← Chapters

သေလွန်ပြီးနောက်ပိုင်းလောင်ကျွမ်းနေသည့်အလင်းရောင် ၊ နှစ်ထောင်ပေါင်းများစွာအလွန်ကလျှို့ဝှက်ဆန်းကြယ်မှု

Vol. 78 Ch. 1089

သေလွန်ပြီးနောက်ပိုင်းလောင်ကျွမ်းနေသည့်အလင်းရောင် ၊ နှစ်ထောင်ပေါင်းများစွာအလွန်ကလျှို့ဝှက်ဆန်းကြယ်မှု

Vol. 78 Ch. 1089

အခန်း (၁၀၈၉) သေလွန်ပြီးနောက်ပိုင်းလောင်ကျွမ်းနေသည့်အလင်းရောင် ၊ နှစ်ထောင်ပေါင်းများစွာအလွန်ကလျှို့ဝှက်ဆန်းကြယ်မှု

ထိုစကားပြောလိုက်စဉ် အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်က ရန်ကျောက်ကဲအား စူးစိုက်ကြည့်လိုက်သည်။

သူ ဘာကိုဆိုလိုကြောင်း နားလည်လိုက်သည်နှင့် ရန်ကျောကက်ကဲက ခေါင်းခါယမ်းရင်း...

“ဒီပုဂ္ဂိုလ်က လဝန်းထက်ယံအရှင်သခင်လားဆိုတာ ကျွန်တော် ကျိန်းသေ မပြောနိုင်ဘူး ၊ သူ အစွန်းရောက်ရှစ်ပါးကမ္ဘာကို ဆင်းလာပြီး ထူးကဲယင်သရဖူကို ထားသွားတယ်ဆိုတာလောက်ပဲ ကျွန်တော်တို့လည်း သိထားတာ....”

ထိုစကားကြားတော့ လွှမ်းခြုံဧကရာဇ်က ခေါင်းညိတ်ရင်း အနောက်ဘက်ခန်းမ နက်ရှိုင်းရာသို့ ဆက်လက်ဝင်ရောက်သွားသည်။

ထူထပ်သောမီးတောက်များ ပြန့်ကျဲနေသည့် ဗလာနယ်ထဲတွင် အလင်းအရပ်စက်ဝန်းတစ်ခုရှိနေသည်။ ထိုစက်ဝန်းက တဖျတ်ဖျတ်လင်းလက်နေပြီး ထင်ယောင်ထင်မှားအသွင် ထင်မှတ်ရကာ လေထဲတွင် မျောလွင့်လျှက် ရှိသည်။

ရန်ကျောက်ကဲ သေသေချာချာ ကြည့်လိုက်တော့ အလင်းအရိပ်စက်ဝန်း အလယ်ဗဟိုတွင် အနက်ရောင်မီးတောက်ငယ်တစ်ခု ရှိနေကြောင်း တွေ့ရသည်။

ထိုမီးတောက်က အချိန်မရွေး ငြိမ်းသတ်သွားတော့မည့်ပမာ မရပ်မနားလှုပ်ယမ်းနေပြီး အလွန်တရာ အားနည်းနေပုံရသည်။

ထိုမီးတောက်ငယ်အတွင်းမှ ကြီးမားသော နတ်ဆိုးစွမ်းအားတစ်ခု ထွက်ပေါ်နေသည့်တိုင် ဘယ်သောအခါမှ အားကောင်းလာမည် မဟုတ်ပါပေ။

ဤနန်းတော်ကြီး၏ မူလပိုင်ရှင်က တစ်ချိန်က ငရဲကိုးထပ်တွင် မာန်မာနကြီးစွာ စိုးစံခဲ့သော နတ်ဆိုးဧကရာဇ်တစ်ပါး ဖြစ်ခဲ့ဟန် တူသည်။

နတ်ဆိုးများက ထာဝရသေဆုံးသွားခြင်းမျိုး လုံးဝ မရှိနိုင်သည်မဟုတ်သော်လည်း များသောအားဖြင့် သုတ်သင်မရနိုင်သည့် မသေနိုင်သောသူများ ဖြစ်ကြသည်။

