← Chapters

ဘယ်သူ့စီးပွားရေးကို လာလုနေတာလဲ...

Vol. 41 Ch. 615

ဘယ်သူ့စီးပွားရေးကို လာလုနေတာလဲ...

Vol. 41 Ch. 615

ထိုအခိုက်အတန့်တွင်တော့ ကျန်းရှောင်ယွီ၏ အပျိုစင် နှလုံးသားလေးမှာ တစ်မဟုတ်ချင်း နှိုးထလာခဲ့ပြီး ဗလုံးဗထွေး စတင်ပြောဆိုတော့၏။

"နတ်သက်ကြွေလာတဲ့ နတ်သားလေးများလား ... အရမ်းချောတာပဲ..."

"ဟယ်.. ချောလိုက်တဲ့ အဆင်လေး.. ဒီလောက် ဆင်တာကို ဘာလို့ အိမ်ထဲမှာ မနေရတာလဲ ... အပြင်ဘက်က အမျိုးသမီးတွေက ဆွဲစားပစ်မှာကို သူလေးက မကြောက်ဘူးလား..."

"အဲ့ အချောလေးကို ခဏစောင့်ဖို့ ပြောလိုက်.. ငါ အိမ်က လူကြီးကို မြေမြုပ်ဖို့ ဂေါ်ပြားလိုက်ရှာနေလို့... "

လင်းရီ၏ ပုံပန်းသွင်ပြင်က တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကြည့်ရှုသူ ဣတ္ထိယအပေါင်းကို မေထုံရာသီသို့ ကူးပြောင်းသွားစေခဲ့၏။

ကျန်းရှောင်ယွီကတော့ ပေါက်ကွဲလွန်း၍ ရူးသွပ်မတတ်ဖြစ်နေလေသည်။

တကယ်လို့ အဆင်လေးနဲ့ ပက်ပင်းတိုးမယ်မှန်းသိရင် ပိုပြီး လှလှပပလေး ၀တ်စားလာခဲ့မှာပေါ့ဟဲ့... တကယ်တည်း.. စုတ်တီးစုတ်ပြတ် ၀တ်ခါမှ အဆင်လေးနဲ့ ၀င်တိုက်မိရတယ်လို့..

လင်းရီကတော့ မျက်နှာ အမူအရာ အမျိုးမျိုး ဖြစ်နေသည့် ကျန်းရှောင်ယွီကို ကြည့်ရင်း အနှီမိန်းကလေးက ဦးနှောက်ပြဿနာ ရှိနေသည်ဟု ခံစားမိလိုက်၏။

သို့သော်လည်း သူ များများစားစား အာရုံ ထားမနေချေ။ ပါဆယ်ထုပ်ကို ပြန်ကောက်၍ အပေါ်ထပ်သို့ တက်သွားရန် ဟန်ပြင်လိုက်၏။

"ဟိတ် ဟိတ်.. အချောလေး.. ခနလောက် စောင့်ပါဦး..."ကျန်းရှောင်ယွီ လင်းရီကို နောက်မှ လှမ်းတားလိုက်ပြီး ရှုပ်ဖွာနေသည့် သူမဆံပင်များကို ကမန်းကတမ်း စည်းနှောင်လိုက်၏။

"အချောလေးကလည်း လီကျင်းဗီလာမှာ နေတာပဲလား... အရင်က ဘာလို့ မမြင်ဖူးတာပါလိမ့်..."

"ဒီကို အစားအသောက် လာပို့ပေးတာလေ.. ဒါကြောင့်မို့ မိန်းကလေး မမြင်ဖူးတာ မဆန်းပါဘူး..."

"ဪ... လက်စသတ်တော့ နင်က ဒီလီပို့တဲ့ ကောင်လေးကိုး..."

ကျန်းရှောင်ယွီ မူလက ထိုအဆင်လေးနှင့် စကားပြောနိုင်ရန် ဖုန်းနံပါတ်တောင်းချင်နေပါသော်လည်း ဒီလီပို့သူတစ်ယောက် ဖြစ်နေလိမ့်မည် လို့တော့ မျှော်လင့်မထားခဲ့ချေ။

ဟူး... နှမြောဖို့ ကောင်းလိုက်တာနော်.. သူ့ရုပ်သူ့ရည်လေးနဲ့ ဒီလီပို့နေရတယ်...

