← Chapters

အခန်း (၆၉၃)

Vol. 47 Ch. 693

အခန်း (၆၉၃)

Vol. 47 Ch. 693

သေခြင်းမဲ့တောင်တန်း၏ လျှို့ဝှက်တောင်ကြားချို့ဝှမ်း၌ဖြစ်သည်။

မူလကရှစ်ဖုန့်နှင့်လောချင်းချွမ်တို့၏ကြားမှတိုက်ပွဲ၏ ပြင်းထန်သောစွမ်းအားများကြောင့် သိပ်သည်းသောအနက်ရောင်မြူများ

မှာပျောက်ကွယ်သွားခဲ့သည်။

သို့သော် အချိန်များကုန်လွန်သွား

ပြီးနောက် သိပ်သည်းသောအနက်ရောင်မြူများက ဦးတည်ချက်ပေါင်းစုံမှထပ်မံပြန့်နှံ့လာသည်။ ဤလျှို့ဝှက်နေရာတွင် နောက်ထပ်တစ်ကြိမ် တလိပ်လိပ်ထနေသော အနက်ရောင်မြူများဖြင့်ပြည့်လာခဲ့သည်။

သိပ်သည်းသောအနက်ရောင်မြူထဲတွင် လက်ချောင်းအရွယ်သာရှိသော သွေးနီရောင်ကျောက်ပြားလေးတစ်ခုသာ ဆိတ်ငြိမ်စွာဖြင့် လွင့်မျောနေသည်။

ထို့နောက်တွင် သွေးနီရောင်ကျောက်ပြား၏ဘေးဘက်၌ သွေးနီရောင်အလင်းတို့ရုတ်တရက်လင်းလက်လာသည်။ သွေးနီရောင်အလင်းတို့ထဲမှ အဖြူရောင်ပုံရိပ်နှစ်ခုထွက်ပေါ်လာ၏။ ၎င်းတို့မှာ ရှစ်ဖုန့်နှင့်လောချင်းချွမ်ပင်ဖြစ်သည်။

အတွေးတစ်ချက်ဖြင့် သွေးနီရောင်ကျောက်ပြားက ရှစ်ဖုန့်၏ဘယ်လက်ထံသို့ပြန်လည်ပျံသန်းလာ၏။ ထို့နောက်တွင် ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့က သူတို့အောက်ရှိမြေပြင်ဆီသို့ဖြည်း

ညှင်းစွာမျောလွင့်သွားသည်။

ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့နှင့်သိပ်

မဝေးသောမြေပြင်တွင် များပြားလှသောယင်အလောင်းကောင်များရှိနေသည်။ အချို့ကမြေပြင်ထက်တွင်ထိုင်နေကြပြီး အချို့ကလဲလျောင်းနေကာ အချို့ကတော ရပ်နေကြသည်။ သို့သော်ဤအလောင်းကောင်များအားလုံးက သူတို့နည်းဖြင့်သူတို့ သူတို့၏ စွမ်းအားများကိုပြန်လည်ပြည့်ဖြိုးအောင်လုပ်နေကြခြင်းဖြစ်သည်။

ရှစ်ဖုန့် ယခင်က အလောင်းတစ်သောင်းအစီအရင်ကို ခင်းကျင်းအသက်သွင်းခဲ့ပြီး အလောင်းတစ်သောင်းအစီအရင်

၏စွမ်းအားများက ငွေရောင်တံစဉ်အတွင်းသို့သွန်းလောင်းခဲ့သည်။ထို့နောက်တွင်လောချင်းချွမ်အား

ဒဏ်ရာရစေရန် ငွေရောင်တံစဉ်ဖြင့်တိုက်ခိုက်မှု

တစ်ခုကိုထုတ်ဖော်ခဲ့သည်။

အလောင်းတစ်သောင်းအစီအရင်

၏စွမ်းအားအရင်းအမြစ်က ဤယင်အလောင်းကောင်အုပ်ကြီး

ထံမှလာခြင်းဖြစ်သည်။အလောင်းတစ်သောင်းအစီအရင်အားအဆက်မပြတ် လှည့်ပတ်ရခြင်းကြောင့် သူတို့ခန္ဓာကိုယ်ရှိစွမ်းအင်များ

ကုန်ဆုံးသွားရသည်။

ရွှယ်ဝူဟမ်မှာယင်အလောင်း

ကောင်အုပ်၏ရှေ့၌ရပ်နေဆဲဖြစ်သည်။ ဤကဲ့သို့ အန္တရာယ်များသောနေရာတွင် ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့ပျောက်ကွယ်သွားကတည်းကရွှယ်ဝူဟမ်တစ်ယောက်နိုးကြားစွာဖြင့် ရှေ့သို့စိုက်ကြည့်နေသည်။

