အခန်း (၆၉၇)
Vol. 47 Ch. 697
သေခြင်းမဲ့တောင်တန်း၏ လျှို့ဝှက်တောင်ကြားချိုင့်ဝှမ်းအတွင်းရှိ မြေတုန်ဟီးစေသော ပစ်ဆောင့်မှုအတွင်းတွင် သေခြင်းမဲ့တောင်တန်းတစ်ခုလုံး ယခင်ကတစ်ခါမှဖြစ်ဖူးခြင်းမရှိသည့်တုန်ခါမှုမျိုးဖြင့်တုန်ခါနေသည်သာမက ပြင်းထန်သောစွမ်းအင်အတက်အကျ
လှိုင်းများကြောင့် ဤဧရိယာအတွင်းရှိသိပ်သည်း
သောအနက်ရောင်မြူများလည်း ပျောက်ကွယ်သွားခဲ့သည်မှာကြာပြီဖြစ်သည်။
ရှစ်ဖုန့်နှင့်လောချင်းချွမ်မှာလည်း ယင်အလောင်းကောင်အုပ်နှင့်
အတူထွက်ခွာလာပြီးဖြစ်သည်။ သူတို့က သူတို့လုံးဝဝင်စွတ်ဖက်နိုင်ခြင်းမရှိသော တိုက်ပွဲအား အဝေးမှကြည့်နေရုံသာတက်နိုင်သည်။
ရွှေရောင်အလင်းလုံးနှင့် သွေးရောင်အမှတ်အသားကဥတို့က ပြင်းထန်စွာဆက်လက်ပစ်ဆောင့်နေကြသည်။ ကမ္ဘာတစ်ခုလုံးကပြင်းထန်စွာတုန်ခါနေဆဲဖြစ်သည်။ အနက်ရောင် အက်ကွဲကြောင်းများနှင့် အနက်ရောင်အာကာသတွင်းနက်များ
ကတစ်ခုပြီးတစ်ခုပေါ်လာသည်။ ၎င်းတို့မှာစွမ်းအားကြီးအရာဝတ္ထုနှစ်ခုတို့၏ ပစ်ဆောင့်မှုပြီးနောက် လေထဲ၌ဖြစ်ပေါ်လာသော
အပေါက်များဖြစ်ကြသည်။
ဤသည်မှာ ယခုကဲ့သို့ပြင်းထန်သောပစ်ဆောင့်
မှုမျိုးကိုရှစ်ဖုန့် ဒုတိယအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။
ပထမအကြိမ်က ရှစ်ကျင်းရွှိုက်နှင့်အရှေ့ပင်လယ်အတွင်း တစ္ဆေသင်္ဘောပေါ်၌ရှိနေခဲ့စဉ်ကဖြစ်သည်။ အဖြူရောင်ခေါင်းတလားနှင့်အရာခပ်သိမ်းရဲ့မူလဇစ်မြစ်တို့၏ ပစ်ဆောင့်မှုကိုသူမြင်တွေ့ခဲ့ရသည်။
“ဒါ..ဒါက နတ်ဘုရားအဆင့်စွမ်းအားတွေရဲ့
ထိပ်တိုက်တွေ့မှုလား”
လောချင်းချွမ်မှာထိုဦးတည်ချက်ဘက်သို့ ထိတ်လန့်စွာဖြင့် ကြည့်နေဆဲဖြစ်ပြီး တုန်လှုပ်အံ့အားသင့်စွာဖြင့် ရေရွတ်ပြောလိုက်သည်။
“ဒီကောင်ဒီသခင်လေးအတွက် ကောင်းကောင်းလုပ်နေတယ်. အဲ့သောက်ဥကိုဖျက်ဆီးပစ်လိုက်စမ်း”
လောချင်းချွမ်နှင့်ယှဉ်လိုက်လျှင် ရှစ်ဖုန့်၏ အမူအယာကများစွာတည်ငြိမ်မှုရှိကာ သူ့ဖာသာသူတွေးနေသည်။
သို့သော်ဤအချိန်တွင် အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က သွေးဥနှင့် ထပ်မံပစ်ဆောင့်လိုက်သည်။ ပေါက်ကွဲမှုများ၏အလယ်မှ အက်ကွဲသံတစ်ခုကိုရှစ်ဖုန့်ကြားလိုက်ရ၏။
“ခရက်”
“အဲ့တာတကယ်ပဲကွဲသွားတာလား”
အသံအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်၏ကိုယ်က တုန်ခါသွားသည်။ သွေးအမှတ်အသားဥနှင့်အရာခပ်သိမ်းရဲ့မူလဇစ်မြစ်တို့ကွဲကွာသွားသောအခါတွင် သွေးအမှတ်အသားဥတွင် သူတို့အစောပိုင်းကပစ်ဆောင့်ထိတွေ့ သောနေရာ၌ ပင့်ကူအိမ်ကဲ့သို့အက်ကွဲကြောင်းတစ်ခုပေါ်လာသည်ကိုရှစ်ဖုန့်တွေ့လိုက်ရသည်။
ထို့နောက်ချက်ချင်း သွေးအမှတ်အသားဥနှင့်ကွဲကွာသွားသော အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကလည်း ရုတ်တရက်တုန်ခါလာသည်။အရာခပ်သိမ်းရဲ့မူလဇစ်မြစ်၏ရွှေရောင်အလင်းလုံးမှာ ရုတ်တရက်တော်တော်လေးမှေးမှိန်သွားသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။
၎င်းကသွေးအမှတ်အသားဥအား
ထုနှက်ပြီးသည့်နောက် သွေးအမှတ်အသားဥကြောင့်
တော်တော်လေးထိခိုက်ခဲ့ပုံရသည်။
ထို့နောက်ချက်ချင်းနတ်ဘုရားလက်နက်နှစ်ခုမှာ ရှုံးနိမ့်မှုအားဝန်မခံချင်ကြသကဲ့သို့ ထပ်မံစတင်ပြင်းထန်စွာပစ်ဆောင့်ကြသည်။ မြေကိုလှုပ်ခါစေသောပေါက်ကွဲသံများကထပ်မံထွက်ပေါ်လာသည်။
“ဝုန်း..ဝုန်း..ဝုန်း.ဝုန်း.ဝုန်း”
နတ်ဘုရားလက်နက်နှစ်ခုက ထပ်မံစတင်ပစ်ဆောင့်သကဲ့သို့ ပေါက်ကွဲသံများကလည်းထပ်ကာထပ်ကာထွက်ပေါ်လာသည်။
ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့မှာ သွေးအမှတ်အသားဥပေါ်ရှိအက်ကွဲကြောင်းတို့ကပို၍ပို၍ များပြားလာသည်ကို တွေ့လိုက်ရပြီး ရွှေရောင်အလင်းလုံးမှာလည်း ပို၍ပို၍မှေးမှိန်လာသည်ကို တွေ့လိုက်ရသည်။
တစ်ခုနှင့်တစ်ခုသက်ရောက်မှုအောက်တွင် နတ်ဘုရားလက်နက်နှစ်ခု၏ အော်ရာများမှာလည်း ပို၍ပို၍အားနည်းသည်ထက်အား
နည်းလာသည်။
“ဒီလိုသာဆက်သွားရင် သွေးအမှတ်သားဥ ကဖျက်ဆီးခံရဖို့ပိုများတယ်.. သခင်လေးဖုန့်သခင်လေးရဲ့အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကလည်းထိခိုက်သွားလိမ့်မယ်”
လောချင်းချွမ်ကပြောလိုက်သည်။
“အဲ့တာထိခိုက်သွားလည်းကိစ္စမရှိဘူး. တို့တွေအဲ့မိစ္ဆာသတ္တဝါကိုရှင်းထုတ်ပစ်နိုင်ရင်အဲ့တာကတန်တယ်..”
ရှစ်ဖုန့်ကတုန့်ဆိုင်းခြင်းမရှိဘဲပြောလိုက်သည်။ထို့အပြင် ၎င်းပစ္စည်းက သူ၏ထိန်းချုပ်မှုအောက်၌ရှိမနေပေ။ သွေးပန်းခက်မျိုးနွယ်၏ မမြင်နိုင်သောပြဿနာများအားဖယ်ရှားပစ်နိုင်သည်ဆိုလျှင် ဤထိခိုက်သွားလျှင်ပင် သူဂရုစိုက်လိမ့်မည်မဟုတ်ပေ။
“ဝုန်း..ဝုန်း..ဝုန်း…ဝုန်း..ဝုန်း.”
