← Chapters

အခန်း (၆၉၂)

Vol. 47 Ch. 692

အခန်း (၆၉၂)

Vol. 47 Ch. 692

“မင်း”

လူငယ်၏ စကားတို့အားကြား

လိုက်ရပြီးနောက် လောချင်းချွမ်၏ကိုယ် က ရုတ်တရက်တုန်ယင်သွားသည်။ထို့နောက်ချက်ချင်း လောချင်းချွမ်၏တစ်ကိုယ်လုံးတွင် ဒေါသမီးတောက်တို့လောင်ကျွမ်းလာ၏။

လောချင်းချွမ်ကဒေါသတကြီး

အော်ပြောလိုက်သည်။

“ရဲတင်းလိုက်တာ..ငါ့ရဲ့ဆရာက မင်းလိုလူမျိုးစော်ကားလို့ရတဲ့သူမဟုတ်ဘူး”

လောချင်းချွမ်ကဒေါသတကြီးအော်ပြောလိုက်သကဲ့သို့ ရုတ်တရက် သူ့ရှေ့၌ရှိနေသောလူငယ်ထံသို့ လက်ဝါးတစ်ခုကိုရိုက်ထုတ်လိုက်သည်။ ဤလူကမည်သူဘဲဖြစ်နေပါစေ ၎င်းနှင့်ပက်သက်၍ မည်မျှပင်ထူးဆန်းသောခံစားချက်

တစ်ခုဖြစ်ပေါ်နေပါစေ သူ၏နှလုံးသားထဲမှလေးစားရသောသူအား စော်ကားခွင့်၎င်းကိုလုံးဝခွင့်မပြုနိုင်ပေ။

“ငရဲဘုံကိုးခု အကြွင်းမဲ့သတ်ဖြတ်ခြင်းလက်ဝါး”

လောချင်းချွမ်ရှစ်ဖုန့်အားတိုက်ခိုက်လိုက်သောလက်ဝါးမှာ ယခင်ကရှစ်ဖုန့်ဖန်တီးခဲ့သော ငရဲဘုံကိုးခု အကြွင်းမဲ့သတ်ဖြတ်ခြင်းလက်ဝါးပင်ဖြစ်၏။

ငရဲဘုံကိုးခု အကြွင်းမဲ့သတ်ဖြတ်ခြင်းလက်ဝါးအားထုတ်ဖော်လိုက်ချိန်တွင် နေရာတစ်ခုလုံးရှိ အပူချိန်က ရုတ်ခြည်း သိသိသာသာကိုထိုးကျသွားသည်။အေးစိမ့်သောလေပြင်းများနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့က စတင်ရိုက်ခတ်လွှမ်းမိုးဖြစ်ပေါ်လာသည်။

ဤလက်ဝါးရိုက်ချက်အားကြည့်နေရင်း ရှစ်ဖုန့်မျက်မှောင်အနည်းငယ်ကျုံ့သွားသည်။ သူ၏မျက်နှာထက်တွင်ဒေါသဖြစ်

ပေါ်လာပြီးပြောလိုက်၏။

“နှစ်ပေါင်းများစွာကြာပြီးတာတောင်မှ မင်းအရင်ကအတိုင်းပဲရှိနေအုံးမယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး.. မင်းငါ့ရဲ့သိုင်းပညာကိုအသုံးပြုတဲ့အချိန်မှာ.

.အမြဲတမ်း မင်းရဲ့လောမိသားစုကသိုင်းပညာကိုပါ အရိပ်တစ်ခုကိုသယ်ဆောင်လာတယ်.. မင်းငါ့ရဲသိုင်းပညာရပ်နဲ့ လောမိသားစုရဲ့သိုင်းပညာရပ်ကို

ပေါင်းစည်းနိုင်ခဲ့ပေမဲ့.. မင်းဟာ သိုင်းပညာရပ်နှစ်ခုရဲ့အနှစ်သာရကို အပြည့်အဝနားမလည်သေးဘူး.. ပြီးတော့.. သူတို့ကို လည်း ပြည့်စုံစွာပေါင်းစည်းနိုင်ခြင်းမရှိသေးဘူး”

ရှစ်ဖုန့်၏လေသံက တင်းမာခက်ထန်နေကာ ဆရာတစ်ယောက်က သူ၏ကျောင်းသားအား အပြစ်ဖော်ဆုံးမနေသကဲ့သို့ပင်ဖြစ်သည်။