သေဆုံးပြီးလျှင်လည်း သူတို့က ငရဲကိုးထပ်တွင် ပြန်လည်မွေးဖွားလာမည်ဖြစ်သည်။ ထို့နောက် သင့်တော်သည့် ရုပ်ခန္ဓာရှိသော လူသားတစ်ယောက်ထံသို့ ပူးဝင်ကာ ပြန်လည်လူဝင်စား ပေလိမ့်မည်။

ဤသည်က နတ်ဆိုးသံသရာလည်ပတ်နေခြင်းပင်ဖြစ်၏။

သို့သော် ငရဲကိုးထပ်မှ နတ်ဆိုးဧကရာဇ်တစ်ပါး ပြန်လည်မွေးဖွားလာရန်မှာ နှစ်ပေါင်းထောင်နှင့်ချီပြီး ကြာမြင့်မည်ဖြစ်လေရာ ယခုကဲ့သို့ ပြန်လည်ရှင်သန်ရန် ဖိနှိပ်ခံထားရသည့် နတ်ဆိုးဆိုလျှင် ထာဝရ သေဆုံးသွားသည်နှင့်မခြား ဖြစ်ပေလိမ့်မည်။

ရန်ကျောက်ကဲ မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ရင်း...

“အမတကူးပြောင်းခြင်းအဆင့်နဲ့ညီမျှတဲ့ မဟာနတ်ဆိုးတွေကို အဖြစ်ပြတ် သတ်ဖြတ်ပစ်ဖို့က အရမ်းခက်ခဲတယ် ၊ နတ်ဆိုးခွင်းမြားနဲ့တောင် သူတို့ကို သုတ်သင်နိုင်မှာ မဟုတ်ဘူး ၊ နတ်ဘုရားအဆင့်ရှိတဲ့ နတ်ဆိုးတွေဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး”

“အခုလိုမျိုး အစစ်အမှန်နတ်ဘုရားအဆင့်ရှိတဲ့ နတ်ဆိုးဧကရာဇ်တစ်ပါး ပြန်လည်မွေးဖွားလာမှာကို ဖိနှိပ်ထားနိုင်ဖို့ဆိုတာ တကယ်မလွယ်တဲ့ ကိစ္စပဲ”

အလင်းအရိပ်စက်ဝန်းကို သေသေချာချာ ကြည့်လိုက်တော့ သေးငယ်သည့် အနက်ရောင်မီးတောက်လေးအား ကျယ်ပြန့်သည့် အနက်ရောင်အလွှာတစ်ခုက လွှမ်းခြုံထားသည်ကို တွေ့မြင်ရသည်။

ထိုအမှောင်ထုအလွှာက မီးလျှံများ၏ အပူနှင့်အလင်းရောင်ကိုစားသုံးပြီး အနက်ရောင်မီးတောက် ကြီးထားလာမည်ကို တားဆီးထားခြင်း ဖြစ်၏။

ထိုအလွှာအတွင်းမှ မိုးမြေတစ်ခွင် ဝါးမျိုပစ်နိုင်စွမ်းရှိသော အမှောင်ထုစွမ်းအားကို အာရုံခံရင်း ရန်ကျောက်ကဲ ချောင်းတစ်ချက်ဟန့်လိုက်သည်။

“ရာဟုကြယ် တိုက်စားခြင်းတန်ခိုးစွမ်းအား...”

‘ရာဟုကြယ်တိုက်စားခြင်းတန်ခိုးစွမ်းအား’ ဆိုသည်က ဖန်းယွင်ရှန်းနှင့် ပတ်သက်နေသည်ဖြစ်ရာ ရန်ကျောက်ကဲနှင့်လည်း စမ်းသက်သည် မဆိုသာပေ။

နေမင်း၏ဆန့်ကျင်ဘက်ဖြစ်သော ရာဟုကြယ်၏ အမှောင်စွမ်းအားအယူအဆအကြောင်း ရန်ကျောက်ကဲ ကောင်းကောင်းနားလည်သည်ပင်။

ဤ မဟာနတ်ဆိုးကြီးအား ပြန်လည်မွေးဖွားမလာစေရန် ဤနေရာတွင် ဖိနှိပ်ထားသူ မည်သူမည်ဝါဖြစ်ကြောင်း သိသာထင်ရှားနေပေပြီ။

ပိုးသားဧကရာဇ်နှင့် လွှမ်းခြုံဧကရာဇ်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး ပြိုင်တူ ပြောလိုက်ကြသည်။

“ရာဟုကြယ်ထက်ယံအရှင်သခင်…”

