← Chapters

အခန်း (၇၀၃)

Vol. 47 Ch. 703

အခန်း (၇၀၃)

Vol. 47 Ch. 703

ပဝူတိ၏ စွမ်းအားကြီးအော်ရာအားမြင်တွေ့

လိုက်ရသောအခါတွင် ယွဲ့ရှောက်ချုံး၏အမူအယာကသိသိ

သာသာပြောင်းလဲသွာသည်။

ဧရာမတောင်ကြီးတစ်လုံးက သူ့ပေါ်သို့ဖိကျဆင်းလာသည်ဟု ယွဲ့ရှောက်ချုံးခံစားရ၏။အကယ်၍သာ တောင်ကြီးကသူ့အပေါ်နည်းနည်းလေး

ထပ်ဖိလိုက်လျှင် သူ အပိုင်းပိုင်းကြေမွသွားလိမ့်မည်ဖြစ်၏။

“ကြယ်သုံးပွင့် သူတော်စင်နယ်ပယ်တစ်ဦးရဲ့အော်ရာ

ကအရမ်းကြောက်ဖို့ကောင်းတာပဲ”

ယွဲ့ရှောက်ချုံး၏နှလုံးသားထဲ၌ ထိတ်လန့်မှုတို့ဖြင့်ပြည့်နှက်နေသည်။ ပဝူတိ၏ရှေ့တွင် သူ့၌လုံးဝခုခံနိုင်သောခွန်အားတို့ရှိမနေချေ။ သူကပုရွတ်ဆိတ်တစ်ကောင်နှင့်ခြားနား

ခြင်းမရှိချေ။

ပဝူတိက အောက်၌ရှိသောလူနှစ်ဦးအား ဆက်လက် ငုံ့ကြည့်နေသည်။ သူ့အတွက်၎င်းတို့ကပုရွတ်ဆိတ်များ

သာဖြစ်သည်။ ၎င်းတို့အနေဖြင့် သူ၏အော်ရာအားခုခံလိမ့်မည်ဖြစ်

သော်လည်း ထိုသို့လုပ်နိုင်စွမ်းမရှိကြချေ။

ထို့နောက်တွင် ပဝူတိက လှောင်ပြုံးပြုံးလိုက်ပြီးပြောလိုက်သည်။

“ငါ့ကိုပြောစမ်း. မင်းတို့တွေဆံပင်အဖြူနဲ့မိန်းကလေး

တစ်ယောက်ကိုတွေ့လိုက်ကြသေးလား”

“ဆံ..ဆံပင်အဖြူနဲ့မိန်းကလေး”

ပဝူတိ၏အော်ရာအောက်၌ ယွဲ့ရှောက်ချုံး၏ အသံကတုန်ယင်နေသည်။

သူကလျှင်မြန်စွာပြောလိုက်သည်။

“အရှင် ကျုပ်တို့လည်း ပိုင်ယွမ်မြို့အရှင်သခင်ရဲ့ကမ္ဘာဦးကျောက်တုံး

ဆယ်မီလီယံကြောင့်ဆံပင်အဖြူနဲ့မိန်းကလေးကိုရှာနေကြတာပါ.. ကျုပ်တို့မတွေ့သေးပါဘူး”

“မင်းတို့ကလည်းရှာနေကြတာလား”

ယွဲ့ရှောက်ချုံး၏ စကားများအားကြားပြီးနောက် ပဝူတိကလှောင်လိုက်သည်။ သူကအထင်သေးမှုအပြည့်ဖြင့်ပြောလိုက်၏။

“မင်းတို့နှစ်ယောက်တည်းနဲ့လား”

ပဝူတိက ဆက်ပြောသည်။

“ မင်းတို့တွေ ငါ့ရှေ့မှာတော့ မဟုတ်မဟတ်တွေပြောရဲမှာ

မဟုတ်လောက်ဘူး”

ပဝူတိမှာ ဤစကားအားပြောချိန်တွင် သူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိနေသည်။ သူက သူ့အောက်မှလူနှစ်ယောက်အားအထင်သေးမှုအပြည့်ဖြင့်ကြည့်လိုက်သည်။

ထို့နောက်တွင် ပဝူတိကသူ၏အော်ရာအားရုတ်သိမ်းလိုက်ပြီအဝေးသို့ပျံသန်းထွက်ခွာသွားသည်။ ကြည့်ရသည်မှာ ဆံပင်အဖြူရောင်နှင့်မိန်းကလေးအား

ဆက်လက်ရှာဖွေရန်ထွက်ခွာသွား

သည့်ပုံပေါ်သည်။

“ဟောဟဲ.ဟောဟဲ..ဟောဟဲ”

