အခန်း (၆၉၄)
Vol. 47 Ch. 694
ရှစ်ဖုန့်က သူ၏ရှေ့ရှိ အနက်ရောင်မြူတို့အားစိုက်ကြည့်နေသည်။ မြင့်မားသော အနက်ရောင်ပလ္လင်ကြီးမှာ သိပ်သည်းသောအနက်ရောင်မြူတို့၏ ကာဆီးခြင်းကိုခံထားရပြီး သူတို့အနေဖြင့်၎င်းအားထပ်မံမြင်တွေ့
ရခြင်းမရှိချေ။
ခဏကြာပြီးနောက်တွင် ရှစ်ဖုန့်က လောချင်းချွမ်အားပြောလိုက်သည်။
“ချင်းချွမ်. မင်းရဲ့ဒဏ်ရာတွေကိုပြန်ကောင်းအောင်မလုပ်ရသေးဘူး. မင်း အရင်ဆုံး အားပြည့်အောင်လုပ်သင့်တယ်.. မင်းကိုထိန်းချုပ်နိုင်ဖို့ အလောင်းတစ်သောင်းအစီအရင်ကို အသုံးပြုပြီးတော့ အားကောင်းတဲ့တိုက်ခိုက်မှုကိုငါဖွဲ့စည်းခဲ့ရတယ်. . အခု ငါရဲ့ယင်အလောင်းကောင်တွေကလည်း သူတို့ရဲ့ခွန်အားတွေပြန်ဖြည့်တင်း
ဖို့လိုအပ်တယ်.”
“ကောင်းပါပြီ”
လောချင်းချွမ်က ရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက်ခေါင်းညိမ့်လိုက်သည်။ ထို့နောက်တွင် သူကဆေးတစ်လုံးကိုသူ၏ သိုလှောင်လက်စွပ်အတွင်းမှ
ထုတ်ယူလိုက်ပြီး မျိုချလိုက်ကာ မြေပြင်ပေါ်တွင်တင်ပျဉ်ခွေထိုင်ချလိုက်သည်။ ထို့နောက်တွင် သူ၏လက်တို့ဖြင့် ဆီးလ်တစ်ခုအားဖွဲ့စည်းလိုက်ပြီး ရေရွတ်လိုက်သည်။
“ငရဲဘုံကိုးခု ဖျက်ဆီးမရသောထာဝရခန္ဓာ”
လောချင်းချွမ်က ငရဲဘုံကိုး ခု ဖျက်ဆီးမရသောထာဝရခန္ဓာကို အသက်သွင်းလိုက်ပြီး သူ၏ဒဏ်ရာများအား စတင်ကုသလိုက်သည်။
ရှစ်ဖုန့်မှာယခင်ကအလောင်းတစ်သောင်းအစီအရင်အားအသုံးပြုခဲ့ရသည်ဖြစ်သောကြောင့် သူ၏ ယင်အလောင်းကောင်အုပ်ကြီး၏စွမ်းအားများသာကုန်ဆုံးခဲ့သည်ဖြစ်သည်။ ငရဲဘုံကိုးခုမူလစွမ်းအင်များ
ကတော့လုံးဝကုန်ဆုံးခြင်းမရှိချေ။
ထို့နောက်တွင်ရှစ်ဖုန့်က လောချင်းချွမ်နှင့်သူ၏ယင်အ
လောင်းကောင်းများ ပြန်လည်ကောင်းမွန်လာသည်
ကိုဆိတ်ငြိမ်စွာစောင့်ဆိုင်းနေ၏။ အချိန်ကျရောက်လာလျှင် သူ့အနေဖြင့် အနက်ရောင်ပလ္လင်၏အောက်မှ မိစ္ဆာသတ္တဝါနှင့်တိုက်ခိုက်ရမည်ဖြစ်သည်။
……………………………………………
အမည်မသိနေရာတစ်ခုတွင် ကောင်းကင်ကမှောင်မိုက်နေပြီး လေများကတဟူးဟူးတိုက်ခတ်နေသည်။ အဖြူရောင်ပုံရိပ်တစ်ခုက တောင်တစ်လုံး ၏ထိပ်ဖျားတွင်ဝင့်ကြွားစွာရပ်နေ၏။
