ထူးဆန်းသောကလေး
Vol. 1 Ch. 6
ဂေါင်ကျန်သည် စင်္ကြံအဆုံးမှ လွတ်နေသော တိုက်ခိုက်ရေးအခန်းရှေ့တွင် ရပ်လိုက်သည်။
တံခါးကိုဖွင့်ခါနီးတွင် အခန်းတံခါးက ရုတ်
ချည်းပွင့်လာပြီး ပိန်ပိန်ပါးပါးနဲ့ အရပ်မြင့်မြင့် လူငယ်တစ်ယောက် ထွက်လာသည်။
လူငယ်ကိုမြင်တော့ ဂေါင်ကျန်က ခေတ္တရပ်လိုက်သည်။ သူက နွေးနွေးထွေးထွေး ပြုံးပြီး လူငယ်လေးကို နှုတ်ဆက်လိုက်သည် “သခင်လေးယန်း ၊ ဒီနေ့ ဒီမှာ ကျင့်ကြံဖို့ ရောက်နေတာပဲ”
“ဂေါင်က အချိန်မှန်ရောက်လာတယ်။ ကျွန်တော်...” လူငယ်က ပျင်းရိစွာ ခေါင်းညိတ်လိုက်သည်။ သူ့စကားတစ်ဝက်တစ်ပျက်မှာ လင်းရှန်ကို ရုတ်တရက် သတိပြုမိပြီး မျက်ခုံးပင့်လိုက်သည်။ “ဒါဘယ်သူလဲ”
ဂေါင်ကျန်က ချက်ချင်းပဲ “သူက ဒီနေ့ လေ့ကျင့်ရေးတွဲဖက်ဖြစ် အလုပ်လျှောက်ထားဖို့ ရောက်လာတာ။ ကျွန်တော် ဒီနေ့ သူ့ကို စမ်းသပ်ဖို့”
လူငယ်သည် လှည့်ပတ်ကာ ရယ်မောလိုက်
သည်။ “ကောင်းပြီ၊ ငါအခုပဲ သွေးပူနေလို့ လေ့ကျင့်ရေးတွဲဖက်ကို ရှာနေတာ။ ဘာလို့ သူ့ကို မလွှတ်လိုက်တာလဲ။”
“အင်း...” ဂေါင်ကျန်က ချီတုံချတုံ ဖြစ်နေသည် ။
“ဒါဆို အဆင်ပြေပြီ” လူငယ်က သူ့ကို တခြားဘာမှပြောခွင့်မပေးဘဲ ဆုံးဖြတ်ချက်ချခဲ့သည်။ “ဘာစိုးရိမ်စရာရှိလို့လဲ။ ငါက မင်းတို့ရဲ့လေ့ကျင့်ဖော်ကို ညှဉ်းပန်းနှိပ်စက်ပြီး ရိုက်နှက်တာမျိုး လုပ်တဲ့ မတရားတဲ့လူမဟုတ်ပါဘူး”
ဂေါင်ကျန်သည် ထိုစကားကိုကြားပြီးနောက် မည်သို့ငြင်းနိုင်မည်နည်း။ ခါးသီးသော အပြုံးဖြင့်သာ သဘောတူခဲ့ရသည်။
လူငယ်သည် အခန်းထဲသို့ ပြန်သွားပြီး ပြင်ဆင်နေတုန်း ဂေါင်ကျန်က လင်းရှန်ကို တိုးတိုးလေးပြောလေ၏ “ သခင်လေးယန်းက ငါတို့ကျောင်းရဲ့ အရေးကြီးတဲ့ ဖောက်သည်တစ်ယောက်ပဲ။ မင်း သတိထားရမယ်။ မင်းက သခင်လေးယန်းကို ကျေနပ်အောင် လုပ်နိုင်သရွေ့ မင်းစမ်းသပ်မှုအောင်မြင်မယ်”
လင်းရှန်သည် ထက်မြက်တာကြောင့် ဂေါင်
ကျန်၏ စကားများမှ ကွယ်ဝှက်ထားသော အဓိပ္ပါယ်ကို နားလည်သည်။ “ သခင်လေးယန်းက အတော် အစွမ်းထက်တယ်”
ဂေါင်ကျန်က သူ့ကို ကြည့်ပြီး “သူက ချီအသွင်ပြောင်း အဆင့်(၇)မှာရှိနေတဲ့အပြင် နေမီးတောက်လက်ဝါးမှာလည်း ကျွမ်းကျင်နေပြီ။ မင်းဘယ်လိုထင်လဲ”
လင်းရှန်၏ နှုတ်ခမ်းများ လှုပ်ယမ်းသွားသည်။
အဲဒီလူက သူ့ကို နှိပ်စက်နိုင်သည်။