ထို့နောက်ချက်ချင်းရှစ်ဖုန့်ကသူ၏

ကျင့်ကြံမှုနယ်ပယ်အား လောချင်းချွမ်၏ဝိညာဉ်စွမ်းအားဖြစ်သော အဆင့်ငါး အင်ပါယာနယ်ပယ်တန်းတူနှိမ့်ချလိုက်သည်။ ထို့နောက်တွင် လောချင်းချွမ်ထံသို့လက်ဝါးတစ်ခုအား ပေါက်ကွဲဦးတည်စေလိုက်၏။ သူအသုံးပြုခဲ့သောသိုင်းပညာရပ်က ငရဲဘုံကိုးခု အကြွင်းမဲ့သတ်ဖြတ်ခြင်းလက်ဝါးပင်ဖြစ်သည်။

ကောင်းကင်နှင့်မြေပြင်ကြားထဲရှိ အေးစိမ့်သော လေများနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများက ရုတ်ခြည်း ပို၍ အားကောင်းလာသည်။

“ဝုန်း”

လက်ဝါးနှစ်ခုကတစ်ခုနှင့်တစ်ခုပစ်ဆောင့်သွားသကဲ့သို့ ပေါက်ကွဲသံတစ်ခုကလည်းရိုက်ခတ်ထွက်ပေါ်လာသည်.

ထို့နောက်ချက်ချင်း လောချင်းချွမ်မှာ ရှစ်ဖုန့်၏လက်ဝါးချက်ကြောင့် ခန္ဓာကိုယ်ကအဝေးသို့လွင့်ထွက်သွားသကဲ့သို့ သူ၏မျက်နှာထက်တွင် မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေသည်။

“အဲ့လက်ဝါး”

သူ့အားအဝေးသို့လွင့်အောင်လုပ်လိုက်သော လက်ဝါးအားလောချင်းချွမ်ပြန်

အမှတ်ရလိုက်သည်။ သူတို့၏ ကျင့်ကြံမှုနယ်ပယ်ခြင်းတူညီနေသည်တောင်တစ်ဖက်လူကတော့ စွမ်းအားအချို့ပင်ကျန်ရှိနေသေးသည်ကိုသူအာရုံခံမိသည်ဖြစ်သည်။

“ဒါ..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”

နောက်သို့လွင့်ပျံသွားသော လောချင်းချွမ်မှာ ရုတ်တရက်ရပ်တန့်လိုက်သည်။ ဤအချိန်တွင် သူ၏မျက်နှာထက်၌ တုန်လှုပ်အံ့အားသင့်မှုတို့ဖြစ်ပေါ်နေပြီး သူ့ရှေ့ရှိအဖြူရောင်ပုံရိပ်အားကြည့်နေ၏။

ဤအချိန်တွင်လောချင်းချွမ်မှာ ဤလူအားဂရုတစိုက်ကြည့်ရှုလိုက်သည်။ သူ၏အသွင်အပြင်က ခြားနားသွားသည်မှလွဲပြီး သူ၏ဟန်အမူအယာ၊အော်ရာ၊ မျက်လုံးများ၊မျက်နှာနှင့် သူစကားပြောပုံလေသံတို့က သူရင်းနီးနေ၏။

ထို့နောက်ချက်ချင်း လာချင်းချွမ်မှာသူ့စိတ်ထဲရှိ မြင့်မားသောအရပ်၊ခမ်းနားဝင့်ထည်သောပုံစံတို့ရှိသော နတ်ဆိုးတစ်ပါးကဲ့သို့ ပုံရိပ်နှင့် ၎င်းအားပေါင်းစည်းကြည့်လိုက်သည်။ ဤအချိန်တင်လောချင်းချွမ်၏စိတ်

မှာမိန်းမောသလိုဖြစ်သွားရပြီး စကားလုံးနှစ်လုံးအားပြောလိုက်သည်။

“ဆရာ”

ထို့နောက်တွင်အဖြူရောင်အလင်းတစ်ခုက လောချင်းချွမ်၏ရှေ့တွင်လင်းလက်သွားသည်။ အလင်းရောင်ပျောက်ကွယ်သွားသောအခါတွင် ရှစ်ဖုန့်၏ပုံရိပ်ထွက်ပေါ်လာသည်။ ထို့နောက်တွင် ရှစ်ဖုန့်ကလော ချင်းချွမ်ဘက်သို့လှည့်လိုက်ပြီး အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။

