အသက်ရှုခြင်းနည်းစနစ် အထူးကျွမ်းကျင်ခြင်း
Vol. 1 Ch. 5
ကြေငြာပြီးနောက် ခုံဟုန်က ကျောင်းသားများကို သွားလို့ရပြီဖြစ်ကြောင်း သူ့လက်ကို ဝှေ့ယမ်းခဲ့သည်။
ကျန်ဟုန်ရှန်က လှည့်ကြည့်လိုက်ပြီး ရှုယွမ်နှင့် လင်းရှန်တို့ကို အော်လိုက်သည်။
“လာ၊ သွားစားရအောင်။ ဒီနေ့ ငါ့ ကျွေးရမဲ့ အလှည့်”
လင်းရှန်က ခေါင်းခါသည်။ “မင်းတို့ နှစ်
ယောက် အရင် သွားနှင့်။ ငါ ဆရာကို မေးစရာရှိသေးလို့”
သူတို့နှစ်ဦး၏ တုံ့ပြန်မှုကို မစောင့်ဘဲ ခုံဟုန်ဆီသို့ လျှောက်သွားတာကြောင့် ကျန်ဟုန်ရှန်နှင့် ရှုယွမ်တို့က ပဟေဠိဖြစ်ခဲ့ရသည်။
“ဆရာ”
အသံကိုကြားလို့ ခုံဟုန်က လှည့်ကြည့်
လိုက်တော့ လင်းရှန်ဖြစ်နေသည် ။ သူ့မျက်နှာတွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာသည်။
“ဘာလို့လဲ”
“ဆရာ၊ ကျောင်းသားတွေအတွက် သင့်တော်တဲ့ အချိန်ပိုင်းအလုပ်တွေ ရှိလားလို့ မေးချင်လို့ပါ”
ခုံဟုန်က သူပြောတာကို နားမလည်ဘဲ တစ်ခဏမျှ အံ့အားသင့်သွားသည်။
လင်းရှန်ကဲ့သို့ ကံမကောင်းသော ကျောင်းသားအများစုသည် ၎င်းတို့၏ ကျင့်ကြံမှုအရင်းအမြစ်များကို ကာမိစေရန်အတွက် အချိန်ပိုင်းအလုပ်လုပ်ကြသည်။ အရင်တုန်းကလည်း တော်တော်များများ ကြုံဖူးသည်။
ခုံဟုန်က သူတတ်နိုင်သလောက် ကျောင်းသားများကို ကူညီနေရတာကို အမြဲပျော်ရွှင်နေခဲ့သည်။
အရင်တုန်းက သူ့တပည့်တွေကို အချိန်ပိုင်းအလုပ်တွေ အများကြီး မိတ်ဆက်ပေးခဲ့ဖူးသည်။ လင်းရှန်သည် ဤအကြောင်းကိုကြားပြီး သူ့ဆီ အကူအညီတောင်းရန် လာခဲ့တာ ဖြစ်သည်။
“မနေ့ကသာ မင်းငါ့ကိုလာမေးရင် ငါမင်းကိုကူညီနိုင်မယ်မထင်ဘူး။ ဒါပေမယ့် အခုမင်းကစတုတ္ထအဆင့်ရောက်သွားပြီဆိုတော့ ပိုလွယ်သွားပြီ။ မင်းအတွက် အချိန်ပိုင်းအလုပ်တစ်ခုရသွားပြီ”
“အဲဒါဘာလဲ ဆရာ” လင်းရှန်က မေးသည်။
“ဆိတ်ငြိမ်သောနေမင်း ကိုယ်ခံပညာကျောင်းက လေ့ကျင့်ဖော်။”
လင်းရှန်တုံ့ဆိုင်းသွားသည်။
ဆိတ်ငြိမ်သောနေမင်းကိုယ်ခံပညာကျောင်း… မနေ့က လမ်းမှာ လက်ကမ်းကြော်ငြာတွေ ဝေပေးတဲ့ ကိုယ်ခံပညာကျောင်း မဟုတ်ဘူးလား။
