← Chapters

ဖန်ဆင်းကောင်းကင်စက်ကွင်း

Vol. 47 Ch. 636

ဖန်ဆင်းကောင်းကင်စက်ကွင်း

Vol. 47 Ch. 636

ချင်မူမှာ အံ့အားသင့်သွားပြီး ခေါင်းသုံးလုံး၊ ဆူးတောင်ခြောက်ခု ငါးကြီးတစ်ကောင်အား ငေးကြည့်နေမိသည်။ သူ အော်ဟစ်လိုက်မိ၏။ “ဒါဆို ဒီငါးကြီးတွေက ချိမင်ခေတ်ရဲ့ နတ်ဘုရားတွေလို့ ဆိုလိုတာလား”

“ငါးတွေတင် မဟုတ်ဘူး... တခြား ပင်လယ်သတ္တဝါတွေရော ပါတယ်”

ပထမလူသားဧကရာဇ်သည် ကူးခတ်သွားလာနေသော ဧရာမပင်လယ်သတ္တဝါကြီးများအား ကြည့်နေ၏။ ထိုသတ္တဝါကြီးများတွင်လည်း ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ရှိ၏။ သူတို့က လက်များအကြားရှိ ဖားလက်များလို အရေပြားတို့ဖြင့် ရေကို တွန်းထုတ်၍ တောင်ပံခတ်နေသကဲ့သို့ လှုပ်ခတ်ကာ ကျွမ်းကျင်သွက်လက်စွာ ကူးခတ်နေကြလေသည်။

ဤပင်လယ်သားရဲများအပြင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ပင်လယ်ရေသူမိစ္ဆာများလည်း ရှိသည်။ ရေသူတို့တွင် ယောက်ျားခေါင်းများ၊ မိန်းမခေါင်းများ ရှိကြပြီး လက်များစွာလည်း ပိုင်ဆိုင်ထား၏။ အမြီးကတော့ အဆုံးတွင် ပြားကပ်သွားသည်။ လောလောဆယ်၌ အားလုံး မြို့ပျက်ဆီသို့ ကူးခတ်သွားလာနေကြ၏။

သန္တာကျောက်တန်းများ၊ ရေမှော်ပင်များကဲ့သို့ အပင်တချို့ လမ်းလျှောက်နေသည်ကိုပင် မြင်ရသည်။ အပင်တို့တွင် အပင်ထိပ်ဖျားသုံးခု ရှိပြီး အကိုင်းအခက်များကတော့ ခြောက်ခုကွက်တိပင်။

ငါးဖန်ခွက်များနှင့် ပင်လယ်မှိုကောင်များလို ဆန်းကြယ်သားရဲများလည်း တွေ့ရသည်။ သူတို့တွင်လည်း ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိပြီး ငါးဖန်ခွက်တချို့တွင် မျက်နှာများပင် ပေါက်နေသည်။

သူတို့၏လက်တံများက လွင့်မျောနေပြီး ခေါ်သံကို ကြားနေရသည့်အလား မြို့ပျက်ဆီသို့ သွားနေကြသည်။

“သူတို့မှာ အသိဉာဏ်မရှိတော့ဘူးလား” ချင်မူ တုန်လှုပ်နေသော အသံဖြင့် မေးလိုက်မိသည်။

ဤဆန်းကြယ်ပင်လယ်သားရဲများသည် သူတို့ကို လျစ်လျူရှု၍ သာယာပျော့ပျောင်းသော ခပ်သဲ့သဲ့အော်သံများ ထုတ်လွှတ်ရင်း အပျက်အစီးများဆီသို့သာ သွားနေကြသည်။ သူတို့၏အော်သံများမှာ တစ်ချက်တစ်ချက် ပြတ်တောင်းပြတ်တောင်း ရှိတတ်ပြီး လွမ်းဆွတ်‌ကြေကွဲဖွယ်ရာ ကောင်း၏။

သူတို့က ချင်မူနှင့် ပထမလူသားဧကရာဇ်ကို ကျူးကျော်သူများအဖြစ် မဆက်ဆံချေရာ အသိစိတ်များ နိုးထမလာသေးကြောင်း ထင်ရှားသည်။ နားကန်းတစ်လုံးမျှ မသိပါဘဲ အသံလာရာဆီသို့သာ အလိုလို သွားနေမိကြခြင်း ဖြစ်ချေသည်။

“အင်း အသိဉာဏ်မရှိဘူး”

ပထမလူသားဧကရာဇ်က သူ့ကို ငါးကြီးတစ်ကောင်အရှေ့သို့ ခေါ်သွားသည်။ ငါးကြီး၏မျက်လုံးများက လူသားနှစ်ယောက်ကို ကြည့်လိုက်သော်လည်း မကြာမီ စိတ်ဝင်မစားတော့ဘဲ အဝေးသို့ ဆက်လက်ကူးခတ်သွား၏။