ပစ်ဆောင့်မှုများထပ်တလဲလဲဖြစ်ပြီးနောက် မူလကရွှေရောင်အလင်းလုံးဖြစ်သော အရာခပ်သိမ်းရဲ့မူလဇစ်မြစ်မှာ ယခုအခါ၌ မြေဝါရောင်အလင်းလုံး ကဲ့သို့ ပြောင်းလဲသွားသည်။သွေးအမှတ်အသား
ဥအတွက်မူ ၎င်း၏မျက်နှာထက်တွင် သိပ်သည်းများပြားလှသော
အက်ကွဲကြောင်းများ ဖြစ်ပေါ်နေပြီးဖြစ်သည်။ ယင်းမှာ ၎င်းအနေဖြင့် ယခင်ကကဲ့သို့သာထိမှန်ခဲ့လျှင် ဥအားအပြီးတိုင် ကွဲအောင်လုပ်နိုင်မည်ဖြစ်သကဲ့သို့ပင်ဖြစ်သည်။
ကွဲတော့မည့် သွေးပန်းခက်မျိုးနွယ်၏ဥအားကြည့်ရင်းရှစ်ဖုန့်ကစိတ်ထဲမှပြောလိုက်သည်။
“ကွဲသွားစမ်း”
ထို့နောက်တွင် ရှစ်ဖုန့်က သူ၏ဘယ်လက်ထဲမှ ငွေရောင်တံစဉ်အားလောချင်းချွမ်ကို
လွှဲပေးလိုက်ပြီး ပြောလိုက်သည်။
“ချင်းချွမ်.. ဒါကကိုယူပြီးမင်းရဲ့စွမ်းအားတွေကို ဒီထဲသွန်းလောင်းထည့်လိုက်.ပြီးရင်ဒီသခင်လေးရဲ့အမိန့်ပေးတာကိုစောင့်နေ”
“ကောင်းပြီ”
ရှစ်ဖုန့်၏စကားများအားကြားသောအခါတွင် လောချင်းချွမ်က ငွေရောင်တံစဉ်အားယူလိုက်ပြီး တုန့်ဆိုင်းခြင်းမရှိ သူ၏စွမ်းအားများကို၎င်းအတွင်း
သို့သွန်းလောင်းထည့်လိုက်သည်။
ထို့နောက်တွင် ရှစ်ဖုန့်၏ မျှော်လင့်စောင့်စားနေသော
အကြည့်တို့အောက်တွင် သွေးအမှတ်အသားဥနှင့်အရာခပ်သိမ်းရဲ့မူလဇစ်မြစ်တို့က ရုတ်တရက်လှုပ်ရှားလိုက်ပြီး တစ်ခုနှင့်တစ်ခုပြင်းထန်စွာ
ထပ်မံပစ်ဆောင့်သွားသည်။
“ဝုန်း”
မြေကိုလှုပ်ခါစေသောပစ်ဆောင့်သံ
ကထပ်မံထွက်ပေါ်လာသည်။ ဤပစ်ဆောင့်မှုပြီးသည့်နောက်တွင် ရှစ်ဖုန့်မှာအရာခပ်သိမ်းမူလဇစ်မြစ်၏ မြေဝါရောင်က လုံးဝမီးခိုးရောင်အလင်းလုံးအဖြစ်ပြောင်း
လဲသွားသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ ၎င်း၌ ယခင်ကဲ့သို့နတ်ဘုရားလက်နက်တစ်ခု ၏ အရှိန်အဟုန်များရှိမနေတော့ပေ။
“ချီးပဲ .ဒီမိစ္ဆာသတ္တဝါက မကွဲသေးဘူး. အခု ဒီသခင်လေးထပ်ပြီးကူမှရတော့မယ်”
ရုတ်တရက်သက်ရောက်မှုတို့ကြောင့် သွေးရောင်ဥ၏ အခွံအပိုင်းအစတို့ကမြေပြင်ပေါ်ကျဆင်း
လာသည်။ သို့သော်သွေးရောင်ဥမှာ လုံးဝကွဲမည့်ပုံမပေါ်သေးပေ။
ဤအချိန်တွင် လောချင်းချွမ်ကသူ၏စွမ်းအားအားလုံအား ငွေရောင်တံစဉ်အတွင်းသို့သွန်းလောင်း
ပြီးဖြစ်သည်ကို ရှစ်ဖုန့်အာရုံခံမိသည်။ လောချင်းချမ်၏ညာလက်ထဲမှ ငွေရောင်တံစဉ်က အဆက်မပြတ်တုန်ခါနေသည်။