ဤအချိန်တွင်ရွှယ်ဝူဟမ်ရုတ်တ

ရက်တုန်လှုပ်သွားသည်။ကောင်းကင်ထဲရှိ

တလိပ်လိပ်ထနေသော အနက်ရောင်မြူများအတွင်းမှ အဖြူရောင်ပုံရိပ်နှစ်ခုကိုသူတွေ့လိုက်ရသည်။သို့သော် ပုံရိများအား ရှင်းလင်းစွာမြင်ရသောအခါတွင် ရွှယ်ဝူဟမ်၏တင်းကျပ်နေသောစိတ်နှင့်ခန္ဓာတို့ကရုတ်ခြည်းပြေလျော့သွားသည်။ သူကအော်ပြောလိုက်၏။

“ဦးလေးလောနဲ့ ဦးလေးငယ်တို့ အဆင်ပြေနေကြတာပဲ”

ရွှယ်ဝူဟမ်လောချင်းချွမ်အားဤတစ်ကြိမ်မြင်တွေ့ရချိန်တွင်လောချင်းချွမ်ထံမှ

သတ်ဖြတ်ခြင်းအော်ရာများ ပျောက်ကွယ်သွားသည်ကိုသူ

အာရုံခံမိလိုက်သည်။

လောချင်းချွမ်မှာယခင်သူ၏ ခံ့ညားထည်ဝါသောအသွင်အပြင်ကိုပြန်ရနေပြီး သူ၏အသိပြန်လည်ရရှိလာပြီး

ဖြစ်သည်ကိုရွှယ်ဝူဟမ်သိလိုက်၏။

တစ်ချိန်တည်းမှာပင် သူ၏ဦးလေးငယ်ဖြစ်သူ၏ အံ့ဖွယ်ထူးခြားမှုနှင့်ပက်သက်ပြီးရွှယ်ဝူဟမ်မနေနိုင်ဘဲသက်ပြင်းချရသည်။သူ၏ဦးလေးငယ်ကမသေခဲ့ရုံမက သူ့ကိုလည်းကာကွယ်ပေးခဲ့ပြီး

စိတ်လွတ်ကာသတ်ဖြတ်ခြင်း

နတ်ဆိုးအဖြစ်ပြောင်းလဲသွားသော စွမ်းအားကြီးမားသူ ဦးလေးလောကိုပါကယ်တင်

နိုင်ခဲ့သည်ဖြစ်သည်။

“ဦးလေးငယ်…”

လောချင်းချွမ်မှာရွှယ်ဝူဟမ် ဤကဲ့သို့ခေါ်သည်အားကြားလိုက်ရသောအခါတွင် ရွှယ်ဝူဟမ်သေခြင်းမဲ့တောင်တန်းသို့ရောက်လာသည့်နေ့တုံးက သူ့အားအရှေ့ပိုင်းဒေသကြီး၌ ငရဲဘုံကိုးခုဧကရာဇ်၏ တရားမဝင်သားအား သူတွေ့ခဲ့သည်ဟု ပြောဖူးသည်ကို သတိရသွားသည်။

ကြည့်ရသည်မှာ ၎င်းက တကယ်ပဲ သူ၏ဆရာဖြစ်သူကို တရားမဝင်သားဟု မှတ်ယူနေပုံရသည်။

လောချင်းချွမ်အနေဖြင့်ရယ်ရမည်လားငိုရမည်လားမသိဖြစ်နေသည်။ သူကသူ့ဘေး၌ရှိနေသောရှစ်ဖုန့်ကိုကြည့်လိုက်သည်။ပြောရလျှင် ၎င်းနေရာ၌ သူဆိုလျှင်ပင်ဤကဲ့သိုငယ်ရွယ်သော

သူ၏ဆရာဖြစ်သူနှင့်အပြန်အလှန်သိကျွမ်းခွင့်ရပါက သူ၏ဆရာအား ဆရာဖြစ်သူ၏ တရားမဝင်သားဖြစ်သူအဖြစ်အမှတ်မှားလိမ့်မည်ဖြစ်သည်။

အဖြူရောင်ပုံရိပ်နှစ်ခုကမျောလွင့်ကာ

ဆင်းလာပြီး ရွှယ်ဝူဟမ်၏ရှေ့တွင်ရပ်လိုက်သည်။ ဤအချိန်တွင် လောချင်းချွမ်က ရှစ်ဖုန့်အားထိုးညွှန်ပြပြီး ရွှယ်ဝူဟမ်ကိုလေးနက်သော

