← Chapters

အရှည်သုံးပေရှိသော သစ်သားတုံးလေး

Vol. 80 Ch. 1102

အရှည်သုံးပေရှိသော သစ်သားတုံးလေး

Vol. 80 Ch. 1102

ထို ကျယ်ပြန့် ဧရာမသားရဲကြီးထဲရှိ ကုန်းမြေတိုက်ပေါ်မှ ကျင့်ကြံသူများ ဒူးတုပ်ကာ ရှိခိုးဦးညွှတ်နေကြစဉ် ထို ကုန်းမြေတိုက်ကြီး၏ အလယ်ရှိ အဘိုးကြီး၏ ရုပ်တုကြီး ရုပ်တုတစ်ခုအဖြစ်မှ အသွေးအသားများဖြင့် တည်ဆောက်ထားသည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားပြီး မျက်လုံးများပွင့်လာသည်ကို ဝမ်ပေါင်လဲ့က မြင်လိုက်ရသည်။

တစ်ချိန်ထဲမှာပင် အလင်းရောင်ပင်လယ်ကြီးထဲရှိ အဆုံးမဲ့တာအိုနယ်မြေထဲမှ ပို၍ပင် အားကောင်းသည့် တုန်ခါမှုလှိုင်းတစ်မျိုး ထွက်ပေါ်လာသည်။ ထို့အပြင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား တုန်ရီသွားစေသည့် အငွေ့အသက်တစ်မျိုးလည်း ထွက်ပေါ်လာသေးသည်။

" ဒီ ခံစားချက်ကြီးက... " ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရှေ့သို့ ချက်ချင်း ပြန်လှည့်ကြည့်မိလိုက်၏။ ထိုအခါ သူသည် ထို အလင်းရောင်ပင်လယ်ကြီးထဲရှိ အဆုံးမဲ့တာအိုနယ်မြေထဲတွင်လည်း ကျင့်ကြံသူပေါင်းမြောက်မြားစွာမှာ ဒူးတုပ်ကာ ရှိခိုးဦးညွှတ်နေကြသည်ကို မြင်လိုက်ရတော့သည်။

သူတို့ ရှိခိုးဦးညွှတ်နေသည့်အရာမှာ... ဝဲကြီးတစ်ခု ဖြစ်၏။

၎င်းမှာ အမည်မသိနေရာတစ်ခုနှင့် ချိတ်ဆက်နေသော ဝဲကြီးတစ်ခုဖြစ်သည်။ ထိုကဲ့သို့ လူတိုင်း ရှိခိုးဦးညွှတ်နေကြပြီး ဧရာမ သားရဲကြီးထဲရှိ ရုပ်တုကြီးထဲမှ ကျယ်ပြန့်ခေါင်းဆောင်ကြီး လှမ်း၍ စိုက်ကြည့်နေစဉ် ထိုဝဲကြီးထဲ၌ သစ်သားတုံးတစ်တုံး ပေါ်ပေါက်လာ၏။

ထို သစ်သားတုံးလေး ပေါ်ပေါက်လာမှုကြောင့် အဆုံးမဲ့တာအိုနယ်မြေထဲမှ ကျင့်ကြံသူအားလုံးမှာ စိတ်လှုပ်တရှားဖြစ်သွားကြ၏။ အစွမ်းထက် ကျင့်ကြံသူကြီးများပင်လျှင် မျက်ဝန်းများထဲ၌ စိတ်အားထက်သန်မှု အရိပ်အယောင်များ ပေါ်ပေါက်လာကြသည်သာဖြစ်သည်။

၎င်းမှာ အနက်ရောင် သစ်သားခေါင်းတလားတစ်လုံးနှင့် ပို၍ဆင်တူသည့် အနက်ရောင် သစ်သားတုံးတစ်တုံး ဖြစ်၏။ ယခုတွင် ၎င်းမှာ ဝဲကြီးထဲမှ တစ်ပေခွဲတိတိ ထွက်လာပြီဖြစ်သည်။ ၎င်းမှာ တစ်ပေခွဲမျှသာ ထွက်လာသေးသည့်တိုင်အောင် ကျယ်ပြန့် ကုန်းမြေတိုက်ကြီးမှာ အပြင်းအထန် တုန်ရီသွားရဆဲပင်။ ကျယ်ပြန့် သားရဲကြီးမှာလည်း အသံကုန် အော်ဟစ်နေပြီး ၎င်း၏ ခန္ဓာကိုယ်မှာ ပျက်စီးသွားတော့မည့်အလား ဖြစ်နေ၏။ ၎င်းထဲရှိ ကျယ်ပြန့်ခေါင်းဆောင်ကြီးမှာလည်း ပါးစပ်ထဲမှ သွေးများ အန်ထွက်လာသည်။

