← Chapters

ကိုယ်ခံပညာရှင်မိသားစု

Vol. 1 Ch. 8

ကိုယ်ခံပညာရှင်မိသားစု

Vol. 1 Ch. 8

ကျင့်ကြံရေး သင်တန်းမှာတော့

လင်းရှန်သည် နေမီးတောက်လက်ဝါးကို လေ့ကျင့်ပြီးသွားပြီ ဖြစ်သည် ။ သူက ကျေနပ်စွာ ရပ်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။

[နေမီးတောက်လင်ဝါး (အစပြုသူ ၆၀%)]

“သုံးရက်အတွင်း ၁ ရာခိုင်နှုန်းပဲ တိုးလာတယ်။ အဲဒါ အတော်နှေးတာပဲ။ မျှော်လင့်ထားတဲ့အတိုင်း ငါ့ကိုယ်ပွါးတွေကိုပဲ အားကိုးရမယ်”

“ပဉ္စမအဆင့်ကို ဖြတ်ကျော်ပြီးရင်တော့ ကိုယ်ပွါး (၁)ကို နေမီးတောက်လက်ဝါးကို အာရုံစိုက်ခိုင်းရမယ်”

ထုံးစံအတိုင်း ပြိုင်ဆိုင်မှုက စစ်ပွဲလိုပင်။ ကျင့်ကြံမှုအဆင့်မြင့်သူများသည် သေချာပေါက်အနိုင်ရမည်မဟုတ်ချေ။ ကိုယ်ခံပညာသည် အလွန်အရေးကြီးသောအချက်လည်းဖြစ်သည်။

ချီအသွင်ပြောင်းခြင်၏ အဆင့်(၄)နှင့် နေမီတောက်လက်ဝါး အထူးကျွမ်းကျင်အဆင့်ကျောင်းသားသည် ချီအသွင်ပြောင်းခြင်း အဆင့်(၅)မှ နေမီတောက်လက်ဝါး အစပြုသူအဆင့်ကျောင်းသားကို အနိုင်ယူနိုင်မည်ဖြစ်သည်။

မိုးမခသင်တန်းကျောင်းတွင် နေမီးတောက်လက်ဝါးကို ကျွမ်းကျင်သူ ကျောင်းသား အများအပြားမရှိဘဲ အနည်းဆုံး လေးငါးဦးလောက်သာ ကျွမ်းကျင်ကြသည်။

လင်းရှန်သည် ပြိုင်ပွဲတွင် အဆင့်ကောင်းကောင်းရလိုပါက နေမီးတောက်

လက်ဝါးကို အထူးကျွမ်းကျင့်အဆင့်ထိရောက်ရမည် ဖြစ်သည်။

စိတ်ထဲတွင် အစီအစဉ်ချနေရင်း လင်းရှန်က သက်ပြင်းချလိုက်သည်။ သူ လှည့်ကြည့်

လိုက်တော့ ခုံဟုန်က မီတာအနည်းငယ်အကွာတွင် ရပ်နေပြီး သူ့ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“ဆရာ”

“ငါ ဂေါင်ဆီက ကြားတယ်” ခုံဟုန်သည် လင်းရှန်းကို တအံ့တဩကြည့်နေသည်။ “အစက တိုက်ခိုက်မှုတွေကို မင်းခံနိုင်ရည်အားကောင်းတယ်လို့ သူပြောတုန်းက ငါမယုံခဲ့ပေမဲ့ အခုတော့ တကယ်ဟုတ်ပုံပဲ”

သူ ယုံကြည်ရတော့မည်။ လေ့ကျင့်ရေးတွဲဖက်သစ်များအားလုံးသည် နောက်တစ်နေ့တွင် နာကျင်ခံစားရသော်လည်း လင်းရှန်ကတော့ အေးဆေး ဖြစ်နေဆဲပင်။

ခုံဟုန်က သူ့ကို ခဏတာ စောင့်ကြည့်မိတော့ လင်းရှန်မှာ ဒဏ်ရာတွေ မရှိရုံသာမက စွမ်းအင်လည်း ပြည့်ဝနေတယ်ဆိုတာကို အတည်ပြုမိသည်။ သူအနေနဲ့ မနေ့က တစ်နာရီကျော်ကြာအောင် သဲအိတ်အဖြစ်အရိုက်မခံခဲ့ရသလိုပင်။

