← Chapters

တတိယ ကိုယ်ပွါး

Vol. 1 Ch. 10

တတိယ ကိုယ်ပွါး

Vol. 1 Ch. 10

ရာဇ၀တ်ကောင်များကို လိုက်ဖမ်းသည့် ကိုယ်ခံပညာတည်မြဲရေးစံအိမ်အဖွဲ့နှင့် ပက်ပင်းတိုးခြင်းသည် သေးငယ်သော ကြားကာလဖြစ်ရပ်တစ်ခုမျှသာဖြစ်ပြီး

လင်းရှန်က ၎င်းကို အမြန်မေ့သွားခဲ့သည်။

ထိုအချိန်မှစ၍ အတန်းတက်လိုက် ၊ကိုယ်ခံပညာကျောင်းသို့ တစ်ရက်လျှင် နှစ်နာရီခန့် သွားလိုက်နှင့် ကျင့်ကြံခြင်းအပေါ် အာရုံစိုက်ခဲ့သည်။

ကိုယ်ပွါးနှစ်ကောင်ကလည်း နေ့ရောညပါ မမောမပန်း အားစိုက်ထုတ်ကြသည်။

အချိန်တွေကုန်တာမြန်သွားသည်။

တစ်ပတ်အကြာတွင် လင်းရှန်ကဖြတ်ကျော်ခဲ့သည်။

[အမည်-လင်းရှန်]

[စွမ်းရည်- သာမန်အထက်]

[အဆင့်- ချီအသွင်ပြောင်းခင်း အဆင့် (၅) ၂%]

[နည်းစနစ်- မူလအသက်ရှူခြင်းနည်းစနစ်( အထူးကျွမ်းကျင်မှု ၃၂%)၊နေမီးတောက်လက်ဝါး (အစပြုသူ ၇၇%)]

[ကိုယ်ပွားအရေအတွက်- ၂ (၁၀၀%)]

“ချီအသွင်ပြောင်းခြင်း အဆင့် (၅)”

လင်းရှန်က သက်ပြင်းချလိုက်ပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

သူ၏ ကျင့်ကြံမှုအဆင့်သည် သူမျှော်လင့်ထားသည်ထက် ပိုမြန်လာသည်။ အဆင့် (၄)မှ အဆင့် (၅)အထိ ဖြတ်ကျော်ရန် စုစုပေါင်း ရှစ်ရက်သာ အချိန်ယူရသည်။

အဲဒီလို အံ့အားသင့်စရာကောင်းတဲ့ ကျင့်ကြံမှုအရှိန်ကို တခြားလူတွေသာ ကြားရင် သူတို့ မျက်လုံးတွေ အံ့ဩသွားလိမ့်မည်ပင်။

“ပြီးတော့ တတိယကိုယ်ပွားရဲ့ တိုးတက်မှုက (၁၀၀%)အထိရောက်နေပြီ”

လင်းရှန်သည် သူ့မျက်နှာချင်းဆိုင်တွင် တင်ပျဉ်ခွေထိုင်နေသော ကိုယ်ပွါးနှစ်ကောင်ကို ကြည့်လိုက်သည်။ အတွေးတစ်ခုနဲ့တင် မှုန်ဝါးဝါး အရိပ်တစ်ခုက သူ့ခန္ဓာကိုယ်မှ ရုတ်တရက် ခွဲထွက်သွားပြီး မီတာအနည်းငယ်အကွာသို့ လျှောက်သွားခဲ့သည်။

ထို့နောက် အရိပ်သည် လျင်မြန်စွာ စုစည်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူနဲ့တူတဲ့လူတစ်ယောက် ဖြစ်သွားသည်။

[ ကိုယ်ပွါး ၃]

[စွမ်းရည်-သန့်စင်သော ယန်ခန္ဓာကိုယ်]

[အဆင့်-ချီအသွင်ပြောင်းခြင်း အဆင့် (၅) ၂%]

