← Chapters

ကျင့်ကြံခြင်းသင်ခန်းစာ

Vol. 1 Ch. 4

ကျင့်ကြံခြင်းသင်ခန်းစာ

Vol. 1 Ch. 4

နေ့ခင်းဘက်တွင် ကျင့်ကြံမှုအတန်းများ ပါ၀င်ပြီး ကျောင်းသားများသည် နံနက်ခင်းထက် ပို၍ စိတ်အားထက်သန်ကြသည်။

နောက်ဆုံးစာမေးပွဲမှာ မပါဝင်နိုင်ကြရင်တောင်

ပျင်းစရာကောင်းသော ယဉ်ကျေးမှုဆိုင်ရာ အသိပညာနှင့် နှိုင်းယှဉ်ပါက ကျောင်းသားအများစုသည် ကျင့်ကြံမှုအပေါ် ပိုမိုစိတ်ဝင်စားခဲ့ကြသည်။

ကျင့်ကြံမှုတွင် စုစုပေါင်းအတန်း သုံးခုရှိပြီး အဓိကဂိုဏ်းကြီးသုံးခု၏ အခြေခံ ကျင့်ကြံနည်းစနစ်များကိုသင်ပေးသည်။

နေကိုးစင်းဂိုဏ်း၏ နေမီးတောက်လက်ဝါး

ပြင်းထန်သော ရေလှိုင်းဂိုဏ်း၏မြင့်မားသောလှိုင်းများ။

မြစိမ်းရောင်ဆီးနှင်းဂိုဏ်း၏ ကြောင်မြီးသစ်ခွ လက်ဝါး

ကျင့်ကြံနည်းစနစ်အရ ကျောင်းသားများသည် သင်တန်း သုံးခုထဲမှ တစ်ခုကိုသာ ရွေးချယ်နိုင်သည်။

ကျန်ဟုန်ရှန်၊ ရှုယွမ်နှင့် လင်းရှန်တို့သည် နေမီးတောက်လက်ဝါးကို လေ့ကျင့်ခဲ့ကြသောကြောင့် ၎င်းတို့ သုံးဦးသည် တူညီသောအတန်းကို တက်ရောက်ခဲ့ကြသည်။

ကျယ်ဝန်းပြီး တောက်ပတဲ့ အားကစားကွင်းထဲမှာတော့

ကျောင်းသားများသည် လူစုခွဲကာ နေမီးတောက်လက်ဝါးကို လေ့ကျင့်ရန် အာရုံစိုက်ခဲ့ကြသည်။ နည်းပြရဲ့ ညွှန်ကြားချက်ကို လိုက်နာကြရသည်။

နည်းပြဆရာ ခုံဟုန်သည် လူအုပ်ထဲတွင် အပြန်ပြန်အလှန်လှန် သွားကာ ကျောင်းသားများ၏ အမှားများကို အခါအားလျော်စွာ လမ်းညွှန်ပေးရင်း ပြုပြင်ပေးနေသည်။

“ကြမ်းတမ်းတဲ့ စွမ်းအားကို မသုံးကြနဲ့၊ မင်းတို့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ခံစားပြီး လိုအပ်သလိုပြုပြင်ကြ”

“မင်းတို့ရဲ့လက်၊ ရင်ဘတ်၊ ခါး၊ ဝမ်းဗိုက်၊ ပေါင်နဲ့ ခန္ဓာကိုယ်မှာရှိတဲ့ တခြားကြွက်သားတွေတောင် အားစိုက်ထုတ်ရာမှာ ပါဝင်ရမယ်”

“မင်းတို့ရဲ့ အနှစ်သာရနဲ့ သွေးတွေကို နည်းစနစ်မှာ ပေါင်းစပ်နိုင်တဲ့အခါ မင်းတို့ရဲ့လက်လှုပ်ရှားမှုက တောက်လောင်နေတဲ့ အနီရောင်အပူလှိုင်းကို ဖန်တီးပေးပြီး မင်းတို့က ဒီနည်းစနစ်ကို ကျွမ်းကျင်လာမယ်”

ကျန်ဟုန်ရှန်နှင့် ရှုယွမ်တို့သည် နှုတ်ခမ်းများကို ကွေးညွတ်လိုက်ကြသည်။

ဆရာကြီးပါလား?

