစ်နေတာ.. တစ်ထေရာတည်း တူနေတာ မဟုတ်ဘူး... နောက်ပြီး သူတို့က နိုင်ငံခြား ကုမ္ပဏီလေ... ကျွန်တော်တို့လို ဟွာရှရဲ့ ပြည်တွင်းအခြေစိုက် ကုမ္ပဏီတစ်ခုကို ဆန့်ကျင်ရဲမှာ မဟုတ်ဘူ... "

ဟစ်...

လင်းရီ အံ့အားသင့်သွားခဲ့၏။

"သောက်ခွေး...မင်းက ဂျီးနီယပ်စ်ပဲ... "

"ဟီးဟီး.. ချီးကျူးပေးတဲ့အတွက် ကျေးဇူးပါ ဘော့စ်..."

"ချီကြီး.. ငါမင်းကိုလည်း အရမ်းအရေးကြီးတဲ့ တာ၀န်တစ်ခု ပေးစရာ ရှိတယ်..."လင်းရီ ပြောလိုက်ပြီး "စက်ရုံတစ်ချို့ ရှာထားလိုက်... ငါတို့ခု မိုဘိုင်းဖုန်းဈေးကွက်ထဲကို ၀င်တော့မှာ..."

"ကျွန်တော့်ဘက်က ကုမ္ပဏီတစ်ချို့ကိုတောင် ဆက်သွယ်ပြီးသွားပြီ.. ဥက္ကဌလင်း ညွှန်ကြားချက်ပေးမှာကို စောင့်နေတာ..."

"မင်းက ကြိုတောင် ပြင်ဆင်ထားပြီးပြီလားဟ..."

"ဟုတ် ဘော့စ်...ယွမ်ယွမ်က သူပြန်လာတော့ ကျွန်တော့်ကို အဲ့အကြောင်း ပြောပြတယ်လေ.. အဲ့တာကြောင့် ခန့်မှန်းပြီးတော့ ရှေ့ကြိုလှမ်းထားလိုက်တာ...."

လင်းရီ ခေါင်းငြိမ့်လိုက်၏။

ချီကြီးကလည်း ဂျီးနီးယပ်စ်ပဲ...

" မင်းက ပြင်ဆင်ထားပြီးပြီဆိုတော့ ငါ တိုတိုနဲ့ လိုရင်းပဲ ပြောတော့မယ်…” လင်းရီ ပြောလိုက်ပြီး “ ဖုန်းရဲ့ ကုန်ကျစရိတ်က ယွမ်တစ်ထောင် အတွင်းပဲ ရှိရမယ်… ဒါပေမယ့် ကင်မရာနဲ့ screen resolution ကတော့ အရည်အသွေးကျလို့ မဖြစ်ဘူး… အဲ့တာက အရေးကြီးတယ်… ဆော့ဖ်ဝဲအနေနဲ့ကတော့ ငါတို့ရဲ့ စစ်စတမ်အသစ်ကို သုံးမယ်… ကျန်တာကိုတော့ မင်းပဲ ကြည့်စီစဉ်လိုက်…”

“ နားလည်ပါပြီ…”

“ ကျွန်တော် တစ်ပတ်အတွင်း အစီအစဉ်ဆွဲပြီးသား ဖြစ်စေရပါမယ်…”

“ ကောင်းပြီ… ဒီနေ့တော့ ဒီလောက်ပဲ… မင်းတို့ကောင်တွေ ခု ငါ ပြောသွားတဲ့ဟာတွေ ဆက်လုပ်ထားကြ… အခက်အခဲ တစ်စုံတစ်ရာရှိလို့ မဖြေရှင်းနိုင်တာတွေရှိရင် ငါ့ကိုပြော….”

ရှင်းပြပြီးနောက် လင်းရီ စားသောက်ဆိုင်တွင် အမယ်များ ပြင်ဆင်ရင်းဖြင့် စတင် အလုပ်များလေသည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် တစ်စုံတစ်ယောက်မှ တံခါးတွန်းဖွင့်၍ အထဲသို့ ဝင်ရောက်လာခဲ့၏။

အမျိုးသမီး သုံးဦးနှင့် အမျိုးသား တစ်ဦးပင်။ သူတို့၏ ဝတ်ပုံစားပုံ ကြည့်ရသလောက်တော့ လူလတ်တန်းစားများ ဖြစ်ကြလေသည်။

“ ဘုရားရေ… သူဌေးက တကယ်ကြီး ချောလိုက်တာ…”

“ ငါ မရတော့ဘူး… မူးလဲသွားတော့မယ်…”

( idol တွေမြင်တော့ စိတ်လှုပ်ရှားပြီး မူးလဲသွားသလိုမျိုးလေ..)