“အဲဒီလိုလုပ်မှ ကောင်းကင်နတ်ဘုံရဲ့ လက်က လွတ်မှာမလို့ပဲ”

ပထမလူသားဧကရာဇ်မှာ သက်ပြင်းချရင်း ပြောလေသည်။ “သူတို့လည်း ခိုင်ဧကရာဇ်ခေတ်လိုပဲ ရိုက်ချက်တစ်ချက်ကြောင့် ပြန်မတိုက်ခိုက်နိုင်လောက်အောင် အပြတ်အသတ် ရှုံးနိမ့်သွားတာ ဖြစ်မယ်... ဒါကြောင့် သူတို့ကိုယ်သူတို့  ပင်လယ်သတ္တဝါတွေအသွင် ပြောင်းပြီး အန္တရာယ်မရှိတော့တဲ့အကြောင်း ကောင်းကင်နတ်ဘုံဆီ သက်သေပြကြတာပဲ... အဲဒီလိုလုပ်မှ အသက်ရှင်နိုင်မယ်လေ”

ချိမင်ခေတ်၏ နတ်ဘုရားများ သူတို့၏ရုပ်ခန္ဓာများအား အသွင်ပြောင်းခဲ့သည့်အချိန်တွင် မူလဝိညာဉ်များလည်း ပိတ်မိသွားခဲ့သည်။

နတ်ဘုရားစွမ်းအားနှင့် ကောင်းကင်နတ်သိုင်း မရှိသော ပင်လယ်သတ္တဝါများအသွင် ပြောင်းလိုက်ကြ၍ ကောင်းကင်နတ်ဘုံအတွက် သူတို့ကား အန္တရာယ်မရှိတော့ပေ။ ထို့ကြောင့် အသက်ရှင်ခဲ့ကြသည်။

ထိုအချိန်တွင် ချိမင်ခေတ်၏ နတ်ဘုရားနောက်တစ်သုတ်က အခြေချနိုင်မည့်နေရာ ရှာဖွေရန် ထွက်သွားခဲ့ကြ၏။

“သူတို့ကို ခေါ်နေတဲ့ လူက ချိရှီပဲ... သူ ဒီကို ရောက်နေပြီ.... သူ့မှာ ချိမင်ခေတ်ရဲ့ သားရဲတွေကို မူလခန္ဓာ ပြန်ပြောင်းပေးပြီး အသိစိတ် ပြန်နိုးပေးမယ့် နည်းလမ်းများ ရှိနေတာလား”

ချင်မူ အတန်ကြာ စဉ်းစားပြီးသော် ဆက်ပြောသည်။ “သူ ဘိုးဘေးမြေဆီ ပြန်ရမယ် ပြောနေတာ ဒါကြောင့်ကိုး... ဒီသားရဲအားလုံးသာ နတ်ဘုရားတွေဆိုရင် နတ်ဘုရားချိရှီက နတ်ဘုရားစစ်တပ်ကြီးကို ဦးစီးနိုင်သွားတော့မှာ... အဲဒီတိုင်းဆို ထာဝရငြိမ်းချမ်းရေးအင်ပါယာ....”

ထိုအတွေးကြောင့် သူ အတိုင်းထက်အလွန် တုန်လှုပ်သွားသည်။

ဆန်းကြယ်သားရဲများစွာ စုဝေးသထက် စုဝေးလာသည်။ သားရဲအမျိုးအစားက မျိုးစုံသည်။ ဤသားရဲအားလုံး ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် နတ်ဘုရားများအဖြစ် ပြောင်းလဲသွားပါက သူတို့ ကုန်းပေါ်ရောက်သည်နှင့် သိမ်းပိုက်မည့် ပထမဆုံးနေရာမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဖြစ်လိမ့်မည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင်လည်း နတ်ဘုရားအတော်များများ ရှိသည်။ သို့သော် အချိန်သိပ်မကြာသေးသောကြောင့် နတ်ဘုရားအရေအတွက်သာ နှစ်ဆယ်မကျော်ပေ။ ယခုတွင် နတ်ဘုရားအများစုသည် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၌ ကောင်းကင်နတ်ဆိုးများနှင့် တိုက်ခိုက်နေရ၏။ ချိမင်ခေတ်၏ နတ်ဘုရားများသာ အမှန်တကယ် ကုန်းပေါ် ရောက်ပါက ဧကရာဇ်ယန်ဖုန်း ရင်ဘတ်စည်တီး ငိုပွဲဆင်လိမ့်မည်။

ရုတ်တရက် မြို့ပျက်၏အလယ်ဗဟိုမှ အလင်းတန်းများ ဖြာထွက်လာသည်။

ထွမ်...

