အခန်း (၆၉၁)
Vol. 47 Ch. 691
ရှစ်ဖုန့်က သူ၏ဝိညာဉ်စွမ်းအားအား အသက်သွင်းလိုက်ပြီး လောချင်းချွမ်၏နဖူးအားသူ၏ ညာလက်ဖြင့်ဆုပ်ကိုင်လိုက်သည်။ ထို့နောက်တွင် လောချင်းချွမ်၏ ကိုယ်ကရုတ်တရက်တုန်ယင်သွားပြီး
ရှစ်ဖုန့်၏ ဝိညာဉ်က လောချင်းချွမ်၏ စိတ်အသိပင်လယ်ထဲသို့ ဝင်ရောက်သွားသည်။
ရှစ်ဖုန့်ဝင်လိုက်ပြီးပြီးချင်း သူ၏ရှေ့ရှိမြင်ကွင်းက သိသိသာသာကိုပြောင်းလဲသွားသည်။
ရှစ်ဖုန့်က ဟင်းလင်းပြင်ထဲ၌ရပ်တည်နေသည်။ ၎င်းကသွေးနီရောင်ကမ္ဘာတစ်ခုဖြစ်ပြီး သွေးသောက်ဓားမှ ရှစ်ဖုန့်အား ခေါ်ဆောင်သွားခဲ့ဖူးသော ကမ္ဘာနှင့် တစ်ထေရာတည်းတူညီလုနီးပါးရှိသည်ဖြစ်သည်။
“သတ်..သတ်..သတ်..သတ်”
ဤကမ္ဘာထဲ၌ “သတ်” ဟူသောအော်သံများက ထွက်ပေါ်လာသည်။ ဤအော်သံများအားကြားပြီးနောက် ရှစ်ဖုန့်သူ၏ ခေါင်းအားငုံ့လိုက်သည်။ ထို့နောက်တွင် အောက်ဘက်ရှိမြေပြင်ထက်၌ တောင်လိုပုံနေသောအလောင်းများနှင့် သွေးပင်လယ်တစ်ခုဖြစ်ပေါ်နေသည်။
နေရာတိုင်းတွင်အလောင်းများရှိနေပြီး တောက်ပနီရဲသောသွေးများက မြစ်တစ်စင်းကဲ့သို့ စုစည်းကာဖြည်းညှင်းစွာစီးဆင်းနေ၏။ ၎င်းမှာ ငရဲတစ်ခုပင်ဖြစ်သည်။
တောင်လိုပုံနေသော အလောင်းတို့နှင့်သွေးပင်လယ်၏အထက်တွင် အဝတ်မဲ့နေသော ခန္ဓာကိုယ်တစ်ခုက ဝင့်ကြွားစွာရပ်နေသည်။
သူ၏ သွေးနီရောင်ဆံပင်တို့ကလေထဲ၌ တဖျပ်ဖျပ်လွင့်နေပြီး သူ၏ အဝတ်ဗလာကိုယ်၌ ထူဆန်းသောသွေးနီရောင်မျဉ်းများ ဖုံးလွှမ်းနေ၏။ အေးစက်သောမျက်နှာက လောချင်းချွမ်၏မျက်နှာဖြစ်သော်လည်း သူ၏ မျက်လုံးများကတော့ သွေးနီရောင်အလင်းတစ်ခုလင်းလက်နေသည်။
“ချင်းချွမ်”
သတ်ဖြတ်ခြင်း နတ်ဆိုးတစ်ပါးကဲ့သို့ဖြစ်နေသည့် လောချင်းချွမ်အားကြည့်ရင်း ရှစ်ဖုန့်က ရုတ်ခြည်းလှုပ်ရှားလိုက်ကာ လျှင်မြန်စွာဆင်းသက်လိုက်သည်။
“သတ်..သတ်..သတ်…သတ်..သတ်..”