ပဝူတိထွက်ခွာသွားသောအခါတွင် ယွဲ့ရှောက်ချုံးမှာဖိအားတို့ပေါ့ကျသွား

သလိုခံစားရသည်။ သူကအသက်ကိုခပ်ပြင်းပြင်းရှူရှိုက်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ရလိုက်သလိုခံစားရသည်။

ယွဲ့ရှောက်ချုံးမှာသေခြင်းမှသီသီလေးကပ်လွတ်လာသလိုခံစားရ၏။ အကယ်၍ ပဝူတိသာ နည်းနည်းလေး လှုပ်ရှားလိုက်လျှင် သူ့အနေဖြင့် ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ ပြားကပ်စွာသေရမည်ကိုသိသည်ဖြစ်သည်။

အနည်းငယ်တည်ငြိမ်သွားပြီးနောက် ယွဲ့ရှောက်ချုံး သူ့ဘေး၌ရှိနေသည့် ရှစ်ဖုန့်ကိုတွေးမိသွားသည်။ သူကရှစ်ဖုန့်ကိုကြည့်၍ပြောလိုက်၏။

“အခု အမြဲတမ်း မင်းထက်ပိုပြီးတော်တဲ့သူရှိတယ်ဆို

တာကိုမင်းနားလည်လောက်ပြီမလား. မင်းသာအနာဂတ်မှာ ခရီးလှည့်လည်သွားလာရင် မင်းတက်နိုင်စွမ်းရှိသလောက်

ပဲပြုမူဖို့ကိုသတိရပါ.. ဘယ်သူ့ကိုစော်ကားလိုရတယ်ဘယ်

သူကမရဘူးဆိုတာကိုမင်းနားလည်နေရမယ်”

ယွဲ့ရှောက်ချုံးမှာ ရှစ်ဖုန့်အား အတွေ့အကြုံကြွယ်ဝသောလေသံ

မျိုးဖြင့်ပြောနေသည်။

“ကောင်းပြီ..ငါပြောစရာကဒီလောက်ပဲရှိတယ်. မင်းနောက်ဘာလုပ်ဖို့ရှိလဲ”

“မင်းဆံပင်အဖြူနဲ့ အဆိပ်မယ်ကိုဆက်ရှာချင်နေသေးရင်. .ငါ့နဲ့လိုက်လာဖို့အကြံပေးချင်တယ်.. အဲ့အချိန်ကြရင် ငါမင်းကိုကာကွယ်ပေးမယ်.. အကယ်၍ ငါတို့သာ အဆိပ်မယ်ကိုဖမ်းမိရင် ငါမင်းကို ကမ္ဘာဦးကျော်တုံးတစ်သန်းပေးမယ်”

“ဒါဆိုလည်းမင်းနဲ့အတူသွားတာပေါ့”

ရှစ်ဖုန့်ကပြောလိုက်သည်။

“အင်း..ကောင်းပြီ”

ယွဲ့ရှောက်ချုံးက စိတ်ကျေနပ်သောအမူအယာဖြင့်

ပြောလိုက်သည်။

“မင်းကမ္ဘာဦးကျောက်တုံးတွေကိုလက်

မလျော့ချင်ဘူးဆိုရင်တောင်မင်း အနေနဲ့မင်းရဲ့အသက်ကိုတော့ ချစ်ရမယ်.. မင်းအနေနဲ့မင်းထက်သန်မာတဲ့ငါ့ရဲ့ ကာကွယမှုအောက်မှာဆိုရင် အများကြီးလုံခြုံတာကိုမင်းသိပါတယ်.. မင်းလည်းငါခုဏကပြောတာတွေကိုကြား

တဲ့ပုံပါပဲ..”

“မင်းပြောတာတွေကတော်တော်လေး

ကျိုးကြောင်းဆီလျော်တယ်..”

ရှစ်ဖုန့်ကပြောသည်။

“အင်း”

ယွဲ့ရှောက်ချုံးက ရှစ်ဖုန့်အားခေါင်းညိမ့်ပြပြီးပြော၏။

“ မင်းရဲ့ ကျင့်ကြံမှု က မဆိုးတာကိုငါတွေ့တယ်.. ဒီလိုဆိုရင် ရင် အခုကစပြီးမင်းငါ့နောက်ကိုလိုက်ရင်ဘယ်လိုလဲ. နှစ်အနည်းငယ်လောက် ငါမင်းကိုကမ္ဘာကြီးကိုခရီးလှည့်လည်