အဲဒါက ထူးဆန်းသည်။ လင်းရှန်သည် ခံစစ်စွမ်းရည်ကို မြှင့်တင်ပေးသည့် နည်းစနစ်ကိုကျင့်ကြံနေသူ မဟုတ်ချေ။ ဒီလို ထူးထူးခြားခြား ခုခံမှုမျိုးကို သူ ဘယ်လို ရလာတာလဲ

ခုံဟုန်၏သံသယစကားများကိုကြားတော့ လင်းရှန်းက ပခုံးတွန့်ပြီး ပြုံးလိုက်သည်။

သူ့မှာမသမာတဲ့နည်း ရှိတယ်ဆိုတာ ပြောလို့မရချေ။

ခုံဟုန်က ခဏလောက် စဉ်းစားပြီးတဲ့နောက်မှာ အချို့လူတွေက နတ်ဘုရားတန်ခိုးဖြင့်မွေးဖွားလာပြီး လင်းရှန်လိုသဘာဝရုပ်ပိုင်းဆိုင်ရာ အားသာချက်ရှိကြောင်း တွေးမိသွားသည်။

“မင်းက ဒီအချိန်ပိုင်းအလုပ်နဲ့ အရမ်းသင့်တော်တာမလို့ ကြိုးစားထား။ ကိုယ့်ကိုကိုယ် အာဟာရဖြစ်စေဖို့အတွက် ဝိညာဉ်သားရဲအသားကို များများဝယ်။ ပြီးရင် မင်းရဲ့ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပြီး ပြိုင်ပွဲမှာ အဆင့်ကောင်းကောင်းရဖို့ ကြိုးစား”

လင်းရှန်းကို အားပေးပြီးနောက်ခေုဟုန်သည် လှည့်ကာ ထွက်သွားလေသည်။

လင်းရှန်အဝတ်အစားလဲပြီး အားကစားရုံမှထွက်လာစဉ်မှာ ကျန်ဟုန်ရှန်က သူ့ကို အနောက်မှ လှမ်းဖမ်းပြီး သူ့ပခုံးပေါ်ကို လက်တင်လိုက်သည်။

“လင်းရှန်၊ ခုနက မစ္စတာခုံက မင်းကို ဘာပြောလိုက်တာလဲ။”

“ဟုတ်တယ်။ မင်း မနေ့က သူနဲ့ စကားပြောဖို့ သွားခဲ့တာမလား “ရှုယွမ်ကလည်း နောက်ကနေ လိုက်လာပြီး သူတို့ နှစ်ယောက် ဘေးနားက ကပ်လျှောက်နေသည်။

“ဘာမှမဟုတ်ပါဘူး။ အချိန်ပိုင်းအလုပ်ရှာဖို့ ဆရာခုံကို အကူအညီတောင်းခဲ့တာ”

“ဟုတ်လား။”

“ ဆရာခုံက သူ့ကျောင်းသားတွေကို နှစ်တိုင်း အချိန်ပိုင်းအလုပ်တွေ မိတ်ဆက်ပေးပုံရတယ်။”

ကျန်ဟုန်ရှန်နှင့် ရှုယွမ်တို့သည် လင်းရှန်၏ ငွေကြေးအခြေအနေကို ကောင်းစွာသိပြီး အချိန်ပိုင်းအလုပ်လိုအပ်သည့်အကြောင်း နားလည်ကြသည်။ သူငယ်ချင်းကောင်း၏ မာနကို မထိခိုက်စေဖို့ သူတို့နှစ်ဦးက ရယ်မောပြီး အကြောင်းအရာကို တိတ်တဆိတ် ပြောင်းလဲလိုက်ကြသည်။

“ရှုယွမ်မင်း (B)ခန်းက ချမ်ဟွေ့ နဲ့တွဲနေတာလို့ ငါကြားတယ်” ကျန်ဟုန်ရှန်က ရှုယွမ်ကို ရုတ်တရက် မျက်စိမှိတ်ပြပြီး “ကောင်းလိုက်တာ ဘရိုရာ။ မင်းက ချွေးမထွက်ဘဲ ရည်းစားရလိုက်တယ်။”

