အခန်း (၆၉၅)
Vol. 47 Ch. 695
ရှစ်ဖုန့်ကရှေ့သို့လျှောက်လှမ်း လိုက်ပြီး လောချင်းချွမ်ကလည်းနောက်မှ
ချက်ချင်းလိုက်ပါလိုက်သည်။ ထို့နောက် ပြွတ်သိပ်များပြားလှသောယင်အ
လောင်းကောင်များကလည်းကျိုင်းကောင်များကဲ့သို့နောက်မှ ပျံသန်းလိုက်ပါလာသည်။
မကြာခင်တွင် ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့မှာ တလိပ်လိပ်ထနေသော အနက်ရောင်မြူများအတွင်းမှ မြင့်မားသောပလ္လင်ကိုမြင်တွေ့လိုက်ရသည်။ ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့က သူတို့၏ခြေလှမ်းများအား ရုတ်ခြည်းရပ်တန့်လိုက်ကြသည်။
အနက်ရောင်ပလ္လင်၏မျက်နှာပြင်တွင် သိပ်သည်းများပြားလှသေ ဆန်းကြယ်သည့်ရှေးဟောင်းရုန်းများဖုံးလွှမ်းနေသည်။ သို့သော် အနက်ရောင်ပလ္လင်၌ဖြစ်ပေါ်နေသည့်မီတာဝက်ခန့်ရှည်လျားသော အက်ကွဲကြောင်းတစ်ခုကိုလည်း
ရှစ်ဖုန့်မြင်ပြီးဖြစ်သည်။
ဤအကြိမ်တွင် လောချင်းချွမ်က အက်ကွဲကြောင်းအား ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။
“အဲ့အချိန်တုံးက ကျွန်တော်ဒီအက်ကွဲကြောင်းကိုထိခဲ့တာ… အဲ့နောက်ပိုင်းကျွန်တော့်ရဲ့စိတ်ကလှုပ်ခါသွားပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းတွေနဲ့ပြည့်နှက်နေတဲ့ သွေးနီရောင်ကမ္ဘာတစ်ခုထဲ ခေါ်သွားခံလိုက်ရတယ်.. အဲ့နောက် ကျွန်တော်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုထဲကို နက်နက်ရှိုင်းရှိုင်းကျရောက်သွားတယ်”
“ဒီအက်ကွဲကြောင်းကိုပြန်ပြင်မှရမယ်.. ဒီပလ္လင်အောက်မှာဖိနှိပ်ထိန်းချုပ်ထားတဲ့နတ်ဆိုးကို ထွက်လစေလို့ရဘူး..”
ရှစ်ဖုန့်ကလောချင်းချွမ်အားပြတ်သားသောလေသံဖြင့်ပြောလိုက်သည်။
“ဟုတ်ကဲ့”
လောချင်းချွမ်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။
“ကျွန်တော်တို့လောမိသားစု ဘိုးဘေးတွေလက်ဆင့်ကမ်းခဲ့တဲ့ ဆီးလ်ခတ်ခြင်းပညာရပ်ကိုသုံးပြီးတော့ ဒီအက်ကွဲကြောင်းကို ကျွန်တော်ပြန်ပြင်နိုင်မလား
တစ်ချက်ကြည့်ကြည့်တာပေါ့”
ထို့နောက်တွင် လောချင်းချွမ်က သူ၏လက်နှစ်ဖက်လုံးဖြင့်ဆီးလ်တစ်ခုအား ပုံဖော်လိုက်သည်။ ဆီးလ်ထံမှရုန်းများစတင်မျောလွင့်ထွက်လာပြီး သူတို့ရှေ့ရှိအနက်ရောင်ပလ္လင်တွင်လွင့်မျောရပ်တည်နေသည်။
ရှစ်ဖုန့်က အနက်ရောင်ပလ္လင်အားစိုက်ကြည့်ကာ
အနက်ရောင်အက်ကွဲကြောင်းအတွင်းမှပြောင်းလဲမှုများကိုစောင့်ကြည့်နေ၏။
သိပ်မကြာခင် လောချင်းချွမ်၏ဆီးလ်မှ မျောလွင့်ထွက်သွားသော များပြားလှသည့်ရုန်းများက အနက်ရောင်ပလ္လင်ထက်သို့ကျဆင်းသွားပြီးအနက်ရောင်အက်ကွဲကြောင်းများက
ဖြည်းဖြည်းချင်းပြန်လည် ကောင်းမွန်လာသောလက္ခဏာများကိုပြသလာသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။
သို့သော်နောက်ထပ်အခိုက်အတန့်တွင် မြင့်မားသောပလ္လင်ကြီးက ရုတ်တရက် ပြင်းထန်စွာတုန်ခါလာသည်။
“ဝုန်း..ဝုန်း..ဝုန်း.ဝုန်း..ဝုန်း..”
