← Chapters

အခန်း (၆၉၈)

Vol. 47 Ch. 698

အခန်း (၆၉၈)

Vol. 47 Ch. 698

ရှစ်ဖုန့်က သူ့ရှေ့ရှိ မီးခိုးရောင်အလုံးဖြစ်သို့ပြောင်းလဲနေသော အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ထံသို့ အပြင်းသွားလိုက်ပြီး သူ၏လက်အားဖြည်းဖြည်းချင်းလှမ်းလိုက်သည်။ ဤအချိန်တွင် အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က ရှောင်တိမ်းခြင်းသို့မဟုတ်လှုပ်ရှားခြင်းမရှိချေ။ နောက်ဆုံးတွင် ရှစ်ဖုန့် အရာခပ်သိမ်းရဲ့မူလဇစ်မြစ်အား သူ၏လက်အတွင်းဆုပ်ကိုင်လိုက်သည်။

ဤအချိန်တွင် အရာခပ်သိမ်းရဲ့မူလဇစ်မြစ်မှာ သက်မဲ့အရာဝတ္ထုတစ်ခုကဲ့သို့ဖြစ်နေပြီး မီးခိုးရောင်အလုံးတစ်လုံးသာသာသရှိသည်။ ရှစ်ဖုန့်၎င်းအားထိလိုက်သောအချိန်တွင် အေးစက်မှုကိုခံစားရ၏။

“ဒီအရာနောက်ဆုံးငါ့လက်ထဲကိုရောက်လာချိန်မှာ ဘာမှလုပ်နိုင်တာမရှိတော့မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး. ဒါပေမဲ့”

ရှစ်ဖုန့်မှာ ယခုအချိန်အထိ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ထံမှ ဘာကိုမှ အာရုံခံနိုင်ခြင်းမရှိသေးပေ။ သူ၏ ဝိညာဉ်စွမ်းအားအား၎င်းအတွင်းသို့ ထည့်သွင်းလိုက်သည့်တိုင်အတူတူပင်ဖြစ်သည်။ ၎င်းမီးခိုးရောင်အလုံးတစ်လုံးသာဖြစ်၏။

၎င်းကပျောက်ကွယ်သွားခြင်းမရှိသော သာမန်မီးခိုးရောင်အလင်းလုံးတစ်

လုံးသာဖြစ်နေ၏။

“သွေးအမှတ်အသားဥက အရာခက်သိမ်းရဲ့မူလဇစ်မြစ်ရဲ့ စိတ်ဝိညာဉ်ကိုဖျက်ဆီးပစ်လိုက်တာလား”

ရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်သည်။

“ငါအရင်ကဆိုဒါကိုထိလို့တောင်မရခဲ့ဘူး. အခု ဒါကဒီလိုမျိုးဖြစ်နေချိန်ငါဒါကို သန့်စင်ဖို့ကြိုးစားရမယ်..အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကိုငါ့သန့်စင်လို့ရရင်ရနိုင်လောက်တယ်”

အရာခပ်သိမ်းရဲ့မူလဇစ်မြစ်၌ နတ်ဘုရားတစ်ပါးဖြစ်လာရန်နှင့်ပက်သည့် လျှို့ဝှက်ချက်တို့ရှိသည်ဟူသည့်ဒဏ္ဍာရီတစ်ခုရှိသည်ဖြစ်၏။

နတ်ဘုရားဖြစ်လာရန်လျှို့ဝှက်ချက်အကြောင်းအားတွေးမိသောအခါတွင် ရှစ်ဖုန့်၏နှလုံးသားထဲ၌ စိတ်အားထက်သန်မှုတို့တောက်လောင်

လာသည်။ထိုအချိန်တုံးက နံပါတ်တစ်ကျွမ်းကျင်သူတစ်ဦးဖြစ်ခဲ့သောငရဲဘုံကိုးခု ဧကရာဇ်မှာ အထွတ်အထိပ်ကြယ်ကိုးပွင့်ဧကရာဇ််နယ်ပယ်သို့ နှစ်ပေါင်းများစွာရောက်ရှိခဲ့သော်လည်း သူ့အနေဖြင့် အချုပ်အနှောင်အားချိုးဖျက်နိုင်ခဲ့ခြင်းမရှိပေ။

