ပစ္စည်း ပြန်တင်ချင်တယ်
Vol. 41 Ch. 608
စားသောက်ဆိုင်မှ ထွက်လာခဲ့ပြီးနောက် နှစ်ယောက်မှာ ကျိုကျုံးဗီလာသို့ မောင်းနှင်လာခဲ့ကြသည်။
ကျီချင်းရန်မှ လင်းရီမျက်နှာကို စေ့စေ့စပ်စပ် ကြည့်လိုက်ပြီး သူမ မျက်နှာပေါ်တွင် မတူညီသည့် အလှတရားကို သယ်ဆောင်ထားသည့် အပြုံးတစ်ပွင့်ကလည်း ရှိနေပြန်သည်။
“ ဟေ့…. ဘာလို့ အဲ့လိုကြီး လာကြည့်နေတာ…”
“ အတန်းခေါင်းဆောင်လင်း… ရှင် ကျောင်းတုန်းက ပလေးဘွိုင်း ဖြစ်ခဲ့တယ်ထင်တယ်… သူတို့စားနေတုန်းက ဆံပင်အရှည်နဲ့ ကောင်မလေးက နင့်ကို ရေလာမြောင်းပေး လုပ်နေတာ ဟုတ်တယ်ဟုတ်…”
“ သေချာတာပေါ့ကွ… ငါ့မျက်နှာက ရှိုးပြဖို့ ထားထားတာမှ မဟုတ်တာ…”
“ အဲ့တာဆို နင်မကောင်းတာတွေကော လုပ်ခဲ့သေးလား…” ကျီချင်းရန် သူမ လက်သီး သေးသေးလေးကို ဝှေ့ယမ်းလျက် မေးလိုက်သည်။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာ… ငါက ရိုးသားပြီး မိန်းကလေးတွေကို တန်ဖိုးထားတတ်တဲ့ကောင်ပါဟ…. ဘယ်လိုလုပ်ပြီး မကောင်းတဲ့ဟာတွေ လုပ်ရမှာ…”
“ သေချာလို့လား… နင်ငါ့ကို မညာနဲ့နော်…”
“ သေချာတယ်.. တကယ်လို့ ငါညာခဲ့ရင် မိုးကြိုး အပစ်ခံရပါစေ….”
“ အဲ့လိုမျိုး ကျိန်စရာ မလိုပါဘူး… ငါက နင့်ကို ယုံပြီးသားပါ…”
လင်းရီ ကျိန်လိုက်သည်ကို မြင်တော့ ကျီချင်းရန် လင်းရီ၏ စကားကို မယုံကြည်ရန် အကြောင်းပြချက်မရှိဟု ခံစားလိုက်ရလေသည်။
“ ငါရေသွားချိုးတော့မယ်… နင်ကတော့ ကိုယ်ဘာကိုယ်ပဲ ချိုးတော့…”
သူမ ရွှင်မြူးစွာဖြင့် ပြောလိုက်ပြီး “ ဒီနေ့ နင် တက္ကသိုလ်တုန်းက လိမ္မာခဲ့တာတွေကို ဆုချတဲ့အနေနဲ့ နောက်ထပ် အနမ်းတစ်ပွင့် ထပ်ပေးလိုက်မယ်…”
သို့နှင့် ကျီချင်းရန် လင်းရီပါးထက်တွင် နှုတ်ခမ်းနီရာပေးလိုက်ပြီး ဒုတိယထပ်ရှိ ရေချိုးခန်းထဲသို့ ရေသွားချိုးလေသည်။
လင်းရီ အနမ်းခံရသည့် နေရာကို ထိတွေ့ရင်း ရေရွတ်လိုက်၏။
“ အဲ့တာက ငါ့ညီလေးလုပ်ခဲ့တာလေ… ငါလုပ်တာမှ မဟုတ်တာ…”
ကျီချင်းရန် ရေသွားချိုးနေစဉ် လင်းရီ စာကြည့်ခန်းထဲသို့ ပြန်၍ စနစ်၏ စာမျက်နှာကို ဆင့်ခေါ်လိုက်၏။
စနစ်မစ်ရှင် (၂၁,၇၉၀/ ၁၀၀,၀၀၀)
လင်းရီ တွေးတောကြည့်လိုက်၏။ အကယ်၍ သူသာ ယနေ့ ဆိုင်အစောကြီး မသိမ်းလိုက်ပါက ယခုထက်ပိုရနိုင်သည်ဟု ခံစားမိလေသည်။