[လက်ရှိကျင့်ကြံမှု- မရှိ]

“သန့်စင်သော ယန် ခန္ဓာကိုယ်”

လင်းရှန်၏ အမူအရာက ပြောင်းသွားပြီး သူသည် ကိုယ်ပွားအသစ်ကို ချက်ချင်းအာရုံစိုက်လိုက်သည်။

[သန့်စင်သော ယန်ခန္ဓာကိုယ် - ယန်အမျိုးအစားကျင့်ကြံနည်းစနစ်များ၏ ကျင့်ကြံမှုအမြန်နှုန်း +၃၀၀%, ယန်အမျိုးအစားကျင့်ကြံနည်းစနစ်များ၏ စွမ်းအား +၁၀၀%]

လင်းရှန်း အသက်ရှုကြပ်သွားသည်။

ကျင့်ကြံမှုအရှိန်က ၃၀၀% တိုးလာမှာလား။

ဒါက ဘယ်လို အယူအဆလဲ။

ခဏလေး

လင်းရှန်သည် နေမီးတောက်လက်ဝါးက

ယန်အမျိုးအစား ကျင့်ကြံမှုစနစ်တစ်ခုဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်လိုက်သည်။

လင်းရှန်က အလွန်ပျော်ရွှင်စွာဖြင့် ကိုယ်ပွါး (၃)ကို နေမီးတောက်လက်ဝါးသိုင်းကို ကျင့်ကြံခိုင်းလိုက်သည်။

ခဏကြာတော့ လေချွန်သံက ဧည့်ခန်းထဲမှာ ပဲ့တင်ထပ်နေသည်။

လင်းရှန် မျက်လုံးများက တဖြည်းဖြည်း တောက်ပလာသည်။

ဒါက နေမီးတောက်လက်ဝါးကို သူကျင့်ကြံပုံနဲ့လုံးဝမတူချေ။ကိုယ်ပွါး (၃) ၏ လက်ဝါးနည်းစနစ်လှုပ်ရှားမှုများသည် တောင့်တင်းခြင်း သို့မဟုတ် နှေးကွေးခြင်းမရှိသော ဝိညာဉ်ရေးရာ စွမ်းအားတစ်ခုဖြစ်သည်။

ဒီလို လှုပ်ရှားမှုတွေကို လူတစ်ယောက်မှာသာ မြင်ဖူးသည်။

အဲဒါကတော့ သူတို့ကို ကျင့်ကြံရေးအတန်းတွေ ပို့ချဖို့ တာဝန်ယူနေတဲ့ ဆရာခုံဟုန်ပင်။

သူ့ကျောင်းသားတွေကို နေမီးတောက်လက်ဝါးသင်ပေးတုန်းက ခုံဟုန်သည် လှုပ်ရှားမှုအနည်းငယ်ကို သရုပ်ပြခဲ့သည်။

ခုံဟုန်၏ နေမီးတောက်လက်ဝါးသည် အထူးကျွမ်းကျင်အဆင့်သို့ ရောက်ရှိနေပြီဟု ဆိုလို့ရသည်။

“ဒါက သန့်စင်သော ယန် ခန္ဓာကိုယ်ရဲ့ အကျိုးသက်ရောက်မှုပဲလား…”

လင်းရှန်က အံ့သြစွာ ရေရွတ်လိုက်သည်။

ကိုယ်ပွါး(၃)က နေမီးတောက်လက်ဝါးကို လေ့ကျင့်မှုပြီးသောအခါ လင်းရှန်သည် ချက်ချင်းပင် စနစ်မျက်နှာပြင်ကို ကြည့်လိုက်သည်။

[ကိုယ်ပွါး ၃]

[စွမ်းရည်- သန့်စင်သော ယန် ခန္ဓာကိုယ်]

[အဆင့်- ချီအသွင်ပြောင်းခြင်း အဆင့်(၅) ၂%]

