← Chapters

အခန်း (၆၉၉)

Vol. 47 Ch. 699

အခန်း (၆၉၉)

Vol. 47 Ch. 699

သေခြင်းမဲ့တောင်တန်း၏

လျှို့ဝှက်ဆန်းကြယ်သော

တောင်ကြား၌ဖြစ်သည်။

သွေးအမှတ်အသားဥက လေကိုထိုးခွင်းဖြတ်သန်း၍ လွတ်မြောက်သွားပြီးသည့်နောက် အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကလည်း အသက်မဲ့ဆိတ်ငြိမ်သွားသည်။ တောင်ကြားချိုင့်ဝှမ်းနှင့် သေခြင်းမဲ့တောင်တန်းကလည်း ဖြည်းဖြည်းချင်း တည်ငြိမ်လာသည်။

ဆန်းကြယ်သောအနက်ရောင်မြူတို့ကလည်း ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့ရှိနေသောနေရာသို့ ဖြည်းဖြည်းချင်းပြန်လည်ရောက်ရှိလာ၏။ သူတို့နှစ်ဦးသား နှင့် ယင်အလောင်းကောင်တို့က နောက်တစ်ကြိမ်တစ်လိပ်လိပ်ထ

နေသောမြူများအတွင်းသို့ရောက်ရှိလာသည်။

ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့က မြေပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်ချလိုက်ပြီး သူတို့၏ကိုယ်အတွင်းမှ မူလစွမ်းအင်ယွမ်ချီတို့အားစတင် ပြန်လည်ဖြည့်တင်းလိုက်သည်။ ယင်အလောင်းကောင်နှစ်ထောင့်ခြောက်ရာ

ကလည်း သူတို့၏ ကုန်ဆုံးသွားသော စွမ်းအင်တို့ကို ပြန်လည်ဖြည့်တင်းနေသည်။

သေခြင်းမဲ့တောင်တန်း ၏ အရေးကိစ္စက နောက်ဆုံး၌ အဆုံးသတ်သွားပြီဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းအချိန်သုံးရက်ကုန်

ဆုံးသွား၏။ ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့နှစ်ဦးလုံး သူတို့၏စွမ်းအင်ပြန်လည်ဖြည့်တင်းနေခြင်းမှ နိုးထလာသည်။

ဤအချိန်တွင် ရှစ်ဖုန့်က လောချင်းချွမ်အားမေးလိုက်သည်။

“ချင်ချွမ် အနာဂတ်အတွက်မင်းဘာအစီအစဉ်တွေရှိလဲ”

ရှစ်ဖုန့် ၏ စကားများအားကြားပြီးနောက် လောချင်းချွမ်က စဉ်းစားခြင်းပင်မပြုဘဲပြန်ဖြေလိုက်သည်။

“ သေချာပေါက်ဆရာနဲ့ ပိုပြီးသန်မာလာမဲ့လမ်းကြောင်း

ကိုလိုက်ပါရမှာပေါ့. တစ်နေ့ကြရင် ကျွန်တော်တို့တွေ အဲ့သူတောင်းစားခုနှစ်ယောက်ကို အတူတူသတ်ပြီးတော့ လက်စားချေကြတာပေါ့”

လောချင်းချွမ်ပြောသော သူတောင်းစားခုနှစ်ယောက်ဆိုသည်မှာ ငရဲဘုံကိုးခုဧကရာဇ်ယိုမင်အား သတ်ဖြတ်ခြင်းအစီအရင်ခင်းကျင်း၍

လုပ်ကြံခဲ့ကြသည့် ဧကရာဇ်နယ်ပယ်ခုနှစ်ယောက်ပင်ဖြစ်သည်။

လောချင်းချွမ် ၏ စကားများအားကြားပြီးနောက် ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ကောင်းပြီ.. အခုကစပြီးမင်းငါ့ဘေးမှာနေရလိမ့်မယ်”

ထို့နောက်ရှစ်ဖုန့်က လောချင်းချွမ်အားထပ်မံမေးလိုက်သည်။

“ဒီနှစ်တွေအတောအတွင်းမှမင်းတို့ခုနှစ်ယောက်လို့ ဘယ်လိုတွေဖြတ်သန်းခဲ့ကြလဲ”

“ကျွန်တော်တို့လား”

