အဝါရောင် လည်စီး စစ်သည်တော်
Vol. 1 Ch. 9
ကျောင်းက ပြန်လာပြီးနောက် လင်းရှန်သည် ထုံစံအတိုင်း သူ၏ အချိန်ပိုင်းအလုပ်အတွက် ဆိတ်ငြိမ်သောနေမင်းကိုယ်ခံပညာကျောင်းသို့ သွားခဲ့သည်။
မနေ့ကအတွေ့အကြုံကြောင့် လင်းရှန်သည် သူ၏ဒုတိယမြောက်နေ့တွင် အတော်လေးငြိမ်သက်နေပြီး စွမ်းဆောင်ရည်ပိုကောင်းလာသည်။ သူ့မှာ မနေ့ကထက် ဒဏ်ရာတွေ ပိုနည်းလာသည်။
တစ်နာရီလောက် လေ့ကျင့်ပြီးတဲ့နောက်မှာဝိညာဉ်ဒင်္ဂါး ၁၀၀၀ ဖြင့် ကိုယ်ခံပညာကျောင်းမှ ထွက်လာခဲ့သည်။
လမ်းခရီးတွင် လင်းရှန်သည် ဝိညာဉ်သားရဲအသားဆိုင်မှ ခေါင်းဖြူဝက်သား ကီလိုဝက်ကို ဝယ်ခဲ့သေးသည်။
နောက်ပိုင်းတွင် သူ၏ကျင့်ကြံမှု များစွာ မြှင့်တက်လာမည်ဆိုသော အတွေးက သူ့ခြေထောက်ကို ပေါ့ပါးစေခဲ့သည်။
အနောက်ကနေ အော်သံကြားတော့ သူက ပျော်ရွှင်ကြည်နူးနေတုန်းပင်။
လင်းရှန်က သူ့ပခုံးကနေ ဖြတ်ကနဲမော့ကြည့်လိုက်သည်။ မှိန်ဖျော့ဖျော့အလင်းလေးထဲတွင် အရပ်ရှည်ရှည်နှင့်ထွားကြိုင်းသော အသွင်အပြင်က လမ်း၏ အဆုံးထောင့်မှ အပြေးအလွှားရောက်လာသည်ကို လှမ်းမြင်လိုက်ရသည်။
တောက်ပသော လရောင်အောက်တွင် လင်းရှန်သည် ထိုလူ၏မျက်နှာကို မြင်လိုက်ရသည်။
ထိုသူက သန်မာသော ချပ်ဝတ်တန်ဆာနှင့် ခေါင်းပေါ်တွင် အဝါရောင် ခေါင်းစည်းတစ်ခု ရှိနေသည်။ သူ့လက်ထဲမှာ ချွန်မြနေတဲ့လှံတစ်ခုကို ကိုင်ထားပြီး လေပြင်းကို ဖန်တီးတဲ့ သားရဲတစ်ကောင်လို ပြေးနေသည်။
“အဝါရောင် ခေါင်းစီး စစ်သည်တော်လား”
လင်းရှန်သည် ထိုလူကို မှတ်မိသွားပြီး ထိတ်လန့်စွာ မျက်လုံးပြူးသွားသည်။
ထိုသူသည် ကျင့်ကြံသူများကြားတွင် အကျော်ကြားဆုံး ရုပ်သေး မှန်းသိခဲ့သည်။ သို့သော် သူသည် ညအချိန်တွင် လူနေရပ်ကွက်၌ အဝါရောင် စစ်သည်တော်တစ်ဦးကို တွေ့ရမည်ဟု မထင်ခဲ့ပေ။
ထောင့်စွန်းမှ လူအများအပြား ပြေးထွက်လာသောအခါတွင် သူ မှင်တက်သွားသည်။ သူတို့အားလုံးသည် အနက်ရောင် ယူနီဖောင်းကို ဝတ်ဆင်ကြပြီး လက်ထဲတွင် ဓားရှည်များ ကိုင်ဆောင်ထားကြသည်။ အဝါရောင်စစ်သည်တော်နောက်သို့ လိုက်လာစဉ် သူတို့၏အမူအရာများသည် အေးစက်ပြီး လေးနက်နေသည်။
လင်းရှန်ကို မြင်လိုက်ရတော့ ခေါင်းဆောင်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားလေ၏။ သူက ကမန်းကတန်း အော်လိုက်သည်။