ထိုအချိန်တွင်... သစ်သားခေါင်းတလားကြီးမှာ ဝဲကြီးထဲမှ နောက်ထပ် တစ်ပေခွဲတိတိ ထပ်၍ ထိုးထွက်လာ၏။ ထိုအခါ ကျယ်ပြန့်သားရဲကြီးမှာ ပျက်စီးပျောက်ကွယ်သွားရပြီး အာကာသကောင်းကင်ထဲ၌ နာကျင်မှုဝေဒနာများ ခံစားနေရသည့် အော်ဟစ်သံတစ်သံ ပဲ့တင်ထပ်သွားသည်။ ထို့ကြောင့် ကျယ်ပြန့်ကုန်းမြေတိုက်ကြီးမှာ အာကာသကောင်းကင်ထဲ၌ ပေါ်ပေါက်လာ၏။ ထို ကုန်းမြေတိုက်ကြီးပေါ်ရှိ ကျင့်ကြံသူများအားလုံးမှာမူ ရန်သူများနှင့်အတူ သေပွဲဝင်ရန် အဆင်သင့် ဖြစ်နေကြသည့်အလား သွေးရူးသွေးတန်း အော်ဟစ်နေကြပြီ ဖြစ်သည်။

အဆုံးမဲ့တာအိုနယ်မြေထဲရှိ ခေါင်းတလားကြီးအား ရှိခိုးဦးညွှတ်နေကြသော ကျင့်ကြံသူများမှာလည်း အခက်အခဲများနှင့် ရင်ဆိုင်နေကြရပြီ ဖြစ်သည်။ သူတို့မှာ စိတ်အားထက်သန်မှုအပြည့် ရှိနေကြဆဲ ဖြစ်သည့်တိုင်အောင် သူတို့ထဲမှ တစ်ဝက်ကျော်၏ အသက်စွမ်းအားများမှာ ဆုတ်ယုတ်လာကြ၏။ သို့ဖြစ်ရာ သူတို့မှာ သူတို့၏ အသက်စွမ်းအားများထဲမှ ခုနစ်ဆယ်ရာခိုင်နှုန်းအား ဆုံးရှုံးလိုက်ရသည့်အလားပင်။ အနက်ရောင် သစ်သားခေါင်းတလားကြီးအား အားဖြည့်ပေးထားသည့် စွမ်းအားမှာ သူတို့၏ အသက်စွမ်းအားများ ဖြစ်ရပေမည်။

ယခုတွင် သူတို့မှာ အားအင်များ ကုန်ခန်းသွားကြသဖြင့် ၎င်းအား ဆက်လက် အားဖြည့်ပေးထားနိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် အနက်ရောင် သစ်သားခေါင်းတလားကြီး ဝဲကြီးထဲမှ သုံးပေတိတိ ထိုးထွက်လာချိန်တွင် သူတို့မှာ သူတို့၏ ရှိခိုးပူဇော်ပွဲအား အဆုံးသတ်လိုက်ရ၏။

ထို ပူဇော်ပွဲ ပြီးဆုံးသွားချိန်တွင် ဝဲကြီးမှာ ပျောက်ကွယ်သွားသဖြင့် အရှည်သုံးပေခန့်သာ ရှိနေသေးသည့် အနက်ရောင်သစ်သားတုံးလေးမှာ သစ်သားခေါင်းတလားကြီး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြတ်ထွက်လာပြီး အောက်သို့ပြုတ်ကျလာတော့သည်။