[လက်ရှိကျင့်ကြံမှု - နေမီးတောက်လက်ဝါး ( အစပြုသူ ၇၇%+၁%)]

“လေ့ကျင့်မှုတစ်ခုပြီးရင် တိုးတက်မှု ၁%လား”

လင်းရှန်း အံ့သြသွားသည်။

သာမန်အထက် အရည်အချင်းရှိသူ ကိုယ်ပွါးနှစ်ယောက်သည်ပင်လျှင် ၁%တိုးရန် နေမီးတောက်လက်ဝါးကို ခြောက်ကြိမ်မှ ခုနစ်ကြိမ်အထိ ကျင့်ကြံရမည်ဖြစ်သည်။

ကိုယ်ပွါး (၃) နှင့် နှိုင်းယှဉ်ပါက ၎င်းတို့သည် အလွန်အားနည်းနေသည်။

လင်းရှန်သည် ကိုယ်ပွါး (၃)ကို ရှားပါးရတနာတစ်ခုကဲ့သို့ ကြည့်လိုက်သည်။

သူသည် ချီအသွင်ပြောင်းခြင်းပဉ္စမအဆင့်သို့ ရောက်ရှိခဲ့သည်။ မိုးမခသင်တန်းကျောင်းတစ်ခုလုံးတွင်သာမန်ကျောင်းသားများကြား၌ ထိပ်တန်းဆယ်ယောက်အဆင့်အဖြစ်သတ်မှတ်ခံရနိုင်သည်။

အကယ်၍ သူသည် နေမီးတောက်လက်ဝါးတွင် အောင်မြင်မှုအချို့ကို ရယူနိုင်ပါကပြိုင်ပွဲတွင် အဆင့်တစ်ခုရရှိရန် သေချာလုနီးပါးဖြစ်သည်။

သူ့ရဲ့ နေမီးတောက်လက်ဝါးသာ ကျွမ်းကျင်အဆင့်ကို အရောက်လှမ်းနိုင်ခဲ့ရင် အနည်းဆုံး ပထမနေရာကို ရဖို့ ၈၀% အခွင့်အလမ်းရှိမှာပင်။

ကိုယ်ပွါး(၃)က အချိန်ကိုက် ရောက်လာခဲ့သည်။

လင်းရှန်းသည် အချိန်အတော်ကြာမှ စိတ်

ငြိမ်သက်သွားသည်။ ကိုယ်ပွါး (၃) ကိုကြည့်လိုက်တော့ လက်ဝါးနည်းစနစ်တစ်ခုလုံးကို လေ့ကျင့်ထားပေမဲ့ ချွေးတွေ တအားထွက်နေတာကိုသာ တွေ့ရသည်။

သန့်စင်သော ယန်ခန္ဓာကိုယ်က ယန်ကျင့်ကြံနည်းစနစ်များကို ကျင့်ကြံရာတွင် အထူးထိရောက်သည်။

“နောက်တစ်ခါကျ ကိုယ်ပွါး(၃)ကို နေမီးတောက်လက်ဝါးကို ကျင့်ကြံဖို့ အာရုံစိုက်

ခိုင်းမယ် ။ မူလအသက်ရှူခြင်းနည်းစနစ်အတွက်ကိုတော့ ကိုယ်ပွါး(၁)နဲ့(၂)ကိုလုပ်

ခိုင်းလိုက်မယ် “

လင်းရှန်သည် လျင်မြန်စွာ တွေးတောလိုက်သည်။

ဒါအပြင် သူက အခြေအနေအရ အရည်အချင်းတွေကို အချိန်မရွေး ပြောင်းနိုင်သည်။

သူသည် ကိုယ်ခံပညာကျောင်းတွင် အချိန်ပိုင်းအလုပ်လုပ်သောအခါ ဇွဲလုံ့လသို့ပြောင်းခဲ့သည်။

