← Chapters

အခန်း (၆၉၆)

Vol. 47 Ch. 696

အခန်း (၆၉၆)

Vol. 47 Ch. 696

“အား………..အား……”

ရှစ်ဖုန့်၏ ပို၍ပြင်းထန်သောညှင်းပန်းနှိပ်စက်မှု

အောက်တွင် ကောင်းကင်မီးတောက်၏ နာကျင်မှုအပြည့်ဖြင့်စူးစူးဝါးဝါးအော်သံများက ရှစ်ဖုန့်၏ကိုယ်အတွင်းမှထွက်ပေါ်လာသည်။

“မင်း..မင်း..အား..”

ကောင်းကင်မီးတောက်မှာအပြင်းအထန်ရုန်းကန်အော်ဟစ်နေဆဲဖြစ်သည်။ သို့သော် ရှစ်ဖုန့်နှင့်တစ်နှစ်ကျော်ခန့်အတူတူအချိန်ကုန်ဆုံးခဲ့ပြီးနောက် ဤလူ၏ ပင်ကိုယ်စရိုက်ကို ရှင်းလင်းစွာသူသိလာသည်။ အကယ်၍သူထပ်မံဒေါသထွက်လျှင် သူဘာမှမလုပ်နိုင်ဖို့ကသာပို၍များပြားသည်ဖြစ်သည်။

အဆုံးသတ်တွင်ကောင်းကင်မီးတောက်မှာ သူ၏ဒေါသတို့အားမျိုချထားရန်ကိုသာရွေးချယ်လိုက်သည်။ ဤလူ၏ ရပ်တန်ပေးမှုကို နာကျင်စွာဖြင့် အော်ဟစ်ရင်း စိတ်ပျက်စွာဖြင့်သူစောင့်စားနေရတော့သည်။

“ဝုန်း.ဝုန်း…ဝုန်း..ဝုန်း..”

ဤအချိန်တွင်ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့ရှေ့မှ အနက်ရောင်ပလ္လင်ကြီးက ထပ်မံတုန်ခါလာပြန်သည်။ သေခြင်းမဲ့တောင်တန်းက နောက်တစ်ကြိမ် ပြင်းထန်စွာလှုပ်ခါသောအခြေအနေ

သို့စိုက်ရောက်သွားသည်။

လိုက်ပါယိမ်းထိုးနေဆဲဖြစ်သော

ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့မှာ သူတို့ရှေ့ရှိအနက်ရောင်ပလ္လင်ပေါ်မှ

အက်ကွဲကြောင်းထပ်မံစတင်ပြန့်ကားလာသည်ကို တွေ့လိုက်ရသည်။

“ဒီသတ္တဝါရဲ့မွေးဖွားလာမှုကိုတားဆီးနိုင်မဲ့နည်းလမ်းတကယ်ပဲမရှိတော့တာလား”

ရှစ်ဖုန့် က သူ၏စိတ်ထဲမှ စိုးရိမ်ပူပန်မှုဖြင့် ပြောလိုက်သည်။

သို့သော်ဤအချိန်တွင် ရုတ်တရက် ရွှေရောင်အလင်းတစ်ခုအား

ရှစ်ဖုန့်မြင်တွေ့လိုက်ရ၏။

ဤအချိန်တွင် ရှစ်ဖုန့်၏မျက်လုံးတို့ကအရောင်လက်သွားပြီး ဤအရာအားရုတ်ခြည်းသတိရသွားသည်။

“အရာခပ်သိမ်းရဲ့မူလဇစ်မြစ်”

ရှစ်ဖုန့်ကသူ၏ခေါင်းအားဖြည်းဖြည်းချင်းမော့လိုက်ပြီး သူ၏ဦးခေါင်းထက်၌ လက်သီးစုပ်အရွယ် အလင်းလုံးတစ်ခုလွင့်မျောရပ်တည်နေသည်ကို တွေ့လိုက်ရသည်။ ဤအချိန်တွင်လောချင်းချွမ်ကလည်း သူ၏ခေါင်းကိုမော့လိုက်ပြီး ရှစ်ဖုန့်၏ ဦးခေါင်းထက်မှ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်အား