လောချင်းချွမ်ကပြောလိုက်သည်။

“ကျွန်တော်တို့တွေ ဒီနှစ်တွေမှာကိုယ့်ကိစ္စတွေနဲ့ပဲကိုယ်အလုပ်များနေကြတာ. တစ်ယောက်နဲ့တစ်ယောက်မတွေ့ဖြစ်

တာတောင် နှစ်တွေတော်တော်ကြာပြီ.. ဒါပေမဲ့ တတိယစီနီယာအကိုကတော့ပျောက်နေတယ်”

သူ၏တပည့်ဖြစ်သူပျောက်နေကြောင်း

ကြားလိုက်ရသောအခါတွင် ရှစ်ဖုန့် မျက်မှောင်ကြုတ်ပြီးလျှင်မြန်စွာမေးလိုက်သည်။

“လန်အောင်းယွဲ့လား.. ဘာဖြစ်ခဲ့လို့လဲ”

လောချင်းချွမ်၏ တတိယစီနီယာအကိုဖြစ်သူမှာ ငရဲဘုံကိုးခုဧကရာဇ်ယိုမင်၏ တတိယမြောက်တပည့်ဖြစ်သူ မြောက်ပိုင်းဒေသကြီးအတွင်းရှိ ထျန်းဟွမ်မြို့အရှင်သခင် လန်အောင်းယွဲ့ပင်ဖြစ်သည်။

လောချင်းချွမ်ကပြန်ဖြေ၏။

“လွန်ခဲ့တဲ့ခုနှစ်နှစ်တုံးက တတိယစီနီယာအကို ပျောက်သွားတာကိုကျွန်တော်သိခဲ့ရတယ်..

ဒါကြောင့်ကျွန်တော်အလျှင်အမြန် ထျန်းဟွမ်မြို့ဆီကိုသွားခဲ့တယ်. နောက်ပိုင်းတတိယစီနီယာအကိုရဲ့အိမ်တော်ကလူတွေကို ကျွန်တော်မေးကြည့်ပေမဲ့ သူတို့အားလုံးပြောတာက တတိယစီနီယာအကိုက အဲ့ညတုံး က အဆင်ပြေပြေပဲတဲ့ ဒါပေမဲ့ နောက်နေ့မနက်မှာတော့ သူက ဘာအကြောင်းပြချက်မှမရှိဘဲနဲ့ ရုတ်တရက်ကြီးကမ္ဘာပေါ်ကနေ အငွေ့ပျံသလိုမျိုးပျောက်ကွယ်သွားတယ်တဲ့”

“သူက ဘာအကြောင်းပြချက်မှမရှိဘဲ

ပျောက်ကွယ်သွားတယ်”

ရှစ်ဖုန့်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။

လောချင်းချွမ်ကခေါင်းညိမ့်ပြီးနောက်သက်ပြင်းချလိုက်သည်။

“နောက်ပိုင်း ကျွန်တော်လည်းလောမိသားစု ကလူတွေကိုစုစည်းပြီးတော့ ထျန်းဟွမ်မြို့ကို သွားခဲ့တယ်..ထျန်းဟွမ်မြို့တစ်ခုလုံး

နဲ့အနီးအနားကနယ်မြေတွေ မြို့တွေကို သူတို့လေးလနီးပါးလောက်ရှာဖွေခဲ့ပေမဲ့ တတိယစီနီယာအကိုနဲ့ပက်သက်ပြီး ဘာသတင်းကိုမှမရခဲ့ဘူး”

“အခုချိန်ထိတိုင် ခုနှစ်နှစ်တာအချိန်ကုန်သွားခဲ့ပေမဲ့ တတိယစီနီယာအကိုရဲ့ဘာသတင်းကိုမှမရသေးဘူး. သူက ကံဆိုးမှုနဲ့ကြုံတွေ့ပြီးဖြစ်မှာတောင် ကျွန်တော်ကြောက်မိတယ်”

ထို့သို့ပြောပြီးနောက် လောချင်းချွမ်က လေးနက်စွာသက်ပြင်းထပ်ချလိုက်ပြန်သည်။

“လန်အောင်းယွဲ့”

အရွယ်အစားကြီးမားသောပုံရိပ်တစ်ခု

ကရှစ်ဖုန့်၏ စိတ်ထဲ၌ပေါ်လာသည်။

ထိုပုံရိပ်၌ခြိမ်းခြောက်နိုင်သော

မျက်နှာတစ်ခုရှိပြီး သူ၏နှုတ်ခမ်းထောင့်နှစ်ခုတွင် နှုတ်ခမ်းမွှေးနှစ်ခုရှိသည်။

“ကံကြမ္မာတောင်ကိုသွားကြတာပေါ့..

