အခန်း (၇၀၄)
Vol. 47 Ch. 704
ရှစ်ဖုန့်က အတွေ့အကြုံကြွယ်ဝသောခွဲခြမ်း
စိတ်ဖြာမှုကောင်းမွန်သည့် ယွဲ့ရှောက်ချုံးနောက်သို့လိုက်ပါပြီးတောအုပ်အတွင်းသို့ ဖြည်းညှင်းစွာဆင်းသက်လိုက်သည်။
ဤအချိန်တွင် ရှစ်ဖုန့်မှ မြေအောက်ထဲမှနေ၍ တောအုပ်အား စုံစမ်းရန်အတွက် ယင်အလောင်းကောင်သုံးဆယ်ကိုစုစည်းပြီးဖြစ်သည်။
တောအုပ်အတွင်းသို့ဝင်ရောက်ပြီးနောက် ယွဲ့ရှောက်ချုံးတစ်ယောက် ရှစ်ဖုန့်အားပြောဆိုရန်မမေ့ပေ။
“ဂရုစိုက်ပါ. . ငါ့နောက်မှာနေ ငါ့နဲ့တစ်မီတာထက်ပိုဝေးတဲ့နေရာကို မသွားနဲ့ . တောအုပ်ထဲကိုမင်းဝင်ရောက်တဲ့အချိန်ဘာဆူညံသံကိုမှမလုပ်နဲ့.. ရန်သူကို သတိပေးသလိုမဖြစ်စေနဲ့”
ရှစ်ဖုန့်အား ဤသို့ပြောပြီးနောက် ယွဲ့ရှောက်ချုံးကတောအုပ်ထဲသို့ သတိထားပြီး ဝင်ရောက်လိုက်သည်။
ရှစ်ဖုန့်က ယွဲ့ရှောက်ချုံး၏နောက်မှလိုက်ပါလာသည်။ သူ၏လမ်းလျှောက်ပုံက သာမန်ကာလျှံကာနိုင်သော်လည်း သူ၏ခြေလှမ်းများက ပေါ့ပါးက ညင်သာသည်။ ငရဲဘုံကိုးခုခန္ဓာကိုယ်ရွေ့လျားမှုပညာရပ်ကိုအသုံးပြု၍ သူက တစ္ဆေတစ်ကောင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်လွန်းလှ၏။ သူ့အနေဖြင့်ဘာအသံမှထွက်ပေါ်စေခြင်းမရှိချေ။
အကြိမ်များစွာယွဲ့ရှောက်ချုံးတစ်ယောက်ရှစ်ဖုန့်ကသူ့နှင့်ခွဲသွားပြီး သူ့နောက်မှလိုက်ပါလာခြင်းမရှိဟုထင်ခဲ့သည်။ သို့သော် သူလှည့်လိုက်သောအခါတွင် ရှစ်ဖုန့်ကသူ့နောက်မှလိုက်လာဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။
သို့သော်ဤအချိန်တွင် ရှစ်ဖုန့် ၏ ဝိညာဉ်စွမ်းအားက တောအုပ်အတွင်းဖြန့်ကျတ်ပြီး သူ၏စိတ်ထဲမှ အဖြူရောင်ပုံရိပ်အား ရှာဖွေနေသည်။ တစ်ချိန်တည်းမှာပင် ယင်အလောင်းကောင်နှစ်ထောင့်ခြောက်ရာထံမှ သတင်းတို့ကိုလည်းလက်ခံရရှိနေ၏။ ယခုချိန်ထိတိုင်သူမနှင့်ပက်သက်သည့် ဘာသတင်းကိုမှမရသေးပေ။
ရုတ်တရက် ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့ သူ့တို့ရှေ့ရှိတောအုပ်အတွင်းမှလာနေသောအသံများကိုကြားလိုက်ရသည်။ ယွဲ့ရှောက်ချုံးက ရုတ်ခြည်းသူ၏ခေါင်းကိုလှည့်လိုက်ပြီး ရှစ်ဖုန့်အား တိတ်တိတ်နေရန်လက်ဟန်ခြေ
