အခန်း (၇၀၂)
Vol. 47 Ch. 702
ရှစ်ဖုန့်က သေရည်ဆိုင်ထဲမှ
ထွက်လာပြီး ပိုင်ယွမ်မြို့အထက်မှ တစ်ဟုန်ထိုးပျံသန်းလာသည်။ ရှစ်ဖုန့်၏လက်ရှိအမြန်နှုန်းဖြင့် ပိုင်ယွမ်မြို့ကဲ့သို့မြို့ကြီးတစ်မြို့၌တောင် သိပ်ကြာကြာမပျံသန်းလိုက်ရဘဲ မြို့ပြင်သို့ပျံသန်းရောက်ရှိလာပြီး မြို့၏ ဆင်ခြေဖုံးနေရာသို့ရောက်ရှိလာသည်။
“ဆံဖြူအဆိပ်မယ်” ကမြို့မှထွက်ပြေးလွတ်မြောက်သွားသည် ဟူသောသတင်းစကားတစ်ခွန်းကိုသာ သူရရှိခဲ့သောကြောင့် “ဆံဖြူအဆိပ်မယ်”က ဘယ်ကိုထွက်ပြေးလွတ်မြောက်
သွားသည်ဆိုသည်ကိုသူမသိချေ။ ရှစ်ဖုန့်ကမြို့၏အရှေ့ဘက်ဂိတ်ကိုထွက်ခွာရန်ရွေးချယ်လိုက်သည်။ ထို့ကြောင့်မည်သူမှ မရှိသောနေရာတစ်ခုကိုလျှင်မြန်စွာ
ရှာတွေ့လိုက်ပြီး ဆင်းသက်လိုက်၏။
ထို့နောက်တွင်အတွေးတစ်ချက်ဖြင့် သူ၏ခန္ဓာကိုယ်ဝန်းကျင်၌ သွေးနီရောင်အလင်းတန်းများဖြစ်ပေါ်အောင် ရှစ်ဖုန့်ပြုလုပ်လိုက်သည်။
“ဂါး..ဂါး..ဂါး..ဂါး..”
သားရဲများကဲ့သို့အော်ဟစ်သော
အသံများက ပဲ့တင်ထွက်ပေါ်လာသည်။
သွေးနီရောင်အလင်းတို့ပျောက်
ကွယ်သွားသောအခါတွင် ယင်အလောင်းကောင်နှစ်
ထောင့်ခြောက်ရာက ရှစ်ဖုန့်၏ ဝန်းကျင်၌ပေါ်လာသည်။ ထို့နောက်တွင်ရှစ်ဖုန့်က
နောက်ထပ်အတွေးတစ်ချက်
ကိုလှုပ်ရှားလိုက်သည်။ ရှစ်ဖုန့် ၏အမိန့်အောက်တွင် ယင်အလောင်းကောင်နှစ်
ထောင့်ခြောက်ရာတို့က၎င်းတို့၏ မွေးရာပါမြေဓာတ်ပါရမီစွမ်းရည်ကိုအသုံးပြု၍ မြေကြီးအတွင်းသို့နစ်မြုပ်
ဝင်ရောက်လိုက်သည်။
ထို့နောက်တွင်ပိုင်ယွမ်မြို့
ကိုအလယ်ဗဟိုထားကာ ၎င်းတို့အားလုံးက မြေကြီးထဲမှ ဦးတည်ချက်ပေါင်းစုံသို့ခွဲထွက်သွားသည်။ ရှစ်ဖုန့်၏အမိန့်အရ ၎င်းတို့က ရှည်လျားသောအဖြူရောင်ဆံပင်
နှင့်အမျိုးသမီးကိုရှာဖွေနေကြခြင်းဖြစ်သည်။
ထို့နောက်ရှစ်ဖုန့်က အလာဟဿနေနေခြင်းမရှိချေ။ သူကထပ်မံလှုပ်ရှားလိုက်ပြီး နိမ့်သောအနေအထားဖြင့်စတင်
ပျံသန်းလိုက်သည်။ သူ၏ဝိညာဉ်စွမ်းအားအား ဦးတည်ချက်အနှံ့သို့စတင်ဖြန့်ကျတ်၍ သဲလွန်စတစ်ခုခုများရှာ
တွေ့မည်လားဟုရှာနေ၏။
“ဝူရှန့်.. တကယ်ပဲမင်းလား”