ထိုအခိုက်အတန့်တွင် အနက်ရောင် ပိုးထည်ဝတ်ဆင်ထားသည့် မိန်းကလေး တစ်ဦးမှ လင်းရီ အနားချဉ်းကပ်လာခဲ့ပြီး “ အချောလေး… ငါတို့ နင်နဲ့ ဓာတ်ပုံတွဲရိုက်လို့ရလား…”

“ ဘာလို့ ဓာတ်ပုံရမှာ… ငါ့ရုပ်က ပန်ဒါနဲ့ တူနေလို့လား…” လင်းရီ မချေမငံ ပြန်ပြောလိုက်၏။

“ ဘယ်လိုတောင် အေးတိအေးစက်နိုင်ပြီး ချောလိုက်တဲ့ အစ်ကိုလေးလည်း… ဟိုရဲ့ ဖိနပ်လျက်ချင်နေတဲ့ကောင်တွေနဲ့များ တခြားစီ…”

“ ခစ်ခစ်… ငါတော့ ရေခဲတုန်းလိုမျိုး ခပ်ချေချေ ကောင်ချောလေးတွေကို သဘောကျတယ်…. သူတို့ ငါ့ကို ပိုပြီး လျစ်လျူရှုလေ… ပိုပြီး တွယ်ကပ်ချင်လေပဲ…”

လင်းရီ “ …. “

ဘယ်လိုတုန်းဟ…. ဆိုက်ကိုများလား… တော်သေးတာပေါ့ မိန်းကလေး ဖြစ်နေလို့…ယောက်ျားလေးသာဆိုရင် မလွယ်ဘူး…

“ အချောလေး… ငါတို့စားချင်လို့…” အနက်ရောင် ဝတ်စုံဖြင့် အမျိုးသမီးမှ ပြောလိုက်၏။

“ မီနူးက စားပွဲပေါ်မှာ… အဲ့ထဲရှိတာ ကြိုက်တာမှာလို့ရတယ်…”

စားသောက်ဆိုင်မှာ ဈေးကြီးကြောင်း ကြိုသိထားသောကြောင့် မိန်းကလေးများမှာ ဈေးနှုန်းကို မြင်လိုက်ရ၍လည်း အံ့အားသင့်မသွားခဲ့ချေ။

မကြာမီ ဥထမင်းကြော် နှစ်ပွဲ၊ ခေါက်ဆွဲကြော်တစ်ပွဲနှင့် အရံဟင်း သုံးမျိုး မှာလိုက်ကြ၏။

လင်းရီ မီဖိုချောင်ထဲသို့ ဝင်၍ ချက်ပြုတ်တော့မည့် အချိန်တွင် နောက်ထပ် မိန်းကလေးတစ်ချို့ ဆိုင်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။

“ သူဌေး … ဥထမင်းကြော် သုံးပွဲ ချပေးပါ…”

“ အိုကေ အိုကေ … ခဏလေးစောင့်…”

မနက်ခင်းတွင် ဆိုင်ထဲ၌ ကတ်စတန်မာ ကျနေသောကြောင့် လင်းရီ ၀မ်းသာသွားခဲ့၏။ ယင်းက ကောင်းသည့်အရာပင်။ စားသုံးသူ များလာသောကြောင့် သူ၏ ငွေဝင်လာကြောင်းမှာလည်း ယခင်ကထက် ပိုကောင်းလာကာ မစ်ရှင်ပြီးမြောက်ရန် ခြေတစ်လှမ်း နီးကပ်လာချေပြီ။