အလင်းလုံးကြီးက ပြန့်ကားလာပြီး အလင်းတန်းများသည် ပင်လယ်ရေများကို သယ်ဆောင်ရင်း ချင်မူနှင့် ပထမလူသားဧကရာဇ်အား ဝင်တိုက်၏။ အလင်းတန်းများ သူ့ကိုယ်ထဲ ထိုးဖောက်ဝင်လာသည်ကို ချင်မူ စပ်ဖျဉ်းဖျဉ်း ခံစားလိုက်ရသည်။ ထိုးဖောက်ဝင်ရောက်မှုက သိပ်မပြင်းထန်သော်လည်း သူ၏ရုပ်ခန္ဓာထဲရှိ အသေးငယ်ဆုံး အက်တမ်လေးများမှအစ မရပ်မနား တုန်ရီနေစေသည်။ တုန်ခါမှုကြောင့် သူ၏ရုပ်ခန္ဓာနှင့် မူလဝိညာဉ်မှာ အနည်းငယ် ထုံကျင်လာတော့သည်။

ဝှမ် ဝှမ် ဝှမ်

အလင်းစက်ကွင်းများက မြို့၏အလယ်မှ ဖြာထွက်လာကာ သူတို့၏ခန္ဓာကိုယ်များအား ထပ်တလဲလဲ ဖြတ်တိုက်သွားသည်။ အလင်းစက်ကွင်းတို့သည် ပင်လယ်ရေများကို တွန်းထုတ်နေသဖြင့် ပင်လယ်ပြင်မှာ တဝုန်းဝုန်း ရိုက်ခတ်နေ၏။ အလင်းလုံးကြီးက အကာအကွယ်တစ်ခုသဖွယ် ဖွဲ့တည်နေပြီး မြို့ပျက်ထဲ၌ ရေတစ်စက်မှ မရှိတော့ပေ။ မြေပြင်ပင်လျှင် ခြောက်ကပ်နေသည်။

ဘုန်း ဘုန်း ဘုန်း

ကူးခတ်သွားလာနေသော သားရဲကြီးများ မြို့ပျက်ထဲသို့ ပြုတ်ကျကုန်သည်။ တချို့က နန်းဆောင်အပေါ် ကျသွားပြီး တချို့က လမ်းများအပေါ်သို့ ဝင်တိုက်သွားကြ၏။ အခြေအနေမှာ အတန်ကြာ ဖရိုဖရဲ ဖြစ်နေသည်။

အလင်းလုံးကြီးအတွင်း၌ လေလည်း မရှိပုံရသည်။ သားရဲကြီးများမှာ ပါးစပ်ဟစိဟစိဖြင့် ရေကို စုပ်သွင်းရန် ကြိုးစားကြသော်လည်း ရေလည်း တစ်စက်မှ ရှိမနေ။ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ငါးကြီးများက အမြီးများ၊ ဆူးတောင်များ လှုပ်ခတ်ရင်း ယက်ကန်ယက်ကန် ခုန်နေကြသည်။ အပင်များကလည်း အမြစ်များ ဆွဲထုတ်ကာ ထွက်ပြေးရန် ကြိုးစားကြသည်။ သို့သော် ပင်လယ်သားရဲများက ပိုမြန်လေသည်။

ဤအခိုက်အတန့်တွင် မြေကြီးထဲမှ အလင်းတိုင်လုံးကြီးတစ်လုံး ထွက်လာကာ ကောင်းကင်ယံသို့ ထိုးတက်သွား၏။ ၎င်းက ပင်လယ်ပြင်ကို ထိုးခွဲကာ အပေါက်ဖွင့်လိုက်သည်။ ထို့နောက် လေများ ဤရေအောက်နတ်ဘုရားမြို့ထဲသို့ ဝေါခနဲ ဝင်လာသည်။

သားရဲကြီးများ တမုဟုတ်ချင်း အသက်ရှူနိုင်သွားကြသည်။ သို့သော် ငါးကြီးများမှာ မရှူနိုင်သေးသဖြင့် အပြင်သို့ ယက်ကန်ယက်ကန် သွားနေကြ၏။

ရုတ်တရက် အလင်းတိုင်ကြီး ထိုးထွက်လာသော မြေပြင်မှာ ဝုန်းခနဲ ပေါက်ကွဲသွားသည်။ ဧရာမစက်ဝိုင်းသဏ္ဍာန်ကွင်းကြီးတစ်ကွင်း ဖြည်းဖြည်းချင်း မြောက်တက်လာသည်။ ၎င်းနောက်မှ တဂျောင်းဂျောင်း မြည်သံများနှင့်အတူ ဒုတိယကွင်းကြီးတစ်ကွင်း ပေါ်လာ၏။ တတိယမြောက်ကွင်း၊ စတုတ္ထမြောက်ကွင်းတို့ လိုက်ပါလာသည်....