အဲ့အဘိုးကြီးထျန်းယုံ အသက်ရှင်နေသေးလားဆိုတာကို ငါသိချင်မိတယ်”

ရှစ်ဖုန့်ကလောချင်းချွမ်အားပြောလိုက်သည်။

“ကံကြမ္မာတောင် က အကြီးအကဲထျန်းယုံ.. “

အဖြူရောင်ဝတ်ရုံပွနှင့် အဖြူရောင် ဆံပင်၊အဖြူရောင် နှုတ်ခမ်းမွှေးရှည်တို့ရှိသော အဘိုးအိုတစ်ယောက်က လောချင်းချွမ်၏ စိတ်ထဲ၌ ချက်ချင်းပေါ်လာသည်။

ထိုအဘိုးအိုက ထျန်းဟန်တိုက်ကြီးထဲတွင် ကံကြမ္မာ၏ဆန်းကြယ်သောစွမ်းအားကိုကျင့်ကြံသူဖြစ်သည်။ သူက ကံကြမ္မာစွမ်းအား၌ ထူးကဲဆရာကျပြီး သူကအခြားသူများနှင့် သူကိုယ်တိုင်၏ ကံကြမ္မာကို ထိန်းချုပ်နိုင်သည်ဟုပြော၍

ရနိုင်သည်ဖြစ်သည်။

သို့သော် ထိုအဘိုးအို၌ထူးဆန်းသောဗီဇရှိပြီး ထို့ကြောင့်လည်းမည်သူမျှ သူ့အားကံကြမ္မာကိုနမိတ်ဖတ်ပေး

အောင်လုပ်နိုင်သောသူရှိသည်ဟူ၍မကြားဘူးချေ။

ထိုအချိန်က သူတို့ဆရာဖြစ်သူသေဆုံးသွားချိန်တွင် သူတို့ ခုနှစ်ဦးထိုအဘိုးအိုထံသို့သွားခဲ့ပြီးသူ့ဆရာသေဆုံးရခြင်းနှင့်ပက်သက်သည့်အ

ကြောင်းအရာအား ကူညီနမိဖတ်ပေးရန်မျှော်လင့်ခဲ့သည်။ သို့သော် သူတို့က ကံကြမ္မာတောင်သို့ရောက်ရောက်ခြင်း အဘိုးအို၏ အသံပို့လွှတ်မှုနှင့်အတူ နှင်ထုတ်ခြင်းခံခဲ့ရသည်။

“ပြန်သွား ကြ အကယ်၍ မင်းတို့တွေ ငါ့ကို အနာဂတ်မှာနမိတ်ဖတ်စေချင်တယ်ဆိုရင် နတ်လက်နက်တစ်ခုကိုငါ့ဆီကိုယူခဲ့ကြ”

နမိတ်ဖတ်ခြင်းအားပြုလုပ်ပြီးသည့်နောက်တွင် အဘိုးအိုက နတ်လက်နက်များကိုစုဆောင်းချင်ကြောင်းသူတို့သဘောပေါက်လိုက်သည်။

နတ်လက်နက်များမှာ လမ်းဘေး၌ပေါပေါပဲပဲတွေ့ရတတ်သောဂေါ်ဖီထုပ်များမဟုတ်ပေ။ ဤအဘိုး၌ အကြွင်းမဲ့ ညစ်နွမ်းသောနှလုံးသား ရှိသည်ဟု ပြောရရနိုင်သည်ဖြစ်သည်။

“အဲ့အဘိုးကြီး လွယ်လွယ်နဲ့တော့ မသေလောက်သေးဘူး”

ရှစ်ဖုန့်က ထပ်မံတီးတိုးရေရွတ်လိုက်သည်။

ထို့နောက်လောချင်းချွမ်က ရှစ်ဖုန့်ကိုပြောလိုက်၏။

“အဲ့တုံးက ကျွန်တော်တို့ခုနှစ်ယောက် ဆရာ့ရဲ့သေခြင်းနဲ့ပက်သက်ပြီး ရှာဖွေဖို့ ကံကြမ္မာတောင်ကိုသွားခဲ့တယ်..ဒါပေမဲ့.. ကျွန်တော်တို့တွေအကြီးအကဲ ထျန်းယုံရဲ့နှင်လွှတ်တာကိုခံခဲ့ရတယ်.. ဒါပေမဲဒီတစ်ခေါက်ဆိုရင်တော့ဆရာကိုယ်တိုင် ပေါ်လာရင် အကြီးအကဲထျန်းယုံဆရာ့ကို