တစ်ခုတည်းသော ဆိုးကျိုးကတော့ အနည်းငယ် အလုပ်ရှုပ်သည်သာ။

လင်းရီ မီးဖိုချောင်ထဲသို့ သွား၍ စတင် ချက်ပြုတ်လေသည်။

ဆယ်မိနစ်အတွင်း ဥထမင်းကြော်မှာ ပြင်ဆင်ပြီးသွားပြီး ခေါက်ဆွဲကြော်ဖို့ရန်သာ ကျန်ရှိတော့၏။ သို့သော်လည်း မကြာမီ အသင့်ဖြစ်သွားခဲ့လေသည်။

နာရီဝက်ကြာပြီးနောက် စားပွဲနှစ်လုံးရှိ ဧည့်သည်များမှာ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြသော်လည်း စားသုံးသူများကတော့ တသဲသဲ ရောက်လာနေကြဆဲပင်။ မကြာမီ ဆိုင်ဝတွင် စားသုံးရန်အလို့ငှာ တန်းစီဖို့ လိုအပ်သည်အထိ ဖြစ်လာခဲ့တော့၏။

ချောင်ရန်အုပ်စု၌ အလုပ်လုပ်နေသည့် ကျီချင်းရန်ပင် ယင်းမြင်ကွင်းကြောင့် ကြက်သေသေသွားခဲ့တော့၏။

အဘယ်ကြောင့်ဆိုသော် စားသောက်ဆိုင်၏ အကောင့်မှာ သူမဖုန်းနှင့် ချိတ်ဆက်ထားပြီး ဆယ်မိနစ်ကြာတိုင်း ငွေလက်ခံရရှိကြောင်း အသိပေးသံများ ဆက်တိုက်တက်နေသောကြောင့်ပင်။

တစ်မနက်ခင်းတည်းနှင့် သူမ ယွမ် လေးထောင်အထိ စုဆောင်းမိသွားခဲ့၏။

ယခုလို ဆိုင်ရောင်းအားတက်လာသည်မှာလည်း အကြောင်းမဲ့တော့ မဟုတ်ပေ။ ရက်အနည်းငယ်ကြာပြီးနောက် ဆိုင်၏ ဂုဏ်သတင်းမှာ ပျံ့နှံ့သွားခဲ့ပြီး ပထမ အကြောင်းပြချက်ကတော့ အရသာကြောင့်ပင်။ အနည်းငယ် ဈေးကြီးပါသော်လည်း အရသာရှိသောကြောင့် စားသုံးသူကို ပေးရသည့် ဈေးနှင့် တန်သည်ဟု ခံစားရရှိစေသည်။ ထို့ကြောင့် အမြဲတမ်း မဟုတ်လျှင်တောင် တစ်ခါတစ်ရံတော့ ပြန်လာစားကြလိမ့်မည်။

နောက်တစ်ချက်ကတော့ လင်းရီ၏ ပျိုတိုင်းကြိုက်သည့် ရုပ်ရည်ပင်။

အဆင်လေးမှ ချက်ပြုတ်ထားသည့် ဟင်းလျာကို စားသုံးရသည်ကပင် ချစ်စိတ်မွှန်နေသည့် ပျိုမေတို့အတွက် အတန်ကြီး တန်နေတော့၏။ နောက်ဆုံးတွင်တော့ လာရောက်စားသုံးကြသည့် မိန်းကလေး အများစုမှာ ကိုယ်တိုင်ပင် မမှာယူတော့ပဲ လင်းရီ လုပ်ပေးတာ ဘာမဆို စားတော့မည့် အဆင့်သို့ ရောက်ရှိလာခဲ့လေသည်။

အချောလေး လုပ်ပေးချင်သာလုပ်ပေး… တို့က အကုန်ကြိုက်ပြီးသား…

သူမတို့အားလုံးမှာ လင်းရီအတွက် ရောက်ရှိလာခဲ့ကြပြီး တစ်ဖက်သူကို မျောက်ပွဲလာကြည့်သူများအလား ဖြစ်ပျက်သွားစေသည်။

ကံမကောင်းစွာနှင့် လင်းရီမှာ အလုပ်များနေသည့် မျောက်ဖြစ်ခဲ့ရ၏။

ကူကယ်ရာမဲ့စွာဖြင့် ထျန်းရန်နှင့် ဟော်ယွမ်ယွမ်တို့ကို ဆိုင်တွင် လုပ်အားလာပေးရန် အကူအညီ တောင်းလိုက်ရတော့လေသည်။