ဤလူက အဖြူရောင်ဝတ်စုံအားဝတ်ဆင်ထားပြီးဖြူသောမျက်နှာရှိသည်။ သူ၏အသွင်အပြင်ကလွန်စွာ နတ်ဆိုးဆန်ပြီး အေးစက်သည်။သူ၏လက်ထဲ၌ ရှည်လျားသောအဖြူရောင် အရိုးလှံတစ်ခုကိုကိုင်ထားသည်။ အေးစက်ပြီးပြင်းထန်သောလေများ
ကသူ၏ကိုယ်အားဆန့်ကျင်တိုက်ခတ်နေကာ သူ၏ရှည်လျားသောအနက်ရောင်ဆံပင်
တို့ကိုပင့်မပြီး လေနှင့်အတူလိုက်ပါယိမ်းနွဲ့စေ၏။
သူ၏ကိုယ်ကပြင်းထန်သောလေတို့၏အလယ်တွင်ရှိနေပြီး ကမ္ဘာအားအပေါ်စီးမှကြည့်နေသောအရှင်သခင်တစ်ပါးကဲ့သို့ဖြစ်ကာသူ၏အောက်ရှိအရာအားလုံးအားမိုး၍ကြည့်နေသည်။
အောက်ဘက်ရှိတောင်တန်း
တောအုပ်အတွင်းတွင် သိပ်သည်းထူထပ်များပြား
လှသောပုံရိပ်များက ဒူးထောက်နေကြပြီး၎င်းတို့ကတောင်
ထိပ်မှတောင်ခြေထိတိုင်ရှိကြသည်။ဤပုံရိပ်များကလူသားများနှင့်တူသော်လည်းသားရဲရိုင်းများကဲ့သို့ အော်ဟစ်နေကြ၏။ ၎င်းတို့၏ခန္ဓာကိုယ်များက ဆိုးရွားစွာဖြတ်တောက်ခံထားရကာ ခြေသို့မဟုတ်လက်များပျောက်ဆုံးနေသည်။
သူတို့၏ခန္ဓာကိုယ်များ မှ အေးစက်သောအော်ရာလှိုင်းများ
ကိုထုတ်လွှတ်နေ၏။
ဤသိပ်သည်းထူထပ်များပြားလှသော လူသားကဲ့သို့သတ္တဝါများအားလုံးက ယင်အလောင်းကောင်များဖြစ်သည်။
“ဂါး..ဂါး..ဂါး.ဂါး..”
ထောင်ပေါင်းများစွာသောယင်အလောင်းကောင်များက အော်ဟစ်နေကြပြီးတောင်ထိပ်ပေါ်ရှိ အဖြူရောင်ပုံရိပ်အားဦးတိုက်ဂါရဝပြုနေကြသည်။၎င်းတို့မှာလူသားများကသူ
တို့၏ဧကရာဇ်အား ဦးတိုက်ဂါရဝပြုနေသကဲ့သို့ပင်ဖြစ်သည်။
သူတို့၏အော်သံများက တောင်များနှင့်ပင်လယ်တို့တွင်ပဲ့တင်
ရိုက်ခတ်နေသည်။
“မင်းကမဟာသူတော်စင်နယ်ပယ်
အလောင်းကောင်ယင်ရှာပဲ…မင်းကငါ့ရဲ့ဉီကိုတွေကိုသတ်ပြီးငါ့ညီအကိုတွေရဲ့နယ်မြေကို သိမ်းပိုက်ရဲတဲ့အထိရဲတင်းလှချည်လား”
ဤအချိန်တွင် မှောင်မိုက်သောကောင်းကင်ထဲမှ အော်သံတစ်ခုထွက်ပေါ်လာသည်။ ထို့နောက်တွင်ပို၍ပြင်းထန်အေးစိမ့်သော
လေပြင်းများက ကောင်းကင်ထဲ၌တိုက်ခတ်လာ၏။
“ဝူး..ဝူး..ဝူး..ဝူး..ဝူး..”