လောချင်းချွမ်မှာ ဘယ်တော့မှအဆုံးသတ်ခြင်းမရှိသည့် သတ်ဖြတ်ခြင်းယန္တရားတစ်ခုကဲ့သို့ ပြုမူနေဆဲဖြစ်ပြီး အဆက်မပြတ်သူ၏ ဓားရှည်အားဝေ့ယမ်းနေသည်။
ရုတ်တရက် များစွာသောလူသားများ၏ ပုံရိပ်များက လောချင်းချွမ်၏ ဝန်းကျင်တွင်ပေါ်လာ၏။ လောချင်းချွမ်၏လက်ထဲမှဓားရှည်က ၎င်းတို့ကိုယ်များအား နှစ်ပိုင်းဖြစ်အောင် ရက်ရက်စက်စ်ကပိုင်းချပစ်ခြင်း၊ ၎င်းတို့၏ရင်ဘက်များ အားထိုးသွင်းခြင်း သို့မဟုတ် ၎င်းတို့၏ခေါင်းများအား
ဖြတ်တောက်ဖြစ်ခြင်းကို ပြုလုပ်နေ၏။
အလောင်းများလဲပြိုကျသွားပြီးသည့်နောက် တောင်လိုပုံနေသောအလောင်းပုံနှင့်
သွေးပင်လယ်တွင် နောက်ထပ်အလောင်းငါးခု ရုတ်ခြည်း ထပ်ပုံလာသည်။
“သတ်”
ဤအချိန်တွင်သွေးရူးသွေးတန်းသတ်ဖြတ်ခြင်းအခြေအနေတစ်ခုသို့ကျရောက်နေသော လောချင်းချွမ်မှာ အ ခြားသောသက်ရှိတစ်ခုအားအာရုံခံမိလိုက်သည်။ သူကရုတ်တရက်ခေါင်းကိုမော့လိုက်ပြီး ကောင်းကင်ထက်မှ သူ့ထံသို့ဦးတည်သက်ဆင်းလာနေသော ပုံရိပ်ထံသို့စိုက်ကြည့်လိုက်သည်။
ထို့နောက်တွင် လောချင်းချွမ်ကသူ၏ဓားအား ထိုလူထံသို့လွှဲယမ်းလိုက်ပြီး လခြမ်းကွေးသဏ္ဍန်သွေးနီရောင်ဓား
ချီတစ်ခုအားဖန်တီးလိုက်ကာ ၎င်းက ရှစ်ဖုန့်ထံသို့ဦးတည်ပျံသန်းသွားသည်။
လောချင်းချွမ်၏ ဓားချီမှာ အရားအားလုံးအားဖျက်ဆီးပစ်နိုင်စွမ်း
ရှိသကဲ့သို့ နှိုင်းယှဉ်ဖော်ပြ၍မရနိုင်လောက်အောင်
စွမ်းအားကြီးမားပုံရသည်။
တကယ်တမ်းတွင်၎င်းက ပုံရိပ်ယောင်တစ်ခုဖြစ်၏။ လောချင်းချွမ်မှာ သူ၏ ဘဝတစ်လျှောက်လုံးတွင် သိုင်းပညာအပေါ်၌သာ အထူးပြုလိုက်စားခဲ့ပြီး သူ၏ ဝိညာဉ်စွမ်းအားက အဆင့်ငါး အင်ပါယာနယ်ပယ်၌သာရှိသည်ဖြစ်သည်။ ဤလခြမ်းကွေးသဏ္ဍန်သွေးနီရောင်ဓားချီမှာ တကယ်တမ်းတွင် အဆင့်ငါးအင်ပါယာနယ်ပယ်တစ်ဦး၏ ဝိညာဉ်တိုက်ခိုက်မှုတစ်ခုနှင့်
သာညီမျှသည်ဖြစ်သည်။
ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားကအနည်း
ငယ်လှုပ်ရှားသွားပြီး ရှစ်ဖုန့်၏ ကြယ်သုံးပွင့်မဟာသူတော်စင်နယ်ပယ်
ဝိညာဉ်စွမ်းအားက ရုတ်ခြည်း လခြမ်းကွေးသဏ္ဍန်သွေးနီရောင်ဓားချီအား အစိတ်စိတ်အမွှာမွှာကွဲကြေသွားစေကာ ဘာသဲလွန်စမှကျန်ရစ်ခြင်းမရှိဘဲပျောက်ကွယ်သွားစေ၏။