ရုတ်ခြည်းမြေပြင်တစ်ခုလုံးနှင့် တောင်ကြားချိုင့်ဝှမ်းတစ်ခုလုံးတို့က ပြင်းထန်စွာ စတင်တုန်ခါလာသည်။ ယင်းမှာ ကြီးမားသော မြေငလျှင်တစ်ခုသေခြင်းမဲ့တောင်တန်း၌
လှုပ်ခတ်လာသကဲ့သို့ပင်ဖြစ်သည်။ ပြင်းထန်သောလှုပ်ခါမှုက အဆုံးမရှိဆက်လက်ဖြစ်ပွားနေပြီးမြည်ဟိန်းသံများကလည်း အဆုံးမရှိဆက်လက်ထွက်ပေါ်နေသည်။
ဤအချိန်တွင် လွန်ခဲ့သောခြောက်လအတွင်း သေခြင်းမဲ့တောင်တန်း၏ ကြီးမားသောလှုပ်ရှားမှုများက ဤနေရာမှဖြစ်တည်လာခြင်းဖြစ်သည်ကို
လောချင်းချွမ် သဘောပေါက်လိုက်သည်။ ဤနေရာတစ်ကြိမ်လှုပ်ရှားလျှင် သေခြင်းမဲ့တောင်တန်းတစ်ခုလုံးလည်းစတင်တုန်ခါလာသည်ဖြစ်သည်။
“ဒီအနက်ရောင်ပလ္လင်က သေချာပေါက်ရှေးခေတ်အချိန်ကာလက ပြိုင်ဘက်ကင်း မကောင်းဆိုးဝါးနတ်ဆိုးကို ဖိနှိပ်ထားခဲ့တာပဲ..သူ့ကိုထွက်လာခွင့်ပြုလို့မရဘူး”
မြေပြင်နှင့်တစ်ကိုယ်လုံးကပါလိုက်ပါယိမ်းထိုးလှုပ်ခါနေသောလောချင်းချွမ်က အံကိုတင်းတင်းကြိတ်လိုက်ပြီး အနက်ရောင်ပလ္လင်ထံသို့ ရုန်းများအားပို၍ပို၍ပို့လွှတ်လိုက်သည်။
သို့သော်ထို့နောက်တွင် အစောပိုင်းကဖြည်းဖြည်းခြင်းပြန်လည်ကောင်းမွန်လာနေသော အနက်ရောင်အက်ကွဲကြောင်းက ရုတ်တရက် အစောပိုင်းပြင်းထန်သောလှုပ်ခါမှုများအောက်တွင် ပို၍ နက်ရှိုင်းလာပြီး ပို၍ ရှည်လျားလာသည်ကို လောချင်းချွမ်သတိပြုမိလိုက်သည်။
“အိုး..မဟုတ်သေးဘူး”
လောချင်းချွမ် လျှင်မြန်စွာ အလန့်တကြားပြောလိုက်ပြီးသူ၏ ဆီးလ်ကိုရုတ်သိမ်းလိုက်သည်။
ထို့နောက်တွင် အနက်ရောင်ပလ္လင်အတွင်းမည်သည့်ရုန်းများကလွင့်မျောသွားခြင်းမရှိတော့ဘဲ အနက်ရောင်ပလ္လင်၏ လှုပ်ခါမှုတို့ကလည်းဖြည်းညှင်းစွာရပ်တန့်သွားသည်။ အချိန်တစ်ခုကြာပြီးသည့်နောက်တွင် မြေပြင်မှာလည်းဖြည်းဖြည်းခြင်း
ပြန်လည်တည်ငြိမ်လာသည်။
ဤအချိန်တွင်လောချင်းချွမ်၏မျက်နှာထက်၌ ကူကယ်ရာမဲ့သောပုံစံတစ်ခုဖြစ်ပေါ်လာသည်။ သူကခေါင်းကိုလှည့်လိုက်ပြီး သူ၏နောက်မှလေးနက်သောမျက်နှာ
ထားတစ်ခုရှိနေသည့် ရှစ်ဖုန့်အားကြည့်ကာ ပြောလိုက်သည်။
“သခင်လေးဖုန့်..ကျွန်တော်တို့ဘာလုပ်သင့်လဲ”