ယနေ့ ကတ်စတန်မာကျသည့် နှုန်းအတိုင်း ဆိုပါက သူ မစ်ရှင်ကို ရက်အနည်းငယ်အတွင်း ပြီးမြောက်နိုင်တော့မည်ဖြစ်၏။
ထိုအကြောင်းတွေးတောပြီးနောက် လင်းရီ လက်နှစ်ဖက်ကို ခေါင်းအုံးလုပ်ကာ ဆိုဖာနောက်သို့ မှီ၍ ကုမ္ပဏီအကြောင်း စတင်စဉ်းစားသည်။
လက်ရှိ လင်းယွမ်အုပ်စု၏ မိုဘိုင်းဖုန်းစီးပွားရေးမှာ အရေးအကြီးဆုံးဖြစ်ပြီး ချစ်ပ် 3.0 ၏ အရေးပါပုံနှင့်ပင် နှိုင်းယှဉ်၍ ရလေသည်။
လီတိုဂရပ်ဖီစက်ကို အချိန်တိုအတွင်း ဖန်တီးနိုင်မလား ဆိုတာကလည်း မိုဘိုင်းဖုန်းစီးပွားရေး အောင်မြင်စွာ ဖြန့်ဖြူးနိုင်ခြင်း အပေါ် မူတည်နေလေသည်။
ထိုအကြောင်းတွေးတောရင်း လင်းရီ ချီရှန်းကျောက်ထံ ထပ်မံခေါ်ဆိုလိုက်၏။
သူတို့နှင့် ဆက်သွယ်ပြီး အသေးစိတ် ဆွေးနွေးပြီးသောအခါမှသာ စိတ်သက်သာရာ ရသွားတော့သည်။
မကြာမီ ကျီချင်းရန် ဝင်ရောက်လာခဲ့၏။ မိုးပြာရောင် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမခေါင်းတွင်တော့ တဘက်ကို ပေါင်းထားလေသည်။
လက်ထဲတွင် Notebook တစ်လုံးနှင့် pen ကိုကိုင်၍ စက်ဝိုင်းများပြုလုပ်ရင်း တစ်စုံတစ်ခုကို အသည်းအသန် တွက်ချက်နေသည်။
“ ဘာတွေ ပွတ်တွတ် ပွတ်တွတ် လုပ်နေတာ…” လင်းရီ မေးမြန်းလိုက်၏။
“ ဒီနေ့ အလုပ်မသိမ်းခင် မီးဖိုချောင်ထဲက ပစ္စည်းတွေကြည့်လိုက်တော့ ငါတို့ မကြာခင် ကုန်ကြမ်းတွေ ပြတ်တော့မှာ.. ပြီးတော့ လက်ကျန် ဟင်းသီးဟင်းရွက်တွေကလည်း နွမ်းပြီးတော့မှ မလတ်ဆတ်တော့ဘူး.. တကယ်လို့ စားသုံးသူတွေကို အဲ့ဒီ အမယ်တွေနဲ့ ဝန်ဆောင်မှုပေးမယ်ဆိုရင် သေချာပေါက် အရသာအပေါ် သက်ရောက်မှု ရှိမှာပဲ….”
“ ဆိုတော့…”
ကျီချင်းရန် ကူကယ်ရာမဲ့နေဟန်ဖြင့် ပခုံးတွန့်လိုက်ပြီး “ ငါတို့ ပစ္စည်းတွေ ထပ်ဖြည့်ရတော့မယ်လေ…”
“ အဲ့တာဆိုလည်း ဖြည့်ကြတာပေါ့…. ဘာဆန်းတာမှတ်လို့..”
“ ဒါပေမယ့် ငါတွက်ချက်ကြည့်လိုက်တော့ ပြီးခဲ့တဲ့ ရက်တွေက စုစုပေါင်း ဝင်ငွေက ၂၁,၀၀၀ ရှိတယ်… ငါတို့ရဲ့ အသားတင် အမြတ်ငွေက ယွမ် ၈,၀၀၀ …. ဆိုင်အတွက် ရေဖိုး လျှပ်စစ်မီတာဖိုး လေးရက်စာ နှုတ်လိုက်မယ်ဆိုရင် ယွမ် ၂,၄၀၀တည်း ကျန်တော့တယ်..”