၎င်း ပြုတ်ကျလာသည်နှင့် ၎င်း၏ စွမ်းအားများအားလုံးမှာလည်း ပျောက်ကွယ်သွားသည့်ပုံပင်။ ဝဲကြီးထဲ၌ ရှိနေသည့် အမည်မသိနေရာကြီးနှင့် ခွဲခွာရမည်ကို လက်မခံလိုသည့် စိတ်ဆန္ဒအနည်းငယ်သာလျှင် ကျန်ရစ်ခဲ့သည်။ ထိုသို့ဖြင့် ၎င်းမှာ သာမန်သစ်သားတုံးတစ်တုံးအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားတော့သည်။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ အရှည်သုံးပေရှိသော ထို သစ်သားတုံးလေးအား စိုက်ကြည့်နေရင်း တစ်ကိုယ်လုံးတုန်ရီသွား၏။ ထို့နောက် သူသည်ခေါင်းမော့လာပြီး ဝဲကြီး ပျောက်ကွယ်သွားသည့်နေရာအား လှမ်းကြည့်လိုက်သည်။ သူ၏ အသိစိတ်ထဲတွင် မိုးကြိုးအချက်ရေ သန်းပေါင်းများစွာ ပစ်ခတ်သွားသည့်အလား ခံစားနေရပြီဖြစ်သည်။ ထို့နောက် သူ၏ ဝိညာဉ်ထဲ၌ ကိန်းအောင်းနေသည့်ပုံပေါ်သော လက်မခံလိုသည့် စိတ်ဆန္ဒများမှာလည်း သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာတော့သည်။

ကျယ်ပြန့်တာအိုနယ်မြေထဲမှ ကျင့်ကြံသူပေါင်းမြောက်မြားစွာမှာ သွေးရူးသွေးတန်း ပြုမူနေကြပြီဖြစ်ရာ စစ်ပွဲကြီးမှာလည်း နောက်ဆုံးအဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။ နှစ်ဖက်စလုံးမှ ကျင့်ကြံသူများမှာ သူတို့၏ အသက်များကို စတေးကာ ရန်သူများနှင့် ရင်ဆိုင်တိုက်ခိုက်နေကြ၏။ ထို စစ်မြေပြင်ကြီးမှာ ဧရာမ ကြိတ်ဆုံကျောက်ကြီး တစ်ခုထဲ၌ အသွေးအသားများကို အဆက်မပြတ် ကြိတ်ခြေနေသည့် မြင်ကွင်းတစ်ခုကဲ့သို့ပင်။

နောက်ဆုံးတွင် ကျယ်ပြန့်တာအိုနယ်မြေထဲမှ လူတိုင်းမှာ ချေမှုန်းခံလိုက်ရပြီး ထို နယ်မြေကြီးတစ်ခုလုံးမှာလည်း ပျက်စီးသွား၏။ ကျယ်ပြန့်ခေါင်းဆောင်ကြီးမှာလည်း တစ်စစီကျိုးပဲ့နေသည့် ရုပ်တုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။ ထိုသို့ဖြင့် တစ်ကြိမ်ပြီးတစ်ကြိမ် ထပ်တလဲလဲ ဖျက်ဆီးခံခဲ့ရပြီးနောက် ထို ကုန်းမြေတိုက်ကြီး၏ အစိတ်အပိုင်းတစ်ခုမှာ တစ္ဆေမြို့ကြီးတစ်မြို့ကဲ့သို့ အာကာသကောင်းကင်ကြီး၏ အတွင်းပိုင်းထဲသို့ မျောလွင့်သွား၏။ ထိုအခါမှသာ စစ်ပွဲကြီးမှာလည်း အမှန်တကယ် ပြီးဆုံးသွားတော့သည်။

အဆုံးမဲ့တာအိုနယ်မြေမှာ အနိုင်ရရှိသွားခဲ့ပါသော်လည်း အများကြီးပြန်၍ ပေးဆပ်ခဲ့ရ၏။ အလင်းရောင်ပင်လယ်ကြီးမှာ တစ်စစီ ဆုတ်ပြဲသွားပြီ ဖြစ်သလို ၎င်းထဲရှိ စကြဝဠာကြီးမှာလည်း တစ်စစီကြေမွနေပြီ ဖြစ်သည်။ သို့သော် အဆုံးမဲ့တာအိုနယ်မြေမှာ ကျယ်ပြန့်တာအိုနယ်မြေ၏ ရင်းမြစ်ပစ္စည်းများကို သိမ်းပိုက်နိုင်ခဲ့သည်ဖြစ်ရာ အချိန်ကြာလာသည်နှင့်အမျှ ယခင်တုန်းကထက် ပို၍ အစွမ်းထက်လာမည်သာဖြစ်သည်။ သို့သော် အဆုံးမဲ့တာအိုနယ်မြေ အဝေးသို့ ထွက်ပြေးလွတ်မြောက်သွားသည့် ကျယ်ပြန့်တာအိုနယ်မြေ အစိတ်အပိုင်းတစ်ခုအား လိုက်လံဖမ်းဆီးရန် ပြင်နေစဉ်မှာပင်... မည်သူမှ မျှော်လင့်မထားသည့် အရာတစ်ခု ပေါ်ပေါက်လာ၏။

