← Chapters

ချင်မူ၏ စက်ဆုပ်ရွံရှာမှု

Vol. 47 Ch. 633

ချင်မူ၏ စက်ဆုပ်ရွံရှာမှု

Vol. 47 Ch. 633

ပထမဘိုးဘေးကြီးမှာ ဒလိမ့်ခေါက်ခွေး လွင့်ထွက်သွားပြီး မြူခိုးများထဲ၌ ပျောက်ကွယ်သွားသည်။ ထို့နောက် မြူခိုးများအထဲမှ အလင်းတန်းတစ်တန်း ထွက်လာသည်။ ၎င်းက သူ၏မျက်လုံး‌ကောင်းကင်နတ်သိုင်း ဖြစ်‌၏။

ယခင်တစ်‌ခေါက် တိုက်ခိုက်ခဲ့စဉ်က ပထမဘိုးဘေးကြီးသည် မျက်လုံးကောင်းကင်နတ်သိုင်းဖြင့် ချင်မူ့ကို လူသားဧကရာဇ်ခန်းမ၏ နံရံတွင် ထိုးချိတ်ခဲ့ပြီး ချင်မူ့ခါးအား နှစ်ပိုင်းချိုးနိုင်လုဆဲဆဲ ဖြစ်ခဲ့ဖူးသည်။

ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးက စေ့စေ့ပိတ်နေပြီး ပွင့်ဟမလာသေးပေ။ သူ၏မျက်လုံးထဲ၌ ဝင်္ကပါအမှတ်အသားများ တည်ဆောက်လာကာ အလင်းတန်းနှစ်တန်း ထွက်သွား၏။

ပထမဘိုးဘေးကြီးလူသားဧကရာဇ်၏ အလင်းတန်းလည်း ရောက်လာသဖြင့် မျက်လုံးကောင်းကင်နတ်သိုင်းနှစ်ခု ဝင်တိုက်သွားကြသည်။ စူးရှတောက်ပသော အလင်းရောင်များ လင်းထိန်ဖြာထွက်သွား၏။ နေလုံးကြီးနှစ်လုံးက အရပ်မျက်နှာတစ်ခွင်သို့ လင်းရောင်ခြည်များ ဖြန့်ကျက်၍ မြူခိုးတိမ်တိုက်တို့အား မောင်းထုတ်လိုက်သည့်အလား ထင်ရသည်။

ပထမဘိုးဘေးကြီး၏ ကောင်းကင်နတ်သိုင်းသည် ချင်မူ၏ ကောင်းကင်နတ်သိုင်းထက် များစွာအနုစိတ်သေသပ်၍ ချင်မူ၏ကောင်းကင်အလင်းတန်းအား တမုဟုတ်ချင်း ဖိနှိပ်လိုက်၏။

ပထမဘိုးဘေးကြီးလူသားဧကရာဇ်က ဟိန်းဟောက်လိုက်ပြီး သူ၏ဆံပင်များ လေတွင် လှုပ်ခတ်သွားသည်။ သူ လက်နှစ်ဖက်လုံး မြှောက်လိုက်သည့်အခါ ကောင်းကင်ယံတွင် ကြယ်တိမ်တိုက်များ ပေါ်လွင်လာ၏။ မရေမတွက်နိုင်သော ဥက္ကာခဲကြီးများကား ကောင်းကင်ထက်မှ ပြုတ်ကျလာပေတော့မည်။

ထိုအချိန်တွင် ချင်မူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံး ပွင့်လာသည်။ သူက အေး‌ဆေးသောလေသံဖြင့် ပြောလိုက်သည်။ “ဒါက ကျုပ် စွမ်းအားအကုန် ထုတ်လွှတ်တဲ့ ဒုတိယအကြိမ်ပဲ”

ရုတ်တရက် သူ၏နတ်ဘုရားလမ်းစဉ် ကောင်းကင်ရတနာများနှင့် မိစ္ဆာလမ်းစဉ် ကောင်းကင်ရတနာများက တစ်ခုကိုတစ်ခု လှည့်ပတ်သွားကြသည်။ တတိယမျက်လုံးကြောင့် နတ်ဘုရားလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ် ချီစွမ်းအင်များလည်း အတူတကွ စီးဆင်းနေကြ၏။

သူ၏ကျင့်စဉ်စွမ်းအင်လည်း နှစ်ဆတိုးသွားချေပြီ။ ဝှမ်ခနဲ အသံတစ်ချက်နှင့်အတူ သူ၏အကြည့်က ပထမလူသားဧကရာဇ်၏ မျက်လုံးကောင်းကင်နတ်သိုင်းအား တိုက်ချပစ်လိုက်၏။ ချင်မူ၏အကြည့် အလင်းတန်းတစ်စုံက ပထမလူသားဧကရာဇ်ကို ထိမှန်ကာ သူ့အား မြေကြီးထဲသို့ ရက်ရက်စက်စက် စိုက်ချလိုက်သည်။

