သုံးစွဲမှုသုည အကွာအဝေး
Vol. 1 Ch. 3
“စာမေးပွဲအတွက် အရည်အချင်းပြည့်မီချင်တယ်ဆိုရင်တော့ ချီအသွင်ပြောင်းခြင်း အဆင့်ရဲ့ ပဉ္စမအဆင့်မှာ အနည်းဆုံးရှိရမယ်။ ပိုစိတ်ချရဖို့ ချီအသွင်ပြောင်းခြင်း ဆဌမ အဆင့်ကို ရောက်နေရမယ်။”
စနစ်မျက်နှာပြင်ကို ဆင့်ခေါ်လိုက်တာနဲ့ လင်းရှန်ရဲ့ မျက်လုံးတွေ လင်းလက်သွားသည်။
[အမည်-လင်းရှန်]
[စွမ်းရည်- သာမန်အထက်]
[အဆင့်- ချီအသွင်ပြောင်းမှု အဆင့် ၄၊ ၁%]
[နည်းစနစ် - မူလအသက်ရှူခြင်း နည်းစနစ်(ကျွမ်းကျင်မှု ၉၆ %)၊နေ
မီးတောက်လက်ဝါး (အစပြုသူ ၅၇%)]
[ကိုယ်ပွားအရေအတွက်- ၂ (၄၀%)]
“မူလအသက်ရှူခြင်းနည်းစနစ်က ကြီးမြတ်တဲ့ကျွမ်းကျင်မှုကိုဖြတ်ကျော်နိုင်ဖို့ ၄%ပဲ လိုတော့တယ်။ သူတို့နှစ်ဦးသာ အတူတကွ ကျင့်ကြံနေရင် တစ်နေ့တည်းနဲ့ ငါလုပ်နိုင်ပြီ”
လင်းရှန်က သူ့ဘာသာ ခေါင်းညိတ်လိုက်သည်။
မူလအသက်ရှူခြင်းနည်းစနစ်က အဆင့်
မြင့်လေ သူ၏ခန္ဓာကိုယ်ကို လျင်မြန်စွာ သန့်စင်နိုင်လေဖြစ်သည်။
အထူးကျွမ်းကျင်မှုမှ မူလအသက်ရှူခြင်းနည်းစနစ်နှင့် သူ၏ကိုယ်ပွါးများ အကူအညီကြောင့် ချီအသွင်ပြောင်းခြင်း ပဉ္စမအဆင့်သို့ ဖြတ်ကျော်နိုင်ဖို့ မကြာတော့ချေ။
အသက်ပြင်းပြင်းရှူရင်း လင်းရှန်က ငြိမ်သက်သွားကာ မီးဖိုခန်းဆီသို့ ဦးတည် သွားခဲ့သည်။ အရင်နေ့က သူဝယ်ထားတဲ့ အမဲသား တစ်ကီလိုဂရမ်ကို ရေခဲသေတ္တာထဲကနေ ထုတ်ယူပြီး ညစာ ချက်ပြုတ်တော့သည်။
အချိန်အတော်ကြာ အမှီအခိုကင်းစွာနေထိုင်ပြီးနောက် လင်းရှန်သည် အချက်အပြုတ်
ကျွမ်းကျင် လာခဲ့သည်။
နာရီဝက်မပြည့်မီတွင် သူသည် အမဲသားကြော်တစ်ပန်းကန်နှင့် ခေါက်ဆွဲ ၄.၅ ကီလိုဂရမ်ကို ချက်လိုက်သည်။ သူက ထမင်းစားပွဲမှာ ထိုင်ပြီး စားလိုက်သည်။
ညစာစားပြီးနောက် လင်းရှန်သည် အနားယူခြင်းမရှိပေ။ အဲဒီအစား ဧည့်ခန်းထဲမှာ တင်ပျဉ်ခွေထိုင်ပြီး တရားထိုင်တော့သည်။ သူက အစောကစားထားတဲ့ အစားအစာတွေကို အနှစ်နဲ့အသွေးအဖြစ် ပြောင်းလဲလိုက်တာကြောင့် သူ့ခန္ဓာကိုယ်က တင်းမာလာသည်။