“ပလ္လင်ရဲ့အက်ကွဲကြောင်ကိုဆီးလ်တွေနဲ့ပြင်ဖို့ကျွန်တော်လုပ်ခဲ့ပေမဲ့…အဲ့တာကအောက်က မိစ္ဆာသတ္တဝါကို လည်း နိုးထစေတဲ့ပုံပဲ.. မိစ္ဆာသတ္တဝါက ကြမ်းတမ်းပြီး သူ့ကြောင့်ဖြစ်လာတဲ့ ပလ္လင်ရဲ့အက်ကွဲကြောင်းက ကျွန်တော်ပြင်နိုင်တာထက်ကိုပိုပြီးမြန်နေတယ်”
“အခုသေခြင်းမဲ့တောင်တန်းကလည်းယာယီပြန်တည်ငြိမ်သွားပြီး မိစ္ဆာသတ္တဝါကလည်း ထပ်ပြီးရေတိုအိပ်မောကျသွားတာဖြစ်မယ်.. ဒါပေမဲ့ အကယ်၍ကျွန်တော်သာဒီပလ္လင်ကို
ဆက်ပြီးပြုပြင်နေရင် မိစ္ဆာသတ္တဝါကိုထပ်ပြီးနှိုးမိပြီးတော့ အဲ့တာကပလ္လင်ကိုထပ်ပြီးတိုက်ခိုက်လိမ့်မယ်”
လောချင်းချွမ်မှာ ဤအချိန်တွင်အကျပ်ရိုက်နေသည်။ အကယ်၍သူသာဤပလ္လင်ကိုမပြုပြင်လျှင် မကောင်းဆိုးဝါးသတ္တဝါကမကြာခင်သို့မဟုတ် နောက်ပိုင်း၌ ထွက်လာလိမ့်မည်ဖြစ်သည်။ အကယ်၍ သူ၎င်းအားပြုပြင်လျှင် သူကမကောင်းဆိုးဝါးသတ္တဝါအား
နှိုးမိလိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်၏အမူအယာပင်ပို၍ပို၍လေးနက်လာသည်။ အကယ်၍သွေးပန်းခက်မျိုးနွယ်စု၏ မိစ္ဆာသာမွေးဖွားလာလျှင် သူ့ဆီသို့သေချာပေါက်လာလိမ့်မည်ဖြစ်သည်။
“ဒီပလ္လင်ဒါမှမဟုတ် အောက်မှာဖိနှိပ်ထားတဲ့ သတ္တဝါနဲ့ပက်သက်ပြီး မှတ်တမ်းတင်ထားတဲ့ရှေးဟောင်း
စာအုပ်မျိုးဖြစ်ဖြစ် လောမိသားစုက လက်ဆင့်ကမ်းလာတဲ့ မှတ်တမ်းတွေဖြစ်ဖြစ်မရှိဘူးလား…ပြီးတော့ တစ်ခြားဆီးလ်ခတ်တဲ့ပညာရပ်မျိုးကောမရှိဘူးလား”
ရှစ်ဖုန့်ကလောချင်းချွမ်အားမေးလိုက်သည်။
“သေခြင်းမဲ့တောင်တန်းနဲ့လောမိသားစုကတည်ရှိတာအချိန်တွေတော်တော်ကြာကတည်းပဲ ဒီအချိန်ကာလအတောအတွင်းမှ ပြောင်းလဲမှုတွေကလည်းအများကြီးဖြစ်ပျက်ခဲ့တယ်”
“ဒဏ္ဍရီအရတော့ ကျွန်တော်တို့ လောမိသားစုမှ တော်တော်ကြာမြင့်တဲ့အချိန်ကာလတစ်ခုတုံးက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်
နှစ်ယောက်ပေါ်ထွန်းခဲ့ပြီး မိသားစုခေါင်းဆောင်နေရာအ
တွက်တိုက်ခိုက်ခဲ့ကြတယ်တဲ့.. အဲတိုက်ပွဲမှာလောမိသားစုအိမ်တော်တောင်အဲ့အချိန်တုံးကပြာအဖြစ်သက်ဆင်းခဲ့ရတယ်.
