← Chapters

နတ်ဆိုးတာအိုလမ်းမှ သေဆုံးသွားသောဧကရာဇ်

Vol. 78 Ch. 1088

နတ်ဆိုးတာအိုလမ်းမှ သေဆုံးသွားသောဧကရာဇ်

Vol. 78 Ch. 1088

အခန်း (၁၀၈၈) နတ်ဆိုးတာအိုလမ်းမှ သေဆုံးသွားသောဧကရာဇ်

ပိုးသားဧကရာဇ်က သိမ်မွေ့စွာဖြင့်...

“သတ္တုပလ္လင်ထိပ်တန်းမဟာနတ်ဆိုးပဲဖြစ်ဖြစ် တခြား ထိပ်တန်းမဟာနတ်ဆိုးတွေပဲဖြစ်ဖြစ် သူတို့အားလုံးက ပြန်လည်မွေးဖွားချင်ကြတာချည်းပဲ”

“သူတို့က ပြန်လည်မွေးဖွားဖို့အတွက် လူသားတွေရဲ့ အသက်နဲ့ရုပ်ခန္ဓာလိုအပ်သလို အခွင့်အရေးအပေါ်လည်း မူတည်တယ် ၊ သင့်တော်တဲ့လူသားတစ်ယောက် ကိုယ့်ရှေ့တည့်တည့်ရောက်လာမှ ပြန်လည်ဝင်စားလို့ရမှာ ၊ မဟုတ်လို့ကတော့ နှစ်ပေါင်းသန်းချီကြာလည်း ပြန်လည်မွေးဖွားဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူး”

မန်ဝမ်က ခဏမျှ တုံ့ဆိုင်းနေပြီးမှ...

“သင့်တော်တဲ့လူသားဆိုတာ ဘာကိုပြောတာလဲ...”

ပိုးသားဧကရာဇ်က...

“အဲဒါက သေချာပေါက် ပြောလို့တော့မရဘူး ၊ ရုပ်ခန္ဓာ စိတ်ဝိညာဉ် လိုက်ဖက်ညီတာမျိုးဖြစ်နိုင်တယ် ၊ ဒါပေမဲ့ လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့် ၊ တန်ခိုးစွမ်းအားနဲ့ သိုင်းတာအိုမှာ ပါရမီရှိတာတွေနဲ့တော့ သိပ်မဆိုင်ဘူး ၊ ဒီကိစ္စက ခန့်မှန်းရခက်တယ်”

ပြောပြီးသည်နှင့် ပိုးသားဧကရာဇ်က ရုတ်တရက် ရယ်မောလိုက်ရင်း...

“တော်ကြာ ငါတို့ (၄)ယောက်လုံး နတ်ဆိုးပြန်ဝင်စားဖို့ သင့်တော်တဲ့သူတွေ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ”

မန်ဝမ်က ဖခင်ဖြစ်သူ၏စကားအတွက် မူမမှန်သည့် တုံ့ပြန်မှုမျိုး မပြုလုပ်သော်လည်း စိုးရိမ်မှုများယှက်သမ်းနေသည့် မျက်ဝန်းအစုံဖြင့် ရန်ကျောက်ကဲထံ လှမ်းကြည့်လိုက်သည်။

သူမက ဖန်းယွင်ရှန်းအတွက် စိုးရိမ်နေခြင်းဖြစ်ကြောင်း ရန်ကျောက်ကဲ နားလည်လိုက်သည်။ ပြီးတော့ သူမ စိတ်ပူပန်သည်ကလည်း အခြေအမြစ်မရှိသည့် ပူပန်ခြင်းမျိုး မဟုတ်ပေ။

ငရဲကိုးထပ်မှ ပြန်လည်မွေးဖွားချင်သူများမှာ ထိပ်တန်းမဟာနတ်ဆိုး(၆)ပါးသာလျှင် မဟုတ်ပေ။

မိစ္ဆာနတ်ဘုရား (၁၂)ပါးလက်အောက်တွင် များပြားလှစွာသော တန်ခိုးစွမ်းအားမြင့်မားသည့် နတ်ဆိုးများ ရှိနေသေးသည်။ သူတို့ကလည်း ပြန်လည်မွေးဖွားလာပြီး လူ့လောကသို့ဝင်ရောက်ရန် သင့်တော်သည့်လူသားများကို ချောင်းမြောင်းစောင့်ဆိုင်းနေကြသည်ပင်။