“တကယ်လား?” လင်းရှန်က ရှုယွမ်ကို အံ့သြစွာ ကြည့်လိုက်သည်။

“ကျန်ဟုန်ရှန်ပြောတာကို နားမထောင်နဲ့။”ရှုယွမ်က သူ့လည်ချောင်းကို ရှင်းလိုက်သည်။ “ငါတို့ ဆက်ဆံရေးကို တရားဝင် အတည်မပြုရသေးပါဘူး”

“ဒါက အချိန်တစ်ခုပဲ လိုတာလေ။ ငါဂရုမစိုက်ဘူး။ မင်းတို့ကြိုက်သွားရင် ငါတို့ကို ညစာဝယ်ကျွေးရမယ်”

“အဲ့တာက ပြဿနာမရှိပါဘူး။”

ရှုယွမ်က မဆိုင်းမတွ သဘောတူလိုက်သည်။ သူက အလွန်ပျော်နေပုံရသည်။

ဤအခိုက်အတန့်တွင် ရှေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။

ကျန်ဟုန်ရှန်သည် အသံကြားရာဆီသို့ ကြည့်

လိုက်ပြီးမျက်လုံးများ ပြူးကျယ်သွားသည်။

“အမိုက်စားအုပ်စု… အဲဒါ သူတို့ပဲ။ ဒီအချိန်မှာ သူတို့ဘာလို့ရောက်နေတာလဲ”

လင်းရှန်လှည့်ကြည့်လိုက်တော့ သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

ကျန်ဟုန်ရှန်ပြောတဲ့ အုပ်စုက ယောက်ျားလေးတွေနဲ့ မိန်းကလေး အုပ်စု တစ်စုပင်။

သူတို့အုပ်စုက ဆယ်ယောက်လောက်ရှိပြီး အားလုံးက ဝတ်ကောင်းစားလှတွေ ဝတ်ထားကသူတို့ရဲ့ အမူအရာက မောက်မာတဲ့ပုံစံတွေပင်။

သြဇာကြီးသော မိသားစုများ၏ သားသမီးများ။

ထိုစကားများသည် လင်းရှန်၏စိတ်ထဲတွင် ချက်ချင်းပေါ်လာသည်။

မိုးမခကျောင်းတွင် ဩဇာညောင်းသော ကျင့်ကြံရေး မိသားစုများမှ ဤလူများသည် အမှန်တကယ်ပင် ထူးခြားသောအဖွဲ့ဖြစ်သည်။

သူတို့က သာမန်ကျောင်းသားတွေနဲ့ ထိတွေ့ဆက်ဆံခဲပြီး ကျောင်းကိုပင် သိပ်မလာကြချေ။ ပေါ်လာသောအခါတွင်လည်း သူတို့သည် ကျောင်းကို တာဝန်ဝတ္တရားအရ လာနေကြသလိုပင်။

သို့သော် ဒါကို နားလည်လို့ရသည်။ နောက်ဆုံးတွင် ကျင့်ကြံရေးမိသားစုများသည် နက်ရှိုင်းသောအခြေခံအုတ်မြစ်များရှိပြီး တောက်ပသောဝင်ပေါက် အဆင့် ကျင့်ကြံသူများ သို့မဟုတ် စစ်မှန်သော လေ့ကျင့်ရေးမှူးများကို ကျင်ကြံမှုအတွက် လမ်းညွှန်ရန် ငှားရမ်းနိုင်သည်။ ကြာရှည်စွာ အသက်ရှုခြင်း အဆင့် ဆရာများ၏ သင်ကြားမှုကို နားထောင်ဖို့ အကယ်ဒမီသို့ လာရန် မလိုအပ်ချေ။

ထို့အတွက်ကြောင့် မိုးမခနှင့် အခြားသော သင်တန်းကျောင်းများတွင် ဤလူများနှင့် သာမန်ကျောင်းသားများသည် သီးခြားအုပ်စုနှစ်စုလို ဖြစ်နေသည်။

သြဇာကြီးမားသောမိသားစုများမှ တပည့်အများစုသည် သာမန်ကျောင်းသားများကို နှိမ့်ချကြသည်။ သာမာန်ကျောင်းသားတွေက သူတို့ကို ချဉ်းကပ်ပြီး သူတို့နဲ့ ရင်းနှီးဖို့ ကြိုးစားရင်တောင်မှ သူတို့က လျစ်လျူရှုကြသည်။

