← Chapters

အခန်း (၇၀၅)

Vol. 47 Ch. 705

အခန်း (၇၀၅)

Vol. 47 Ch. 705

ရှစ်ဖုန့်အနေဖြင့် ယွဲ့ရှောက်ချုံးပြောသော အရေးကြီးသည့်သတင်းဆိုသည်ကို နားလည်သည်ဖြစ်သည်။

အစောပိုင်းကတောအုပ်အတွင်းတွင် ယွဲ့ရှောက်ချုံးပြောသောထိုဖောက်ပြန်သည့်စုံတွဲထံမှ ရှေးဟောင်းအမွေအနှစ်၏ မြေပုံနှင့်သော့အကြောင်းကိုကြား

ခဲ့ရသည်ဖြစ်သည်။

“ရှစ်ဖုန့်လေး ငါတို့ ဆံဖြူအဆိပ်မယ်ကို မြန်မြန်ရှာမှရမယ်. . တစ်ခြားသူတွေငါတို့ကိုအနိုင်ယူသွား

တာကိုခွင့်ပြုလို့မဖြစ်ဘူး..”

ယွဲ့ရှောက်ချုံးက ရှစ်ဖုန့်အားထပ်မံပြောလိုက်သည်။

“ရှေးဟောင်းအမွေအနှစ်ရဲ့မြေပုံနဲ့သော့. . အဲ့ဖောက်ပြန်တဲ့စုံတွဲကငါ့ကိုချောက်ကမ်းပါးကနေတွန်းချခဲ့ကြတာမဟုတ်လား. . အဲ့နောက်သူတို့ကရှေးဟောင်းသင်္ချိုင်းက လျှို့ဝှက်ချက်ကို အတူတူမျှဝေခဲ့ကြတယ်. အခုဆိုသူတို့နှစ်ယောက်လုံး ဒီလိုအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သူတော်စင်နယ်ပယ်တွေဖြစ်နေပြီ သူတို့က ပါရမီရှင်တွေဖြစ်လာကြတယ်”

“အကယ်၍…..အကယ်၍ ငါသာ ဆံဖြူအဆိပ်မယ်ကိုရှာတွေ့ပြီး သူ့ကိုသတ်.. သူ့လက်ထဲဥ မြေပုံကိုရအောင်ယူနိုင်ရင် အဲ့နောက်ပိုင်း..အဲ့နောက်ပိုင်း ရှေးဟောင်းအမွေအနှစ်ကိုငါရှာတွေ့တဲ့အခါ .. ငါ..ငါလည်းပိုပြီးတော့ အောင်မြင်မှုတွေကိုရလောက်တယ်..”

“အဲ့အချိန်ကြရင် ငါလက်စားချေမယ်”

ယွဲ့ရှောက်ချုံး၏ နှလုံးသားထဲ၌ ရှေးဟောင်းအမွေအနှစ် အကြောင်းတွေးရင်စတင်လောင်

မြိုက်လာသည်။ ထို့နောက်ထိုနှစ်တွင်သူလက်စား

ချေရန်ကိုမှတ်ထားလိုက်သည်။

“ဝူရှန့်…ဝူရှန့်.. ဒီသနားစရာကောင်မလေး. မင်းဘယ်မှာလဲ”

ရှစ်ဖုန့်က ယွဲ့ရှောက်ချုံးနောက်သို့လိုက်လာ

ရင်းတီးတိုးရေရွတ်လိုက်သည်။

ယခုအခါတွင် ယင်အလောင်းကောင်အုပ်ကြီးက ဦးတည်ချက်ပေါင်းစုံကိုရှာဖွေနေသည်။

သူတို့၏ ရှာဖွေမှုကိုချဲ့ထွင်ခဲ့သည့်တိုင် သူမ၏ သဲလွန်စအားတွေ့ရခြင်းမရှိသေးချေ။

……………………………………..