‘ရာဟုကြယ်ထက်ယံအရှင်သခင်’ ဆိုသည်က မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ခွန်လွန်တောင်သစ်တွင် ထင်ရှားခဲ့သော ခွန်လွန်အထင်ကရ (၉)ပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်။

သူမက တိဟွမ်မြေကမ္ဘာဧကရာဇ် (မြေကမ္ဘာထက်ယံအရှင်သခင်) ၊ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်(လျှို့ဝှက်ခြင်းထက်ယံအရှင်သခင်) နှင့် ရွှေစင်ထက်ယံအရှင်သခင် ‘ရန်ရှင်းထန်’ တို့ကဲ့သို့ အတိတ်သမိုင်းတွင် တာအိုဝါဒ ပြန်လည်ထူထောင်ခြင်းတွင် အရေးပါသောနေရာတွင် ပါဝင်ခဲ့သူ ဖြစ်၏။

ပိုးသားဧကရာဇ်က ရန်ကျောက်ကဲကိုကြည့်လိုက်ပြီး...

“အရှေ့တောင်’ချောင်’ ဆီကသတင်းကြားတာ မင်းတို့ဂိုဏ်းမှာ ရာဟုကြယ်ထက်ယံအရှင်သခင်နဲ့ပတ်သက်တဲ့ ရတနာပစ္စည်းတစ်ခု ရှိနေတယ်ဆို ၊ အဲဒီပစ္စည်းကိုလည်း ‘ဖန်း’ မိန်းကလေးကပဲ ထိန်းချုပ်တာလား”

ရန်ကျောက်ကဲက ပေါ့ပါးသည့်လေသံဖြင့်...

“အဲဒါက ရာဟုဓား မဟုတ်ပါဘူး”

သူက ဆက်ပြောသည်။

“အဲဒီဓားက ပျက်ဆီးသွားတဲ့ ရာဟုဓားအကြွင်းအကျန်တွေကနေ အသစ်ပြန်လည်ပြုလုပ်ထားတဲ့ ဓားတစ်လက်ပါ ၊ ဒီကိစ္စက ရာဟုကြယ်စင်ထက်ယံအရှင်သခင်နဲ့ အနည်းအကျဉ်း ဆက်စပ်နေမယ်လို့ တွေးမိပေမယ့် ရှင်းရှင်းလင်းလင်းတော့ နားမလည်ခဲ့ဘူး”

ထို့နောက် သူက အနက်ရောင်မီးတောက်ကို ဖိနှိပ်ထားသည့် အမှောင်ထုစွမ်းအားကို အတွေးနက်နဲစွာဖြင့် စူးစိုက်ကြည့်လိုက်သည်။

“အခုတော့ ကြည့်ရတာ... သူတို့ကြားကဆက်စပ်မှုက ကျွန်တော်ထင်ထားတာထက် ပိုပြီးကြီးမားနေပုံပဲ”

ပိုးသားဧကရာဇ်နှင့် လွှမ်းခြုံဧကရာဇ်တို့ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက် ပိုးသားဧကရာဇ်က လက်တစ်ဖက်ဆန့်ထုတ်လိုက်ပြီး အလင်းအရိပ်စက်ဝန်းကို ထိကိုင်လိုက်သည်။ ထိုအခါ စက်ဝန်းက တုန်ခါသွားပြီး အတွင်းထဲမှ အနက်ရောင်မီးတောက်က အားနည်းမှေးမှိန်နေသည့်တိုင် ရေကဲ့သို့ လှိုင်းထသွားသည်။

အမှောင်ထုစွမ်းအားက ကျယ်ပြန့်လွန်းလေရာ မီးလျှံနန်းတော်ပတ်တန်းကျင်တွင် လောင်ကျွမ်းနေသော မီးတောက်များထက်ပင် ရက်စက်ကြမ်းတမ်းပြီး လွှမ်းမိုးနိုင်စွမ်း မြင့်မားလွန်းသည်။

ထို့နောက် အနက်ရောင်မီးတောက်အလယ်တွင် အစစ်အမှန်သိုင်းဝိညာဉ်ဖြင့် ဖန်ဆင်းထားသည့်ပမာ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ထိုပုံရိပ်က နားရွက်အောက်နားခန့်သာရှိသည့် ဆံပင်အတိုနှင့် အနက်ရောင်ဝတ်ဆင်ထားသော မိန်းမပျိုတစ်ယောက်၏ ပုံရိပ်ဖြစ်သည်။ သူမက အလွန်တရာ ချောမောလှပခြင်း မရှိသော်လည်း အတော်လေး ထက်မြက်သည့်အသွင်သဏ္ဌန် ရှိ၏။