ထိုစဉ် ရှစ်ဖုန့်ကလောချင်းချွမ်အား အော်ပြောလိုက်သည်။
“အဲ့တာကို သောက်ဖွတ်ကျားဥဆီပို့ပြီး အပြီးဖျက်ဆီးပစ်လိုက်”
ရှစ်ဖုန့်၏အော်သံအားကြားလိုက်ရသော
အခါတွင် လောချင်းချွမ်ကသူ၏ညာလက်အားချက်ချင်းလွှဲယမ်းလိုက်ပြီးငွေရောင်တံစဉ်ကပျံသန်း
ထွက်သွားကာ အက်ကွဲနေသော သွေးရောင် ဥကိုခုတ်ပိုင်းလိုက်သည်။
ဤအချိန်တွင်သွေးအမှတ်အသားဥကထပ်မံလှုပ်ရှားလိုက်သည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ဤအချိန်တွင်၎င်းက အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ထံသို့ တိုက်ခိုက်မှုအားထုတ်ဖော်ခြင်းမရှိပေ။ ထိုအစား၎င်းကကောင်းကင်ထဲ
သို့တည့်တည့်ထိုးတက်သွားသည်။
“ထွက်ပြေးဖို့ကြိုးစားနေတာပဲ”
သွေးအမှတ်အသားဥ၏ လှုပ်ရှားမှုအား တွေ့ရသောအခါတွင် ဤမိစ္ဆာသတ္တဝါ၏လုပ်ဆောင်မှုအားရှစ်ဖုန့်ချက်ချင်းနားလည်သွားသည်။ ငွေရောင်တံစဉ်မှာ သူ၏ စိတ်နှင့်ချိတ်ဆက်ထားသည်ဖြစ်သည်။ သူ၏ရှေ့မှပျံသန်းနေသော ငွေရောင်တံစဉ်မှာ ရုတ်ခြည်းရှစ်ဖုန့်၏စိတ်ထဲမှထောင့်ချိုးအတိုင်းဦးတည်သွားသည်။လွန်စွာမြန်ဆန်သောအမြန်နှုန်းဖြင့် ထွက်ပြေးရန်ကြိုးပမ်းနေသော ကွဲအက်နေသည့် သွေးအမှတ်အသားဥနောက်
သို့လိုက်လိုက်သည်။
သွေးအမှတ်အသားဥနှင့်အရာ
ခပ်သိမ်းရဲ့မူလဇစ်မြစ်တို့က ကြိမ်ဖန်များစွာပစ်ဆောင့်ခဲ့ကြသည်ဖြစ်သည်။သွေးအမှတ်သားဥ၏ အဟုန်၊စွမ်းအားနှင့်အော်ရာတို့က ၎င်း၏အထွတ်အထိပ်သို့ရောက်ရှိခဲ့ပြီးဖြစ်သည်။နောက်ဆုံးတွင်၎င်းမှာ ရှစ်ဖုန့်၏မျှော်မှန်းထားချက်အ
တွင်း၌သာရှိနေသည်။ ငွေရောင်တံစဉ်က သွေးအမှတ်အသားဥအား၎င်း
ထက်မြန်ဆန်သောအမြန်နှုန်းဖြင့် ခုတ်ပိုင်းလိုက်သည်။
“ဝုန်း”
အစောပိုင်းကမှတည်ငြိမ်သွားသော ကောင်းကင်နှင့်မြေပြင်မှာ ရုတ်တရက်ထပ်မံပေါက်ကွဲလာပြန်သည်။ ကောင်းကင်နှင့်မြေပြင်က ထပ်မံပြင်းထန်စွာလှုပ်ခါသွားသည်။
ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့၏မျက်လုံးများက ကောင်းကင်ပေါ်သို့ကျရောက်
နေသည်မှာကြာပြီဖြစ်သည်။
ငွေရောင်တံစဉ်ကရုတ်တရက်ခုတ်ပိုင်းသွားပြီး ငွေးအမှတ်အသားဥမှ သွေးနီရောင်အခွံများက နောက်တစ်ကြိမ်မြေပြင်ပေါ်သို့