တွေ့လိုက်ရသောအခါတွင် အံ့အားသင့်သွားရသည်။

“အားကောင်းလိုက်တဲ့ဖိအား. ရွှေရောင်အလင်းလုံးက ရှေးဟောင်းစာအုပ်တွေထဲမှာ

မှတ်တမ်းတင်ထားတဲ့ အရာတစ်ခုနဲ့အရမ်းဆင်တူနေတယ်..ဒါက အဲ့အချိန်တုံးက ဆရာရရှိခဲ့တဲ့ဒဏ္ဍာရီလာနတ်ဘုရားလက်နက် အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ပဲ.. ဒါကဆရာသေရတဲ့အဓိကသော့ချက်တစ်ခုဆိုရင်လဲဟုတ်တယ်”

အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က ပေါ်လာသကဲ့သို ရှစ်ဖုန့်၏စိုးရိမ်ပူပန်မှုကလည်းဖြည်းဖြည်းချင်း တည်ငြိမ်လာသည်။

“ဘာလို့ငါအဲ့တာကိုစောစောကမစဉ်းစားမိရတာလဲ. အရာခပ်သိမ်းရဲ့မူလဇစ်မြစ် ဒါမှမဟုတ် အရာခပ်သိမ်းရဲ့မူလဇစ်မြစ် အရင်ပိုင်ရှင်က သွေးပန်းခက်မျိုးနွယ်စုနဲ့ ကြီးမားတဲ့ ရန်ညှိုးတွေရှိဖို့များတယ်..အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကိုကိုင်ထားတဲ့သူက သူ့ကို နှစ်ပေါင်းမရေတွက်နိုင်လောက်တဲ့အထိ ရေခဲမိစ္ဆာကောင်းကင်ဘုံအပြစ်ပေးအစီအရင်ထဲဆီးလ်ခတ်ထားခဲ့တယ်လို့ ကောင်းကင်မီးတောက်ကိုယ်တိုင်

ကပြောခဲ့သေးတာပဲ”

ရှစ်ဖုန့်က ပြန်လည်တည်ငြိမ်လာပြီးနောက် ကောင်းကင်မီးတောက်အားနှိပ်စက်နေမှုကို ဖြည်းဖြည်းချင်းဖြေလျော့ပေးလိုက်သည်။ ဤအချိန်တွင်ကောင်းကင်မီးတောက်က အံကို တင်းတင်းကြိတ်ပြီး ပြောလိုက်၏။

“သောက်ချီးပဲ.. အရာခပ်သိမ်းရဲ့မူလဇစ်မြစ်”

အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ပေါ်ပေါ်လာခြင်း ၎င်းထံမှရွှေရောင်အလင်းတန်းတစ်ခု

ပေါ်လာကာ အနက်ရောင်ပလ္လင်ထံဝင်ရောက်သွားသည်။

“ဝုန်း..ဝုန်း.ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..”

အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ထံမှ လာသောရွှေရောင်အလင်းတန်းအောက်တွင် အနက်ရောင်ပလ္လင်၏တုန်ခါမှုမှာ

ပို၍ပို၍ပြင်းထန်လာပြီးအောက်၌

ဖိနှိပ်ခံထားရသော မိစ္ဆာသတ္တဝါက ပို၍ပို၍ စိတ်ဆိုးမာန်ဆိုးဖြစ်လာသကဲ့သို့ပင်ဖြစ်သည်။

ပြင်းထန်သောမြည်ဟိန်းသံများ၏အလယ်တွင်ရှစ်ဖုန့်၏အသံကရုတ်တရက်ထွက်ပေါ်လာသည်။ ရှစ်ဖုန့်ကလောချင်းချွမ်အားအော်

ပြောလိုက်သည်။

“အခြေအနေက မရှင်းလင်းဘူး. မင်းနဲ့ငါအခု ဆုတ်ခွာပြီးတော့ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်နဲ့အဲ့ သတ္တဝါကြားထဲက ယှဉ်ပြိုင်မှုကို စောင့်ကြည့်သင့်တယ်..”