ထို့နောက်တွင်ရှစ်ဖုန့်ကသူ၏စိတ်အားလှုပ်ရှားလိုက်သည်။ သူ၏ဘယ်လက်ထဲမှငွေရောင်တံစဉ်က ဖျက်ခနဲလင်းလက်သွားပြီးသူ၏ဘယ်လက်၌ ငွေရောင်တံစဉ်အမှတ်အသားတစ်ခု

အဖြစ်ပြောင်းလဲသွားသည်။ ထို့နောက်တွင် ရှစ်ဖုန့်၏ဘယ်လက်ဆီးလ်များကိုစတင်ပုံဖော်လိုက်၏။

“ဟ”

ရှစ်ဖုန့်ကရုတ်တရက်ကြုံးဝါးလိုက်သည်။ ထို့နောက်တွင် သူ၏ဆီးလ်တို့အားပုံဖော်နေသော

ဘယ်လက်က ရုတ်ခြည်း သူ၏လက်ထဲမှ မီးခိုးရောင်အလင်းလုံးကို ရိုက်လိုက်သည်။

သို့သော် ရှစ်ဖုန့်၏ဆီးတို့က မီးခိုးရောင်အလင်းလုံးမှဖယ်ရှား

ခံလိုက်ရချိန်တွင် ရှစ်ဖုန့် လေးနက်စွာမျက်မှောင်ကြုတ်လိုက်သည်။

အစောပိုင်းက သူ၏အမှတ်အသားအား အရာခပ်သိမ်းရဲ့မူလဇစ်မြစ်အတွင်း

သို့ရိုက်သွင်းခဲ့သည်။ အမှတ်အသားမှာ မီးခိုးရောင်အလင်းလုံးအတွင်းသို့တစ်ဟုန်ထိုးဝင်သွားပြီး ဘာသဲလွန်စမှကျန်ရစ်ခြင်းမရှိဘဲ ပျောက်ကွယ်သွား၏။

ထို့နောက်တွင် ရှစ်ဖုန့်နားလည်သွားသည်။ သူ၏လက်ထဲမှမီးခိုးရောင်အလင်းလုံး

အားကြည့်၍ ပြောလိုက်သည်။

“ ဒီသူတောင်းစား.. ဒီလိုမျိုးဖြစ်လာတာတောင်သူကငါ့ကို ခုခံရဲတုံးပဲ.. သူကငါ့သန့်စင်တာကိုမခံချင်ဘူး”

“လက်နက်စိတ်ဝိညာဉ်က ဒီထဲမှာရှိနေသေးတဲ့ပုံပဲ. အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က အရမ်းကိုဆန်းကြယ်တော့ငါသူ့ကိုအာရုံတောင်မခံနိုင်ဘူး”

“ထပ်ကြိုးစားကြည့်တာပေါ့”

ရှစ်ဖုန့်ကမကျယ်သောအသံဖြင့်ပြောလိုက်သည်။ ထို့နောက်တွင် သူ၏ညာလက်ထဲမှအရာခပ်သိမ်းရဲ့မူလဇစ်မြစ်အား အမှတ်အသားထပ်မံရိုက်သွင်းလိုက်၏။

သို့သော်ဤအကြိမ်တွင်လည်း ယခင်ကကဲ့သို့အတူတူပင်ဖြစ်သည်။ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ထဲသို့အမှတ်အသားကဦးတည်သွားသည်နှင့် ဘာမှကျန်ရစ်ခြင်းမရှိအောင်ကို

ပျောက်ကွယ်သွားသည်။

ထို့နောက်တွင်ရှစ်ဖုန့်ကြိမ်ဖန်များစွာကြိုးစားခဲ့သော်လည်း အလုပ်ဖြစ်ခြင်းမရှိချေ။ ထို့နောက်တွင် ရှစ်ဖုန့်၏ညာလက်ဖဝါး၌ပြင်း