နေစမ်းပါဦး.. သူက ဒီလီလာပို့တာဆိုတော့ ငါ့ဆီများ ဖြစ်နေမလားပဲ

"ခဏ..."

လင်းရီ ထွက်ခွာတော့မည့် အချိန်တွင် ကျန်းရှောင်ယွီ နောက်မှ ထပ်မံ အော်ခေါ်လိုက်၏။

"နင်က ဒီကို ကျန်းရှောင်ယွီလို့ခေါ်တဲ့ မိန်းကလေးဆီ ဒီလီ လာပို့တာလား..."

"ဟုတ်တယ်.. မင်း ဘယ်လိုလုပ်ပြီး သိတာ..."

"ငါ ငါ... အဲ့ ကျန်းရှောင်ယွီက ငါပဲ..."

ကျန်းရှောင်ယွီ သူမခေါင်းကို ရူးသွပ်စွာ ညိမ့်လိုက်၏။ သူမ၏ နှလုံးခုန်နှုန်းပင် အထူးတလှယ် မြန်ဆန်နေလေသည်။

ဒီရဲ့ အဆင်လေးက သူမဆီ ဒီလီလာပို့တယ်ဆိုတော့ တိုက်ဆိုင်လွန်း မနေဘူးလား...

"ငိုးပဲ.. ရှောင်ယွီကတော့ အပူတွေတက်နေပြီနဲ့တူတယ်... သူမကိုယ်သူမ ပုံအပ်လိုက်တော့မှာတော့ မဟုတ်ဘူးမလား..."

"ယွဲ့လောင် (မြားနတ်မောင်) ကတော့ ချက်ခြင်းလက်ငင်း ကြိုးတွေ ချည်ပေးလိုက်ပြီလားမသိ..."

"သူက ငါ့ထက် မဆိုသလောက်လေး ချောတာကိုကွာ.. အဲ့လောက်ထိ ဖြစ်နေဖို့ လိုလို့လားဟ..."

"ငါ မေးချင်တာက... သူတို့ရဲ့ စပယ်ရှယ် ဗွီဒီယိုတွေကို ဘယ်၀က်ဆိုဒ်မှာ ကြည့်လို့ရလောက်လဲ..."

"ရှောင်းယွီ .. ဘယ်မှာလဲ မင်းရဲ့ ကြီးကျယ် ခမ်းနားတဲ့ ပါးရိုက်ပွဲကြီး... ဘာလို့ သူငယ်ချင်းတွေ့ဆုံပွဲ လာဖြစ်နေတာ..."

ထိုအခိုက်အတန့်တွင်တော့ ကျန်းရှောင်ယွီ သူမ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကွန်းမန့်များကို ဖတ်ရှုရန် အာရုံမရှိတော့ချေ။

သူမ၏ အာရုံကား တစ်နေရာတည်းတွင် ကျရောက်နေလေသည်။ ယင်းကတော့ လင်းရီ၏ ဖုန်းနံပါတ် ရရှိရေး ဖြစ်၏။

"မင်းမှာထားတာဆိုတော့ အတော်ပဲ..ယူလိုက်..."

ပါဆယ်ကို ကျန်းရှောင်ယွီထံ အပ်ပြီးနောက် ဒီလီပို့ခြင်းမှာလည်း အောင်မြင်စွာ ပြီးဆုံးသွားလိမ့်မည်။ ထို့အခါ လင်းရီလည်း ဆိုင်ပြန်သွားနိုင်ပေမည်။

"တစ်ခုလောက် မေးမယ်နော်.. နင်တို့ သူဌေးကို ငါ အပိုယွမ် ၂၀၀ ပေးပြီး ပြိုင်ကားနဲ့ လာပို့ခိုင်းတာ... ဘာလို့ နင့်ကို ဒီလွတ်လိုက်တာ...."

"ငါက သူဌေးပဲ..."လင်းရီ ပြောလိုက်ပြီး "မင်းမှာထားတဲ့ ဟင်းလျာတွေ အကုန်လုံးကို ငါကပဲ ချက်တာ..."