ဟန်ပြလိုက်သည်။
ထို့နောက်တွင် ယွဲ့ရှောက်ချုံး၏ ကိုယ်က ဖျက်ခနဲဖြစ်သွားပြီး သူတို့ရှေ့ရှိသစ်ပင်ကြီးတစ်ပင်နောက်၌ပုံးလိုက်၏။ ထို့နောက်တွင် သူ၏ခေါင်းအားဖြည်ညှင်းစွာပြူထွက်လိုက်ပြီး ရှေ့သို့ တိတ်တိတ်လေးကြည့်လိုက်၏။
ဤအချိန်တွင်ရှစ်ဖုန့်က ယွဲ့ရှောက်ချုံး ၏ နောက်၌ ရပ်နေသည် ။သို့သော် ရှစ်ဖုန့်၏လက်ရှိဝိညာဉ်စွမ်းအားဖြင့် သူ၏မျက်လုံးတို့ဖြင့်ပင်ကြည့်နေရန်မလိုအပ်ပေ။ သူ၏ရှေ့ရှိပုံရိပ်နှစ်ခုက သူ၏စိတ်ထဲ၌ ပေါ်လာသည်။
၎င်းတို့နှစ်ယောက်လုံးကသူရှာနေ
သောသူမဟုတ်ပေ။
ယွဲ့ရှောက်ချုံးမှာ မူလက ဆံဖြူအဆိပ်မယ်အား သူရှာတွေ့ပြီဟုထင်ခဲ့သည်။ သို့သော် သူ့ရှေ့ရှိတောအုပ်အတွင်းမှ ပုံရိပ်နှစ်ခုအားသူတွေ့လိုက်ရသောအခါတွင် သူ၏မျက်နှာက ရုတ်ခြည်းမည်းမှောင်သွားသည်။ သူကအံကိုတင်းတင်းကြိတ်ပြီး အသံတိုးတိုးဖြင့်တီးတိုးရေရွတ်လိုက်၏။
“သူတို့ပဲ.. .ဒီခွေးစုံတွဲပဲ”
ယွဲ့ရှောက်ချုံး၏အသံကတိုးသော်လည်း ရှစ်ဖုန့်၏နားထဲမှလွတ်မြောက်နိုင်ခြင်း
တော့မရှိပေ။ ရှစ်ဖုန့်က မေးလိုက်သည်။
“မင်းဒီလူနှစ်ယောက်ကိုသိလို့လား”
ရှစ်ဖုန့်၏ စကားအားကြားပြီးနောက် ယွဲ့ရှောက်ချုံးက သိချင်စိတ်တို့ဖြစ်သွားရ၏ ။သူကအရမ်းတိုးသောအသံဖြင့်ပြောလိုက်သည်တောင်ရှစ်ဖုန့်ကသူ၏အသံကိုမည်ကဲ့သို့ကြားပါသနည်း။သို့သော်ထို့နောက်တွင်
ယွဲ့ရှောက်ချုံးမှာ အများကြီးတွေးနေခြင်းမရှိပေ။ သူကလှည့်လိုက်ပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။
“ငါတို့ကသိရုံတင်မကဘူး.ဒီဖောက်ပြန်တဲ့စုံတွဲက ငါ့ရဲ့စီနီယာအကိုနဲ့ ဂျူနီယာညီမပဲ.. အရင်တုံးက ငါတို့တွေတောင်ပေါ်က အတူတူဆင်းခဲ့ပြီး မတော်တဆ ရှေးဟောင်းသင်္ချိုင်းတစ်ခုကိုဖြတ်ခဲ့မိတယ်.. အဲ့ခွေးမက တကယ်ကြီး ငါ့ကိုသွေးဆောင်ဖြားယောင်းခဲ့ပြီး ငါလည်းအဲ့ရဲ့ဆွဲဆောင်မှုဒဏ်ကိုမခံနိုင်ခဲ့ဘူး. ငါအာရုံပျက်နေတဲ့အချိန်မှာ အဲ့ခွေးမရဲ့ချောက်ကမ်းပါးထဲတွန်း
ချတာကိုခံခဲ့ရတယ်. ကံကောင်းစွာနဲ့ ငါ့ကံကသေဖို့ပါမလာခဲ့ဘူး.”