ထန်သောသွေးနီရောင်မီးတောက်တို့တောက်လောင်လာပြီး မီးခိုးရောင်အလင်းလုံးအားလောင်ကျွမ်းစေလိုက်သည်။ သို့သော် မီးခိုးရောင်အလင်းလုံးက ရုတ်တရက်တုန်ခါသွားပြီး မီးခိုးရောင်အလင်းလုံးအား သွေးနီရောင်မီးတောက်တို့၏

လောင်ကျွမ်းမှုမှတားဆီးရန် သဏ္ဍန်မဲ့ စွမ်းအင်တစ်ခုကိုထုတ်လွှတ်လိုက်သည်။

“အရာခပ်သိမ်းရဲ့မူလဇစ်မြစ်..အရာခပ်သိမ်းရဲ့မူလဇစ်မြစ်.. ဒီလိုမျိုးဖြစ်လာပြီးတာတောင် ဒါကအရာခပ်သိမ်းရဲ့မူလဇစ်မြစ်ဖြစ်နေသေးတဲ့ပုံပဲ.. “

သူ၏ညာလက်အားရုတ်တရက်

ဖျစ်ညှစ်လိုက်သော်လည်း ဤမီးခိုးရောင်အလင်းလုံးက ဖော်ပြ၍မရနိုင်လောက်အောင်ကို

မာကျောလှ၏။ သူ၏လက်ငါးချောင်းကလက်မဝက်ခန့်ပင်ဖိညှစ်နိုင်ခြင်းမရှိပေ။

အဆုံးသတ်တွင် မီးခိုးရောင်အလင်းလုံးအားရှစ်ဖုန့်

ဘာမှလုပ်နိုင်ခြင်းမရှိပေ။ ထို့နောက်တွင် သွေးနီရောင်အလင်းတစ်ခုဖျက်ခနဲ

လင်းလက်သွားပြီး ရှစ်ဖုန့်က၎င်းအားသွေးကျောက်ပြား

နေရာလွတ်အတွင်းသို့စုပ်ယူလိုက်သည်။

သူ၎င်းအားယခုဘာမှမလုပ်နိုင်ခြင်းကြောင့် သူ့အနေဖြင့်၎င်းအားယခုမှစ၍သွေးကျောက်ပြားနေရာလွတ်အတွင်း၌ နေခိုင်းရမည်ဖြစ်သည်။

ရှစ်ဖုန့်က အရာခပ်သိမ်းရဲ့မူလဇစ်မြစ်အား ကောင်းကင်နှင့်မြေကြီး၏ ယွမ်ချီများသိပ်သည်းပေါများလှသော ဧရိယာအတွင်း၌ထားလိုက်သည်။ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က ပြန်လည်ကုသရန်အတွက် ကောင်းကင်နှင့်မြေကြီး၏ ယွမ်ချီတို့အား စုပ်ယူနိုင်မည်လားဆိုသည်ကိုသူမြင်ချင်သည်။

အကယ်၍ ၎င်းပြန်လည်ကုသနိုင်လျှင် သွေးပန်းခက်မျိုးနွယ်ဝင်ကသူ့အား

လာရှာသောအခါ၌ ၎င်းအားခုခံနိုင်စွမ်းရှိလိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်သူ့ဖာသာသူတွေးလိုက်၏။

…..

ကြည်လင်နေသောကောင်းကင်ပြင်အတွင်း မိုးပြာရောင်ကောင်းကင်နှင့်အဖြူရောင်တိမ်တိုက်တို့၏ ကြားထဲတွင် သွေးနီရောင် ဥက္ကာပျံအလင်းတန်းတစ်ခုက ကောင်းကင်အားထိုးခွင်းဖြတ်သန်းနေသည်။သွေးနီရောင်အလင်းတန်းက ရုတ်တရက် ရေပြင်ညီအတိုင်း ပျံသန်းသွားသည်။ ထို့နောက်တွင်၎င်းက ရှေ့ရှိကျယ်ပြောလှသောကောင်းကင်ပြင်အား ဆက်လက်ထိုးခွင်းသွားပြီး ကြီးမားသော တိမ်တိုက်ကြီးများကို ဖြတ်သန်းသွားသည်။

