ရှုပ်ထွေးသောကမ္ဘာ
Vol. 1 Ch. 1
“ဟေ့ ကောင်ချောလေး၊ သိုင်းပညာလေ့ကျင့်ရေးသင်တန်းကျောင်း တက်ဖို့ စိတ်ဝင်စားလား”
အိမ်အပြန်လမ်းတွင် တင်းကျပ်သော လေ့ကျင့်ရေး ဝတ်စုံကို ဝတ်ထားသော လှပသည့် မိန်းကလေးတစ်ဦးသည် လင်းရှန်ကို စီးတားလိုက်ပြီး လက်ကမ်းစာစောင်ကို ပေးလိုက်သည်။
လင်းရှန်သည် လက်ကမ်းစာစောင်ကို ကြည့်ဖို့ ရပ်တန့်လိုက်သည်။
“ ဆိတ်ငြိမ်သောနေမင်း သိုင်းပညာကျောင်း” ဟူသော စကားလုံးသည် ချက်ချင်းပင် ပေါ်လာသည်။
“ကျွန်မတို့ သိုင်းပညာကျောင်းက ဂိုဏ်းသုံးခုစီရင်စုကနေ တရားဝင်ခွင့်ပြုထားတဲ့ တရားဝင်အဖွဲ့အစည်းတစ်ခုပါ။ သင်ကြားမှုအရည်အသွေးနဲ့ လမ်းကြောင်းအရ နဂါးမြို့တော်တစ်ခုလုံးမှာ ပြိုင်ဘက်ကင်းပါပဲ”
လင်းရှန်ရပ်တန့်နေတာကိုမြင်တော့ ကောင်မလေးက သူ့ကို ဆွဲဆောင်ဖို့ အခွင့်အရေးကို ချက်ချင်းရယူလိုက်သည်။
“အခြေခံ ကျင့်ကြံနည်းစနစ်သုံးမျိုးထဲကဘယ်အဆင့်ကိုပဲ လိုက်နာ လိုက်နာ၊ ကျွန်မတို့ကျောင်းကအသင့်တော်ဆုံးသင်တန်းကို ချိန်ညှိပေးနိုင်ပါတယ်။ ပြီးတော့ ကြာရှည်စွာ အသက်ရှုခြင်းအဆင့်ကို ရောက်နေတဲ့ နည်းပြဆရာတွေက ကိုယ်တိုင်ကိုယ်ကျ သင်ကြားပြသပေးမှာပါ”
လင်းရှန်က ပြုံးပြီး စာရွက်ကို ယူလိုက်သည် “ကျေးဇူးတင်ပါတယ်။ ကျွန်တော် စဉ်းစားပါ့မယ်။”
ကောင်မလေးအနေနဲ့ အလားတူစကားမျိုး အကြိမ်ပေါင်း ထောင်နှင့်ချီ၍ ကြားခဲ့ဖူးသည်။ သူ့လေသံက ဝတ်ကျေတမ်းကျေလေသံမှန်း တမ်းပြောနိုင်သည်။ သူမက အရှုံးမပေးဘဲ သူ့ကို ဆက်လက် ဆွဲဆောင်ခဲ့သည်။
“ကျွန်မတို့မှာ လျှော့စျေးလေးလည်း ရှိပါတယ်။ စာရင်းဝင်ကြေးကို (၂၀)ရာခိုင်နှုန်းလျှော့ပေးပါသေးတယ်။ အခြေခံသင်တန်းက ဝိညာဉ်င်္ဒဂါးပြား (၇၉၉၉)သာ ကုန်ကျမှာပါ”
လင်းရှန်သည် မတုန်လှုပ်ချေ။ ကောင်မလေးကို စိတ်ပျက်လက်ပျက်နဲ့ ပြုံးပြပြီး လှည့်ထွက်သွားသည်။ မကြာမီ သူသည် လူအုပ်ထဲသို့ ပျောက်ကွယ်သွားလေသည်။
