မင်း ငါ့ကို သင်ပြဖို့ အဆင့်မမှီသေးဘူး
Vol. 41 Ch. 607
“ ငါက ဒီတိုင်း ဥပမာပေးနေတာပါကွာ… စိတ်ထဲထားမနေနဲ့…”
ရှောင်ပင်း ရယ်မောလိုက်ပြီး သူ၏ မျက်နှာထက်တွင်တော့ ဝင့်ကြွားမှုတို့က အထင်းသား ပေါ်လွင်နေလေသည်။
“ ငါတော့ အဆင်ပြေတယ် ထင်တာပဲ..” ဟွမ်လိလိ ပြောလိုက်ပြီး “ အတန်းခေါင်းဆောင်ရဲ့ လက်ရာက အရမ်းစားကောင်းတယ်လေ… ပိုက်ဆံ လုံလုံလောက်လောက် စုဆောင်းမိတာနဲ့ ကိုယ်ပိုင်ဆိုင်လေး ဖွင့်လိုက်မယ်ဆိုရင် သေချာပေါက် ပိုက်ဆံအများကြီး ရနိုင်တယ်…”
လက်ရှိ သူမတို့ စားသောက်နေသည့်ဆိုင်က လင်းရီဖွင့်ထားခြင်းဖြစ်ကြောင်း သတိမမူမိသေးပဲ ဆိုင်ရှိ အလုပ်သမားတစ်ယောက်ဟုသာ ထင်မှတ်နေကြလေသည်။
“ မင်းထင်နေတာ ကိုယ်ပိုင် စီးပွားရေး လုပ်တာက လွယ်တယ်များ ထင်နေတာလား…”ရှောင်ပင်း ပြောလိုက်ပြီး “ ကျိုးဟိုင်လို နေရာမျိုးက တကယ့် အပြိုင်အဆိုင်တွေကြီးပဲ… မင်း ခြေတစ်လှမ်းမှားသွားခဲ့ရင် အရင်းပါပြုတ်သွားနိုင်တယ်.. တကယ်လို့ စီးပွားရေးလုပ်ဖို့ ပါရမီပါမလာဘူးဆိုရင် တည်ငြိမ်တဲ့ အလုပ်တစ်ခုလုပ်တာက အကောင်းဆုံးပဲ…”
“ ငါတော့ မထင်ပေါင်… ကျောင်းတက်တုန်းကဆိုရင် အတန်းခေါင်းဆောင်က အရမ်း ထက်မြက်တာလေ…. တကယ်လို့ သူသာ စီးပွားရေးလုပ်မယ်ဆိုရင် ရှုံးမယ်မထင်ပါဘူး… ခုလောလောဆယ် ဒုက္ခခံပြီးတော့ ဆိုင်တစ်ဆိုင်ကို ဘယ်လိုတွေ စီမံတယ်ဆိုတာ လေ့လာထားရင် အနာဂတ်ကျ ပိုပြီး အဆင်ပြေတာပေါ့…”
“ အတန်းခါင်းဆောင်… နင် တကယ်လို့ ကိုယ်ပိုင်ဆိုင် ဖွင့်တော့မယ်ဆိုရင် ငါ့ကို အသိပေးနော်… ငါ နင့်ဆိုင်မှာ ရင်းနှီးဦးမယ်…”
အလှကုန်ပစ္စည်းများ ကြည့်နေသည့် ကျီချင်းရန်မှာ ခေါင်းမော့၍ အနှီ အမျိုးသမီးကို ကြည့်လိုက်၏။ သူမအပေါ် ခြိမ်းခြောက်နိုင်စွမ်း မရှိသည်ကို မြင်တော့ သူမ၏ အကြည့်များကို ပြန်လည် ရုတ်သိမ်းကာ ဖုန်းထဲရှိ အလှကုန် ပစ္စည်းများကို ဆက်ကြည့်နေလိုက်သည်။