“ ကိုယ်ခံပညာတည်မြဲရေ စံအိမ်က ရာဇ၀တ်ကောင်တွေကို လိုက်ဖမ်းနေတယ်။ ငါတို့လမ်းကနေ ဖယ်နေကြ”
လင်းရှန်က မျက်လုံးပြူးသွားသည်။
ကိုယ်ခံပညာတည်မြဲရေးစံအိမ်သည်နဂါးမြို့တော်ရှိ စီရင်စု သုံးခုအောက်တွင်ရှိသော လူသိများသည့် ဥပဒေစိုးမိုးရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ရာဇ၀တ်မှုများကျူးလွန်ပြီး မြို့ပြဥပဒေများကို ဖောက်ဖျက်ကျူးလွန်သော ကျင့်ကြံသူများကို ဖမ်းဆီးသည့် အဖွဲ့ဖြစ်ည်။ ထိုအဖွဲ့က ကျင့်ကြံသူများကြားတွင် အလွန်ကျော်ကြားခဲ့သည်။
ထိုအမျိုးသားများ၏ ရင်ဘတ်များကို ကြည့်လိုက်တော့ ၎င်းတို့၏ ယူနီဖောင်းများကို ကိုယ်ခံပညာတည်မြဲရေးစံအိမ်၏ သီးသန့်ဒဏ္ဍာရီလာ သားရဲပုံစံဖြင့် ပုံဖော်ထားသည်ကို တွေ့လိုက်ရသည်။
ဒါကိုမြင်တော့ လင်းရှန်က စကားတစ်ခွန်းမှ မပြောဘဲ လမ်းဘေးကို အမြန်ပြန်ဆုတ်သွားသည်။ သူသည် ရာဇ၀တ်ကောင်များကို တားဆီးနေသော ကိုယ်ခံပညာတည်မြဲရေးစံအိမ်ကို ကူညီရန်တော့ ရည်ရွယ်ချက်မရှိပေ။
သူနောက်နေတာမဟုတ်ဘူးပဲ ။ အဝါရောင် ခေါင်းစီး စစ်သည်တော်သည် အဆောင်ရုပ်သေး၏ အနိမ့်ဆုံးအဆင့် ဖြစ်သော်လည်း ၎င်းသည် ကြာရှည်စွာ အသက်ရှုခြင်း၏ အစွမ်းသတ္တိရှိနေဆဲဖြစ်သည်။ သူလို ချီအသွင်ပြောင်းခြင်းအဆင့် ကျောင်းသားက ဒါကို ဘယ်လိုတားဆီးနိုင်မလဲ။
အကယ်၍ သူသာ ရှေ့သို့ တိုးမိလိုက်မည်ဆိုလျှင် အဝါရောင် ခေါင်းစီးနှင့် စစ်သည်တော်ကြောင့် ပျော့ဖတ်အခြေအနေအဖြစ်နဲ့ ကြေမွသွားလိမ့်မည်။
ကံကောင်းထောက်မစွာပင် စစ်သည်တော်သည် လင်းရှန်ကို ဂရုမစိုက်ခဲ့ပေ။ သူက အရှိန်လုံးဝမလျှော့ဘဲ ဖြတ်သွားသည်။
ပြီးပြီးချင်းမှာပဲ ကိုယ်ခံပညာတည်မြဲရေးစံအိမ်အဖွဲ့က ပြင်းထန်တဲ့ လေတိုက်သလို ဖြတ်ကျော်သွားသည်။ လင်းရှန်ကိုပင် မကြည့်ဘဲ သူတို့က အဝါရောင်ခေါင်းစီးနှင့် စစ်သည်တော်နောက်သို့ လိုက်သွားကြသည်။
“အဝါရောင် ခေါင်းစီးနဲ့ ရုပ်သေးစစ်သည်က သာမန်ရာဇ၀တ်ကောင်မဖြစ်နိုင်ဘူး။ သူဘယ်ကလာတာလဲ။ ဘယ်လိုရာဇ၀တ်မှုကျူးလွန်ခဲ့တာလဲဆိုတာ ငါသိချင်မိတယ်။”
လင်းရှန်က သူ့ဘာသာ ရေရွတ်လိုက်သည်။
သို့သော် သူသည် ဤသံသယကို စိတ်၏အဆုံးသို့ လျင်မြန်စွာ လွှင့်ပစ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူနှင့်ဘာမှမဆိုင်ချေ။
လင်းရှန်းက ခေါင်းကို ခါယမ်းကာ ဆက်သွားခဲ့သည်။