မျက်နှာသာပေးမှာပဲ”

“ပြောဖို့ခက်တယ်”

ရှစ်ဖုန့်ကခေါင်းခါပြီး ပြောလိုက်သည်။

“အဲ့အဘိုးကြီး မှက ထူးဆန်းတဲ့ဗီဇတစ်ခုနဲ့ စိတ်ဆတ်တဲ့အကျင့်တစ်ခုရှိတယ်.. သူက တစ်စက္ကန့်လောက်ပြုံးပြီးပြီးရင် ဒေါသထထွက်တဲ့လူစားမျိုး”

“ဒါပေမဲ့ဘာပဲဖြစ်နေပါစေ ငါတို့တွေ ကံကြမ္မာတောင်ကိုသွားကိုသွားရမယ်. မင်းပြောသလိုသာဆိုရင် ဒီအဘိုးကြီးကိုမှငါတို့မရှာရင် အောင်းယွဲ့နဲ့ပက်သက်ပြီး ဘာကိုမှ ငါတို့ရှာနိုင်မှာမဟုတ်ဘူး. အနည်းဆုံးတော့ငါတို့တွေသူသေပြီလားအသက်ရှင်နေသေးလားဆိုတာကိုသိဖို့လိုတယ်”

“ကောင်းပါပြီ”

လောချင်းချွမ်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။

“မင်းရဲ့ စွမ်းအားပြန်ဖြည့်တင်းတာ

ဘယ်လိုလဲအခြေအနေက”

“ပြည့်လုပြည့်ခင်နီးပါးပဲ”

လောချင်းချွမ်ကပြောလိုက်သည်။

“ကောင်းပြီ သွားကြစို့”

ထို့နောက်လောချင်းချွမ်နှင့်ရှစ်ဖုန့်ကတို့က ယင်အလောင်းကောင်များကိုဦးဆောင်ကာ လာလမ်းအတိုင်းပြန်လာသည်။လမ်းတစ်လျှောက်တွင်သူတို့ရှေးခေတ်သားရဲအချို့

နှင့်ပက်ပင်းကြုံခဲ့သည်။ သို့သော် ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်ဖြစ်

သောလောချင်းချွမ်၏အကူအညီဖြင့်သူတို့ လျှို့ဝှက်တောင်ကြားချိုင့်ဝှမ်းအား

ကျော်လွှားနိုင်ခဲ့၏။

ရှေးခေတ်သားရဲများမှာတစ်

ကောင်ပြီးတစ်ကောင် လောချင်းချွမ်၏ သုတ်သင်ခြင်းကိုခံခဲ့ရသည်။

သေခြင်းမဲ့တောင်တန်း၌ ဖိနှိပ်ခံထားရသည့်မိစ္ဆာသတ္တဝါမှာ သွေးပန်းခက်မျိုးနွယ်မှဖြစ်ပုံရသည်။ သို့သော် အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က အဆုံးသတ်၌ ၎င်းအားဖျက်ဆီးနိုင်ခဲ့ခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက်သွား

စေသည်ကတော့စိတ်မကောင်း

စရာပင်ဖြစ်သည်။

မကြာခင်တွင် ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့က ယင်အလောင်းကောင်များကိုဦးဆောင်ပြီး တလိပ်လိပ်ထနေသောအနက်

ရောင်မြူများကြားထဲမှထွက်လာသည်။ ဤအချိန်တွင် လောမိသားစု ဝင်ထောင်ပေါင်းများစွာတို့မှာဟင်းလင်းပြင်ထဲ၌ လွင့်မျောရပ်တည်နေကြဆဲဖြစ်သည်။

သူတို့၏ လက်များက အောက်ဘက်ရှိ အနက်ရောင်မြူများအတွင်းသို့မျောလွင့်သွားသည့် သိပ်သည်းများပြားလှသောရုန်းများ