ပထမလူသားဧကရာဇ်၏ ကောင်းကင်နတ်သိုင်းလည်း တမုဟုတ်ချင်း ကွဲကြေသွား၍ ကောင်းကင်ယံရှိ တိမ်တိုက်များ ပျောက်ကွယ်သွားသည်။ ပြုတ်ကျလာတော့မည့် ဥက္ကာခဲများလည်း မရှိတော့ပေ။

ချင်မူ၏ မျက်လုံးအလင်းတန်းတစ်စုံက သူ့ကို မြေကြီးထဲသို့ ဖိချနေသဖြင့် သူ့အရိုးများမှ တဖျောက်ဖျောက် မြည်သံများ ထွက်ပေါ်လာသည်။

“နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း”

ကောင်းကင်အလင်းတန်းက ချင်မူ၏မျက်လုံးထဲသို့ ပြန်ဝင်လာသည်။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်၌ သင်္ကေတအမှတ်အသားများ ကခုန်သွားပြီး ပထမလူသားဧကရာဇ် နေရာရွှေ့ပြောင်းသွားသည့် နေရာအား အလျင်အမြန် တွက်ချက်လိုက်၏။

သူ၏ချီစွမ်းအင်က ပြိုင်ဘက်ကင်းလောက်အောင် သေးငယ်သော ဓားရောင်များအသွင် ဖွဲ့တည်သွားသည်။ ဓားရောင်များက စုဝေးပြီး သူ့လက်ထဲတွင် ဓားတစ်လက်အသွင် ဖွဲ့တည်လိုက်၏။ ချင်မူက ဓားကို လေအလျင်လို လွှဲယမ်းရင်း ပေါ်လာတော့မည့် ပထမလူသားဧကရာဇ်၏ မုဒြာလက်သိုင်းအား အတိအကျ ဟန့်တားလိုက်သည်။

ပထမလူသားဧကရာဇ်၏ပုံရိပ် ပေါ်လာသည်။ လက်တစ်ဖက်တွင် ကောင်းကင်မုဒြာ၊ တစ်ဖက်တွင် မြေပြင်မုဒြာဖြင့် သူသည် ကောင်းကင်နှင့်မြေပြင်၏ အရှင်သခင် ဖြစ်နေ၏။ မုဒြာလက်သိုင်း၌ ပထမလူသားဧကရာဇ်က တတိယဘိုးဘေးကြီး၏ ကောင်းကင်ဘုံကို မှောက်ခုံလှန်မည့် ယင်ယန်လက်များထက်ပင် သာလွန်၏။

အမှန်တွင် တတိယဘိုးဘေးကြီး၏ ‘ကောင်းကင်ဘုံကို မှောက်ခုံလှန်မည့် ယင်ယန်လက်များ’က ပထမဘိုးဘေးကြီးဆီမှ မှီငြိမ်းထားသော သိုင်းကွက်ဖြစ်သည်။ သို့သော် တတိယဘိုးဘေးကြီးက လျှောက်လှမ်းသော လမ်းစဉ်မှာ ယင်နှင့်ယန်၊ အယူဝါဒကိုးသွယ်၊ အရပ်မျက်နှာတစ်ခွင် ခြေလှမ်းဆယ့်ကိုးလှမ်း၊ ခြေသိုင်း သုံးရာခြောက်ဆယ့်တစ်ကွက်နှင့် မုဒြာလက်သိုင်း သုံးရာခြောက်ဆယ့်တစ်ကွက် ဖြစ်၏။

ထိုခေတ်အခါတုန်းက တတိယဘိုးဘေးကြီးသည် သူ၏မျိုးဆက်တွင် အရပ်မျက်နှာတစ်ခွင် ခြေလှမ်းဆယ့်ကိုးလှမ်းဖြင့် ပြိုင်ဘက်ကင်းခဲ့၏။

တတိယဘိုးဘေးကြီး၏ အရှုံးမရှိသောဒဏ္ဍာရီကို ဖျက်စီးခဲ့သူမှာတော့ သူ၏တပည့်၊ စတုတ္ထလူသားဧကရာဇ် ဖြစ်လေသည်။ စတုတ္ထဘိုးဘေးကြီးက ဥပဒေဆယ်မျိုးကျင့်စဉ်ဖြင့် အဘိုးကြီးကို လူရုပ်မပေါ်အောင် ရိုက်နှက်နိုင်ခဲ့၏။

သို့သော် ပထမဘိုးဘေးကြီး၏ကျင့်စဉ်ကမူ အဆင့်တစ်ဆင့် ပိုမြင့်သည်။ ကောင်းကင်မုဒြာ၊ မြေပြင်မုဒြာဖြင့် သူသည် ကောင်းကင်နှင့်မြေကြီး၏ အရှင်သခင် ဖြစ်လာ၏။ တတိယဘိုးဘေးကြီးအနေဖြင့် အရပ်မျက်နှာတစ်ခွင်တွင် ခြေလှမ်းဆယ့်ကိုးလှမ်းမျှသာ ရောက်နိုင်ခဲ့သော်လည်း ပထမဘိုးဘေးကြီး၏မုဒြာကမူ ကောင်းကင်နှင့် မြေပြင်တစ်ခွင် လွှမ်းမိုးနိုင်သည်။