သွေးနီရောင်အလင်းတန်းက တိမ်တိုက်များအားမြင့်မားသော

အမြန်နှုန်းဖြင့်ထိုးခွင်းဖြတ်သန်းနေသကဲ့သို့ သွေးနီရောင်အပိုင်းအစများကလည်း အဆက်မပြတ်ပြန့်ကွဲအက်ပြန့်ကျဲနေသည်။ ရုတ်တရက်သွေးနီရောင်အလင်းတန်းမှ ဥတစ်လုံးကွဲသည့်အခါ၌ထွက်ပေါ်သည့် အသံတစ်ခုထွက်ပေါ်လာသည်။

မူလကရှေ့သို့တစ်ဟုန်ထိုးဦးတည်နေသောသွေးနီရောင်အလင်းတန်းမှာ ရုတ်ခြည်းအောက်သို့ထိုးဆင်းသွားပြီး အောက်ဘက်ရှိ တောင်တန်းနှင့်မြစ်များဆီသို့ တစ်ဟုန်ထိုးဦးတည်လိုက်သည်။ နောက်ဆုံးတွင်၎င်းက သေးငယ်သောတောအုပ်တစ်ခု

အတွင်း၌ဆင်းသက်လိုက်၏။

………..

သူ၏အမည်က ချင်စန်းဖြစ်သည်။ သူ၏ ဤတောအုပ်ငယ်လေးအတွင်း၌ မျိုးဆက်အဆက်နေထိုင်ခဲ့ပြီး အမဲလိုက်ခြင်းဖြင့်အသက်မွေး၏။

ယခုဆို ချင်စန်းမှာငါးဆယ်ကျော်အရွယ်ဖြစ်

နေပြီဖြစ်သည်။ သူ၏အိမ်၌သူနှင့်သက်တူရွယ်တူ

ဇနီးမယားတစ်ယောက်ရှိ၏ ။သို့သော်သူ့၌ ကလေးတော့ရှိခြင်းမရှိပေ။

ယနေ့တင် ချင်စန်းသူ၏ကျောထက်တွင်ပုံမှန်အတိုင်း လေးကြီးတက်လက်ကိုသယ်ဆောင်ပြီး အမဲလိုက်ရန်အတွက် တောင်ပေါ်သို့လာခဲ့၏။ သို့သော်ယနေ့တွင်ချင်စန်း

၏ကံကလွန်စွာကောင်းနေသည်။ တောထဲ၌ သူအမဲလိုက်ရင်းသိပ်မကြာလိုက်ခင်မှာပင် သက်ရွက်စိမ်းများအားစားနေသော သမင်ကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။

ချင်စန်း လေးအားလျှင်မြန်စွာတင်ကာ

လွှတ်လိုက်သည်။ “ဝှစ်ရှ်”ဟူသောအသံနှင့်အတူ မြှားကလေးညှို့မှ ထွက်ခွာသွားကာ သမင်ကြီးထံသို့ဦးတည်သွားသည်။

သို့သော်ဤအခိုက်အတန့်တွင်ချင်စန်း၏ ဒူလာရောဂါကဖောက်လာသည်။ သူ၏လက်ကတုန်ယင်သွားပြီး မြှားချက်ဦးတည်ရာကလွဲသွားခဲ့သည်။ “ဘန်း”ဟူသောအသံနှင့်အတူ ၎င်းက သမင်ဘေးရှိ သစ်ပင်ကိုစိုက်ဝင်သွား၏။

သမင်မှာကြက်သေသေသွားသည်။ ၎င်းကကြောက်လန့်စွာဖြင့် အလျှင်အမြန်ဒုန်းဆိုင်းထွက်ပြေးသွား၏။

ချင်စန်းကျိန်ဆဲလိုက်သည်။ သို့သော် သူ့အနေဖြင့်ဤကဲ့သို့သားကောင်အား

သူ၏လက်ထဲမှ ထွက်ပြေးလွတ်မြောက်ခွင့်ပြုနိုင်ပါမည်နည်း။

အလျှင်အမြန်သူ၏ခြေထောက်တို့အားရွေ့လျားလိုက်ပြီး တောအုပ်အားဖြတ်သန်းကာ သမင်နောက်သို့လိုက်ဖမ်းလိုက်သည်။