နေမီးတောက်လက်ဝါးကိုကျင့်ကြံသောအခါ သန့်စင်သော ယန်ကျင့်ကြုနည်းစနစ်ကို ပြောင်းသုံးသည်။

မူလအသက်ရှူနည်းကို ကျင့်ကြံသောအခါ သာမန်အထက်သို့ပြောင်းသည်။

အကယ်၍ သူသာ အိပ်စက်အနားယူရန် လိုအပ်သည့်ဆိုတဲ့အချက်ကို ဖယ်ထုတ်နိုင်ခဲ့ပါက သူ၏ ကျင့်ကြံမှုစွမ်းရည်သည် သူ၏

ကိုယ်ပွါးများကဲ့သို့ ကောင်းမွန်နိုင်သည်။

“စတုတ္ထကိုယ်ပွားကို ဖန်တီးဖို့ အချိန်

ဘယ်လောက်ကြာမလဲလို့ တွေးနေမိတယ်။”

[ကိုယ်ပွါး ၄]

[ဖွဲ့စည်းခြင်း : လက်ရှိတိုးတက်မှု- ၀%]

လင်းရှန်သည် စနစ်မျက်နှာပြင်ကို ကြည့်ရင်း ခံစားချက်များ ပြည့်နှက်နေသည်။

ကိုယ်ပွါးအရေအတွက် တိုးလာသည်နှင့်အမျှသူ၏ ခွန်အား တိုးလာတာလည်း ပို၍မြန်ဆန်လာသည်။

များမကြာမီ သို့မဟုတ် နောက်ပိုင်းတွင် သူသည် ပါရမီရှင်များဟု ခေါ်သောသူများထက် သာလွန်နိုင်လိမ့်မည် ။

ကျယ်ဝန်းပြီး တောက်ပသော အားကစားရုံတွင် ကျောင်းသား ဒါဇင်ပေါင်းများစွာသည် နေမီးတောက်လက်ဝါးကို လေ့ကျင့်နေကြသည်။

ခုံဟုန်သည် လူစုလူဝေးကြားတွင် လှည့်ပတ်ကြည့်ရှုနေပြီး ကျောင်းသားများ၏ အမှားများကို ရံဖန်ရံခါ ပြင်ပေးနေသည်။

လင်းရှန် ရှေ့ကဖြတ်သွားသောအခါတွင် သူနှစ်သက်သော ဤကျောင်းသားကို တစ်

ချက်ကြည့်လိုက်ပြီး သူ့ဘာသာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် ရှေ့သို့ ဆက်လျှောက်လာသည်။

သို့သော်လည်း ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ခုံဟုန်က ရုတ်တရက် လှည့်၍ ပြန်သွားခဲ့သည်။ သူက မျက်လုံးပြူးပြီး လင်းရှန်ကို ကြည့်လိုက်တော့ သူ့အကြည့်တွေက တဖြည်းဖြည်း အံ့သြမှုတွေ ပြည့်နှက်နေသည်။

“ချီအသွင်ပြောင်းခြင်းအဆင့်(၅)”

ခုံဟုန်သည် သူ့မျက်လုံးများကို ပွတ်သပ်ကာ

ဂယောင်ခြောက်ချားဖြစ်နေသလားဟု တွေးနေသည်။

သို့သော် သူဘယ်နှစ်ခါကြည့်နေပါစေ၊လင်းရှန်၏ကိုယ်ခန္ဓာမှ ထွက်ပေါ်လာသော အရောင်အဝါနှင့် သူ၏လှုပ်ရှားမှုတိုင်းမှ ခွန်အားများက ချီအသွင်ပြောင်းခြင်းအဆင့်၏ ပဉ္စမအဆင့်သို့ အမှန်တကယ်ရောက်ရှိသွားပြီဖြစ်ကြောင်း သက်သေပြခဲ့သည်။

