← Chapters

အထပ်သုံးရာတစ်လျှောက် တိုက်ခိုက်သွားခြင်း

Vol. 47 Ch. 637

အထပ်သုံးရာတစ်လျှောက် တိုက်ခိုက်သွားခြင်း

Vol. 47 Ch. 637

ချိရှီ၏အကြည့် ချင်မူ့ဆီ ရောက်သွားသည့်အခါ သူ၏သူငယ်အိမ်များ ကျုံ့သွားသည်။ ချင်မူ့ကို မြင်သည်နှင့် တန်ခိုးရှင်သစ်ခုတ်သမား သူ့အား လှည့်စားခဲ့သည့်အချိန်ကို ချိရှီ သတိရလိုက်မိသည်။

သူ တန်ခိုးရှင်သစ်ခုတ်သမားကို အလစ်၀င်တိုက်ခဲ့တုန်းက မရှူမလှ ရိုက်နှက်ခံခဲ့ရသည့်အပြင် တန်ခိုးရှင်သစ်ခုတ်သမားက သူ့ကို ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နတ်ဆိုးမြေထဲသို့ ပို့ခဲ့၏။ ထို့ကြောင့်ပင် သူ့မှာ သေရမလိုဖြစ်ခဲ့ရသည်။

အပြေးဆရာသခင် ပန်ကုန်းစုန်နှင့် မတွေ့ခဲ့ရပါက ကောင်းကင်နတ်ဆိုးမျိုးနွယ်၏လက်ထဲတွင် သူ သေနေလောက်နေချေပြီ။

ချိရှီ ချင်မူ့ဆီမှ အကြည့်လွှဲ၍ ပထမလူသားဧကရာဇ်ထံ ကြည့်လိုက်သည်။ မမြင်ရသော ဖိအားတစ်ခုက သူ၏နှလုံးသားအပေါ် သက်ရောက်လာသကဲ့သို့ သူ၏နှလုံးသားသည် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွား၏။

ဤသည်မှာ သူ့အပေါ် ကျရောက်နေသော ပထမလူသားဧကရာဇ်၏အရှိန်အဝါဖြစ်သည်။ ဤလူသည် ကောင်းကင်နှင့်မြေကြီး၏ ပျက်သုဉ်းမှုအား ကြုံတွေ့ခဲ့ရပြီး တစ်ကမ္ဘာလုံးတွင် တစ်‌ယောက်တည်း ဖြစ်ခဲ့ရဟန်တူ၏။ ထိုကဲ့သို့ အထီးကျန်မှုမျိုးနှင့် ၀မ်းနည်းမှုမျိုးက ချိရှီကိုပင် ကူးစက်လာသည်။

“မင်းက ခိုင်ဧကရာဇ်ခေတ်ရဲ့ နတ်ဘုရားလား... ချုံဧကရာဇ်ခေတ်ရဲ့ နတ်ဘုရားလား” ချိရှီ စိတ်အားတင်း၍ မေးလိုက်သည်။

“ခိုင်ဧကရာဇ်”

ပထမလူသားဧကရာဇ်မှာ စပ်စုနေသော ချင်မူ့ကြောင့် ခေါင်းကိုက်လာ၏။ သူက လေသံအေးအေးဖြင့် ဆက်ပြောလိုက်သည်။ “ချိမင်ခေတ်ရဲ့ လမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက အမှန်တကယ် ‌‌လေးစားစရာကောင်းပါတယ်.... ‌ဒါပေမဲ့ အဆွေတော်၊ မင်းအနေနဲ့ ဒီမိတ်ဆွေတွေကို နိုးမရနိုင်တော့ဘူး.... သူတို့ဝိညာဉ်တွေ ပျောက်ကွယ်သွားခဲ့တာ ကြာပြီ.... နိုးလာမှာမဟုတ်တော့ဘူး”