လင်းရှန် တိတ်ဆိတ်နေတာကိုမြင်တော့ ဂေါင်ကျန်က နောက်ပြန်ဆုတ်ချင်နေပြီဟု ထင်ကာ ချက်ခြင်းပြောလိုက်သည်။
“စိတ်မပူပါနဲ့။ ငါတို့ရဲ့ဖောက်သည်တွေက သူတို့ရဲ့လေ့ကျင့်ရေးတွဲဖက်တွေထက် ပိုသန်မာတာက ပုံမှန်ပါပဲ။ နောက်မှာ အကာအကွယ်ပစ္စည်းကိရိယာတွေ ထပ်တပ်လိုက်”
ခေတ္တနားပြီးနောက် ဂေါင်ကျန်က သူ့အနေနဲ့ စိတ်မပူသလိုမျိုး ထပ်ပြောသည်။
“ဒီသင်တန်းအတွက် ပုံမှန်လုပ်အားခကို ငါပေးမယ်။ တစ်နာရီကို ဝိညာဉ်င်္ဒဂါး(၅၀၀)”
လင်းရှန် မျက်လုံးများသည် အနည်းငယ် တောက်ပလာပြီး မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ”
လင်းရှန် သဘောတူတာကိုမြင်တော့
ဂေါင်ကျန်က တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး လင်းရှန်ကို အကာအကွယ်ဝတ်စုံဝတ်ဖို့ အလျင်အမြန်ယူလာပေးသည်။
လင်းရှန်က နွားသားရေအကာအကွယ် ကိရိယာ တစ်ခုလုံးကို ဝတ်ပြီးတာတောင် ဂေါင်ကျန်က မလုံလောက်သေးဟု ခံစားမိသေးသည်။ သူသည် ခိုင်ခံ့သော ကြွေပြားအနည်းငယ်ကို ထုတ်ကာ နွားသားရေအကာအကွယ်ပစ္စည်းရှိ အထူးအိတ်ကပ်ထဲသို့ ထည့်လိုက်သည်။
ဤနည်းအားဖြင့် လင်းရှန်သည် နှစ်ထပ်ကာကွယ်မှုကို ရရှိမည်ဖြစ်သည်။
ဂေါင်ကျန်က လင်းရှန်ကို ကြည့်လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်သည်။ ထို့နောက် လင်းရှန်အား တိုက်ခိုက်ရေးအခန်းသို့ ပြန်ခေါ်သွားခဲ့သည်။
တိုက်ခိုက်ရေးအခန်းသည် အလွန်ကျယ်ဝန်းပြီး စတုရန်းမီတာ(၂၀၀) နီးပါးရှိသည်။ ကြမ်းပြင်ကို ရာဘာအလွှာဖြင့် ဖုံးအုပ်ထားပြီး ပတ်ပတ်လည် နံရံများတွင် သားရေအိတ်များဖြင့် ပြည့်နေသည်။
ယန်းကျုံးရီသည် လူပုံသဏ္ဍာန်ရှိသော သစ်သားတုံးကို ထိုးရင်း ထောင့်တွင်ရပ်နေ၏။ အသံကြားလို့ လှည့်ကြည့်လိုက်တော့ အကာအကွယ်အပြည့်ရှိသော လင်းရှန်ကို တွေ့လိုက်ရသည်။ သူကမရယ်မီ ခဏတာမျှပင် အံ့အားသင့်သွားမိသည် ။
“ဂေါင် မင်းအရမ်းသတိထားနေတာပါလား”
“သခင်လေးယန်းကို ပိုပျော်စေချင်လို့ပါ။ သခင်လေးက သန်မာတယ်လေ။ ကျွန်တော်က ကလေးကို အကာအကွယ်အလုံအလောက် မတပ်ပေးရင် သူ့ခြေထောက်ပေါ် ရပ်နိုင်မယ် မထင်ဘူး။” ဂေါင်ကျန်က တောင်းပန်ပြီး ပြုံးလိုက်သည်။
ယန်ကျုံးရီက ဘာမှမထူးခြားသလို ပြုံးပြီး လင်းရှန်ကို ကြည့်လိုက်သည်။
“အဆင်သင့်ဖြစ်ပြီလား?”