ယခုတွင် သူ၏မုဒြာသိုင်းကွက်ကား ချင်မူ၏ဓားနှင့် ဆုံတွေ့ရချေပြီ။။

ချင်မူသည် ဓားစက်လုံးကို မသုံး။ ပထမလူသားဧကရာဇ်နှင့် တိုက်ခိုက်ရာတွင် သူ ဝိညာဉ်လက်နက်သုံးမည်မဟုတ်။ ထောင်ကျယ်အိတ်များကိုပင် မြေကြီးပေါ်၌ ပစ်ချခဲ့သေးသည်။

ခိုင်ဧကရာဇ်ခေတ်၏ ဤတပ်ပြေးကို သူ့အစွမ်းအစများဖြင့်သာ အနိုင်ယူချင်သည်။ ယခင်လူသားဧကရာဇ်များ၏ ကြိုးစားအားထုတ်မှုတို့အပေါ် ပြက်ရယ်ပြုခဲ့သော ဤလူ့အား သူ အပြတ်အသတ် အနိုင်ယူချင်သည်။ ဤလူ၏ ဂုဏ်သိက္ခာ၊ ဤလူ၏ မာနအားလုံးကို ရိုက်ချိုးပစ်ချင်၏။

ချင်မူ၏ ဓားရောင်သည် ပြိုင်ဘက်ကင်းဓားတစ်လက် ဖြစ်၏။ သူ့ဓားကို ယှဉ်နိုင်သော ဓားမရှိပေ။ သူက ဓားကို ဆတ်ခနဲ တစ်ချက်ခုတ်၍ ‘ချုံဧကရာဇ်ကပ်ဘေး’အား ထုတ်လွှတ်လိုက်သည်။ အဆုံးမဲ့သော ကပ်ဘေးအငွေ့အသက်များသည် ကောင်းကင်ကို ခွဲခြမ်း၍ မြေပြင်ကို ဖြိုခွင်းပစ်လိုက်၏။

ဤသည်မှာ ရွာလူကြီး၏ ဓားကွက်ဖြစ်သည်။ လူသားဧကရာဇ်များအနက် ရွာလူကြီး၏ ဓားသိုင်းသည် ကျန်လူသားဧကရာဇ်ဟောင်းများထက် များစွာသာလွန်၏။

ဖုန်းတုတွင် ရွာလူကြီးမှာ ဝိုင်းအရိုက်ခံခဲ့ရသော်လည်း လူသားဧကရာဇ်တစ်ယောက်မှ သူနဲ့ တစ်ယောက်-တစ်ယောက်ချင်း မတိုက်ခိုက်ရဲပေ။ ရွာလူကြီးသည် အသက်ကြီးသည့်အချိန်တွင် ပြုပြင်ပြောင်းလဲမှုအား မှီခဲ့သည့်အတွက် သူ၏ဓားသိုင်းက အဆင့်တစ်ဆင့် မြင့်တက်သွားခဲ့၏။ တစ်ယောက်-တစ်ယောက်ချင်း တိုက်ခိုက်လျှင် ပထမဘိုးဘေးကြီးမှလွဲ၍ တခြားမည်သူမှ သူ့အား မယှဉ်နိုင်ပေ။

ချင်မူက ဆယ့်ရှစ်ချက်မြောက်ဓားကွက်ကို ချုံဧကရာဇ်ကပ်ဘေးထဲ ထည့်သွင်းထား၍ ‘ချုံဧကရာဇ်ကပ်ဘေး’ ၌ အခြေခံဓားချက်ပေါင်း ဆယ့်ရှစ်ချက် ရှိနေပြီဖြစ်သည်။ ရွာလူကြီး၏ ဓားကွက်နှင့်ယှဉ်ပါက မပြည့်စုံ‌သေးသော်လည်း ဤဓားကွက်သည် သူ့လက်ထဲ၌ ပို၍ပင်အားကောင်းပြင်းထန်နေ၏။

သူ၏မှော်စွမ်းအင်က တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် သိပ်သည်းသည်။ အဆင့်တူ ကောင်းကင်နတ်သိုင်းပညာရှင်များ မဆိုထားနှင့်၊ ကောင်းကင်နတ်အသွင်အဆင့်၌ပင် သူ့ထက်သာသည့်လူ များများစားစား မရှိပေ။

ချင်မူ၏မှော်စွမ်းအင်သည် တရှိန်ထိုး ပေါ်ထွက်လာ၏။ သူ၏ဓားရောင်က ကောင်းကင်မုဒြာနှင့် မြေပြင်မုဒြာစွမ်းအားကို ပိုင်းဖြတ်ပြီး ပထမလူသားဧကရာဇ်၏ ပြိုင်ဘက်ကင်းသော ဒဏ္ဍာရီအား ဖျက်စီးပစ်လိုက်သည်။ ပထမလူသားဧကရာဇ်အနေဖြင့် သိုင်းကွက်ပြောင်းရုံအပြင် ရွေးချယ်စရာမရှိတော့ပေ။