“ မလိုပါဘူးကွာ.. ငါက ဒီတိုင်း အပျော်တမ်း ချက်ပြုတ်နေတာ… ဒီအလုပ်ကနေလည်း အချိန်မရွေး ထွက်ချင် ထွက်သွားနိုင်တယ်…”
“ ထွက်မယ်…” ရှောင်ပင်း အလောတကြီး မေးလိုက်ပြီး “ အတန်းမော်နီတာ… မင်း အဲ့လို အလုပ်တွေ ဟိုစပ်စပ် ဒီစပ်စပ် လိုက်လုပ်နေတာက မင်းအတွက် မကောင်းဘူးနော်…အနာဂတ်ကျရင် ကြီးကြီးမားမားကြီးတွေ လုပ်နိုင်ဖို့ ခက်ခဲသွားလိမ့်မယ်…”
လင်းရီ ခပ်ရေးရေး ပြုံးလိုက်ပြီး “ မင်းက ငါ့ကို ဘာလုပ် ညာလုပ်ဆိုပြီး လာသင်ပေးနေတာလား…”
“ အတန်းမော်နီတာ… ငါတို့ကောင်တွေက ဘွဲ့တောင် ရပြီးနေပြီ.. မင်းရဲ့ လွှမ်းမိုးမှုတွေကို အတိတ်မှာ ထားခဲ့လိုက်တော့…” ရှောင်ပင်း ပြောလိုက်ပြီး “ ကျောင်းတုန်းကတော့ မင်းက ငါ့ထက် ပိုသန်မာတယ်ဆိုတာ ဟုတ်တယ်.. ဒါပေမယ့် ငါက ဘွဲ့လွန်တက်ထားတော့ အနာဂတ်ကျ ပိုပြီး မြင့်တဲ့ နေရာကို တက်လှမ်းသွားတော့မှာ….. အဲ့ဒိအချိန်ကျ မင်းက ဘာမဟုတ်တဲ့ စားဖိုးမှူးလေးပဲ… ငါတို့ရဲ့ အဆင့်အတန်းချင်းက ဘယ်လောက်ခြားသွားမယ်ထင်လဲ….အဲ့လိုမျိုး ဖြစ်မယ့်ငါက မင်းကို အကျိုးသင့် အကြောင်းသင့် ပြောပြပေးနေတာကို မင်းက လက်မခံနိုင်ဘူးလား…”
လင်းရီ ပြုံးလိုက်ပြီး ရှောင်ပင်း၏ ပခုံးကို ပုတ်လိုက်ကာ “ ညီကိုပင်း.. မင်း ဘယ်လို ခံစားနေရလဲဆိုတာ ငါနားလည်တယ်.. မင်းက ဘွဲ့လွန်ကျောင်းသား … ငါကျတော့ ဘာမဟုတ်တော့ စားဖိုမှူးလေးတစ်ယောက်… ငါ့ရဲ့ အလုပ်အကိုင်အဆင့်အတန်းက မင်းနဲ့ယှဉ်မယ်ဆိုရင် အဝေးကြီးပဲ… ဆိုတော့ မင်းကိုယ်မင်း သူများထက်သာတယ်လို့ ထင်နေလိမ့်မယ်… ဒါပေမယ့် ငါ့ရှေ့မှာတော့ အဲ့လို စောက်တတ်ကြီး လာမလုပ်နဲ့… ဒီလူ့အသိုင်းအဝိုင်းကြီးထဲမှာ ငါကျင်လည်လာတာ နှစ်ပိုင်း မနည်းတော့ဘူး…ခါးတဲ့အရသာက ဘယ်လိုမျိုးလဲဆိုတာကို ငါ ကောင်းကောင်းကြီး အရသာခံခဲ့ပြီးပြီ … မင်းက ငါ့ကို သင်ပြပေးဖို့ အရည်အချင်း မမှီသေးဘူး…..”