ဤအခိုက်အတန့်တွင် ဩဇာညောင်းသောမိသားစုများ၏ တပည့် ဆယ်ယောက်ကျော်သည် တစ်ချိန်တည်းတွင် သင်တန်းကျောင်းသို့ ရောက်ရှိလာကြတာကြောင့် ဝိုင်းဖွဲ့နေသော ကျောင်းသားများစွာ၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်ကြသည်။

“ခေါင်းဆောင်က ယန်ရှင်းမလား “

“ပြီးတော့ ကျောက်ရွှယ်ရင်”

“ဒီအချိန်မှာ သူတို့ဘာလုပ်နေကြတာလဲ”

“ဘယ်သူက သိပါ့မလဲကွ”

လင်းရှန်သည် အဖွဲ့အား လိမ္မာပါးနပ်စွာ ပြောလိုက်သည်။

လူဆယ်ယောက်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် ရေပန်းအစားဆုံးဖြစ်သည်။ လကို ဝန်းရံထားသော ကြယ်များကဲ့သို့ အခြားသူများက သူတို့ကို ဝိုင်းရံထားသည်။

သူတို့နှစ်ဦးမှာ ယန်ရှင်းနှင့် ကျောက်ရွှယ်ရင်တို့ဖြစ်သည်။

ယန်ရှင်းက အရပ်ရှည်တဲ့အပြင်ဘစူးရှသော မျက်ခုံးမွှေးနှင့် တောက်ပသော မျက်လုံးများရှိသည်။ ဤနေရာ၌ ရှိနေသောလူတိုင်းက သူ့အတွက် ဘာမှမဟုတ်သလို ပုံစံမျိုးနဲ့ ရှိနေသည်။

ကျောက်ရွှယ်ရင်က ဟန်ပြလုပ်မနေသော်လည်း သူမ၏ နောက်ကျောသည် ဖြောင့်တန်းပြီး သူမ၏ ခြေလှမ်းများက ပေါ့ပါးကာ ချောမွေ့နေသည်။ သူမကို ဘယ်သူမှ လျစ်လျူမရှုနိုင်သောခံစားမျိုးကို ပေးစွမ်းသည် ။

ယောက်ျားလေး ကျောင်းသား အများစုက သူမကို ကြည့်နေကြသည်။

ကျောက်ရွှယ်ရင်က အရည်အချင်းရှိပြီး အသားအရည်ရော ရုပ်ရောလှတဲ့အပြင် သူမနဲ့ အသက်အရွယ်တူ တခြားမိန်းကလေးတွေထက် ရင်သားပြည့်ဖြိုးတဲ့ မိန်းကလေးလည်း ဖြစ်သည်။

လမ်းလျှောက်တဲ့အခါ သူမရင်သားတွေရဲ့ အတက်အဆင်းနဲ့အတူ ကောင်လေးတွေရဲ့ မျက်လုံးတွေကပါ ၎င်းတို့နဲ့အတူ လှုပ်ရှားနေသည်။

လင်းရှန်က ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိသည်။ သူက မျက်လုံးပြူးနေသည့် ကျန်ဟုန်ရှန်ကို လက်ဖြင့် ပုတ်ကာ အသံတိုးတိုးဖြင့် မေးသည် ။

“ယန်းကျုံးရီက ဘယ်သူလဲ မင်းသိလား”

ကျန်ဟုန်ရှန်က အသိ ပြန်ဝင်လာပြီး “ငါ သူ့ကို သိတယ်။ သူက ယန်းမိသားစုရဲ့ သခင်လေးလေ။ ယန်းမိသားစုက ကျော်ကြားတဲ့ မိသားစုငါးခုထဲက တစ်ခု။ သင်တန်းကျောင်းက လူတိုင်းက သူဘယ်သူလဲဆိုတာ သိတယ်။”

လင်းရှန်က “ငါမသိဘူး”

ရှုယွမ်ကလည်း “ငါလည်း မသိဘူး။”

ကျန်ဟုန်ရှန်က ရင်တွေတဆတ်ဆတ်တုန်လာသည်။

လင်းရှန်က သူ့မျက်လုံးတွေကနေတဆင့် ဆက်ပြောနေဖို့ အချက်ပြတာကြောင့် တုံ့ဆိုင်းမနေဘဲ ရှင်းပြလိုက်သည် ။