ယွဲ့ရှောက်ချုံးမှာ အတိတ်ကအကြောင်းများအားပြောနေချိန်တွင်ပင် ရှစ်ဖုန့်အားသင်ပေးရန်မမေ့ပေ။
“ရှစ်ဖုန့်လေး.. မင်းအနာဂတ်မှာ မိန်းမတစ်ယောက်ရဲ့ညှို့ယူတာ
ကိုမခံရစေဖို့မှတ်ထားရမယ်. အခြေအနေကဘေးကျပ်နံကျပ်
ကိုရောက်နေတဲ့အချိန်မှာ အရေးအကြီးဆုံးအရာ ကိုယ့်စိတ်ကိုကိုယ်ထိန်းထားနိုင်ဖို့ပဲ. မဟုတ်ရင် မင်းဘယ်လိုသေလိုက်လဲတောင်
သိလိုက်မှာမဟုတ်ဘူး”
ဤသည်ကား စစ်မှန်သောလူတစ်ယောက်၏
ဇတ်လမ်းပင်ဖြစ်သည်။
ရှစ်ဖုန့်မှာ ယွဲ့ရှောက်ချုံး၏ စကားတို့အားကြားလိုက်ရသောအခါတွင် ခက်ထန်နေသောယွဲ့ရှောက်ချုံးအားကြည့်၍ သူ့ဖာသာသူတွေးလိုက်သည်။
ထို့နောက်တွင် သူတို့ရှေ့ရှိလူနှစ်ယောက်
အပြန်အလှန်ပြောနေသောစကားထဲမှ သတင်းအစအနအချို့ကိုရရှိလိုက်သည်။
“စီနီယာအကို. အကို့ရဲ့သတင်းက အမှန်ပဲလား. ဆံဖြူအဆိပ်မယ်က ပိုင်ယွမ်မြို့ရဲ့ အရှင်သခင်ဆီကနေ ရှေးဟောင်းအမွေအနှစ်တစ်ခုရဲ့ မြေပုံနဲ့သော့ကို လုယူသွားတယ်တဲ့လား .. ဒါကြောင့်လည်းသူမက မြို့အရှင်သခင်ငယ်ကိုသေတဲ့အထိအဆိပ်ခတ်လုပ်ကြံသွားတာလား”
“သတင်းကမမှားနိုင်ဘူး’
မိန်းကလေးကစီနီယာအကိုဟုခေါ်သော လူငယ်က ခိုင်မာစွာခေါင်းညိမ့်ပြီးပြောလိုက်သည်။
“ဒီပစ္စည်းနှစ်ခုက သေချာပေါက်ကို ကမ္ဘာဦးကျောက်တုံးဆယ်မီလီယံထက်
တန်တယ်..”
“အဲ့တာကတကယ်ပဲ ရှေးဟောင်းအမွေအနှစ်နေရာဆိုရင်တော့ စီနီယာအကိုပြောတာအမှန်ပဲ.”