ရှောင်ပင်း မျက်နှာ ရုတ်ချည်း နီရဲလာခဲ့ပြီး မျက်စိပျက် မျက်နှာပျက် ဖြစ်သွားခဲ့၏။
ထိုအခိုက်အတန့်တွင် လင်းရီက သူ့ကို စကားလုံးများဖြင့် အမှုန့်ကြိတ်သွားခဲ့သည်ဟု ခံစားနေရလေသည်။
စိတ်တိုချင်စရာ အကောင်းဆုံးကတော့ တစ်ဖက်သူမှာ ဘာမျှ ဖြစ်ဖြစ်မြောက်မြောက် မရှိထားသည့် လူတစ်ယောက်ပင်။ သူနှင့် မိုင်ပေါင်းများစွာ ကွာဝေးနေသော်လည်း ၎င်းက အဆင့်ချင်း မတူသလို ဆက်ဆံသွားခဲ့လေသည်။
ထျန်းရန် သူမခေါင်းကို တိတ်တဆိတ် ခါရမ်းလိုက်ပြီး ‘ ဘယ်သူကမှ ဘော့စ်လင်းလောက် မကြီးစိုးနိုင်ဘူး.. တကယ်လို့ တစ်နေ့ သူ ကျရှုံးသွားခဲ့မယ်ဆိုရင်တောင် လေးစားမှုနဲ့ ထိုက်တန်နေတုန်းပဲ…”
အခြေအနေ မဟန်သည်ကိုမြင်တော့ ဟွမ်လိလိ ရှေ့ထွက်လာပြီး စကားလမ်းကြောင်းလွဲလိုက်၏။
“ အတန်းခေါင်းဆောင် ဒါတွေ စုစုပေါင်း ဘယ်လောက်ကျလဲ… “
သူမ၏ ပေါ့ပါးသည့် လေသံမှ တစ်ဆင့် ထိုမျှပမာဏကို အလေးမထားကြောင်း သိသာလေသည်။
“ မလိုပါဘူးကွာ.. အတန်းဖော်တွေကိုပဲ.. ငါ ကျွေးတယ်လို့ သဘောထားလိုက်…” လင်းရီ ရက်ရောသည့် လေသံဖြင့် ပြောလိုက်၏။
“ ဟက် မလုပ်ပါနဲ့.. မင်းရဲ့ ဆိုင်က ဈေးမပေါဘူးဟ… ငါတို့ ငါးယောက်စားတဲ့ စားရိတ်က အနည်းဆုံး ယွမ်တစ်ထောင်ကျော်တယ်.. တကယ်လို့ ဒီကိစ္စကြောင့် မင်း သူဌေးဆီက အဆူခံရမယ်ဆိုရင် ငါတို့ တာဝန် မယူနိုင်ဘူးဟျောင့်…”
ရှောင်ပင်း သူ၏ ဖုန်းကို ထုတ်လိုက်ပြီး လှည့်ကစားလိုက်ကာ “ ဘယ်လောက်ကျလဲ… ငါရှင်းမယ်…”
“ ကောင်းပြီလေ… ရှင်းချင်သပ ဆိုရင်လည်း သဘောပဲ…”
“ စုစုပေါင်း ၁၂၈၀ ယွမ်ကျတယ်..” ဟော်ယွမ်ယွမ် ပြောလိုက်၏။
ရှောင်ပင်း တုံ့ဆိုင်းနေခြင်းမရှိ၊ ဝီချက်ဖွင့်ကာ ပိုက်ဆံရှင်းပေးလိုက်၏။ လင်းရီ၏ အရှိန်အဝါကို သူ၏ ကြွယ်ဝမှုဖြင့် ဖိနှိပ်ချင်နေလေသည်။
ဟော်ယွမ်ယွမ်နှင့် ထျန်းရန်တို့ ပန်းကန်ပြားများကို မီးဖိုချောင်ထဲသို့ ယူသွားပြီး ဆေးကြောရေစစ်လိုက်ကြ၏။ တစ်နေ့တာ ဆိုင်ဖွင့်ခြင်း လုပ်ငန်းစဉ်မှာ ပြီးဆုံးသွားခဲ့ချေပြီ။
“ အတန်းခေါင်းဆောင် ငါတို့ ကျောင်းပြီးတာလည်း ကြာနေပြီဆိုတော့ ရှောင်ပင်းက ကျောင်းသားဟောင်းတွေ့ဆုံပွဲ လုပ်မယ်ဆိုပြီး အကြံပြုထားတယ်.. ဒီနေ့ နင်နဲ့ တွေ့တာနဲ့ အတော်ပဲ.. နင် ဆက်ဆက်လာခဲ့ရမယ်နော် …..”