အသံဖြင့်ပြောလိုက်သည်။

“ဝူဟမ်. မင်းရဲ့ဘိုးဘေးကိုမြန်မြန်နှုတ်ဆက်လိုက်”

လောချင်းချွမ်မှာ ရွှယ်ဝူဟမ်၏အရည်အချင်းနှင့်ရဲရင့်မှုသတ္တိကို သိသည်ဖြစ်သည်။ဤတစ်ကြိမ် သေခြင်းမဲ့တောင်တန်း၌အန္တရာယ်

ကျရောက်လာသောအခါတွင် သူ့အနေဖြင့် အရှေ့ပိုင်းဒေသကြီးမှ ဒီကို အပြင်းနှင်လာခဲ့သည်။ ၎င်းကလွန်စွာအန္တရာယ်များမှန်းသိ

နေသော်လည်း လောမိသားစု၏ ပထမအကြီးအကဲနှင့်လောမိသားမှ

ဒါဇင်နှင့်ချီသောကျွမ်းကျင်သူများ ဤအန္တရာယ်များသောနယ်မြေ၌ပျောက်ဆုံးနေသည်ကို သိနေသော်လည်း ၎င်းကဤလျှို့ဝှက်တောင်ကြားချို့င်ဝှမ်းအတွင်းသို့သူနှင့်အတူတုံ့ဆိုင်းနေခြင်းမရှိ လိုက်ပါလာခဲ့သည်ဖြစ်သည်။

“အာ”

လောချင်းချွမ်၏စကားအားကြား

လိုက်ရသောအခါတွင် ရွှယ်ဝူဟမ်မှာ ခေတ္တစိတ်ရှုပ်ထွေးသွားပြီး သူများနားကြားမှားသလားဟု သိချင်နေသည်။ ထို့နောက်တွင်ရွှယ်ဝူဟမ်မှာ ဦးလေးလောအနေဖြင့် အသိအပြည့်အဝပြန်လည်မရရှိသေးဘဲ သူ၏ ဦးလေးငယ်အား သူ၏ဆရာအဖြစ်မှတ်ယူနေသလားဟု သိချင်နေသည်။

ကမ္ဘာပေါ်တွင်ရှိနေသောလူတိုင်းက ငရဲဘုံကိုးခုဧကရာဇ်ဘိုးဘေးမှာ လွန်ခဲ့သောဆယ့်ခြောက်နှစ်က သေဆုံးသွားပြီးဖြစ်သည်ကိုသိထား

ကြသည်ဖြစ်သည်။

ရွှယ်ဝူဟမ်၏မျက်နှာထက်တွင်

စိတ်ရှုပ်ထွေးမှုများစွာဖြစ်နေပြီး ရှစ်ဖုန့်ထံသို့လှည့်ကြည့်လိုက်သည်။

လောချင်းချွမ်မှာ ရွှယ်ဝူ၏ မျက်နှာပေါ်မှ အကြည့်အားတွေ့လိုက်ရချိန်တွင် ရွှယ်ဝူဟမ်၏ အတွေးများစွာအားခန့်မှန်းမိပြီးဖြစ်သည်။

ထို့နောက်သူက ရွှယ်ဝူဟမ်ကိုပြောလိုက်သည်။

“မင်းရဲ့ဘိုးဘေးကလွန်ခဲ့တဲ့ဆယ့်ခြောက်နှစ်တုံးကကွယ်လွန်သွားခဲ့တယ်… ငါလည်းဒါကိုစစသိချင်းမှာယုံကြည်ဖို့ခက်ခဲခဲ့ပေမဲ့ ဒါကအမှန်ပဲ.. မင်းရှေ့မှာအခုရှိနေတဲ့သူက တကယ့်ကို မင်းရဲ့ဘိုးဘေးပဲ”

“အာ”

လောချင်းချွမ်၏စကားများအား

ကြားလိုက်ရသောအခါတွင် ရွှယ်ဝူဟမ်၏ပါးစပ်က ခပ်ကျယ်ကျယ်ဟသွားသည်။ သူ၏မျက်နှာထက်တွင်တုန်လှုပ်

အံ့အားသင့်မှုများဖြင့်ပြည့်နှက်နေသည်။ ဤလူက တစ်ချိန်ကကမ္ဘာပေါ်တွင် အသန်မာဆုံးနှင့်အစွမ်းအထက်ဆုံး