ချင်စန်းသမင်နောက်သို့လိုက်ပြီးမကြာခင် သမင်ကတကယ်ကြီးပြန်လှည့်လာသည်ကို သူတွေ့လိုက်ရသည်။ ၎င်းအနေဖြင့် ကြီးစွာသောထိတ်လန့်မှုတို့ဖြင့် သူ့ထံသို့ပြန်ပြေးလာသည့်ပုံပေါ်၏။

ချင်စန်းပျော်ရွှင်သွားသည်။ များစွာတွေးနေခြင်းမရှိဘဲ နောက်ထပ်လေးကို တင်ကာလွှတ်လိုက်သည်။ “ဝှစ်ရှ်” ဟူသောအသံနှင့်အတူ မြှားကသမင်၏လည်ပင်းအားမလွဲ

တန်းထိမှန်သွားသည်။ သမင်မှာရုတ်ခြည်းမြေပြင်ပေါ်သို့

လဲပြိုကျသွား၏။

ဘာသံသယမှဖြစ်မနေဘဲ ချင်စန်းမြေပြင်ပေါ်မှသမင်အားကိုင်ကာ သူ၏ပခုံးပေါ်တင်၍သယ်ဆောင်လိုက်သည်။သူရှေ့သို့ဂရုတစိုက်နှင့်လျှောက်သွားလိုက်၏။ သို့သော်သိပ်မကြာလိုက်ခင်တွင် အဝေးရှိ ပေါင်းပင်အုပ်အတွင်း၌ တကယ်ပဲ အဝတ်ဗလာနှင့်ကလေးငယ်တစ်ဦး လဲလျောင်းနေသည်ကို ချင်စန်းတွေ့လိုက်ရသည်။

“ဘယ်မိသားစုက မိဘတွေကများ အရမ်းရက်ရက်စက်စက်နဲ့ ဒီကိုကလေးသေးသေးလေးကို

ဒီနေရာမှာစွန့်ပစ်ခဲ့ရတာလဲ..”

ချင်စန်းကလေးငယ်အားတွေ့လိုက်ရသောအခါတွင် ဒေါသတကြီးပြောလိုက်သည်။

သို့သော်ခေတ္တမျှတွေးလိုက်ပြီးနောက်ချင်စန်း ရုတ်ခြည်းပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။

“ဖြစ်နိုင်တာကောင်းကင်ဘုံကများ

ငါဘာကလေးမှမရတာကိုသနားပြီးတော့ ငါ့အတွက်အထူးအနေနဲ့ ဒီကလေးကိုငါ့ဆီအပ်နှင်းတာများလား……

ပြီးတော့ဒီကလေးက ငါ့အတွက်တကယ့်ကိုကံကောင်းခြင်းကြယ်လေးပဲ..သူ့ကြောင့် ဒီနေ့ဒီလိုမျိုးကြီးမားတဲ့ သားကောင်ကြီးကိုတောင် အောင်အောင်မြင်မြင်အမဲလိုက်နိုင်ခဲ့တယ်”

ချင်စန်းကသူ၏ပခုံးပေါ်မှ သမင်အားခွန်အားအချို့သုံး၍

ထမ်းပိုးလိုက်သည်။ ထို့နောက်တွင်သူကပြုံးလိုက်ပြီး ပေါင်းပင်အုံထံသို့ လျှောက်လှမ်းသွားလိုက်၏။ ချင်စန်း ပေါင်းပင်အုံထံသို့ရောက်သောအခါတွင် တီးတိုးရေရွတ်လိုက်သည်။

“မိန်းကလေးပဲ”

ထို့နောက်ချင်စန်းမျက်မှောင်ကြုတ်လိုက်သည်။ ကလေးငယ်၏ ကိုယ်ပေါ်၌ ထူးဆန်းပြီးတွန့်လိမ်နေသော ရုန်းများနှင့်ဆင်တူသည့် သွေးရောင် အကြောင်းများ ဖုံးလွှမ်းနေသည်ကို သူတွေ့လိုက်ရသည်။