သူ့ရင်ဘတ်က စည်းချက်ညီညီနဲ့ ခုန်တက်လာလိုက် ကျသွားလိုက်ဖြစ်နေပြီး ခန္ဓာကိုယ်မှ မြစ်တစ်စင်းစီးနေသလို တဟုန်းဟုန်း အသံတစ်ခု ထွက်လာသည်။
ထိုအရာက သူ့ခန္ဓာကိုယ်ထဲတွင် လျင်မြန်စွာ လည်ပတ်နေသော သွေး၏အသံ ဖြစ်သည်။
အသက်ရှုခြင်းနည်းစနစ်ကို ကျင့်ကြံနေစဉ်တွင် လူတစ်ဦး၏ ကြွက်သား၊ အရိုးနှင့် အရေပြားတို့ကို အနှစ်သာရနှင့် သွေးများဖြင့် အာဟာရဖြည့်ပေးမည်ဖြစ်ပြီး ၎င်းတို့သည် ပိုမိုတောင့်တင်းခိုင်မာလာမည်ဖြစ်သည်။
နာရီဝက်လောက်ကြာသောအခါ
လင်းရှန်သည် မျက်လုံးကိုဖွင့်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ သာမန်မျက်စိဖြင့် မြင်နိုင်သော အဖြူရောင်မီးခိုးငွေ့များက မပျောက်ကွယ်သွားမီ လေးလက်မမှ ငါးလက်မအထိလွင့်သွားသည်။
စက္ကန့်အနည်းငယ်ကြာအောင် အနားယူပြီးနောက် လင်းရှန်သည် စနစ်မျက်နှာပြင်ကို ဆင့်ခေါ်ကာ တစ်ချက်ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း သူ့၏ကျင့်ကြံမှု တိုးတက်နှုန်းသည် ချီအသွင်ပြောင်းခြင်းစတုတ္ထအဆင့် ၁%သာရှိသေးသည်။
လင်းရှန်က မအံ့ဩပေ ။ တိုးမြှင့်မှုသည် ၁% ထက်နည်းပါက ၎င်းကို မျက်နှာပြင်တွင် ပြသမည်မဟုတ်ချေ။
“သနားစရာကောင်းလိုက်တာ။ ငါသာ ဒီဝိညာဉ်သားရဲအသားကို စားခဲ့မယ်ဆိုရင် ငါ့ရဲ ကျင့်ကြံမှုက အနည်းဆုံး ၁% တိုးလာရမှာလေ”
ဝိညာဉ်သားရဲအသားက သာမန်အသားထက် အဆပေါင်းများစွာ စွမ်းအင်တွေ ပါရှိသည်။ ၎င်းသည် အဆင့်နိမ့် ကျင့်ကြံသူများအတွက် အလွန်သင့်လျော်ပြီး ခန္ဓာကိုယ်ကို အေးမြစေကာ သွေးအနှစ်သာရကို အားကောင်းစေသည်။
သို့သော် နတ်သားရဲအသား၏စျေးနှုန်းသည်လည်း သာမန်အသားထက် ပိုများသည်။
အနိမ့်ဆုံးအဆင့် နတ်သားရဲအသား၏ ကီလိုဝက်စျေးနှုန်းသည် ဝိညာဉ်ဒင်္ဂါး ၁၀၀၀ အထိ မြင့်မားသည်။ လင်းရှန်၏ လစဉ်ထောက်ပံ့ကြေးထက်ပင် ပိုနေသည်။ သူအနေနဲ့ မတတ်နိုင်ချေ။
“ငါ့မှာ ဝိညာဉ်သားရဲ အလုံအလောက်ရှိရင် ငါ့ရဲ့ ကြီးထွားနှုန်းက အနည်းဆုံး နှစ်ဆဖြစ်ရမှာ”
လင်းရှန်က သက်ပြင်းချလိုက်သည်။
