← Chapters

အခန်း (၇၀၁)

Vol. 47 Ch. 701

အခန်း (၇၀၁)

Vol. 47 Ch. 701

အတည်ပြုခြင်းပြီးသည့်နောက် ရှစ်ဖုန့်၊လောချင်းချွမ်နှင့်ရွှယ်ဝူဟမ်တို့က ကံကြမ္မာတောင်ဆီသို့ အပြင်းခရီးနှင်လိုက်သည်။

ကံကြမ္မာတောင်မှာ မြောက်ပိုင်းဒေသကြီးအတွင်း၌ရှိသော်လည်း ၎င်းက မြောက်ပိုင်းဒေသကြီးနှင့် အနောက်ပိုင်းဒေသကြီးတို့၏ နယ်စပ်ကြားထဲတွင်ရှိခြင်းဖြစ်သည်။ သေခြင်းမဲ့တောင်တန်းသည်ကား မြောက်ပိုင်းဒေသကြီး၏ အလယ်ဗဟို၌ရှိခြင်းဖြစ်၏။ မြောက်ပိုင်းဒေသကြီးက ကျယ်ပြောလှပြီး သေခြင်းမဲ့တောင်တန်းနှင့်ကံကြမ္မာတောင်တန်းတို့ကြားမှ အကွာအဝေးက မိုင်ပေါင်းမီလီယံရာနှင့်ချီကွာဝေး

သည်ဖြစ်သည်။

အကယ်၍သူတို့ဆယ်နှစ်တာပျံသန်းသွားမည်ဆိုလျှင်ပင် ကံကြမ္မာတောင်အား သူတို့ရောက်နိုင်လိမ့်မည်မဟုတ်ပေ။

ထို့ကြောင့်ရှစ်ဖုန့်နှင့်အခြားသူနှစ်ဦးတို့က သေခြင်းမဲ့တောင်တန်းနှင့်အနီးဆုံးမြို့ဖြစ်သော ကြွယ်ယန်မြို့ဆီသို့ အပြင်းခရီးနှင်လာခဲ့သည်။ ထို့နောက်တွင် ကြွယ်ယန်မြို့မှ နေရာကူးပြောင်းအစီအရင်အားအသုံးပြု၍ ကံကြမ္မာတောင်နှင့်အနီးဆုံးနယ်မြေ၌ရှိသောမြို့သို့မရောက်ခင်အထိတစ်မြို့ပြီး

တစ်မြို့ဖြတ်သန်းခဲ့ရသည်။

လောချင်းချွမ်က ကြိုတင်တွက်ချက်မှုတစ်ခုကိုပြုလုပ်ခဲ့သည်။ ကြွယ်ယန်မြို့မှနေ၍ ကံကြမ္မာတောင်နှင့်အနီးဆုံးမြို့

ဖြစ်သောကံကြမ္မာမြို့သို့ရောက်သည်အထိ နေရာကူးပြောင်းအစီအရင်အားအသုံးပြုရမည်ဆိုလျှင် မြို့ပေါင်းတစ်ရာ့ရှစ်ဆယ်အား ဖြတ်သန်းဖို့လိုလိမ့်မည်ဖြစ်သည်။

အကယ်၍သူတို့ နေရာကူးပြောင်းအစီအရင်များအား ဆက်တိုက်တစ်ခုပြီးတစ်ခုအသုံးပြုခဲ့

လျှင်တောင် ကံကြမ္မာတောင့်သို့ရောက်ရှိရန် အနည်းဆံး ဆယ်ရက်ကနေလဝက်ခန့်

အထိကြာမြင့်လိမ့်မည်ဖြစ်သည်။

သို့သော်ဤသည်ကားဖြစ်နိုင်သမျှအ

မြန်ဆုံးသော အမြန်နှုန်းဖြစ်သည်ဟု သုံးသပ်၍ရနိုင်သည်ဖြစ်သည်။

မြောက်ပိုင်းဒေသကြီး၏အမည်မသိရသောမြို့တစ်ခုတွင်ဖြစ်သည်။

ဤအချိန်တွင် မြို့တစ်ခုလုံး၌အားကောင်းသော

သွေးညှီနံ့များဖြင့်လှိုင်ထနေသည်။ ကောင်းကင်နှင့်မြေပြင်၌လည်း နီရဲသောသွေးများစွန်းထင်းနေသည်။