အတိုင်းထက်အလွန် အနုစိတ်သော သင်္ကေတအမှတ်အသားများက စက်ဝိုင်းသဏ္ဍာန်ကွင်းများအပေါ်၌ ပေါ်လာပြီး နတ်ဘုရားချိရှီက လက်ခြောက်ဖက်ကို ဖြန့်ကားလျက် အလယ်တွင် ရပ်နေသည်။

စက်ဝိုင်းသဏ္ဍာန်ကွင်းများသည် စတင်လည်ပတ်လာပြီး သင်္ကေတအမှတ်အသားများက နတ်ဘုရားချိရှီကို ဗဟိုပြုလျက် တမုဟုတ်ချင်း လင်းထိန်လာ၏။

တောက်ပသော သင်္ကေတအမှတ်အသားများက အရပ်လေးမျက်နှာသို့ ဖြာထွက်ထွက်လာကာ ပင်လယ်သားရဲများအပေါ် ကျသွားသည်ကို ချင်မူ မြင်လိုက်ရသည်။ သူတို့အပေါ်တွင်လည်း သင်္ကေတအမှတ်အသားများ ပေါ်လာ၏။ ၎င်းတို့က သော့ဂလောက်များသဖွယ် တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားပြီး အတားအဆီးအစီအရင်တစ်ခု ဖွဲ့တည်နေသည်။ စက်ဝိုင်းသဏ္ဍာန်ကွင်းများ၏ သင်္ကေတအမှတ်အသားများ အတားအဆီးအစီအရင်အပေါ် ဖြာကျသွားသည့်အခါ သော့ဂလောက်များ တဂျောက်ဂျောက် ပွင့်လာ၏။

“မကောင်းတော့ဘူး... သူက ချိမင်ခေတ်ရဲ့ နတ်ဘုရားတွေကို လွှတ်ပေးပြီး အသွင်ပြန်ပြောင်းပေးတော့မယ်”

ချင်မူ တမုဟုတ်ချင်း ဆုံးဖြတ်ချက်ချပြီး ထောင်ကျယ်အိတ်အား ပုတ်လိုက်ရာ ကြေးမုံများ ပျံထွက်လာ၏။ ဤကြေးမုံများက သူ့ကိုယ်သူ ကြည့်လေ့ရှိသော မှန်များ ဖြစ်သည်။ သူ့တွင် သိပ်များများစားစား မရှိပေ။ လေး၊ ငါး ၊ ခြောက်ချပ်ခန့်သာ ရှိ၏။

ထို့နောက် ချင်မူက ဓားစက်လုံးကို ထုတ်လိုက်ကာ ဓားအလက်ရှစ်ထောင်ဖြင့် ကြေးမုံကြီးတစ်ချပ် ဖွဲ့တည်လိုက်သည်။ ကြေးမုံများက တလက်လက် တောက်ပနေသည်။

ပထမလူသားဧကရာဇ် သူ့ကို ကမန်းကတန်း တား၍ မေးလိုက်မိသည်။ “မင်း ဘာတွေ လုပ်နေတာလဲ”

“သူ့အစီအရင်ကို ချိုးဖျက်မလို့”

ချင်မူ အလျင်အမြန် ရှင်းပြလိုက်သည်။ “နတ်ဘုရားချိရှီက ကွင်းပေါ်မှာရှိတဲ့ သင်္ကေတအမှတ်အသားတွေနဲ့ အလင်းရောင် ဖြန့်ကျက်ပြီး သားရဲကြီးတွေကို ပြောင်းလဲပေးဖို့ ပြင်နေတာ... ဒါကြောင့် ကြေးမုံနဲ့ သင်္ကေတအမှတ်အသားတွေကို ပြောင်းပြန်လှန်လိုက်ဖို့ပဲ လိုတယ်.. ဒီအတိုင်းဆို နတ်ဘုရားတွေ ပြန်ပြောင်းမသွားတော့ဘူး”

ပထမလူသားဧကရာဇ် မျက်လုံးများ ပြူးကျယ်သွားပြီး သူ့အား စိုက်ကြည့်လိုက်မိသည်။ တခဏကြာသော် သူက ချီးကျူးလိုက်၏။ “နတ်ဘုရားချိရှီရဲ့ ကောင်းကင်လက်နက်က ဖန်ဆင်းခြင်းလက်နက်ပဲ... အဲဒီအပေါ်က သင်္ကေတအမှတ်အသားတွေက ရှုပ်ထွေးလွန်းတယ်... ငါတောင် ဖြေရှင်းဖို့ အချိန်အများကြီး လိုမှာ... ဒီလိုရိုးရိုးရှင်းရှင်း နည်းလမ်းမျိုး မင်း တွေးမိမယ် မထင်ထားဘူး... မင်းက လောကသခင်ခန္ဓာတင်မဟုတ်ဘူး.... လောကသခင်ဦးနှောက်ပဲ.... ဒါပေမဲ့ ဒီလောက် ဒုက္ခခံစရာမလိုပါဘူး... သူ့ကို လွှတ်ထားလိုက်”