သြဇာကြီးမားသော မိသားစုများ၏ သားသမီးများအပြင် မိုးမခသင်တန်းကျောင်းမှ လူအနည်းငယ်သည်လည်း နေမီးတောက်လက်ဝါးကို ကျွမ်းကျင်အဆင့်သို့ ရောက်နိုင်သည်။

လင်းရှန်က သူတို့ရဲ့ တုံ့ပြန်မှုတွေကို ဂရုမစိုက်ချေ။ သူသည် နေမီးတောက်လက်ဝါး ကို အာရုံစိုက်ခဲ့ပြီး သူ့ကိုယ်ပိုင်ကမ္ဘာတွင် လုံးလုံးနှစ်မြှုပ်နေခဲ့သည်။

မူလအသက်ရှူခြင်းနည်းစနစ်ကဲ့သိုပင် နေမီးတောက်လက်ဝါးသည် ခန္ဓာကိုယ်ကို တိုးထွက်လာစေသည်။

နည်းစနစ်နှစ်ခုသည် မတူညီသောနည်းလမ်းများဖြင့် လုပ်ဆောင်ကြသည်။ နေမီးတောက်လက်ဝါးကို တိုက်ပွဲများတွင် ပိုမိုအသုံးပြုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ ပြင်းထန်မှုသည် မူလအသက်ရှူခြင်းနည်းစနစ်ကဲ့သို့ သိသာခြင်းမရှိသောကြောင့်ဖြစ်သည်။

ထို့အတွက်ကြောင့်လင်းရှန်သည် သူ့၏ စွမ်းအင်အများစုကို မူလအသက်ရှူခြင်း နည်းစနစ်ကို ကျင့်ကြံဖို့သုံးစွဲခဲ့ပြီး နေမီးတောက်လက်ဝါးမှာတော့ အစပြုသူအဆင့်သို့သာ ရောက်ရှိခဲ့သည်။

သို့သော်လည်း ဤသည်မှာ ကျောင်းသားအများစုအတွက် စံတစ်ခုလည်းဖြစ်သည်။

ဝူး ဝူး

လှုပ်ရှားနေသော လက်သီးများသည် အားကစားကွင်းအတွင်း လေချွန်သံများကဲ့သို့ ထွက်ပေါ်နေပြီး တစ်ခါတစ်ရံ လေထုကြီး ကွဲသွားသလို ခံစားရသည်။

ခုံဟုန်သည် လူအုပ်ထဲသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး သူ့မျက်လုံးများက လူအုပ်ကို ပတ်ကြည့်နေသည်။

ရုတ်တရက်

သူ့အကြည့်တွေက ရပ်တန့်သွားပြီး ခြေလှမ်းအနည်းငယ်အကွာမှာရှိတဲ့ လင်းရှန်ဆီကို ရောက်သွားသည်။ ခုံဟုနါက တိုးညှင်းစွာ အော်လိုက်သည်။

“ချီအသွင်ပြောင်းခြင်း အဆင့် (၄)”

ကြာရှည်စွာအသက်ရှုခြင်းအဆင့်ရောက်နေသော ဆရာတစ်ဦးအနေဖြင့်ခုံဟုန်၏ အကဲဖြတ်မှုကို လျှော့မတွက်သင့်ပေ။

လင်းရှန်၏ သိမ်မွေ့သော လှုပ်ရှားမှုများအရ လင်းရှန်ခန္ဓာကိုယ်သည် ချီအသွင်ပြောင်းခြင်း စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီဟု ပြောနိုင်သည်။

“ လင်းရှန်က မနေ့က တတိယအဆင့်ပဲရှိပါသေးတယ်... “ ခုံဟုန်က အံ့သြသွားပုံရသည်။

ထိုအချိန်တွင် လင်းရှန်သည် လက်ဖဝါးနည်းစနစ်ကို ပြီးမြောက်နေပြီဖြစ်သည်။ သူ့အပေါ်ပိုင်းသည် ချွေးများဖြင့် ရွှဲနေပြီး သူ၏ လည်ပင်းနှင့် လက်မောင်းတို့မှ အဖြူရောင်အငွေ့များ ထွက်လာသည်။