မရေတွက်နိုင်သောလူများမှာ မြို့အတွင်း၌လဲနေကြသည်။ ၎င်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်း

သောမြင်ကွင်းတစ်ခုဖြစ်သည်။ မြို့တစ်ခုလုံးမှာ အလောင်းမြို့တော်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

“သေစမ်း.သောက်လူသားတွေ.. သူတို့တကယ်ပဲ သူတို့အများကြီးကို မျိုးပွားရဲတယ်.. အရင်အချိန်တုံးက အဲ့နိမ့်ကျတဲ့လူသားက တကယ်ကြီး ငါ့ကိုအချိန်အကြာကြီးဖိနှိပ်ခဲ့တယ်.. သေစမ်း. နိမ့်ကျတဲ့မျိုးနွယ်စု ငါသူတို့ကိုလုံးဝသုတ်သင်ပစ်ချင်တယ်”

နီရဲသောဟင်းလင်းပြင်ထဲတွင်ကလေးတစ်ယောက်ကဲ့သို့ ပုံစံရှိသော ခန္ဓာကိုယ်တစ်ခုက လေထဲ၌လွင့်မျောရပ်တည်နေသည်။ ကလေးက ကိုယ်လုံးတီးဖြင့်ဖြစ်သည်။ ၎င်းက မိန်းကလေးတစ်ဦးဖြစ်၏။ သူမ၏ကိုယ်တွင်ထူးဆန်းသော ရုန်းကဲ့သို့အမှတ်အသားများဖုံးလွှမ်းနေသည်။

ဤအချိန်တွင် ကလေး၏ ဝဝကစ်ကစ်မျက်နှာလေးက ခက်ထန်လာပြီးသူမ၏ မျက်လုံးတို့၌ သွေးနီရောင်အလင်းတစ်ခုလင်းလက်တောက်ပနေသည်။

……………………………..

ရှစ်ဖုန့်က လောချင်းချွမ်နှင့်ရွှယ်ဝူဟမ်တို့အား သွေးကျောက်ပြားနေရာလွတ်ထဲသို့

စုပ်ယူလိုက်ပြီး ၎င်းတို့အားအထဲ၌ ကျင့်ကြံစေသည်။

ထို့နောက်တွင် သူက နေရာကူးပြောင်းအစီအရင်အား

တစ်ယောက်တည်းအသုံးပြုပြီး မြို့ငါးဆယ့်နှစ်မြို့ကိုဖြတ်သန်းခဲ့သည်။

သို့သော် ရှစ်ဖုန့် ပိုင်ယွမ်မြို့မှ နောက်တစ်မြို့သို့သွားရန် နေရာကူးပြောင်းအစီအရင်အား သုံးမည့်အချိန်တွင် အစောင့်များကသူ့အား နေရာကူးပြောင်းအစီအရင်ကများ

စွာထိခိုက်ထားသောကြောင့် ၎င်းအားအသုံး

မပြုခင်အရင်ဆုံး ပြုပြင်ဖို့လိုသည်ဟုပြောသည်။ ပြန်ပြင်ရန်အချိန်မည်မျှကြာမြင့်မည်ကိုက အတတ်မပြောနိုင်ချေ။