ယမန်နေ့က ပိုင်ယွမ်မြို့တွင်ဖြစ်သည်။

ပိုင်ယွမ်မြို့၏ ရှေးဟောင်းပစ္စည်းဈေးကွက်အတွင်းတွင် ပိုင်ယွမ်မြို့မှ သခင်လေးဖြစ်သူ ယွမ်ထုံတစ်ယောက် ရတနာမြေပုံတစ်ခုနှင့် ဆန်းကြယ်သောသော့တစ်ချောင်းကိုရှာတွေ့ခဲ့သည်။ သို့သော် ယွမ်ထုံ၌မြင့်မသားသော ဇတ်ရုပ်ရှိပြီး သူကပိုင်ယွမ်မြို့၏သခင်လေး

တစ်ယောက်ဖြစ်သောကြောင့် မည်သူကမျှ သူ့အပေါ်တွင် ဘာအကြံအစည်ကိုမှမထုတ်ရဲချေ။

ထို့ကြောင့်ယွမ်ထုံက ကျယ်လောင်စွာရယ်မောလိုက်သည်။ သူက ပိုင်ယွမ်မြို့သခင်လေးဖြစ်သူ

ယွမ်ထုံဖြစ်ကြောင်းလူများသိစေရန်အတွက် သူက ရှေးဟောင်း အမွေအနှစ် ၏မြေပုံနှင့်သော့တစ်ချောင်းကိုရှာတွေ့ခဲ့သည်ဟု သူ့နားဝန်းကျင်မှလူများကိုပြောခဲ့၏။

ယင်းကသူနားဝန်းကျင်မှလူများအားပို၍ ပို၍ စွဲဆောင်လာစေသည်။ ပင်ကိုယ်အားဖြင့် ထိုအာရုံစိုက်လာသောလူအုပ်ထဲတွင် လောဘကြီးသောမျက်လုံးပေါင်း

များစွာကလည်း ပုန်းကွယ်ပါဝင်နေသည်ဖြစ်သည်။

ဤအချိန်တွင် ယွမ်ထုံတစ်ယောက် လူအုပ်ထံသို့မောက်မာစွာဖြင့်တစ်

ချက်ကြည့်လိုက်သည်။ ရုတ်တရက် အဖြူရောင်ဆံပင်ရှည်တို့နှင့် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးကိုသူတွေ့လိုက်သည်။ ယွမ်ထုံသူမအားမြင်တွေ့လိုက်ရသော

အခါတွင် ဂနာမငြိမ်ဖြစ်လာသည်။ သူ၏စိတ်ထဲ၌ ညစ်ညမ်းသောမြင်ကွင်းများကပေါ်လာ၏။

ထို့နောက်မကြာခင်ယွမ်ထုံ လူအုပ်အားလျစ်လျူရှုလိုက်ပြီး လျှောက်လှမ်းသွားလိုက်သည်။ သူ၏လက်မောင်းတို့အားဖွင့်လိုက်ပြီး အမျိုးသမီးအား ဖတ်ရန်လုပ်လိုက်သည်။ သို့သော် သူအမျိုးသမီးနားမကပ်နိုင်ခင်မှာတင် ရုတ်တရက်နာကျင်စွာဖြင့်အော်ဟစ်ရလိမ့်မည်ဟုတော့သူမမျှောင်လင့်ထားခဲ့ပေ။ မကြာခင် သူ၏တစ်ကိုယ်လုံး၌ ဆွေးမြေ့ရိရွဲ မှုတို့က တစ်ဟုန်ထိုးပျံ့နှံ့လာ၏။

တစ်ချိန်တည်းတွင် ယွမ်ထုံ၏နောက်မှ ကိုယ်ရံတောင် ဆယ့်နှစ်ယောက်မှာလည်းတူညီစွာ

ခံစားလိုက်ရသည်။ သူတို့၏မျက်နှာများကစတင် ရိရွဲလာပြီး နာကျင့်စွာဖြင့်အော်ဟစ်နေရသည်။ ရိရွဲမှုတို့ကသူတို့၏တစ်ကိုယ်လုံးသို့ တစ်ဟုန်ထိုးပျံ့နှံ့သွားသည်။

အဆုံးသတ်တွင်ပိုင်ယွမ်မြို့သခင်လေးနှင့်အင်ပါယာနယ်ပယ်ကိုယ်ရံတော်ဆယ့်

နှစ်ယောက်လုံး ဆွေးမြည့်နေသော ခန္ဓာကိုယ်များနှင့်သေဆုံးသွားရသည်။

ထူးဆန်းသော ဆံပင်အဖြူနှင့်အမျိုးသမီးက

ယွမ်ထုံ၏လက်ထဲ၌ကိုင်ထားသော မြေပုံနှင့်သော့ကိုယူပြီး ရှေးဟောင်းပစ္စည်းဈေးကွက်ထဲမှ ဖျက်ခနဲထွက်ခွာသွားသည်။ ပိုင်ယွမ်မြို့ထဲမှသူမထွက်သွား