ထိုလူအုပ်စုနှင့် ထပ်မတွေ့ရအောင် လမ်းကြောင်းပြောင်းပြီး သူ့တိုက်ခန်းသို့ ပြန်
လာခဲ့သည်။
လရောင်အောက်မှာတော့
လူအုပ်စုများသည် စစ်သည်တော်နောက်သို့ လိုက်လာကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ကီလိုမီတာကျော် အကွာအဝေးကို ရောက်သွားကြသည်။
အဝါရောင် ခေါင်းစီး စစ်သည်တော်သည် သူ၏ ထူးကဲသော စွမ်းအားကြောင့် လူသိများသော်လည်း အရှိန်က သူ၏ ခွန်အားမဟုတ်ပေ။ အဆုံးတွင် သူသည် ကိုယ်ခံပညာတည်မြဲရေးစံအိမ်၏ အဖွဲ့ဝင်များကို မကျော်လွန်နိုင်ဘဲ နှစ်ဘက်ကြားအကွာအဝေးသည် တဖြည်းဖြည်း နီးလာသည်။
လေးငါးမိနစ်အကြာတွင် ခေါင်းဆောင် ဟန်ဝူသည် အဝါရောင် ခေါင်းစီးစစ်သည်တော်နှင့် မီတာတစ်ရာအကွာသသရောက်လာသည်။
သူက ကျားတစ်ကောင်လို ရုတ်တရက် ထွက်လာပြီး အော်လိုက်သည်။ ထိုအသံနဲ့အတူ သူ့လက်ထဲက သံမဏိဓားရှည်က ရုတ်တရက် ထွက်လာသည်။
တခဏအတွင်းမှာပဲ
ကမ်းစပ်ကို ရိုက်ခတ်လာသောလှိုင်းသံများကဲ့သို့ နားကို ထိုးဖောက်သွားသည့် လေချွန်သံကို ကြားရသည်။
အပြာရောင်လှိုင်းလုံးကဲ့သို့သော ဓားသွားစွမ်းအင်သည် လေထဲသို့ ရုတ်တရက်
ရောက်လာပြီး အလင်းအမြန်ကဲ့သို့ပင်အဝါရောင်စစ်သည်တော်အား
တိုက်ခိုက်ခဲ့သည်။
အဝါရောင် ခေါင်းစီးစစ်သည်တော်သည် သူ့နောက်ကွယ်မှ ဓားသွားစွမ်းအင်၏ ပြင်းထန်သောခြိမ်းခြောက်မှုကို သတိပြုမိပုံရသည်။ သူ၏ ချွန်မြနေသောလှံကို ပြင်းပြင်းထန်ထန် လှန်ပစ်ရန်မှတပါး ရွေးချယ်စရာမရှိပေ။
ဘုန်း
စူးရှသောလှံနှင့် ဓားသွားစွမ်းအင်တို့သည် လေထဲတွင် ပြင်းထန်စွာ တိုက်မိသွားသည်။
ကြီးမားသော သက်ရောက်မှုက ဓားသွားစွမ်းအင်ကို အပိုင်းပိုင်းအဖြစ်သို့ ချက်ချင်း ဆုတ်ဖြဲသွားပြီး အဝါရောင် ခေါင်းစီး စစ်သည်တော်သည်လည်း အရှိန်အဟုန်ဖြင့် နောက်သို့ လွင့်သွားခဲ့သည်။
ဤအခွင့်အရေးကို အခွင့်ကောင်းယူပြီးကိုယ်ခံပညာတည်မြဲရေးစံအိမ်မှ အဖွဲ့ဝင်
များသည် စစ်သည်တော်ကို ဖမ်းမိသွားကြသည်။ သူတို့က တိတ်တဆိတ် ဖြန့်ကျက်ပြီး အဆောင်ရုပ်သေးကို ဝိုင်းထားကြသည်။
“ ရုပ်သေးကို တစ်စုံတစ်ယောက်က ထိန်းချုပ်ထားတာ ။ သူ့မှာက စကားပြောဖို့အထိ အသိဉာဏ်မရှိဖူး။ သူ့ကို အသက်ရှူဖို့ အခွင့်ပေးထားစရာ မလိုဖူး ။ သတ်ပစ်လိုက်” ဟန်ဝူသည် ကြီးမားသော ခြေလှမ်းများဖြင့် စစ်သည်တော်ကို လှမ်းဖမ်းပြီး နက်နဲသော အသံဖြင့် အော်လိုက်သည်။