ချင်မူ၏ ဓားကွက်တွင် အားနည်းချက်တစ်ချက် သိသာပေါ်လွင်နေသော်လည်း ပထမလူသားဧကရာဇ်မှာ ချင်မူ့ဆီ တိုးမဝင်နိုင်ဖြစ်နေသည်။ ချင်မူ၏ မှော်စွမ်းအင်က အားကောင်းလွန်း၏။

ချင်မူသည် ဓားတစ်လက်ကို လက်တွင် ကိုင်လျက် နဂါးတစ်ကောင်လို ရွေ့လျားလာသည်။ ပထမလူသားဧကရာဇ်၏ မုဒြာသိုင်းက မည်မျှသန်မာအားကောင်းစေကာမူ ချင်မူက ချုံဧကရာဇ်ကပ်ဘေးဓားကွက်ဖြင့် မည်သည့်အရာကိုမဆို ဖြိုခွင်းတိုးဝင်လာ၏။

သူက သိုင်းကွက်ပြောင်းရန်ပင် ပျင်းနေသည်။

“ငါ့ကို ဆွဲထုတ်ပေးပါဦး..... ငါ့ကို ဆွဲထုတ်ပေးပါဦး”

လူသားဧကရာဇ်ခန်းမ၏အရှေ့၊

မြေကြီးပေါ်တွင် လူသားဧကရာဇ်ရီရှန်း တရွတ်တိုက်သွားနေသည်။ သူ့မှာ အခြေအနေကြည့်ရန် လူသားဧကရာဇ်ခန်းမဆီသို့ သွားချင်နေ၏။ သူ့နောက်၌မူ လူသားဧကရာဇ်ချီကန်းက အော်ဟစ်နေသည်။ “လုပ်ကြပါဦး... ပထမဘိုးဘေးကြီးရဲ့ မုဒြာသိုင်းကြောင့် ထွက်လို့မရတော့လို့”

လူသားဧကရာဇ်လန်ပိုနှင့် ကျန်ရှိသူများ ကုန်းရုန်းထလာကြသည်။ အားလုံး မတ်တပ်ရပ်နိုင်သည်နှင့် လူသားဧကရာဇ်ချီကန်းကို ဝိုင်းလိုက်ပြီး သူ့ပတ်ပတ်လည်ရှိ မြေပြင်အား ထုရိုက်လိုက်ကြ၏။ နောက်ဆုံး‌တော့ ပထမဘိုးဘေးကြီး၏ မုဒြာလက်သိုင်းကို ချေဖျက်နိုင်သွား၍ သူ့အား ထုတ်ပေးလိုက်နိုင်သည်။

လူသားဧကရာဇ်များမှာ တစ်ယောက်ကိုတစ်ယောက် တွဲလျက် လူသားဧကရာဇ်ခန်းမထဲ ဝင်လိုက်ကြသည်။

ပြိုကျသွားသည့် ခန်းမနောက်ကျောသို့ ရောက်သည်နှင့် မြူခိုးထဲတွင် တရိပ်ရိပ် လှုပ်ရှားနေကြသော လူရိပ်နှစ်ခုဆီသို့ လူသားဧကရာဇ်အားလုံး ငေးကြည့်မိလိုက်ကြ၏။

ပထမလူသားဧကရာဇ်၏ လက်တစ်ဖက်တွင် ကောင်းကင်မုဒြာရှိပြီး မုဒြာစွမ်းအားက မိုးကောင်းကင်ပြိုကျလာသကဲ့သို့ ပြင်းထန်လှသည်။ နောက်တစ်ဖက်၌ မြေပြင်မုဒြာဖြင့် မြေပြင်မှာ တသိမ့်သိမ့် တုန်ခါနေပြီး တောင်တန်းများလည်း လှုပ်ရမ်းနေ၏။ ပထမလူသားဧကရာဇ်၏ခန္ဓာကိုယ်မှာ ကောင်းကင်နှင့် မြေပြင် ပြိုကွဲမသွားအောင် ‌ထောက်ကန်ပေးထားသော တိုင်လုံးကြီးတစ်လုံးနှင့် တူနေသည်။

ဤမုဒြာလက်သိုင်းမျိုးသည် လမ်းစဉ်အဆင့် ရောက်ရှိသွားသော မုဒြာပညာဖြင့်သာ ဖန်တီးနိုင်သော အံ့ဖွယ်ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်၏။

ပထမဘိုးဘေးကြီး၏ မုဒြာသိုင်းတွင် သူ၏စိတ်ခံစားချက်များ ကိန်းဝပ်နေသည်။ ခိုင်ဧကရာဇ်ခေတ်၏ နောက်ဆုံးနှစ်များတွင် ကောင်းကင် ပြိုကျပြီး မြေပြင်များ ပျက်စီးခဲ့ရ၏။ ခေတ်တစ်ခေတ်၏ ပျက်သုဉ်းမှုကို ကြုံတွေ့ခဲ့ရသော လူတစ်ယောက်ဖြစ်ခဲ့သည့်အလျောက် ထိုခေတ်၏ အငွေ့အသက်များက သူ၏မုဒြာသိုင်းကွက်တွင် ထင်ဟပ်နေသည်။