"အာ... နင်က သူဌေး..."

အဆိုပါ သတင်းကို ကြားတော့ ကျန်းရှောင်ယွီနှင့် တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ လူတိုင်း ကြက်သေသေသွားကြတော့၏။

ကလိမ်ကကျစ်ကျတဲ့ ဆိုင်ရဲ့ သူဌေးက လူချောလေး ဖြစ်နေမယ်လို့ ဘယ်သူထင်ထားမှာလဲ...

နောက်ပြီးတော့ သူက အချိန်ပိုင်း စားဖိုမှုးတောင် လုပ်လိုက်သေးတယ်..

"ဟိတ်... မျက်နှာဖြတ်ရိုက်ပြမယ်ဆို.. သူက ရုပ်ချောတာနဲ့ပဲ အလွှတ်ပေးလိုက်မယ်လို့တော့ လာမပြောနဲ့..."

"ရှောင်ယွီ... မင်းသူ့ မျက်နှာကို ဖြတ်မရိုက်ပြဘူးဆိုရင် ငါတို့ ထွက်သွားတော့မှာ..."

"ငါ့ထက် ပိုချောနေတဲ့ကောင်တွေကို လုံး၀ သည်းမခံနိုင်ဘူး..."

တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ လူများ ထွက်ခွာတော့မည်ကို မြင်တော့ ကျန်းရှောက်ယွီ အနည်းငယ် ရင်ထိတ်သွားခဲ့သည်။

အကယ်၍ သူမ၏ ပရိတ်သတ်များသာ ထွက်သွားခဲ့မည် ဆိုပါက သူမလည်း အများကြီး ဆုံးရှုံးသွားပေလိမ့်မည်။

"ငါက သူဌေးဖြစ်လို့ မရဘူးလား..."လင်းရီ မေးလိုက်၏။

"ရတာပေါ့.. ဒါပေမယ့် နင်ပြောတော့ ပြိုင်ကားနဲ့ လာပို့ပေးမယ်ဆို..."

"မင်း ဘာလို့ အဲ့လောက် အသည်းအသန်ဖြစ်နေတာ.. ပြိုင်ကားနဲ့ လာပို့လို့လည်း အထဲက ဟင်းလျာတွေရဲ့ အရသာက ပိုကောင်းသွားမှာလည်း မဟုတ်..."

၎င်းကိုကြားတော့ ကျန်းရှောင်ယွီ သူမကိုယ်သူမ တွေးတောလိုက်၏။

သေချာပြီ.. ပြိုင်ကားနဲ့ လာပို့ပေးမယ်ဆိုတာက ငါ့ကို လိမ်ပြီး ငွေညစ်သွားတာပဲ...

ဒါပေမယ့် သူက အရမ်းချောတယ်လေဟာ.. လိမ်ရင်လည်း လိမ်ပါစေ.. ဘာပဲဆိုဆို ယွမ် ၂၀၀ တည်းမလား...

သို့သော် အကယ်၍ သူမသာ ဘာမျှ မလုပ်ပဲ ထွက်ခွာသွားမည်ဆိုပါက တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ပရိတ်သတ်များကို ရှင်းပြနိုင်လိမ့်မည် မဟုတ်ချေ။

ဘယ်လိုလုပ်ရပါ့မတုန်း...

ဘိ ဘိ ဘိ ...

လင်းရီ တစ်ဖက်သို့ လှည့်၍ ကားသော့နှိပ်လိုက်သောအခါ Koenigsegg ၏ မီးများ လင်းလက်လာပြီး လင်းယုန်ငှက် တောင်ပံ ပျံ့ကားကဲ့သို့ ကားတံခါးများ ပွင့်ဟလာလေသည်။

ကင်မရာမှ တစ်ဆင့် လင်းရီ Koenigsegg Rs ထဲသို့ ၀င်သွားခဲ့ကြောင်း လူတိုင်း မြင်တွေ့လိုက်ရ၏။ Koenigsegg ၏ ကားအင်ဂျင်သံကို ကြားတော့ ကျန်းရှောင်ယွီ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ လူများကို ပါးစပ်ပိတ်သွားစေခဲ့သည်။

"သူ... သူ တကယ်ကြီး ပြိုင်ကားနဲ့ လာပို့သွားတယ်..."ကျန်းရှောင်ယွီ မယုံကြည်နိုင်သည့် လေသံဖြင့် ပြောလိုက်ပြီး ကင်မရာသို့ ကြည့်ကာ "ဟဲ့...နင်တို့တွေ ခုထိ ထွက်သွားချင်နေသေးတုန်းပဲလား..."