“အဲ့အချိန်တုံးကငါကမင်းကို လောကလန်ရဲ့သိုင်းပညာရပ်တွေ

ကိုလုံးဝစွန့်ပစ်ပြီးတော့ ငါ့ရဲ့ ငရဲဘုံကိုးခုကျင့်ကြံခြင်းပညာရပ်နဲ့

သိုင်းပညာရပ်တွေကို ပဲမင်းကိုသင်ကြားဖို့လုပ်ခဲ့တယ်.. မင်းကတော့လက်လျော့ဖို့ဆန္ဒမရှိဘဲ နှစ်ခုလုံးကိုအရယူချင်နေတယ်”

“နောက်ပို်ငး ငါလည်းမင်းကိုနားလည်ခဲ့တယ်.. မင်းက မင်းငယ်ငယ်လေးထဲကနေ လောမိသားစုရဲ့ သိုင်းပညာရပ်တွေကိုသင်ယူလာခဲ့ရတာ

.ပြီးတော့မင်းကလောမိသားစုဝင်တစ်ဦး

လည်းဖြစ်တယ်..မင်းကိုလုံလောက်အောင်အရေးမထားခဲ့ပဲလက်လျော့ခိုင်းခဲ့တာကတ ကယ်တော့ငါ့အမှားပဲ”

“ပြီးတော့မင်းတို့လောကလန်ရဲ့

သိုင်းပညာရပ်မှာ သူ့အနှစ်သာရနဲ့သူရှိတယ်”

“အကယ်၍မင်းသာ မင်းရဲ့လောကလန်သိုင်းပညာရပ်နဲ့

ငါ့ရဲ့သိုင်းပညာရပ်ကို ပေါင်းစည်းနိုင်ခဲ့ရင် မြင့်မားတဲ့အဆင့်တစ်ခုကိုရောက်

ရှိနိုင်စွမ်းရှိလိမ့်မယ်”

“နောက်ပိုင်း ငါမင်းကိုဒီသိုင်းပညာရပ်နှစ်ခုကို

အပြည့်အဝနားလည်သဘောပေါက်အောင်ဆင်ခြင်ခိုင်းပြီး သူတို့ကို ပြီးပြည့်စုံအောင်ပေါင်းစည်းခိုင်းခဲ့တယ်. မင်းအတွက်ဒါကသာ မင်းလျှောက်ရမဲ့လမ်းအတွက် အသင့်တော်ဆုံး သိုင်းတာအိုပဲ”

“ဆရာ”

ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက်လောချင်းချွမ်၏ကိုယ်ကရုတ်တရက်တုန်ယင်သွားပြီး သူ၏မျက်နှာထက်တွင်စိတ်လှုပ်ရှား

မှုများဖြင့်ပြည့်နှက်နေ၏။ ထိုအချိန်ကသူ၏ဆရာမှလွဲပြီး ကျန်နောက်လိုက်တပည့်များပင်

ဤအကြောင်းအားမသိကြချေ။

ထို့နောက်ချက်ချင်းလောချင်းချွမ်က သူ၏ဒူးတို့ကိုထောက်ချလိုက်ပြီး သူ၏ရှေ့မှလူငယ်အားဦးတိုက်ဂါဝရပြု

လိုက်သည်။ သူ၏မျက်နှာထက် ၌ စိတ်လှုပ်ရှားမှုတို့ပြည့်နှက်နေဆဲဖြစ်ကာ အော်ပြောလိုက်သည်။

“ဆရာ…ဆရာပဲ…တကယ်ဆရာပဲ… ဆရာ..ဆရာပြန်လာပြီ”

“ချင်းချွမ်က ငတုံးပါ.. ကျွန်တော်အမြဲတမ်းဆရာရဲ့ စကားတွေနဲ့ သင်ကြားမှုတွေကို အမှတ်ရနေခဲ့ပေမဲ့..လောမိသားစုရဲ့

သိုင်းပညာရပ်နဲ့ဆရာရဲ့သိုင်းပညာရပ်တွေကို နားလည်အောင်ဆင်ခြင်ပြီး ပေါင်းစည်းဖို့လုပ်ဆောင်တဲ့နေရာမှာ နှစ်ပေါင်းများစွာကြပြီးတာတောင် ချင်းချွမ်အပြည့်အဝနားလည်နိုင်ခြင်း

မရှိသေးဘူး. ဆရာရဲ့မျော်မှန်းချက်တွေနဲ့ ဒုက္ခသုက္ခခံအားထုတ်မှုတွေကို ကျွန်တော်ကတော့ ကျရှုံးစွာနဲ့ပဲ ရှင်သန်နေထိုင်ခဲ့မိပါတယ်”