အမျိုးသမီးငယ်ကခေါင်းညိမ့်သည်။ထို့နောက်သူမကထပ်ပေါင်းပြော၏။
“ကျွန်မတို့ဒီနေရရှိနေတဲ့အောင်မြင်မှုတွေကရှေးဟောင်းသင်္ချိုင်းတစ်ခုကိုမတော်တဆတွေ့ခဲ့ရတာကြောင့်ပဲ”
အမျိုးသမီးငယ်၏အောင်မြင်မှုများနှင့်
ကံကောင်းစွာဖြင့် ကြုံတွေ့ခဲ့ရသော ရှေးဟောင်းသင်္ချိုင်းအကြောင်းအားရှစ်ဖုန့်ကြားရသလို သူ့ရှေ့၌ရှိနေသော ယွဲ့ရှောက်ချုံးကလည်း လက်သီးကိုတင်းနေအောင်ဆုပ်ပြီး ကြွပ်ဆပ်သောအသံများကိုပင် ကြားနိုင်သည်ဖြစ်သည်။
သူ့ရှေ့မှရှိနေသောလူနှစ်ယောက်ကလည်းဤအသံကိုကြားနိုင်လောက်၏။သို့သော်
ရှစ်ဖုန့်ရှိနေခြင်းကြောင့် ၎င်းတို့ဤအသံအားကြားရန်ခက်ခဲလေသည်။
“ပိုင်ယွမ်မြို့ကလူအများကြီးလည်းဒီကြောင်းကိုကြားပြီးမှာကြောက်မိတယ်.. ဒါကြောင့်တို့တွေ ဆံဖြူအဆိပ်မယ်ကိုရှာပြီး သူ့ကိုသတ် ပြီး တာနဲ့ သော့နဲ့မြေပုံကိုရအောင်ယူရမယ်”
လူငယ်စီနီယာအကိုကပြောသည်။
“ဒီအခြေအနေမှာတို့တွေဘာလုပ်သင့်လဲ”
ရှစ်ဖုန့်က ယွဲ့ရှောက်ချုံးအားစိတ်ဝင်စားစွာဖြင့်မေးလိုက်သည်။
ဤအချိန်တွင် ရှစ်ဖုန့်၏ယင်အလောင်းကောင်သုံးဆယ်က တောအုပ်အားရှာဖွေပြီးစီးပြီဖြစ်သည်။ ဆံဖြူအဆိပ်မယ်နှင့်ပက်သက်သည့် ဘာလက္ခဏာမှရှိမနေပေ။
“စော်ကားခံရတာကိုမျိုသိပ်ထား”
ယွဲ့ရှောက်ချုံးကအသံတိုးတိုးဖြင့်
ပြောလိုက်သည်။ သို့သော်သူ၏အသံက သူဒေါသ ၊ မုန်းတီးမှုနှင့်နှလုံးသားထဲမှလက်
သင့်မခံနိုင်မှုတို့ကိုဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။
ထို့နောက်ယွဲ့ရှောက်ချုံးကရှစ်ဖုန့်
အားဂရုတစိုက်နှင့်သင်ပေးသည်။
“ဒီဖောက်ပြန်တဲ့စုံတွဲကရှေးဟောင်း
သင်္ချိုင်းကနေ အကျိုးအမြတ်တွေရခဲ့တယ်. အခုသူတို့က သူတော်စင်နယ်ပယ်ကျွမ်းကျင်သူ
တွေဖြစ်နေကြပြီ.. သူတိုကငါတို့ဆန့်ကျင်လို့ရတဲ့
သူတွေမဟုတ်တော့ဘူး”
“ငါတို့တွေသည်းခံပြီးရင်းသည်းခံဖို့ပဲ
တက်နိုင်တယ်. ငါတို့ဒေါသတွေကိုမျိုချထားပစ်ဖို့ပဲ တက်နိုင်တယ်..ငါတို့ရဲ့ဒေါသတွေ
ကိုမျိုချထားပစ်ဖို့ပဲတက်နိုင်တယ်.. ငါတို့တွေအေးအေးဆေးဆေးနေရမယ်. ငါတို့သာသူတို့ဆီသွားရန် . ငါတို့သေလိမ့်မယ်”
“ဘာလိုသူတို့ကို မင်းအတွက် လက်စားချေတဲ့အနေနဲ့ရှင်းပစ်ပေးဖို့ ငါ့ကိုမကူညီခိုင်းတာလဲ…”
ရှစ်ဖုန့်က ယွဲ့ရှောက်ချုံးအားကြည့်၍ အေးအေးလူလူပင်ပြောလိုက်သည်။ သူ့အတွက်ဤလူများအား သတ်ရန် လေတစ်ချက်မှုတ်သလောက်ပင်