လင်းရီ ပြုံးလိုက်ပြီး “ အဲ့ဒီ ပိုက်ဆံနည်းနည်းလေးက မင်းရဲ့ အိတ်တစ်လုံး ဝယ်ဖို့တောင် မလောက်ဘူးမလား…”
“ အိတ်ဝယ်ဖို့မပြောနဲ့… အကန့်အသတ်နဲ့ ထုတ်တဲ့ ရေမွှေးတောင် မရဘူး…”
ကျီချင်းရန် ကော်ဇောပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး ဆက်လက် လေ့လာဆန်းစစ်နေလိုက်၏။
“ တကယ်တော့ ငါတို့တွေ အရေးကြီးတဲ့ ပြဿနာတစ်ခုကို မေ့ထားကြတယ်သိလား…”
“ ဘာပြဿနာလဲ…”
“ အိမ်…”
“ တကယ်လို့ ငါတို့ အိမ်ငှားနေမယ်ဆိုရင် လတိုင်း အိမ်ငှားခ ပေးရမှာ.. တကယ်လို့ ချေးငွေနဲ့ အိမ်ဝယ်မယ်ဆိုရင်တောင် လတိုင်း အကြွေးဆပ်ရမှာပဲ… အဲ့လိုဆို ငါတို့ သုံးနိုင်တဲ့ ပမာဏက ပိုပြီးနည်းသွားတော့မှာ..နောက်ပြီး ငါတို့ ဖျားသည်နာသည်ရှိသော် ဆေးကုသစရိတ်တွေ ထည့်မတွက်ရသေးဘူး… တကယ်လို့ ကလေးတွေ ရှိလာပြီးတော့ ကျောင်းဘာညာ ထားရမယ်ဆိုရင် ပိုပြီး ကျပ်တည်းသွားတော့မှာ... ခေတ်သစ်လူ့အဖွဲ့အစည်းကြီးက ဖူးသစ်စ စွန့်ဦးစီးပွားရေး လုပ်ငန်းရှင်တွေအပေါ် တကယ့်ကို မငဲ့ညှာတာပဲ…”
“ ဒါကြောင့်မို့ ငါ့အတန်းဖော် ပြောသွားတဲ့ အထဲမှာ တစ်ချက်တော့မှန်တယ်.. ဒီရဲ့ လူ့ပတ်ဝန်းကျင်ထဲမှာ ရှင်သန်နေထိုင်နိုင်ဖို့ဆိုရင် ပညာရေးနောက်ခံက တော်တော်လေး အရေးကြီးတယ်…”
“ အွန်း….”
ကျီချင်းရန် သူမ၏ ကျောကို မတ်လိုက်ပြီး “ နင်ပြောတာကို အခြေခံရမယ်ဆိုရင် ရန်ကျင်းက PhD ဘွဲ့ရတွေအတွက်တော့ ဈေးကွက်ရှိပါသေးတယ်.. ဒါပေမယ့် နင့်လို သာမန်ဘွဲ့ရလေးတွေအတွက်ကတော့ စိတ်မကောင်းစရာပဲ…”
“ ဘာလဲ … ငါ့ကို ခွဲခြားခွဲခြား လုပ်နေတာလား…”
“ နင်သိရင်ပြီးတာပဲလေ… ငါအကျယ်ကြီး ထုတ်မပြောဘူးဆိုတာက နင့်ကို စိတ်ဓာတ်မကျစေချင်လို့…”
“ ငါက ဒီလောက် ရုပ်ချောတာကို စားဖို့သောက်ဖို့ အလုပ်လုပ်စရာ လိုသေးလို့လားကွ… အနာဂတ်ကျရင် ကိုယ့်ရဲ့ ချင်းရန်လေးက အလုပ်ကြိုးစားပြီး ထောက်ပံ့ပေးမယ်ဆိုရင် အဆင်ပြေပြီလေ… ဟုတ်တယ်ဟုတ်….”
ကျီချင်းရန် မေးလေးထောက်လိုက်ပြီး မျက်ဝန်းများက ဆန်းသစ်စ လခြမ်းကဲ့သို့ ကွေးညွှတ်သွားကာ ပုလဲကဲ့သို့ ဖြူသွယ်သည့် သွားများ ပေါ်လာသည်အထိ ပြုံးလိုက်ပြီး “ ရတယ်လေ….”
“ အဲ့ဒါဆို အတည်ဖြစ်သွားပြီနော်… မင်းငါ့ကို ရှာကျွေးတော့…”
“ ခစ်ခစ်….နင့်ကို ရှာကျွေးရတာက ပြဿနာမရှိဘူး… ဒါပေမယ့် လောလောဆယ် ငါတို့ ဟင်းချက်စရာတွေ ပြတ်တောက်တော့မယ့် ပြဿနာကို အရင် ဖြေရှင်းဖို့လိုတယ်…” ကျီချင်းရန် လင်းရီရှေ့တွင် Notebook ကို ဝှေ့ယမ်းပြရင်း ပြောလိုက်၏။
“ ခု ငါတို့ရဲ့ အသုံးစရိတ်က ယွမ် ၂,၄၀၀ ရှိတယ်.. သာမန်လူတစ်ယောက်လို နေထိုင်ဖို့ တစ်နေ့ လိုအပ်တဲ့စရိတ်က ယွမ် ၁,၀၀၀ ….”