သေရည်ဆိုင်ထဲ၌သူတို့ပြောနေကြသော ဆံဖြူအဆိပ်မယ်ကိုတွေးမိသောအခါတွင်ရှစ်ဖုန့်တီးတိုးရေရွတ်လိုက်သည်။
ထိုမိန်းကလေးမှာအစတုံးက အေးစက်သော်လည်း သူမ၏ပို၍ပို၍ပီပြင်လာသောအပြုံးက ရှစ်ဖုန့်၏စိတ်ထဲ၌ထပ်မံပေါ်လာသည်။
သူမကရွှင်ပျနေသော်လည်း ပြောရလျှင်သူမကစိတ်မချမ်း
မြေ့ဖို့ကောင်းသောဘဝတစ်ခုနှင့်နက်ရှိုင်းသောအမုန်းတရားတို့ကိုသယ်ဆောင်
ထားသူဖြစ်သည်။
“မင်း. ကျေးဇူးပြုပြီးခဏလေးစောင့်ပါအုံး မိတ်ဆွေ”
ဤအချိန်တွင် ငယ်ရွယ်သောအသံတစ်ခုက ရှစ်ဖုန့်၏နောက်မှရုတ်တရက်
ထွက်ပေါ်လာသည်။
“ဟမ်”
အသံအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က မျက်မှောင်ကြုတ်လိုက်ပြီး နောက်သို့ကြည့်လိုက်သည်။
အစိမ်းရောင်ဝတ်စုံနှင့်ကျောထက်၌ ဓားရှည်တစ်ချောင်းကိုသယ်ထားသောလူငယ်တစ်ယောက်ကိုတွေ့လိုက်ရ၏။ သူ့၌နုနယ်ချောမောသော မျက်နှာတစ်ခုပိုင်ဆိုင်ထားပြီး သူ့ကရှစ်ဖုန့်ထံသို့ဦးတည်ပျံသန်းလာသည်။ မျက်စိတစ်မှိတ်အတွင်း သူကရှစ်ဖုန့်၏ရှေ့သို့ရောက်ရှိလာပြီး ယဉ်ကျေးစွာဖြင့်လက်သီးနှစ်ဖက်ကိုဆုပ်၍ ပြောလိုက်သည်။
“ညီအကို ငါက ဓားတောင်တန်းရဲ့တပည့်တစ်ဦးဖြစ်တဲ့ ယွဲ့ရှောက်ချုံးပါ.. ငါ့မှာ မင်းကို မေးစရာလေးရှိလို့ပါ..မိတ်ဆွေ”
“ငါအခုမှရောက်တာ. မင်းတစ်ခြားသူကိုသွားမေးတာပိုကောင်းမယ်”
ရှစ်ဖုန့်က ဂရုမစိက်ဟန်ဖြင့်ပြောလိုက်သည်။
ထိုနောက်တွင် ရှစ်ဖုန့်ကလှည့်လိုက်ပြီး ဓားတောင်တန်းမှတပည့်ဖြစ်သူ ယွဲ့ရှောက်ချုံးကို လျစ်လျူရှုလိုက်သည်။
ယွဲ့ရှောက်ချုံးမှာ လူငယ်က စကားဆုံးသည်နှင့်လှည့်ပြီးထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။ ခဏလောက်ကြက်သေသေသွားပြီးနောက် ယွဲ့ရှောက်ချုံးကထပ်မံရွေးလျားလိုက်ပြီး ရှစ်ဖုန့်၏ရှေ့သို့ရောက်ရှိလာပြန်သည်။ထို့နောက်သူက လက်သီးနှစ်ဖက်ကိုဆုပ်၍ရှစ်
ဖုန့်ကိုပြောလိုက်သည်။
“ဒါကအရေးကြီးတာတော့မဟုတ်ပါဘူး”
“တကယ်တော့ဒါက အရေးကြီးတဲ့ဟာမဟုတ်ပါဘူး. ငါကမင်းကို အဖြူရောင်ဆံပင်နှင့်မိန်းကလေးတစ်ယော်ဖြတ်သွားသေးလားလို့မေးချင်လို့ပါ”
“မင်း. မင်းလည်းသူမကိုရှာနေတာလား.”