ငါးမိနစ်ခန့်ကြာသောအခါ လင်းရှန်သည် ဘတ်စ်ကားမှတ်တိုင်သို့ ရောက်လာသည်။ အမှတ် (၃၂ )ဘတ်စ်ကားတစ်စီးသည် ကားမှတ်တိုင်တွင် ရပ်သွားခဲ့သည်။ အရှေ့နှင့် အနောက်တံခါးများသည် တဒုတ်ဒုတ်ဖြင့် ပွင့်လာသည်။
လင်းရှန်သည် လူအုပ်ကြီးနောက်ကို လိုက်ကာ ဘတ်စ်ကားပေါ်သို့ တက်ခဲ့သည်။ သူသည် တစ်ဒေါ်လာတန် ဝိညာဉ်ဒင်္ဂါးတစ်ပြားကို ထုတ်ကာ အကြွေစေ့သေတ္တာထဲသို့ ပစ်ချလိုက်သည်။ နောက်တော့ ပြတင်းပေါက်
ထောင့်က ခုံတစ်ခုကို တွေ့ပြီး ထိုင်လိုက်လေသည်။
မကြာမီမှာပဲ ဘတ်စ်ကားက ဘူတာရုံမှ ထွက်လာသည်။
ပြတင်းပေါက်အပြင်ဘက်က ရှုခင်းတွေကိုကြည့်ရင်း လင်းရှန်ကသက်ပြင်းချနေသည်။
ဒီကမ္ဘာကို သူရောက်လာတာ တစ်ပတ်နီးပါးရှိပြီ။ သူအနေနဲ့ သူ့ပတ်ဝန်းကျင်ရှိ လူအများစုနှင့်လည်း ရင်းနှီးနေပြီဖြစ်သည်။
ခါတိုင်းလို အိပ်ပျော်သွားပြီးနောက် တခြားကမ္ဘာမှာ သူနိုးလာမယ်လို့ ဘယ်သူက ထင်မှာလဲ။
တစ်နည်းအားဖြင့် ဤကမ္ဘာသည် သူ၏ ယခင်ကမ္ဘာနှင့် ဆင်တူသည်။ ပထမတစ်
ချက်မှာ တူညီတာတွေ အများကြီးရှိသည်။ ဥပမာအားဖြင့် လမ်းတစ်လျှောက်ရှိ အထပ်မြင့်အဆောက်အအုံများ၊ အဆုံးမရှိသောကားများ သွားလာမှုနှင့် လမ်းသွားလမ်းလာများ၏အဝတ်အစားများပင် ဆင်တူသည်ကြ။
သို့သော် အနီးကပ်ကြည့်ပြီးနောက် လင်းရှန်
သည် ထိုသို့မဟုတ်မှန်း သိလိုက်ရသေသည်။
သူသိသလောက်တော့ ဒီကမ္ဘာမှာ ဘယ်နိုင်ငံမှ မရှိချေ။ မြို့အားလုံးကို ဂိုဏ်းခွဲဟုခေါ်သော အဖွဲ့အစည်းများက အုပ်ချုပ်ခဲ့သည်။
ဥပမာအားဖြင့် သူလက်ရှိနေထိုင်နေသော နဂါးမြို့တော်သည် အရှေ့နတ်ဘုရားတိုက်ကြီး၏ မဟာလမ်းကြောင်းငါးခုအနက်မှ တစ်ခုဖြစ်သော အရှေ့ပင်လယ်လမ်းကြောင်းပေါ်တွင် တည်ရှိသည်။ ပြင်းထန်သော ရေလှိုင်းဂိုဏ်း၊ မြစိမ်းရောင် ဆီးနှင်းဂိုဏ်းနှင့် နေကိုးစင်းဂိုဏ်းတို့ ပူးပေါင်းအုပ်ချုပ်မှုအောက်တွင် သာယာဝပြောသောမြို့ဖြစ်ခဲ့သည်။ ၎င်း၏ဧရိယာသည် (၇၅၀၀)စတုရန်းကီလိုမီတာကျယ်ဝန်းပြီး ၎င်း၏လူဦးရေမှာ (၃.၅)သန်းကျော်ရှိသည် ။ထို့အပြင် မြို့ကြီးဆယ်မြို့ကျော်လည်း ရှိသည်။ ၎င်းသည် အရှေ့ပင်လယ်လမ်းကြောင်းရှိ အရာအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။