“ဒါက ခက်ခဲတဲ့အလုပ်ဆိုပေမယ့် လစာကောင်းတယ်။” ခုံဟုန်သည် လင်းရှန်ကို လှမ်းကြည့်လိုက်သည်။ “ဒါပေမယ့် အဲ့ဒါက သင့်တော်တယ်လို့ မထင်ရင် တခြားပိုလွယ်တဲ့ အချိန်ပိုင်းအလုပ်တွေနဲ့ မိတ်ဆက်ပေးလို့ ရပါတယ်။”
သူပြောပြီးတာနဲ့ လင်းရှန်က မဆိုင်းမတွပြောသည် “ မစိုးရိမ်ပါနဲ့ ဆရာခုံ၊ လေ့ကျင့်ရေးတွဲဖက် အဆင်ပြေပါတယ်”
လွယ်တဲ့အလုပ်တွေက လစာ မကောင်းချေ။ အခုက ပိုက်ဆံအများကြီးလိုတော့ လစာပိုမြင့်တဲ့အလုပ်တစ်ခု လိုချင်မိသည်။
ခက်ခဲနိုင်ပေမယ့် တစ်နေ့ပြီးတစ်နေ့ ကျင့်ကြံရတာထက် ပိုခက်ခဲနိုင်ပါ့မလား
လင်းရှန်ဆုံးဖြတ်ချက်ကို မြင်တော့ခုံဟုန်က သဘောတူလိုက်သည်။ သူက ခေါင်းညိတ်ပြီး “ကောင်းပြီ၊ အဲ့တာဆို ဆိတ်ငြိမ်သောနေမင်းကိုယ်ခံပညာကျောင်းက အသိမိတ်ဆွေတွေနဲ့ စကားပြောလိုက်အုံးမယ်။ နောက်ရက်ဆို မင်း အလုပ်ဆင်းလို့ရပြီ”
“ကျေးဇူးတင်ပါတယ်ဆရာ”
…
အားကစားရုံမှ လင်းရှန်ထွက်လာသောအခါ ကျန်ရှန်ဟုန်နှင့် ရှုယွမ်တို့က သွားနှင့်ကြပြီဖြစ်သည်။
လင်းရှန်သည် ကျောင်းမှ မထွက်ခွာမီ သူ၏အဝတ်အစားများကို လဲရန် အဝတ်လဲခန်းသို့ သွားခဲ့သည်။
သို့သော် သူသည် ဆိတ်ငြိမ်သောနေမင်း ကိုယ်ခံပညာကျောင်းကို ချက်ချင်းမသွားခဲ့ပေ။ အဲဒီအစား အိမ်ကို ပြန်ခဲ့သည်။
အိမ်ရောက်တော့ လင်းရှန်သည် ဧည့်ခန်းထဲတွင် သူကိုယ်ပွားနှစ်ခု၏ ကျင့်ကြံမှုကို စစ်ဆေးခဲ့သည်။
[ကိုယ်ပွါး ၁]
[စွမ်းရည် : ဇွဲလုံ့လ]
[အဆင့်- ချီအသွင်ပြောင်းခြင်ရ အဆင့် ၄ ၁%+၀%]
[လက်ရှိကျင့်ကြံမှု- မူလအသက်ရှူခြင်းနည်းစနစ် (ကျွမ်းကျင်မှု၉၆%+ ၂%)၊နေမီးတောက်လက်ဝါး (အစပြုသူ၅၇%+၁%)]
[ကိုယ်ပွါး ၂]
[စွမ်းရည်- သာမန်အထက်]
[အဆင့်- ချီအသွင်ပြောင်းခြင်း အဆင့် ၄ ,
၁%+၀%]
[လက်ရှိကျင့်ကြံမှု- မူလအသက်ရှူခြင်းနည်းစနစ် (ကျွမ်းကျင်မှု၉၆%+ ၂%)၊နေမီးတောက်လက်ဝါး (အစပြုသူ၅၇%+၁%)]
မျှော်လင့်ထားသည့်အတိုင်း ကိုယ်ပွါးပွားနှစ်