ထိုနတ်ဆိုးများထဲမှ အများစုက တန်ခိုးစွမ်းအား မြင့်မားသူများ ဖြစ်ကြ၏။

အမှန်တော့ မိစ္ဆာနတ်ဘုရား (၁၂)ပါးက လူသားအများစုနှင့် အလွန် အလှမ်းဝေးသည်ပင်။ အခြားနတ်ဆိုးကြီးများကသာ လူသားများနှင့် တိုက်ရိုက်ဆက်သွယ်ပြီး အန္တရယ်ပြုရန် လွယ်ကူသည်။

ရန်ကျောက်ကဲ သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီး စိတ်ထဲတွင် အတွေးပေါင်းများစွာ ဖြတ်သန်းသွားသည်။

“ဒီနေရာကို မနှောက်ယှက်ဘဲ ထားလိုက်ကြရအောင် ၊ ဒါက ဘိုးဘေးတွေရဲ့ အမွေအနှစ်နေရာတစ်ခုပဲ ၊ ပြီးတော့ ငရဲကိုးထပ်တိုက်စားတာကိုလည်း သက်သာစေနိုင်တယ်လေ”

လွှမ်းခြုံဧကရာဇ်က ရန်ကျောက်ကဲနှင့် ပိုးသားဧကရာဇ်ကိုကြည့်ရင်း ဆိုသည်။

သူတို့နှစ်ယောက်ကလည်း ခေါင်းညိတ်လိုက်ပြီး ပိုးသားဧကရာဇ်က...

“မင်းပြောတာ အဓိပ္ပါယ်ရှိတယ်”

ရောယှက်နေသည့် ဓားဝိညာဉ် (၂)ခုအား နောက်ဆုံးအကြိမ် ကြည့်လိုက်ပြီးနောက် ရန်ကျောက်ကဲတို့အုပ်စုသည်လည်း ဓားဝိညာဉ်နှင့် မိုးကြိုးစွမ်းအားပေါင်းစပ်ဖွဲ့စည်းထားသည့် သီးခြားနယ်မြေကို ကျောခိုင်းကာ ငရဲကိုးထပ်နက်ရှိုင်းရာသို့ ဆက်လက်ဝင်ရောက်လာကြသည်။

ငရဲကိုးထပ်နယ်မြေဖြစ်သဖြင့် ပိုးသားဧကရာဇ်ရော လွှမ်းခြုံဧကရာဇ်ပါ ပိုပြီး သတိထားသွားလာကြသည်။

သူတို့မျက်စိရှေ့မှ များပြားစွာသော ငရဲကိုးထပ်နတ်ဆိုးများမှာ တဖြည်းဖြည်း ပိုမိုအားကောင်းလာကြသည်။

ဤအဆင့်လောက် နတ်ဆိုးများက သူတို့အတွက် ပြဿနာမရှိသော်လည်း အစစ်အမှန်နတ်ဘုရားအဆင့်ရှိသော မဟာနတ်ဆိုးကြီးများ၏ အာရုံကို စွဲဆောင်လိုက်ပါက ပြဿနာ ရှိလာနိုင်သည်။

ပိုးသားဧကရာဇ်က ထိုက်ရှီခုန်မင်မရှိမှုခန္ဓာကိုထုတ်ဖော်အသုံးပြုပြီး ပုံရိပ်ယောင်အသွင် ပြုလုပ်လိုက်သည်။

လွှမ်းခြုံဧကရာဇ်က ‘အသင်္ချေစကြာဝဠာကောင်းကင်ကျမ်းစာ’ ကို ကျင့်ကြံထားသူဖြစ်သဖြင့် အဆုံးမရှိသော ပြောင်းလဲခြင်းများဖြင့် ကိုယ်ယောင်ဖျောက်လိုက်သည်။

ရန်ကျောက်ကဲက သူ၏ကျင့်ကြံခြင်းအခြေခံဖြစ်သော ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို အသုံးမပြုသည့်တိုင် ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်မှ ပထမဆုံးပညာရပ်ဖြစ်သော အရိပ်ကိုယ်ပျောက်စွမ်းအားနှင့်  နောက်ဆုံးသိုင်းပညာရပ်ဖြစ်သော ပြိုင်ဘက်ကင်းအဆုံးမဲ့စွမ်းအားကို အတူတကွ အသုံးပြုထားသဖြင့် သူ၏တည်ရှိမှုကိုလည်း ရှာဖွေတွေ့ရှိရန် ခက်ခဲသည်။