ဆိုင်မှ မထွက်ခွာမီ ဟွမ်လိလိ စကားစလာခဲ့၏။
“ ငါတို့ အတန်းဖော်တွေက တစ်နေရာဆီ ရောက်နေကြတာ.. သေချာပေါက် လူစုံမှာ မဟုတ်ဘူး… ဒီတစ်ခေါက်တော့ ငါမလာတော့ဘူး…”
“ တကယ်လို့ နင်မလာဘူးဆိုရင် ဘယ်လိုလုပ်ပြီး ပျော်စရာကောင်းတော့မှာ…”
“ အင်း…. စောင့်ကြည့်တာပေါ့ကွာ..” လင်းရီ သာမန်ကာ လျှံကာပြန်ပြောလိုက်ပြီး စိတ်ထဲ ထားမနေချေ။
“ လိလိ… သူက မလာချင်ဘူး ဆိုရင်လည်း အတင်းခေါ်မနေနဲ့လေ..” ရှောင်ပင်း ပြောလိုက်ပြီး “ အတန်းခေါင်ဆောင်ရဲ့ လက်ရှိ အခြေအနေက မကောင်းတော့ အတန်းဖော်တွေနဲ့ ပြန်တွေ့ရမှာ ရှက်တာက သဘာဝပဲလေ…”
လင်းရီ၏ ဝတ်စုံကို ကြည့်ရင်း သူမ သက်ပြင်းချလိုက်သည်။
ဩဇာကြီးမားခဲ့သည့် အတန်းခေါင်းဆောင်မှာ ယခုတော့ သိမ်ငယ်ဖွယ်ရာ အခြေအနေသို့ ကျရောက်နေရှာသည်။
“ လိလိ လေကြောရှည်မနေနဲ့တော့… အတန်းခေါင်းဆောင်နဲ့ ကျန်တဲ့သူတွေက အလုပ်ဆင်းတော့မှာ.. ငါတို့လည်း ပြန်ကြစို့..” စုန့်ခယ်ရှင်းမှ ပြောလိုက်သည်။
“ ခယ်ရှင်း… နင် ငါတို့ရဲ့ အတန်းခေါင်းဆောင်ကို တစ်ခုခု မပြောချင်ဘူးလား…” ဟွမ်လိလိ ပြောလိုက်ပြီး “ တက္ကသိုလ်မှာတုန်းက အတန်းခေါင်းဆောင်ကို ကြိတ်ခရက်နေတာ နင်လေ…”
“ အိုက်ယား… ကျောင်းပြီးတာတောင် ဘယ်လောက်ကြာနေပြီလဲ.. နင်က အဲ့ဒီအကြောင်းတွေကို ခုထိ ပြောတုန်းပဲလား…” စုန့်ခယ်ရှင်း ပြောလိုက်၏။
“ အေးပါ အေးပါ… မပြောတော့ပါဘူး..”
“ အတန်းခေါင်းဆောင် ငါ လိုက်ပို့ပေးရဦးမလား… ကားဝယ်ထားတာမကြာသေးတော့ နင်လိုအပ်ရင် ပြောနော်…”
“ ရတယ်.. ငါ့မှာလည်း ကားရှိတယ်.. ကျေးဇူးပဲ…”
“ အွန်း.. ငါ နောက်လည်း လာအားပေးမယ်…”
“ အေးအေး…”
ကျေးဇူးတင်စကားများ ဖလှယ်ပြီးနောက် ဟော်ယွမ်ယွမ် ထျန်းရန်နောက် လိုက်လာခဲ့ကာ ဆိုင်ပိတ်ရန် ပြင်ဆင်လေသည်။
အုပ်စုမှာ ဆိုင်အပြင်ဘက်သို့ ရောက်ရှိလာခဲ့ပြီး လင်းရီကတော့ ပင်မတံခါးကို သော့ခတ်ရန် တာဝန်ယူထား၏။
“ ယွမ်ယွမ် .. နင် ဘယ်လဲ သွားမှာ..”
နှစ်ယောက်မှာ အတူလာခဲ့သောကြောင့် နှစ်ယောက်လုံး ထျန်းရန်၏ ကားထဲသို့ ဝင်ထိုင်လိုက်ကြသည်။
“ စောသေးတယ်ဆိုတော့ ကုမ္ပဏီ သွားကြတာပေါ့… အဲ့မှာလည်း လုပ်စရာတွေက အများကြီးပဲ… ဟူး… ပင်ပန်းရပြန်ဦးမယ်..”
“ အဲ့ဒါဆို ငါလည်း အိမ်မပြန်တော့ဘူး… အတူတူ အချိန်ပို ဆင်းကြတာပေါ့…”
ထျန်းရန် ကားပေါ်မှ နေ၍ လင်းရီကို နှုတ်ဆက်လိုက်၏။
“ ဥက္ကဌလင်း… ဥက္ကဌကျီ… ကျွန်မတို့ အရင်သွားနှင့်ပြီနော…”
ကားထဲသို့ ဝင်ရန် ဟန်ပြင်နေကြသည့် ရှောင်ပင်းတို့ အုပ်စုမှာ ထျန်းရန် လင်းရီကို ခေါ်ဝေါ်သုံးစွဲလိုက်သည့် စကားလုံးကို ကြားတော့ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ကြ၏။
တစ်ချိန်တည်းတွင် အားလုံး ရှုပ်ထွေးသွားခဲ့ကြသည်။
သူမ ဥက္ကဌလင်းဆိုပြီး ခေါ်လိုက်တာလား..