ဆန်းစစ်ပြီးတဲ့နောက်မှာတော့ သူ၏ကိုယ်ပွါးများသည် အစာစားခြင်းဖြင့် သူခန္ဓာကိုယ်၏ အရှိန်ကိုမြန်ဆန်စေပြီး ကြီးထွားနှုန်းကို မြှင့်တင်နိုင်ကြောင်း တွေ့ရှိခဲ့သည်။
ထို့အပြင် သူ၏ကိုယ်ပွားများကို စုစည်းနိုင်ပြီး ယခုလုပ်သကဲ့သို့ ၎င်းတို့၏ လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်သည်။
ကိုယ်ပွားများသည် သူနှင့် တူညီသည်သာမက ၎င်းတို့၏ ခွန်အားမှာလည်း သူနှင့် အတူတူပင်။
သို့သော် ကိုယ်ပွါးများသည် အကန့်အသတ်ဘောင်အတွင်းသာ ရှိနေနိုင်သည်။
ကိုယ်ပွါးများသည် လင်းရှန်နှင့် မီတာ (၃၀)အတွင်း ရှိနေသောအခါတွင် စွမ်းအင်ကို အသုံးပြုစရာမလိုဘဲ အချိန်အကြာကြီး တည်ရှိနေနိုင်သည်။
ထိုအကွာအဝေးကို သုံးစွဲမှု သုည အကွာအဝေးဟု ခေါ်သည်။
ကိုယ်ပွားများသည် ထိုထက်ပို၍ ရွေ့လျာသွားသည်နှင့် ၎င်းတို့၏ တည်ရှိမှုသည် လင်းရှန်၏ ခံနိုင်ရည်အားကို သုံးစွဲရန် လိုလာသည်။
လင်းရှန်သည် ယခင်က စမ်းသပ်ခဲ့ဖူးသည်။ သူနှင့် မီတာ (၁၅၀) အကွာအဝေးတွင် အများဆုံး မိနစ်ဝက်ခန့်သာနေနိုင်သည်။ ထို့ထက် ဝေးပါက သူသည် မောပန်းနွမ်းနယ်နေပြီး တည်ရှိမှုကို ဆက်လက်ထိန်းထားနိုင်တော့မည်မဟုတ်ပေ။
အရေအတွက် နှစ်ခုအထိ တိုးလာပါက ကြာချိန်ကို ထက်ဝက်ထိ လျှော့ချသွားသည်။
ဒါကို လင်းရှန်က စိတ်ပျက်မိသည်။
ဒီစနစ်ကို သူပထမဆုံးရှာတွေ့တုန်းက အိမ်မှာနေပြီး မိုင်ထောင်ချီအဝေးမှာရှိတဲ့ ကိုယ်ပွါးတွေကို ထိန်းချုပ်ဖို့ အိပ်မက်မက်ခဲ့သည်။
ကြည့်လိုက်ရင် ဒါဟာ စိတ်ကူးယဉ်သက်သက်ပင်။
မီတာ (၃၀) အချင်းဝက်တွင်ပင် သူ၏ကိုယ်ပွားများသည် တိုက်ခန်းအဆောက်အအုံ တည်ရှိရာ အကွက်များမှပင် မထွက်နိုင်တော့ပေ။
“ငါသာ သုံးစွဲမှုသုညအကွာအဝေးကို တိုးနိုင်ရင်”
လင်းရှန်က ရေရွတ်လိုက်သည်။ ထို့နောက် သူသည် ကိုယ်ပွားတစ်ဦးကို ဆင့်ခေါ်ကာ လမ်းလျှောက်ရန် တိုက်ခန်းမှ ထွက်ခွာသွားခဲ့သည်။
သို့သော် သူသည် ခြားနားသောအရာတစ်ခုကို ချက်ချင်းရှာဖွေတွေ့ရှိခဲ့သည်။