မန်ဝမ်ကိုတော့ ပိုးသားဧကရာဇ်က ကာကွယ်ပေးထားလေသည်။

သူတို့အားလုံး သိုသိုသိပ်သိပ် ခရီးသွားနေခြင်း ဖြစ်သဖြင့် အဝေးတွင်ရှိသော ထိပ်တတန်းအဆင့် နတ်ဆိုးကြီးများ၏ စိတ်အာရုံကို ဆွဲဆောင်နိုင်ခြင်း မရှိခဲ့ပေ။

သို့တိုင် ငရဲကိုးထပ်တွင် ဖန်းယွင်ရှန်း ဘယ်ဆီဘယ်ဝယ်ရောက်နေကြောင်း ရှာဖွေရသည်ကတော့ အလွန်တရာ ခက်ခဲလှပေသည်။

နောက်ဆုံးမှာတော့ ရန်ကျောက်ကဲတို့အုပ်စု စွန့်စားပြီး ငရဲကိုးထပ်မှ နတ်ဆိုးအချို့ကိုဖမ်းဆီးကာ ဖန်းယွင်ရှန်းနှင့် တွေ့ဆုံဖူးသည်လား စုံစမ်းရင် ပြင်ဆင်ရတော့သည်။

ငရဲကိုးထပ်နတ်ဆိုးများက သွေးဆာကြမ်းတမ်းပြီး ရက်စက်ဆိုးသွမ်းသလို ကောက်ကျစ်ပြီး လိမ်လည်လှည့်ဖြားတတ်ကြသည်။

သူတို့ထံမှ အသုံးဝင်သည့် သတင်းအချက်အလက်များ ရရှိရန် မလွယ်ကူပေ။

လူသားများကို စစ်ဆေးမေးမြန်းရာတွင် အသုံးပြုသော ညှင်းပမ်းနှိပ်စက်သည့် နည်းလမ်းများစွာမှာလည်း ငရဲကိုးထပ်မှ နတ်ဆိုးများအပေါ် အကန့်အသတ်ဖြင့်သာ သက်ရောက်မျုရှိသည်။

ယခု ဤနေရာက ငရဲကိုးထပ်နယ်မြေဖြစ်လေရာ ပို၍ပင် သတိကြီးကြီးထားကြရပြီး အရမ်းကာရော ပြုလုပ်ရန် မဖြစ်နိုင်ပေ။

နောက်ဆုံးမှာတော့ ဖန်းယွင်ရှန်းနှင့် တိုက်ခိုက်ခဲ့ဖူးသော နတ်ဆိုးကြီးတစ်ကောင်ကို ဖမ်းမိခဲ့သည်။

ထိုနတ်ဆိုးကြီးက ဒေါသကြီးသူဖြစ်သော်လည်း သူတို့ကို စိတ်မပျက်စေခဲ့ပေ။ သူ့ထံမှ အသုံးဝင်သော သတင်းအချက်အလက်အချို့ ရရှိခဲ့၏။

ဖန်းယွင်ရှန်းကဲ့သို့ လူသားတစ်ယောက်က ငရဲကိုးထပ်နက်ရှိုင်းရာသို့ တစ်ယောက်ထဲဝင်ရောက်လာခြင်းအား ထိုနတ်ဆိုးကြီးက အလွန်တရာ အထင်ကြီးနေမိသည်။

ဖန်းယွင်ရှန်းလက်ချက်ဖြင့် ရရှိခဲ့သော သူ့ခန္ဓာကိုယ်ထက်မှ ဒဏ်ရာသည်ပင် မပျောက်သေးလေရာ သူ့အနေဖြင့် ထိုရန်သူကို မေ့ပစ်ရန် မဖြစ်နိုင်ပေ။

ထိုနတ်ဆိုးကြီးထံမှ ရရှိသော သတင်းအချက်အလက်များကိုအခြေခံပြီး ရန်ကျောက်ကဲတို့အုပ်စု ရှေ့ဆက်ခဲ့ကြသည်။

တစ်နေရာအရောက်တွင်...