တစ်ချိန်တည်းမှာပင် ရှစ်ဖုန့်က သူ၏နောက်မှ ယင်အလောင်းကောင်အုပ်ကြီးကိုလည်း ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းနှစ်ယောက်သားဆယ်မီတာကျော်လောက်အထိဆုတ်ခွာလိုက်ပြီး ဆယ်မီတာအကွာမှနေ၍ ရပ်ကာ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်နှင့်ထို

သတ္တဝါတို့ကြားထဲကယှဉ်ပြိုင်မှုရလဒ်အား တတ်တဆိတ်စောင့်ဆိုင်းနေကြသည်။

ဤအချိန်တွင်သူတို့နှစ်ယောက်သား မှာ အခြေခံအားဖြင့်သူတို့၏မျှော်လင့်ချက်

အားလုံးအား အရာခပ်သိမ်းရဲ့မူလဇစ်မြစ်အ

ပေါ်တွင်ပုံအပ်ထားကြသည်။ ထိုမိစ္ဆာသတ္တဝါအားထပ်မံဖိနှိပ်နိုင်ခြင်းမနိုင်ခြင်က ၎င်းပေါ်တွင်မူတည်သည်ဖြစ်သည်။

“ဒီကောင်ကသာသူ့ရဲ့ စွမ်းအားကိုပြပြီးတော့ အဲ့မိစ္ဆာသတ္တဝါကို အပြီး ရှင်းပစ်ပြီး ဖြစ်လာမဲ့အနာဂတ်ပြဿနာတွေကို တားဆီးလိုက်ရင်အကောင်းဆုံးပဲ”

ရှစ်ဖုန့်ကသူ့ရှေ့ရှိ ရွှေရောင်အလင်းနှင့်အနက်ရောင်ပလ္လင်

တို့အားကြည့်၍ တွေးလိုက်သည်။

“ဒါက အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ဖြစ်ပြီး နတ်ဘုရားအဆင့်ဆန်းကြယ်တဲ့လက်နက်လေးတစ်ခုသာသာပဲရှိတာ..ဘယ်လိုတောင်သူ့ကိုသတ်ဖို့ကြိုးစားရဲရတာလဲ.”

ဤအချိန်တွင် ရှစ်ဖုန့်၏ကိုယ်ထဲမှကောင်းကင်မီးတောက်က ရှစ်ဖုန့်၏အတွေးတို့အားအာရုံခံမိပြီး အထင်သေးမှုအပြည့်ဖြင့် ပြောလိုက်သည်။

“ဝုန်း”

ဤအချိန်တွင် နောက်ထပ်ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာသည်။ ရှစ်ဖုန့်နှင့် လောချင်းချွမ်တို့နှစ်ဦးလုံး တုန်လှုပ်အံ့အားသင့်သွားကြသည်။

အရာခပ်သိမ်းရဲ့မူလဇစ်မြစ်၏ရွှေရောင်အလင်းတန်းက အနက်ရောင်ပလ္လင်အားလွှမ်းခြုံလိုက်သည်ကိုသူတို့တွေ့လိုက်ရသည်။ ထို့နောက်ရုတ်ခြည်းအနက်ရောင်ပလ္လင်ကရုတ်တရက်ပေါက်ကွဲသွားကာ အနက်ရောင်အပျက်အစီးအပိုင်းအစများအဖြစ် ဦးတည်ချက်ပေါင်းစုံသို့လွင့်ပျံထွက်လာသည်။

“အိုး.မကောင်းတော့ဘူး… ပလ္လင်ရဲ့ဆီးလ်ကိုအဲ့မိစ္ဆာချိုးဖျက်တော့မယ်..အဲ့မိစ္ဆာ.. အဲ့တာက ပြန်လည်မွေးဖွားလာတော့မယ်”