ခေါ်သွားပေးမယ်.. ငါမင်းကိုသိုင်းတာအိုနဲ့ပက်သက်ပြီး လမ်းညွှန်မှုအချို့လည်းပြပေးမယ်.. ဒါဆိုမင်း လည်းလမ်းလွဲရောက်မှာမဟုတ်တော့ဘူး”

“ဒီအကြောင်းကိုနောက်မှပြောတာပေါ့”

“မင်းဟာမင်းတွေးကြည်ပေါ့. ငါ့နောက်ကိုလိုက်တာကမင်းအတွက်ကောင်းတဲ့အရာပဲ.. နောက်ပြီး မင်းအနေနဲ့ငါ့ရဲ့ခွဲခြမ်းစိတ်ဖြာမှုကို ဂရုတစိုက်နဲ့မှတ်မိနေရမယ်.. အဲ့တာကအနာဂတ်မှာမင်းအတွက် အများကြီးအကူအညီဖြစ်လိမ့်မယ်”

ယွဲ့ရှောက်ချုံးကပြောသည်။

“အိုး”

ယွဲ့ရှောက်ချုံး၏ ခွဲခြမ်းစိတ်ဖြာမှုဆိုသည်ကား ရှစ်ဖုန့်၏စိတ်ဝင်စားမှုအားအောင့်

သက်သက်ဖြစ်သွားစေသည်။

ထို့နောက်တွင် ရှစ်ဖုန့်မှာ ယွဲ့ရှောက်ချုံးက ပဝူတိထွက်သွားသော ဘက်သို့ ညွှန်ပြသည်ကို တွေ့လိုက်ရသည်။

“ပဝူတိက အရှေ့ဘက်ကိုသွားတယ်. ငါတို့အဲ့ဘကကိုသွားလို့မရဘူး. အကယ်၍ ဆံဖြူအဆိပ်မယ်ကအဲ့ဘက်မှာရှိနေတယ်ဆိုရင်တောင်ငါတို့အဲ့ဘက်ကိုသွားလို့မရဘူး.

ပဝူတိသာအဲ့မှာရှိနေရင် ဆံဖြူအဆိပ်မယ်ကိုငါတို့ဖမ်းလို့ရမှာမဟုတ်ဘူး.. အဲ့တာထက်ပိုတက အကယ်၍ငါတို့သာအဆိပ်မယ်ကိုစော်ကားလိုက်ရင်ငါတို့အသက်တွေဆုံးရှုံးရဖို့ပိုများတယ်”

“အခုတောင်ဘက်ကိုသွားကြတာပေါ့”

ယွဲ့ရှောက်ချုံးကပြောလိုက်သည်။

“အင်း”

ရှစ်ဖုန့်ကခေါင်းညိမ့်လိုက်သည်။

ဤအချိန်တွင် ရှစ်ဖုန့်မှာသူ၏ယင်အလောင်းကောင်အုပ်က ပိုင်ယွမ်မြို့အားဗဟိုပြု၍ မိုင်ငါးဆယ်ပတ်လည်အားရှာဖွေပြီးဖြစ်သည်ကို အာရုံခံမိပြီးဖြစ်သည်။ သို့သော်ယင်အလောင်းကောင်များထံမှဘာသတင်းကိုမှမရပေ ။ အခုက ရှာဖွေမှုဧရိယာအားပို၍ချဲ့ထွင်ရ

လိမ့်မည်ဖြစ်သည်။

ထို့နောက်တွင် ရှစ်ဖုန့်က ယွဲ့ရှောက်ချုံးနောက်သို့လိုက်ပါပြီး ဆံဖြူအဆိပ်မယ်အားရှာဖွေရန်အတွက်တောင်ဘက်သို့ဦးတည့်ပျံသန်းလိုက်သည်။

“ဒါနဲ့ မင်းနမည်ကဘယ်လိုခေါ်လဲ”

“ ရှစ်ဖုန့်”

ရှစ်ဖုန့်ကပြန်ဖြေသည်။

“အင်း”

ယွဲ့ရှောက်ချုံးက ရှစ်ဖုန့်အားခေါင်းညိမ့်ပြီးပြန်ဖြေသည်။

“ငါကမင်းထက် အသက်နည်းနည်းပိုကြီးတယ်.. အခုကစပြီးမင်းငါ့ကို အကိုယွဲ့လို့ခေါ်လို့ရတယ်”

ရှစ်ဖုန့်၏မျက်နှာကပြောင်းလဲခြင်းမရှိသလို ဘာမှလည်းပြောခြင်းမရှိချေ။

“ကြည့်လိုက်”