သူက ဝမ်းနည်းကြေကွဲဖွယ်ရာ မြင်ကွင်းများ မြင်တွေ့ခဲ့ရသူ ဖြစ်ပြီး သူ၏ခွန်အားဖြင့် ကယ်တင်ပေးချင်ခဲ့သော လူတစ်ယောက်လည်း ဖြစ်လေသည်။

ကောင်းကင်မြေပြင်မုဒြာလက်ကွက်များ၏ ပြင်းထန်လှသော ခံစားချက်များကြောင့် ကောင်းကင်နှင့် မြေပြင်မှာ တဝုန်းဝုန်း လှုပ်ခါယမ်းနေသည်။ သို့သော် သူသည် မိုးနှင့်မြေအား ထောက်ကန်ပေးထားသော တိုင်လုံးကြီးသဖွယ် မိုးနှင့်မြေကြား၌ မားမားမတ်မတ် ရပ်တည်နေလိမ့်မည်။ သူ့နှလုံးသားထဲတွင်လည်း ထိုသို့ တွေးနေလောက်သည်။

ပထမဘိုးဘေးကြီး၏မုဒြာသိုင်းသည် မိုးပြိုကျလာသကဲ့သို့ စွမ်းအားမျိုးကို ငှားယူနိုင်သလို၊ မြေပြင်ပြိုကွဲနေသကဲ့သို့ စွမ်းအားမျိုးကိုလည် အသုံးချနိုင်၏။ သို့ဖြစ်၍ သူ၏စွမ်းအားက ပြင်းထန်အားကောင်းသည့်အပြင် အဆုံးမဲ့သည်။

ဤအခြင်းအရာကြောင့်ပင် ယခင်လူသားဧကရာဇ်များ သူ့အား မယှဉ်နိုင်ခြင်း ဖြစ်၏။

လူသားဧကရာဇ်အားလုံး ကြီးလေးသော တာဝန်များ ထမ်းရွက်ခဲ့ကြရသော်လည်း ပထမဘိုးဘေးကြီးကဲ့သို့ စိတ်နှလုံးကြေကွဲဖွယ်အဖြစ်အပျက်မျိုး မကြုံတွေ့ခဲ့ဖူးပေ။ ကြီးကျယ်ခမ်းနားသည့် ကောင်းကင်ဘုံတစ်ဘုံ၏ ပြိုကျသွားမှုကိုလည်း မမြင်တွေ့ခဲ့ရ။ မျိုးနွယ်ဝင်များ၊ သွေးသောက်ရဲဘော်များ မရှုမလှ သေဆုံးသွားကြပြီး ခံ့ညားထည်ဝါခဲ့သော ခေတ်တစ်ခတ်၏ အဆုံးသတ်ကိုလည်း မကြည့်ခဲ့ရပေ။

ဤအတွေ့အကြုံမျိုး ကြုံတွေ့ဖူးမှသာလျှင် ပထမလူသားဧကရာဇ်လို စိတ်အခြေအနေမျိုး ရရှိနိုင်သည်။ ထို့ကြောင့်သာ သူလည်း ယခုလို ကျင့်စဉ်တစ်ခုနှင့် ကောင်းကင်နတ်သိုင်းအား ဖန်တီးနိုင်ခဲ့ခြင်းဖြစ်၏။

အခြားတစ်ဖက်တွင် လူသားဧကရာဇ်ဟောင်းများ၌မူ သူ့ကဲ့သို့ အတွေ့အကြုံမျိုးနှင့် စိတ်ခံစားချက်မျိုး မရှိပေ။ ထို့ကြောင့် သူတို့ဖန်တီးခဲ့သော ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများက နိမ့်ကျနေသည်။

လူသားဧကရာဇ်အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အံ့အားသင့်နေကြသည်။ ပထမဘိုးဘေးကြီးသည် ချင်မူ့ကို ရင်ဆိုင်နေရသော်လည်း အရေးနိမ့်နေ၏။

ချင်မူ၏ဓားကွက်တွင် ရွာလူကြီး၊ တာအိုဂိုဏ်း၏ တာအိုဓား၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံတို့၏ အငွေ့အသက်များ ရှိနေသည့်တိုင် သူ့ဓားချက်များ၏ အရှိန်အဟုန်က ရွာလူကြီး၊ တာအိုဓားနှင့် ဧကရာဇ်အတိုင်ပင်ခံတို့၏ လွှမ်းမိုးမှုအောက်မှ ရုန်းထွက်လာနိုင်ခဲ့ပြီဖြစ်သည်။

သူ့ဓားကွက်ထဲရှိ ခံစားချက်သည် ပထမဘိုးဘေးကြီး၏ မုဒြာသိုင်းကွက်ထဲရှိ ခံစားချက်နှင့် မတူ။

သူ၏ဓားကွက်တွင် ရွာလူကြီးကဲ့သို့ အတိတ်နေ့ရက်များကို လွမ်းမောနေသော ခံစားချက်တို့ မရှိ၊ တာအိုဂိုဏ်း၏ သင်္ချာသဘောတရားများလည်း ကင်းမဲ့နေသလို၊ ဧကရာဇ်အတိုင်ပင်ခံ၏ ဗျူဟာများ၊ အတွေးအခေါ်များလည်း လစ်ဟာနေသည်။