ကျဆင်းလာပြန်သည်။
သို့သော် သွေးအမှတ်အသားဥမှာ ဤကဲ့သို့အားကောင်းသော ခုတ်ပိုင်း ချက်အောက်တွင်ပင်လုံးဝကွဲထွက်
သွားခြင်းမရှိသေးပေ။ ရုတ်တရက်၎င်းကသွေးအမှတ်အသားအလင်းအဖြစ်ပြောင်းလဲသွားပြီး အပေါ်သို့ဆက်လက်ပျံသန်းသွားကာတစ်ဟုန်ထိုးထွက်ပြေးသွားသည်။
“ဒါ..ဒါကတကယ်ပဲအရမ်းမာတာပဲ..အဆုံးသတ်မှာ လွတ်သွားသေးတယ်”
လောချင်းချွမ်မှာကောင်းကင်ထဲသို့တစ်ဟုန်ထိုးဦးတည်သွားဆဲဖြစ်သောသွေးအမှတ်သား အလင်းအားတွေဝေစွာကြည့်နေရင်း လက်သင့်မခံနိုင်စွာဖြင့်ပြောလိုက်သည်။
ရှစ်ဖု့န်လည်းသူ၏စိတ်ထဲမှလက်သင့်
မခံနိုင်စွာဖြင့်သက်ပြင်းချမိသည်။အဆုံးသတ်တွင် သူ့အနေဖြင့်မိစ္ဆာသတ္တဝါအားမသတ်နိုင်ဘဲ ထွက်ပြေးခွင့်ပြုခဲ့ရသည်။
ယခုသူနှင့်လောချင်းချွမ်တို့က ငွေရောင်တံစဉ်နှင့် တိုက်ခိုက်မှုတစ်ခုစီထုတ်ဖော်ခဲ့ကြပြီး သူတို့၏ခွန်အားအားလုံးကုန်ခမ်း
လုနီးပါးဖြစ်ကာ သွေးအမှတ်အားဥနောက်သို့ထပ်မံ
လိုက်ဖမ်းနိုင်ခြင်းမရှိကြတော့ချေ။ အကယ်၍ သူတို့ သွေးအမှတ်သားဥအားဖမ်းနိုင်လျှင်ပင် ၎င်းအား ယှဉ်ပြိုင်နိုင်သော ခွန်အားသူတို့၌မရှိပေ။
ထို့နောက်တွင် ရှစ်ဖုန့်နှင့် လောချင်းချွမ်တို့၏ လက်သင့်ခံနိုင်ခြင်းမရှိသောအကြည့်များအောက်၌ပင် သွေးနီရောင်အလင်းအား ကောင်းကင်ထဲ၌ ရေပြင်ညီအတိုင်း တစ်ဟုန်ထိုး ပျောက်ကွယ်သွားသည်ကိုသာ စောင့်ကြည့်နေကြရသည်။
ရှစ်ဖုန့်၏ မျက်လုံးတို့က သွေးအမှတ်အသားအလင်းပျောက်ကွယ်သွားရာ ဟင်းလင်းပြင်ထဲသို့ကျရောက်နေဆဲဖြစ်သည်။ သူတီးတိုးရေရွတ်လိုက်သည်။
“အခုဒီသတ္တဝါကလည်းပြင်းထန်ထန်
ဒဏ်ရာရသွားတယ်.. အချိန်တစ်ခုအထိတော့ဘာပြဿနာ
မှဖြစ်လောက်မှာမဟုတ်ဘူး….ဒီသခင်လေး ပိုပြီးသန်မာလာရမယ်.. မဟုတ်ရင် အဲ့သတ္တဝါ သူ့ရဲ့ခွန်အားအထွတ်အထိပ်ကိုပြန်ရသွားပြီး ဒီသခင်လေးကိုထပ်လာရှာတဲ့အခါကြရင် နောက်တရဖို့အတွက်တောင်
နောက်ကျသွားလိမ့်မယ်”
“ဒါပေမဲ့ ဒီငတိရဲ့အခြေအနေကတော့ အရမ်းထူးဆန်းနေပုံပြ”
ရှစ်ဖုန့်ကပြောလိုက်ပြီးနောက်ဆုံး၌ သူ၏မျက်လုံးတို့ကအရာခပ်သိမ်းရဲ့မူလဇစ်မြစ်ပေါ်သို့ရောက်ရှိသွားသည်။
ဤအချိန်တွင်အရာခပ်သိမ်းရဲ့မူလဇစ်မြစ်မှာမီးခိုးရောင်အဖြစ်ပြောင်းသွားပြီး ဖုန်လုံးတစ်ခုကဲ့သို့ဖြစ်နေကာ အသက်မဲ့နေသည်။