သည်ကိုတွေ့လိုက်ရသောလူများစွာရှိ၏။

ဆံပင်အဖြူနှင့်အဆိပ်မယ်က ပိုင်ယွမ်မြို့သခင်လေးအား သတ်သွားသည့်သတင်းက ပိုင်ယွမ်မြို့တစ်ခုလုံးသို့လျှင်မြန်စွာ

ပျံ့နှံ့သွားသည်။ ပိုင်ယွမ်မြို့အရှင်သခင်ကိုယ်တိုင်ကပင် သူမအား ကမ္ဘာဦးကျောက်တုံး

ဆယ်မီလီယံဖြင့် ဝရမ်းထုတ်လိုက်၏။ ရုတ်ခြည်းပိုင်ယွမ်မြို့မှာ အုံ့ကြွလာသည်။ အချို့ကဤနေရာသို့ကမ္ဘာဦးကျောက်တုံး ဆယ်မီလီယံအတွက်လာကြခြင်းဖြစ်ပြီးအချို့ကတော့ မြေပုံနှင့်သော့အတွက်လာကြခြင်းဖြစ်သည်။

၎င်းတို့အားလုံး၏တူညီသောဦး

တည်ချက်ကတော့ဆံပင်အဖြူနှင့်အဆိပ်မယ်ကိုရှာဖွေရန်ဖြစ်၏။

……………………………….

ရှစ်ဖုန့်က အတွေ့အကြုံကြွယ်ဝသော ယွဲ့ရှောက်ချုံးနောက်သို့ဆက်လိုက်လာပြီး ဆံအဖြူအဆိပ်မယ်၏သတင်း

ကိုဆက်လက်ရှာဖွေနေသည်။

ယွဲ့ရှောက်ချင်းက မည်သို့ပင်ဖြစ်နေပါစေ သူ့အနေဖြင့် ရှစ်ဖုန့်အတွက် သေချာခွဲခြမ်းစိတ်ဖြာမှုလုပ်ပေးသည်ဖြစ်သည်။

ဤအချိန်တွင် သူတို့၏ရှေ့၌သုဿာန်တစပြင်တစ်ခုပေါ်လာ၏။ တစ်ချက်ကြည့်ရုံဖြင့်၎င်းက များပြားလှသောဂူများဖြင့်ပြည့်နှက်နေ၏။

ယွဲ့ရှောက်ချုံးက သုဿာန်တစပြင်အားလက်ညှိုးထိုးလိုက်ပြီး ရှစ်ဖုန့်အား ခွဲခြမ်းစိတ်ဖြာပြပြန်၏။

“ဆံဖြူအဆိပ်မယ်ကဒီလိုနေရာမျိုးမှာ ပုန်းနေဖို့ပိုပြီးဖြစ်နိုင်ချေများတယ်”

“အိုး. ဘာကိုဆိုလိုချင်တာလဲ”

ရှစ်ဖုန့်က ယွဲ့ရှောက်ချုံးအားပြောလိုက်သည်။

“ယောက်ျားတစ်ယောက်ရဲ့ ပင်ကိုယ်အသိစိတ်”

ယွဲ့ ရှောက်ချုံး က ပြန်ဖြေလိုက်သည်။ ထို့နောက် ရှစ်ဖုန့်အားဆက်ပြောသည်။

“တစ်ခါတစ်ရံမှာ မင်းကမ္ဘာကြီးမှလှည့်လည်သွားလာမယ်ဆိုရင် ပင်ကိုယ်အသိစိတ်ဆိုတာကလည်းအရမ်းအရေးပါတယ်…အဲ့တာကမင်းရဲ့အသက်

ကိုတောင်ကယ်တင်နိုင်တယ်.. ငါ့နောက်ကိုနီးနီးလေးကနေလိုက်ခဲ့ပြီး မင်းရဲ့မျက်လုံးတို့တွေပြူးနေအောင်ဖွင့် ဂရုတစိုက်နဲ့ရှာ”

“အိုး”