၎င်းမှာ အနက်ရောင်နှင့် အနီရောင်အလင်းရောင်များ ဝန်းရံထားသည့် ခရမ်းရောင်အလင်းတန်းတစ်ခုဖြစ်သည်။ ထိုအလင်းတန်းမှာ တဖြည်းဖြည်းနှင့် ပို၍ မှေးမှိန်လာနေ၏။

ထို အလင်းတန်းမှာ အာကာသကောင်းကင်ကြီး၏ အတွင်းပိုင်းထဲမှ ရုတ်တရက်ဆိုသလို ထိုးထွက်လာခြင်း ဖြစ်သည်။ ၎င်း၏ အမြန်နှုန်းမှာ အရာအားလုံးထက်ပို၍ သာလွန်နေသည်။ ဝမ်ပေါင်လဲ့မှာ အနက်ရောင်သစ်သားတုံးလေး၏ လက်မခံလိုသည့် စိတ်ဆန္ဒများကြောင့် အတွေးများထဲ၌ နစ်မျောနေဆဲ ဖြစ်ပါသော်လည်း ထို အလင်းတန်းထဲတွင် မှုန်ဝါးဝါး လူရိပ်တစ်ခုရှိနေသည်ကို မြင်လိုက်ရဆဲပင်။

ထိုလူရိပ်မှာ... စွန်းသဲ့ ဖြစ်၏။

ဝမ်ပေါင်လဲ့ ထို လူရိပ်အား ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရချိန်တွင် ထို အလင်းတန်းကြီးမှာ စစ်ပွဲကြီးအား အနိုင်ရရှိသွားခဲ့သော အဆုံးမဲ့တာအိုနယ်မြေထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွား၏။ ထို အလင်းတန်းကြီးမှာ အလျင်အမြန် လွင့်ပါးပျောက်ကွယ်သွားနေပါသော်လည်း ဦးတည်ချက်အတိအကျ ရှိနေသည့်ပုံပင်။ ထိုသို့ဖြင့် ၎င်းမှာ လုံးဝ ပျောက်ကွယ်သွားတော့မည့်ဆဲဆဲတွင် မြေကြီးပေါ်သို့ ပြုတ်ကျလာသည့် အရှည်သုံးပေရှိသော သစ်သားတုံးလေးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းတွင် ထိုအလင်းတန်းကြီးမှာ အနက်ရောင် သစ်သားတုံးလေးထဲသို့ ဝင်ရောက်သွားပြီး အစအနာ ရှာမရလောက်အောင် ပျောက်ကွယ်သွား၏။

ဝမ်ပေါင်လဲ့မှာမူ နှလုံးသားတစ်ခုလုံး တုန်ရီသွားရသည်။ ထိုအချိန်တွင် ထို ခရမ်းရောင်အလင်းတန်း စတင်ထွက်ပေါ်လာသည့် အာကာသကောင်းကင်ကြီး၏ အတွင်းပိုင်းထဲရှိ စကြဝဠာကြီးမှာ ရုတ်တရက်ဆိုသလို ကြေမွပျက်စီးသွား၏။ ထို့နောက် ဧရာမ လူရိပ်ကြီးတစ်ခုမှာ ထိုကဲ့သို့ ပျက်စီးသွားသည့် စကြဝဠာကြီးထဲမှ အပြင်ဘက်သို့ တစ်လှမ်းချင်းစီ လှမ်းလာသည်။

ထို လူရိပ်ကြီးမှာ မည်သည့်အရာနှင့်မှ မယှဉ်နိုင်လောက်အောင် အရပ်မြင့်မားပြီး သူ၏ မျက်နှာမှာလည်း မှုန်ဝါးဝါးဖြစ်နေ၏။ ထို့အပြင် ထို မျက်နှာကြီးမှာ စကြဝဠာကြီးတစ်ခုကဲ့သို့ ဖြစ်နေသဖြင့် ၎င်းအား ရှင်းလင်းပြတ်သားစွာ မမြင်ရပေ။ သူ၏ မျက်လုံးများကိုသာ မြင်နိုင်၏။ ၎င်းတို့မှာ အေးစက်ကာ အသက်မဲ့နေသည်။

