မကောင်းသည့် ရီဗျူးများကို အထူးပြု ကျွမ်းကျင်သူ
Vol. 41 Ch. 613
လီကျင်းဗီလာ။
၎င်းက ကျိုးဟိုင်ရှိ အဆင့်မြင့် လူနေအိမ်ယာ တစ်ခုဖြစ်ပြီး စတုန်းရန်းမီတာ ၈၀ မျှ ကျယ်၀န်းသည့် အိမ်အသေး တစ်လုံးကပင် ယွမ် ဆယ်မီလီယမ်မျှ ပေါက်ဈေးရှိ၏။
ကျိုးဟိုင်တွင်တော့ အထက်တန်း အရာရှိများကသာ ထိုကဲ့သို့ အိမ်ယာမျိုးတွင် နေထိုင်ရန် တတ်နိုင်ကြပေသည်။
သို့သော်လည်း အဆောက်အဦးများ၏ ဗိသုကာလက်ရာများနှင့် အရည်အသွေးတို့မှာတော့ ပေးရသည့် ဈေးနှင့် ထိုက်တန်မှု ရှိလှ၏။
ထို့ပြင် ရေကူးကန်များ ၊ gym နှင့် ပုဂ္ဂလိက ဆေးရုံများ၊ အထက်တန်းကျောင်းများ အားလုံး ထိုအိမ်ယာအတွင်း၌ တည်ရှိလေသည်။ သာမန်လူများ၏ အခေါ်အဝေါ်အရတော့ အဆိုပါနေရာကား သူဌေးရပ်ကွက်ပင်တည်း။
စတုရန်းမီတာ တစ်ရာကျော် ကျယ်၀န်းသော အိမ်တစ်လုံးတွင် ကောင်မလေး တစ်ယောက်မှာ gym ဆော့သည့် ၀တ်စုံဖြင့် သူမဖုန်းကို ရှေ့တွင် ချထားလျက် မရပ်မနား စကားပြောနေလေသည်။
"ပရော်ဖက်ရှင်နယ် သုံးသပ်သူ စထွင်မာ တစ်ယောက်အနေနဲ့ မနေ့က အသစ်ထုတ်လိုက်တဲ့ ရှောင်မီဖုန်းက မိုက်လား ဘာလားဆိုတာကို ပြောခဲ့ပြီးပြီလေ.. အဲ့ဖုန်းရဲ့ ချွတ်ယွင်းချက်တွေက ဘာလဲဆိုတာကိုလည်း နင်တို့သိအောင် ပြောပြပေးပြီးသွားပြီ... အဲ့တာကိုမှ မယုံသေးရင်လည်း ပလက်ဖောင်းတစ်ခုလုံးမှာ လိုက်ရှာကြည့်လိုက်... ငါ့လောက် စကားမှန်တဲ့ စထွင်မာမျိုး နင်တို့ ရှာလို့ တွေ့မှာမဟုတ်ဘူး သိရဲ့လား... "
စကားပြောနေသည့် မိန်းကလေးက ကျန်းရှောင်ယွီဖြစ်ပြီး သူမ၏ အွန်လိုင်းအိုင်ဒီကတော့ ရှောင်ယွီပင်။ သူမ၏ အလုပ်အကိုင်ကတော့ Douyu ပေါ်ရှိ အွန်လိုင်း စထွင်မာတစ်ဦးဖြစ်၏။
ယခုလို ပြိုင်ဆိုင်မှု ပြင်းထန်သည့် လောကကြီးတွင် သူမ မူလက ပုရိသတို့၏ ရာဂကို အသုံးချ၍ ခန္ဓာကိုယ်ကို ရောင်းစားသည့် အမျိုးသမီး စထွင်မာ တစ်ဦးဖြစ်ချင်ခဲ့၏။ ထိုအခါ အာရုံစူးစိုက်မှု အများအပြားကို ဆွဲဆောင်နိုင်ပြီး ကျော်ကြားမှုနှင့် ငွေကြေးကို တစ်ပြိုင်နက်တည်း ရရှိနိုင်မည်။