လက်ရှိဧည့်သည်အားလုံးကို လင်းရီတစ်ယောက်တည်း ဧည့်ခံရင်း ချက်ပြုတ်နေရသည်က လုံးဝပင် မနိုင်တော့ချေ။

နာရီဝက်ကြာပြီးနောက် သူမတို့နှစ်ယောက်လုံး လင်းယွမ်အုပ်စုမှ စားသောက်ဆိုင်သို့ ရောက်ရှိလာခဲ့ကြ၏။

ဆိုင်ထဲတွင် ယူနီဖောင်းနှင့် ရင့်ကျက်သည့် အမျိုးသမီးနှစ်ယောက်ကိုမြင်တော့ ကတ်စတန်မာများအားလုံး အံ့အားသင့်သွားခဲ့ကြသည်။

အထူးသဖြင့်တော့ စားသုံးသူ အမျိုးသမီးများပင်။

ဒီအမျိုးသမီးနှစ်ယော်က အရမ်းကြည့်ကောင်းတာပဲ

လွယ်ထားတဲ့ အိတ်တွေက Hermes ဘရန်းတွေဆိုတော့ သေချာပေါက် ချမ်းသာတဲ့သူတွေပဲ ဖြစ်ရမယ်…

“ ဘော့စ်… ကျေးဇူးပြုပြီး ကျွန်မတို့ကိုလည်း သနားပါဦး… ကုမ္ပဏီမှာ လုပ်စရာ အလုပ်တွေကလည်း တောင်လိုပုံနေတာ… ဒီမှာလည်း လုပ်အားပေးရမယ်ဆိုလို့ကတော့ ညကျ သေချာပေါက် အချိန်ပို ဆင်းရတော့မှာ…”

ဟော်ယွမ်ယွမ်တစ်ဦးတည်းကသာ လင်းရီကို ထိုသို့ ပြန်ခံပြောဝံ့လေသည်။

“ ငါပြောပြမယ်.. လူတစ်ယောက် အောင်မြင်ခြင်း မအောင်မြင်ခြင်းဆိုတာက ကုမ္ပဏီမှာ ဘယ်လောက်ကြိုးစားသလဲ ဆိုတဲ့ အပေါ် မူတည်မနေဘူး… အလုပ်ထဲမှာ ဘယ်လောက် အားစိုက်ထုတ်လဲဆိုတာကပဲ အရေးကြီးတယ်.. ငါက မင်းကောင်းဖို့ အတွက် လုပ်ပေးနေတာကို ဘာလို့ နားမလည်နိုင်ရတာ…”

“ ထျန်းရန်ကို ကြည့်လိုက်စမ်း… ငါ‌ခေါ်လိုက်တာနဲ့ ဘာမှ အတွန့်မတက်ပဲ ရောက်လာပေးတယ်…” လင်းရီ‌ ပြောလိုက်ပြီး “ တကယ်လို့ ငါအိမ်သာတက်နေတယ်ဆိုရင်တောင်မှ သူ ငါ့ကို တစ်သျှူးကမ်းပေးနိုင်တယ်…. ငါ ဟိုဟာလုပ်နေရင်း တန်းလန်းဆိုရင်တောင်မှ ငါ့ကို ကွန်ဒုံး ကမ်းပေးဦးမယ်…မင်းကကော ဘာလို့ သူ့လို မဖြစ်နိုင်ရတာ… နှစ်ယောက်လုံးက အမျိုးသမီးတွေပဲလေ… မင်းက 36 B ဖြစ်ပြီးတော့ သူကျ 37E … ကွာခြားချက်က ဘာလို့ အဲ့လောက်တောင် ကြီးနေရတာ…”

“ ရှင်က အဲ့တာလုပ်တာတောင် ကွန်ဒုံးသုံးသေးတယ်ပေါ့လေ… ဘယ်လောက်တောင် စိတ်ပျက်ဖို့ ကောင်းလိုက်လဲ…”

လင်းရီ “ …. “

ထျန်းရန် “ ??? “

ယခုတော့ ထျန်းရန် အဘယ်ကြောင့် လူတစ်ချို့ကပဲဥက္ကဌလင်း၏ လူယုံတော် ဖြစ်လာနိုင်လဲဆိုတာကို နားလည်သွားခဲ့လေပြီ။