"ငိုးပဲ.. ဒီကောင် ငါ့ထက် ရုပ်ပိုချောပြီး ပိုချမ်းသာနေတယ်ဟ.. ငါလုံး၀ လက်သင့်မခံနိုင်ဘူး..."

"ငါ့ယောက်ျားကို မြေမြုပ်လိုက်တာက မှန်ကန်တဲ့ ရွေးချယ်မှုပဲ..."

"အဲ့ အကြောင်း ခဏထားဦး.. ငါခု ကောင်လေးကို တိုက်ဖို့ ကြွက်သတ်ဆေးတွေ သွား၀ယ်နေပြီ..."

"အဲ့သူဌေးက 'စားကောင်းတယ် ' ဆိုင်ပိုင်ရှင်မလား.. မဖြစ်တော့ဘူး.. ငါတစ်ခေါက်လောက်တော့ သွားစားကြည့်မှ ဖြစ်တော့မယ်..."

.....

ကားထဲမှ ထွက်လာပြီးတော့ လင်းရီ တွေ့လိုက်ရသညိ့ မြင်ကွင်းကြောင့် ရှော့ခ်ရသွားခဲ့လေသည်။

တံခါး၀မှ နေ၍ ရှည်လျားသည့် လူတန်းကြီးမှာ တန်းစီနေကြပြီး အများစုကတော့ ယောက်ျားလေးများပင်။

လင်းရီ တံခါးဖွင့်၍ အထဲ၀င်လိုက်သောအခါ ကျီချင်းရန်မှာ ဘားကောင်တာတွင် ထိုင်နေပြီး သူ၏ အလာကို စောင့်မျှော်နေလေသည်။

"ဘာတွေ ဖြစ်နေတာ.. ဘာလို့ အပြင်မှာ လူတွေ ဒီလောက်တောင် များနေရတာ..."

"အားလုံးက စားဖို့ လာခဲ့ကြတာလေ.. ငါသူတို့ကို သူဌေး မရှိတော့ဘူးလို့ ပြောထားတော့ အပြင်မှာ တန်းစီရင်း စောင့်နေကြတာ..."

"လေဒီဘော့စ်က အရမ်းဆွဲဆောင်မှု ရှိလို့လည်း ပါမှာပါ..."

"ခစ်ခစ်..."

ကျီချင်းရန် ရှက်ရွံ့စွာဖြင့် ရယ်မောလိုက်၏။

သူမ ၀န်ခံခြင်း မရှိသလို ငြင်းပယ်ခြင်းလည်း မပြုပေ။

"သူတို့ကို အထဲခေါ်လိုက်တော့.. အလုပ်စဖို့ အချိန်ကျပြီ..."

"အွန်း အွန်း...."

ညနေပိုင်းတွင်တော့ ဆိုင်လေးမှာ တစ်ဖန် သက်၀င်၍ အလုပ်ရှုပ်လာပြန်သည်။

အဆုံးတွင်တော့ ဒီရေအလား တိုးပွားနေသည့် ကတ်စတန်မာများကို ကိုင်တွယ်နိုင်ရန်အတွက် လင်းရီ ဥထမင်းကြော်နှင့် ခေါက်ဆွဲကြော်ကိုသာ ရောင်းချဖို့ ဆုံးဖြတ်လိုက်ရသည့် အခြေအနေသို့ ရောက်ရှိသွားတော့၏။ အဆိုပါ နည်းလမ်းဖြင့် စားသောက်ဖွယ်ရာ များကို ဝန်ဆောင်မှုပေးသည့် အလျင်မှာ ပိုမိုမြန်ဆန်လာလေသည်။