အဲ့တာကြောင့် .ကျွန်တော်တို့ဘိုးဘေးတေ ရဲ့မှတ်တမ်းတွေ ဒါမှမဟုတ်ရှေးဟောင်းစာအုပ်တွေကမရှိတော့ဘူး.”
လောချင်းချွမ်ကသက်ပြင်းချလိုက်သည်။
“ကောင်းပြီ”
လောချင်းချွမ်၏ စကားများအားကြားပြီးနောက်ရှစ်ဖုန့် ကူကယ်ရာမဲ့စွာဖြင့်လက်သင့်ခံလိုက်သည်။
“ဟားဟား..ဟားဟားဟား..”
ဤအချိန်တွင် ရှစ်ဖုန့်၏ကိုယ်ထဲမှကောင်းကင်မီးတောက်က ဟက်ဟက်ပက်ပက်ရယ်မောလာသည်။
ထို့နောက်ကောင်းကင်မီးတောက်က
ရယ်မောရင်းပြောလိုက်သည်။
“အဲ့တာကထွက်လာတော့မယ်.. နောက်ဆုံးတော့ထွက်လာတော့မယ်.. မင်းတို့ဘယ်သူမှတားဆီးနိုင်မှာမဟုတ်ဘူး. မကြာခင် ဒီကောင်းကင်အောက်ကသက်ရှိတွေအကုန်လုံး သူစုလိုက်အပြုံလိုက်သတ်တာကိုခံရမဲ့ နွားတွေ၊ဝက်တွေဖြစ်လာလိမ့်မယ်”
ကောင်းကင်မီးတောက်၏ စကားများအားကြားပြီးနောက်ရှစ်ဖုန့်က အေးစက်စွာပြောလိုက်သည်။
“သစ္စာဖောက်ကောင်”
“ဟမ့်”
ကောင်းကင်မီးတောက်ကနှာ
မှုတ်လိုက်ပြီးပြောလိုက်သည်။
“မင်းကစက်ဆုပ်ဖို့ကောင်းပြီး ရက်စက်ယုတ်မာတဲ့လူသားကောင်. မင်းကြောင့်သာမဟုတ်ရင် ငါဒီလိုအခြေအနေမျိုးကိုသက်ဆင်း
ရမှာမဟုတ်ဘူး”
“တစ်နှစ်..တစ်နှစ်ပဲ.. အကယ်၍ ငါသာမင်းရဲ့လှည့်စားတာကိုမခံခဲ့ရရင်..