လခြမ်းကွေးသဏ္ဍန်ဓားချီအားဖျက်ဆီးပြီးသည့်နောက်တွင် ရှစ်ဖုန့်၏ပုံရိပ်က လောချင်းချွမ်ထံသို့ အရှိန်အဟုန်ဖြင့် ဦးတည်ဆင်းလာနေဆဲဖြစ်သည်။ဤအခိုက်အတန့်တွင် လောချင်းချွမ်၏ဓားကလှုပ်ရှားသွားပြီး သူက ရှစ်ဖုန့်အားထပ်မံတိုက်ခိုက်ချင်နေသည်။ သူ၏စိတ်ထဲတွင် သတ်ဖြတ်ရန်နှင့် ဖျက်ဆီးပစ်ရန်တို့သာရှိသည်ဖြစ်သည်။
ဤအချိန်တွင်ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားကထပ်မံလှုပ်ရှားသွားပြီး ဝိညာဉ်တိုက်ခိုက်မှုတစ်ခုက လောချင်းချွမ်အားရုတ်တရက်ထိမှန်သွားသည်။
“အား”
လောချင်းချွမ်၏ကိုယ်မှာ ရုတ်တရက်တုန်ယင်သွားပြီး လောချင်းချွမ်၏ပါးစပ်မှ နာကျင်စွာဖြင့်အော်ဟစ်သောအသံ
တစ်ခုထွက်ပေါ်လာသည်။
ရှစ်ဖုန့်က ဤအခိုက်အတန့်အားအခွင့်အရေးရယူပြီး သူ၏ဝိညာဉ်စွမ်းအားကိုအသုံးပြုကာ လောချင်းချွမ်၏ အသိစိတ်ကမ္ဘာကို ပြောင်းလဲပစ်လိုက်သည်။
တောင်လိုပုံနေသောအလောင်းများနှင့် သွေးပင်လယ်ကြီးက ရုတ်တရက် ပျောက်ကွယ်သွားသည်။ထို့နောက်တွင် သွေးရောင်လွှမ်းသောကမ္ဘာမှာလည်း ပျောက်ကွယ်သွား၏။
“ဟူး..ဟူး..ဟူး..ဟူး”
ရေခဲနှင့်နှင်းတို့ကြောင့်အဖြူရောင်အ
တိဖြစ်နေသည့် တောင်ထိပ်တစ်ခုပေါ်တွင် လေအေးများက အဆက်မပြတ်တိုက်ခတ်နေပြီး ဤကမ္ဘာအားဖြတ်သန်းကာ အမျိုးသမီးတစ်ယောက်၏ငိုကြွေးသံကဲ့သို့ အသံတစ်ခုကိုထွက်ပေါ်နေစေသည်။
အသက်ဆယ့်ငါးဆယ့်ခြောက်အရွယ်ခန့်
သာရှိသေးသော အဖြူရောင်နှင့်လူငယ်လေးတစ်ဦးက ကြီးမားသောကျောက်တုံးတစ်ခုပေါ်၌ ဆိတ်ငြိမ်စွာဖြင့် တင်ပျဉ်ခွေထိုင်နေသည်။
အကယ်၍ ဂရုတစိုက်ဖြင့်ကြည့်လိုက်မည်ဆိုလျှင် ဤလူငယ်လေး၏ အသွင်အပြင်က လောချင်းချွမ်နှင့်အရမ်းဆင်တူနေသည်ကို တွေ့ရလိမ့်မည်ဖြစ်သည်။
သိပ်မကြာခင် လူငယ်မှာတစ်စုံတစ်ခုအား
အာရုံခံမိလိုက်သည့်ပုံပေါ်၏။ သူကခေါင်းကိုဖြည်းညှင်းစွာမော့လိုက်ပြီး ဟင်းလင်းပြင်ထဲသို့ကြည့်လိုက်သည်။
နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ အနက်ရောင်ချပ်ဝတ်နှင့်အနက်ရောင်
ဝတ်ရုံအားဝတ်ဆင်ထားသောပုံရိပ်တစ်ခုက နှင်းကဲ့သို့ဖြူစွတ်နေသော ဤတောင်ထိပ်ပေါ်သို့သက်ဆင်းလာသည်ကိုတွေ့ရ၏။