သို့သော်လည်း သူမ၏ ပထမဆုံးနေ့တွင် ၀မ်းနည်းဖို့ကောင်းစွာဖြင့် အချို့ ကြည့်ရှုသူများက အကယ်၍ သူမသာ မျက်နှာ မဖော်ပြထားပါက ကျောလား ရင်ဘက်လားဆိုတာကို ခွဲခြားနိုင်လိမ့်မည် မဟုတ်ကြောင်း ရေးသားလာခဲ့ကြ၏။ ယင်းက ချက်ချင်းပဲ သူမ၏ အိပ်မက်ကလေးကို ကွဲကြေပျက်စီးသွားစေခဲ့သည်။
ထို့နောက် အစားအသောက် ရီဗျူး ပေးသူ တစ်ယောက်အဖြစ် ရပ်တည်ရန် ကြိုးပမ်လာခဲ့၏။ သို့သော်လည်း ကျရှုံးမှုပေါင်း သောင်းခြောက်ထောင်တို့ဖြင့် သူမ၏ အဆိုပါက အလုပ်မှာလည်း မတည်မငြိမ်ဖြစ်လာကာ အဆုံးတွင် လက်လျော့လိုက်ရသည်။ ၎င်းနောက် သူမ၏ ဦးတည်ရာကို နည်းပညာနယ်ပယ်ရှိ ပစ္စည်းအသစ်အဆန်းများ ဝေဖန်အကဲဖြတ်သူ တစ်ယောက်အဖြစ် တွန်းအားပေး၍ ပြောင်းလဲလိုက်တော့၏။
ထင်မှတ်မထားစွာဖြင့် အဆိုပါ လမ်းကြောင်းက ရှောင်ယွီကို အတော်လေး အခြေအနေကောင်းသွားစေသည်။ အသုံးပြုသူ user များ၏ စူးစမ်းချင်စိတ်ကို ထိရောက်စွာ အသုံးချ၍ Douyu ပလက်ဖောင်းတွင် ပရိသတ် တော်တော်များများကို စုဆောင်းမိလာကာ အခိုင်အမာ ခြေကုပ်ယူလာနိုင်ခဲ့တော့၏။ ထိုအချိန်မှစ၍ ရှောင်ယွီ၏ အနေအထားမှာလည်း တစ်ဆစ်ချိုး ပြောင်းလဲ သွားခဲ့တော့သည်။
"ရှောင်ယွီလေး.. မင်းရဲ့ D cup အတွင်းခံလေးတွေ ရီဗျူးလုပ်ပေးပါဦးလား.. "ညစ်ညမ်းသည့် ကြည့်ရှုသူတစ်ဦးမှ မှတ်ချက်ပြုလိုက်၏။
"ရတာပေါ့.. ငါ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ဆို အဲ့ ဆိုဒ်လောက်ကတော့ အသာလေးပဲ..."
"ဟျောင့်တွေ.. ငါပဲ အမူးလွန်ပြီး အဲ့ဒီစကားတွေ ကြားနေတာလား .. ဒါမှ မဟုတ် ရှောင်ယွီကပဲ တကယ်ကြီး ပြောသွားတာလားဟ..."
"ခဏစောင့် .. ငါအွန်လိုင်းကနေ တစ်စုံ ၀ယ်ပြီးတော့ ဝေဖန် သုံးသပ်ပေးမယ်.. ခုတော့ အစားစားပါရစေဦး..."