သူတို့အားလုံးရှေ့မှ နက်မှောင်နေသော ငရဲကိုးထပ်မြေပြင်က ရုတ်တရက် ပူလောင်လာသည်။

အနည်းငယ် ရှေ့ဆက်သွားသည့်အခါ မြေကြီးများက ပတ်ကြားအက်နေပြီး အတွင်းထဲမှ မီးတောက်မီးလျှံများ လောင်ကျွမ်း ထွက်ပေါ်နေသည်ကို တွေ့ရသည်။

သူတို့ရှေ့တွင် မီးပင်လယ်ကြီးရှိနေသည့်တိုင် ပတ်တန်းကျင်တစ်ခုလုံးက လင်းထိန်နေခြင်းမရှိဘဲ မှောင်မိုက်နေဆဲပင်။

မီးတောက်မီးလျှံများက အမှောင်ထုကိုဖယ်ရှားပြီး အလင်းရောင်ဆောင်ကြဉ်းနိုင်ခြင်း မရှိသည့်တိုင် လူသားများကိုတော့ ကျိန်စာသင့်သည့်ပမာ ဆိုးရွားသောခံစားချက်ကို ပေးစွမ်းသည်။

“ဒီနေရာက ငရဲကိုးထပ်က နတ်ဆိုးဧကရာဇ်တစ်ပါးရဲ့ ကျောက်ဂူအိမ်တော် ဖြစ်ရမယ်”

ပတ်ဝန်းကျင်ကို အနည်းငယ် အကဲခတ်ပြီးနောက် လွှမ်းခြုံဧကရာဇ်က ဆိုလိုက်သည်။

ထို့နောက် သူက ရပ်တန့်ခြင်းမရှိဘဲ အက်ကွဲနေသည့် မီးလျှံမြေပြင်ထက်သို့ တက်လှမ်းသွားတော့သည်။

ပိုးသားဧကရာဇ်က ပြုံးလိုက်ပြီး ရပ်တန့်ခြင်းမရှိဘဲ လွှမ်းခြုံဧကရာဇ်နှင့် ဘေးချင်းယှဉ်လျှက် လိုက်ပါသွားသည်။

မန်ဝမ်က ပူလောင်နေသည့်မြေပြင်နှင့် မီးလျှံပင်လယ်ကိုကြည့်ရင်း ရေရွတ်လိုက်၏။

“မီးတောက်မိစ္ဆာကမ္ဘာနဲ့ ဆင်တူလိုက်တာ...”

ရန်ကျောက်ကဲက လမ်းလျှောက်ရင်း...

“အရင်တုန်းက ငါတို့အစွန်းရောက်ရှစ်ပါးကမ္ဘာကိုဒုက္ခပေးတဲ့ မီးတောက်မိစ္ဆာတွေကငရဲကိုးထပ်က နတ်ဆိုးတွေ မဟုတ်ဘူး ၊ သူတို့က မွေးရာပါ မီးစွမ်းအား ပိုင်ရှင်တွေပဲ ၊ ဒါပေမဲ့ သူတို့က ဆိုးညစ်ပြီး မသန့်စင်တဲ့ မိစ္ဆာဝိညာဉ်နဲ့ မွေးဖွားလာတဲ့အတွက် ‘မီးတောက်မိစ္ဆာ’ လို့ ခေါ်ကြတာ”

“ပြန်ပြီး ခြေရာခံကြည့်မယ်ဆိုရင် သူတို့ရဲ့စွမ်းအားတွေက မဟာကပ်ဘေးကြီးမတိုင်ခင်က ‘မီးတောက်မိစ္ဆာဧကရာဇ်’ ဆီက ဆင်းသက်လာတာပဲ”

ရန်ကျောက်ကဲက ရှင်းပြသည်။

“မီးတောက်မိစ္ဆာဧကရာဇ်ဆိုတဲ့နာမည်က ကောင်းကင်မီးတောက်ဧကရာဇ်ကနေ ဆင်းသက်လာတာ ၊ ဒါပေမဲ့ ကောလဟလတွေအရ ပြောရရင် ကောင်းကင်မီးတောက်ဧကရာဇ်က မိစ္ဆာလမ်းစဉ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုတယ် ၊ သူက နတ်ဆိုးတစ်ပါးဖြစ်မလာပေမယ့် အဲဒီ မိစ္ဆာလမ်းစဉ်ကို နက်နက်ရှိုင်းရှိုင်းလျှောက်လှမ်းခဲ့တယ် ၊ ဒါကြောင့် သူနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေကလည်း အများကြီးပဲ”

မန်ဝမ်က နားလည်သွားဟန် ခေါင်းညိတ်လိုက်သည်။

ရန်ကျောက်ကဲက...