နေရာကူးပြောင်းအစီအရင်က ထိခိုက်ထားပြီးပြန်ပြုပြင်ရန်လိုအပ်

သည်ဖြစ်သောကြောင့် ရှစ်ဖုန့်အနေဖြင့် ရွေးချယ်စရာမရှိဘဲ ပိုင်ယွမ်မြို့တွင် အချိန်တစ်ခုအထိနေရလိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်နေရာကူးပြောင်းအစီအရင်ဧရိယာအတွင်းမှလျှောက်လှမ်းထွက်လာလိုက်ပြီး ပိုင်ယွမ်မြို့၏လူစည်ကားသော လမ်းမထက်သို့ဝင်ရောက်လိုက်သောအခါတွင် ရုတ်တရက် စကားအပြန်အလှန်ပြောဆိုမှုတစ်ခု

ကိုကြားလိုက်ရသည်။

“မင်းကြားပြီးပြီလား.. ယွင်ချင်မြို့က အလောင်းမြို့တစ်ခုအဖြစ်ကိုပြောင်းလဲသွားပြီလို့ငါကြားခဲ့တယ်.. မြို့တစ်ခုလုံး အလောင်းတွေတောင်လိုပုံနေပြီး သွေးချောင်းစီးနေတာပဲတဲ့. ဒါကကြည့်ရုံနဲ့တင် အရမ်းကိုထိတ်လန့်ကြောက်ရွံ့ဖို့ကောင်းတယ်. လူမီလီယံရာနဲ့ချီပြီးအသတ်ခံခဲ့ရတယ်”

“ဘယ်လိုလူကများအရမ်းရက်စက်ရတာလဲ.. သူကတကယ်ပဲ လူတွေမီလီယံနဲ့ချီပြီးသတ်ပစ်ခဲ့တယ်.. ဒါက.ဒါက တိရစ္ဆာန်တွေမှလုပ်တဲ့အရာပဲ”

“ဘယ်သူသိမှာလဲ..အဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို မျက်မြင်ကြုံခဲ့သူတွေလည်း အသတ်ခံရပြီးတာကြာလောက်ပြီ.. ဘယ်သူကမှအဲ့တာကို ကိုယ့်မျက်လုံးနဲ့ကိုယ် မြင်ရတာမဟုတ်ဘူး”

“ဟူး.. ငါတို့ရဲ့မြောက်ပိုင်းဒေသကြီးလဲ အခုတလော ငြိမ်းငြိမ်းချမ်းချမ်းရှိတယ်ကိုမရှိဘူး. သိမ်ကြာခင်က လည်း သေခြင်းမဲ့တောင်တန်းမှာကြီးမားတဲ့ ဗြောင်းဆန်မှုတွေဖြစ်ခဲ့တယ်လို့ကြားခဲ့ရတယ်..သေခြင်းမဲ့တောင်တန်းမှာဖိနှိပ်ခံထားရတဲ့ ပြိုင်ဘက်ကင်းနတ်ဆိုးတစ်ပါး ထွက်လာတာပဲဖြစ်ရမယ်.. အခုဆို ယွင်ချင်မြို့က လူတွေမီလီယံနဲ့ချီပြီး အစုလိုက်အပြုံလိုက်ကိုအသတ်ခံခဲ့ရပြီ”

“လူတွေမီလီယံနဲ့ချီအစုလိုက်အပြုံ

လိုက်အသတ်ခံခဲ့ရတယ်..”

ဤလူအုပ်အတွင်းမှစကားတို့အားကြားပြီး

နောက် ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။ ထို့နောက်သူ၏မျက်နှာကအေးစက်မှု

အဖြစ်ပြောင်းသွား၏။

“ဖြစ်နိုင်တာအဲ့ မကောင်းဆိုးဝါးလုပ်တာများလား”