ဤစကားအားကြားပြီးနောက်. ရှစ်ဖုန့်ရုတ်ခြည်းမျက်မှောင်ကြုတ်သွားသည်။ ထိုလူကသူ့အားတည့်တည့်ပင်ကြည့်နေ၏။
ထို့နောက်ရှစ်ဖုန့်ကသူ့အားအလေးအနက်မထားတော့ပေ။ ယင်းမှာ လူငယ်က ကြယ်သုံးပွင့် ဘိုးဘေးနယ်ပယ်တစ်ဦးသာဖြစ်
နေသောကြောင့်ဖြစ်သည်။ အကယ်၍ထိုအမျိုးသမီးကသာ တကယ်ပဲ ယွဲ့ဝူရှန့်ဆိုလျှင် သူသေချင်နေတာပဲဖြစ်လိမ့်မည်ဖြစ်သည်။
သေခြင်းတားမြစ်နယ်မြေထဲ၌ ရှစ်ဖုန့်ယွဲ့ဝူရှန့်နှင့်တွေ့ဆုံခဲ့သည်။ ယွဲ့ဝူရှန့်ကဆန်းကြယ်သောအဆိပ်ပညာရပ်ကိုကျင့်ကြံထား၏။ သူ့အနေဖြင့် သူမအထူးပြုသောနယ်ပယ်ကိုမပြောနိုင်သော်လည်း သူမ၏အဆိပ်ကျွမ်းကျင်
မှုကထူးဆန်းပြီး ခန့်မှန်း၍မနိုင်သည်ကိုတော့သူပြောနိုင်သည်။
“မင်းကလည်း ဆံဖြူအဆိပ်မယ်ကိုရှာနေတာပဲလား”
ယွဲ့ရှောက်ချင်းမှာ ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် အစပိုင်း၌ အံ့အားသင့်သွားသည်။ ထို့နာက်သူက တစ်စုံတစ်ခုအားတွေးမိလိုက်ပြီး
တီးတိုးရေရွတ်လိုက်၏။
“ဟုတ်သား.. ဆုကြေးက ကမ္ဘာဦးကျောက်တုံးဆယ်မီလီယံတောင်ဟာ. ဘယ်သူက စိတ်မပါဘဲနေမှာလဲ”
ထို့နောက် ယွဲ့ရှောက်ချင်းက ရှစ်ဖုန့်အားကြည့်၍ သူ၏ခေါင်းကိုခါယမ်းလိုက်သည်။သူက ကောင်းမွန်သောရည်ရွယ်ချက်ဖြင့်
ဖြောင်းဖြဖို့ကြိုးစားလိုက်၏။
“ညီအကို ..ငါမင်းကိုအကြံလေးတစ်ခုပေးပါရစေ. ဆံဖြူအဆိပ်မယ်နဲ့ပက်သက်တဲ့
ကိစ္စမှာမင်းဝင်မပက်သက်တာပို
ကောင်းလိမ့်မယ်..မင်းရဲ့သိုင်းတာအိုက ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်မှာပဲရှိတာ.. ပိုင်ယွမ်မြို့အရှင်သခင်ငယ်တောင်မှ ကြယ်ရှစ်ပွင့် အင်ပါယာနယ်ပယ်မှာရှိတယ်လို့ငါကြားခဲ့တယ်..”