ရှစ်ဖုန့်က ယွဲ့ရှောက်ချုံး၏ ညွှန်ကြားချက်အား အသိအမှတ်ပြုလိုက်သည်။ ယွဲ့ရှောက်ချင်းနောက်သို့လိုက်ပါလာရင်း သူတို့နှစ်ဦးသား သုဿာန်တစပြင်၏ အထက်မှစတင်ရှာဖွေကြသည်။ ရှစ်ဖုန့်က သူ၏ ဝိညာဉ်စွမ်းအားဖြင့် ပတ်ဝန်းကျင်အားရှာဖွေနေစဉ်ယွဲ့ရှောက်ချုံးကလည်း ဧရိယာတစ်ဝိုက် ဂရုတစိုက်ဖြင့် စစ်ဆေးနေသည်။

“တွေ့လား ငါ့ရဲ့ပင်ကိုယ်အသိစိတ်ကမှန်တယ်”

ဤအချိန်တွင် ယွဲ့ရှောက်ချုံးက ရှစ်ဖုန့်ကိုရုတ်တရက်ပြောလိုက်ပြီး အုတ်ဂူတစ်ခုနောက်ရှိ အပေါက်တစ်ခုကို ညွှန်ပြလိုက်သည်။

တွင်းပေါက်၌ ချိုင့်ရာခွက်ရအချို့ရှိနေပြီး ၎င်းကအသစ်တူးထားသော တွင်းတစ်တွင်းဖြစ်ပုံရသည်။ အောက်သို့ကြည့်လိုက်လျှင် ၎င်းကနက်ရှိုင်းပြီး အခြေမဲ့တွင်းတစ်တွင်းနှင့်ပင်တူနေ၏။

သို့သော် ယင်းမှာ တစ်စုံတစ်ယောက်သို့မဟုတ်သားရဲတစ်ကောင်က တူးထားသည်နှင့်ပို၍ ဆင်တူသည်။

“အထဲသွားပြီးတစ်ချက်ကြည့်တာပေါ့.. ထပ်ပြီး ဂရုစိုက်နော်. ငါ့နားကနေဝေးဝေးကိုမသွားနဲ့”

ယွဲ့ရှောက်ချုံးက ရှစ်ဖုန့်အားထပ်မံသင်ကြားပြန်သည်။ ထို့နောက်မကြာခင် သူ၏ ပုံရိပ်ကထပ်မံဖျက်ခနဲဖြစ်သွားပြီး ဂူအတွင်းသို့ ပျံသန်းဆင်းသွားသည်။

ခဏမျှ စဉ်းစားပြီးနောက် ရှစ်ဖုန့်ကချက်ချင်းနောက်မှလိုက်ပါလိုက်သည်။ သို့သော် ဤအချိန်တွင် ယွဲ့ရှောက်ချုံး၏ကိုယ်ကတွင်းထဲသို့ဝင်ကာနီးတွင် ဓားချီတစ်ခုက ဥက္ကာခဲတစ်ခုကဲ့သို့ကောင်းကင်ထဲမှ

ကျဆင်းလာ၏။

ယွဲ့ရှောက်ချုံးမှာကောင်းကင်ထဲမှစွမ်း

အင်အတက်အကျတို့ကိုအာရုံခံမိပြီး ရုတ်ခြည်းခေါင်းမော့ကြည့်လိုက်သည်။ ဓားချီကသူ့ထံသို့တိုးဝင်လာသည်ကို

တွေ့ရသောအခါတွင် သူ၏မျက်နှာကသိသာစွာပြောင်းလဲသွားပြီး ထိတ်လန့်မှုတို့ဖြစ်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း ဓားချီက ယွဲ့ရှောက်ချုံး၏ လည်ပင်းကိုပိုင်းဖြတ်ကာနီးဖြစ်လာ၏။

ဤဓားချီ၏အောက်တွင်ယွဲ့ရှောက်ချုံးမှာ သေချာပေါက် ဤသုဿာန်တစပြင်အတွင်းပူနွေးသောအလောင်းသစ်တစ်ခု ဖြစ်လာလိမ့်မည်ဖြစ်သည်။

“ပြီးသွားပြီ”