“ကြီးမြတ်သောဧကရာဇ်”
နတ်ဆိုးနတ်ဘုရားအားမြင်တွေ့
လိုက်ရသောအခါတွင် လူငယ်ကလျှင်မြန်စွာလှုပ်ရှားလိုက်ပြီး ကျောက်တုံးပေါ်၌ ဒူးထောက်လိုက်သည်။ သူကမော့ကြည့်လိုက်ပြီး သူ၏အထက်မှလူအားညင်သာ
စွာပြောဆိုလိုက်၏။
“ကြီးမြတ်သောဧကရာဇ် .. ကျွန်တော်အရှင့်ရဲ့ ညွှန်ကြားချက်အတိုင်း ဒီနေရမှာထိုင်နေခဲ့တာ တစ်နှစ်ရှိနေပါပြီ.. အရှင်ကျွန်တော့်ကိုတပည့်အဖြစ် လက်သင့်ခံချင်တဲ့ဆန္ဒများရှိပါသလား”
“အိုး”
လူငယ်၏အထက်သို့ရောက်လာသောလူကသူ၏ဆင်းသက်လာသောပုံရိပ်ကို
ရပ်တန့်လိုက်ပြီး “အိုး” ဟု တစ်ချက်ပြောလိုက်ကာ ထို့နောက်တွင်သူ၏ နှုတ်ခမ်းထောင့်က စိတ်ဝင်စားမှုရှိသောအပြုံးတစ်ခုအဖြစ်တွန့်ကွေးသွားသည်။ထို့နောက်သူက လူငယ်အားမေးလိုက်၏။
“ မင်းဘာဖြစ်လို့ငါ့ရဲ့ တပည့်ဖြစ်ချင်ရတာလဲ”
လူငယ်မှာ စဉ်းစားခြင်းပင်မရှိဘဲ သူ၏နှလုံးသားထဲကအတိုင်းဖြေလိုက်သည်။
“အရှင်က ထျန်းဟန်တိုက်ကြီးတစ်ခုလုံးမှာ အသန်မာဆုံးအစွမ်းအထက်ဆုံးသူပဲ. . ဒီကမ္ဘာပေါ်မှာ ဘယ်သူကများအရှင့်ရဲ့တပည့်မဖြစ်ချင်
ဘဲနေမှာလဲ.. ကျွန်တော်အရှင့်ရဲ့ ဆီကနေသိုင်းတာအိုကိုသင်ယူပြီး အရှင့်လိုမျိုး ပြိုင်ဘက်ကင်းကျွမ်းကျင်သူ
တစ်ဦးဖြစ်ချင်ပါတယ်”
လူငယ်၏အဖြေအားကြားပြီးနောက် ထိုလူ၏မျက်နှာထက်တွင်အပြုံး
တစ်ခုရှိနေဆဲဖြစ်ပြီးသူက ခြားနားမှုမရှိပြောလိုက်သည်။
“မင်းပြောသလိုပဲ . ဒီကမ္ဘာပေါ်မှာငါ့ရဲတပည့်ဖြစ်ချင်
တဲ့သူတွေအများကြီးရှိတယ်.. ပါရမီစွမ်းရည်ခြင်းအရပဲဆိုရင်တောင် ဒီကမ္ဘာပေါ်မှာမင်းထက်ပိုပြီးတာ့ပါရမီစွမ်းရည်ကောင်းတဲ့သူတွေမှအများကြီးပဲ… ဘာလို့ငါကမင်းကိုငါ့ရဲ့တပည့်အနေနဲ့လက်ခံရမှာလဲ”
ထိုလူ၏ စကားများအားကြားပြီးနောက်လူငယ်မှာ ပြောစရာစကားမဲ့သွားပြီး ပြောကြားနိုင်ခြင်းမရှိပေ။
“ဟုတ်တယ်.. သူက ငရဲဘုံကိုးခု ဧကရာဇ် ယိုမင် ပဲ.. သူ့ရဲ့တပည့်ဖြစ်ချင်တဲ့သူတွေမှ မရေတွက်နိုင်လောက်အောင်အများကြီးပဲဟာ..ပါရမီစွမ်းရည်ချင်းအရဆိုရင် ဒီကမ္ဘာပေါ်မှာ ငါ့ထက်ပါရမီစွမ်းရည်ပိုကောင်းတဲ့
သူတွေမှအများကြီးပဲ.. သူဘာလို့ငါ့ကိုတပည့်အဖြစ်လက်ခံသင့်တာလဲ..”