သူဖြစ်ခဲ့သော သူ၏ဘိုးဘေး ငရဲဘုံကိုးခုဧကရာဇ်ဖြစ်သည်။ ယင်းက သူ့အတွက် များစွာတုန်လှုပ်အံ့အားသင့်မှုကိုဖြစ်စေသည်။

ဤအချိန်တွင်ရှစ်ဖုန့်ကပြောလိုက်သည်။

“ကြောင်းပြီ.. ငါ့ရဲ့သရုပ်မှန်ကိုသိတာမင်းတို့လူနည်းစုပဲရှိတာ.. နောက်ကြရင်မင်းတို့ငါ့ကို သခင်လေးဖုန့်လို့ပဲခေါ်ကြ”

“ကောင်းပါပြီ”

ရှစ်ဖုန့်၏စကားအားကြားလိုက်ရသော

အခါတွင် လောချင်းချွမ်က လေးနက်စွာခေါင်းညိမ့်လိုက်သည်။ သူ့ဆရာဖြစ်သူ၏သရုပ်မှန်က ထူးခြားသည်ဖြစ်သည်။ သူ၏ ယခင်အထွတ်အထိပ်စွမ်းအား

အားပြန်မရခင်အထိ ပြင်ပလူများအားဤအကြောင်း

ကိုလုံးဝသိခွင့်ပြု၍မရပေ။

အထူးသဖြင့် သူ၏ ဆရာဖြစ်သူအားလုပ်ကြံခဲ့ကြသည့်

လူခုနှစ်ယောက်ပင်ဖြစ်သည်။

“ဘိုး..ဘိုးဘေး..”

ရှစ်ဖုန့် ၏ စကားများအားကြားပြီးနောက်ရွှယ်ဝူဟမ်၏ကိုယ်က ရုတ်တရက်တုန်ယင်သွားသည်။

သူကပင်ထိုသို့ပြောသည်ဆိုလျှင် သူသည်သံသယဖြစ်ဖွယ်မရှိ ငရဲဘုံကိုးခုဧကရာဇ်ဘိုးဘေးပင်ဖြစ်သည်။

သူကအရမ်းအံ့ဖွယ်ကောင်းပြီး မွန်းစတားဆန်နေသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ သူမှအံ့ဖွယ်ကောင်းခြင်းမရှိဘဲမွန်းစတားဆန်ခြင်းရှိမနေလျှင် မည်သူကများအံ့ဖွယ်ကောင်းပြီး မွန်းစတားဆန်ပါအုံးမည်နည်း။ယခင်ကသူသည်ကောင်းကင်ဘုံအောက်ကနံပါတ်တစ်ကျွမ်းကျင်သူတစ်ဦးဖြစ်ခဲ့သူ သူ၏ဘိုးဘေးဖြစ်သည်။

ထို့နောက်ရွှယ်ဝူဟမ်ကသူ၏ဒူးတို့ကို

ကွေးလိုက်ပြီး မြေကြီးပေါ်၌ဒူးထောက်ချလိုက်သည်။ သူက ရှစ်ဖုန့်အား ဦးတိုက်ဂါရဝပြုလိုက်ပြီး ပြောလိုက်သ်။

“ဝူဟမ် ဘိုးဘေးကိုနှုတ်ခွန်းဆက်သပါတယ်”

“ကောင်းပြီ.. မင်းထလို့ရပြီ”

ရှစ်ဖုန့်က ခြားနားမှုမရှိသောလေသံဖြင့်ပြောလိုက်သည်။ သူ၏လက်တို့အားညင်သာစွာတစ်ချက်လှုပ်ရှားလိုက်ပြီး မမြင်နိုင်သောအားတစ်ခုက ဒူးထောက်နေသောရွှယ်ဝူဟမ်၏ကိုယ်ကိုမတင်လိုက်သည်။

နှုတ်ခွန်းဆက်သပြီးသည့်နောက် ရွှယ်ဝူဟမ်ကသူ၏ရှေ့မှသူအား စိတ်လှုပ်ရှားမှုများဖြင့်ကြည့်လိုက်သည်။ မည်သည့်တပည့်မဆို သူတို့၏ဘဝတွင် ဤကဲ့သို့စွမ်းအားကြီးမားသော ဘိုးဘေးဖြစ်သူအားမမြင်တွေ့ဖူးခြင်းက ကြီးမားသောနောင်တကြီးတစ်ခုဖြစ်သည်။

ရွှယ်ဝူဟမ်အတွက်မူ သူ၏ဘိုးဘေးအားမြင်လိုက်ရသည့်အခိုက်အတန့်ကသူ့အတွက်တကယ့်ကိုအရေးပါသောအခိုက်အတန့်ပင်ဖြစ်သည်။

ထို့နောက်တွင်ရှစ်ဖုန့်ကလှည့်လိုက်ပြီး သူ၏ရှေ့ရှိ သိပ်သည်းသော အနက်ရောင်မြူများကိုကြည့်လိုက်သည်။ ထို့နောက်တွင်လောချင်းချွမ်က

လည်းလှည့်လိုက်သည်။

ရှစ်ဖုန့်ကလောချင်းချွမ်ကိုပြောလိုက်သည်။

“မင်းစိတ်ညှို့ခံလိုက်ရတာက အနက်ရောင်မြူထဲမှာရှိနေတဲ့ ပလ္လင်ကိုထိလိုက်လို့မလား.”