ကောင်းကင်နှင့်မြေပြင်ကြားထဲတွင်စိတ်မချမ်းမြေ့ဖွယ်အော်သံများကပဲ့တင်ထပ်နေသည်။
ထို့နောက်တွင် များစွာသောအရိုးခေါင်းများက မှောင်မိုက်သောကောင်းကင်ထဲ၌ပေါ်လာ၏။ဤအရိုးခေါင်းများကြားထဲတွင် အဖြူရောင်အရိပ်တစ်ခုက ခပ်ရေးရေးထွက်ပေါ်နေသည်။ ၎င်းကလွန်စွာအားကောင်းသောသတ်ဖြတ်ခြင်းအော်ရာကိုထုတ်လွှတ်နေသည်။
“အဆင့်ရှစ် မဟာသူတော်စင်နယ်ပယ် မကောင်းဆိုးဝါးဝိညာဉ်”
တောင်ထိပ်ပေါ်၌ဝင့်ကြွားစွာရပ်နေသည့်
ယင်ရှာက သူ၏ခေါင်းကိုမော့လိုက်ပြီး ကောင်းကင်ထဲသို့ကြည့်ကာ
ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။
ထို့နောက်တွင် သူ၏လက်ထဲမှ အရိုးလှံကို ကောင်းကင်ထဲသို့ထိုးညွှန်လိုက်သည်။
သူ၏တစ်ကိုယ်လုံးက အားကကောင်းသောတိုက်ပွဲဝင်စိတ်ဝိညာဉ်ကိုထုတ်လွှတ်နေသည်။ သူကကောင်းကင်ထဲသို့ထိုးတက်သွားပြီး မကျယ်သောအသံဖြင့်အော်ပြောလိုက်သည်။
“တိုက်”
“တိုက်”ဟူသောစကားလုံးက ဤမှောင်မိုက်သောကမ္ဘာထဲ၌ အားကောင်းစွာဖြင့်ဟိန်းထွက်သွားသည်။
…………………………….
သေခြင်းမဲ့တောင်တန်း၏ လျှို့ဝှက်တောင်ကြားချို့ဝှမ်းထဲတွင် တလိပ်လိပ်ထနေသောအနက်ရောင်
မြူများဖြင့်ပြည့်နှက်နေသည်။ သို့သော်ရှစ်ဖုန့်၏ယင်အလောင်းကောင်များကသူတို့၏ခွန်အားကိုပြန်လည်ဖြည့်တင်း
နေဆဲဖြစ်သည်။ ရှစ်ဖုန့်ကလောချင်းချွမ်အားသူယခင်တုံးက နားလည်သဘောပေါက်အောင်ဆင်ခြင်ခဲ့ပြီးငရဲဘုံကိုးခု ပညာရပ်နှင့် လောမိသားစု၏ ပညာရပ်တို့အားပေါင်းစည်းခဲ့သော ကျင့်ကြံခြင်းပညာရပ်ကို သင်ကြားပေးခဲ့သည်။
ရှစ်ဖုန့်၏ရှင်းပြချက်အားနားထောင်ပြီး
၏သည့်နောက် လောချင်းချွမ်၏မျက်နှာထက်တွင်
တုန်လှုပ်အံ့အားသင့်မှုတို့ဖြစ်ပေါ်လာသည်။
ရုတ်တရက်သူ၏မျက်နှာထက်တွင်
နားလည်သဘောပေါက်သွားသော အသွင်အပြင်တစ်ခုဖြစ်ပေါ်လာ၏။ သူနားမလည်သောအရာများကို ရုတ်တရက်ရှင်းလင်းစွာသိမြင်လာသည်။
နောက်ဆုံးတွင် ရှစ်ဖုန့်သူ၏ရှင်းပြချက်ပြီးဆုံးသွား
သောအခါ၌ လောချင်းချွမ်ကရှစ်ဖုန့်အား စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။
“ဆ..သခင်လေးဖုန့်. အရင်တုံးကသာသခင်လေး
ရဲ့ကျင့်ကြံခြင်းပညာရပ်ကို
ကျွန်တော်ကြားခဲ့ရရင် ကျွန်တော်နှစ်ပေါင်းများစွာလမ်းမှားကြီး
ကိုလျှောက်လှမ်းခဲ့ရမှာမဟုတ်ဘူး.....