ခု၏ တိုးတက်မှုသည် ပြောင်းလဲခြင်းမရှိပေ။
“ငါထင်တာ မှန်တယ်။ စတုတ္ထအဆင့်ကိုရောက်ပြီးတော့ မူလအသက်ရှူခြင်းနည်းစနစ်ရဲ့ ကျင့်ကြံမှုစွမ်းရည်က အတော်ကျဆင်းသွားတယ်။”
လင်းရှန်က သူ့ဘာသာ ရေရွတ်နေသည်။
အရင်ကတော့ ကိုယ်ပွါးနှစ်ခုရဲ့ တိုးတက်မှုဟာ အနည်းဆုံး ၁% တိုးလာသည်။
“ကံကောင်းထောက်မစွာ မူလအသက်ရှူခြင်းနည်းစနစ်က ၄% ပြီးစီးသွားပြီ”
မဆိုင်းမတွဘဲ လင်းရှန်သည် သူ၏ကိုယ်ပွားများနှင့် တိုက်ရိုက်ပေါင်းစပ်ခဲ့သည်။
ချက်ချင်းပင် မူလအသက်ရှူခြင်းနည်းစနစ်၏ မရေမတွက်နိုင်သော မှတ်ဉာဏ်များနှင့် နားလည်သဘောပေါက်မှုများသည် သူ့စိတ်၏နက်နဲသောနေရာတွင် ပေါ်လာသည်။ မူလအသက်ရှူခြင်းနည်းစနစ်ကို သူနားလည်သဘောပေါက်မှုက အခြားအဆင့်သို့ ချက်ချင်းခုန်တက်သွားသည်။
[အမည်-လင်းရှန်]
[စွမ်းရည်- သာမန်အထက်]
[အဆင့်- ချီအသွင်ပြောင်းခြင်း အဆင့် ၄ ၁%+၀%]
[လက်ရှိကျင့်ကြံမှု- မူလအသက်ရှူခြင်း နည်းစနစ် (အထူးကျွမ်းကျင်မှု ၀%+ ၂%)၊နေမီးတောက်လက်ဝါး (အစပြုသူ၅၇%+၁%)]
[ကိုယ်ပွားအရေအတွက်- ၂( ၄၈ %)]
လင်းရှန်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီး သူ့မျက်လုံးတွေက ရွှင်လန်းမှုအပြည့်နဲ့ပင်။
နောက်ဆုံးတွင် သူသည် အသက်ရှုခြင်းနည်းစနစ်တွင် အထူးကျွမ်းကျင်မှုအဆင့်သို့ရောက်ရှိသွားခဲ့သည်။
ဤနည်းအားဖြင့် သူ့၏ ကျင့်ကြံမှု အရှိန်သည်
ပို၍ပင် လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာမည်ဖြစ်သည်။
လင်းရှန်သည် သူ၏နှလုံးသားအတွင်းမှ ပျော်ရွှင်မှုကို နှိမ့်ချကာ ကိုယ်ပွါး(၁)၏အရည်အချင်းကို စစ်ဆေးခဲ့သည်။
[ဇွဲလုံ့လ- ခံနိုင်ရည်+၅၀%, ခံနိုင်ရည်
ပြန်လည်ရရှိနှုန်း +၃၀%, ဒဏ်ရာပြန်လည် သက်သာနှုန်း +၃၀ %]
ထို့ကြောင့် လင်းရှန်သည် တုံ့ဆိုင်းမနေဘဲ လေ့ကျင့်ရေးတွဲဖက်အဖြစ် အလုပ်ဝင်ခဲ့သည်။
ပြတ်ပြတ်သားသားပြောရလျှင် ကိုယ်ခံပညာကျောင်းတွင် လေ့ကျင့်ဖော်တစ်ဦးသည် လက်သီးအိတ်တစ်လုံးဖြစ်သည်။ ထုံးစံအတိုင်း ရိုက်နှက်ခြင်းကို ခံနိုင်ရည်ရှိကြရသည် ။