“ အပိုတွေ မပြောနဲ့.. အလုပ်စတော့… အပြင်သွားပြီး ကတ်စတန်မာတွေကို ဧည့်ခံလိုက်ဦး…”

သူမ ထွက်ပြေး၍ မဖြစ်နိုင်ကြောင်း ဟော်ယွမ်ယွမ် နားလည်ပေသည်။

အကယ်၍ သူမဘော့စ်မှ မခေါ်လာခဲ့လျှင်တောင် အစ်မကျီမှ ခေါ်လာလိမ့်မည်ဖြစ်ကြောင်း သိရှိထား၏။

အခြားတစ်ဖက်တွင်တော့ ထျန်းရန်မှာ လင်းရီ ဖြစ်စေချင်သည့် အတိုင်း လိုက်လုပ်ပေးနေလေသည်။ ဟော်ယွမ်ယွမ်ကဲ့သို့လည်း စကားများမနေချေ။

ဟော်ယွမ်ယွမ်နှင့် ထျန်းရန်တို့၏ အကူအညီကြောင့် လင်းရီ ဖိအား နည်းပါးသွားခဲ့ပြီး ချက်ပြုတ်ခြင်း၌သာ အာရုံစိုက်ထားနိုင်သည်။

ထို့ပြင် ကတ်စတန်မာများ မှာလာသည့် ဟင်းလျာများမှာလည်း ရိုးစင်းလှပြီး သူ့အတွက် မခက်ခဲချေ။

“ ဘော့စ်.. ဥထမင်းကြော် တစ်ပွဲနဲ့ ကြက်ဥရေညှိစွပ်ပြုတ်… “

“ ဥက္ကဌလင်း .. ခေါက်ဆွဲကြော်တစ်ပွဲနဲ့ မိုးညှင်းချဉ်တစ်ပွဲ…”

“ ဘော့စ်.. ဒီဘက်ကိုကျ ခေါက်ဆွဲကြော်တစ်ပွဲ… မန်ထိုကြော် .. ပြီးတော့ နို့လက်ဖက်ရည်နှစ်ခွက်…”

“ ဥက္ကဌလင်း .. ဥထမင်းကြော် တစ်ပွဲ ….. စကယ်လီယမ် ပန်ကိတ် နဲ့ ဂျင်ဆင်းစွပ်ပြုတ် နှစ်ပွဲ… ဥထမင်းကြော်ထဲက နံနံမြိတ်မထည့်ဘူးတဲ့နော်….”

“ အေးအေး… ခဏလေးစောင့်ကြပါဦးဟ…” လင်းရီ မီးဖိုချောင်ထဲမှ လှမ်းအော်လိုက်၏။

“ ကတ်စတန်မာတွေက ဘာလို့ ပိုပိုပြီး များလာခဲ့တာ… ပြီးတော့ အော်ဒါတွေကလည်း ဟိုဟာမထည့်နဲ့ ဒီဟာမထည့်နဲ့တွေကော .. ရှုပ်ယှက်ကို ခက်နေတာပဲ…”

“ ဘာလို့လဲဆိုတော့ ခုကတ်စတန်မာတွေက မိန်းကလေးတွေချည်းပဲ မဟုတ်တော့ဘူးလေ… ကောင်လေးတွေပါ ရောက်လာပြီ…”

“ ကောင်လေးတွေ…” လင်းရီ ပြောပြီးနောက် “ အဲ့ ကပ်စေးကုတ်တွေက ဘာလို့ လာစားနေကြတာ…”

“ သူတို့တွေက အစ်မရန်ကို လာငမ်းကြတာလေ…”

“ သူ့ အဝတ်အစားတွေက ပုံမှန် မဟုတ်လို့လား…”

“ ပုံမှန်လား…” ဟော်ယွမ်ယွမ် ခပ်ရေးရေး ပြုံးလိုက်ပြီး “ သူက အဖြူရောင် ရှပ်နဲ့ စကတ်အတိုလေး ဝတ်ထားတာ.. ဒေါက်မြင့်ဖိနပ်နဲ့ ဆိုတော့ ပိုပြီး ဆွဲဆောင်မှု ရှိသွားရော… အဲ့တာကြောင့်မို့ ကောင်လေးတွေက မျက်စိအစာ လာကျွေးကြတာလေ….”

All Chapters