သို့သော် သူ၏ဓားကွက်က မြက်ခင်းပြင်တစ်လျှောက် ပျံ့နှံ့သွားသော မီးပင်လယ်တစ်စင်းပမာ၊ အထီးကျန်လွင်ပြင်များတစ်လျှောက် ဖြတ်တိုက်သွားသော နွေဦးလေပြေပမာ ပျိုမြစ်မှု၊ တက်ကြွမှုနှင့် တိုက်ခိုက်လိုစိတ်တို့ ပြည့်နှက်နေ၏။ ဓားတစ်ချက်ဖြင့် အဆိုးမြင်အတွေးများကို ဖြတ်တောက်ပစ်နေသည့်အလား ထင်ရသည်။ အဟောင်းကို ဖျက်စီး၍ အသစ်ကို ပံ့ပိုးပေးမည့် အငွေ့အသက်များ ပေါ်လွင်နေသည်။ ဟုန်းဟုန်းတောက်နေသော မီးလျှံပမာ၊ ပွက်ပွက်ဆူနေသော ဆီပမာ တိုးတက်ရေးအတွက် ပြင်းပြသည့် ရည်မှန်းချက်များဖြင့် လုပ်ဆောင်လိုစိတ်များ ကိန်းဝပ်နေသည်။

သူ၏ဓားကွက်တွင် အံ့အားသင့်ဖွယ် ခံစားချက်တစ်မျိုးလည်း ပါရှိ၏ .... ၎င်းက အခြားခေတ်တစ်ခေတ်မှ ပေါက်ဖွားလာသော စိတ်ခံစားချက်မျိုး ဖြစ်၏။ ထိုခေတ်သည် ကပ်ဆိုးကြီးကြောင့် ဝမ်းနည်းကြေကွဲနေရသော ခေတ်မဟုတ်။ အရှိန်အဟုန်ဖြင့် တိုးတက်နေသော၊ စိတ်အားမာန်တို့ဖြင့် ပြုပြင်ပြောင်းလဲနေသော ခေတ်တစ်ခေတ်ဆီမှ အရင်းခံသည်။

ပထမလူသားဧကရာဇ်နှင့် ချင်မူမှာ မတူညီသော ခေတ်နှစ်ခေတ်မှ လူများ ဖြစ်သည်။ တစ်ခေတ်စီတွင် ကွဲပြားသော ကောင်းကင်နတ်သိုင်းများ ရှိ၏။ တစ်ခုက မုဒြာသိုင်း၊ တစ်ခုက ဓားသိုင်း။ သိုင်းပညာနှစ်ရပ်လုံးတွင် မတူကွဲပြားသော ခေတ်များဆီမှ အငွေ့အသက်များ ပြည့်နှက်နေသည်။

အမှန်အတိုင်းပြောရလျှင် မည်သူက အဆင့်မြင့်ပြီး မည်သူက အဆင့်နိမ့်ကြောင်း ပြောရခက်သည်။ သူတို့၏စိတ်ခံစားချက်ကိုသာ ထည့်တွက်လျှင်တော့... တစ်ယောက်က မယိုင်လဲသော ဆုံးဖြတ်ချက်၊ ထက်သန်သော စိတ်ဇောအဟုန်တို့ဖြင့် အရှေ့သို့ ချီတက်နေကြောင်း ပြသသည်။ တစ်ယောက်ကမူ အတိတ်ချောက်နက်ထဲမှ ရုန်းမထွက်နိုင်သေးပေ။ ဤသည်ကို ကြည့်ပါက အနိုင်အရှုံး ထင်ရှား၏။

ထိုမျှသာမက၊ ကြောက်စရာအကောင်းဆုံးမှာ ချင်မူ၏ မှော်စွမ်းအင်ကား သိပ်သည်းလွန်း၏။ သူက ပထမလူသားဧကရာဇ်၏ မုဒြာလက်သိုင်းကို ဖိနှိပ်၍ သစ်ကိုင်းခြောက်လို ဖျက်စီးပစ်ခဲ့လေသည်။

ချင်မူ၏တိုက်ကွက်များက ကြမ်းသထက် ကြမ်းလာသည်။ သူက တိုင်လုံးကြီးကို ခုတ်ထစ်နေသကဲ့သို့ မိုးကောင်းကင်နှင့်မြေပြင်အား ‌ထောက်ကန်ထားသည့် ပထမလူသားဧကရာဇ်အား မုန်တိုင်းပမာ ပိုင်းဖြတ်နေသည်။ သူ့ကြောင့် ပထမလူသားဧကရာဇ်မှာ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းအား အဆက်မပြတ် ထုတ်လွှတ်နေရုံအပြင် ရွေးချယ်စရာမရှိပေ။

“သူက တကယ် လောကသခင်ခန္ဓာပဲ...” လူသားဧကရာဇ်ချီကန်း ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။

ဒုတိယဘိုးဘေးကြီးက ဝင်ပြော၏။ “ဒီကမ္ဘာပေါ်မှာ လောကသခင်ခန္ဓာ အမှန်တကယ် ရှိနေတာပဲ... လူသားဧကရာဇ်ချင် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့လို့သာ ဒီနေရာအထိ ရောက်လာတယ်ထင်ခဲ့တာ... ဒဏ္ဍာရီထဲက လောကသခင်ခန္ဓာ ဖြစ်နေမယ် မထင်ထားခဲ့ဘူး... ဒီချီစွမ်းအင်က ကြမ်းလွန်းအားကြီးတယ်...”