ဇွဲလုံ့လ စွမ်းရည်သည် ဤအချိန်ပိုင်းအလုပ်အတွက် အလွန်သင့်လျော်မည်မှာ သေချာသည်။
အတွေးတစ်ခုဖြင့်ပင် စနစ်မျက်နှာပြင်မှ အရည်အချင်းများသည် သာမန်အထက်မှ ဇွဲလုံ့လသို့ ပြောင်းလဲသွားသည်။
တခဏချင်းမှာပဲ လင်းရှန်က သူ့ခန္ဓာကိုယ်တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားတာကို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်အနှံ့အပြားရှိ အသားများနှင့် အရိုးများက ပိုမိုသိပ်သည်းလာပြီး သန်မာလာပုံရသည်။
“ဒါက ဇွဲရှိမှုရဲ့ သက်ရောက်မှုလား”
လင်းရှန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု တောက်ပလာသည်။ ကော်ဖီစားပွဲပေါ်ရှိ ကျောပိုးအိတ်ကို ကောက်ကိုင်ပြီး ပခုံးပေါ်တင်လိုက်သည်။ ထို့နောက်စကားတစ်လုံးမှ မပြောဘဲ တံခါးဆီသို့ လျှောက်သွားသည်။
နဂါးမြို့တော်ရှိ ထိပ်တန်း ကိုယ်ခံပညာကျောင်း ဆယ်ကျောင်းထဲမှ တစ်ခုဖြစ်သည့်
ဆိတ်ငြိမ်သောနေမ်းကိုယ်ခံပညာကျောင်းသည် မြို့လယ်ခေါင်ကျသော စီးပွားရေး အဆောက်အအုံ၏ အထပ်တစ်ခုလုံးကို သိမ်းပိုက်ထားသည်။ အလှဆင်ထားတာကလည်း ဇိမ်ခံနေရာလိုမျိုးပင်။
တောက်ပသော ဧည့်ခန်းထဲသို့ လျှောက်သွားသောအခါ လေ့ကျင့်ရေး၀တ်စုံဖြင့် ပြုံးနေသော မိန်းကလေးက သူ့ကို နှုတ်ဆက်သည်။
“ ဆိတ်ငြိမ်သောနေမင်း ကိုယ်ခံပညာကျောင်းမှ ကြိုဆိုပါတယ်။ ဘာကူညီပေးရမလဲ”
လင်းရှန်က ပြောလေ၏။ “လေ့ကျင့်ရေးတွဲဖက်ဖြစ် လျှောက်ထားဖို့ ကျွန်တော် ဒီကို ရောက်လာတာပါ။ မိုးမခသင်တန်းကျောင်းက ဆရာခုံက ကျွန်တော့်ကို အကြံပြုထားတာပါ”
လင်းရှန်က အလုပ်လျှောက်ရန် ဤနေရာ၌ ရှိနေသောကြောင့် ကောင်မလေးသည် ပြုံးကာ အမူအရာ မပြောင်းလဲခဲ့ပေ။ သူမက ညင်သာစွာပြောသည်။
“ကောင်းပြီ၊ ခဏစောင့်ပါ။”
ပြီးတော့ သူမ အထဲကို ဝင်သွားလေ၏။
မိနစ်အနည်းငယ်ကြာသောအခါတွင်နဖူးပြောင်ပြောင်နဲ့ လူတစ်ယောက် ထွက်လာပြီး လင်းရှန်ကိုကြည့်လိုက်သည်။
“မင်းက လင်းရှန်လား?”