လောချင်းချွမ်ကထိတ်လန့်စွာဖြင့်

အော်ဟစ်လိုက်သည်။

ရုတ်တရက်လွန်စွာစွမ်းအားကြီးမားသော သတ်ဖြတ်ခြင်းနှင့်ဖျက်ဆီးခြင်းအော်ရာတစ်ခုက သူတို့၏ရှေ့ စတင်သိမ်းကျုံးထွက်ပေါ်လာပြီး ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့အား ပို၍ တုန်လှုပ်သွားစေသည်။ ရှစ်ဖုန့်ပင် ဖော်ပြ၍မရနိုင်အောင်ထိတ်လန့်သွားကာ ဤအော်ရာ၏အောက်၌ စွမ်းအားမဲ့မှုကိုခံစားလိုက်ရသည်။

“ဒါက”

ဦးတည်ချက်ပေါင်းစုံသို့ လွင့်ထွက်နေဆဲဖြစ်သောအနက်ရောင်

အပျက်အစီးအပိုင်းအစများကြားထဲတွင်ကလေးတစ်ယောက်အရွယ်ရှိသော သွေးနီရောင်ဥတစ်လုံးက ထိုနေရာလွင့်မျောရပ်တည်နေသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။

သွေးနီရောင်ဥပေါ်တွင် မျက်စိကိုဖမ်းစားနိုင်သောထူးဆန်းသည့်သွေးနီရောင်အမှတ်အသားများရှိနေသည်။

“ဒါက..သွေးပန်းခက်မျိုးနွယ်ဝင်ရဲ့ဥပဲ”

သွေးနီရောင်ကထံသို့ကြည့်င်း ရှစ်ဖုန့်က တုန်လှုပ်အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

“နိဗ္ဗာနပြန်လည်မွေးဖွားခြင်း. သူပြန်လည်မွေးဖွားလာပြီ.. သူသာသွေးအမှတ်အသားဥကိုခွဲပြီး ကမ္ဘာပေါ်ကိုပြန်ရောက်လာတာနဲ့ ဟားဟား သက်ရှိအားလုံးကိုသူအစုလိုက်အပြုံ

လိုက်သတ်ဖြတ်မှာကို ဘယ်လိုလူကတားဆီးနိုင်စွမ်းရှိမှာလဲ..

ဒီကမ္ဘာပေါ်က ရှိသမျှသက်ရှိအကုန်လုံး ရှင်းထုတ်ခံရမှာ.. “

ရှစ်ဖုန့်၏ကိုယ်ထဲမှ ကောင်းကင်မီးတောက်က ထပ်မံရယ်မောလိုက်သည်။

“ဒါက ပျက်စီးနေတဲ့ဥတစ်လုံးပဲ. ဒီသခင်လေးအခုသတ်ပစ်မယ်”

ရှစ်ဖုန့်ကမကျယ်သောအသံဖြင့်ပြောဆိုကာ သူ၏စိတ်ထဲမှ ခံစားချက်အားလုံးကိုဖိနှိမ်ပစ်လိုက်သည်။ ရုတ်ခြည်းအလောင်းတစ်သောင်းအစီအရင်အား အသက်သွင်းလိုက်ကာ စွမ်းအားများကို သူ၏ဘယ်လက်ထဲမှငွေရောင်တံစဉ်အတွင်းသို့သွန်းလောင်းထည့်လိုက်သည်။ မကြာခင်တွင် ရှစ်ဖုန့်၏ လက်ထဲမှငွေရောင်တံစဉ်က စတင်တုန်ခါလာသည်။

“သွားစမ်း”

ရှစ်ဖုန့်ကအော်ဟစ်လိုက်ပြီးနောက် သူ၏ငွေရောင်တံစဉ်အား သွေးအမှတ်အသားဥထံသို့ လွှဲယမ်းလိုက်သည်။

“ဘန်း”

ပေါက်ကွဲမှုကကောင်းကင်နှင့်မြေပြင်အားလှုပ်ခါသွားစေသည်။ သို့သော်ထို့နောက်တွင် ငွေရောင်တံစဉ်မှာ လွန်စွာမာကျော်သောအရာဝတ္တုတစ်ခု

အားထိမှန်သွားသည့်သာမန် အိမ်သုံးဓားတစ်ချောင်းကဲ့သို့ ဖြစ်သွားပြီး ပြန်လည်လွင့်ထွက်လာသည်ကို ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့တွေ့လိုက်ရသည်။