လင်းရှန်သည် အထဲသို့မ၀င်မီမှာပင် အဆင်သင့်နေပြီဖြစ်သည်။ ယန်ကျုံရရီပြောတာကိုကြားရတာကြောင့် သူနဲ့ ဆယ်မီတာကျော်ဝေးသော နေရာတွင် ချက်ချင်းရပ်လိုက်ပြီး သူ့တုံ့ပြန်မှုက သူ့အဖြေဖြစ်သည်။
သူ့ပြိုင်ဘက်က အရမ်းသန်မာပေမယ့် လင်းရှန်က ကြိုးစားကြည့်ဖို့ ပိုအားထက်သန်နေသည်။
ယန်ကျုံးရီသည် လင်းရှန်နှင့် အသက်အရွယ်တူပြီး တခြားကျောင်းမှ ကျောင်းသားဖြစ်နိုင်သည်။
ယန်းသည် ဒီအရွယ်မှာပင် ကျင့်ကြံမှုအောင်မြင်ခဲ့ပြီး ဂေါင်ကျန်သည် သူ့ကို များစွာ လေးစားခဲ့သည်။ သူသည် ဩဇာကြီးမားသော မိသားစုအချို့မှ သားသမီးဖြစ်ကြောင်း သိသာသည်။
လင်းရှန်သည် ကျောင်းတွင် ထိုကဲ့သို့သော လူများ၏ ခွန်အားကို ကြားသိခဲ့ရသော်လည်း ၎င်းတို့ကို လူကိုယ်တိုင် မတိုက်ခိုက်ဖူးပေ။ ဒါကိုသူ့မျက်လုံးနဲ့ မြင်ချင်နေတာ ကြာပြီပင်။
ယခု သူနှင့် ဤပါရမီရှင်များအကြား ခြားနားချက်ကို သူမြင်နိုင်သည် ။
လင်းရှန်၏ စိတ်အားထက်သန်သော အကြည့်ကို သတိပြုမိလိုက်တော့ ယန်ကျုံးရီက အနည်းငယ် ထိတ်လန့်သွားသည်။ ထို့နောက် ပါးစပ်ထောင့် အနည်းငယ် ကွေးသွားကာ ဆယ်ကျော်သက် လူငယ်လေးသည် အလွန်စိတ်ဝင်စားစရာကောင်းသည်ကို တွေ့လိုက်ရသည်။
“စကြရအောင်”
ယန်းကျုံးရီက အမိန့်ပေးလိုက်သည်။
သူကပြောပြီးသည်နှင့် ကျားအမဲလိုက်သကဲ့သို့ ခုန်ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်မီတာကျော်ကို ဖြတ်ကျော်သွားခဲ့သည်။ သူက လင်းရှန်အနားကို လျှပ်စီးကြောင်းလို အရှိန်ပြင်းပြင်းနဲ့ ရောက်လာသည်။
မွှန်ထူနေသော လေသံသည် လင်းရှန်၏ နားထဲတွင်ရုတ်တရက် ပေါက်ကွဲထွက်လာသည် ။
တဟုန်ထိုး အပူလှိုင်းတစ်ခုကပါ အတူတူရောက်လာသည်။
အဲဒါကနေမီးတောက် လက်ဝါးပင်။
ရှောင်တိမ်းနေရင်းနဲ့ပင် လင်းရှန်၏ နှလုံးက ခုန်သွားသည်။
သို့သော်လည်း ယန်းကျုံးရီ၏ လျင်မြန်သော တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်ပါက သူ၏ ရှောင်တိမ်းမှုများသည် များစွာ နှေးကွေးသွားခဲ့သည်။