အဲ့ကောင်က စားဖိုမှူးလေ…
“ အင်း…. ကြည့်ကြပ်လည်းလုပ်ကြဦးနော်.. ကျန်းမာရေး မထိခိုက်စေနဲ့..” ကျီချင်းရန် ပြုံးလိုက်၏။
“ လင်းယွမ်အုပ်စုက နင်တို့ကို လိုအပ်တယ်…”
ကျီချင်းရန်မှ လေဒီဘော့စ်၏ အခန်းကဏ္ဍကို သရုပ်သကန် ပီပြင်စွာဖြင့် ဆောင်ရွက်လိုက်သည်။ လင်းရီမှ သူမတို့ နှစ်ယောက်ကို ခဲ အရေညစ်သကဲ့သို့ ညစ်ထုတ်ထားသောကြောင့် သူမဘက်မှ နှုတ်၏ ဆောင်မမှုဖြင့် စိတ်ခွန်အားပေးရန် လိုအပ်လေသည်။
ထိုသို့ဖြင့် မျှချေမှာ ညီမျှသွားတော့၏။
“ အတန်းခေါင်းဆောင်…. သူတို့က နင့်ရဲ့ လက်အောက်ငယ်သားတွေလား…” လိလိမှ မေးမြန်းလိုက်သည်။
“ အင်း…” လင်းရီ ခေါင်းငြိမ့်လိုက်ပြီး “ တစ်ယောက်က ဘဏ္ဍာရေး ဒုဥက္ကဌ.. တစ်ယောက်ကကျတော့ ရင်းနှီးမြုပ်နှံရေးဌာနရဲ့ ဒုဥက္ကဌ… နောက်ဆုံး တစ်ယောက်ကတော့ ငါ့ရဲ့ လေဒီဘော့စ်ပေါ့…”
“ အ… အတည်ကြီးလား…”
“ ငါက ဘာကိစ္စ ညာရမှာ…” လင်းရီ ရယ်မောလိုက်ပြီး “ မင်းတို့ကောင်တွေ ပါရဂူဘွဲ့ရပြီးရင် ငါ့ကုမ္ပဏီလာပြီး အလုပ်လာလျှောက်ကြပေါ့… ငါ HR ဌာနကို ပြောထားပေးမယ်…”
ရှောင်ပင်းနှင့် ကျန်သူများအားလုံး ရှော့ခ်ရသွားခဲ့ကြ၏။
“ ပါရဂူဘွဲ့…”
“အဲ့ဒီ သုံးယောက်မှာ နှစ်ယောက်ကကျတော့ ရန်တက္ကသိုလ်ကနေ PhD ဘွဲ့ရထားတာ… ကျန်တဲ့ တစ်ယောက်ကျတော့ ဖူတန်တက္ကသိုလ်က … သူတို့ရဲ့ ဘွဲ့လွန်ဒီဂရီတွေကတောင် ငါ့ကုမ္ပဏီမှာ သိပ်ပြီးမလုံလောက်သေးဘူး.. ဒါကြောင့်မို့ အလုပ်ကြိုးစားဖို့ လိုနေသေးတုန်းပဲ…”
“ အတန်းခေါင်းဆောင် .. PhD ဘွဲ့ရထားတဲ့သူတွေတောင် နင့်လက်အောက်မှာ အလုပ်လုပ်ရတယ်ဆိုတော့ သေချာပေါက် အဆင်ပြေနေတာပဲ…” ဟွမ်လိလိ အံ့အားသင့်နေသည့် လေသံဖြင့် ပြောလိုက်သည်။
“ ကံကောင်းသွားတာပါကွာ… ကုမ္ပဏီထောင်ပြီးတော့ ပိုက်ဆံတစ်ချို့ ရှာလိုက်နိုင်တာလေးပဲ….. ဟိုလို ရေးကြီးခွင်ကျယ်ကြီးလည်း မဟုတ်ပါဘူး… အိုကေ… ဒီလောက်ပဲ…ငါတခြား လုပ်စရာလေးတွေ ရှိလို့ ပြန်တော့မယ်..”
“ အတန်းခေါင်းဆောင် … ခဏ..”