ထို့ပြင် ပိုပြး အကျိုး သက်ရောက်မှုရှိသွားသည်က အမယ်များ မလောက်ငှမှုအတွက်လည်း ဖြေရှင်းပြီးသား ဖြစ်သွားခဲ့လေသည်။ ထို့ကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ်သွားခဲ့၏။

မကြာခင် ည ရှစ်နာရီထိုးတော့မည် ဖြစ်ပါသော်လည်း ကတ်စတန်မာများမှာ ဆက်တိုက်လာနေဆဲပင်။ သို့သော်လည်း ကျီချင်းရန်မှာ ဆိုင်ပိတ်သည် ဆိုင်းဘုတ်ကို ချိတ်ဆွဲပြီးသား ဖြစ်နေလေသည်။

သူမတို့၏ ယနေ့ ဝင်ငွေပမာဏက နှစ်သောင်းကျော်သွားသောကြောင့် လုံလောက်အောင် ကောင်းမွန်နေချေပြီ။ အကယ်၍ ရှေ့ဆက်တိုးနေမည်ဆိုပါက လင်းရီမှာ ပင်ပန်းလွန်း၍ လုံးပါးပါးသွားတော့မည်။

အလုပ်ပြီးနောက် လင်းရီ စနစ်၏ မစ်ရှင် ပြီးမြောက်မှုဇယားကို ကြည့်လိုက်သောအခါ (၄၅,၁၃၀/၁၀၀,၀၀၀)ဖြစ်နေကြောင်း တွေ့လိုက်ရ၏။

ယခုနှုန်းအတိုင်းဆိုပါက လင်းရီ သုံးရက်အတွင်း မစ်ရှင် ပြီးမြောက်နိုင်လေသည်။

ဆိုင်ပိတ်ပြီးနောက် ကျီချင်းရန် မီးဖိုချောင်ထဲရှိ အမယ်များကို စတင်ရေတွက်၏။

“ ရီ… ငါတို့ဆီမှာက ဟင်းသီးဟင်းရွက်တွေကလွဲရင် အသားနဲ့ ပင်လယ်စာတွေက ဘာမှသိပ်မကျန်တော့ဘူး… ဒီနေ့လိုမျိုး ကတ်စတန်မာ လာတဲ့ နှုန်းနဲ့ဆိုရင်တော့ မနက်ဖြန်ဆို လောက်မှာတောင် မဟုတ်တော့ဘူးနော်…”

“ ကောင်းပြီလေ… ငါ ဝမ်ထျန်းလုံကို ဖုန်းဆက်ပြီး အမယ်တွေကို တစ်ယောက်ယောက် လာပို့ခိုင်းဖို့ ပြောလိုက်မယ်…”

မနက်စောစောထပြီး ဟင်းသီးဟင်းရွက်များ ဝယ်ရသည့် အတွေ့အကြုံကို လင်းရီ ခံစားပြီးဖြစ်သောကြောင့် မနက်ဖြန်တွင်တော့ ထပ်မသွားရန် ဆုံးဖြတ်လိုက်သည်။

လင်းရီတို့နှစ်ယောက် ဆိုင်ပိတ်ရန် ဆုံးဖြတ်လိုက်သော်လည်း ကျိန်းရန်လမ်းမှာ လူသူစည်ကားနေဆဲပင်။

ကျောင်းသားအများစုမှ ဆိုင်ရှေ့ ဖြတ်ဖြတ်သွားသည်ကို မြင်တွေ့နေရ၏။

လမ်းမျက်နှာချင်းဆိုင်တွင်တော့ ဘာဘီကျူး ဆိုင်တစ်ဆိုင်ရှိပြီး အပြင်ဘက်တွင် စားပွဲဆယ်လုံးခန့်ကို သပ်သပ်ရပ်ရပ်ဖြင့် ချထား၏။ သို့သော်လည်း စားပွဲတစ်လုံးတွင်မျှ ကတ်စတန်မာ ရှိမနေချေ။

ထိုစဉ် သက်လတ်ပိုင်းလူကြီးသုံးယောက်မှ စားပွဲတစ်ခုတွင် ဝိုင်းဖွဲ့ထိုင်နေကြပြီး စားပွဲပေါ်တွင်တော့ ဆိတ်ကင်များနှင့် ဘီယာပုလင်းခွံ ဆယ်ပုလင်းထက်မနည်း စီတန်းထားလေသည်။