ယန်ကျုံးရီ၏ နေမီးတောက်လက်ဝါးသည် သူ့ဘယ်ဘက်ပခုံးပေါ်သို့ ပြင်းထန်စွာကျရောက်လာသောအခါတွင် ရှောင်ရန် အချိန်သာမရှိတော့ချေ။
လင်းရှန်သည် ဧရာမစပါးအုံးမြွေ၏အမြီးနှင့် ထိမှန်သွားသလို ခံစားလိုက်ရသည်။
ဘယ်ဘက်ပခုံးပေါ်တွင် ကပ်နေသော
ခိုင်ခံ့သော ကြွေထည်သည် ပေါက်ကွဲသံနှင့်
အတူ ကွဲအက်သွားသည်။ သူက ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။
လင်းရှန်က ချီအသွင်ပြောင်းခြင်းအဆင့် စတုတ္ထအဆင့်တွင်သာ ရှိနေသည်ကို ယန်းကျုံးရီသည် ဂေါင်ကျန်ထံမှ ကြားသိခဲ့ရသည်။
သူ့အတွေ့အကြုံအရ ထိုအဆင့်ရှိ သာမန်လေ့ကျင့်ဖော်တစ်ဦးအား သူ၏နေမီးတောင်
လက်ဝါးနဲ့ဆို အကာအကွယ်နှစ်ထပ်ဖြစ်ရင်တောင် လွင့်သွားစေမည်ဖြစ်သည်။ လေးငါးစက္ကန့်လောက်ကြာမှ သူတို့အသက်ရှုနိုင်တော့မှာပင်။
သို့သော် လင်းရှန်သည် နောက်သို့ ခြေလှမ်းအနည်းငယ်သာ လှမ်းပြီး
ခုခံသည့် အနေအထားကို ပြန်ရောက်နေသည်။
ဒါကိုမြင်လိုက်ရတော့ ယန်းကျုံးရီက အံ့သြသွားသလို ခံစားလိုက်ရသည်။
ဒီကောင်လေးက သူမျှော်လင့်ထားတာထက် ပိုခံနိုင်ရည်ရှိပုံရသည်။
ယန်းကျုံးရီသည် ချက်ချင်းပင် စိတ်ဝင်စားသွားသည်။
လင်းရှန်သည် အလွန်ခံနိုင်ရည်ရှိသောကြောင့် လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်သည်။
ယန်းကျုံးရီက ပြုံးပြီး တိုက်ခိုက်ပြန်သည်။
တိုက်ခိုက်ရေးခန်းထဲမှာ အဆက်မပြတ် ထိုးနှက်သံတွေ ထွက်ပေါ်လာသညိ။
ယန်းကျုံးရီ၏ မုန်တိုင်းကဲ့သို့ တိုက်ခိုက်မှုများအောက်တွင် လင်းရှန်သည် ရှောင်တိမ်းပြီးရင်း ရှောင်တိမ်းနိုင်ခဲ့သည်။
ဒါတောင် သူက မုန်တိုင်းထန်နေတဲ့ ပင်လယ်ထဲမှာ သန္တာကျောက်တန်းလို ခိုင်ခိုင်မာမာ ရပ်နေနိုင်သည်။