ချင်မူ ခေါင်းယမ်းလိုက်မိသည်။ သူ့မှာ အတိုင်းထက်အလွန် စိတ်ပူနေ၏။ “မဖြစ်ဘူး... ချိမင်ခေတ်ရဲ့ နတ်ဘုရားတွေက စစ်ရေးအတွေ့အကြုံများတယ်... နတ်ဘုရားချိရှီရဲ့ အကျင့်အရဆို သူ့ပန်းတိုင်ရောက်ဖို့ ဘာမဆို လုပ်မှာ... ချိမင်နတ်ဘုရားတွေသာ နိုးထလာရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် ကပ်ဘေးကြီး ဖြစ်လိမ့်မယ်... ရန်သူချင်း တူတိုင်း မိတ်ဆွေဖြစ်နိုင်တာ မဟုတ်ဘူး... သူ ကျွန်တော်တို့နဲ့ ဘယ်တော့မှ ပူးပေါင်းမှာမဟုတ်ဘူး၊ ဒါကြောင့်....”

“မလိုဘူး... မင်းက မျိုးနွယ်စုတွေရဲ့ ရှုထောင့်ကနေ ကြည့်နေတယ်.... ငါက လမ်းစဉ်၊ ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေရဲ့ ရှုထောင့်ကနေ ကြည့်နေတာပဲ”

ပထမလူသားဧကရာဇ်၏မျက်နှာတွင် သနားကရုဏာသက်နေသော အရိပ်အယောင် ပေါ်လာသည်။ သူက ခေါင်းယမ်းလိုက်၏။ “နှစ်ပေါင်း ၃၅၀၀၀.... ချိမင်ခေတ် နတ်ဘုရားတွေရဲ့ ခန္ဓာကိုယ်ထဲက မူလဝိညာဉ်တွေက အရင်တုန်းကလို မဟုတ်တော့ဘူး... အဲဒါအပြင် ဝိညာဉ်တွေကလည်း အရင်တုန်းက ဝိညာဉ်တွေ မဟုတ်တော့ဘူး”

ချင်မူ မှင်သက်သွားပြီး ကြေးမုံများအား သူ၏ထောင်ကျယ်အိတ် ပြန်ထည့်လိုက်သည်။ သို့သော် ဓားစက်လုံးမှ ဖွဲ့တည်နေသော ကြေးမုံကိုတော့ ချန်ထား၏။ “ခင်ဗျားဆိုလိုတာက ဒီပင်လယ်သားရဲတွေနဲ့ ငါးတွေရဲ့ ဝိညာဉ်တွေ ဘယ်တော့မှ ပြန်မပြောင်းလဲနိုင်တော့ဘူးပေါ့”

ပထမလူသားဧကရာဇ်က ခေါင်းညိတ်ပြသည်။ “အချိန်တွေ ကြာသွားပြီ.... သူတို့မူလဝိညာဉ်တွေက လွင့်ပျယ်စပြုနေခဲ့ပြီ... ချိမင်ခေတ်က ဝိညာဉ်နဲ့ မူလဝိညာဉ်နယ်ပယ်မှာ မထူးချွန်ခဲ့ဘူး၊ ခိုင်ဧကရာဇ်ခေတ်ထက် နိမ့်ကျခဲ့တယ်... သူတို့က ဖန်ဆင်းကောင်းကင်နတ်သိုင်းကို သုံးပြီး ရုပ်ခန္ဓာနဲ့ ကောင်းကင်နတ်သိုင်းတွေကို ပြောင်းလဲခဲ့တာ... အချိန်မှီ ပြန်ပြောင်းနိုင်ခဲ့ရင် ပြန်နိုးထနိုင်သေးတယ်.... ဒါပေမဲ့ နှစ်ပေါင်း ၃၅၀၀၀ တောင် ကြာခဲ့ပြီလေ... သူတို့ဝိညာဉ်တွေနဲ့ မူလဝိညာဉ်တွေ ဒီပုံစံတွေနဲ့ ပိတ်မိသွားတာ ကြာလွန်းပြီ... မူလဝိညာဉ်နဲ့ ဝိညာဉ်နှစ်ခုလုံး နိုးထလာနိုင်တဲ့လူ သိပ်မရှိနိုင်တော့ဘူး... တကယ်တော့ ဒီလို လုပ်ဖို့ အကြံပေးခဲ့တဲ့လူမှာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိခဲ့လောက်တယ်”

ချင်မူမှာ ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပြီး မယုံနိုင်စွာ မေးလိုက်သည်။ “အဲဒီလူက ချိမင်ခေတ်ရဲ့ နတ်ဘုရားတွေ ပင်လယ်သားရဲတွေ ဖြစ်သွားပြီး ဘယ်တော့မှ ပြန်မပြောင်းလဲနိုင်အောင် တမင် အကြံပေးခဲ့တယ်လို့ ပြောချင်တာလား”