သူက စနစ်မျက်နှာပြင်ကို ဆင့်ခေါ်လိုက်တဲ့အခါ နေမီးတောက်လက်ဝါး၏ တိုးတက်မှုသည် အစပြုသူအဆင့် ၇၅%တွင်သာ ရှိနေဆဲဖြစ်ကြောင်း သိလိုက်ရသည်။ ဒါက တိုးတက်လာတာ မရှိချေ။

လင်းရှန်က စိတ်ဓာတ်မကျချေ။

သူ၏အတိတ်အတွေ့အကြုံအရ

၁% တိုးရန် ပျမ်းမျှအားဖြင့် လက်ဖဝါးနည်းစနစ် ခြောက်စုံမှ ခုနစ်စုံအထိ လေ့ကျင့်ရသည်။

၎င်းသည် သူ၏ကိုယ်ပွားများထက် အဆပေါင်းများစွာ နှေးသော်လည်း သူသည် သူ၏နေ့စဉ်ကျင့်ကြံမှုကို ဘယ်သောအခါမှ မလျော့ခဲ့ချေ။

အသေးငယ်ဆုံးသော အားထုတ်မှုကိုပင် မှတ်သားထားသည်။ သူက သိပ်ပြီး အရည်အချင်းမရှိပေမယ့် လေ့ကျင့်နေသရွေ့တော့ အဆုံးမှာ တိုးတက်လာမှာပင်။

“မနေ့ညက အောင်မြင်မှုတစ်ခုရခဲ့တာလား”

နူးညံ့သိမ်မွေ့သောအသံကိုကြားတော့ လင်းရှန်က လှည့်ကြည့်လိုက်ပြီး ခုံဟုန်က သူ့ကို ပြုံးပြုံးရွှင်ရွှင်နှင့် ကြည့်နေသည်။

“ဟုတ်တယ် မစ္စတာခုံ” လင်းရှန်က ခေါင်းညိတ်လိုက်သည်။

ဒါကိုကြားတော့ ခုံဟုန်ရဲ့ မျက်နှာပေါ်က အပြုံးက လင်းလက်လာပြီး လင်းရှန် ပုခုံးကို ပုတ်လိုက်သည်။

“ကောင်းလိုက်တာ၊ အလုပ်ကို ဆက်လုပ်”

သြဇာရှိသောမိသားစုများမှ တပည့်များအပြင် ချီအသွင်ပြောင်းခြင်း စတုတ္ထအဆင့်ရှိသူတစ်ဦးသည် သာမန်ကျောင်းသားများကြားတွင် ထူးချွန်သူဖြစ်သည်။

လင်းရှန်သည် လူမှုဖူလုံရေးကျောင်းမှ မိဘမဲ့တစ်ဦးဖြစ်ကြောင်းခုံဟုန် သိသည်။ ထိုကလေးငယ်သည် ဆင်းရဲနွမ်းပါးပြီး ကျင့်ကြံမှုအရင်းအမြစ်များ မရှိသလောက်ပင် ဖြစ်သည်။ သူ၏ ဇွဲလုံ့လနှင့် ကြိုးစားအားထုတ်မှုသည် ယခုအချိန်အထိ ရှားပါးလွန်းလှသည်။

လင်းရှန်အား အားပေးစကားအနည်းငယ်ပြောပြီးနောက် ခုံဟုန်သည် လှည့်ပတ်ကြည့်မှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

သူထွက်သွားသည်နှင့် တပြိုင်နက် ဍကျမ်ဟုန်ရှန်နှင့် ရှုယွမ်တို့သည် အပြေးအလွှား ပြေးလာကြပြီး သူတို့၏ မျက်နှာများသည် အံ့သြခြင်းများဖြင့် ပြည့်နှက်နေသည်။

“ဒါက အရမ်းမိုက်တာပဲ၊ လင်းရွှမ်

မင်းက ချီအသွင်ပြောင်းခြင်း အဆင့် စတုတ္ထအဆင့်ကို ရောက်သွားပြီ”

ရှုယွမ်မျက်လုံးများမှ မနာလိူမှုကိုတော့ မဖုံးကွယ်နိုင်ပေ။

သာမာန်ကျောင်းသားတွေအတွက်တော့ ဒါဟာ အထင်ကြီးလောက်စရာ အောင်မြင်မှုတစ်ခု ဖြစ်သည်။

သူတို့၏အတန်းတစ်ခုလုံးတွင် ချီအသွင်ပြောင်း ခြင်း စတုတ္ထအဆင့်သို့ရောက်ရှိသွားသောလူ ငါးဦး သို့မဟုတ် ခြောက်ဦးသာရှိသည်။