လောချင်းချွမ်မှာစကားပြောနေသကဲ့

သို့မျက်ရည်များကလည်းသူ၏

ပါးပြင်ထက်သို့ကျဆင်းလာသည်။

သူ့ရှေ့ရှိဒူးထောက်နေသော စိတ်လှုပ်ရှားနေသည့် တပည့်ဖြစ်သူအားကြည့်ရင်းရှစ်ဖုန့်

သူ၏စိတ်ထဲမှသက်ပြင်းချလိုက်သည်။ အတိတ်၏အဖြစ်အပျက်များကသူ၏စိတ်ထဲ၌ မသိလိုက်ပါဘဲပေါ်လာသည်။ထို့နောက်ရှစ်ဖုန့်ကပြောလိုက်သည်။

“ကောင်းပြီ..ထပြီးစကားပြော. မင်းလည်းငါ့အကြောင်းသိတာပဲ. ဒီလိုမျိုးလူ့ကျင့်ဝတ်တွေကိုငါအာရုံမထားဘူး”

“ဆရာ”

လောချင်းချွမ်၏သူ၏ခေါင်းကိုမော့လိုက်ပြီး ဤမရင်းနီးသော်လည်းရင်းနီးသလိုဖြစ်နေသည့် မျက်နှာအားကြည့်လိုက်သည်။ သူကဖြည်းညှင်းစွာထရပ်လိုက်သော်လည်းသူ၏မျက်လုံများကတော့ ဤလူငယ်၏မျက်နှာပေါ်တွင်

ကျရောက်နေသည်။

ထို့နောက်တွင် ရှစ်ဖုန့်က လောချင်းချွမ်ကိုပြောလိုက်သည်။

“အဲ့တုံးက . ငါကမင်းကို လောကလန်ရဲ့သိုင်းပညာရပ်နဲ့

ငါ့ရဲ့သိုင်းပညာရပ်ကိုပေါင်းစည်းဖို့ပြောခဲ့တယ်.

နောက်ပိုင်း. .ငါသိုသိုင်းပညာရပ်နှစ်ခုရဲ့ အနှစ်သာရကို နားလည်သဘောပေါက်အောင်ဆင်ခြင်ခဲ့တယ်.. အစကတုံးကတော့..အဲ့ ကျင့်ကြံခြင်းနည်းလမ်းကို မင်းကိုသင်ပေးချင်ခဲ့တာ”

“ကံဆိုးစွာနဲ့. ငါမင်းကို ငါကွယ်လွန်သွားတဲ့အချိန်ကစပြီးဆယ့်ခြောက်နှစ်တိုင်လုံးဝထပ်မတွေ့ခဲ့ရဘူး”

“ဆရာ. အဲ့တုံးကဘာတွေဖြစ်ခဲ့တာလဲ.. ဆရာဘာလို့သေခဲ့ရတာလဲ. ပြီးတော့အခုရောဆရာဘာတွေဖြစ်ခဲ့တာလဲ”

ဤမေးခွန်းက လောချင်းချွမ်၏နှလုံးသားထဲတွင်

အမြဲမေးချင်နေသောအရာဖြစ်သည်။ဆယ့်ခြောက်နှစ်ကုန်လွန်သွားသည့်တိုင် သူနှင့်သူ၏ စီနီယာအကိုများမှာ အဘယ်ကြောင့်သူတို့၏ဆရာကဲ့သို့စွမ်းအားကြီးသည့်သူက ဤကမ္ဘာပေါ်မှရုတ်တရက်သေဆုံးသွားရသည်ကို ပုံဖော်ကြည့်၍မရနိုင်ဖြစ်နေကြသည်။

ထို့ကြောင့်ထိုနေ့ကဖြစ်ပျက်ခဲ့သော

အဖြစ်အပျက်များနှင် သူ ပြန်လည်မွေးဖွားလာသောကိစ္စများအား ၎င်းကိုပြန်လည်ပြောပြလိုက်သည်။

ဤအရာများအားကြားပြီးနောက် လောချင်းချွမ်မှာဒေါသကြောင့်

တုန်ယင်နေသည်။ သူ၏မျက်နှာတစ်ခုလုံးတွင်

ဒေါသတို့ဖြင့်ပြည့်နှက်နေပြီး အံကိုတင်းတင်းကြိတ်ကာပြောလိုက်သည်။

“ကျိယဲ့ဟောင်..”