“ဒါပေမဲ့ သူက ထိပ်တန်းမဟာမိစ္ဆာ (၆)ပါးထဲက မီးပလ္လင်ကိုပိုင်ဆိုင်တဲ့ နတ်ဆိုးနဲ့တော့ ဆက်စပ်မှုမရှိဘူး”

သူက ဆက်ပြောသည်။

“သမိုင်းမှတ်တမ်းတွေအရတော့ မီးပလ္လင်ကိုပိုင်ဆိုင်တဲ့ နတ်ဆိုးတွေက မီးနတ်ဆိုး ၊ ယန်စွမ်းအားနတ်ဆိုးနဲ့ မီးတောက်နတ်ဆိုးတွေပဲ”

“အရင်တုန်းက ငါတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာကို ကျူးကျော်လာတဲ့သူတွေကို မီးတောက်မိစ္ဆာလို့ခေါ်တာကသူတို့ရဲ့စိတ်နေစိတ်ထားနဲ့ပုံသဏ္ဌန်ကို အခြေခံပြီး အဲဒီလို ခေါ်ခဲ့ကြတာ”

မန်ဝမ်က ရန်ကျောက်ကဲစကားများကို နားထောင်ရင်း ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်နော်... အရင်ကဆိုရင် အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ဘယ်သူမှ ထိပ်တန်းမဟာနတ်ဆိုး (၆)ပါးအကြောင်း မကြားဖူးကြဘူး ၊ မီးပလ္လင် ထိပ်တန်းမဟာနတ်ဆိုးဆိုရင်တော့ ဝေလာဝေးဘဲ ၊ ဘယ်သူမှ သိကြမှာ မဟုတ်ဘူး”

ထိုစကားကြားတော့ ရန်ကျောက်ကဲ မနေနိုင်ဘဲ ပြုံးလိုက်မိပြီး မန်ဝမ်ကလည်း ပြုံးလိုက်လေသည်။

“အစ်ကိုကြီး’ရန်’ ကတော့ ချွင်းချက်ပေါ့...”

သူတို့ ပြုံးနေကြသည့်တိုင် မျက်ခုံးများကို တွန့်ချိုးထားလျှက် မိုင်ပေါင်းများစွာကျယ်ပြန့်သည့် လူဆိတ်ညံ့ရာ မီးလျှံအက်ကွဲကြောင်း ပင်လယ်ကြီးကို စူးစိုက်ကြည့်နေကြသည်။

မကြာခင် ဤနယ်မြေ၏ အဓိကနေရာသို့ သူတို့အားလုံး ရောက်ရှိလာကြသည်။

ဤနယ်မြေကို အခြားနတ်ဆိုးများ မထိပါးဝံ့သောကြောင့်ထင်သည် ၊ မီးလောင်ကျွမ်းနေသော မြေပြင်ထက်တွင် အခြားသောနတ်ဆိုးများကို တွေ့မြင်ရခြင်းမရှိပေ။

များမကြာမီ...

ရန်ကျောက်ကဲတို့အုပ်စုရှေ့တွင် ကြီးမားသော နတ်ဆိုးနန်းတော်ကြီးတစ်ခု ထွက်ပေါ်လာသည်။

နန်းတော်နံရံများက ပေတစ်ထောင်မျှ မြင့်မားပြီး နန်းတော်တစ်ခုလုံး မီးတောက်မီးလျှံများ တောက်လောင်နေကာ မြင်ရသူတိုင်းကို ထိတန်လန့်ကြောက်ရွံ့စေသည်။

“ဂိုဏ်းတူအစ်မ’ဖန်း’ ဒီအထဲကိုဝင်သွားတာလား”

မန်ဝမ် ရေရွတ်လိုက်၏။

ထို့နောက် ပိုးသားဧကရာဇ် ၊ လွှမ်းခြုံဧကရာဇ် ၊ ရန်ကျောက်ကဲနှင့် မန်ဝမ်တို့က အလွန်တရာကြီးမားလှသော မီးလျှံနန်းတော်ကြီးအနားသို့ မကြောက်မရွံ့ချဉ်းကပ်သွားကြသည်။