ခဏရပ်ပြီးနောက် ခုံဟုန်သည် လင်းရှန်၏

ကျင့်ကြံမှုကို ကြားဖြတ်ခဲ့သည်။ သူက မဝံ့မရဲမေးလိုက်သည်။

“လင်းရှန် မင်း ချီအသွင်ပြောင်းခြင်းအဆင့်ရဲ့ ပဉ္စမအဆင့်ကို ရောက်သွားတာလား”

လင်းရှန်သည် သူ၏လေ့ကျင့်မှုကို ရပ်လိုက်ပြီး တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့ဆရာခုံ”

ဒါကို ခုံဟုန်က မျှော်မှန်းထားပေမဲ့ လင်းရှန် ဝန်ခံတာကို ကြားတော့ မနေနိုင်တော့ချေ။

လင်းရှန် စတုတ္ထအဆင့်ကို ရောက်သွားတာ ရှစ်ရက်ပဲ ရှိသေးတယ် မဟုတ်လား?

အချိန်တိုလေးအတွင်းမှာ သူနောက်ထပ် အောင်မြင်မှုတွေ ရခဲ့သည်။ အဲဒီအရှိန်က မယုံနိုင်လောက်အောင်ပင်။

ခုံဟုန်က သူ အမှားလုပ်မိသလားလို့ တွေးမိနေသည် ။ ဒါမှမဟုတ် လင်းရှန်က အနှစ်တစ်ရာအတွင်း တစ်ကြိမ်သာ ပေါ်ထွန်းသော ပါရမီရှင်တစ်ဦး ဖြစ်နိုင်လား။

ခုံဟုန်သည် ပါးစပ်အဟောင်းသားဖြင့် မြေပြင်ပေါ်တွင် အမြစ်တွယ်ရပ်နေသည်ကို မြင်လိုက်ရသဖြင့် လင်းရှန်သည် သူ့လည်ချောင်းကို ရှင်းထုတ်ပြီး သူပြင်ဆင်

ထားခဲ့သော ရှည်လျားသည့် ရှင်းပြချက်ကို ပြောပြသည်။

“အဲဒါကို ပြောရရင် ဆရာခုံကို ကျေးဇူးတင်ရမယ်။ ကျွန်တော်ကို ဝိညာဉ်သားရဲအသားဝယ်ဖို့ ပိုက်ဆံရနိုင်တဲ့ အဲဒီအချိန်ပိုင်းအလုပ်နဲ့ မိတ်ဆက်ပေးမထားဘူးဆိုရင် ဒီလောက်

မြန်မြန်ဖြတ်ကျော်နိုင်မှာ မဟုတ်ပါဘူး”

“ဒါပဲလား…” ခုံဟုန်က အံ့အားသင့်သွားသည်။

လင်းရှန်သည် အမှန်တကယ် ပါရမီရှင်ဖြစ်

တာကို သူသည် နှစ်နှစ်ကြာအောင် သတိမပြုမိခဲ့ပေ။

လင်းရှန်က ဖြစ်နိုင်သည်ဟု သူဆုံးဖြတ်လိုက်သည်။ သူ့တွင် ကျင့်ကြံမှုကို အထောက်အကူပြုနိုင်သော ဝိညာဉ်သားရဲ အသားများ ရှိနေသောကြောင့် စည်းချက်ကျကျ တိုးတက်လာခဲ့တာ ဖြစ်သည်။ ဤ ဖြတ်ကျော်မှုကို မပြုလုပ်မီ သူသည် အချိန်အတော်ကြာ စုဆောင်းထားနိုင်ခဲ့တာ ဖြစ်မည်။