ကျွန်တော်ကြယ်နှစ်ပွင့်ဧကရာဇ်
နယ်ပယ်မှာနနှစ်တွေအများကြီးပိတ်မိနေခဲ့ပြီး အဆင့်ချိုးဖျက်တာကိုမလုပ်နိုင်ခဲ့ဘူး .. ကျွန်တော် ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်ကိုဝင်နိုင်ခဲ့တာက မိစ္ဆာစိတ်ဝိညာဉ်ရဲ့ညှို့ယူခြင်းကိုခံရြီး မသိလိုက်ပါဘဲ အဆင့်ချိုးဖျက်ခဲ့တာကြောင့်မလို့ပဲ”
“ အကယ်၍သခင်လေးသာအဲ့တုံးက အသက်ရှင်နေခဲ့ရင်…..ဘယ်လိုလုပ်ပြီး
ကျွန်တော်အခုလိုအောင်မြင်မှုသေးသေးလေးကိုပဲရနေမှာလဲ”
“အနာဂတ်မှာကောင်းကောင်းကျင့်ကြံ.. မင်းတို့ခုနှစ်ယောက်ထဲမှာ မင်းရဲ့ပင်ကိုယ်စွမ်းရည်က သာမန်အဆန်ဆုံးလို့ပြောလို့ရတယ်..ဒါပေမဲ့မင်းရဲ့နှလုံးသားထဲမှာမဆုတ်မနစ်တဲ့လုံ့လဝီရိယဇွဲတွေရှိတယ်..ဒီသခင်လေး မင်းကိုသင်ပြတဲ့ ကျင့်ကြံခြင်းနည်းလမ်းကိုပေါင်းစည်းလိုက်ရင် မင်းရဲ့အနာဂတ်အောင်မြင်မှုတွေက သူတို့ထက်နိမ့်ကျတော့မှာမဟုတ်ဘူး. “
ရှစ်ဖုန့်ကပြောလိုက်သည်။
“ကျွန်တော်သေချာပေါက်သူတို့
ထက်နိမ့်ကျမနေစေရပါဘူး”
လောချင်းချွမ်ကမြဲမြံသော
မျက်နှာထားဖြင့်ပြောလိုက်သည်။
သူ့ရှေ့၌ရှိနေသောသူက သူ၏ပင်ကိုယ်စွမ်းရည်ပါရမီအား သာမန်အဆန်ဆုံးဟုပြောသည်။ သူ့အနေဖြင့် ဤအရာနှင့်ပက်သက်ပြီး ဘာငြင်းလိုစိတ်မှမရှိပေ။ သူကပြောသည်ဆိုလျှင်တကယ်ထိုကဲ့သို့ဖြစ်နေသောကြောင့်သာဖြစ်သည်။သူ့အား သူတို့ခုနှစ်ဦးမှလွဲပြီးမည်သူကမျှကောင်းမွန်စွာသိရှိခြင်းမရှိကြချေ။
ထိုလူခြောက်ယောက်ား သဘာဝကို ဆန့်ကျင်သွေဖှီသောသူများ
ဟုပင်ပြော၍ရနိုင်သည်ဖြစ်သည်။
ထို့နောက်တွင်ရှစ်ဖုန့်၏အကြည့်က ရွှေ့သွားပြီးသူ၏ရှေ့ရှိသိပ်သည်းများပြားသော ယင်အလောင်းကောင်များကိုကြည့်လိုက်သည်။ ယင်အလောင်းကောင်များ၏ အော်ရာနှင့်အခြေအနေအားအာရုံခံပြီးနောက် ရှစ်ဖုန့်ကခေါင်းအနည်း
ငယ်ဆတ်လိုက်ပြီးပြောလိုက်သည်။
“ နေ့တွေလည်းအများကြီး ကုန်ဆုံးသွားပြီဆိုတော့ သူတို့တွေ အပြည့်အဝကောင်းမွန်လုနီး
ပါးဖြစ်နေလောက်ပြီ”
ထို့နောက်တွင်ရှစ်ဖုန့်၏အကြည့်က ရွှယ်ဝူဟမ်အပေါ်သို့ရောက်ရှိသွားသည်။
“သခင်လေးဖုန့်”
ဤပုဂ္ဂိုလ်ကသူ့အားကြည့်နေ
သည်ကိုတွေ့ရသောအခါတွင် ရွှယ်ဝူဟမ်သူ၏လက်သီးတို့ကိုအလျှင်အမြန်ဆုပ်၍ ဂါရဝပြုလိုက်သည်။
ဤပုဂ္ဂိုလ်၏စစ်မှန်သောသရုပ်မှန်အား
သိရှိပြီးနောက် ရွှယ်ဝူဟမ်ယခင်ကကဲ့သို့ တည်ငြိမ်နိုင်ခြင်းမရှိတော့ပေ။
သူ့အားမျက်နှာချင်းဆိုင်လိုက်ချိန်တွင် အမြဲတမ်းချုပ်တီးထားရပြီးရင်ဖိုနေရသည်။