နန်းတော်အတွင်းသို့ရောက်ရှိသည်နှင့် ပိုးသားဧကရာဇ်နှင့် လွှမ်းခြုံဧကရာဇ်တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

ပိုးသားဧကရာဇ် ရေရွတ်လိုက်သည်။

“အတွင်းပိုင်းက အပြင်မှာမြင်ရတာလောက် စွမ်းအားမကြီးဘူး ၊ အားနည်းနေတယ်... ၊ ကြည့်ရတာ ဒီ နတ်ဆိုးဧကရာဇ်က ဒီနေရာမှာ မနေဘူးလား မသိဘူး ၊ ဒါမှမဟုတ် ခရီးထွက်နေတာလား ၊ သေဆုံးသွားတာလား...”

မီးလောင်ကျွမ်းနေသော မြေပြင်နှင့် နတ်ဆိုးချီ၏ ကန့်သတ်ချက်များကြောင့် နတ်ဆိုးများ ဤနေရာပတ်ဝန်းကျင်သို့ မချဉ်းကပ်ရဲခြင်း ဖြစ်၏။

သို့သော် နန်တော်ထဲမှာတော့ နန်းတော်အပြင်ဘက်နှင့် ဆန့်ကျင်ဘက် အားနည်း‌ဖျော့တော့လျှက် ရှိ၏။

ရန်ကျောက်ကဲ မျက်ဝန်းများ ကျဉ်းမြောင်းလိုက်ရင်း...

“ယွင်ရှန်းကတော့ အကြောင်းမရှိဘဲ ဒီနေရာကို လာမှာမဟုတ်ဘူး”

သူတို့က မတွန့်ဆုတ်ဘဲ ချက်ချင်းပင် အနောက်ဘက်ခန်းမသို့ ဝင်ရောက်လိုက်ကြသည်။

မျှော်စင်ကြီးပမာမြင့်မားပြီး ခမ်းနားလှသော မီးလျှံနတ်ဆိုးနန်းတော်ကြီးက ဘာမှမရှိဘဲ ဗလာကျင်းနေသည်။

နတ်ဆိုးနန်းတော် အနောက်ဘက်ခမ်းမ ၊ အလယ်ဗဟိုသို့ အားလုံးရောက်ရှိလာချိန် ရုတ်တရက် တုန်လှုပ်ခြောက်ခြားဖွယ်ရာ နတ်ဆိုးချီများ မြင့်တက်လာကြောင်း ခံစားလိုက်ရသည်။

သို့သော် ဖိနှိပ်ခံရဟန်ရှိပြီး အလွန်တရာ အားနည်းနေသည်။

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း....

“ဒီ နတ်ဆိုးနန်းတော်ကြီးရဲ့ စွမ်းအားရောင်ဝါက လူ့လောက ကျင့်ကြံသူတွေရဲ့ စွမ်းအားရောင်ဝါမျိုးပဲ ၊ ပြီးတော့ ဒီနယ်မြေကိုအုပ်ဆိုးတဲ့ နတ်ဆိုးဧကရာဇ်တစ်ပါး ဖြစ်နိုင်မလားပဲ...”

“ကြည့်ရတာ... သူက လူ့လောကမှာ အသတ်ခံရပြီး သေခြင်းတရားမရှိတဲ့ ငရဲကိုးထပ်မှာ ပြန်လည်မွေးဖွားလာတယ် ၊ ဒါပေမဲ့ သူပြန်လည်မွေးဖွားလာတာကို ဖိနှိပ်ခံလိုက်ရတဲ့အတွက် မအောင်မြင်နိုင်ခဲ့ဘူး”

အုံးဆိုင်းလွှမ်းခြုံဧကရာဇ်က နတ်ဆိုးချီ မိစ္ဆာစွမ်းအားများ၏ ပြောင်းလဲမှုကို အာရုံခံရင်း...

“သူ သေသွားတာ ကြာလှပြီ ၊ နှစ်ပေါင်းများစွာ ကြာနေပြီ ၊ ဘယ်သူလုပ်လိုက်တာလဲ မသိဘူး”

All Chapters