ပထမလူသားဧကရာဇ် ခေါင်းညိတ်ပြသည်။ “အဲဒီလူက ကောင်းကင်နတ်ဘုံရဲ့ ဘက်တော်သား ဖြစ်လောက်တယ်... အဲဒါကြောင့် ချိမင်ခေတ်ရဲ့ နတ်ဘုရားတွေကို ထောင်ချောက်ဆင်ခဲ့တာပဲ”

ချင်မူ အနည်းငယ် တုန်ရီသွားမိ၏။ “ရွာလူကြီးနဲ့ ဘိုးဘိုးမျက်ကန်းက ကျွန်တော်က ရိုးသားဖြူစင်လွန်းတယ်၊ ဉာဏ်များသင့်သလောက် ဉာဏ်မများသေးဘူး ပြောတာ မထူးဆန်းဘူး... ကျွန်တော်က တကယ် ရိုးသားလွန်းတာပဲ”

စက်ကွင်းများက တဟူးဟူး လည်နေပြီး သင်္ကေတအမှတ်အသားများ လျင်မြန်စွာ တောက်ပလာသည်။ ပင်လယ်သားရဲများ၏ ခန္ဓာကိုယ်ပေါ်တွင် အတားအဆီးအစီအရင်များစွာ ပေါ်လာပြီး အစီအရင်များ ဆက်တိုက် ကျိုးပျက်နေ၏။ သူတို့၏ခန္ဓာကိုယ်များလည်း စတင် ပြောင်းလဲလာကြသည်။

စက်ကွင်းများ တဖြည်းဖြည်း ရပ်တန့်သွားသည့်အခါ ဤရေအောက်မြို့ထဲတွင် အဝတ်ဗလာဖြင့် နတ်ဘုရားများ လဲနေကြသည်။ ဤခေါင်းသုံးလက်ခြောက်ဖက် နတ်ဘုရားများတွင် ချိမင်ခေတ်၏ ဆေးမင်ကြောင်များ ထိုးထား၏။

သူတို့၏ရုပ်ခန္ဓာကိုယ်များက မယှဉ်သာလောက်အောင် သန်မာကြသည်... တိုက်ပွဲဝင်ရန် အကြံ့ခိုင်ဆုံး ရုပ်ခန္ဓာများ ဖြစ်ကြ၏။

သို့သော် ဤနတ်ဘုရားများမှာ မြေကြီးပေါ်တွင်သာ လဲနေကြပြီး ငါးများ၊ ပင်လယ်သားရဲများအလား ယက်ကန်ယက်ကန် လှုပ်နေကြသည်။ တချို့က ပင်လယ်ရေမှော်ပင်များသဖွယ် လက်များဖြန့်လျက် ရပ်နေကြသည်။

ချိမင်ခေတ်၏ နတ်ဘုရားတစ်ပါး ခြေထောက်များအား လှုပ်ခါနေသည်ကို ချင်မူ တွေ့လိုက်ရသည်။ သူသည် ငါးဖန်ခွက်တစ်ကောင်ဖြစ်ခဲ့၍ သူ့တွင် လက်တံများ ရှိနေသေးသည်ဟု ထင်နေခြင်းဖြစ်လိမ့်မည်။

“နိုးထတော့ ငါ့မျိုးနွယ်တွေ နိုးထကြတော့”

နတ်ဘုရားချိရှီ၏အသံ မချိတင်ကဲမှုအပြည့်ဖြင့် နတ်ဘုရားမြို့တစ်လျှောက် ပဲ့တင်ရိုက်ခတ်နေသည်။ သူ၏အသံသုံးသံက ထပ်သွား၏။ “ငါတို့ချိမင်ခေတ် ပြန်လာခဲ့ပြီ... စစ်ပွဲကြီးမပြီးသေးဘူး... ချိမင်ခေတ် နတ်ဘုရားသားတော်က မင်းတို့သတင်းကို စောင့်နေ‌သေးတယ် ထကြတော့”

ပထမလူသားဧကရာဇ်က ပူစီဖောင်းကို ဖယ်ရှားပြီး မြေပြင်ပေါ် ဆင်းသက်လိုက်သည်။ သူက ချိရှီ၏အသံလာရာသို့ လျှောက်သွားကာ ပြောလေသည်။ “သွားကြစို့”

ချင်မူ သူ့အနောက်မှ လိုက်သွားစဉ် နတ်ဘုရားချိရှီ၏အသံ နောက်တစ်ကြိမ် ထွက်လာသည်။ ဤတစ်ကြိမ်တွင် သူ၏အသံတွင် တွေဝေမှု၊ ကြောက်လန့်မှုတို့ ထင်ဟပ်နေ၏။ “မင်းတို့အားလုံး ဘာဖြစ်သွားကြတာလဲ... ဘာလို့တစ်ယောက်မှ မနိုးလာကြတာလဲ.... နိုးကြပါတော့... လွန်ခဲ့တဲ့ နှစ် ၃၅၀၀၀ က ငါတို့ရဲ့ ဂုဏ်ကျက်သရေတွေကို မေ့သွားပြီလား”