“ဟုတ်ပါတယ်။”
“ငါ့နာမည် ဂေါင်ကျန်ပါ။ ဒီမှာ ငါက ကြီးကြပ်ရေးမှူးပဲ။ မင်း ငါ့ကို မစ္စတာဂေါင်လို့ ခေါ်နိုင်ပါတယ်။ ခုံဟုန်ညွှန်းပေးထားတော့ ကန့်ကွက်စရာတော့ မရှိပါဘူး၊ ဒါပေမယ့် မင်းအရင်ဆုံး အစမ်းဖြေရမှာ။ ဒီမှာ ရှင်းရှင်းပြောရအောင်။ ကိုယ်ခံပညာကျောင်းမှာ လေ့ကျင့်ရေးတွဲဖက်တစ်ယောက်ဖြစ်ရတာ အရမ်းခက်ခဲတဲ့အလုပ်ပါ။ မင်း တစ်ချိန်လုံး ဒဏ်ရာတွေရလိမ့်မယ်။ မင်းလက်မခံနိုင်ရင် တခြားအချိန်ပိုင်းအလုပ်တစ်ခုကို စောစောပြောင်းဖို့ ငါအကြံပေးချင်တယ်။ “
“ကျွန်တော် နားလည်ပါတယ်” လင်းရှန်းက တည်ငြိမ်စွာပြောသည်။
ဂေါင်ကျန်က ခေါင်းညိတ်ပြီး ဘာမှ မပြောတော့ချေ။ သူက လှည့်ကြည့်ပြီး အထဲကို လျှောက်သွားသည်။
“ငါနဲ့လိုက်ခဲ့။ မင်းရဲ့ခွန်အားကို စမ်းသပ်ဖို့ နေရာရှာရအောင်”
လင်းရှန်သည် ချက်ချင်းပင် သူ့နောက်သို့ လိုက်သွားခဲ့သည်။
သူတို့ နှစ်ယောက်က ဧည့်ခန်းကို ဖြတ်သွားပြီး ရှည်လျားသော လမ်းတစ်ခုဆီသို့ ရောက်လာသည်။
လမ်းနှစ်ဘက်စလုံးတွင် ကျယ်ဝန်းသော တိုက်ခိုက်ရေးအခန်းများရှိသည်။ စင်္ကြံကို မျက်နှာမူထားသော နံရံများကို ကျယ်ပြန့်သော မှန်များဖြင့် အစားထိုးထားသည်။
မှန်အကြည်မှတစ်ဆင့် တိုက်ခိုက်ရေးအခန်းအများစုတွင် အတွဲလိုက်လေ့ကျင့်နေသူများ ပြည့်နှက်နေကြောင်း တွေ့မြင်ရသည်။
ထို့အပြင် အတွဲတစ်တွဲတွင် တစ်ယောက်သည် အများအားဖြင့် ထူထဲသော အကာအကွယ်ပစ္စည်းများကို ၀တ်ဆင်ထားလေ့ရှိပြီး ကျန်တစ်ဦးမှာ ပေါ့ပါးသော လေ့ကျင့်ရေးအဝတ်အစားကိုသာ ၀တ်ဆင်ထားသည်။
“အဲဒီလူတွေအားလုံးက လေ့ကျင့်ရေးတွဲဖက်တွေပဲ” ဂေါင်ကျန်က အကာအကွယ်
ဝတ်စုံဝတ်ထားတဲ့ လူတွေကို ညွှန်ပြသည်။
ပြိုင်ဘက်များ၏ လျင်မြန်ပြီး ပြင်းထန်သောတိုက်ခိုက်မှုများအောက်တွင် လေ့ကျင့်ရေးတွဲဖက်အများစုသည် ရုန်းကန်နေရပုံရပြီး တိုက်ခိုက်မှုများကို ရှောင်ရန်မတတ်နိုင်ပေ။ ရံဖန်ရံခါ အရိုက်ခံရသောအခါတွင် နာကျင်စွာ ရှုံ့မဲ့နေတတ်သည်။ သူတို့ကို ကြည့်ရုံနဲ့ နာကျင်မှုကို ခံစားနိုင်သည်။
ဂေါင်ကျန်သည် သူ့မျက်လုံးထောင့်မှ လင်းရှန်ကို စိုက်ကြည့်နေသည်။ စိတ်အနှောက်အယှက်မဖြစ်သေးတာကို မြင်လိုက်ရတော့ သူ့ဘာသာ ခေါင်းညိတ်လိုက်သည်။
“ဒီတစ်ခါ ခုံဟုန် မိတ်ဆက်ပေးတဲ့ ကျောင်းသား က အဆင်ပြေနေပုံပါပဲ။”