သူက ပြောပြီးသည်နှင့် အရိပ်တစ်ခုလို ရွေ့လျားသွားပြီး အဝါရောင် စစ်သည်တော်ကို တိုက်ခိုက်လိုက်သည်။
ဒါကိုမြင်တော့ တခြားသူတွေလည်း လိုက်လုပ်ကြသည်။
အဝါရောင် ခေါင်းစီးစစ်သည်တော်သည် ရဲရင့်သော်လည်း အဖွဲ့၏တိုက်ခိုက်မှုကို မခံနိုင်ချေ။ ခဏအကြာတွင် ဒဏ်ရာများဖြင့် ဖုံးလွှမ်းသွားသည်။ နောက်ဆုံးတွင် ခေါင်းဆောင်က စစ်သည်တော်ကို ခေါင်းဖြတ်လိုက်သည်။ ပေါက်ကွဲသံနှင့်အတူ သူသည် အခိုးအငွေ့အဖြစ်သို့ ပြောင်းလဲသွားပြီး
မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လွင့်မျောသွားသော စာရွက်အဆောင်တစ်ခု အဖြစ်သာ ကျန်ခဲ့သည်။
ဟန်ဝူသည် ထိုနေရာကို အမြန်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“သူ့မှာမရှိဘူး”
အခြားသူများလည်း အံ့အားသင့်ခဲ့ကြသည်။ ပတ်ပတ်လည်ကို လှမ်းကြည့်သော်လည်း ဘာမှမတွေ့ချေ။
“အဲဒါ မဖြစ်သင့်ဘူး။ ဒီအဝါရောင် ခေါင်းစီး စစ်သည်တော်က တစ်ယောက်ယောက်ကို သတ်ပြီး ရတနာကို လုယူသွားတာကို မြင်
လိုက်ရတယ်။ ပစ္စည်းက သူ့ဆီမှာ ရှိနေရမှာလေ။
“ ထျန်းတျန်းက ယူသွားတာ ဖြစ်နိုင်မလား”
“ဟုတ်တယ်။ ဒီကောင်က ချော်ထွက်နေတဲ့ ငါးနဲ့တူတယ်။ ငါတို့က သူ့နောက်ကို အကြိမ်ကြိမ်လိုက်ခဲ့ပေမယ့် တစ်ကြိမ်တစ်ခါတော့ လွတ်မြောက်သွားသေးတယ်”
“မတတ်နိုင်ဘူး။ အဲဒီလူက ကျင့်ကြံသူ အယောက်နှစ်ဆယ်ကျော်ကို သတ်ပြီး မရေမတွက်နိုင်တဲ့ ရတနာတွေကို လုယူခဲ့တာ။ သူ့ကို ဖမ်းဖို့ လွယ်မှာ မဟုတ်ဘူး”
ဟန်ဝူက စိတ်ပျက်လက်ပျက်ဖြင့် မျက်ခုံးကို ပွတ်လိုက်သည်။
တျန်းထျန်းဟုလူသိများသောရာဇ၀တ်ကောင်သည်အဆင့်မြင့် ကျင့်ကြံသူမဟုတ်
ချေ။ သူသည် ချီအသွင်ပြောင်းခြင်း အဋ္ဌမအဆင့်တွင်သာ ရှိသေးသည်။
သူ၏သိုင်းပညာရပ်များသည် ဂိုဏ်းကြီးသုံးခုမှ တပည့်များလောက် မကောင်းမွန်သော်လည်း အခြားသော လေ့ကျင့်ရေးဆရာများထံမှ နှင့် ရတနာများစွာကို လုယူသွားခဲ့သည်။
သူ့ကို ဝိုင်းရံခံရတိုင်း ဓားနှင့် ရတနာများကို လွတ်မြောက်အောင် အသုံးချပြီး ဖောက်ထွက်နိုင်သည်။
ထို့အပြင် သူသည် အလွန်လိမ္မာပါးနပ်သူဖြစ်သည်။ အများစုကတော့ သူကိုယ်တိုင် ဝင်ရောက်လုပ်ဆောင်တာ မဟုတ်ချေ။ ယင်းအစား သူသည် အမှောင်ထဲတွင် ပုန်းနေပြီး အခြား ကျင့်ကြံသူများကို လုယက်သတ်ဖြတ်ရန် ရုပ်သေးအဆောင်ကို ထိန်းချုပ်ခဲ့သည်။