အားလုံးထက်သူက ထိုပုဂ္ဂိုလ်ဖြစ်၏။
“ကောင်းပြီ.. နောက်ပိုင်းငါ့ကိုတွေ့ရင်မင်းကိုယ်မင်းအရမ်းကြီးထိန်းချုပ်နေစရာမလိုဘူး..ငါကအဲ့ သက်ကြားအိုအဘိုးကြီးတွေနဲ့မတူဘူး. မင်းအရင်လိုပဲသက်တောင့်သက်သာနေ”
ရွှယ်ဝူဟမ်၏ အသွင်အပြင်အားကြည့်၍ ရှစ်ဖုန့်က ၎င်းအား ပြောလိုက်သည်။
“ဟုတ်ကဲ့ သခင်လေးဖုန့်”
ရှစ်ဖုန့်က ထိုကဲ့သို့ပြောပြီး ဤနည်းအတိုင်းတုန့်ပြန်သော်လည်း သူကတော့အချိန်တစ်ခုအထိသူ၏ စိတ်အားပြောင်းလဲနိုင်ခြင်းမရှိချေ။ထိုပုဂ္ဂိုလ်ကသူ၏ နှလုံးသားထဲ၌ နက်ရှိုင်းစွာအရိုးစွဲနေပြီဖြစ်သည်။
“ဝူဟမ်နောက်ရင်ဆိုင်ရမဲ့ရန်သူက စိတ်ကူးကြည့်လို့မရနိုင်အောင်စွမ်းအားကြီးတယ်လို့ပြောလို့ရတယ်.. မင်းရဲ့လက်ရှိခွန်အားနဲ့မင်း လုံးဝကူညီနိုင်မှာမဟုတ်ဘူး.. မင်းရဲ့စိတ်ကိုလျှော့ထားပြီး ဒီသခင်လေးရဲ့ လက်နက်နေရာလွတ်ထဲကိုဝင်သွားလိုက်”
“ကျွန်တော်သခင်လေးပြောတာကို နာခံပါ့မယ်..သခင်လေးဖုန့်..”
ရွှယ်ဝူဟမ်က လေးစားမှုအပြည့်ဖြင့်ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် ရှစ်ဖုန့်၏စကားအတိုင်းသူ၏
စိတ်ကိုဖြေလျော့ထားလိုက်၏။
ထို့နောက်တွင်ရွှယ်ဝူဟမ်၏ တစ်ကိုယ်လုံး သွေးနီရောင်အလင်းအဖြစ်ပြောင်းလဲသွားသည်။ အလင်းရောင်ပျောက်ကွယ်သွားသောအခါတွင် ရွှယ်ဝူဟမ်လည်းပျောက်ကွယ်သွားသည်။ သူကရှစ်ဖုန့်၏ သွေးကျောက်ပြားနေရာလွှတ်အတွင်းသို့ စုပ်ယူခြင်းခံလိုက်ရ၏။
ထို့နောက်တွင် ရှစ်ဖုန့်၏စိတ်ကထပ်မံလှုပ်ရှားသွားသည်။ သူ့ရှေ့၌ရှိနေသော ယင်အလောင်းကောင်အုပ်ကြီးအား စတင်အမိန့်ပေးလိုက်၏။
“ဂါး.”
“ဂါး.”
“ဂါး”
“ဂါး”
ရှစ်ဖုန့်၏ စိတ်အောက်တွင် ထိုင်နေ၊လှဲနေ၊ရပ်နေ၊ပျံသန်းနေကြသောယင်အလောင်းကောင်အားလုံး လှုပ်ရှားသွားသည်။ သိပ်မကြာခင် ယင်အလောင်းကောင်များက
တစ်ကောင်ပြီးတစ်ကောင် ရပ်လိုက်ကြ၏။
ထို့နောက်တွင် ရှစ်ဖုန့်ကဖြည်းညှင်းစွာလှည့်လိုက်ပြီး တလိပ်လိပ်ထနေသည့်သိပ်သည်း
ထူထပ်များပြားသော အနက်ရောင်မြူများအား
ထပ်မံကြည့်လိုက်သည် ။ထို့နောက်တွင် သူ၏ခြေထောက်ကစတင်
လှုပ်ရှားသွားပြီးတလိပ်လိပ်ထနေသော အနက်ရောင်မြူများအတွင်းဖုံးကွယ်နေသည့် အနက်ရောင်ပလ္လင်ထံသို့ ဖြည်းညှင်းစွာတစ်လှမ်းခြင်း
လျှောက်လှမ်းသွားလိုက်သည်။
သွေးနီရောင်အလင်းတစ်ခုလင်းလက်လာပြီး သွေးနီရောင်ချပ်ဝတ်က သူ၏ကိုယ်ပေါ်တွင်ထပ်မံပေါ်လာသည်။
သူ၏ဘယ်လက်၌ငွေရောင်
အလင်းကလင်းလက်လာပြီး ငွေရောင်တံစဉ်ကထပ်မံပေါ်လာသည်။