သူမ၏မျက်ဝန်းများက ပြတ်သားထက်ရှပြီး နည်းနည်းလေးပင် ယိမ်းယိုင်ခြင်းမရှိသလို သူမပတ်ဝန်းကျင်တွင်လည်း ပြင်းထန်ကြမ်းတမ်းသည့် အငွေ့အသက်များ ထွက်ပေါ်နေသည်။

ဤသည်က ပုံရိပ်တစ်ခုမျှသာ ဖြစ်သည့်တိုင် သတ်ဖြတ်လိုသည့်အငွေ့အသက်များက တွေ့မြင်ရသူတိုင်း ရင်ထိတ်စေသည်။

ခွန်လွန်တောင် ၊ မြောက်ပိုင်းကုန်းမြင့်တောင်ထွတ်ရှိ ကျောက်စိမ်းကျောက်ဆောင်သို့ သွားရောက်လည်ပတ်ပြီးကတည်းက ရန်ကျောက်ကဲ အကြောင်းအရာအတော်များများကို သိရှိခဲ့သည်။

သူ၏အဘိုး ‘ရန်ရှင်းထန်’ အပါအဝင် ခွန်လွန်အထင်ကရကိုးပါး၏ ရုပ်ပုံများကို တွေ့မြင်ခဲ့ရသည်။

ယခု သူ့ရှေ့မှ ပုံရိပ်မှာ သေချာပေါက် ရာဟုကြယ်ထက်ယံအရှင်သခင် “ကျန်းရွှင်ဟွား” ဖြစ်ကြောင်း သိရှိလိုက်၏။

ခွန်လွန်အထင်ကရ (၉)ပါးတွင် သူမသည်လည်း ရွှေစင်ထက်ယံအရှင်သခင်ကဲ့သို့ပင် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပြီး မရေမတွက်နိုင်သော ဒဏ္ဍာရီများကို ချန်ထားခဲ့သည်။ သူမ၏ သံမဏိပမာ ခိုင်မာပြတ်သားမှုနှင့် ထက်မြက်မှုတို့ကြောင့် အလွန်တရာ ကျော်ကြားခဲ့သည်။

“ရာဟုကြယ်ထက်ယံအရှင်သခင်က ကျွန်တော့်အဘိုး ရွှေစင်ထက်ယံအရှင်သခင်ထက် အရင်စောပြီး ကွယ်လွန်သွားတာမဟုတ်ဘူးလား”

ရန်ကျောက်ကဲက သူ့အရှေ့မှ မီးလျှံနန်းတော်ကို အကဲခတ်ရင်း ပြောလိုက်သည်။

“ဒါက သူ အရင်တုန်းက ဆင်နွှဲခဲ့တဲ့တိုက်ပွဲကနေ ကျန်ရစ်ခဲ့တဲ့ ပုံရိပ်တွေလား...”

“ဒါက...”

ရန်ကျောက်ကဲ မျက်မှောင်ကြုံ့လိုက်သည်။

"အဲလောက်မရိုးရှင်းဘူး"

လွှမ်းခြုံဧကရာဇ်က အတွေးသဏ္ဌန်ကင်းမဲ့နေသော ‘ရာဟုကြယ်ထက်ယံအရှင်သခင်’ ၏ ပုံရိပ်ကို သေသေချာချာ အကဲခတ်လိုက်သည်။

ထို့နောက် ပတ်ဝန်းကျင်ကို အာရုံခံလိုက်ပြီး အတန်ကြာမှ ရုတ်တရက် စကားဆိုလိုက်၏။

“ဟုတ်တယ်... မရိုးရှင်းဘူး”

ရန်ကျောက်ကဲ ခဏမျှ စဉ်းစားလိုက်ရင်း...