ချိရှီ၏ မျက်လုံးထောင့်စွမ်းများ တွန့်သွားသည်။ သူက သရော်တော်တော်ပြုံး၍ အက်ကွဲကွဲအသံဖြင့် ပြောလိုက်၏။ “ငါ့လူတွေကို အ‌ကောက်ကြံခဲ့တာ မင်းများဖြစ်နေမလား”

ပထမလူသားဧကရာဇ် မျက်မှောင်ကြုတ်သွားသည်။ ချိရှီ၏စကားက သူ့ကို မသက်မသာဖြစ်စေ၏။ ချင်မူကလည်း သူ့ကို မသက်မသာဖြစ်စေသည်။ ချင်မူက စက်ကွင်းများ၏အရှေ့အထိ ရောက်သွားပြီဖြစ်ပြီး ၎င်းတို့အပေါ်ရှိ သင်္ကေတများကို လေ့လာနေ၏။ သူက ဤဖန်ဆင်းကောင်းကင်နတ်သိုင်း၏အတွင်း၌ မြုပ်နှံထားသော သဘောတရားကို ဖော်ထုတ်ရန် ကြိုးစားနေလေသည်။

ချိရှီက သူ့ကို ရန်လိုနေသလို ပထမလူသားဧကရာဇ် ခံစားရပြီး ချင်မူကမူ သူ၏အစွမ်းအစများအပေါ် ယုံကြည်ချက်ရှိလွန်းနေ၏။

ချင်မူက ယုံကြည်ချက်အပြည့်ရှိသော်လည်း ပထမလူသားဧကရာဇ်တွင် သူ့ကဲ့သို့ ခိုင်မာသော ယုံကြည်ချက်မျိုး မရှိပေ။

ဤနေရာသည် ချိမင်ခေတ်၏ နတ်ဘုရားမြို့ဖြစ်၏။ အပြင်အဆင်ကို ကြည့်ခြင်းအားဖြင့် တောင်ပင်လယ်ထဲ နစ်မြုပ်သွားခဲ့သော ချိမင်ကောင်းကင်ဘုံမှ ကောင်းကင်နန်းဆောင်တစ်‌ဆောင် ဖြစ်လောက်သည်။ နတ်ဘုရားချိရှီ ဤနေရာသို့ ဆင်းရဲဒုက္ခခံကာ ပြန်ရောက်လာခြင်းမှာ ဖန်ဆင်းကောင်းကင်စက်ကွင်းများအတွက်သာ မဟုတ်လောက်ပေ။ အားကောင်းပြင်းထန်သော တခြား‌ကောင်းကင်လက်နက်များလည်း ရှိလောက်သေး၏။

ကောင်းကင်နန်းဆောင်ကို စောင့်ရှောက်ပေးသည့် ချိမင်ခေတ်၏ ကောင်းကင်လက်နက်များသည် သေချာပေါက် အစွမ်းကြီးလိမ့်မည်။ နတ်ဘုရားချိရှီ ၎င်းတို့ကို ရခဲ့ပြီလား၊ မရသေးလား မသိနိုင်ပေ။

“အဆွေတော် အထင်လွဲနေပါပြီ”

ပထမလူသားဧကရာဇ်က တည်ငြိမ်စွာ ပြောသည်။ “ကျုပ် ခင်ဗျားရဲ့ မိတ်ဆွေတွေကို မထိခဲ့ပါဘူး... ချိမင်ခေတ်က ရုပ်ခန္ဓာကိုပဲ ကျင့်ကြံခဲ့တာမလို့ ဝိညာဉ်‌၊ ဝိညာဉ်သန္ဓေသားနဲ့ မူလဝိညာဉ်‌တွေမှာ အားနည်းနေခဲ့တာကြောင့်ပါ... ဒီမိတ်ဆွေတွေ အသွင်ပြောင်းထားတာလည်း ကြာပြီဆိုတော့ မူလဝိညာဉ်‌နဲ့ ဝိညာဉ်တွေလည်း ပြောင်းလဲသွားတာပါ”