ဤဂိုဏ်းများ၏ အုပ်စိုးမှုအနေအထားက
သေမျိုးကမ္ဘာကို ကျော်လွန်သွားသော ပြင်းထန်သည့် ကိုယ်ခံစွမ်းအားနည်းစနစ်ဖြင့် ဖြစ်သည်။
“ထူးခြားတဲ့ စွမ်းအားတွေပဲ”
လင်းရှန်က သူ့ဘာသာ ရေရွတ်လိုက်သည်။
ဤကမ္ဘာတွင် စစ်တပ်၏ နည်းပညာအဆင့်
သည် အလွန်နိမ့်ပါးနေတာကြောင့် ဆံပင်များ ထောင်လုမတတ်ပင်။ အအေးလက်နက်များ ခေတ်က ကုန်လုနီးပါး ဖြစ်ခဲ့သည်။
သေနတ်များ၊ အမြောက်များနှင့် တင့်ကားများကဲ့သို့သော သေနတ်များသည် သူ့ယခင်ဘဝက ရင်းနှီးခဲ့ကြသော်လည်း ဤနေရာတွင် အရိပ်အယောင်ပင် မရှိပေ။
ဆန့်ကျင်ဘက်အားဖြင့် သူ့ယခင်ဘဝတွင်စိတ်ကူးယဉ်ရုံသာရှိခဲ့သော သိုင်းပညာနှင့် မသေမျိုးနည်းစနစ်များကို ဤနေရာတွင် ကျယ်ကျယ်ပြန့်ပြန့်သိရှိခဲ့ကြသည်။
နဂါးမြို့တော်တွင် အသက်(၁၅) နှစ် ပြည့်သွားသော ဆယ်ကျော်သက်များအားလုံးသည် ကျင့်ကြံမှုလမ်းကြောင်းကို စတင်နိုင်ပြီး ဂိုဏ်းကြီးသုံးခု၏ အခြေခံကျသော ကျင့်ကြံနည်းစနစ်များထဲမှ တစ်ခုကို ရွေးချယ်နိုင်သည်။
လေ့လာမှုတွင် အောင်မြင်သူများသည် နှစ်စဉ် စာမေးပွဲတွင် ပါဝင်နိုင်ပြီး အဓိက ဂိုဏ်းခွဲသုံးခုနှင့် ဆက်စပ်နေသော သင်တန်းကျောင်းများသို့ ဝင်ရောက်ခွင့်ရရန် တိုက်ပွဲဝင်နိုင်သည်။
ဤကမ္ဘာသည် အခြားအရာများထက် သိုင်းပညာနှင့် ခွန်အားကို တန်ဖိုးထားခဲ့သည်။ ထို့ကြောင့် ဂိုဏ်းကြီးသုံးခုမှာ ပါဝင်ရဖို့က လူတိုင်းနီးပါး၏ အိပ်မက်ဖြစ်သည်။
လူတစ်ဦးသည် ကျင့်ကြံသူဖြစ်လာသည်နှင့် တစ်ပြိုင်နက် သာမန်လူတို့မတွေးဆနိုင်သော အခွင့်ထူးများနှင့် အဆင့်အတန်းကို ခံစားနိုင်သည်။
ထို့အတွက်ကြောင့် မရေမတွက်နိုင်သော ကျောင်းသားများသည် ထိုပန်းတိုင်ရောက်ရန် နှစ်စဉ် နေ့ရောညပါ ကျင့်ကြံကြသည်။
လင်းရှန်ကိုယ်ခန္ဓာ၏ယခင်ပိုင်ရှင်လည်း အပါအဝင်ပင်။
သူ၏လက်ရှိခန္ဓာကိုယ်မှာ အသက် (၁၈) နှစ်သာရှိသေးပြီး နောက်ဆုံးစာမေးပွဲတွင်ပါဝင်မည့် နဂါးမြို့တော် မိုးမခ သင်တန်းကျောင်းမှ ကျောင်းသားတစ်ဦးလည်း ဖြစ်သည်။ သူလေ့ကျင့်ခဲ့သော ကျင့်ကြံနည်းစနစ်မှာ မူလအသက်ရှူခြင်းနည်းစနစ်နှင့် နေမီးတောက်လက်ဝါး ဖြစ်သည်။