“ဒီနေရာမှာ ယန္တရားတစ်ခု ရှိခဲ့ဖူးတဲ့ပုံပဲ ၊ အခု ဘာမှမတွေ့ရပေမယ့် သဲလွန်စတွေ ကျန်နေသေးတယ်”

ဘေးနားတွင်ရှိနေသည့် ပိုးသားဧကရာဇ်က ခဏမျှ စူးစမ်းလေ့လာပြီးနောက် လက်ဝါးတစ်ဖက်ဆန့်ထုတ်လိုက်ပြီး လက်အတွင်းသို့ ချီစွမ်းအားကို စီးဆင်းစေလိုက်သည်။

ထိုအခါ ရုတ်ချည်းပင် မှောင်မိုက်သည့် အန္တရယ်ချီ မီးလျှံများ ထွက်ပေါ်လာသည်။

အနက်ရောင်အန္တရယ်ချီ မီးလျှံများ သိပ်သည်းသွားပြီး များပြားလှစွာသော စာလုံးများနှင့်သင်္ကေတများ လေထဲတွင် လွင့်ပျံထွက်ပေါ်လာသည်။

ဒါကိုမြင်တော့ (၃)ယောက်သား မျက်ဝန်းများ အနည်းငယ် တုန်ခါသွားကြသည်။

“ဟား ဟား...”

ပိုးသားဧကရာဇ် ရယ်မောလိုက်သည်။

“ဒါက ရာဟုကြယ်ထက်ယံအရှင်သခင် သေဆုံးပြီးတဲ့နောက်မှာ ပြန်လည်မွေးဖွားလာနိုင်ဖို့အတွက် ကြိုတင်အစီအစဉ် ဆွဲထားတဲ့ အရာတစ်ခုပဲ”

လွှမ်းခြုံဧကရာဇ်က ခေါင်းကိုဖြည်းညင်းစွာခါယမ်းရင်း...

“သူက ငရဲကိုးထပ်က ပြန်လည်မွေးဖွားခြင်း လျှို့ဝှက်ချက်ကို အသုံးပြုပြီး သူကိုယ်တိုင် ပြန်လည်မွေးဖွားအောင်ပြုလုပ်ချင်တာလား ၊ ဒါက တကယ်ပဲ...”

သူမက တာအိုဝါဒ၏ အကြီးအကဲတစ်ယောက်ဖြစ်သည့်အတွက် လွှမ်းခြုံဧကရာဇ် သူမအား ပွင့်ပွင့်လင်းလင်း ဝေဖန်လိုခြင်း မရှိပေ။

သို့တိုင် ရန်ကျောက်ကဲရော ပိုးသားဧကရာဇ်ပါ သူ့စကားနောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်ခဲ့ကြသည်။

‘ရာဟုကြယ်ထက်ယံအရှင်သခင်’ ၏ လုပ်ရပ်များက မီးဖြင့်ကစားသည့်ပမာ ဖြစ်သည်။

သူမ၏အကြံအစည် အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ အနည်းငယ်ပေါ့လျော့မိသည်နှင့် အမှောင်ဘက်ခြမ်းသို့ ချက်ချင်း ကျရောက်သွားပေလိမ့်မည်။

အကြီးမားဆုံး စိတ်ပူစရာမှာ -

အောင်မြင်ခဲ့သည့်တိုင် သူမ နတ်ဆိုးတစ်ယောက် ဖြစ်လာနိုင်မည်လား။

သူမ၏ ပြန်လည်မွေးဖွားခြင်းအစီအစဉ်က အောင်မြင်မည်လား မအောင်မြင်မည်လား တိုင်းတာရမည် ဖြစ်သည်။ မအောင်မြင်လျှင်တော့ အကောင်းဆုံးသာပင်။

မည်သို့ပင်ဖြစ်စေ ရာဟုကြယ်ထက်ယံအရှင်သခင်က လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀)ကျော်က အမှန်တကယ် သေဆုံးသွားခဲ့ပြီ ဖြစ်၏။

ရန်ကျောက်ကဲက အနက်ရောင်အလင်းသင်္ကေတများကို သေသေချာချာ လေ့လာရင်း ရေရွတ်လိုက်သည်။

“ရာဟုကြယ်ထက်ယံအရှင်သခင်ရဲ့ စိတ်နေစိတ်ထားနဲ့ ပြောခဲ့ဖူးတဲ့စကားတွေအရဆိုရင် နတ်ဆိုးဘဝနဲ့ ပြန်လည်မွေးဖွားလာမှာကိုတော့ လက်ခံမှာ မဟုတ်ဘူး”

“ကျွန်တော် စိုးရိမ်တာက သူ့ကိုယ်သူ ယုံကြည်မှု လွန်ကဲသွားမှာကိုပဲ”

ရန်ကျောက်ကဲက...