ချိရှီ၏မျက်လုံးများက ရက်စက်ခက်ထန်လာပြီး သူက ဟက်ခနဲ ရယ်လိုက်သည်။ “မင်းရဲ့ ဖန်ဆင်းကောင်းကင်နတ်သိုင်းတွေက သိပ်အဆင့်မြင့်မားနေတယ်ပေါ့လေ”

ပထမလူသားဧကရာဇ်က ပြောလိုက်သည်။ “ကျုပ်က ပညာရှင်တစ်ယောက်တော့ မဟုတ်ပါဘူး.... ဒါပေမဲ့ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံရဲ့ ပညာရှင်တစ်ယောက်နဲ့ ‌တွေ့ခဲ့ဖူးတယ်.... သူက ရုပ်ခန္ဓာမှာတော့ သိပ်မကျွမ်းကျင်ပေမယ့် ဝိညာဉ်‌သန္ဓေသားတွေနဲ့ မူလဝိညာဉ်တွေပေါ်မှာ တစိုက်မတ်မတ် ‌လေ့လာခဲ့တဲ့သူပါ.... ဒါကြောင့် အဲဒီအပိုင်းမှာ ဗဟုသုတနှံ့စပ်တယ်... ကျုပ် သူ့ဆီက နည်းနည်းပါးပါး သင်ခဲ့ရပါတယ်”

ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားသည်။ ‘တန်ခိုးရှင်သစ်ခုတ်သမားများ ဖြစ်နေမလား... မဟာဉာဏ်အလင်းပွင့်ကောင်းကင်နတ်ဆိုးကျမ်းစာမှာ ဖန်ဆင်းကျမ်းစာခုနစ်ခန်း ရှိတယ်... တန်ခိုးရှင်သစ်ခုတ်သမားက ဖန်ဆင်းပညာမှာ အတော်လေး အဆင့်မြင့်တာပဲ ဖြစ်မယ်’

“ကျုပ်အမြင်အရ သုံး‌ ၊လေး၊ ငါးနှစ်ကြာရင်တော့ ခင်ဗျားရဲ့ မျိုးနွယ်တချို့ နိုးလာလောက်ပါတယ်... ဒါပေမဲ့ အများစုကတော့ နိုးလာနိုင်တော့မှာ မဟုတ်ဘူး”

ပထမလူသားဧကရာဇ်က ရိုးသားစွာ ထပ်ပြောလိုက်သည်။ “ချိမင်ခေတ်နဲ့ ခိုင်ဧကရာဇ်ခေတ်ရဲ့ ရန်သူက တစ်ယောက်တည်းပါပဲ... အဆွေတော်အနေနဲ့ ကျေးဇူးပြုပြီး ရန်မလိုပါနဲ့လား... ကျုပ်တို့ အတူတူ ‌ပူးပေါင်းလိုက်ရင် ကောင်းမွန်တဲ့ရလဒ်တွေ ထွက်ပေါ်လာမှာပါ.... ကျုပ်ရဲ့ ဖန်ဆင်းပညာနဲ့ လူတချို့ကိုတော့ ပြန်ကယ်နိုင်ကောင်းကယ်နိုင်ပါလိမ့်မယ်”

ချိရှီက ရှေ့တစ်လှမ်း တိုးကာ အော်လိုက်သည်။ “မင်းမှာ ငါ့မျိုးနွယ်စုတွေကို ကယ်နိုင်တဲ့ အစွမ်းအစရှိရင် အခုချက်ချင်း ထုတ်လိုက်.... ဘာလို့ လျှိုထားပြီး မပေးချင်တာလဲ”

သူ၏ဘယ်ဘက်ခေါင်းက သရော်သလို ပြောသည်။ “ဟုတ်တယ် သူ ငါတို့ကို အကြပ်ကိုင်ချင်နေတာ... သူ့ရဲ့ဖန်ဆင်းပညာနဲ့ ငါတို့ကို ကျွန်ခံခိုင်းပြီး သူ့အတွက် တိုက်ခိုက်ခိုင်းလိမ့်မယ်”