“ဒီကလေးရဲ့ကိုယ်က ဖြစ်နိုင်တာ သူ့ကိုယ်ပေါ်ကဒီအစင်းကြောင်းတွေကြောင့်များ သူ့မိဘတွေကအရမ်းရက်ရက်စက်စက်နဲ့ ဒီကလေးကိုဒီနေရာမှာ စွန့်ပစ်ခဲ့တာလား..အား.သနားစရာပါလား.တကယ်သနားစရာပဲ..မင်းရဲ့မိဘတွေကိုမင်းကိုမလိုချင်မှတော့ ဒီအဘိုးကြီးချင်ကပဲမင်းကို ယူပါရစေ …အနာဂတ်မှာ မင်းက ဒီအဘိုးကြီးချင်ရဲ့သမီးလေးဖြစ်လာလိမ့်မယ်”

ချင်စန်းက သက်ပြင်းချလိုက်ပြီးနောက်သူ၏ မျက်နှာထက်၌ အပြုံးတစ်ခုပေါ်လာသည်။ ထို့နောက်သူက ဆောင့်ကြောင့်ထိုင်လိုက်ပြီး ညာလက်ကိုလှမ်းကာ ကလေးအားကောက်ယူ၍ သူ၏လက်ထဲ၌ပိုက်ထားလိုက်သည်။

“သွားကြစို့ ငါ့ရဲ့သမီးလိမ္မာလေး. အိမ်ကိုပြန်ကြတာပေါ့..”

ချင်စန်းက ပြုံးပြီးလျှောက်သွားလိုက်သည်။

ယနေ့က နေ့ကောင်းလေးတစ်နေ့ဖြစ်သည်။သမင်တစ်ကောင်အားသူအမဲလိုက်နိုင်ခဲ့ရုံမက ကောင်းကင်ဘုံကပင်သူ့အား သမီးတစ်ယောက်ကို ပေးသနားခဲ့သည်။ အိမ်ရှိသူ၏ ဇနီးဖြစ်သူအားတွေးမိသောအခါတွင် သူမသာသမီးလေးကိုမြင်တွေ့ပါက သေချာပေါက်ဖော်ပြ၍မရနိုင်

လောက်အောင်ကိုပျော်ရွှင်လိမ့်မည်ဖြစ်သည်။

ချင်စန်းတစ်ယောက်နှလုံးသား

ထဲမှပျော်ရွှင်မှုတို့ဖြင့်တွေးနေ၏။

သို့သော်ဤအခိုက်အတန့်တွင် လမ်းရှေ့တည့်တည့်ကိုသာကြည့်နေသောချင်စန်းမှာ သူ့လက်မောင်းထဲမှကလေးငယ်က ရုတ်တရက်ချောက်ချားဖွယ်အပြုံး

တစ်ခုအားပြုံးလာပြီး ကလေးတစ်ယောက်နှင့်အတူတော့သည်ကို ချင်စန်း သတိထားမိခြင်းမရှိချေ။ သူမကသူ၏သွေးရောင်အစင်းကြောင်း

တို့ဖုံးလွှမ်းနေသည့် လက်သေးသေးလေးအားဆန့်ထုတ်လိုက်ပြီး လက်သည်းတစ်ခုပုံစံပြောင်းကာ ချင်စန်း၏နှလုံးထံသို့ဖမ်းဆုပ်လိုက်သည်။

“အား”

စိတ်မချမ်းမြေ့ဖွယ်နာကျင်မှုအပြည့်ဖြင့်

အော်သံတစ်ခုက ဤသေးငယ်သောတောင်တန်းတောအုပ်လေးထဲမှရုတ်တရက်ထွက်ပေါ်လာပြီး လေထဲသို့ရိုက်ခတ်သွားသည်။

သစ်ပင်ထက်ရှိ အစာရှာနေကြသောဒါဇင်နှင့်ချီသည့်ငှက်များမှာ လန့်ဖျပ်သွားကြပြီးအော်ဟစ်ကြပြီး ၎င်းတို့၏အတောင်များအားအပြင်းခပ်၍ ဦးတည်ချက်အနှံ့သို့ထွက်ပြေးသွားကြသည်။

All Chapters