“ဒီ ယန္တရားက ပြန်လည်မွေးဖွားခြင်းတန်ခိုးစွမ်းအားနဲ့သာမဟုတ်ဘူး တခြားကိစ္စတစ်ခုခုနဲ့လည်း သက်ဆိုင်နေဦးမယ် ထင်တယ်”

“သူက ပြန်လည်‌မွေးဖွားလာဖို့ စီစဉ်ထားရုံသာမကဘဲ မဟာနတ်ဆိုးတစ်ပါးရဲ့ တန်ခိုးစွမ်းအားနဲ့ လျှို့ဝှက်ဆန်းကျယ်မှုတွေကိုလည်း ပြန်လည်မွေးဖွားခြင်းမှာ အဆုံးချဖို့ ရည်ရွယ်ထားတယ်”

ထို့နောက် တစ်စုံတစ်ခုကိုစဉ်းစားမိပြီး ရန်ကျောက်ကဲ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

ရန်ကျောက်ကဲ၏စကားကိုကြားတော့ လွှမ်းခြုံဧကရာဇ်သည်လည်း အနည်းငယ် မျက်နှာပျက်သွား၏။

ဤသို့ပြုလုပ်ခြင်းက ပို၍ပင် မီးနှင့်စကားသကဲ့သို့ ဖြစ်သည်။

ရာဟုကြယ်ထပ်ယံအရှင်သခင် မျက်စိကျသွားခဲ့သော မဟာနတ်ဆိုးကြီးမှာ ထူးခြားသည့် တန်ခိုးစွမ်းအားများ သေချာပေါက် ပိုင်ဆိုင်ရမည်ပင်။

ပိုးသားဧကရာဇ်မှာလည်း အတော်လေး အံ့အားသင့်သွားပြီး မျက်ဝန်းများပင် တောက်ပလာသည်။

ရန်ကျောက်ကဲက နဖူးကို လက်ဖြင့်အသာပွတ်သပ်ရင်း တွေးလိုက်သည်။

“ရာဟုကြယ်ထက်ယံအရှင်သခင် ကျန်းရွှင်ဟွား...”

“ခင်ဗျားက ရည်မှန်းချက်ကြီးတယ်လို့ ပြောရမလားပဲ ၊ အသက်ရှင်စဉ်မှာတောင်မှ သေပြီးတဲ့နောက်ပိုင်းအတွက် ကြီးမားတဲ့ကိစ္စကြီးတစ်ခု စီစဉ်သွားခဲ့သေးတယ်”

ခွန်လွန်အထင်ကရ (၉)ပါးဆိုသည်ကလည်း ရိုးရှင်းပြီး သာမန်ဆန်သူများတစ်ယောက်မှ မရှိပေ။

“ခင်ဗျား တမင်သက်သက် သေလမ်းကိုရွေးချယ်ခဲ့သလားဆိုတာတောင် သံသယဝင်မိတယ်”

ရန်ကျောက်ကဲ အလွန်အကျွံ တွေးလိုက်မိသည်။

ထိုသို့တွေးမိသည့်ခဏတွင် ရန်ကျောက်ကဲ အတော်လေး စိတ်အနှောက်အယှက် ဖြစ်သွားရသည်။

အခြားအချိန်ဆိုပါက ရန်ကျောက်ကဲက ကျန်းရွှင်ဟွားကို လက်မထောင်ပြပြီး ရယ်မောပျော်ရွှင်စွာ ဂုဏ်ပြုမိမည် ဖြစ်သည်။

သို့သော် ယခုတော့ ဖန်းယွင်ရှန်းသည်လည်း ဤပြဿနာထဲ ဆွဲသွင်းခံရဟန်ရှိလေရာ မည်သို့မှ စိတ်ထဲ အဆင်မပြေတော့ပေ။

ဝန်းရံဧကရာဇ်က သူ့အရှေ့မှ မြင်ကွင်းကိုကြည့်ရင်း မျက်မှောင်ကြုံ့လိုက်သည်။

“ယန္တရားက အဆုံးသတ်သွားပြီ ၊ ဒါဆိုရင် ရလဒ်က ဘာဖြစ်လာမလဲ”

All Chapters