“ အဲ့ဒါဆိုလည်း မင်းပြောတဲ့အတိုင်း ယွမ် တစ်ထောင်ကို အသုံးစရိတ်ဖယ်ထားပြီး ပိုတဲ့ ၁,၄၀၀ကို ဟင်းချက်စရာတွေ ဝယ်လိုက်မယ်လေ…” လင်းရီ ပြောလိုက်ပြီး “ ကျိန်းရန်လမ်းနားမှာ အသီးနဲ့ ဟင်းသီးဟင်းရွက်တွေ ရောင်းတဲ့ ဈေးတစ်ခုရှိတာနဲ့ အတော်ပဲ … အဲ့သွားကြည့်တာပေါ့..”
“ အွန်း…. နင်ပြောတဲ့ အတိုင်းပဲ… ဒါနဲ့ နင် ဈေးတော့ လိုက်တတ်တယ်မလား…”
“ အသေးမွှားလေးပါဟ… မနက်ဖြန် ဝမ်ထျန်းလုံကို ခိုင်းလိုက်ရင် ဒီပြဿနာက ဖြေရှင်းပြီးသားပဲ…”
“ အာ…ငါတို့ မန်နေဂျာဝမ်ကို မခိုင်းလို့မရဘူးလား….”
“ အဲ့တာဆို မင်း တခြား စိတ်ကူးထားတာရှိလို့လား…”
“ ငါတို့နှစ်ယောက် အတူသွားပြီးတော့ ဈေးလိုက်တဲ့ အတွေ့အကြုံကို ခံစားကြည့်ကြမယ်ဆိုရင်ကော…”
“ ရတယ်လေ… အဲ့ဒါဆို မနက်ဖြန် မနက် အစောကြီးထပြီးတော့ ဈေးလိုက်ထွက်ကြတာပေါ့… မကောင်းဘူးလား…”
“ ကောင်းပါတယ်… ဒါပေမယ့် နင့်ကို မနက်စာ လုပ်ပေးဖို့ အချိန် ရှိမှာတော့ မဟုတ်ဘူးနော်…”
“အပြင်သွားပြီး ဈေးလိုက်တဲ့သူတွေ အိမ်မှာ မနက်စာ စားလို့လား… အပြင်မှာပဲ တစ်ခါတည်း စားကြတာမဟုတ်ဘူးလား…”
“ အိုကေ အဲ့လိုဆို အရမ်းကောင်းတယ်… ငါတို့ မနက်ဖြန် မနက် စောစော သုံးနာရီလောက် ထသွားကြတာပေါ့…”
“ အာ…. အဲ့လောက် အစောကြီးလည်း ထစရာ မလိုပါဘူးဟ…” ကျီချင်းရန်၏ စိတ်အားထက်သန်နေမှုက လင်းရီကို အံ့အားသင့်သွားစေခဲ့၏။
ယင်းသို့ ဖြစ်နေရခြင်းမှာ အကြောင်းအရင်းနှစ်ချက်ရှိလေသည်။
ပထမ တစ်ချက်က ကြွယ်ဝသည့် မိသားစုမှ ပေါက်ဖွားလာသောကြောင့် ယခုလို စိတ်ဝင်တစား ရှိနေရခြင်းဖြစ်၏။
သို့မဟုတ် လင်းရီနှင့်အတူ ဈေးလိုက်ထွက်ရမှာ ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေခြင်းလည်း ဖြစ်နိုင်လေသည်။
“ စောစောသွားမှ အသီးအရွက် လတ်ဆတ်တာလေးတွေ ဝယ်လို့ ရမှာလေ…. “ ကျီချင်းရန် ပြောလိုက်ပြီး " နောက်ပြီး ငါတို့ရဲ့ ပန်းနုရောင် သုံးဘီးလည်း ကောင်းကောင်း အသုံးချလို့ရတယ်…”
“ ဟားဟား… ဘာလို့ အဲ့လောက်တောင် စိတ်လှုပ်ရှားနေရတာ….”