ပထမလူသားဧကရာဇ်က မျက်မှောင်ကြုတ်၍ ခေါင်းယမ်းလိုက်၏။ “မဟုတ်တာတွေ မပြောပါနဲ့ အဆွေတော်”

ချင်မူက ခေါင်းလှည့်၍ ပြောလိုက်သည်။ “ပထမဘိုးဘေးကြီး၊ ကျွန်တော် ပြောခဲ့သားပဲ... ရန်သူချင်းတူတိုင်း မိတ်ဆွေဖွဲ့လို့ မရဘူး... တန်ခိုးရှင်သစ်ခုတ်သမားက တစ်ခါပြောခဲ့ဖူးတယ်၊ ချိမင်ခေတ်က ရုပ်ခန္ဓာအသားပေးတိုက်ကွက်တွေကို ကျင့်ကြတာတဲ့.. သူတို့က သိုင်းစွမ်းအားနဲ့ပဲ ဘာကိစ္စမဆို ဖြေရှင်းတယ်.. ဒီချိရှီက ချိမင်ကောင်းကင်နတ်ဘုံရဲ့ အာဏာပါးကွပ်သားဆိုတော့ ပိုလို့တောင် ရက်စက်သေးတယ်... ခင်ဗျား သူ့ကို အနိုင်ယူနိုင်ရင်‌တော့ ဘာမှမဖြစ်ဘူး... မဟုတ်ရင် သူက ခင်ဗျားကို ရိုက်သတ်ပြီး ခေါင်းဖြတ်ပစ်လိမ့်မယ်”

ပထမလူသားဧကရာဇ် မျက်မှောင်ပိုကြုတ်သွားပြီး စိတ်ရှည်ရှည် ပြောလိုက်သည်။ “အဆွေတော်၊ ကျုပ်တို့နှစ်ယောက်လုံးရဲ့ ရန်သူက အတူတူပဲမလို့ ပူးပေါင်းသင့်ပါတယ်... အမှန်တိုင်းပြောရရင် လူသားဧကရာဇ်ချင်က ခိုင်ဧကရာဇ်ခေတ်နဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဆက်သွယ်ပေးထားတဲ့ တံတားလိုပါပဲ... သူက ဒီကမ္ဘာမှာ တစ်ယောက်တည်း ရှိတဲ့ လောကသခင်ခန္ဓာလည်း ဟုတ်တယ်...”

“လောကသခင်ခန္ဓာ ဟုတ်လား”

ချိရှီက မယုံနိုင်သည့်အလား‌ အော်လိုက်သည်။ “ဒီခွေးကောင်လေးက လောကသခင်ခန္ဓာလား.... ဒဏ္ဍာရီထဲက လောကသခင်ခန္ဓာလား... လွန်ခဲ့တဲ့ နှစ်လေးသောင်းက နဂါးဟန်ခေတ်တုန်းက လောကသခင်ခန္ဓာ ပေါ်လာခဲ့ဖူးတယ်လို့ ပြောကြတယ်....”

ချင်မူ စိတ်ချလက်ချ ဖြစ်သွားသည်။ ‘ရွာလူကြီးက တကယ် ဗဟုသုတကြွယ်ဝတာပဲ... လွန်ခဲ့တဲ့ နှစ်လေးသောင်းက နဂါးဟန်ခေတ်မှာ လောကသခင်ခန္ဓာ ပေါ်လာခဲ့ဖူးမှန်းတောင် သိနေတယ်”

ပထမလူသားဧကရာဇ်က ပြောလိုက်၏။ “လောကသခင်ခန္ဓာအကြောင်းလည်း ခင်ဗျားသိမှတော့ ကျုပ်တို့ ထိုင်ဆွေးနွေးဖို့....”