ထို့အပြင် သူ၏ လက်နှစ်ဖက်မှာလည်း အာရုံဖမ်းစားနိုင်စွမ်း အပြည့်ရှိနေသည်။ သူသည် လူသားတစ်ယောက်ပုံစံ ဖြစ်နေသည့်တိုင်အောင် သူ၏ လက်နှစ်ဖက်မှာ သာမန်လူတစ်ယောက်ထက် အများကြီးပို၍ ရှည်လျားနေ၏။ သို့ဖြစ်ရာ သူသည် မတ်တတ်ရပ်နေလျှင်တောင် သူ၏ ဒူးခေါင်းနှစ်ဖက်အား လက်နှစ်ဖက်ဖြင့် လှမ်းထိနိုင်စွမ်းရှိနေသည့်ပုံ ပေါက်နေတော့သည်။

သူသည် မလှုပ်မယှက် ရပ်ကာ ဖရိုဖရဲဖြစ်နေသည့် အဆုံးမဲ့တာအိုနယ်မြေအား ပုရွက်ဆိတ်အုံတစ်အုံကဲ့သို့ လှမ်းကြည့်နေ၏။ ထို့နောက် သူ၏ အကြည့်မှာ အရှည်သုံးပေရှိသော အနက်ရောင် သစ်သားတုံးလေးပေါ်သို့ ရောက်သွားသည်။ ထိုအခါ ရှေးပဝေသဏီကတည်းက ယခုအချိန်အထိ တစ်ကြိမ်ပင် ပြောင်းလဲသွားခဲ့ခြင်း မရှိသည့်ပုံပေါ်သော သူ၏ မျက်ဝန်းများထဲရှိ သူငယ်အိမ်များမှာ တစ်ခဏမျှ ကျဉ်းမြောင်းသွားတော့သည်။

သူ၏ မျက်ဝန်းများထဲတွင် ဇဇေဇဝါဖြစ်နေသည့် အရိပ်အယောင်များနှင့် အံ့ဩတုန်လှုပ်မှု အရိပ်အယောင်များသာမက မယုံကြည်နိုင်လောက်အောင်ဖြစ်နေသည့် အရိပ်အယောင်များကိုပါ မြင်နိုင်ပေသည်။ ထို့ကြောင့်လည်း သူသည် ထိုနေရာ၌ အချိန်အတော်အတန်ကြာအောင် မလှုပ်မယှက် ရပ်နေလိုက်၏။ နောက်ဆုံးတွင် သူသည် အဆုံးမဲ့တာအိုနယ်မြေထဲရှိ အနက်ရောင် သစ်သားတုံးလေးအား လှမ်းယူတော့မည့် အမူအရာဖြင့် သူ၏ ညာဘက်လက်အား မြှောက်လိုက်၏။ သို့သော် ခဏအကြာတွင် သူ၏ မျက်ဝန်းများထဲ၌ တွေဝေတုံ့ဆိုင်းမှု အရိပ်အယောင်များ ပေါ်ပေါက်လာပြီး သူသည် သူ၏ ညာဘက်လက်အား အောက်သို့ ပြန်ချလိုက်သည်။

သူသည် အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်နေလိုက်ပြီးနောက် သူ၏ ညာဘက်လက်အား ပြန်မြှောက်လိုက်၏။ ယခုအကြိမ်တွင်မူ သူသည် ထို သစ်သားတုံးလေးအား လှမ်းယူနိုင်ရန် ကြိုးစားနေခြင်း မဟုတ်ဘဲ အဆုံးမဲ့တာအိုနယ်မြေ တစ်ခုလုံးအား လက်ညှိုးထိုးလိုက်ခြင်း ဖြစ်သည်။ ထို့အပြင် သူ၏နှုတ်မှ ခပ်အောအော စကားသံတစ်သံ ထွက်ပေါ်လာသေးသည်။

" ချုပ်နှောင်စေ "