“ဟုတ်ပါတယ်”

လောချင်းချွမ်ကခေါင်းညိမ့်လိုက်သည်။

ထိုနေ့က ဖြစ်ပျက်ခဲ့သည်ကိုအမှတ်ရပြီး လောချင်းချွမ်ကပြောလိုက်သည်။

“အဲ့ပလ္လင်က ရှေးခေတ်အချိန်ကာလက အရမ်းကိုစွမ်းအားကြီးတဲ့ မိစ္ဆာကို ဖိနှိပ်ထားပုံရတယ်.. အခု ကျွန်တော်တို့အဲ့အနားတောင်ကပ်လို့မရဘူး. ဘာလုပ်ရမလဲဆိုတာကျွန်တော်

လည်းမသိဖြစ်နေတာ”

“ငါဆင်းလာတော့လောမိသားစုရဲ့ ပထမအကြီးအကဲ လောယွဲ့ခွန်းနဲ့တွေ့ခဲ့တယ်.သူမသေခြင်မှာ ဒီလျှို့ဝှက်တောင်ကြားချိုင့်ဝှမ်းထဲက အနက်ရောင်မြူတွေကို မဖယ်ရှားရဘူးလို့ ပြောခဲ့တယ်”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ပထမအကြီးအကဲသေသွားပြီကိုး”

ရှစ်ဖုန့်၏စကားအားကြားရသောအခါတွင် လောချင်းချွမ်မှာ အရင်ဆုံးတုန်လှုပ်သွားရပြီး ထို့နောက် နက်ရှိုင်းစွာသက်ပြင်းချလိုက်သည်။ ထို့နောက်လောချင်းချွမ်ကပြောလိုက်၏။

“ဒီလျှို့ဝှက်တောင်ကြားချိုင့်ဝှမ်းထဲကို ကျွန်တော်တို့ဆင်းလာပြီးတဲ့နောက်မှာ တကယ့်ဆီးလ်ခတ်စွမ်းအားက တကယ်တမ်းမှာ ဒီလျှို့ဝှက်တောင်ကြားချိုင့်ဝှမ်းထဲက အနက်ရောင်မြူတွေဖြစ်နေတာကို ကျွန်တော်တို့သိလိုက်ရတယ်..

ဒီအနက်ရောင်မြူက ဘယ်လိုစွမ်းအင်အမျိုးအစားနဲ့ဆက်နွယ်နေတယ်ဆိုတာကို ကျွန်တော်တို့မသိဘူး. ကျွန်တော်တို့နက်ရှိုင်းတဲ့ထဲအထိသွားတဲ့အခါမှာ ဘာပုံမှန်မဟုတ်တာမှမတွေ့ရဘူး.ဒါပေမဲ့ အဲ့ကန့်သတ်ခံထားရတဲ့ မကောင်းဆိုးဝါးသတ္တဝါတွေက အနက်ရောင်မြူတွေထဲကနေထွက်ပြေးပြီး ကမ္ဘာကို ပြန်လာခြင်းကိုပြုလုပ်နိုင်ခြင်းမရှိကြဘူး”

“အကယ်၍ အနက်ရောင်မြူတွေပျောက်ကွယ်သွားရင် မကောင်းဆိုးဝါးတွေကို ထိန်းချုပ်ထားတဲ့ ဆီးလ်ရဲ့စွမ်းအားကလည်း ပျောက်ကွယ်သွားပြီး သေခြင်းမဲ့တောင်တန်းမှာ ဖိနှိပ်ထားတဲ့ မိစ္ဆာသတ္တဝါလည်း ပြန်လည်မွေးဖွားလာလိမ့်မယ်..အဲ့အခါကြရင် ကမ္ဘာကြီးတစ်ခုလုံး ဖရိုဖရဲတွေဖြစ်ပြီး သက်ရှိအားလုံးပျက်ကိန်းစိုက်ရလိမ့်မယ်”

All Chapters