ကိုပုံဖော်နေကြဆဲဖြစ်သည်။

ဤအချိန်တွင် အောက်ဘက်ရှိ အနက်ရောင်မြူများထဲမှ ပုံရိပ်တစ်ခုတစ်ဟုန်ထိုးထွက်လာသည်အားတွေ့လိုက်ရသောအခါတွင်လောမိသားစုဝင်များမှာ တုန်လှုပ်သွားကြသည်။ သို့သော် လောချင်းချွမ်အားမြင်တွေ့လိုက်ရသောအခါတွင် တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။

“မိသားစုခေါင်းဆောင်..ဒါကမိသား

စုခေါင်းဆောင်ပဲ မိသားစုခေါင်းဆောင်ပြန်လာ့ပြီ”

“မိသားစုခေါင်းဆောင်”

“မိသားစုခေါင်းဆောင်”

“ချင်းချွမ်”

“ဦးလေး”

လောမိသားစုဝင်များမှာ လောချင်းချွမ်အားမြင်တွေ့လိုက်ရ

သောအခါတွင် အားလုံးသူ့အနား၌စုသွားကြသည်။

လောမိသားစု၏ ဒုတိယအကြီးအကဲ လောချင်းမင်မှာရုတ်ခြည်းလောချင်းချွမ်ဆီသို့အပြင်းရောက်ရှိလာသည်။လောချင်းချွမ်၏ဘေးမှရှစ်ဖုန့်အားမြင်တွေ့လိုက်ရသောအခါတွင် လေးလေးစားစားဖြင့်လျှင်မြန်စွာ

ခေါ်လိုက်သည်။

“သခင်လေးဖုန့်”

ရှစ်ဖုန့်ကသူ့အားခေါင်းအနည်း

ငယ်ဆတ်ပြလိုက်သည်။

“စွမ်းအားကြီးမိစ္ဆာက အပြီးတိုင်ချေမှုန်းသုတ်သင်ခံလိုက်ရပြီ.

အခုကစပြီးလောမိသားစုဝင်တွေ လုံးဝအေးအေးဆေးဆေးအနားယူနိုင်ပြီ”

လောမိသားစုဝင်များအားချွေးသိမ့်ရန်အတွက် လောချင်းချွမ်ဤကဲ့သို့သောမုသား

ကိုဖန်တီးလိုက်ရသည်။ အကယ်၍များစွမ်းအားကြီးမိစ္ဆာ

လွတ်မြောက်သွားသည်ကိုသူတို့သိခဲ့ပြီးအောက်၌ဖြစ်ပျက်ခဲ့သည်တို့ကို ပြောပြခဲ့လျှင် သူတို့၏နှလုံးသားထဲ၌သေချာ

ပေါက်ကြောက်လန့်နေလိမ့်မည်ဖြစ်သည်။

ဤသည်ကားလောချင်းချွမ် မမြင်တွေ့ချင်သောအရာဖြစ်သည်။

“မိစ္ဆာသတ္တဝါက သုတ်သင်ခံလိုက်ရပြီ.. ဒါ..ဒါကကောင်းလိုက်တာ”

“မိသားစုခေါင်းဆောင်ကတော့တကယ့်ကိုမိသားစုခေါင်ဆောင်ပါပဲ..အခုကစပြီးတို့တွေ နောက်ဆုံးတော့အေးအေးဆေးဆေးနေလို့ရပြီ”

“ကောင်းတယ်..ဒါကကောင်းလိုက်တာ”

လောချင်းချွမ်၏ စကားအားကြားလိုက်ရသောအခါတွင် လောမိသားစုဝင်များမှာ စတင်အောင်ပွဲခံလိုက်ကြ၏။

သို့သော်ထို့နောက်တွင် လောမိသားစုဝင်တစ်ဦးကသူ၏စိတ်ထဲမှမေးခွန်းအားမေးလိုက်သည်။

“ဟေး.ဘာလို့မိသားစုခေါင်းဆောင်နဲ့ဒီလူငယ်ပဲဒီနေရာမှာရှိနေရတာလဲ. လောမိသားစုက တစ်ခြားကျွမ်းကျင်သူတွေကဘယ်မှာလဲ”

ထို့နောက်တွင် အခြားလောမိသားစုဝင်တစ်ဦး

ကလည်းပြောလိုက်သည်။

“အိုး..ဟုတ်တယ်.. ဆရာနဲ့ငါ့အကိုက သူတို့နဲ့အတူတူပါသွားတာ..တစ်ခြားသူတွေကဘယ်မှာလဲ”

All Chapters