ကျန်လူသားဧကရာဇ်များလည်း ခေါင်းညိတ်ကြသည်။

ချင်မူသာ လောကသခင်ခန္ဓာ မဟုတ်လျှင် သူတို့ မြင်နေရသော မြင်ကွင်းအား ရှင်းပြရန် ခက်လိမ့်မည်။

သူတို့အားလုံး ပထမဘိုးဘေးကြီးကို ဝိုင်းတိုက်ခဲ့တုန်းက မရှုမလှ ရှုံးနိမ့်ခဲ့ကြရ၏။ ပထမဘိုးဘေးကြီးက အဆင့်တူတွင် သူတို့ကို အလဲသိပ်ခဲ့သည်။ ယခုတွင် ချင်မူက အဆင့်တူဖြင် ပထမဘိုးဘေးကြီးအား ဖိအားပေးပြီး ရိုက်နှက်နေလေသည်။

လောကသခင်ခန္ဓာသာ ထိုကဲ့သို့ ကြောက်စရာကောင်းသည့်အရာမျိုး လုပ်နိုင်မည်မဟုတ်လား။

“စုမူကျဲ အဲဒီခွေးကောင်လေး ရိုက်ခံရတာ နည်းတောင်နည်းသေးတယ်” လူသားဧကရာဇ်ချီကန်း သက်ပြင်းချလိုက်သည်။

ကျန်လူသးဧကရာဇ်များလည်း ထိုနည်းတူ ခံစားရ၏။

“ပထမဘိုးဘေးကြီးမှာ ထုတ်မသုံးရသေးတဲ့ အသေသတ်တိုက်ကွက်တစ်ကွက် ကျန်သေးတယ်”

ဒုတိယဘိုးဘေးကြီးက ရုတ်တရက် ပြောသည်။ “သူ တစ်ခါ ထုတ်ဖော်ခဲ့တာ ငါ မြင်ခဲ့ဖူးတယ်.... သိပ်ကြောက်စရာကောင်းတဲ့ မုဒြာသိုင်းကွက်သုံးကွက်ပဲ”

စတုတ္ထဘိုးဘေးကြီးက အလျင်အမြန် ပြော၏။ “ဘယ်လောက် ကြောက်စရာကောင်းလဲ”

“ကောင်းကင်ဘုံကို မှောက်ခုံလှန်ပစ်နိုင်တဲ့ မိုးပြိုမြေပြိုလက်ကွက်သုံးကွက်”

ဒုတိယဘိုးဘေးကြီးက ချင်မူနှင့် ပထမဘိုးဘေးကြီး၏ တိုက်ပွဲကို ကြည့်နေသည်။ ပထမဘိုးဘေးကြီး၏ကိုယ်ပေါ်တွင် ချင်မူ့ကြောင့် ရထားသည့် ဓားဒဏ်ရာများ ရှိနေသည်ကို သူ မြင်လိုက်ရ၏။ ချင်မူအနေဖြင့် သူ့အား ဤအတိုင်းအတာအထိ ဒဏ်ရာရအောင် လုပ်နိုင်ရုံနှင့်တင် ဂုဏ်ယူသင့်ချေပြီ။

“အဲဒီလက်ကွက်သုံးကွက်က လမ်းစဉ်အဆင့် ရောက်သွားပြီးသား ကောင်းကင်နတ်သိုင်းပဲ... ငါ တစ်ခါ လေ့လာဖို့ လုပ်ခဲ့ပေမယ့် အဲဒီမုဒြာလက်ကွက်တွေမှာ ကိုယ့်ကိုယ်ကို ပျက်စီးစေတဲ့ အတွေးတွေပါတယ်.... အဲဒါကြောင့် လက်ကွက်သုံးကွက်လုံး ထုတ်ဖော်ပြီးသွားရင် ငါ သေရမှာကြောက်လို့ ဆက်မလေ့လာခဲ့မိဘူး”

ဒုတိယဘိုးဘေးကြီးက ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းချကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “သူ မသုံးပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်....”

ဤအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေပြင် ပြောင်းလဲသွားသည်။ အက်ကွဲကြောင်းကြီး ပွင့်လာပြီး ကောင်းကင်ကြယ်များ မိုးသဖွယ် ရွာကျလာ၏။ ကောင်းကင်မှာ မီးမြှိုက်ခံနေရသကဲ့သို့ နီရဲတောက်လာသည့်အပြင် မြေပြင်ထက်၌ မီးတောက်များ ပေါ်ထွက်လာသည်။ ကပ်ဘေးအားလုံး ဝင်ရောက်လာချေပြီ။

နောက်ဆုံးတွင် ပထမလူသားဧကရာဇ်သည် တောင့်မခံနိုင်တော့၍ ကောင်းကင်ဘုံကို မှောက်ခုံလှန်သည့် မိုးပြိုမြေပြိုလက်ကွက်သုံးကွက်မှ ပထမလက်ကွက်အား ထုတ်ဖော်လိုက်ပြီဖြစ်၏။

ဤအခိုက်အတန့်တွင် ချင်မူက မျက်ခုံးနှစ်ဖက်ကြားသို့ လက်ညှိုးဖြင့် ထိုးစိုက်လိုက်သည်။ သူ၏တတိယမျက်လုံးဆီမှ ဓားအလင်းတန်းတစ်တန်း ထွက်လာ၏။ ဓားရောင်သည် ဆယ်မိုင်အထိ လင်းလက်ဖြာထွက်သွားပြီး လက်ကွက်၏ စွမ်းအား ပေါ်ထွက်မလာခင်ပင် ပထမလူသားဧကရာဇ်အား ထိုးချိတ်သွားသည်။ ပထမလူသားဧကရာဇ်မှာ ဓားနှင့်အတူ ဆယ်မိုင်အကွာသို့ ပါသွားပြီး တောင်ကြီးတစ်လုံးထဲ ထိုးစိုက်သွား၏။

“ယားးးးးးးးးးးးးးး”

ချင်မူက ဒေါသတကြီး အော်ဟစ်ပြီး လက်သီးနှစ်ဖက်လုံးကို အားကုန်လွှဲ၍ ပထမလူသားဧကရာဇ်ဆီသို့ လေမုန်တိုင်းကြီးပမာ ပြေးဝင်သွားသည်။ ထိုတခဏအတွင်း သူ လက်သီးချက်မည်မျှ ထုတ်လွှတ်ခဲ့မှန်း မသိနိုင်ပေ။

လက်သီးချက်များ၏ ကြောက်မက်ဖွယ်ရာ အားလှိုင်းတို့သည် အတူတကွ စုဝေးလာပြီး အဖျက်အားလှိုင်းအသွင် ဖွဲ့၍ တောင်၌ ထိုးချိတ်နေသော ပထမလူသားဧကရာဇ်ဆီသို့ ထိုးချလိုက်သည်။

“တော်တော့”

လူသားဧကရာဇ်ချီကန်းနှင့် ကျန်ရှိသူများ အလန့်တကြား ထခုန်ပြီး အော်လိုက်ကြသည်။ အားလုံး ချင်မူ၏ လက်သီးအားလှိုင်းနောက် လိုက်သွားသော်လည်း နောက်ကျသွားချေပြီ။

အုန်း

တောင်မှာ ကြောက်မက်ဖွယ်ရာအားလှိုင်းကြောင့် စိစိညက်ညက် ကြေမွသွားသော်လည်း အားလှိုင်းက ပထမလူသားဧကရာဇ်အပေါ် မကျရောက်ဘဲ ဘေးသို့ ကျရောက်သွား၏။ တောင်တစ်တောင်လုံးမှာ ပထမလူသားဧကရာဇ်အား ထိုးချိတ်ထားသော ကျောက်တိုင်ကြီးသဖွယ်သာ ကျန်ခဲ့တော့သည်။

ချင်မူက ချာခနဲ လှည့်၍ လူသားဧကရာဇ်ခန်းမအပြင် ထွက်သွားသည်။ ကျောက်တိုင်ပေါ်ရှိ ပထမလူသားဧကရာဇ်အား မော့ပင်မကြည့်ဘဲ တည်ငြိမ်စွာ ပြောလိုက်၏။ “ခင်ဗျားကတော့ အရင်လူသားဧကရာဇ်တွေကို စော်ကားနိုင်တယ်... ဒါပေမဲ့ ကျုပ်က ခင်ဗျားမဟုတ်လို့ ခင်ဗျားကို မစော်ကားတော့ဘူး”

ပထမလူသားဧကရာဇ်သည် ရင်ဘတ်ရှိ ဓားဒဏ်ရာကို ဆုပ်၍ အော်လိုက်၏။ “မသွားနဲ့ဦး ငါ့ရဲ့လက်ကွက်သုံးကွက် သင်ပေးမယ်”

ချင်မူက လူသားဧကရာဇ်ခန်းမအရှေ့သို့ ထွက်သွားသည်။ ဓားစက်လုံးနှင့် ထောင်ကျယ်အိတ်များကို ကောက်ပြီးနော် ခန္ဓာကိုယ်အား အနည်းငယ် လှည့်ကာ ဟက်ခနဲ ရယ်လိုက်၏။ “စိတ်မဝင်စားဘူး.. ကျုပ် အချိန်ပေးဖို့လည်း မတန်ဘူး”

ပထမလူသားဧကရာဇ် ငေးငိုင်လျက် ကျန်ခဲ့သည်။

ချင်မူက ခြေလှမ်းကြဲကြဲများဖြင့် လူသားဧကရာဇ်ခန်းမ၏ တံခါးဝဆီ လျှောက်သွားပြီး တံခါးပိတ်သွားသည့်အခါ သူ့ပုံရိပ်ပျောက်ကွယ်သွားလေသည်။

၎

င

၎

၎

All Chapters