“ ငါယီးပဲကွာ… ဟိုဘက်ဆိုင်က ဘာလား… ဒီလောက်ဈေးကြီးနေတာတောင်မှ လူတွေက စားသောက်ဖို့ တန်းစီနေကြရတယ်… ဒီလောက် ဈေးသက်သာတဲ့ ငါ့ဆိုင်ကျတော့ တစ်ယောက်မှတောင် မရှိဘူး…”

ပြောလိုက်သူကတော့ ကျိုးဖန့်ပင်။ သူ့တွင် ကြီးမားသော လက်မောင်းများနှင့် ခါးဝန်းကျယ်ကာ အနက်ရောင် တီရှပ် အိုဗာဆိုဒ်ကို ဝတ်ဆင်ထားရင်း ထိုင်ခုံပေါ်တွင် လူသားအသားတုံးကြီးကဲ့သို့ ထိုင်နေလေသည်။ ဖြတ်သွားဖြတ်လာ ပြုကြသည့် မိန်းကလေးတိုင်း ကျိုးဖန့်ကို မြင်ပါက အကြည့်လွှဲသွားကြ၏။ ဝက်ဟုဆိုပါက မလွန်ကျူးသည့် ခန္ဓာနှင့် အဆီတဝင်းဝင်း လှိုင်ထနေသည့် မျက်နှာကြီးမှာ ရွံရှာဖွယ်အတိ ဖြစ်နေတော့သည်။

“ မင်းပဲ ညဉ်းပြမနေနဲ့… ငါ့ရဲ့ ပေါက်စီဆိုင်လည်း ဘာထူးတုန်း… ဒီရက်ပိုင်း အရောင်းအဝယ် ကျချက်ကတော့ ခွေးတောင် ဆိုင်ရှေ့ အနံ့လာမခံတော့ဘူး…”

ထိုစကားပြောလိုက်သူကတော့ ချိန်ရန်စုန်းပင်။ သူလည်း အနည်းငယ် ဝဖိုင့်ဖိုင့်ရှိကာ ကျိုးဖန့်လောက်တော့ အခြေအနေ ဆိုးရွားမနေချေ။

“ ဒီနေ့ ငါ့ဆိုင်မှာ ကျောင်းသူလေးတွေ ဘာပြောလဲသိလား.. ဒီတစ်ခေါက် ဘတ်ဂျက်ချွေတာဖို့ ဒီလိုဆိုင်မျိုးမှာ စားနေရတယ်တဲ့ …. ပြီးမှ ပိုက်ဆံပိုစုပြီး အဲ့ဆိုင်မှာ သွားစားမယ်ဆိုပဲ…”

“ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာ.. အဲ့ဒီ ပေါတောတောနာမည်နဲ့ စားသောက်ဆိုင်က အဲ့လောက်တောင် အရသာရှိတာလား…”

“ ငါ့ဖင်ကြီးပဲ အရသာရှိလိုက်လေ…” ချိန်ရန်စုန်း ဘီယာ အရှိန်လေးဖြင့် ဖြဲလိုက်ပြီး “ အဓိက အကြောင်းပြချက်က ဆိုင်ရှင်က ရုပ်သောက်ရမ်းချောနေလို့ကွ… အဲ့တာကြောင့် မိန်းကလေးတွေက အမာခံ အားပေးနေကြတာ…”

“ မဟုတ်သေးပါဘူး… ဒီနေ့လည် တန်းစီတော့ ကောင်လေးတွေလည်း အများကြီးပါ..”