သုံးစွဲမှုသုညအကွာအဝေးသည် (၄၀)မီတာအထိ တိုးလာခဲ့သည်။
လင်းရှန်သည် အလွန်ပျော်ရွှင်စွာဖြင့် သူ၏စမ်းသပ်မှုကို စတင်ခဲ့သည်။
“သုံးစွဲမှုအကွာအဝေးက(၄၀)မီတာအထိ တိုးမြှင့်လားပြီး မိနစ်ဝက် အကွာအဝေး ကလည်း မီတာ (၂၀၀)အထိ တိုးလာခဲ့တယ်”
လင်းရှန်သည် အကြာကြီးမတွေးဘဲ အကြောင်းပြချက်ကို လျင်မြန်စွာ နားလည် လိုက်သည်။
အရင်နှင့်မတူသည့် တစ်ခုတည်းသော အရာမှာချီအသွင်ပြောင်းခြင်း အဆင့် စတုတ္ထအဆင့်သို့ ဖြတ်ကျော်သွားခြင်းကြောင့် ဖြစ်သည်။
တိုးပွားလာမှုသည် ကိုယ်ပွါး၏ သုံးစွဲမှု သုညအကွာအဝေးကို တိုးလာစေနိုင်သည်။
သုံးစွဲမှုသုညအကွာအဝေးက ပိုတိုးလာလည်း စွမ်းအင်သုံးစွဲမှုသည် တူညီသည်။ သူ၏အဆင့် တိုးလာသည်နှင့်အမျှ ကိုယ်ပွါး၏လုပ်ဆောင်ချက်ကြာချိန်နှင့် အကွာအဝေးသည် သဘာဝအတိုင်း တိုးလာမည်ဖြစ်သည်။
ရှာဖွေတွေ့ရှိမှုက လင်းရှန်ကို အံ့အားသင့်စေခဲ့သည်။
ဤနည်းဖြင့် သူ၏ ခွန်အားများ တိုးလာတာနှင့်အမျှ သူ၏ ကိုယ်ပွားများသည် ကျယ်ပြန့်သော အကွာအဝေးအတွင်း လွတ်လပ်စွာ လှုပ်ရှားနိုင်မည်ဖြစ်သည်။
ထိုအခါ မိုင်ထောင်ပေါင်းများစွာအဝေးမှ ကိူယ်ပွါးများကို ထိန်းချုပ်ခြင်းသည် အိပ်မက်မဟုတ်တော့ချေ။
ခဏအကြာတွင် လင်းရှန်သည် အံ့သြမှင်သက်နေရာမှ ပြန်လည်အသိဝင်လာသည်။ ခဏလောက်စဉ်းစားပြီး အစီအစဥ်တစ်ခု အမြန်ထွက်လာသည်။
တတိယကိုယ်ပွါးပုံသဏ္ဍာန်မပေါ်ပေါက်မီ ကျင့်ကြံမှုကို တိုးမြှင့်ဖို့ အထိရောက်ဆုံး နည်းလမ်းမှာ ဝိညာဉ်သားရဲအသားကိုစားရန်ဖြစ်သည်။
ဝိညာဉ်သားရဲအသားဝယ်ချင်ရင် သူ့မှာ ပိုက်ဆံအလုံအလောက်ရှိရမည်။
လင်းရှန်သည် လူမှုဖူလုံရေးကျောင်းတွင် ကြီးပြင်းခဲ့ပြီး လစဉ်ထောက်ပံ့ကြေးကို ရရှိသည်။
သို့သော် ထိုငွေအနည်းငယ်သည် သူ၏နေ့စဉ်အသုံးစရိတ်များကိုသာ ဖြည့်ဆည်း ပေးနိုင်သည် ။ ဝိညာဉ်သားရဲအသားဝယ်ရန် အပိုငွေမရှိပေ။
သူသည် ဝိညာဉ်သားရဲအသားကို စားလိုပါက အခြားနည်းလမ်းကို စဉ်းစားရပေမည်။
“ကြည့်ရတာ ပိုက်ဆံရှာဖို့ နည်းလမ်းတစ်ခု စဉ်းစားရတော့မယ်”
...