ဟန်ဝူနှင့် သူ၏လက်အောက်ငယ်သားများသည် ထျန်းတျန်းကို သုံးလကျော် လိုက်ရှာနေခဲ့သည်။ သူတို့သည် သူ့ကို ခြုံခိုတိုက်ခိုက်ပြီး ငါးကြိမ်ထက်မနည်း ဝိုင်းရံခဲ့ကြသော်လည်း အောင်မြင်ခါနီးတွင် မအောင်မြင်ခဲ့ကြပေ။ ဒီအတွက် သူ့ကို အထက်လူကြီးတွေက အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြစ်တင်ရှုတ်ချခဲ့သည်။
ဤတစ်ကြိမ်တွင် ထျန်းတျန်းကို ဖမ်းရန် ပျက်ကွက်ခဲ့ရုံသာမက သူနောက်မှပါလာသော အရာများကိုလည်း ဆုံးရှုံးခဲ့သည်။ သူပြန်လာတဲ့အခါ သူ့အထက်လူကြီးတွေက ဆူပူကြိမ်းမောင်းအုံးမည်ပင်။
ထိုအတွေးသည် ဟန်ဝူအား ခေါင်းကိုက်စေခဲ့သည်။
သူ့လက်အောက်ငယ်သားများထဲမှ တစ်ယောက်က ငုတ်တုတ်ထိုင်ကာ တိုးတိုးလေးပြောလေ၏ “ ဆရာ ၊ ဒီအဝါရောင် ခေါင်းစီးစစ်သည်တော်က ထွက်ပြေးတုန်း တစ်နေရာရာမှာ ဝှက်ထားတာ ဖြစ်နိုင်မလား”
ဟန်ဝူက မျက်မှောင်ကြုတ်လိုက်သည်။
သူတို့လိုက်ဖမ်းတုန်းက ညသည် မှောင်မိုက်နေပြီး လမ်းသွားလမ်းလာ အများအပြားက လမ်းတစ်လျှောက် အမြင်အာရုံများကို ပိတ်ဆို့ထားကြသည်။ အဝါရောင် ခေါင်းစီးစစ်သည်တော်သည် အဆိုပါ ပစ္စည်းကို တစ်ဝက်တစ်ပျက်မှာ ဝှက်ထားရင်တောင် ၎င်းကို တွေ့ရှိနိုင်မည် မဟုတ်ချေ။
ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဟန်ဝူက သက်ပြင်းချကာ “ငါတို့ လာခဲ့တဲ့လမ်းကို သွားရှာရအောင်”
ရှာတွေ့ဖို့ မျှော်လင့်ချက် အနည်းငယ်သာ ရှိသော်လည်း ခရီးထွက်ရသေးသည်။ သူ ကံကောင်းနိုင်သေးသည်။
လက်အောက်ငယ်သား အချင်းချင်းက ကြည့်ရင်း ပျော့ညံ့စွာ ခေါင်းညိတ်ကြသည်။
ဟန်ဝူက သူ့လက်အောက်ငယ်သားတစ်ဦးကို ခေါင်းကိုရိုက်လိုက်ပြီး ဒေါသတကြီးနဲ့ ပြောသည် ။
“မင်းတို့အားလုံး ဘာလို့ စိတ်ဓာတ်ကျနေတာလဲ။ အားလုံး ပျော်ပျော်နေကြ”
“ငါတို့ ထျန်းတျန်းကို သုံးလကျော်လောက် လိုက်ရှာနေတာ။ သူ့မှာ ရုပ်သေးအဆင့်ဘယ်လောက်ပဲရှိရှိ၊ အဲဒါတွေကို အခုအချိန်
သုံးပြီးနေပြီ ။ နောက်တစ်ခါကျ ဖမ်းနိုင်မယ်ဆိုတာ ငါသိနေတယ်”
ဟန်ဝူက ပြောပြီးနောက် သူ့လက်အောက်ငယ်သားများရဲ့ စိတ်ဓာတ်က အနည်းငယ် မြင့်တက်လာသည်။ သူတို့က ပြန်လည် ရွှင်လန်းလာပြီး သူတို့လာရာလမ်းကို လိုက်ရှာကြသည်။