"မြန်မြန်စား.. ငါကြားတာတော့ သင်္ဘောသီးနဲ့ နံရိုးစွပ်ပြုတ်က အဲ့ဟာတွေ အတွက်ကောင်းတယ်တဲ့... အခိုင်အမာ အကြံပြုတယ်... "
စထွင်မာ တစ်ဦး အနေဖြင့် ထိုသို့ လှောင်ပြောပြီး ညစ်ညမ်းသည့် ကွန်းမန့်များကို လျစ်လျူမရှုနိုင်ပါက တိုက်ရိုက်ထုတ်လွင့်မှု နယ်ပယ်တွင် ရပ်တည်နိုင်လိမ့်မည် မဟုတ်ပေ။
သူမ စောနက ပြောလိုက်သည်ကလည်း အရွဲ့တိုက်လိုက်ခြင်းသာ။
တစ်ဖက်တွင်တော့ ကျန်းရှောင်ယွီ အခြား ဖုန်းတစ်လုံးဖြင့် စားသောက်စရာများကို မှာယူရင်း ရုတ်ချည်း အော်ဟစ်လိုက်၏။
"ဒီရဲ့ စားကောင်းတယ် ဆိုင်က ဘာတုန်းဟ.. ဥထမင်းကြော် တစ်ပွဲကို ၁၈၉ ယွမ်...ခေါက်ဆွဲကြော် တစ်ပွဲကို ၁၇၉ ယွမ်... ဘုရား ဘုရား.. သူတို့ကိုယ်သူတို့ မီချယ်လင်းကြယ် သုံးပွင့် စားသောက်ဆိုင်များ မှတ်နေလား မသိဘူး..."
"ငါလည်း အဲ့ဒီ ကြော်ငြာကို မြင်ဖူးတယ်.. ဒါပေမယ့် အော်ဒါကတော့ သုညပဲ... ပြီးတော့ ဈေးကလည်း ကြီးသေ.. ဒါကြောင့်မို့ ၀ယ်မမြည်းကြည့်ရဲတာ... မကောင်းရင် ကိုယ်ပဲ ရှုံးမှာလေ..."
"ရှောင်ယွီ.. နင်မှာပြီးတော့ ရီဗျူးလုပ်ကြည့်ပါလား... "
"ရတယ်လေ.. ငါခု အော်ဒါတင်လိုက်မယ်..."
သာမန်လူများအတွက်တော့ အဆိုပါ ဟင်းလျာများ၏ ဈေးနှုန်းမှာ များပြားသည့် အသွင်ပေါက်နေသော်လည်း ရှောင်းယွီကဲ့သို့ ၀င်ငွေကောင်းသည့် စထွင်မာအတွက်ကတော့ အသေးအမွှားလေးပင်။
"ဒီလိုဆိုရင်ကော.. ငါ ဥထမင်းကြော် တစ်ပွဲနဲ့ နို့လက်ဖက်ရည်တစ်ခွက်မှာလိုက်မယ်..."ကျန်းရှောင်းယွီ ပြောပြီးနောက် "ဒါပေမယ့် အရသာကတော့ ပေးရတဲ့ ဈေးနဲ့ တန်မှာ မဟုတ်လောက်ဘူး.. ဒါကြောင့်မို့ ကြိုပြောထားမယ်နော်.. ငါ့ရဲ့ ချစ်ပရိတ်သတ်ကြီးက မှာမစား.... သပ .. ဘာတုန်းဟ... ငါ ဟင်းနှစ်ပွဲလေးတည်း မှာတာကို ပို့ခက ယွမ် ၅၀၀ ပေးရမယ်... ဝူရန်ကျူးက ပြိုင်ကားနဲ့ လာပို့ပေးမှာမို့လို့လားဟ..."
ကျန်းရှောင်ယွီ၏ ထိတ်လန့်တကြား ဖြစ်နေသည့် အမူအရာကို မြင်တော့ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ လူများအားလုံး ရယ်မောလိုက်ကြပြီး "ပုံမှန်ဆို ပို့ခက လေးငါးယွမ်လောက်ပဲ ပေးရတာ.. တကယ်လို့ တကယ်ကြီး ယွမ် ၅၀၀ တောင်းနေတယ်ဆိုရင်တော့ လိမ်စားနေတာ သေချာပြီ..."
"အဲ့လိုဆိုင်မျိုးတွေက တစ်သီးစားတွေပါကွာ.. မကြာပါဘူး.. အရင်းပြုတ်လိမ့်မယ်..."
မိုးကောင်းကင်တမျှ မြင့်မားသည့် ပို့ခကို မြင်တော့ ကျန်းရှောင်ယွီ အနည်းငယ် ဒေါသထွက်သွားခဲ့သည်။
"ငါ ဖုန်းခေါ်ပြီးတော့ ဒီဆိုင်ရှင်ကို ဘာအချိုးချိုး တာလည်း မေးကြည့်ရမယ်..."