နောက်နေ့မနက်စောစောမှာတော့
လင်းရှန်သည် မိုးမခသင်တန်းကျောင်းသို့ ပုံမှန်အတိုင်း လာခဲ့သည်။
အတန်းမစသေးတော့ စာသင်ခန်းက ကမောက်ကမ ဖြစ်နေသည်။ ကျောင်းသား တော်တော်များများက လှည့်ပတ်သွားလာနေကြပြီး ဈေးကဲ့သို့ ဆူညံနေသည်။
လင်းရှန်က သူ့ထိုင်ခုံကို လှည့်လာပြီး အိမ်စာတွေ ကူးရင်း အလုပ်ရှုပ်နေတဲ့ သူ့အတန်းဖော် ကျန်ဟုန်ရှန်ကို တွေ့လိုက်သည်။
နဂါးမြို့တော်သည် ကိုယ်ခံပညာကို တန်ဖိုးထားသော်လည်း အခြားသင်တန်းများကို လျစ်လျူမရှုခဲ့ချေ။ ကျောင်းသားများသည် ကျောင်းတွင် သင်တန်းမျိုးစုံကို သင်ယူခဲ့ရသည်။
နောက်ဆုံးတွင် လူအများစုသည် ကျင့်ကြံသူဖြစ်လာရန် အခွင့်အလမ်းမရှိပေ။ သူတို့သည် ရုံးဝန်ထမ်းသာဖြစ်လာနိုင်တာကြောင့် သက်ဆိုင်ရာ အခြေခံ ဗဟုသုတကို သင်ယူရန် လိုအပ်သေးသည်။
“သူက မင်းဆီက ကူးနေသေးတာလား”
လင်းရှန်က ပြုံးပြီး သူ့ရှေ့မှာထိုင်နေတဲ့ ရှုယွမ်ကို မေးလိုက်သည်။
ရှုယွမ်က လှည့်ကြည့်ပြီး ပခုံးတွန့်လိုက်သည်။ “ငါ့မှာ ရွေးချယ်စရာမရှိတော့ဘူး။ သူက ငါ့လက်ကို ကိုင်ထားပြီး မနက်အစောကြီးကတည်းက တောင်းပန်နေတာ။ ငါသည်းမခံနိုင်တော့လို့ကူးခိုင်းလိုက်တာ”
လင်းရှန်က ဘာမှ မပြောဘဲ ပြုံးလိုက်သည်။ သူက ကျောပိုးအိတ်ကို ချလိုက်ပြီး ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။
အလားတူ အဖြစ်အပျက်တွေ နေ့တိုင်း ဖြစ်ပျက်ခဲ့ပြီး သူ ဒါကို ကျင့်သုံးခဲ့တယ်။
“အဲ့တာတွေ ပြောမနေနဲ့။ အတန်းပြီးရင် နေ့လည်စာသွားဝယ်မယ်” ကျန်ဟုန်ရှန်က မော့မကြည့်ဘဲ ဆက်ရေးနေသည်။ “မနေ့ညက လေ့ကျင့်ရတာ အရမ်းပင်ပန်းနေတော့ အိမ်စာလုပ်ဖို့ အချိန်မရှိဘူး”
ရှုယွမ်က မျက်လုံးပြူးသွားသည်။
“မိုက်တဲ့ကောင်..မင်းအကြောင်းကို ငါကောင်းကောင်းသိတယ်။ လင်းရှန်လည်း တစ်ညလုံး လေ့ကျင့်ခဲ့တာပဲ။ မင်းပြောတာကို ငါယုံရမှာလား။ မင်း ဂိမ်းဆော့နေတာပဲ ဖြစ်မှာ။
ကျန်ဟုန်ရှန်က တခစ်ခစ်ရယ်ပြီး ငြင်းဆိုခြင်းမရှိပေ။ ရှုယွမ်ပြောတာ မှန်တယ် ဆိုတာ သိသာသည်။
ခေါင်းလောင်းသံကြားတော့ ဆရာမက စာသင်ခန်းထဲကို ဝင်လာသည်။ နောက်ဆုံးတော့ ကျန်ဟုန်ရှန်သည် သူ၏အိမ်စာများကို ကူးယူပြီးသွားတာကြောင့် သက်ပြင်းချလိုက်သည်။