ရုတ်ခြည်းသွေးအမှတ်အသားဥ၏ ပုံရိပ်က ရှစ်ဖုန့်၏စိတ်ထဲ၌ပေါ်လာသည်။

သွေးပန်းခက်မျိုးနွယ်ဝင်ကနောက်ဆုံးတွင် ဘယ်ဆီမှန်းမသိရသောနေရာတစ်ခု

သို့လွတ်မြောက်သွားသည်ဖြစ်သည်။ ထိုမျိုးနွယ်က အမြဲတမ်း သက်ရှိများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပေါ်တွင် အထုံဝါသနာပါသည်ဖြစ်၏။သွေးနီရောင်ကမ္ဘာအတွင်း၌ သူမြင်တွေ့ခဲ့ရသော တောင်လိုပုံနေသည့်အလောင်းများနှင့် မြစ်လိုစီးဆင်းနေသော သွေးများကိုသူပြန်လည်အမှတ်ရလိုက်သည်။

ထျန်းဟန်တိုက်ကြီးက ဖရိုဖရဲဝရုန်းသုဉ်းကားအခြေအနေဆီကိုဦးတည်နေသည်ဖြစ်သည်။

ရှစ်ဖုန့်ကလူအုပ်နှင့်အတူလျှောက်လှမ်းလာရင်းတွေးနေ၏။ ရှစ်ဖုန့်အသိပြန်ဝင်လာချိန်တွင် သေရည်ဆိုင်တစ်ခုရှေ့သို့ရောက်နေသည်ကိုသူတွေ့လိုက်ရသည်။

“အမူသမားရဲ့ဘဝ တဲ့လား..နမည်မဆိုးဘူးပဲ”

ရှစ်ဖုန့်ကသေရည်ဆိုင်၏ ဆိုင်းဘုတ်မှ နမည်ကိုရေရွတ်လိုက်ပြီးနောက် သေရည်ဆိုင်ထဲသို့တည့်တည့်

မတ်မတ်ပင်ဝင်ရောက်လိုက်သည်။

“လူကြီးမင်း..စားသောက်စရာတစ်ခုခုများအလိုရှိပါသလားဒါမှမဟုတ် ဆိုင်ထဲမှနေချင်ပါသလား”

ရှစ်ဖုန့် ဝင်ရောက်လာသည်နှင့် စားပွဲထိုးဖြစ်သူက သူ့အားအပြုံးတစ်ခုဖြင့်အလျှင်အ

မြန်နှုတ်ဆက်ကြိုဆိုသည်။

“ဒီသခင်လေးကို နေရာကောင်းတစ်ခုနဲ့ အကောင်းဆုံးစားပွဲတစ်ခုပြင်ဆင်ပေး”

ရှစ်ဖုန့်က စားပွဲထိုးကိုပြောလိုက်သည်။

“ကောင်းပါပြီ ..ကျေးဇူးပြုပြီးနေရာယူပါ”

စားပွဲထိုး၏လမ်းညွှန်ပြသမှုအောက်တွင် ရှစ်ဖန့်က ခန်းမအတွင်းရှိ ပြတင်းတံခါးနေရာ၌ရှိသော စားပွဲတစ်လုံးတွင်ဝင်ထိုင်လိုက်သည်။ ထို့နောက်တွင် စားပွဲထိုးကမီးဖိုချောင်သို့ မှာကြားရန်ထွက်သွား၏။

ရှစ်ဖုန့်သေရည်ဆိုင်အတွင်းသို့ဝင်ရောက်ပြီး

သည့်နောက်၌ ယွင်ချင်မြို့အတွင်းရှိ အစုလိုက်အပြုံလိုက်အသတ်ခံရမှုနှင့်ပက်သက်သည့်ဆွေးနွေးပြောဆိုမှုအကြောင်းများ

အားအများဆုံးကြားရသည်။

ထို့အပြင်၎င်းက လူပေါင်းမီလီယံနှင့်ချီရှိသော မြို့ကြီးတစ်ခုဖြစ်သည်ဖြစ်၏။၎င်းတို့အားလုံး ရုတ်တရက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရခြင်းက မည်မျှတုန်လှုပ်ဖို့ကောင်းသနည်း။