မကြာမီ ကျန်းရှောင်ယွီ၏ ဖုန်းမှာ တစ်ဖက်သို့ ၀င်သွားခဲ့ပြီး "ဟယ်လို .. နင်က စားကောင်းတယ် ဆိုင်ရှင်လား..."
"ဟုတ်ပါတယ်.. ဘာကိစ္စရှိလို့လဲ မသိဘူး..."
"ဒါဆို နင့်ဆိုင်ရဲ့ ဒီလီပို့ခက ဘာလို့ အဲ့လောက်တောင် ဈေးကြီးနေရတာ .. ငါမှာတာက ပစ္စည်း နှစ်မျိုးတည်း.. အဲ့တာကို ယွမ် ၅၀၀ တောင်တောင်းနေတယ်ပေါ့... နင်က ငွေမက်လွန်းလို့ ရူးသွားတာလား... ပြိုင်ကားနဲ့ လာပို့ရင်တောင် အဲ့လောက် ဈေးကြီးမှာ မဟုတ်ဘူး..."
"မိန်းကလေး .. ပြိုင်ကားနဲ့ ပို့ပေးရမယ်ဆိုလည်း ရတယ်.. ငါတို့ဆိုင်က အဲ့ဒီ ၀န်ဆောင်မှု ပေးတယ်.. ဒါပေမယ့် ယွမ် နှစ်ရာလောက်တော့ ထပ်ပေးရမှာပေါ့.. ဒီတော့ ဈေးကြီးတယ် ထင်ရင် မမှာနဲ့..."
လင်းရီ၏ ခပ်ချေချေ စကားလုံးများက တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကြည့်ရှုသူများကို ရူးသွပ်သွားစေသည်။
"ရှောင်ယွီ ငါ အဲ့ကောင်ရဲ့ လေသံကို သည်းမခံနိုင်တော့ဘူး... ဒီကောင်က မင်းကို ငမွဲဆိုပြီး သွယ်ဝိုက် ပြောလိုက်တာ မဟုတ်ဘူးလား..."
"ဒီကောင်က ဥထမင်းကြော် တစ်ပွဲကို ၁၈၉ ယွမ်နဲ့ ရောင်းနေတယ်.. အဲ့လို လူစားမျိုးကို စကားတစ်ခွန်းတည်းနဲ့ ဖော်ပြလိုက်မယ်.. နှလုံးသား မည်းညစ်တဲ့ စီးပွားရေးသမား... "
"ရှောင်ယွီ ငါ ဒုံးပျံတွေ ပို့ပေးမယ်... မင်းသူ့ မျက်နှာ ဖြတ်ရိုက်တာကို ငါတို့ ကြည့်ချင်တယ်..."
"ဒီကောင်က ပြိုင်ကားနဲ့ ပစ္စည်းပို့ပေးမယ်.. ဘာလို့ ဒုံးပျံနဲ့ ပို့ပေးမယ်ဆိုပြီး မပြောတာ..."
တိုက်ရိုက်ထုတ်လွင့်ခန်းထဲတွင် မရေမတွက်နိုင်သည့် လူများမှ လက်ဆောင်များ ပို့ပေးနေကြပြီး အော်ဒါမှာရန် တောင်းဆိုနေကြသည်ကို မြင်တော့ ရှောင်းယွီ သူမ၏ အခွင့်အရေး ရောက်ရှိလာပြီဟု ခံစားလိုက်ရ၏။
သူမ ယခုလို နာမည်ကြီးစေမည့် အခွင့်အရေးကို လက်လွှတ်လိုက်၍ မဖြစ်ချေ။
ထိုအကြောင်းစဉ်းစားရင်း ရှောင်ယွီ စိတ်ထဲတွင် အားပါးတရ ရယ်မောလိုက်ကာ ဖုန်းတစ်ဖက်ရှိလူကို ယခုလို မထိတထိ ပြောလိုက်၏။
"ဟုတ်လား... နင်က အရမ်းတွေ မာနကြီးနေတော့ ငါကလည်း နင့်ရဲ့ အစွယ်တွေကို ချိုးပေးရမှာပေါ့..."