“ ငါစီးကြည့်ချင်လို့လေ…”
လျန်ရူရွှယ်မှာ ချမ်းသာသည့် မိသားစုမှ ပေါက်ဖွားလာသော်လည်း သုံးဘီးနှင့် ပတ်သက်လာလျှင်တော့ သူမတို့၏ သဘောထားများက ကွဲပြားလေသည်။
သူမတို့၏ ကြီးပြင်လာသည့် ပတ်ဝန်းကျင် ကွာခြားမှုကြောင့် လျန်ရူရွှယ်မှာ ရှက်ရွံ့သလို ခံစားနေရပြီး ကျီချင်းရန်ကတော့ စီးဖို့ရာ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့၏။
ကျီချင်းရန်၏ စိတ်လှုပ်ရှားမှုများက မကွယ်ပျောက်သွားပဲ “ နင်က ရှေ့က နင်း… ငါက နောက်ကနေပြီးတော့ အားပေးမယ်လေ… အဲ့လိုမျိုး ဈေးလိုက်ထွက်ရမယ်ဆိုရင် အရမ်းပျော်ဖို့ ကောင်းမှာပဲ…”
“ ငါက ဘာလို့ နင်းရမှာ…”
“ ငါက နင့်ကို ကျွေးမွေးပြုစုရမယ် မဟုတ်ဘူးလား…. နင်လည်း အလုပ်နည်းနည်းပါးပါးတော့ လုပ်ပေးရမှာပေါ့ဟဲ့…”
“ ထမင်းပျော့စားတဲ့သူ (အပျော်လင်)တွေက ညဘက်မှာပဲ အလုပ်လုပ်တာလေ… ဘယ်သူက နေ့ဘက်အလုပ်လုပ်လို့…”
“ အဲ့လိုလား… အဲ့လိုဆိုရင်တောင် ငါတို့ စထွက်တဲ့အချိန်ကျ အရုဏ်တက်ပဲ ရှိဦးမှာဆိုတော့ နေ့ခင်းဘက်မှ မဟုတ်သေးတာ…”
“ ကောင်းပြီလေ.. ဒါဆိုလည်း သုံးဘီးပေါ်မှာပဲ အလုပ်လုပ်ရတာပေါ့…”
“ နင်ကတော့ မဟုတ်တာတွေ လျှောက်ပြောနေပြန်ပြီ..” ကျီချင်းရန် မတ်တပ်ရပ်လိုက်ပြီး “ ငါအိပ်ရာဝင်တော့မယ်… မနက်ဖြန် မနက်ကျ စောစောထဖို့ မေ့မနေနဲ့ဦးနော်…”
လင်းရီနှင့် အတူ ဟင်းချက်ပစ္စည်းများ ဝယ်ယူသည့် အတွေ့အကြုံကို ခံစားချင်းနေသောကြောင့် သူမ စောစောအိပ်ရန် လိုအပ်လေသည်။ မဟုတ်ပါက အစောကြီး ထနိုင်လိမ့်မည် မဟုတ်ပေ။
……………….
နောက်တစ်နေ့ နံနက် လေးနာရီသို့ ရောက်သောအခါ လင်းရီ၏ အိပ်ခန်း တံခါးဝသို့ တစ်စုံတစ်ယောက်မှ တံခါးလာခေါက်လေသည်။
လင်းရီ အိပ်ချင်မူးတူးဖြင် တံခါးဖွင့်လိုက်သောအခါ အပြင်သွားရန် အဆင်သင့် ဖြစ်နေသည့် ကျီချင်းရန်အား မြင်တွေ့လိုက်ရ၏။ သူမက လေကာအင်္ကျီ၊ အပြာရောင်ဂျင်းပန်၊ အနက်ရောင် ဒေါက်မြင့်ဖိနပ်ကို ဝတ်ဆင်ထားကာ လက်ထဲတွင်လည်း အိတ်တစ်လုံး ကိုင်ထားသေး၏။
“ မင်း အဲ့တာ ဘာလုပ်တာ…”
“ ဈေးလိုက် သွားမလို့လေ…”
“ ဘယ်သူက အဲ့လိုဝတ်ပြီး ဈေးလိုက်ထွက်လို့… မသိရင် ဝရမ်းပြေးကျနေတာပဲ…” လင်းရီပြောလိုက်ပြီး “ ပြီးတော့ လက်ထဲအိတ်ကကော ဘာလဲလုပ်တာ..”
“ အသီးတွေလေ… ငါ ညကတည်းကရင် အစိပ်အစိပ်လေးတွေ လုပ်ထားတာ… လမ်းမှာ ဆာရင် စားလို့လည်းရတယ်…”
လင်းရီ “…..”
“ သူဌေးမလေး…. ငါတို့က ပျော်ပွဲစားသွားမှာ မဟုတ်ဘူးနော်…”