မနက်ပိုင်းအတန်းတွေက ပျင်းစရာကောင်းတဲ့အတန်းတွေပင်။ စာသင်ချိန် လေးကြိမ် ပြီးသောအခါ ကျောင်းသားအများစုမှာ အိပ်ငိုက်နေပြီဖြစ်သည်။
သို့သော် ခေါင်းလောင်းသံကြားသည်နှင့် ဆရာက အတန်းပြီးဆုံးကြောင်း ကြေညာသည်။ လူတိုင်းသည် ချက်ချင်းပင် လန်းဆန်းကုန်ပြီး စာသင်ခန်းထဲမှ စားသောက်ခန်းဆီသို့ ပြေးသွားကြသည်။
ကိုယ်ခံပညာကို လေ့ကျင့်တဲ့ ကျောင်းသားအများစုဟာ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းသည်။ နေ့ခင်းဘက်မှာတော့ ကျောင်းသား တော်တော်များများ ဆာနေကြပြီပင်။
လင်းရှန်လည်း ထိုနည်း၎င်းပင် ။ သူသည် ရှုယွမ်၊ ကျန်ဟုန်ရှန်တို့နှင့်အတူ ကန်တင်းသို့ အမြန်သွားခဲ့သည်။
မိုးမခသင်တန်းကျောက်းတွင် နေ့လည်စာအား ဘူဖေးပုံစံဖြင့် ပြုလုပ်ထားပြီး ကုန်ကျစရိတ်မှာ ကျူရှင်ခတွင် ပါဝင်ပြီးသားဖြစ်သည်။
လူမှုဖူလုံရေးကျောင်းမှ လာသော လင်းရှန်ကဲ့သို့သော ကျောင်းသားများအတွက် ကျောင်းလခကို ဂိုဏ်းသုံးခုစီရင်စုမှ ကျခံပေးသောကြောင့် ဤနေ့လယ်စာသည် သူ့အတွက် အခမဲ့ဖြစ်သည်။
လင်းရှန်အနေနဲ့ သူစားချင်သလောက် စားနိုင်သည့် အချိန်အနည်းငယ်ထဲမှ တစ်ခုလည်း ဖြစ်သည်။
ဤရှုထောင့်မှကြည့်လျှင် နဂါးမြို့တော်သည် လူသားဆန်သောပုံစံဖြင့် လည်ပတ်ခဲ့သည်။
အုပ်စိုးသူလူတန်းစားဖြစ်သော အဓိကဂိုဏ်းကြီးသုံးခုစလုံးသည် ရိုးဖြောင့်သော အင်အားစုများဖြစ်သောကြောင့် ၎င်းတို့၏ပုံစံသည် နူးညံ့သိမ်မွေ့သည်။
မိစ္ဆာဒိဌိဂိုဏ်းများကတော့ ဆန့်ကျင်ဘက်ဖြစ်သည်။ သူတို့အုပ်ချုပ်တဲ့မြို့တွေမှာ နေရေးထိုင်ရေးက အလွန်ကြမ်းတမ်းပြီး ပြည်သူတွေလည်း ဒုက္ခရောက်ကြသည်။
ဥပမာအားဖြင့် သွေးပင်လယ်ဂိုဏ်း၏ စီရင်
ပိုင်ခွင့်အောက်တွင်ရှိသော ပင်လယ်ပြင်စောင့်ကြပ်ရေးမြို့တွင် ဥပဒေများသည် အလွန်တင်းကြပ်ပြီး သေဒဏ်ပေးခြင်းများကို တစ်ချိန်လုံးဆောင်ရွက်သည်ဟု ဆိုကြသည်။
သေဒဏ်ချမှတ်ခံရသော ရာဇ၀တ်ကောင်
များကို ရန်သူများကို တိုက်ခိုက်ရာတွင် အသုံးပြုမည့် သွေးဝိညာဉ်များပြုလုပ်ရာတွင် သုံးကြသည်။ သူတို့ရဲ့နည်းလမ်းတွေက အလွန်ရက်စက်ကြမ်းကြုတ်သည်။
လင်းရှန်သည် နဂါးမြို့တော်သို့ ပြောင်းရွှေ့လာမိသည့်အတွက် ဝမ်းသာမိသည်။
အဲ့ဒီအစား သူသည် ပင်လယ်ပြင် စောင့်ကြပ်ရေးမြို့သို့ သွားပါက ယခုအချိန်တွင် ဝေဒနာကို ခံစားနေရပေလိမ့်မည်။