ရှစ်ဖုန့်ကသူ၏စွမ်းအားအားလုံးအား ငွေရောင်တံစဉ်အတွင်းသို့သွန်းလောင်းခဲ့သော်လည်း သွေးရောင်ဥကတော့ ပကတိအတိုင်းခြေရာလက်ရာမပျက်ရှိနေဆဲဖြစ်သည်။သွေးနီရောင်အမှတ်အသားများဖုံး

လွှမ်းထားသော ဥခွံပေါ်တွင် အက်ရာတစ်ခုပင်ကျန်ခဲ့ခြင်းမရှိခဲ့ပေ။

“ဟားဟား.မင်းကအဲ့တာကိုဖျက်ဆီးချင်တာတဲ့လား..အဲ့တာက အရူးအိမ်မက်တစ်ခုပဲ.. ဟားဟားဟားဟား”

ရှစ်ဖုန့်ရှုံးနိမ့်သွားသည်ကို တွေ့ရသောအခါတွင် ကောင်းကင်မီးတောက်က ဟက်ဟက်ပက်ပက်ထပ်မံရယ်မောလိုက်သည်။

ဤအချိန်တွင် အရာခပ်သိမ်းရဲ့မူလဇစ်မြစ်၏ ရွှေရောင်အလင်းလုံးက စတင်လှုပ်ရှားလာသည်။

အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က ရုတ်တရက်တုန်ခါသွားပြီး သွေးနီရောင်ဥထံသို့ တစ်ဟုန်ထိုးဦးတည်လိုက်သည်။

သွေးနီရောင်ဥမှာမူလက ဆိတ်ငြိမ်စွာဖြင့်ခံစားချက်မဲ့စွာ လွင့်မျောရပ်တည်နေခဲ့သည်။ သို့သော်ဤအချိန်တွင် ၎င်းမှာ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်၏ အငြိုးနှင့်ခြိမ်းခြောက်မှုတို့အား ခံစားမိပုံရပြီး ရုတ်တရက်လှုပ်ရှားသွားကာ အရာခပ်သိမ်းမူလဇစ်မြစ်၏ ရွှေရောင်အလင်းလုံးနှင့်ပစ်ဆောင့်လိုက်သည်။

အရာဝတ္ထုနှစ်ခု တစ်ခုကရွှေရောင်နှင့်တစ်ခုက အနီရောင် ၎င်းတို့ကတစ်ခုနှင့်တစ်ခု နီးကပ်သည်ထက်နီးကပ်လာသည်။ ရုတ်ခြည်း၎င်းတို့ ပြင်းထန်စွာပစ်ဆောင့်သွားသည်။

“ဝုန်း”

ဤအချိန်တွင်ယင်းမှာ မိုးကောင်ကင်က ဒေါသအမျက်ထွက်ပြီး မြေပြင်က တုန်ခါသကဲ့သို့ပင်ဖြစ်သည်။

အစကတည်းက တည်ငြိမ်ခြင်းမရှိသော မြေပြင်မှာ ဘီလူးကြီးတစ်ကောင်က ဆုပ်ကိုင်ပြီး ပြင်းထန်စွာလှုပ်ခါလိုက်သကဲ့သို့ ပို၍ပြင်းထန်စွာလှုပ်ခါသွားသည်။

“ဝုန်း..ဝုန်း..ဝုန်း.ဝုန်း.ဝုန်း..”

ထို့နောက်တွင် တိုက်ဆောင့်မိသည့် အသံတို့က ပို၍ပို၍ ကျယ်လောင်လာပြိး ကမ္ဘာကြီးအားဆက်လက်ဖြတ်သန်းရိုက်ခတ်နေသည်။ယင်းမှာကမ္ဘာတစ်ခုလုံးပြိုကွဲတော့မည့်သကဲ့သို့ပင်ဖြစ်သည်။စစ်မှန်သောစွမ်းအားက ကမ္ဘာကြီးအားဖျက်ဆီးပစ်တော့

မည်သကဲ့သို့ပင်ဖြစ်သည်။

All Chapters