အမွှေးတိုင်တစ်တိုင်ခန့်အချိန်ကုန်

ဆုံးပြီးနောက် ရှစ်ဖုန့်နှင့် ယွဲ့ရှောက်ချုံးတို့၏အမြင်ကွင်းအတွင်း

သို့စိမ်းလန်းစိုပြည်သောတောအုပ်တစ်ခုဝင်ရောက်လာသည်။ယွဲ့ရှောက်ချုံးက ချက်ချင်းပဲ ရှစ်ဖုန့်အားထိုဘက်သို့ထိုးညွန်ပြလိုက်သည်။

ထို့နောက်ယွဲ့ရှောက်ချုံးကရှစ်ဖုန့်အား

ခွဲခြမ်းစိတ်ဖြာပြောဆို၏။

“ဒီတောအုပ်က စိမ်းလန်းစိုပြည်တယ်..ဒါကတော်တော်လေး

ပုန်းဖို့ကောင်းတဲ့နေရာတစ်ခုပဲ.. ဆံဖြူအဆိပ်မယ်ဒီနေရာမှာ မပုန်းနေဘူးလို့မပြောနိုင်ဘူး”

ယွဲ့ရှောက်ချုံး၏ စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။

“သွားစို့ ..တစ်ချက်သွားကြည့်တာပေါ့”

ဤသို့ပြောပြီးနောက် ရှစ်ဖုန့်ကရုတ်ခြည်းသူ၏အမြန်နှုန်း

အားတိုးမြှင့်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ယွဲ့ရှောက်ချုံး၏ ရှေ့မှ ပျံသန်းသွားသည်။

“မင်း. နေအုံး”

ဤအချိန်တွင် ယွဲ့ရှောက်ချုံးက သူ၏နောက်မှစိုးရိမ်ပူပန်စွာဖြင့်

ပြောလိုက်သည်။

ဤအသံအားကြားပြီးနောက် ရှစ်ဖုန့်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏အမြန်နှုန်းကိုလျှော့ချလိုက်သည်။ သူက လှည့်လိုက်ပြီး ယွဲ့ရှောက်ချုံးအားစိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။

“မင်းက.အရမ်းငယ်သေးတော့

စိတ်မရှည်ဘူးပဲ..”

ယွဲ့ရှောက်ချုံးကရှစ်ဖုန့်အားကြည့်၍ သက်ပြင်းချလိုက်သည်။ ထို့နောက် သူက ရှစ်ဖုန့်အားစတင်ခွဲခြမ်းစိတ်ဖြာပြပြန်၏။

“ ဆံဖြူအဆိပ်မယ်မှာမင်းကိုသတ်

နိုင်တဲ့စွမ်းအားရှိတာ သိသာနေတာပဲ. အခုမင်းလုပ်သင့်တာက ငါ့နောက်မှာနေပြီး ငါကာကွယ်ပေးတာကိုခံဖို့ပဲ”

“အဲ့တာထက်ပိုတာက မင်းဒီလိုသာလုပ်နေရင် ရန်သူကိုအလွယ်လေး သတိပေးသလိုဖြစ်နေလိမ့်မယ်.. ဆံဖြူအဆိပ်မယ်သာ ငါတို့ကိုရှာတွေ့သွားရင် သူမထွက်ပြေးသွားလိမ့်မယ်”

“ငါတို့အခုလုပ်ရမှာကဖြည်းဖြည်းချင်း တိတ်တိတ်လေးဝင်ပြီးတောထဲမှာ ဖြည်းဖြည်းချင်းရှာဖို့ပဲ. ဒါပေမဲ့ အချိန်မရွေးတိုက်ခိုက်နိုင်ဖို့လည်း ငါတို့ပြင်ထားရမယ်.. ဆံဖြူအဆိပ်မယ်ကိုငါတို့တွေ့တာနဲ့ သူမအကာအကွယ်မဲ့နေတုံး သူမကိုတိုက်ခိုက်ရမယ်”

“အား. ရှစ်ဖုန့်လေး. မင်းကအရမ်းငယ်သေးတယ်. အခုကစပြီး မင်းငါ့ဆီကတော်တော်လေးကိုသင်ရလိမ့်မယ်”

စကားဆုံးသွားသောအခါတွင် ယွဲ့ရှောက်ချုံးက ထပ်မံသက်ပြင်းချလိုက်ပြန်သည်။

ယွဲ့ရှောက်ချုံး၏ စကားများအားကြားပြီးနောက် ရှစ်ဖုန့်က ခေါင်းခါယမ်းလိုက်ပြီးပြောလိုက်သည်။

All Chapters