မူလအသက်ရှူခြင်းနည်းစနစ်သည် နဂါးမြို့တော် နှင့် အရှေ့နတ်ဘုရားတိုက်ကြီးမှ ကျင့်ကြံသူတွေ ကျင့်ကြံလေ့ရှိသော ရှေးရိုးရှုထောင့်အဆင့် စနစ်ဖြစ်သည်။
ကျင့်ကြံသူတစ်ဦးသည် မြင့်မားသော ကျင့်ကြံမှုအဆင့်ကို ရောင်လာသည်နှင့်အမျှ ကျင့်ကြံနည်းစနစ်များသည် တဖြည်းဖြည်းချင်း ကွဲလွဲမှုများ ရှိလာမည်ဖြစ်သည်။ သို့သော် ကျင့်ကြံနည်းများမှာ တူညီလုနီးပါးဖြစ်သည်။
ထို့ကြောင့် နဂါးမြို့တော်ရှိ ဆယ်ကျော်သက်များအားလုံးမွေးရာပါ ချမ်းသာသည်ဖြစ်စေ ၊ ဆင်းရဲသည်ဖြစ်စေ မူလအသက်ရှူခြင်းနည်းစနစ်ကို လေ့ကျင့်ခြင်းဖြင့် စတင်ရမည်ဖြစ်သည်။
နေမီးတောက် လက်ဝါးကတော့ နေကိုးစင်းဂိုဏ်း၏ အခြေခံသိုင်းပညာနည်းစနစ်ဖြစ်သည်။
လင်းရှန်သည် ဤကျင့်ကြံနည်းနှစ်ခုကို နှစ်နှစ်ကျော် လေ့ကျင့်ခဲ့သော်လည်း မူလအသက်ရှူခြင်းနည်းစနစ်ကိုသာ ကျွမ်းကျင်လာခဲ့သည်။ သူ၏ ကျင့်ကြံမှု အဆင့်သည် ချီအသွင်ပြောင်းခြင်းအဆင့်၏ တတိယအဆင့်သို့သာ ရောက်ရှိခဲ့တာကြောင့် မိုးမခသင်တန်းကျောင်းတစ်ခုလုံး၏ အလယ် သို့မဟုတ် အောက်ပိုင်း အဆင့်တွင်သာ ရပ်တည်နိုင်ခဲ့သည်။ သူ၏ ကျင့်ကြံမှုမှုစွမ်းရည်မှာ သာမန်အားဖြင့်တော့ အကောင်းဆုံးဖြစ်သည်။
အရည်အချင်းညံ့ဖျင်းပြီး ခွန်အားများသာ မရှိလျှင် စာမေးပွဲတွင် ပါဝင်ရန် အခွင့်အရေးကိုပင် ရယူနိုင်မည်မဟုတ်ပေ။ ဂိုဏ်းကြီးသုံးခုနှင့် ဆက်စပ်နေသော သင်တန်းကျောင်းကိုပင် တက်ရောက်နိုင်မည် မဟုတ်ပေ။
ဒါပေမဲ့ မထင်မှတ်ဘဲ မမျှော်လင့်တာ ဖြစ်ခဲ့သည်။
သူ့စိတ်တွေ ပျံ့လွင့်နေတုန်း ဘတ်စ်ကားက
နေရာကို ဆိုက်ကပ်လာသည်။
လင်းရှန်၏ မျက်လုံးများက ပြန်လည်စူးစိုက်လာပြီး နောက်တံခါးမှ ထွက်သွားခဲ့သည်။
သူအနေနဲ့ ဒီကမ္ဘာကို ရောက်နေပြီဆိုတော့ ကံကြမ္မာကို အပြစ်တင်ဖို့က အသုံးမဝင်တော့ချေ။
သူလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ အမှန်တရားကိုလက်ခံပြီး ဤကမ္ဘာတွင် ပိုမိုကောင်းမွန်စွာရှင်သန်နေထိုင်ရန် နည်းလမ်းကို တွေးတောခြင်းပင်ဖြစ်သည်။
ကံကောင်းထောက်မစွာနဲ့ပဲ လင်းရှန်သည်
ဒီကို မရောက်ခင်ကတည်းက တစ်ယောက်တည်းနေခဲ့သည်။
သူပျောက်ဆုံးသွားခြင်းကြောင့် မည်သူ့မျှအသည်းကွဲနေမည်ကို စိတ်ပူစရာမလိုသလို လူမသိသူမသိ ရှုပ်ထွေးသော ဆက်ဆံရေးများကို ရင်ဆိုင်ရန်လည်း မလိုအပ်ချေ။
သူနှင့်ရင်းနှီးရန် လိုအပ်သောသူများမှာ သင်တန်းကျောင်းမှ ဆရာများနှင့် ကျောင်းသားများသာ ဖြစ်သည်။
ရက်အနည်းငယ်ကြာအောင် သေချာစုံစမ်းပြီးနောက် လင်းရှန်သည် သံသယဝင်စရာမလိုဘဲ သူ့ပတ်ဝန်းကျင်ရှိလူများနှင့် ရင်းနှီးလာခဲ့သည်။
ဝေးလံသောလမ်းကြားကို ဖြတ်သွားပြီးနောက် ယိုယွင်းနေသော တိုက်ခန်းတစ်ခန်းကို တွေ့လိုက်ရသည်။
ထိုတိုက်ခန်းက အနှစ်(၃၀)ကျော်ရှိနေခဲ့တာပင်။
အပြင်ဘက်နံရံများမှ ကြွေပြားများစွာ ကြွေကျနေပြီး နံရံများတွင် ကြွေကျနေသော စပျစ်နွယ်
ပင်များ၏ အရိပ်အယောင်များ ရှိနေဆဲဖြစ်သည်။ လှေကားများသည် သံချေးများဖြင့် ဖုံးလွှမ်းနေပြီး တစ်စုံတစ်ယောက်က ၎င်းတို့ကို နင်းလိုက်သောအခါတွင်ပြိုကျသွားသလိုမျိုး အသံများ ထွက်ပေါ်လာမည်ဖြစ်သည်။ ဒါက ကြောက်စရာကောင်းလှသည်။
တတိယထပ်က စင်္ကြံပေါ်ကို တက်လာတော့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ပြေးလာသည်။
လျူတီသည် လင်းရှန် အနီးတွင်နေထိုင်သူဖြစ်သည်။ သူက လက်ရှိမှာတော့ ကွာရှင်းပြတ်စဲထားပြီး အိမ်ခြံမြေ အေဂျင်စီတစ်ခုမှာ အလုပ်လုပ်နေတာဖြစ်သည်။
လက်ဆွဲအိတ်ကို ကိုင်ထားပြီး ရုံးဝတ်စုံဝတ်ထားသဖြင့် ရုံးတွင် အချိန်ပိုအလုပ်ဆင်းရန် လျှောက်လာနေပုံရသည်။ လင်းရှန်ကိုတွေ့သောအခါ ပြုံးပြီး နှုတ်ဆက်သည်။
“မင်းပြန်လာပြီပဲ။ ဒီနေ့ အတန်းက အစောကြီး ဆင်းပုံပဲ။
လင်းရှန်က ယဉ်ယဉ်ကျေးကျေးပဲ ခေါင်းညိတ်ပြကာ ပြုံးလိုက်သည်။
သူသည် ဤအိမ်နီးချင်းနှင့် သိပ်အဆက်အဆံ မလုပ်ဘဲ ဖြတ်သွားသည့်အခါမှသာ နှုတ်ဆက်လေ့ရှိသည်။