“ငါ ဘယ်သူ့ကိုမှ မယုံဘူး.. မင်းကိုလည်း မယုံဘူး.. အဲဒီလောကသခင်ခန္ဓာခွေးကောင်ကိုဆို ပိုဆိုးသေးတယ်... ငါက မင်းရဲ့ ခိုင်ဧကရာဇ်ခေတ်နဲ့ အသက်ရှင်ဖို့ ရုန်းကန်နေရတဲ့ ဒီထာဝရငြိမ်းချမ်းရေးအင်ပါယာလို လုံးဝဖြစ်လာမှာမဟုတ်ဘူး”

ချိရှီ မာန်သွင်းအော်ဟစ်လိုက်သည့်အခါ သူ၏အရှိန်အဝါသည် တစ်ဟုန်ထိုး ထွက်ပေါ်လာ၏။ “ငါ့ချိမင်ခေတ်က ဦးပြန်မော့ပြီး ဒီကမ္ဘာကို နောက်တစ်ကြိမ် သိမ်းပိုက်မယ်.... ထာဝရငြိမ်းချမ်းရေးအင်ပါယာပဲဖြစ်ဖြစ်၊ ခိုင်ဧကရာဇ်ပဲဖြစ်ဖြစ် ငါတို့ကို အညံ့ခံရမယ်... ဖန်ဆင်းပညာကို ငါ့ဆီ ပေးလိုက်၊ မင်းကို အသက်ချမ်းသာပေးမယ်... မင်း ငါ့နောက်လိုက် လုပ်လို့ရတယ်”

ပထမလူသားဧကရာဇ်က သက်ပြင်းချကာ ခေါင်းယမ်းလိုက်သည်။ “အဆွေတော်၊ အခုအချိန်က ချိမင်ခေတ် မဟုတ်တော့ပါဘူး... ချိမင်ခေတ်ရဲ့ လမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေ သုံးရင် ခင်ဗျား ကျုပ်ကို မနိုင်ဘူး”

ရုတ်တရက် ချိရှီက ကောင်းကင်နတ်သိုင်းများ ထုတ်ဖော်၍ လက်ဝါးတစ်ဖက်ဖြင့် ချင်မူဆီသို့ ရိုက်ထည့်လိုက်သည်။ သူ၏ကောင်းကင်နတ်သိုင်း ဖွဲ့တည်လာသည့်အချိန်မှာပင် ပထမလူသားဧကရာဇ်၏ ကောင်းကင်မြေပြင်မုဒြာက ဖန်ဆင်းကောင်းကင်စက်ကွင်းအား ရိုက်ချလိုက်၏။ ဝုန်းခနဲ ပေါက်ကွဲသံနှင့်အတူ ချိရှီ၏ ပုံရိပ် ပျောက်ကွယ်သွားပြီး သူ့အ‌နောက်ရှိ အလင်းလုံးကြီးလည်း ပြိုကွဲသွားသည်။

ဘုန်း ဘုန်း ဘုန်း

အတန်းတစ်တန်းတွင် ရှိသော ကျောင်းဆောင်များ၊ နန်းဆောင်များ တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားသည်။ နန်းဆောင်များမှာ မှုန့်မှုန့်ညက်ညက် ကြေသွားသည့်အပြင် မျှော်စင်များလည်း ခါးလယ်၌ ပေါက်ထွက်သွားသဖြင့် ပြိုကျလာကြသည်။

ပန်ကုန်းစုန်မှာ ငေးကြောင်သွား၏။

ချင်မူက သူ့ကို ဖော်ရွေစွာ ပြုံးပြလိုက်သည်။ “ဆရာသခင်၊ အံ့ဩစရာမလိုပါဘူး... လွန်ခဲ့တဲ့ နှစ် ၃၅၀၀၀ က ကောင်းကင်နတ်သိုင်းတွေနဲ့ ငါ့ကို တိုက်ခိုက်ရင်လည်း အဲဒီလိုဖြစ်မှာပဲ”