ကျန်းရှောင်ယွီ သူမ၏ အမူအရာကို တည်တံ့လိုက်ပြီး " ငါ နင့်ဆိုင်က ဟင်းလျာတွေကို မှာမယ်... အပို ယွမ် ၂၀၀ လေးတည်းမလား.. အဲ့လောက်ကတော့ တတ်နိုင်ပါတယ်.. နင် ပြိုင်ကားနဲ့ ဘယ်လိုပို့ပေးမလဲ ဆိုတာ ကြည့်ချင်နေပြီ..."
ပြောပြီးနောက် ကျန်းရှောင်ယွီ ဖုန်းချလိုက်၏။ ထို့နောက် ပို့ခ အပို ယွမ် ၂၀၀ ထပ်တိုးလိုက်ပြီး ဖုန်းကို ကင်မရာရှေ့တွင် အားလုံး မြင်အောင် ပြသကာ "ညီကိုတို့ ဘောစိတို့.. ငါ အော်ဒါ တင်လိုက်ပြီ... စုစုပေါင်း ယွမ် ၁,၂၃၇ တောင် ကျတယ်.. တကယ်လို့ သူသာ ပြိုင်ကားနဲ့ လာမပို့လို့ကတော့ ကောင်းကောင်းကြီး သင်ခန်းစာပေးပြီး မကောင်းတဲ့ ရီဗျူးတွေ ရေးပစ်မယ်... သူ့ဆိုင်လည်း ဘယ်တော့မှ ထပ်သွားမစားဘူး..."ကျန်းရှောင်ယွီ ပြောလိုက်၏။
"တကယ်လို့ သူက ပြိုင်ကား ငှားပြီး လာပို့မယ်ဆိုရင်ကော ..."
တစ်စုံတစ်ယောက်မှ ရေးသားလိုက်၏။
"အေး....အဲ့တာလည်း ဖြစ်နိုင်တယ်..."
"ဘယ်လိုမှ မဖြစ်နိုင်ဘူး... ကျိုးဟိုင်မှာ ပြိုင်ကား ငှားချင်တယ်ဆိုရင် ဈေးက အနည်းဆုံး ယွမ် တစ်ထောင်ပဲ... သူတောင်းတဲ့ ဈေးက ကားငှားဖို့တောင် မလောက်တာ... "ကျန်းရှောင်ယွီ ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။
"ပြီးတော့ ဒီလီပို့တဲ့အချိန်က ၃၅ မိနစ်အတွင်း ရောက်ရမှာ... ကားငှားဖို့ အချိန်တောင် မရှိဘူး..."
"ဟားဟား.. ခုဆို ဆိုင်ပိုင်ရှင်တော့ အံ့အားသင့်နေလောက်ပြီ ... ရှောင်းယွီက ဒီလောက် ချမ်းသာမယ်လို့ သူထင်ထားမှာ မဟုတ်ဘူး... "
"ခနနေ ပစ္စည်းလာပို့လို့ E bike သေးသေးလေးနဲ့ လာပို့မယ်ဆိုရင်တော့ ဘာ်လောက်တောင် ကိုးရို့ကားယား နိုင်လိုက်မလဲ..."
"ငါတော့ ဆိုင်ရှင် အရှက်ကွဲမှာကို မှတ်တမ်းတင်ဖို့ စောင့်နေတယ်ဟေ့..."
ကျန်ရှောင်ယွီ ရင်ဘက်ရှေ့ လက်ပိုက်လိုက်ပြီး သူမ၏ အမူအရာမှာ အင်မတန် ၀င့်ကြွားနေကာ "ဟမ့်... နင်က ငါ့ရှေ့မှာ လာပြီး မောက်မာ ချင်တယ်ပေါ့လေ... ငါက မကောင်းတဲ့ ရီဗျူးတွေ ပေးတဲ့ နေရာမှာ ထူးချွန်တယ်ဆိုတာကို မသိတာလား....”