အားကောင်းသောစွမ်းအားကြီးဓားချီ

အောက်တွင် ယွဲ့ရှောက်ချုံး တစ်ယောက် ဤအချိန်၌ သေဖို့ပြင်လိုက်သည်။

သို့သော်ဤအချိန်တွင် ယွဲ့ရှောက်ချုံး ၏နောက်၌ရှိနေသော ရှစ်ဖုန့်က သူ၏ညာလက်ဖြင်လက်သည်းတစ်ခုကို ပုံဖော်လိုက်ပြီး ပြင်းထန်စွာစုပ်ယူလိုက်သည်။ ယွဲ့ရှောက်ချုံး၏ ကိုယ်က ရုတ်ခြည်းအားကောင်းသောစုပ်ယူ အားတစ်ခုနှင့်နောက်သို့စုပ်ယူခံလိုက်ရပြီး ဓားချီက သူ၏လည်ပင်းမှ သီသီလေး လွဲချော်သွားသည်။

“အား”

ယွဲ့ရှောက်ချုံး အသိပြန်ဝင်လာသောအခါတွင် နက်ရှိုင်းသော တွင်းထဲသို့ဝင်ရာက်သွားပြီး အမှောင်ထုအတွင်း၌ဖြည်းဖြည်းချင်း

ပျောက်ကွယ်သွားသည့် ဓားချီအား ပါးစပ်အဟောင်းသားနှင့်ကြည့်နေမိသည်။

ပျောက်ကွယ်သွားသောဓားချီအား

ကြည့်ရင်း ယွဲ့ရှောက်ချုံးက မသိလိုက်ပါဘဲ သူ၏လည်ပင်းကို ထိမိလိုက်သည်။ ခုဏတုံးက ထိုဓားချီကသူ၏အသက်အား

နုတ်ယူလုနီးပါးဖြစ်ခဲ့သည်ဖြစ်၏။

ကံကောင်းစွာဖြင့် ကံကောင်းစွာဖြင့် သူအားကံတရားကဖေးမနေသည်။ ခုဏတုံးက သူမသလိုက်ပါဘဲ တိုက်ခိုက်မှုကိုရှောင်တိမ်းခဲ့သည်။

သို့သော် ဤအချိန်တွင် လူငယ်တစ်ယောက်၏အံ့အား

သင့်ဖွယ်ကောင်းသောအသံက ကောင်းကင်ထဲမှထွက်ပေါ်လာ၏။

“အမ်.. ကြယ်သုံးပွင့် ဘိုးဘေးနယ်ပယ်အမှိုက်တစ်ယောက်က တကယ်ကြီးငါ့ တိုက်ခိုက်မှုကို ရှောက်ခဲ့တယ်လား. ကောင်းပြီ ငါသူ့ကို မသတ်ခဲ့မှတော့ ငါ့မှာ နောက်ထပ် ငါ့ကို လမ်းရှာပေးဖို့ခွေးတစ်ကောင်ပိုရတာပေါ့”

ဤအသံအားကြားသောအခါတွင် ယွဲ့ရှောက်ချုံးက ဒေါသတကြီးသူ၏ခေါင်းကိုမော့

လိုက်သော်လည်း ကောင်းကင်ထဲမှပုံရိပ်အား ရှင်းရှင်းလင်းလင်း မြင်တွေ့ရသောအခါတွင် သူ၏မျက်နှာထက်၌ အံ့အားသင့်မှုတို့ဖြင့်ပြည့်နှက်နေပြီး သူ၏မျက်နှက ထပ်မံပြောင်းလဲသွားသည်။ သူက ထိတ်လန့်စွာဖြင့်အလန့်တကြား

ပြောလိုက်သည်။

“ ရှောက်ယန်ဓားဂိုဏ်းကပါရမီရှင် ယန်ရှင်းပါလား”

ဤအချိန်တွင်ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့ ၏အထက်၌ အနက်ရောင်ဝတ်ရုံနှင့်လူငယ်တစ်ယောက်က ရပ်နေသည်။ ဤလူငယ်က ဆယ့်ခုနှစ်ဆယ့်ရှစ်အရွယ်သာရှိသေး၏။ယွဲ့ရှောက်ချုံး၏ စကားတို့အားကြား

ရသောအခါတွင် သူ၏မျက်နှာထက်က အံ့အားသင့်နေမှုကပျောက်ကွယ်သွားပြီး ဝင့်ကြွားသောအမူအယာကအစား

ထိုးဝင်ရောက်လာကာ အောက်ရှိလူနှစ်ယောက်ကို ငုံ့ကြည့်လိုက်သည်။

All Chapters