ပန်ကုန်းစုန်၏အမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်က ဖျတ်ခနဲ ပျောက်သွားပြန်၏။

နတ်ဘုရားချိရှီမှာ အတော်ဝေးဝေးထိ လွင့်ထွက်သွားပြီးမှ ရပ်လိုက်နိုင်သည်။ သူက အော်ဟစ်လိုက်သည်။ “ချိမင်ကောင်းကင်ဘုံနှိမ်နင်းပြာဿဒ် ထွက်လာတော့”

မြေပြင်သည် ပြင်းပြင်းထန်ထန် တုန်ခါပြီး ပွင့်ထွက်လာသည်။ မညီမညာဖြစ်နေသော အက်ကွဲကြောင်းထဲမှ အလင်းတန်းများ ဖြာထွက်လာသည်။ အလင်းတန်းများသည် မြောက်ယဉ်စွန်းတန်းက ဥတ္တရအလင်းတန်းများပမာ လှပလွန်း၏။

တခဏကြာသော် မြေကြီးအောက်ရှိ ဧရာမအရာဝတ္ထုကြီးတစ်ခု မြောက်တက်လာနေသကဲ့သို့ မြေကြီးမှာ ဖောင်းကြွလာသည်။

ကိုက်သုံး‌ထောင်ခန့် မြင့်မားသော ပြာသာဒ်ကြီးသည် မြေကြီးအောက်မှ ထွက်လာချေပြီ။ နှစ်ပေါင်း ၃၅၀၀၀ ကြာပြီးနောက်တွင်ပင် ပြာဿဒ်ကား သစ်လွင်နေဆဲဖြစ်ပြီး ရောင်စုံအလင်းတန်းများအား ပင်လယ်ထဲသို့ ဖြန့်ကျက်နေ၏။

ချင်မူ တအံ့တဩ ငေးကြည့်နေမိသည်။

ကောင်းကင်ဘုံနှိမ်နင်းပြာဿဒ်၏ အထပ်တိုင်းရှိ တံစက်မြိတ်များတွင် ကောင်းကင်လက်နက်မျိုးစုံ ချိတ်ဆွဲနေ၏။

အထပ်တိုင်းတွင်လည်း သန်မာအားကောင်းသော ကောင်းကင်လက်နက်တစ်ခုအား ပူဇော်ပသထားသည်။

ဤကောင်းကင်လက်နက်တို့၏ အားလှိုင်းများက မည်သူ့ကိုမဆို ရင်တဒိန်းဒိန်း ခုန်လာစေနိုင်သည်။ အထပ်တိုင်းမှ ဖြာထွက်နေသော အရှိန်အဝါလှိုင်းတို့အား ပကတိမျက်စိဖြင့်ပင် မြင်နေရသည်။

ဤပြာဿဒ်တွေ အထပ်တစ်ထောင် ရှိပြီး တံစက်မြိတ်များ၌ ချိတ်ဆွဲနေသော ကောင်းကင်လက်နက်များမှာ ရေတွက်၍ပင် မရပေ။ ပူဇော်ပသခံထားရသည့် ကောင်းကင်လက်နက်များကလည်း တစ်ထောင်ရှိသည်။ ၎င်းတို့သည် အထပ်တစ်ထပ်စီကို စောင့်ရှောက်နေသည့် လက်နက်များ ဖြစ်လောက်၏။

ချင်မူ ခပ်တိုးတိုး ရေရွတ်မိလိုက်သည်။ “ငါ ဒီပြာဿဒ်ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ယူသွားနိုင်ရင် ဧကရာဇ်ယန်ဖုန်းရဲ့ ထီးနန်းကိုတောင် ဝယ်လို့ရလောက်တယ်”