လင်းရီ ထွက်သွားတော့မည့် အချိန်တွင် စုန့်ခယ်ရှင်း နောက်မှ လှမ်းအော်လာခဲ့၏။
“ နင် လေးငါးရက်နေရင် အတန်းတွေ့ဆုံပွဲ လာခဲ့ဦးမှာလား…”
“ မပြောတတ်သေးဘူး… စောင့်ကြည့်တာပေါ့….”
လင်းရီ စကားအလှ သုံးလိုက်ပြီး ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
ဟော်ယွမ်ယွမ်မှ ထျန်းရန်၏ ပနားမီးရားထဲဝင်သွားပြီး ကျီချင်းရန်ကတော့ သူမ၏ မာစီးတီးထဲသို့ ဝင်ကာ လင်းရီကတော့ Koenigsegg ထဲသို့ ဝင်သွားခဲ့၏။
ရှောင်ပင်းနှင့် ကျန်သူများကတော့ အဆိုပါ မြင်ကွင်းကို ပါးစပ်ဟောင်းလောင်းဖြင့် ကြည့်နေကြလေသည်။
“ အတန်းခေါင်းဆောင်က တကယ်ကြီး Koenigsegg မောင်းနေတာလား…. “ ကျိုးဟောင်မှ မျက်လုံးပွတ်လျက် ပြောလိုက်၏။
“ အဲ့ကားက ဈေးမပေါဘူး…”
“ နာမည်ကြီးကျောင်းဆင်းတွေတောင် အတန်းခေါင်းဆောင် လက်အောက်မှာ အလုပ်လုပ်နေတယ်ဆိုတော့ ပိုက်ဆံ အများကြီး ရှာနိုင်မှာ သဘာဝပဲလေ.. အဲ့တော့ စူပါကားမောင်းတာ မဆန်းပါဘူး…”
ဟွမ်လိလိမှ များများမတွေးသော်လည်း ရှောင်ပင်းနှင့် ကျန်သူများကတော့ ယူကျုံးမရ ဖြစ်နေကြ၏။
သူတို့မှာ မနက်စောစောထပြီး ညနက်သည်အထိ ကြိုစားပမ်းစားနှင့် စာလေ့လာခဲ့ကာ အဆုံးတွင် ကျိုးဟိုင် တက္ကသိုလ်မှ ဘွဲ့ရခဲ့လေသည်။
သို့သော်လည်း အနှီ လင်းရီကဲ့သို့ ကျောင်းမှ စောစီး အနားယူသွားသူ လက်အောက်တွင် အလုပ်လုပ်ဖို့ပင် အခွင့်အရေးမရှိရာ ယင်းက ၀မ်းနည်းဖွယ်ရာပင်။
“ ငါတော့ သူ အတန်းတွေ့ဆုံပွဲ တက်မယ်မထင်ဘူး..” စုန့်ခယ်ရှင်း ပြောလိုက်သည်။
“ သေချာပေါက် ဘယ်လာမှာ…ငါတို့က အဆင့်အတန်းခြင်း ခြားသွားပြီဆိုတော့ သူနဲ့ တန်းတူထိုင်စားဖို့ မဖြစ်နိုင်တော့ဘူးလေ..”
“ အဲ့တာလည်း တစ်ခုကောင်းတာပဲ.. ငါ ဘွဲ့ရပြီးသွားရင် အတန်းခေါင်းဆောင်နား အလုပ်တစ်နေရာ တောင်းလို့ရတယ်လေ…ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ကိုတော့ ပစ်မထားလောက်ပါဘူးဟ…”
“ အွန်း .. ငါလည်း အဲ့လိုတွေးနေတာ.. အချိန်ကျလာရင် ငါတို့နှစ်ယောက် အတူသွားကြမယ်လေ…”
စုန့်ခယ်ရှင်းမှ အဖော်ညှိလိုက်၏။
“ ခယ်ရှင်း .. မင်းဘွဲ့ရပြီးရင် ငါနဲ့အတူ ရန်ကျင်းသွားမယ်လို့ ကတိပေးထားတာ မဟုတ်ဘူးလား… “
“ အမ်…. ရန်ကျင်းရဲ့ ဖိအားက အရမ်းကြီးလွန်းတယ်… ငါနဲ့ မသင့်တော်ပါဘူး… ကျိုးဟိုင်မှာ ဆက်နေတာပဲ ကောင်းပါတယ်..”
ရှောင်ပင်း “ …. “