သူ့အသံမှာ ပိုမို၍ပျာယာခတ်လာသည်။ ချိမင်ခေတ်၏ နတ်ဘုရားများ အဘယ်ကြောင့် နိုးထမလာသေးမှန်း သူ နားမလည်ပေ။ သူက စက်ကွင်းများကို မရပ်မနား လှည့်ပတ်ရင်း သင်္ကေတအမှတ်အသားများအား အရပ်လေးမျက်နှာသို့ ဖြန့်ကျက်နေသည်။ သို့သော် ဤနတ်ဘုရားများမှာ ထူးခြားမလာ။

များစွာမကြာလိုက်ဘဲ ချင်မူနှင့် ပထမလူသားဧကရာဇ် စက်ကွင်းများ၏ အောက်သို့ ရောက်လာသဖြင့် နတ်ဘုရားချိရှီ သူတို့ကို သတိထားမိသွားသည်။ စက်ကွင်းများ လည်နေခြင်း ရပ်သွားပြီး ဤအာဏာပါးကွပ်သား၏ ခေါင်းသုံးလုံးသည် သူတို့ကို လှမ်းကြည့်၏။ သူ့အကြည့်က အေးစက်နေသည်။

“ဂိုဏ်းသခင်ချင်”

ရုတ်တရက် ရင်းနှီးသောအသံတစ်သံ ထွက်လာ၍ အသံလာရာဆီသို့ ချင်မူ လှမ်းကြည့်လိုက်သည်။ မျှော်စင်တစ်ခုအပေါ်၌ ရပ်လျက် သူ့အား စိတ်လှုပ်ရှားစွာ ကြည့်နေသော ပန်ကုန်းစုန်အား မြင်လိုက်ရ၏။

ချင်မူ အံ့အားသင့်သွားပြီး သူ့ကို လက်ဝှေ့ယမ်းပြလိုက်သည်။ “မှော်ဆရာကြီး၊ မင်းလည်း ဒီရောက်နေတာလား”

ပန်ကုန်းစုန်က တဟားဟား ရယ်လိုက်၏။ သူ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည့်အခါ သူ၏ရုပ်ခန္ဓာတွင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ပေါက်လာသည်။ သူက မျှော်စင်ထက်မှ ပြေးဆင်းလာပြီး သူ၏ခေါင်းသုံးလုံးက အော်ဟစ်နေသည်။ “ငါ မင်းကို ရှာနေတာ ကြာပြီ... နောက်ဆုံးတော့ လက်စားချေနိုင်တော့မယ်... ငါ့ရဲ့ အန္တရဝသိုင်းနတ်ဘုရားကျင့်စဉ်ကို ကြည့်လိုက်”

သူ၏ခြေထောက်များက မျှော်စင်အ‌ပေါ် နင်းပြီး တဖြောင့်တည်း ပြေးဆင်းလာသည်။ သူ၏လက်ခြောက်ဖက်က နိမ့်ချည်မြင့်ချည် ရွေ့လျားနေစဉ် မုဒြာလက်ဟန်များလည်း ခန့်မှန်းမရအောင် ပြောင်းလဲနေ၏။ မိုးခြိမ်းသံများ ဂျိုးဂျိုးဂျိမ့်ဂျိမ့် မြည်လာပြီး လျှပ်စီးတန်းများ တဖျတ်ဖျတ် လက်လာသည်။

အန္တရဝသိုင်းနတ်ဘုရားကျင့်စဉ်၏ မုဒြာလက်သိုင်းသည် အတိုင်းထက်အလွန် ကြောက်စရာကောင်း၏။ ထို့အပြင် သူ့တွင် လက်ခြောက်ဖက် ရှိနေ၍ ဟာကွက်မရှိသလို၊ လှုပ်ရှားမှုအလျင်လည်း မြန်လာသည်။ ဤကျင့်စဉ်သည် တခြားလူတို့၏ ချီနှင့်သွေးကိုလည်း စုပ်ယူကာ ထိပ်ဆုံးအခြေအနေ၌ ထိန်းပေးထားနိုင်၏။

ချင်မူ ခေါင်းမော့ကြည့်လိုက်သည်။ ပန်ကုန်းစုန် သူ့အနားပင် မရောက်ခင် လေပြင်းများက တောင်ကြီးတစ်လုံး ကျရောက်လာသကဲ့သို့ ချင်မူ၏ ပတ်ပတ်လည်အား ဖိချလိုက်သည်။ ကြောက်မက်ဖွယ်ရာ ဖိအားကြောင့် မြေပြင်မှာ နိမ့်ဆင်းသွားရာ ချင်မူ့အပေါ် သက်ရောက်နေသည့် ဖိအား မည်မျှပြင်းထန်ကြောင်း တွေးကြည့်နိုင်၏။