သူတို့၏ မနာလိုပြီး အံ့သြနေသော အကြည့်များကို မြင်လိုက်ရတော့ လင်းရှန်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည် ။

“ငါမှာ လုပ်စရာတွေ အများကြီးရှိသေးတယ်”

သူ၏အနာဂတ်မျှော်လင့်ချက်နှင့် နှိုင်းယှဉ်ပါက ဤအောင်မြင်မှုသည် သေးငယ်သောတိုးတက်မှုတစ်ခုမျှသာဖြစ်သည်။

လင်းရှန်ပြောသမျှ စကားလုံးတိုင်းကအဓိပ္ပါယ်ရှိပေမယ့် ရှုယွမ်နဲ့ ကျန်ဟုန်ရှန်က နှိမ့်ချနေတယ်လို့သာ တွေးပြီး အလေးအနက်မထားခဲ့ချေ။

“ငါ ပိုကြိုးစားရမယ်။ စာမေးပွဲမဖြေခင် ချီအသွင်ပြောင်းခြင်း စတုတ္ထအဆင့်ကို ဖြတ်ကျော်ရမှာ” ရှုယွမ်က လေးနက်စွာပြောသည်။

သူသည် လင်းရှန်ထက် များစွာ ထူးချွန်သည်ဟု ယုံကြည်ခဲ့သည်။ လင်းရှန်တောင် စတုတ္ထအဆင့်ကို မြန်မြန်ဆန်ဆန် ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် သူလည်း သေချာပေါက် လုပ်နိုင်မည်ပင်။

ကျန်ဟုန်ရှန်၏ မျက်လုံးများကတော့ မှိတ်တုတ်မှိတ်တုတ်ပင်။

သူတို့သုံးယောက်လုံး တတိယအဆင့်

ရောက်တဲ့အခါ အားလုံးအဆင်ပြေကြသည်။ သူတို့ထဲက ဘယ်သူကမှ ပိုမသာပေ။

ယခု လင်းရှန်က ရှေ့တစ်လှမ်းတိုးလာသောကြောင့် ကျန်နှစ်ယောက်သည် ချက်ချင်းပင် အပြိုင်အဆိုင်ဖြစ်လာသည်။

ထိုလူသုံးယောက်ထဲတွင် ကျန်ဟုန်ရှန်သည် အရည်အချင်းအရှိဆုံးဖြစ်သည်။ ရှုယွမ်နဲ့ လင်းရှန်တို့လိုသာ တတိယအဆင့်ကို ကြိုစားအားစိုက်ထုတ်မှသာဆို သူရောက်ရှိမှာ မဟုတ်ချေ။

လင်းရှန်လို လုံ့လစိုက်ထုတ်ရင် မကြာခင် စတုတ္ထအဆင့် ဒါမှမဟုတ် လင်းရှန်ကိုတောင် ကျော်သွားလိမ့်မည်ဟု သူယုံကြည်ခဲ့သည်။

သူတို့၏ အမူအရာ အပြောင်းအလဲများကို မြင်တော့ လင်းရှန်သည် သူတို့ တွေးနေပုံကို ချက်ချင်း မှန်းဆနိုင်ခဲ့သော်လည်း သူက ဂရုမစိုက်ပေ။

သူတို့ စကားစမြည်ပြောနေကြစဉ် ကိုယ်ပွားနှစ်ခုက သူ့စိတ်ထဲမှာ ကြီးထွားလာနေသည်။

သူ၏ကိုယ်ပွားများနှင့်အတူ သူ၏ ကျင့်ကြံမှုစွမ်းရည်သည် သာမန်လူများ၏ စိတ်ကူးထက်ကျော်လွန်သည့် အဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

အတန်းပြီးခါနီးတွင် ခုံဟုန်က ကျောင်းသားများ၏ အာရုံကိုဖမ်းစားရန် လက်ခုပ်တီးသည်။

“ကောင်းပြီ၊ ခဏရပ်ပြီး ဒီကိုလာ”