ဖြည်းဖြည်းချင်းလူငယ်၏
မျက်နှာထက်တွင် စိတ်ရှုပ်ထွေးမှုများဖြစ်ပေါ်လာသည်။
“အဆုံးသတ်ကျ ငါနားမလည်သေးဘူးပဲ. ဘာလို့ဆရာကငါ့ကိုအဲ့အချိန်တုံးကငါ့ကို သူ့တပည့်အဖြစ်လက်ခံခဲ့တာလဲ”
ဤအချိန်တွင် အဝတ်မဲ့ကိုယ်တစ်ခုက ကောင်းကင်ထဲ၌ ပေါ်လာပြီးအောက်ဘက်ရှိ နတ်ဆိုးကဲ့သို့ပုံရိပ်နှင့် သူ၏ငယ်ဘဝကို ငုံ့ကြည့်လိုက်သည်။ သူ၏ မျက်နှာက လူငယ်၏မျက်နှာနှင့်တူညီပြီး သူတို့နှစ်ဦးလုံးစိတ်ရှုပ်ထွေးနေကြသည်။
ထိုနေ့က သူ့ဆရာ၏မေးခွန်းအားသူမဖြေခဲ့ပေ။
သို့သော်ထိုနေ့က သူ၏ဆရာကသူ့အားတပည့်အဖြစ်လက်သင့်ခံခဲ့သည်။ ယခုအချိန်ထိတိုင်အောင်ပင်
ထိုအရာအား
သူနားမလည်သေးပေ။ သူ့ဆရာ၏တပည့်ဖြစ်ချင်သောသူများက မရေတွက်နိုင်လောက်အောင်များ
ပြားသည်ဖြစ်သည်။ ပါရမီစွမ်းရည်အရာတွင်သူ့ထက်သာသောလူများကလည်းဤကမ္ဘာပေါ်၌များစွာရှိသည်ဖြစ်၏။
သို့သော်အဆုံးသတ်တွင်သူ၏ဆရာကသူ့ကိုသာ တပည့်အဖြစ်လက်သင့်ခံခဲ့သည်။
“မင်းသတိဝင်လာပြီလား ..ချင်းချွမ်”
ဤအချိန်တွင် ခြားနားမှုမရှိသော အသံတစ်ခုကလောချင်းချွမ်၏
ဘေးမှထွက်ပေါ်လာသည်။ ထို့နောက်တွင် အဖြူရောင်ပုံရိပ်တစ်ခု လောချင်းချွမ်၏ရှေ့တွင်ပေါ်လာသည်။
၎င်းကလူငယ်တစ်ယောက်ဖြစ်သော်လည်း လောချင်းချွမ်၏မှတ်ဉာဏ်ထဲ၌ ဤလူငယ်နှင့်ပက်သက်သောအရာများရှိမနေပေ။သို့သော် အကြောင်းပြချက်အချို့ကြောင့် လောချင်းချွမ်မှာသူ့ကိုကြည့်လိုက်ချိန်တွင် ပထမဆုံးဆုံတွေ့ခြင်းဖြစ်သော်လည်း
ယခင်က ဆုံတွေ့ဖူးသကဲ့သို့ ခံစားချက်မျိုးကိုခံစားရသည်။
သူ့အနေဖြင့်ဤလူငယ်အား အရမ်းအရမ်းကြာမြင့်လှသော
အချိန်ကတည်းကသိသလိုခံစားရသည်။
“မင်း…မင်းကဘယ်သူလဲ.. ငါမင်းကိုအရင်ကတစ်ခါမှမမြင်ဘူးပေမဲ့.. ငါမင်းကိုအရင်ကတစ်နေရာရာ
မှာမြင်ဖူးသလိုမျိုးခံစားနေရတယ်..”
လောချင်းချွမ်ကလူငယ်အားမေးလိုက်သည်။
လောချင်းချွမ်၏စကားလုံးများ
အားတုန့်ပြန်ရန်အတွက် ရှစ်ဖုန့်က သူ့အားကြည့်လိုက်ပြီးခြားနားမှုမရှိစွာဖြင့်ပင် ပြောလိုက်သည်။
“မင်းရဲ့ဆရာ.ငရဲဘုံကိုးခုဧကရာဇ် ယိုမင်”
ရှစ်ဖုန့်ကစကားပြောရင်း အောက်ဘက်ရှိ နတ်ဆိုးတစ်ပါးကဲ့သို့သော
ပုံရိပ်ထံသို့ထိုးညွှန်ပြလိုက်သည်။