ပန်ကုန်းစုန်က အော်ဟစ်ရယ်မောရင်း ကောင်းကင်မှ ဆင်းလာသည်။ အန္တရဝသိုင်းနတ်ဘုရားကျင့်စဉ်၏ စွမ်းအားအလုံးစုံ ထွက်ပေါ်လာ၏။

ဘုန်း

ပန်ကုန်းစုန်၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး နန်းဆောင်တစ်ခုဆီ လွင့်ထွက်သွားသည်။ သူ့မျက်နှာပေါ်ရှိ အပြုံးများပင် မပျောက်ကွယ်သေးပေ။

“လက် ထပ် သိုင်းကွက်”

ချင်မူ ညာလက်ကို ရှေ့သို့ ပို့ပြီး ဘယ်လက်ဖြင့် နောက်မှ ထပ်လိုက်သည်။ ထို့နောက် ပန်ကုန်းစုန်ဆီသို့ ဦးတည်လျက် တွန်းထုတ်လိုက်သဖြင့် ကောင်းကင်ဘုံကို မှောက်ခုံလှန်မည့် ယင်ယန်လက်များ၏ ထပ်နေသောစွမ်းအား ပေါက်ကွဲထွက်သွား၏။ ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ ကျောက်တုံးကျောက်ခဲများ အရပ်လေးမျက်နှာသို့ လွင့်ထွက်သွားပြီး နံရံကြီး ပြိုကျသွား၏။ ပန်ကုန်းစုန်နှင့် နံရံကြီးမှာ နန်းဆောင်ထဲ ဝင်သွားလေသည်။

ချင်မူက လေကို ဆယ်ကြိမ်ကျော်ခန့် တွန်းထုတ်လိုက်ပြီး နန်းဆောင်အတွင်းမှ ပေါက်ကွဲသံများ တဝုန်းဝုန်း ထွက်ပေါ်လာသည်။

“သူ ပြေးတာ သိပ်မြန်တာပဲ”

ချင်မူ ခေါင်းယမ်းကာ ချီးကျူးလိုက်၏။ “မှော်ဆရာသခင်ဆိုတဲ့အတိုင်း သိုင်းအဆင့်က တိုးတက်လာပြန်ပြီ... အခုဆို သေခြင်းရှင်ခြင်းအဆင့်နဲ့ သိပ်မဝေးတော့ဘူး... ပုံမှန်လိုပဲ မှော်ဆရာကြီး အရိုက်ခံနိုင်သေးတယ်”

နတ်ဘုရားချိရှီ၏အနောက်၌ ပန်ကုန်းစုန် သွေးအလိမ်းလိမ်းဖြင့် ပြန်ပေါ်လာသည်။ သူ၏လက်ခြောက်ဖက်အနက် ငါးဖက်က ကျိုးနေပြီး လည်ပင်းသုံးခုအနက် နှစ်ခုလည်း လိမ်နေသည်။ ခေါင်းနှစ်ခေါင်းမှာ မြေပြင်ပေါ် ပြတ်ကျတော့မည့်အလား ငိုက်စိုက်ကျလျက် လှုပ်ယမ်းနေ၏။

“ခွေးသူတောင်းစားချင် မင်း...” ပန်ကုန်းစုန် သွေးအန်လိုက်ရသည်။

ချင်မူက မည်သို့မျှမဖြစ်ပျက်ခဲ့သည့်အလား လှည့်သွားသည်။ သူက ချိရှီကို နှုတ်ဆက်လိုက်၏။ “‌ဆရာကြီးချိရှီ၊ တွေ့ရပြန်ပြီနော်... ချိမင်ခေတ်က တကယ် အံ့ဩစရာကောင်းတာပဲ... ဒီစက်ကွင်းတွေအပေါ်က သင်္ကေတအမှတ်အသားတွေက ဖန်ဆင်းကောင်းကင်နတ်သိုင်းတွေလား.... ဆရာကြီး ကျွန်တော့်ကို ရှင်းပြပေးလို့ရမလား”

သူ၏မျက်လုံးနှစ်လုံးက ပညာသင်ယူရန် မျှော်လင့်နေသကဲ့သို့ ဝိုင်းစက်နေသည်။

‘ဘာမှမသိတဲ့ သမင်ရုပ်နဲ့ တစ်ရုပ်တည်းပဲ...’ ပထမလူသားဧကရာဇ် နဖူး၌ သွေးကြောများ ထောင်လာပြီး သူ့ဘာသာသူ တွေးလိုက်မိသည်။

၎

င

၎

၎

All Chapters