ပထမလူသားဧကရာဇ်က သူ့ကို စိုက်ကြည့်လိုက်သည်။ သူက ကောင်းကင်ဘုံနှိမ်ပြာဿဒ်ဆီ လျှောက်သွား၏။ “ဒီမှာနေ လျှောက်မသွားနဲ့... ဒီပြာဿဒ်ကို ထိဖို့လည်း မတွေးနဲ့... မင်းရဲ့ ဖန်ဆင်းကောင်းကင်နတ်သိုင်းကိုသာ လိမ်လိမ်မာမာ လေ့လာနေ”

ချင်မူက ရောင်စုံကွန့်မြူးတောက်ပနေသော ပြာဿဒ်ကြီးဆီမှ အကြည့်မခွာဘဲ ခေါင်းညိတ်လိုက်သည်။

အခြားတစ်ဖက်တွင် နတ်ဘုရားချိရှီသည် ပြာဿဒ်၏  ပထမအထပ်သို့ ရောက်နေပြီဖြစ်၏။ သူက ပထမအထပ်တွင် ပူဇော်ထားသော ကောင်းကင်လက်နက်အား ယူလိုက်သည်။ ၎င်းကား ကောင်းကင်ဓားမတစ်လက် ဖြစ်၏။ ချိရှီ ယဇ်ပလ္လင်ထက်မှ ကောင်းကင်ဓားမကို ဆွဲယူလိုက်သည့်အခါ ပလ္လင်ပေါ်၌ နောက်တစ်လက် ပေါ်လာသည်။

ချိမင် ပေါ်လာသည့် ဓားမကို ယူလိုက်လျှင် နောက်တစ်ဖက် ပေါ်လာပြန်သည်။ ခြောက်လက်ယူပြီးနောက်မှ ထပ်မပေါ်လာတော့ပေ။

ချင်မူက ပြာဿဒ်ထဲသို့ လှမ်းကြည့်ရင်း အကျယ်ကြီး ပြောလိုက်သည်။ “ပထမဘိုးဘေးကြီး၊ ချိမင်ခေတ်ရဲ့ ကောင်းကင်လက်နက်တွေက ခြောက်ခုစီ ရှိတယ်”

“ဟုတ်ပြီ”

ပထမလူသားဧကရာဇ် ပြာဿဒ်ထဲ ဝင်လိုက်ရာတွင် နတ်ဘုရားချိမင်က ကောင်းကင်းဓားမခြောက်လက်ဖြင့် သူ့ဆီသို့ ဝင့်ယမ်းလိုက်ကြောင်း မြင်လိုက်ရသည်။ ကမ္ဘာတုန်ဟည်းသွားစေသော ပေါက်ကွဲသံတစ်သံ ကြားလိုက်ရပြီး‌ နတ်ဘုရားချိရှီက ထူးဆန်း‌သော ခြေလှမ်းခြေကွက်များဖြင့် နောက်ဆုတ်သွား၏။

ပထမလူသားဧကရာဇ် ပထမအထပ်သို့ ‌ရောက်သည့်အခါ ချိရှီ၏ ဓားမသိုင်းက အသက်ဝင်လာသည်။ ရုတ်တရက်ဆိုသလို ပထမထပ်၏ တံစက်မြိတ်များအောက်၌ ချိတ်ဆွဲနေသော ကောင်းကင်လက်နက်များက ပထမလူသားဧကရာဇ်အား တိုက်ခိုက်တော့သည်။

ချင်မူက ဖန်ဆင်းကောင်းကင်စက်ကွင်းများ၏ သင်္ကေတအမှတ်အသားများအား အေးအေးဆေးဆေး လေ့လာရင်း စာရွက်နှင့် စုတ်တံ ထုတ်ကာ အကုန်ကူးချနေ၏။ အဝေးတွင် ပန်ကုန်းစုန်မှာ ပြာဿဒ်ထဲရှိ တိုက်ပွဲကို ကြည့်ရင်း အားပေးကြွေးကြော်နေသည်။ “ကောင်းလိုက်တဲ့ တိုက်ကွက်”