သူ ထိုသို့ဆိုလိုက်သည်နှင့် ဝမ်ပေါင်လဲ့မှာ တစ်စစီကြေမွနေသော အဆုံးမဲ့တာအိုနယ်မြေ၏ ပတ်ပတ်လည်၌ တုန်ခါမှုလှိုင်းများ ချက်ချင်း ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။ ထို တုန်ခါမှုလိုင်းများမှာ အတူတကွ စုစည်းသွားကာ ပူစည်ဖောင်းတစ်လုံးအသွင် ပြောင်းလဲသွားပြီးနောက် အဆုံးမဲ့တာအိုနယ်မြေ တစ်ခုလုံးအား လွှမ်းခြုံသွားတော့သည်။ ထို့နောက် ၎င်းမှာ တဖြည်းဖြည်းနှင့် မှုန်ဝါးဝါးဖြစ်သွားပြီး အချိန်မြစ်ထဲ၌ နစ်မြုပ်သွားသည့်အလား ထာဝရ ချုပ်နှောင်ခံလိုက်ရတော့သည်။

သို့သော် ထို လူရိပ်ကြီးမှာ စိုးရိမ်နေသည့် အကြည့်ဖြင့် ထို ပူစည်ဖောင်းကြီးအား ကြည့်နေဆဲပင်။ နောက်ဆုံးတွင် သူသည် သူ၏ ဘယ်ဘက်လက်ကို မြှောက်ကာ ၎င်းအား ထပ်၍ လက်ညှိုးထိုးလိုက်ပြန်သည်။

" ငါ့ရဲ့ ဘယ်ဘက်လက်ညိုးနဲ့အတူ ချုပ်နှောင်စေ "

သူ ထိုသို့ဆိုလိုက်သောအခါ သူ၏ ဘယ်ဘက်လက်ညိုးမှာ ချက်ချင်းဆိုသလိုပင် ပြတ်ထွက်လာပြီး မီးခိုးရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားကာ ထို ပူစည်ဖောင်းကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။ ထို အလင်းတန်းကြီး ပူစည်ဖောင်းထဲသို့ ဝင်ရောက်သွားချိန်တွင် ထို ပူစည်ဖောင်းကြီးတစ်ခုလုံးမှာ အညစ်အကြေးများဖြင့် ပြည့်နှက်သွားသည့်အလား နောက်ကျိသွားသည်။

သို့သော် လူရိပ်ကြီးမှာ ထွက်ခွာသွားခြင်း မရှိသေးပေ။ သူသည် မလှုပ်မယှက် ရပ်ကာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ထပ်၍ ဆိုလိုက်ပြန်သည်။

" ငါ့ရဲ့ ဒုတိယလက်ချောင်းနဲ့.... " ထို လူရိပ်ကြီးမှာ စကားမဆုံးခင် ရပ်တန့်သွား၏။ ထို့နောက် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီး မျက်ဝန်းများထဲ၌ ဆုံးဖြတ်ချက်ပြတ်သားသည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ နောက်ဆုံးတွင် သူသည် သူ၏ ဘယ်ဘက်လက်ကို မြှောက်လိုက်၏။ ထို့နောက် အဆုံးမရှိသော အချိန်မြစ်ကြီးထဲ၌ ပဲ့တင်ထပ်သွားနိုင်သည့် ခပ်အောအော စကားသံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။