ငါတစ်နှစ်ပဲထပ်ပြီးတော့စောင့်ဖို့လိုမှာ..သူထွက်လာတာနဲ့ သေချာပေါက်ငါ့ကို ကယ်ဖို့လာရှာမှာပဲ. နှစ်ပေါင်းများစွာတောင်ငါ့စောင့်ခဲ့ရတာ..ငါဘာလို့တစ်နှစ်ထပ်ပြီးတော့မစောင့်နိုင်ရမှာလဲ”
“ငါ့ရဲ့သရုပ်မှန်က အရမ်းကိုအဆင့်အတန်းမြင့်မားပြီးတော့ ငါကအဲ့အချိန်တုံးကအရမ်းလည်းစွမ်းအားကြီးတဲ့သူ. . ဘယ်လိုဖြစ်ပြီးတော့ မင်းလိုမျိုး စက်ဆုပ်ဖို့ကောင်းပြီးယုတ်မာတဲ့လူသားလက်ထဲမှာ ငါက သက်ဆင်းရနိုင်မှာလဲ..အဓိပ္ပါယ်မရှိဘူး..တကယ်ကို အဓိပ္ပါယ်မရှိဘူး”
ကောင်းကင်မီးတောက်၏လေသံတွင်
မကျေမချမ်းမှုများရောစွတ်ပါဝင်နေသည်။
“သူတောင်းစား. ဒီသခင်လေးကိုအလွယ်တကူနဲ့ အနိုင်ကျင့်လို့ရမယ်ခင်ဗျားထင်နေတာပဲ. ခင်ဗျားကပိုပိုပြီး မရိုးမဖြောင့်ဖြစ်လာတဲ့အပြင် ပိုပိုပြီးဒီသခင်လေးအပေါ်ရဲတင်း
လာနေတယ်.. “
ရှစ်ဖုန့်ကအေးစက်စွာအော်ပြောလိုက်၏။ ချက်ချင်းပဲသူ၏စိတ်အားလှုပ်ရှားလိုက်သည်။
“အား..အား..အား.အား”
ရုတ်ခြည်း ရှစ်ဖုန့်၏ကိုယ်ထဲမှ နာကျင်မှုအပြည့်ဖြင့်ဟစ်အော်မြည်တမ်းသံများဆက်တိုက်ထွက်ပေါ်လာသည်။ ၎င်းမှာကောင်းကင်မီးတောက်၏
အသံပင်ဖြစ်သည်။
အစက ကောင်းကင်မီးတောက်က ရှစ်ဖုန့်၏ ဝိညာဉ်နှင့်ဆက်သွယ်စကားပြောခဲ့သည်။ သို့သော်ယခုအခါတွင် ရှစ်ဖုန့်၏နှိပ်စက်ညှင်းပန်းမှုအောက်၌ နာကျင်မှုအပြည့်ဖြင့်ဆက်တိုက်အော်ဟစ်နေရ၏။ သူ၏ရှေ့၌ ရှိနေသောလောချင်းချွမ်ပင် ၎င်းအားကြားနိုင်သည်ဖြစ်သည်။
လောချင်းချွမ်မှာရှစ်ဖုန့်၏ကိုယ်ထဲမှ
လာသောနာကျင်မှုအပြည့်ဖြင့်အော်ဟစ်သံများကိုကြားရသည်။ သူ၏ခေါင်းအားလှည့်လိုက်ပြီး ရှစ်ဖုန့်ကိုမေးလိုက်သည်။
“သခင်လေးဖုန့် ဘာဖြစ်နေတာလဲ”
“ဘာမှမဟုတ်ဘူး.”
ရှစ်ဖုန့်က အေးစက်စွာပြန်ဖြေသည်။
“ဒီသခင်လေး မနာခံတတ်တဲ့သူတောင်းစားတစ်ကောင်ကို သင်ခန်းစာပေးနေတာ”
ရှစ်ဖုန့်ကထိုသို့ပြောလျှင် အဆင်ပြေသည်ဖြစ်သည်။ လောချင်းချွမ်ခေါင်းညိမ့်ပြီး ဘာမေးခွန်းမှထပ်မေးခြင်းမရှိချေ။ သူ၏မျက်လုံးများက အနက်ရောင်ပလ္လင်ပေါ်သို့ ကျရောက်နေပြီး အကျပ်ရိုက်နေသည်။
“အား.အား.အား. . မင်းဘယ်လိုတောင်လုပ်ရဲတာလဲ.. မင်းငါ့ကိုဘယ်လိုတောင်ဒီလိုဆက်ဆံရဲတာလဲ..မင်းသေချင်နေတာပကဲ. သူထွက်လာတဲ့အခါကြရင်..သူသေချာပေါက်ငါ့ကိုလာရှာမှာ.အဲ့အချိန်ကြရင် ထာဝရငရဲကျခံရအောင်လုပ်ပေးမယ်”
ကောင်းကင်မီးတောက်မှာနာကျင်မှုအပြည့်ဖြစ်ဟစ်အော်ရင်းဒေါသတကြီးပြောဆိုနေသည်။
ကောင်းကင်မီးတောက်၏စကား
များအားနားထောင်ပြီးနောက် ရှစ်ဖုန့်ကအေးစက်စွာအော်ပြောလိုက်သည်။
“ကြည့်ရတာဒီနာကျင်မှုနည်းနည်းလေးက ခင်ဗျားအတွက်မလုံလောက်သေး
ဘူးနဲ့တူတယ်”