အာလပသလာပ ပြောပြီးနောက် လင်းရှန်
သည် လျူတီကို နှုတ်ဆက်ကာ စင်္ကြံအဆုံးရှိ သူ့အခန်းဆီသို့ လျှောက်သွားခဲ့သည်။
လျူတီသည် လင်းရှန်ထွက်သွားသည်ကိုကြည့်ရင်း ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
လင်းရှန်သည် သူမြင်ဖူးသမျှထဲတွင် အလုပ်အကြိုးစားဆုံး ကျောင်းသားတစ်ဦးဖြစ်သည် ။ အတန်းတက်ချိန်မှလွဲ၍ လင်းရှန်သည် သူ၏အချိန်အားလုံးကို ကျင့်ကြံခဲ့သည်။
ကံမကောင်းစွာပဲ ကောင်လေးမှာ အရည်အချင်းမရှိခဲ့သလို ဘာတစ်ခုမှ အောင်မြင်မှုလည်း မရှိခဲ့ချေ။
“လူတော်တော်များများက နှစ်စဉ် အဓိက သင်တန်းကျောင်းသုံးခုကို လျှောက်ထားကြပေမယ့် အဲဒီထဲက တစ်ရာမှာ တစ်ယောက်
လောက်သာ အောင်မြင်တာ ။ ဒီသင်တန်းကျောင်းတွေက ဝင်ဖို့ အရမ်းခက်တယ်။ အများစုကတော့ ငါ့လိုပဲ တစ်သက်လုံး ရုံးခန်းထဲမှာ အလုပ်လုပ်နေကြရတာ။”
လျူတီသည် သက်ပြင်းချလိုက်ပြီး လှေကားမှဆင်းလိုက်သည်။
လင်းရှန်သည် လျူတီတွေးနေတာကို မသိသလို ဂရုလည်း မစိုက်ပေ။
ဤကိုယ်ခန္ဓာ၏ယခင်ပိုင်ရှင်သည် ဤဘဝတွင် ကြီးမားသော သင်တန်းကျောင်း သုံးခုသို့ ဝင်ရောက်ရန် မျှော်လင့်ချက်ရှိမည်မဟုတ်ပေ။
သို့သော် ဤလောကထဲသို့ သူ ရောက်ရှိလာချိန်မှစ၍ ပြောင်းလဲသွားခဲ့သည်။
ကလစ်
လင်းရှန်က တိုက်ခန်းတံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့သည်။
ဧည့်ခန်းရှိ မီးများပိတ်ထားပြီး လသာဆောင်ရှိ ကန့်လန့်ကာများကိုလည်း ပိတ်ထားသည်။ အခန်းက တော်တော်မှိန်နေသည်။
လင်းရှန်သည် ဧည့်ခန်းအလယ်သို့ ရောက်လာသည်။ သူက ဘာမှ မလှုပ်ရှားသော်လည်း အရိပ်နှစ်ခု ရုတ်တရက် ကွဲကွာသွားပြီး လေးငါးလှမ်းလောက် အကွာကို ရောက်သွားသည်။ ထိုအရာတွေက အံ့သြစရာကောင်းလောက်အောင် အရှိန်အဟုန်နဲ့ ခိုင်မာလာကြသည်။
အခန်းထဲမှာ တခြားလူတွေရှိနေရင် သေချာပေါက် ထိတ်လန့်သွားလိမ့်မည်ပင်။
ထိုရုပ်သွင်နှစ်ခု၏ အရွယ်အစား၊ မျက်နှာသွင်ပြင်နှင့် စိတ်နေစိတ်ထားများသည် လင်းရှန်နှင့်တူသည်။ ၎င်းတို့ကို တူညီသောပုံစံမှ ထွင်းထုထားပုံရသည်။