ခုံဟုန်သည် ထိုကဲ့သို့တွေးလိုက်သောအခါ တုန်လှုပ်ခြောက်ခြားခြင်းမရှိတော့ပေ။

ဒါပဲဖြစ်ရမည်။ ရှစ်ရက်အတွင်း အဆင့်တစ်ဆင့်တက်ဖို့က မယုံနိုင်

လောက်အောင်ပင်။

လင်းရှန်အပေါ် ခုံဟုန်၏ အကဲဖြတ်မှုက သိသိသာသာ တိုးလာသည်။

တကယ့်ကို ရှားပါးတဲ့ အရည်အချင်းတစ်ခုပင်။

ကံမကောင်းစွာဖြင့် သူသည် နေမီးတောက်

လက်ဝါးတွင် မကျွမ်းကျင်ဘဲ အစပြုသူ အဆင့်သာ ရှိသေးသည်။

အကယ်၍ သူသာ အရည်အချင်းပြည့်မီပါက ရက်ပေါင်း (၂၀) အတွင်း ပြိုင်ပွဲတွင် ထိပ်ဆုံးဆယ်ဦးအဆင့် ဝင်ရောက်နိုင်မည်ဖြစ်သည်။

လင်းရှန်သည် ခုံဟုန် ဘာတွေတွေးနေသည်ကို မသိချေ။ ခုံဟုန်က သူ့ရှင်းပြချက်ကို လက်ခံလိုက်ပုံရသည်ကို မြင်လိုက်ရသဖြင့် သက်ပြင်းချမိသည်။

“ ငါ့ရဲ့အရောင်အဝါကို ထိန်းထားဖို့ နည်းစနစ်တစ်ခုကို ရှာဖွေရမဲ့ပုံပဲ။ မဟုတ်ရင် တခြားသူတွေရဲ့ အာရုံစိုက်မှုကို အချိန်တိုင်း ရနေလိမ့်မယ်” လင်းရှန်က သူ့ဘာသာ တွေးလိုက်သည်။

ခုံဟုန်ငြိမ်သက်သွားချိန်တွင် လင်းရှန်အနီးရှိ ကျောင်းသားများသည် ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။

“ လင်းရှန်က ချီအသွင်ပြောင်းခြင်းအဆင့်ရဲ့ ပဉ္စမအဆင့်ကို ဖြတ်ကျော်သွားပြီလား။”

“မိုက်တယ်..ဒါက တကယ်လား။ သူပြီးခဲ့တဲ့အပတ်က စတုတ္ထအဆင့်ကို တက်ခဲ့တာမဟုတ်လား”

“ ဆရာခုံ ကိုယ်တိုင်ပြောတာလေ ။ အဲ့တာ အမှန်ဖြစ်ရမယ်”

“ဒါက အရမ်းမြန်လွန်းတာပဲ”

“ဒီတစ်ခါ ငါတို့အတန်းမှာ ပဉ္စမအဆင့်ကျောင်းသားတွေရှိနေပြီ”

“ဒီကျင့်ကြံမှုအဆင့်က သူ့ကို ဒီနှစ်ရဲ့ထိပ်တန်းဆယ်ယောက်မှာ သေချာပေါက်ရောက်စေနိုင်တယ်”

အားလုံးက အချင်းချင်း ဆွေးနွေးကြပြီး လူအများက လင်းရှန်ကို အံ့သြစွာ ကြည့်ကြသည်။

ကျန်ဟုန်ရှန်နှင့်ရှုယွမ်တို့သည် အလွန်တုန်လှုပ်သွားကြသည်။

ရှစ်ရက်အကြာတွင် လင်းရှန်သည် အမှန်

တကယ် ဖြတ်ကျော်နိုင်လိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ကြပေ။

သူသည် သာမန်အားဖြင့် အလွန် တိတ်ဆိတ်ပြီး သာမန်ဖြစ်သော်လည်း သူ၏ ကျင့်ကြံမှုအဆင့်သည် မကြာသေးမီကမှဘာကြောင့် ဤမျှ မြန်ဆန်စွာ တိုးတက်လာသနည်း။ သူက ဒုံးပျံစီးပြီးကျင့်ကြံနေပုံရသည်။

All Chapters