ပြောလိုက်သူကတော့ သွမ်ကျပေါင်ဟု ခေါ်သည့် အမျိုးသားပင်။ ထိုသူကတော့ ကျိုးဖန့်ဘေးတွင် ထိုင်နေပြီး ၎င်းဆိုင်နှင့် ဘေးချင်းကပ် နို့လက်ဖက်ရည်ဆိုင်မှ ဖြစ်၏။

“ ဘာလို့လဲဆိုတော့ အဲ့ဆိုင်မှာ အမျိုးသမီး တစ်ယောက်လည်း ရှိသေးတယ်… အရမ်း အရမ်းကို လှတာ… အဲ့ဆိုင်မှာ ကောင်လေးတွေ များတယ်ဆိုတာကလည်း အဲ့ဒီအမျိုးသမီးကြောင့်ပဲ…”

ကျီချင်းရန် အကြောင်း ပြောပြီးနောက် ချိန်ရန်စုန်း အာစိုသွားအောင် နောက်တစ်ပိုင့် မော့လိုက်ကာ “ ငါ ဒီနေ့ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ အဲ့ဒီ အမျိုးသမီးကလည်း အတော်လေး လှတယ်ဟ…. နတ်သမီးလား ကျနေတာပဲ…”

“ ခု အဲ့အကြောင်း‌ ပြောရမယ့် အချိန်မဟုတ်သေးဘူး… ငါတို့ရဲ့ စီးပွားရေးကို ပြန်ကယ်တင်ဖို့ နည်းလမ်းစဉ်းစားမှ ဖြစ်တော့မှာ… မဟုတ်လို့ကတော့ ဆိုင်လည်း အရင်းပြုတ်ရုံပဲ ကျန်တယ်…” ကျိုးဖန့် ပြောလိုက်သည်။

“ ငါတို့ သူတို့နဲ့ စကားပြောကြည့်ပြီးတော့ ဆိုင်ဖွင့်တဲ့အချိန်ကို လျော့ခိုင်းပြီး အမြတ်တစ်ချို့ ခွဲပေးခိုင်းမယ်ဆိုရင်ကော….” သွမ်ကျပေါင် ပြောလိုက်ပြီး “ ဒါမှမဟုတ် သူတို့ကို ပြင်းထန်တဲ့ နည်းလမ်းနဲ့ အတင်းမောင်းထုတ်ကြတာပေါ့…”

ထိုအခါ ကျိုးဖန့်နှင့် သွမ်ကျပေါင်တို့ နှစ်ဦးလုံး စိတ်ဝင်သွားခဲ့ကြပြီး အလျင်စလို မေးလာခဲ့ကြ၏။

“ ဘယ်လိုမျိုး နည်းလမ်းလဲ..”

“ ဒီလိုကွာ… ဥပမာပြောရရင် ဒေသခံ လူမိုက်တစ်ချို့ ငှားပြီးတော့ အဲ့ဆိုင်မှာ အားပေးတဲ့ ကျောင်းသားတွေကို ခြိမ်းခြောက်ခိုင်းတာတို့…. ဒါမှမဟုတ် မီးတပ်က လူတွေကို သူတို့ဆိုင် စစ်ဆေးခိုင်းပြီး သေတဲ့အထိ နှိပ်စက်ခိုင်းတာတို့… အဲ့လိုမျိုးတွေသာ ဆက်တိုက်ဖြစ်လာရင် သူတို့ဘာ သူတို့ အထုပ် ဆွဲပြီး ဒီကနေ ပြောင်းသွားကြမှာပဲ…”

“အင်း... ငါတို့ မနက်ဖြန် သူတို့ဆိုင် သွားပြီးတော့ စကားအရင် ပြောကြည့်ကြတာပေါ့…. သူ ဘာပြောမလဲ စောင့်ကြည့်ကြမယ်…. တကယ်လို့ ဒီတိုင်းသာ ဆက်သွားလို့ကတော့ ကျိန်းရန်လမ်းတစ်ခုလုံးကို ဒီကောင်က လက်ဝါးကြီး အုပ်သွားတော့မှာ သေချာတယ်…..”

“ အဲ့အတိုင်းလုပ်ကြတာပေါ့…” သွမ်ကျပေါင် ပြောလိုက်ပြီး “ ငါ ကျန်တဲ့သူတွေကို ဆက်သွယ်လိုက်ပြီး လူအင်အားတောင့်တယ်ဆိုတာက ဘာလဲဆိုတာ သိအောင် ပြပေးလိုက်မယ်….. အဲ့တာဆို ဒီကောင် စကားများများ ပြောရဲမှာ မဟုတ်‌တော့ဘူး…”

All Chapters