ကျောင်းသားတွေ တန်းစီပြီးတဲ့အခါ ခုံဟုန်က သူ့လည်ချောင်းကို ရှင်းထုတ်ပြီး အသံထွက်လာသည်။

“ငါ့မှာ ကြေငြာစရာတစ်ခုရှိတယ်။ နောက်လ (၁၅)ရက်နေ့မှာတော့ ကျောင်းမှာ ပြိုင်ပွဲတစ်ခုကျင်းပတော့မယ်။ တတိယနှစ်ကျောင်းသားတွေကိုပဲ စာရင်းသွင်းခွင့်ပြုထားတယ်။ ထိပ်တန်းဆယ်ယောက်ဝင်တဲ့ ကျောင်းသားတွေက ကြီးကြီးမားမား ဆုလက်ဆောင်တွေ ရကြလိမ့်မယ်။”

ဒီလိုပြောပြီးတာနဲ့ ကျောင်းသားတွေကြားမှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။

တစ်ယောက်ယောက်က ချက်ချင်းလက်ကိုမြှောက်ပြီး “ဆရာ ဘာဆုလဲ” ဟု မေးလိုက်သည်။

ခုံဟုန်က သူတို့ကို ရိုးရိုးရှင်းရှင်းပဲ ပြောသည် ။

“ပထမဆုအတွက် မူလဆေးလုံးတစ်ပုလင်း၊ ဒုတိယနေရာကနေ စတုတ္ထနေရာအတွက်ကဆေးခြောက်လုံး၊ ပဉ္စမကနေ ဒသမအထိက ဆေးသုံးလုံး”

လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

“မူလဆေးလုံး”

“ကျောင်းက အရမ်းရက်ရောတာပဲ”

“ဘယ်လောက် ကြီးကျယ်ခမ်းနားတဲ့ ဆုလာဘ်လဲ”

ကျောင်းသားများစွာ၏ မျက်လုံးများ တောက်ပလာသည်။

လင်းရှန်၏ နှလုံးက တော်တော် ခုန်သွားသည်။

ထိုဆေးလုံးသည် မူလအသက်ရှူခြင်းနည်းစနစ်ကို ပြုစုပျိုးထောင်ရာတွင် အထောက်အကူဖြစ်စေသော ဆေးတစ်မျိုးဖြစ်သည်ဟု အကြံပြုထားကြသည်။ ၎င်းသည် ကျင့်ကြံမှုကို လွန်စွာ တိုးမြင့်စေပြီး ခန္ဓာကိုယ်တောင့်တင်းဖို့ ကူညီပေးနိုင်သည်။

အဆင့်နိမ့်ဆေးတစ်လုံးမျှသာဖြစ်သော်လည်းသာမန်လူများအတွက် ဇိမ်ခံပစ္စည်းတစ်ခုဖြစ်သည်။

စျေးကွက်ရှိ မူလဆေးလုံးစျေးနှုန်းမှာ ဆေးတစ်လုံးလျှင် ဝိညာဉ်ဒင်္ဂါး ၅၀၀၀ဖြစ်ပြီး သာမန်ရုံးဝန်ထမ်းတစ်ဦး၏ လစဉ်ဝင်ငွေထက် ပိုမိုများပြားသည်။လင်းရှန်၏ လစဉ်

ထောက်ပံ့ကြေးမှာ ဝိညာဉ်ဒင်္ဂါး (၈၀၀)သာ ဖြစ်သည်။

တစ်ပုလင်းတွင် ဆေးလုံး၁၂ လုံးပါရှိပြီး ဝိညာဉ်ဒင်္ဂါး ၆၀၀၀၀ တန်ကြေးရှိသည်။ ဒီကကျောင်းသူကျောင်းသားတွေအတွက်တော့ ဒါဟာ ကြီးမားတဲ့ငွေပမာဏပင်

ချမ်းသာသောမိသားစုမှ ဆင်းသက်လာသော ကျန်ဟုန်ရှန်ပင်လျှင် ဆုငွေ၏ အကြောင်းအရာများကို ကြားလိုက်ရသောအခါ တက်ကြွသွားသည်။