“ဒါက ဒေါသထွက်ဖို့ကောင်းတာရှင်းနေတာပဲ.. ဒါက တိရစ္ဆာန်တစ်ကောင်တောင်လုပ်မဲ့အရာမျိုး

မဟုတ်ဘူး. လူတွေမီလီယံနဲ့ချီပြီး အစုလိုက်အပြုံလိုက်အသတ်ခံရတာ.. မီလီယံနဲ့ချီနော်”

“မြောက်ပိုင်းဒေသကြီးထဲကအင်အားစုကြီးတွေက အဲ့နတ်ဆိုးတွေကိုသတ်ဖို့ ယွင်ချန်မြို့ကို ကျွမ်းကျင်သူတွေကိုစေလွှတ်ထားတယ်တဲ့.. သူတို့ထဲမှာ ဧကရာဇ်နယ်ပယ်တွေတောင်မှ အများကြီးပါတယ်လို့ပြောတယ်”

“ဒီဆိုးယုတ်တဲ့နတ်ဆိုးကို သတ်ပစ်ရမယ်. မဟုတ်ရင် မြောက်ပိုင်းဒေသကြီး ဘယ်တော့မှ ငြိမ်းချမ်းရမှာမဟုတ်ဘူး”

“အဖြူရောင်ဆံပင်နဲ့ အဆိတ်မယ်အကြောင်းကိုရောမင်းကြား

ပြီးပြီလား”

ထို့နောက်တွင် လူငယ်တစ်ယောက်၏အသံက ရှစ်ဖုန့်နှင့်မလှမ်းမကမ်းစားပွဲထံမှ ရှစ်ဖုန့်၏နားထဲသို့ရောက်လာသည်။

“ဒီလိုကိစ္စကြီးကိုငါတို့သေချာပေါက်ကြား

တာပေါ့. မနေ့ကတုံးက ဆံဖြူအဆိပ်မယ်က ပိုင်ယွမ် မြို့အရှင်သခင်ငယ်လေးနဲ့အစောင့် ဆယ့်နှစ်ယောက်ကို အဆိပ်သုံးပြီးတော့သတ်ပစ်ခဲ့တယ်

လို့ငါကြားခဲ့တယ်. အဲ့နောက်သူမြို့ကနေထွက်ပြေး

လွတ်မြောက်သွားတယ်..ဒီနေ့ မြို့အရှင်သခင်ကနေပြီးပြင်းထန်တဲ့ကိစ္စတစ်ခုအဖြစ်နဲ့ ကမ္ဘာဦးကျောက်တုံးတစ်ဆယ်မီလီယံ ဆုကြေးငွေနဲ့အတူ ဖမ်းဆီးဝရမ်းကိုထုတ်ခဲ့တယ်..ကမ္ဘာဦးကျောက်တုံးဆယ်မီလီယံကိုရဖို့အတွက် ကျင့်ကြံသူတွေအများကြီးက ဆံဖြူအဆိပ်မယ်ကိုရှာဖို့မြို့က

နေထွက်သွားကြတယ်”

“ကမ္ဘာဦးကျောက်တုံးဆယ်မီလီယံ .. ငါနည်းနည်းစိတ်ပါသား”

“မင်း. မင်းစိတ်မပါတာပိုကောင်းမယ်.. ကောလဟာလတွေအရဆံဖြူအဆိပ်မယ်က အဆိပ်ကိုတော်တော်လေးကောင်း

ကောင်းမွန်မွန်သုံးနိုင်တယ်တဲ့. သူ့ရဲ့အဆိပ်ကျွမ်းကျင်မှုကိုလူတွေကို

သဲလွန်စတောင်မကျန်အောင်

သတ်ပစ်နိုင်တယ်.. ကမ္ဘာဦးကျောက်တုံးတစ်ထောင်လောက်ကိုသုံးဖို့ဆိုရင်တောင်မင်းအသက်ရှင်နေမှရမှာနော်”

“စားဟား. ငါက စကားအဖြစ်ပြောတာပါ.လာ ခွက်ချင်းတိုက်ကြစို့”