“ပြီးတော့ ဆံဖြူအဆိပ်မယ်ရဲ့လက်ထဲမှာသေသွားတဲ့ အခြားဆယ့်နှစ်ယောက်လုံးကလည်း အင်ပါယာနယ်ပယ်တွေကြီးပဲ.. ငါမင်းကို ပြောတဲ့အရာက စိတ်ကျေနပ်စရာမကောင်းလို့ မင်းကြိုက်မှာမဟုတ်ဘူး. ဒါပေမဲ့ မင်းအနေနဲ့ ဘိုးဘေးနယ်ပယ်ကိုမှ အနည်းဆုံးဝင်ရောက်ထားတာမဟုတ်ရင် မင်းဆံဖြူအဆိပ်မယ်ကိုသွား
ရှာတာကသေဖို့သွားတာပဲ”
ရှစ်ဖုန့်က ကံကြမ္မာတောင်သို့ အပြင်းနှင်လာစဉ်ကတည်းက သိုသိပ်စွာဖြင့် လာခဲ့သည်။ သာမန်လူတို့၏အမြင်၌သူသည် ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်တစ်ယောက်သာဖြစ်သည်။
“အိုး”
လူငယ်၏စကားတို့အားကြားရကာ လူငယ်၏အသွင်အပြင်အားမြင်
တွေ့ပြီးနောက် ရှစ်ဖုန့်၏ဂရုမထားသောမျက်နှာ၌ အဓိပ္ပါယ်ရှိသောအကြည့်တစ်ချက်
ဖြစ်ပေါ်လာသည်။
ဤလူကသူ၏နှလုံးသားအခြေမှလာ
သောစိတ်ရင်းအတိုင်းပြောခြင်းဖြစ်သည်ကို ရှစ်ဖုန့်မြင်နိုင်သည်ဖြစ်သည်။ သူက ရိုးသားပြီး ဟန်ဆောင်နေပုံမရချေ။
ဤလူ၏နှလုံးသားကမဆိုးလှပေ။
ရှစ်ဖုန့်က “အိုး” ဟုသာတုန့်ပြန်ပြီးသူပြောသည်အားနားထောင်မည့်ပုံမပေါ်သောအခါတွင် ယွဲ့ရှောက်ချုံးက ဆက်လက်ပြောဆိုသည်။
“ညီအကို . ငါတောင်ပေါ်က ပထမဆုံးအကြိမ်ဆင်းလာတုံးက ငါလည်းမင်းအသက်လောက်ပဲရှိသေးတာ. ငါက အမြဲတမ်းသန်မာပြီးကမ္ဘာပေါ်ကို လူတွေကို နှိမ့်ချကြည့်နိုင်တယ်လို့ငါထင်ခဲ့တယ်”
“နောက်ပိုင်းမှာ ငါဟာငါ့ကိုယ်ငါရေတွင်းထဲကဖား
သူငယ်တစ်ကောင်ပါလားလို့သ
ဘောပေါက်ခဲ့တယ်.. အမြဲတမ်းပိုကောင်းတစ်စုံတစ်
ယောက်ဆိုတာရှိကိုရှိတယ်.. ငါတို့ထက်သန်မာတဲ့သူတွေအများကြီးရှိတယ်”
ယွဲ့ရှောက်ချုံးကသူ၏ရှေ့မှလူ
ငယ်အားကြည့်လိုက်သည်။ ယင်းမှာအတိတ်မှသူ့ကိုယ်သူပြန်မြင်နေရသကဲ့သို့ပင်ဖြစ်သည်။ ထိုအချိန်ကသူသည်လည်း၎င်းနှင့်တူညီသောအသက်အရွယ်တွင်ရှိခဲ့သည်မဟုတ်ပါလော။
“ငါသိပြီ”
ရှစ်ဖုန့်က ယွဲ့ရှောက်ချုံးအားခေါင်းညိမ့်ပြလိုက်သည်။
“ငါ့စကားနဲ့အကြံပေးတာကို မင်း နားလည်မယ်လို့ငါမျှော်လင့်ပါတယ်…”
ရှစ်ဖုန့်က သူ၏အကြံပေးချက်အား နားထောင်မည့်ပုံပေါ်သောအခါတွင် ယွဲ့ရှောက်ချုံးကခေါင်းညိမ့်လိုက်သည်။
“မင်းတို့”
သို့သော်ဤအချိန်တွင် ခံ့ညားသောအသ့တျစ်ခုက ဟင်းလင်းပြင်ထဲမှထွက်ပေါ်လာသည်။ ထို့နောက် ထိုအသံကထပ်မံပြောဆို၏။