ယန်း၏စွမ်းအားသည် ကျောက်ခဲများကို ဖြိုခွဲပစ်ရန် လုံလောက်သော အစွမ်းထက် ပိုသည်။ နွားသားရေနှင့်ကြွေပြားများ အားပျော့သွားပြီးနောက် ၎င်းသည် လင်းရှန်းအား ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားစေသည်။ ယန်းကျူံးရီ ထပ်မံမတိုက်ခိုက်မီတွင် သူသည် အနည်းငယ်မျှ ယိမ်းနွဲ့ပြီး သူ့ကိုယ်ဟန်
အနေအထားကို ချိန်ညှိလေ့ရှိသည်။
ဂေါင်ကျန်သည် တိတ်ဆိတ်နေပြီး စကားမပြောနိုင်ချေ။
“ထူးဆန်းလိုက်တာ။သူက ချီအသွင်ပြောင်းခြင်း အဆင့်(၄) မှာပဲ ရှိသေးတဲ့အပြင် သူ့ ခံစစ်စွမ်းရည်ကို တိုးစေတဲ့ နည်းစနစ်အချို့ကိုလည်း ကျင့်ထားပုံမပေါ်ဘူး ။သူက ရိုက်
နှက်တာကို အတော်ခံနိုင်ရည်ရှိပြီး သူ့ခံနိုင်ရည်အားက အတော်မြင့်တယ် “
ထိုအခိုက်အတန့်တွင် ဂေါင်ကျန်က ပျော်သွားသည်။
“ဒီတစ်ခါတော့ ငါတကယ်ကောင်းတဲ့သူကို ရှာတွေ့ခဲ့ပုံပဲ။ ဒီခံနိုင်ရည်အဆင့်နဲ့ဆို သူက ငါတို့ရဲ့ ဒုတိယအကောင်းဆုံးလေ့ကျင့်ရေးတွဲဖက်တွေထဲက တစ်ယောက်ဖြစ်ဖို့ ဖြတ်ကျော်မှုတချို့လုပ်ဖို့ နဲ့ သင်တန်းနည်းနည်းပေးဖို့ပဲ လိုတယ်”
ကိုယ်ခံပညာကျောင်းတွင် အရိုက်ခံနိုင်ရုံနဲ့ တွဲဖက်ကောင်းဖြစ်ဖို့ မလုံလောက်ချေ။အရေးကြီးသည်မှာ ဖောက်သည်များကို တိုက်ခိုက်ရေးနည်းစနစ်များနှင့် အကျွမ်းတဝင်ရှိစေပြီး ၎င်းတို့၏ချို့ယွင်းချက်များကို ပြုပြင်ကာ လမ်းညွှန်ပေးရန်ပင်။
ယင်းကိုအောင်မြင်ဖို့ တွဲဖက် စွမ်းရည်ရှိရန် လိုအပ်ပြီး ကောင်းမွန်သောအမြင်အာရုံနဲ့အတူ လျင်မြန်စွာတုံ့ပြန်နိုင်မှုနှင့် လုံလောက်သောတိုက်ခိုက်ရေးအတွေ့အကြုံရှိဖို့လည်း လိုသည်။
ထိုအရာအားလုံးကို စွမ်းဆောင်နိုင်သောတွဲဖက်ဆရာသည် အများအားဖြင့် ကိုယ်ခံပညာကျောင်းတစ်ခုတွင် ထိပ်တန်းတွဲဖက်တစ်ဦးဖြစ်ပြီး လေးစားစရာကောင်းလှပေသည်။
အရေးကြီးဆုံးအခန်းရပ်မှာ ရိုက်နှက်ခြင်းကို ခံနိုင်ရည်ရှိနေရတာပင်။
လေ့ကျင့်ရေးတွဲဖက်သည် မိနစ်အနည်းငယ်အတွင်း မြေပြင်တွင် အရိုက်ခံရပါကဖောက်သည်များကို မည်သို့ လမ်းညွှန်နိုင်မည်နည်း