ဘုန်း

မရေမတွက်နိုင်သော ကောင်းကင်လက်နက်များ ကြေမွသွားပြီး အစအနများ လွင့်ထွက်လာ၏။

ပန်ကုန်းစုန်မှာ ကပျာကယာ ဇက်ပုလိုက်ရသည်။

ချင်မူက လှည့်ပင်မကြည့်ပေ။ “မှော်ဆရာကြီး၊ ပထမလူသားဧကရာဇ်ကို လျှော့မတွက်နဲ့... ချိရှီအနေနဲ့ ချိမင်ခေတ်ရဲ့ ဒီကောင်းကင်နန်းဆောင်ကို ပိုင်ခဲ့ပေမယ့် ပထမလူသားဧကရာဇ်ကလည်း လူသားဧကရာဇ်ခန်းမကို ဦးစီးတဲ့လူ.... လူသားဧကရာဇ်ခန်းမနောက်ကွယ်က လျှို့ဝှက်ချက်တွေက ဒီချိမင်ကောင်းကင်နန်းဆောင်ထက် မသေးငယ်ဘူး”

ချင်မူ ပြောနေစဉ် ချိရှီမှာ ဒုတိယအထပ်သို့ ဆုတ်ခွာသွားချေပြီ။ တခဏအတွင်း ဒုတိယအထပ်ရှိ ကောင်းကင်လက်နက်အားလုံး အမှုန့်ကြေသွားသည်။

သူတို့နှစ်ယောက် တိုက်ခိုက်နေသည်နှင့်အမျှ ချိရှီမှာ ဆုတ်ပြီးရင်း ဆုတ်နေရပြီး သူ့ကိုယ်သူ မခုခံနိုင်တော့ပေ။

ပန်ကုန်းစုန်က ခေါင်းမော့ကာ လှမ်းအော်လိုက်သည်။ “အဲဒီလူသားဧကရာဇ်က ဝိညာဉ်လက်နက်တောင် မသုံးဘူး... လက်နှစ်ဖက်တည်းနဲ့ တိုက်ခိုက်နေတာ... သူ့ကြောင့် ချိမင်ခေတ်ရဲ့ အဖိုးတန်ရတနာတွေ အမှုန့်ကြေကုန်ပြီ”

ချင်မူ ကြားသည့်အခါ ရင်ထဲ တုန်လှုပ်သွားသည်။ သူက ချိမင်ကောင်းကင်ဘုံနှိမ်နင်းပြာဿဒ်ဆီသို့ တစ်ချက်ကြည့်လိုက်ပြီး ပထမလူသားဧကရာဇ် လက်ချည်းသက်သက်ဖြင့် တိုက်ခိုက်နေကြောင်း မြင်လိုက်ရသည်။ ပထမလူသားဧကရာဇ်ကြောင့် ကောင်းကင်နှင့်မြေပြင်မှာ လှုပ်ခတ်နေပြီး သူ မပြိုလဲသရွေ့ ကောင်းကင်နှင့်မြေပြင်သည် ဘယ်သောအခါမှ ပြိုလဲလိမ့်မည်မဟုတ်ပေ။

“ကောင်းကင်မြေပြင်မုဒြာသိုင်းက တကယ် အင်အားကြီးတာပဲ”

ချင်မူက အကြည့်လွှဲ၍ သင်္ကေတအမှတ်အသားများအား ဆက်လေ့လာနေသည်။ “ငါ့ဓားသိုင်းလောက် မမိုက်တာ နှမြောစရာပဲ”

ပထမလူသားဧကရာဇ်သည် နတ်ဘုရားချိရှီအား အထပ်သုံးရာအထိ တောက်လျှောက် တိုက်ခိုက်သွား၏။ သူက အားရဝမ်းသာစွာ တွေးနေသည်။ ‘လူသားဧကရာဇ်ချင် ငါ့မုဒြာသိုင်းကို မြင်ရင် သေချာပေါက် စိတ်ပြောင်းပြီး သင်ပေးဖို့ တောင်းဆိုလိမ့်မယ်’

All Chapters