လွယ်ကူသည်ဖြစ်သည်။
“မဟုတ်ဘူး..မဟုတ်ဘူး”
ရှစ်ဖုန့်၏ စကားအားကြားရသောအခါတွင် ယွဲ့ရှောက်ချုံးက အလျှင်မြန်အသံတိုးတိုးဖြင့်တားလိုက်သည်။
“ရှစ်ဖုန့်လေး မင်းက တရားမျှတဲ့လူဆိုတာကိုငါသိတယ်. ဒါပေမဲ့ မင်းမှတ်ထားရမှာက ဘာတွေပဲဖြစ်နေပါစေ သူတို့ကို့ငါ့လက်တွေနဲ့ပဲငါလက်စားချေမယ်. မင်းကိုဝင်စွတ်ဖတ်ခွင့်မပြုဘူး”
ယွဲ့ရှောက်ချုံးမှာ ဤစကားများ
အားရှစ်ဖုန့်ကို မီးပုံထဲတိုးဝင်သည့် ပိုးဖလံမဖြစ်စေချင်သောကြောင့်
ပြောခြင်းဖြစ်သည်။
ဒေါသထွက်စရာများနှင့်ကြုံလာရ
ပါကလူငယ်များအတွက် သူတို့ကိုယ်သူတို့ နားလည်မှုလွဲပြီး ရူးမိုက်သောအရာများကိုလုပ်ဖို့ လွယ်ကူသည်ဖြစ်သည်။ သူ၏မျက်လုံးထဲတွင်ရှစ်ဖုန့်က ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်သာဖြစ်သည်။ ၎င်းတို့ က သူတော်စင်နယ်ပယ်များဖြစ်ကြပြီး အထွတ်အထိပ်ကျွမ်းကျင်သူများဖြစ်ကြ၏။
ဤဘဝတွင် ရှစ်ဖုန့်လေးကိုအသာထားသူပင် ၎င်းတို့ထက် ပိုသန်မာလိမ့်မည်မဟုတ်ပေ။
“မင်းကဒီလိုပြောမှတော့ ကောင်းပြီ. ငါဒီကိစ္စကိုဝင်မစွတ်ဖတ်တော့ဘူး”
ရှစ်ဖုန့်က ဂရုမစိုက်သကဲ့သို့ထပ်မံအေးအေး
လူလူပြောလိုက်သည်။
မသိလိုက်ပါဘဲယွဲ့ရှောက်ချုံး လက်စားချေရန်အခွင့်အရေးတစ်ခု
ကိုဆုံးရှုံးသွားရသည်။
“သွားစို့..ဒီဖောက်ပြန်တဲ့စုံတွဲဒီမှာ
ရှိနေရင်ငါတို့ဒီဧရိယာမှာနေလို့မရဘူး.. မှတ်ထားပါ.နောက်ကနေဘာ
ဆူညံသံမှမထွက်စေနဲ့. ငါတို့ကိုသာသူတို့ရှာတွေ့သွားရင် အန္တရာယ်ဖြစ်လိမ့်မယ်..”
ယွဲ့ရှောက်ချုံးမှာ ဤစကားများအားပြောသောအခါတွင် လေးနက်မှုတို့ဖြင့်ပြည့်နှက်နေသည်။
ဖြည်းဖြည်းချင်းသူနှင့်ရှစ်ဖုန့်က တောအုပ်ထဲမှ ဂရုတစိုက်ထွက်ခွာလာသည်။ သူတို့တောအုပ်ထဲမှထွက်လာသောအခါတွင် ယွဲ့ရှောက်ချုံးကရှစ်ဖုန့်အား ချက်ချင်းတောအုပ်နှင့်ဝေးရာသို့
ပျံသန်းရန်ပြောလိုက်သည်။
တစ်နာရီခန့်ပျံသန်းပြီးနောက်တွင် ယွဲ့ရှောက်ချုံးမှာသူတို့နောက်သို့မည်သူမှ လိုက်မလာမှန်းသေချာသွားသည်။ သူက တိတ်တဆိတ်စိတ်သက်သာရာရစွာဖြင့်
လေပူတစ်ချက်မှုတ်ထုတ်လိုက်၏။
ဤအချိန်တွင်ယွဲ့ရှောက်ချုံးကသူ၏ဘေးမှရှစ်ဖုန့်အား နောက်တစ်ကြိမ်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဒီအခြေအနေက အန္တရာယ်တွေနဲ့ပြည့်ခဲ့တယ်ဆိုပေမဲ့. အဲ့တာကတန်ပါတယ်.. အဲ့စုံတွဲဆီကနေ အရမ်းအရေးကြီးတဲ့သတင်းကိုရခဲ့တယ်”