“မင်းတို့နှစ်ယောက်.. ငါ့မှာမင်းတို့ကိုမေးစရာရှိတယ်”
ထိုအသံမှာ မည်သူ့ကိုမှ သူပြောသည်အားငြင်းဆန်ခွင့်မ
ရှိသည့်ပုံစံဖြစ်သည်။
ထိုအသံအားနားထောင်ပြီးသည့် နောက် ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့က
ခေါင်းမော့လိုက်သည်။ ရှစ်ဖုန့်ကမျက်မှောင်အနည်း
ငယ်ကြုတ်လိုက်၏။ သို့သော် ဟင်းလင်းပြင်ထဲမှ တုတ်ခိုင်သောပုံရိပ်အားတွေ့
လိုက်ရသောအခါတွင် ယွဲ့ရှောက်ချုံး၏မျက်နှာက ပြောင်းလဲသွားကာ အလန့်တကြားပြောလိုက်သည်။
“အား. အဲ့တာသူပဲ”
ရှစ်ဖုန့်နှင့် ယွဲ့ရှောက်ချုံး တို့၏အထက်တွင် အသက် နှစ်ဆယ့်ခုနှစ်နှစ်ဆယ့်ရှစ်နှစ်အရွယ်ရှိသော လူတစ်ယောက်ပေါ်လာသည်။ သူကဒေါင်မြင့်မြင့်နှင့် ခံ့ညားသောမျက်နှာရှိပြီးသူ၏လက်တို့အားရင်ဘက်ရှေ့တွင်ပိုက်ထားသည်။ သူက ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့အား တင်စီးသော အသွင်အပြင်ဖြင့်ကြည့်လိုက်သည်။
“မင်းသူ့ကိုသိလား”
ရှစ်ဖုန့်က ယွဲ့ရှောက်ချုံး အားမေးလိုက်သည်။
ယွဲ့ရှောက်ချုံးက ကောင်းကင်ထဲမှလူအားကြည့်ကာ ရှစ်ဖုန့်ကို ပြန်ဖြေလိုက်သည်။
“ငါသူ့ကိုသိတာပေါ့.. ဒီလူက ပ တို ဂိုဏ်းက အကြီးဆုံးတပည့် ပဝူတိပဲ ..ကောလဟာလတွေအရ ဒီလူရဲ့ ကျင့်ကြံမှုနယ်ပယ်က ကြယ်သုံးပွင့်သူတော်စင်နယ်
ပယ်မှာလို့ပြောကြတယ်.. သူက ကြီးစိုးခြင်းစွမ်းအားတစ်ခုနဲ့အ
တူမွေးဖွားလာတာ. သူက စစ်မှန်တဲ့ပါရမီရှင်တစ်ဦးပဲ..ငါတို့တွေသူ့ကိုစော်ကားလို့မရဘူး. အကယ်၍ သူက ငါတို့ကို တစ်ခုခုမေးလာခဲ့ရင် ငါတို့အမှန်အတိုင်းဖြေရမယ်. မဟုတ်ရင် ငါတို့အသတ်ခံရလိမ့်မယ်”
“အိုး. .ပလွှားလိုက်တဲ့နမည်ပဲ..”
ရှစ်ဖုန့်က ယွဲ့ရှောက်ချုံး ၏စကားတို့အားကြားလိုက်ရသောအခါတွင် အထင်သေးမှုအပြည့်ဖြင့်ရယ်မောလိုက်သည်။
“မင်းတို့ဘာအကြောင်းတွတ်ထိုးနေကြတာလဲ
ဘိုးဘေးနယ်ပယ် လူငယ်ကသူနှင့်ရင်ဆိုင်ရချိန်တွင်ပင်သူ့ဘေးမှလူငယ်အားတွတ်ထိုးနေသည်ကို
တွေ့လိုက်ရသောအခါ ခံ့ညားသောမျက်နှာနှင့်လူက ရုတ်ခြည်းစိတ်ဘဝင်မကျမှုတို့ဖြင့်ပြည့်နှက်သွားသည်။ စွမ်းအားကြီး ဖိအားတစ်ခုက သူ၏ ကိုယ်မှထွက်ပေါ်လာပြီး အောက်ရှိလူနှစ်ယောက်ပေါ်သို့
ကျဆင်းလာသည်။
“အား”
ပဝူတိ၏ ဖိအားအာက်တွင် ယွဲ့ရှောက်ချင်း၏အမူအယာက
သိသိသာသာပြောင်းလဲသွားပြီး အလန့်တကြားအော်လိုက်သည်။