နဂါးမြို့တော်တွင် ကိုယ်ခံပညာရှင်မိသားစုများစွာရှိခဲ့သည်။ ၎င်းတို့၏ နောက်ခံသမိုင်းကြောင်းအရ ၎င်းတို့ကို အထက်မှအောက်ခြေအထိ မဟာမိသားစု သုံးစု၊ ကျော်ကြားသော မိသားစုငါးစုနှင့် ထင်ရှားကျော်ကြားသော မျိုးနွယ်စု (၁၀)ခုအဖြစ် အဆင့်သတ်မှတ်ခြင်းခံရသည်။ ၎င်းတို့ကို ဩဇာလွှမ်းမိုးသော မိသားစု ဆယ့်ရှစ်စုဟု ခေါ်ဆိုကြသည်။

နဂါးမြို့တော်ကို အုပ်ချုပ်သော ဂိုဏ်းကြီး သုံးခုမှ အဆင့်မြင့် အရာရှိ အများအပြားသည် ဤမိသားစုဆယ့်ရှစ်စုလုံးမှ ဆင်းသက်လာကြသည်။

ဤမိသားစုထဲမှ မည်သည့်အဖွဲ့ဝင်မဆို သာမန်လူတန်းစားကြားတွင် ထင်ရှားကျော်ကြားသည်။

ယန်းကျူံးရီ၏ ယန်းမိသားစုနှင့် ယန်ရှင်း၏ ယန်မိသားစုတို့သည် ကျော်ကြားသော မိသားစုငါးစုမှ နှစ်ခုဖြစ်သည်။

ကျောက်ရွှယ်ရင်ဆင်းသက်လာသော ကျောက်မိသားစုသည် မဟာမိသားစုသုံးခုထဲမှ တစ်ခုဖြစ်သည်။

ဤဆယ့်ရှစ်မျိုးသော ကိုယ်ခံပညာရှင် မိသားစုများအပြင် တစ်ချိန်က ကျော်ကြားခဲ့ပြီး ယခုအခါ ကျဆင်းလာခဲ့သည့် ကိုယ်ခံပညာရှင်မိသားစုများစွာလည်း ရှိသေးသည်။

သူတို့ကို အညတရမိသားစုများဟုခေါ်သည်။

၎င်းတို့၏ ဓလေ့ထုံးတမ်းနှင့် ခွန်အားက လွန်ခဲ့သော မျိုးဆက်နှစ်ဆက်မှ သုံးဆက်အထိ ထင်ရှားခဲ့သော ကိုယ်ခံပညာရှင်မိသားစုများထက်တော့ အနည်းငယ်သာလွန်ခဲ့သည်။

ကျန်ဟုန်ရှန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လင်းရှန်သည် အံ့သြစွာဖြင့် သူ့လျှာကိုဖိချလိုက်ရသည်။

ကိုယ်ခံပညာရှင်မိသားစုတွေမှာ ထိုကဲ့သို့ နောက်ခံအချက်အလက်တွေ အများကြီးရှိတယ်ဆိုတာ သူမသိချေ။

ပိုအရေးကြီးတာက ယန်းကျုံးရီသည် သူထင်ထားတာထက် ပိုကျော်ကြားသည်။

သူပြန်တွေးကြည့်လိုက်တော့ ယန်းကျုံးရီလို တစ်ယောက်က သူ့ကို တန်းတူလိုစကားပြောဖို့ ခဲယဉ်းလွန်းသည်။

ယန်းသည် ပတ်ဝန်းကျင်ရှိ ကျောင်းသားများကို မောက်မာပြီး မထီမဲ့မြင်ကြည့်ရှုတတ်သော ဩဇာကြီးသည့် မိသားစုများမှ အခြားတပည့်များထက် ပို၍နှစ်သက်ဖွယ်ကောင်းသည်ကို တွေ့ရှိခဲ့ရသည်။

လင်းရှန်က ခေါင်းကို ခါယမ်းလိုက်ကာ ထိုလူများကို အဝေးမှ လှမ်းကြည့်ပြီး ကျန်ဟုန်ရှန်နဲ့ရှုယွမ်ကို လက်သီးဖြင့် ဖွဖွလေးထိုးသည်။

“သွားကြရအောင်။”

သူတို့နှစ်ယောက်လုံး အသိပြန်ဝင်လာပြီး လင်းရှန်နဲ့အတူ သင်တန်းကျောင်းကနေ ထွက်လာခဲ့သည်။

All Chapters