“ကမ်းပေ့”

“ဆံဖြူအဆိပ်မယ်. သူမများလား”

ရှစ်ဖုန့်မှာ သူ၏နားရှိလူနှစ်ယောက်ပြောသော

စကားအားကြားပြီးနောက် သူ၏စိတ်ထဲ၌လှပသောအဖြူရောင်

ပုံရိပ်တစ်ခုပေါ်လာသည်။ သူမ၏ ရေတံခွန်ကဲ့သို့ စီးဆင်းနေသော မည်းနက်သော ဆံပင်တို့ကသေခြင်းတားမြစ်နယ်မြေထဲ၌ နှင်းကဲ့သို့ဖြူစွတ်သောအရောင်အဖြစ်ပြောင်းလဲသွားသည်ဖြစ်သည်။

ထိုထက်ပိုသည်ကားထိုအချိန်တုံးက သူမက အဆိပ်သုံးရာတွင်တော်နေခြင်းဖြစ်သည်။

ဤအရာအားတွေးမိပြီး သူမအားတွေးမိကာ သူ့ဘေးရှိလူနှစ်ဦးပြောသော ကျင့်ကြံသူများစွာက ကမ္ဘာဦးကျောက်တုံးဆယ်မီလီယံအတွက် သူမအားရှာဖွေရန်မြို့ထဲမှထွက်ခွာ

သွားသည်ဟု ကြားရသောအခါတွင် ရှစ်ဖုန့်ရုတ်ခြည်းစားချင်စိတ်တို့

ပျောက်သွားသည်။

ရှစ်ဖုန့်၏ထိုင်နေသောပုံရိပ်က ရုတ်ခြည်းလှုပ်ရှားသွားသည်။ မျက်စိတစ်မှိတ်အတွင်းသေရည်

ဆိုင်တစ်ခုလုံး၌မြည်ဟိန်းသံ

တစ်ခုထွက်ပေါ်လာသည်။

လူများကသူတို့၏ခေါင်းအား

မော့ကြည့်လိုက်သောအခါတွင် ကြီးမားသော လူတစ်ကိုယ်စာအပေါက်တစ်ခု သေရည်ဆိုင်၏ခေါင်မိုး၌ပေါ်

လာသည်ကိုတွေ့လိုက်ရသည်။ ဖုန်မှုန်များနှင့်အပျက်အစီးအပိုင်း

အစများက အပေါက်မှနေ၍ သေရည်ဆိုင်ထဲသို့လွင့်စင်ကျလာသည်။

“အိုး..မဟုတ်သေးဘူး.. လူကြီးမင်း. လူကြီးမင်းရဲ့စားစရာနဲ့ဝိုင်တွေ.. ပြီးတော့ငွေလည်းမချေရသေးဘူး”

ဤအချိန်တွင်စားပွဲထိုးဖြစ်သူမှာ တန်ဖိုးကြီးစားစရာများနှင့်ဝိုင်တစ်စားပွဲအား မှာထားသည့် စားသုံးသူက ရုတ်တရက်ထွက်သွားသည်ကို တွေ့လိုက်ရသည်။သူကအလျင်

အမြန်ကြီးမားသောလူတစ်ကိုယ်စာ

အပေါက်ကြီးဆိုလာ၍ ကောင်းကင်ထဲသို့အသားကုန်

အော်ဟစ်ပြောလိုက်သည်။

အကယ်၍ ထိုလူသာ ပြန်လာပြီးငွေမချေခဲ့လျှင် သူသည်လည်းအဆုံးသတ်သွား

လိမ့်မည်ဖြစ်သည်။

အချိန်ခဏတာအထိ စားပွဲထိုးမှာ ငိုတော့မည်ကဲ့သို့ဖြစ်နေပြီး သူ၏နှလုံးသားထဲ၌ နာကျည်းမှုများဖြင့်ပြည့်နှက်နေသည်။

All Chapters