“ဝမ့်ကူးချိုး”

“မင်ယန်ထျန်း”

“အောင်းလိုင်ရှင်း”

“ယွဲ့ရှောင်း”

“ကူးဖှေးယွဲ့”

“သွမ့်ရှင်းယု”

လောချင်းချွမ်က ဤနမည်များအားခက်ထန်စွာ

ရေရွတ်လိုက်သည်။ဤလူများမှာ သတ်ဖြတ်ခြင်းအစီအရင်အား ပူးပေါင်းခင်းကျင်းပြီး ငရဲဘုံကိုးခုဧကရာဇ်အား

သတ်ခဲ့ကြသည့်သူများဖြစ်ကြသည်။

“ဒီလူခုနှစ်ယောက်ကို အရှင်လတ်လတ်စား၊အရေခွံစုတ် ၊အရွတ်တွေဆွဲထုတ်ပစ်ရမယ်..သူတို့ကိုသေတာထက်တောင်ဆိုးဝါးတဲ့ နာကျင်မှုဒုက္ခကို ထာဝရခံစားခိုင်းရမယ်..”

လောချင်းချွမ်ကမထိန်းနိုင်ဘဲဒေါသတကြီးပြောဆိုလိုက်သည်။

“ဒီလူတွေကိုငါသေချာပေါက်မလွှတ်ပေးဘူး.. မင်းရဲ့ဆရာ အရင်တုံးကလိုအထွတ်အထိပ်

အခြေအနေကိုပြန်ရောက်တာနဲ့..သူတို့အားလုံး ငရဲဘုံကိုးခု ဝိညာဉ်သန့်စင်ငရဲမှာထာဝရသက်

ဆင်းရပြီးထောင်ပေါင်းများစွာသောတစ္ဆေတွေရဲ့ကိုက်ခဲမှုကိုခံရလိမ့်မယ်..”

ရှစ်ဖုန့်ကအေးစက်စွာပြောလိုက်သည်။

ထို့နောက်တွင် ရှစ်ဖုန့်ကခေါင်းစဉ်ပြောင်းလိုက်ပြီး လောချင်းချွမ်ကိုပြောလိုက်သည်။

“အခုငါတို့ကမင်းရဲ့အသိစိတ်ပင်

လယ်ထဲမှာပဲရှိသေးတယ်..ငါမင်းရဲ့အသိစိတ်ကို မင်းရဲ့ကာယခန္ဓာကိုယ်ဆီကိုပြန်ရောက်အောင်အရင်ဆုံးလမ်းပြပေးမယ်”

“ကျေးဇူးတင်ပါတယ်..ဆရာ..”

လောချင်းချွမ်ကပြောလိုက်သည်။

ထို့နောက်တွင် ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားက ထပ်မံစတင်လှည့်ပတ်လာသည်။ကမ္ဘာတစ်ခုလုံးက ရုတ်တရက် ဧရာမဝဲကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ဖြည်းညှင်းစွာစတင်လည်ပတ်လာသည်။ ဖြည်းဖြည်းချင်း လောချင်းချွမ်မှာကမ္ဘာကြီးကအမှောင်ထုအဖြစ်ပြောင်းလဲသွားမှုကိုခံစားလိုက်ရသည်။

လောချင်းချွမ်သူ၏မျက်လုံးများအား

ဖွင့်လိုက်သောအခါတွင် သူကနေရာလွတ်ကမ္ဘာတစ်ခုအတွင်းသို့ရောက်ရှိနေသည်ကိုတွေ့ရသည်။ သူ၏ရှေ့တွင် အဖြူရောင်ပုံရိပ်နှင့်ငယ်ရွယ်သောမျက်နှာက ထပ်မံပေါ်လာသည်။

ထို့နောက်ရှစ်ဖုန့်ကသတိပြန်လည်ရရှိလာသောလောချင်းချွမ်ကိုကြည့်လိုက်သည်။ အတွေးတစ်ချက်ဖြင့်သူနှင့်လောချင်းချွမ်တို့၏ကိုယ်တွင် သွေးနီရောင်အလင်းတစ်ခုလင်းလက်လာပြီး နှစ်ယောက်သားသွေးကျောက်ပြား၏

နေရာလွတ်ကမ္ဘာအတွင်းမှပျောက်ကွယ်

သွားသည်။

ပြင်ပတွင်သေခြင်းမဲ့တောင်တန်း၏ ပြဿနာများစွာက သူတို့အားဖြေရှင်းရန်စောင့်ဆိုင်းနေ

သည်ဖြစ်သည်။သူတို့အနေဖြင့် သွေးပန်းခက်မျိုးနွယ်အားပြန်လည်

မွေးဖွားခွင့်ပြုရမရပေ။

All Chapters