သို့သော် မကြာမီမှာပင် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်သည်။

“ဆုလာဘ်တွေက ရက်ရောတယ် ဆိုပေမယ့် ထိပ်တန်းဆယ်ယောက်ဖြစ်လာဖို့က ပြောရတာက ပိုလွယ်တယ်။ ပတ်ဝန်းကျင်မှာသြဇာရှိတဲ့ မိသားစုတွေနဲ့ တပည့်တွေရှိနေတာ ငါတို့လို သာမာန်ကျောင်းသားတွေက ဘယ်လိုဆုတွေ ရနိုင်မှာလဲ”

“ဒါကတော့ သေချာပေါက်အမှန်ပဲ” ရှုယွမ်က အော်လိုက်သည်။ “ဒါပေမဲ့ ဒီကောင်တွေက ဒီလိုအသေးအမွှားဆုလာဘ်ကို ဘယ်လိုဂရုစိုက်ကြမလဲ။ ငယ်ငယ်ကတည်းက မရေမတွက်နိုင်တဲ့ မူလဆေးလုံးတွေ စားဖူးတယ်

လေ။ ဒီပြိုင်ပွဲမှာ မပါဝင်လောက်ဘူးထင်တယ်။”

“ဒါလည်း ဟုတ်တယ် ။ ဒီကောင်တွေက အမြဲတမ်း မာနကြီးတယ်... ဒါတောင်မှ တတိယနှစ်မှာ အရည်အချင်းရှိတဲ့ ကျောင်းသားတွေ အများကြီးရှိတယ်။ ငါတို့ ဆယ်ယောက်စာရင်းထဲကို ဝင်ဖို့ အခွင့်အလမ်းက အရမ်းနည်းတယ်။”

ဒီတစ်ခါတော့ ရှုယွမ်က ပြောစရာမရှိတော့ချေ။

သြဇာကြီးမားသော မိသားစုများ၏ တပည့်များမှလွဲ၍ မိုးမခသင်တန်းကျောင်း၏ တတိယနှစ်တွင် ဆယ်ယောက်စာရင်းဝင်သော လူများစွာရှိသည်။ အနည်းဆုံး ကျောင်းသား ခုနစ်ဦး သို့မဟုတ် ရှစ်ဦးသည် ချီအသွင်

ပြောင်းခြင်း ပဉ္စမအဆင့်နှင့် အထက်သို့ ရောက်ရှိခဲ့ကြသည်။ စတုတ္ထအဆင့်တွင် လူသုံးဆယ် သို့မဟုတ် လေးဆယ်လောက် ရှိသည်။ ရှုနှင့်ကျန်တို့သည် တတိယအဆင့်တွင်သာရှိကြပြီး ထိပ်တန်းဆယ်ယောက်သို့ ဝင်ရောက်ရန် မဖြစ်နိုင်သလောက်ပင်။

လင်းရှန်မှာတော့ မျှော်လင့်ချက်အချို့ရှိသော်လည်း အလွန်မမြင့်မားခဲ့ပေ။

“မူလဆေးလုံး...”

လင်းရှန်း၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်သွား၏

သေချာတာက ဤပြိုင်ပွဲသည် စာမေးပွဲမစမီ သင်တန်းကျောင်းမှ ဘွဲ့ရကျောင်းသားများအား ပေးသော နောက်ဆုံးအကျိုးကျေးဇူးဖြစ်ပြီး အထူးသဖြင့် သာမန်ကျောင်းသားများအတွက် ဖြစ်သည်။

စာမေးပွဲက နှစ်လပဲ လိုတော့သည်။ အကယ်၍ သူသည် မူလဆေးလုံးကို ရယူနိုင်ခဲ့ပါက အခြားအဆင့်သို့ ရောက်ရှိသွားနိုင်သည်။

ဒီပြိုင်ပွဲဟာ ရှားပါးတဲ့အခွင့်အရေးပင်။

လက်ရှိကျင့်ကြံမှု အရင်းအမြစ်များ ချို့တဲ့နေသော လင်းရှန်အတွက်တော့ ဤအချက်သည် ပို၍ပင် သေချာသည်။

“နောက်လ (၁၅)ရက်နေ့... တစ်လနီးပါးရှိသေးတယ်”

လင်းရှန်က သူ့နှုတ်ခမ်းတွေကို ပွတ်သပ်

လိုက်ပြီး သူ့မှာ အကြံအစည်ရှိနေပြီပင်။

ဘာပဲဖြစ်ဖြစ် သူသည် မူလဆေးလုံးကို ယူရမည်။

All Chapters