" ငါ့ရဲ့ ဘယ်လက်လက်နဲ့အတူ ချုပ်နှောင်စေ " သူ ထိုသို့ဆိုလိုက်သည်နှင့် သူ၏ ဘယ်ဘက်လက် တစ်ဖက်စလုံးမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး အာကာသကောင်းကင်ကြီး တစ်ခုလုံးကို လွှမ်းခြုံနိုင်စွမ်းရှိသည့်ပုံ ပေါ်သော မီးခိုးရောင် အလင်းတန်းကြီးတစ်ခုအသွင် ပြောင်းလဲသွားသည်။ ၎င်းမှာ ချုပ်နှောင်ခံထားရသည့် အဆုံးမဲ့တာအိုနယ်မြေ တစ်ခုလုံးအား လွှမ်းခြုံသွားပြီး ၎င်းနှင့်အတူ တစ်သားတည်း ပေါင်းစည်းသွားသဖြင့် နောက်ကျိနေသည့် စက်လုံးကြီး၏ ပုံပန်းသွင်ပြင်မှာလည်း အလျင်အမြန် ပြောင်းလဲသွားတော့သည်။ မီးခိုးရောင် အလင်းတန်းကြီးတစ်ခုစလုံး ပေါင်းစည်းပြီးသွားချိန်တွင် နောက်ကျိနေသည့် စက်လုံးကြီးမှာ... ဧရာမ ကျောက်ပြားကြီးတစ်ချပ် အဖြစ်ပြောင်းလဲသွားပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာမူ နှလုံးသားတစ်ခုလုံး ဗြောင်းဆန်နေရပြီ ဖြစ်သည်။ သူသည် ထို ကျောက်ပြားကြီး အံ့သြတုန်လှုပ်ဖွယ်ရာ ဖိအားများကို ထုတ်လွှတ်နေရင်း အာကာသကောင်းကင်ကြီးထဲသို့ တဖြည်းဖြည်း နစ်ဝင်သွားနေသည်ကို မြင်လိုက်ရ၏။ ၎င်းမှာ ထိုကဲ့သို့ အဆက်မပြတ် နစ်ဝင်ကာ အောက်သို့ ကျဆင်းသွားသဖြင့် အဆုံးမရှိသော မဟူရာချောက်နက်ကြီးတစ်ခုထဲ၌ မြေမြှုပ်ခံလိုက်ရသကဲ့သို့ပင်။

ဘယ်ဘက်လက် မရှိတော့သည့် လူရိပ်ကြီးမှာမူ ထို ကျောက်ပြားကြီး တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားသည်ကို ကြည့်နေလိုက်ပြီးနောက် မျက်ဝန်းများထဲ၌ အထီးကျန်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် နောက်သို့လှည့်ကာ အာကာသကောင်းကင်ကြီးထဲသို့ လျှောက်လှမ်းသွားလိုက်တော့သည်။ သို့သော် သူ၏ ပုံရိပ် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားနေစဉ် ဝမ်ပေါင်လဲ့မှာ နားထဲ၌ စကားသံတစ်သံအား ကြားလိုက်ရ၏။

" ဒုတိယ သံသရာစက်ဝန်းထဲက စကြဝဠာကြီးကို ငါ သဘောကျတယ်။ အဲတာ ငါ့ အပိုင်ပဲ "

" တစ်စုံတစ်ခုကို သဘောကျရတဲ့ ခံစားချက်က ဘာလဲဆိုတာ မင်းသိလား "

လူရိပ်ကြီးမှာ ထိုစကားနှစ်ခွန်းကို ပြောလိုက်ပြီးနောက် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွား၏။ ထို့ကြောင့် အာကာသကောင်းကင်ကြီးထဲတွင် ဝမ်ပေါင်လဲ့တစ်ယောက်သာ ကျန်ရစ်ခဲ့တော့သည်။ သူသည် မလှုပ်မယှက် ရပ်နေရင်း ကျောက်ပြားကြီး အောက်သို့ ပြုတ်ကျသွားခဲ့သည့်နေရာအား ကြည့်နေလိုက်ပြီးနောက် လော့ ထွက်ခွာသွားသည့် အရက်မျက်နှာဘက်သို့ လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်သွားပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်တော့သည်။

" ငါ... ဘယ်နေရာကနေများ ရောက်လာခဲ့တာလဲ "

သူ၏ ရေရွတ်သံ ပဲ့တင်ထပ်သွားသည်နှင့် သူ၏ ရှေ့တွင် ရှိနေသည့် အာကာသကောင်းကင်ကြီးမှာ မှုန်ဝါးဝါး ဖြစ်လာပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွား၏။ ထို့နောက် ၎င်း၏ နေရာတွင် ကံကြမ္မာဂြိုဟ်၊ ကံကြမ္မာစာအုပ်နှင့် မောပန်းနွမ်းနယ်နေသည့် ကောင်းကင်ဘုံဓမ္မသခင်ကြီး ပြန်လည်ပေါ်ပေါက်လာသည်။

" ငါက မင်း ပြန်မလာနိုင်တော့ဘူးလို့ ထင်နေတာ " ကောင်းကင်ဘုံဓမ္မသခင်ကြီးမှာ ဝမ်ပေါင်လဲ့အား ကြည့်ကာ ဆိုလိုက်၏။

All Chapters