← Chapters

ပလေးဘွိုင်းကောင်လေး

Vol. 1 Ch. 11

ပလေးဘွိုင်းကောင်လေး

Vol. 1 Ch. 11

အတန်းပြီးသောအခါ သူ့ပတ်ဝန်းကျင်တွင် စုဝေးနေပြီး မေးခွန်းများမေးရန် ကြိုးပမ်းနေသော ကျောင်းသားများကို လင်းရွှမ်က ရင်ဆိုင်နေရသည်။

နောက်ဆုံး လူအုပ်ကြီး လူစုခွဲသွားသောအခါတွင် သူ၏ နဖူးပေါ်၌ ချွေးအထပ်လိုက် ရှိနေပြီး သူမည်မျှ အားစိုက်ထုတ်ခဲ့သည်ကို ပြသနေသည်။

လင်းရှန်သည် ရုတ်တရက် သူ့အတိတ်ကို လွမ်းဆွတ်သွားသည်။ ကျန်ဟုန်ရှန်၊ ရှုယွမ်တို့နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိတာကလွဲရင် သူ့သည် အတန်းထဲတွင် ပါဝင်မှုများစွာမရှိခဲ့သလို သူနှင့်မရင်းနှီးသောသူများနှင့်လည်း ဆက်ဆံရန်မလိုအပ်ခဲ့ပေ။

“လင်းရှန်… မင်း မကြာသေးခင်ကမှ ဖြတ်ကျော်ခဲ့တာမလား။ ဘယ်လိုလုပ် အဲ့လောက် တိုးတက်လာခဲ့တာလဲ “

ထိုအချိန်တွင် ကျန်ဟုန်ရှန်ရောက်လာပြီး လင်းရှန်ကို မယုံနိုင်စရာ ဖြစ်တည်မှုကို ကြည့်ရှုနေသကဲ့သို့ ကြည့်နေသည်။

သူ့အနားမှ ရှုယွမ်သည်လည်း အလားတူအမူအရာရှိနေသည်။

သူတို့ ပိုကြိုးစားပြီး လင်းရှန်ကို အမှီလိုက်ဖို့ တွေးထားကြသည်။ ယခုတော့ သူတို့က အကောင်းမြင်လွန်းနေပုံရသည်။

လင်းရှန်၏ အရှိန်နဲ့ဆို သူတို့မည်မျှပင် ကြိုးစားပမ်းစားလုပ်လုပ် လိုက်မမှီနိုင်ချေ။

အခြားရွေးချယ်စရာမရှိသော လင်းရှန်သည် သူပေးခဲ့သောအကြောင်းပြချက်ကို ထပ်ခါတလဲလဲ ပေးခဲ့ရသည်။ နောက်ဆုံးတော့ သူ့သူငယ်ချင်းနှစ်ယောက်က ထိုရှင်းပြချက်ကို လက်ခံခဲ့ပြီး ထပ်မမေးတော့ချေ။

လင်းရှန်က ခေါင်းစဉ်ပြောင်းဖို့ အခွင့်အရေးယူပြီး ရှုယွမ်ကို “မင်းတို့ ဒိတ်မဲ့နေ့က

ဘယ်တော့လဲ? မင်းတို့ ရည်းစားဖြစ်သွားပြီလား “

မျှော်လင့်ထားသည့်အတိုင်း ရှုယွမ်၏အာရုံကို လွှဲသွားခဲ့သည်။ သူက ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းညိတ်လိုက်သည်။

ကျန်ဟုန်ရှန်က ရှုယွမ်၏ ပခုံးကို ပုတ်၍ ရယ်မောလိုက်သည်။ “သူ့ကို ငါတို့နဲ့ဘယ်တော့ မိတ်ဆက်ပေးမှာလဲ”

“မကြာခင်ပေါ့” ရှုယွမ်က ရယ်မောလိုက်သည်။ “နောက်ကျ ငါတို့ ကာရာအိုကေ သွားကြမယ်လေ ။ ငါကျွေးပါမယ်”

“ဒါဆို သဘောတူညီမှုရပြီ”

…

[ကိုယ်ပွါး ၃]

[စွမ်းရည်-သန့်စင်သော ယန်ခန္ဓာကိုယ် ]

[အဆင့်- ချီအသွင်ပြောင်းခြင်း အဆင့် ၅၊ ၂%]

[လက်ရှိကျင့်ကြံမှု- နေမီးတောက်လက်ဝါး (အစပြုသူ ၇၇%+၁၀%)]

တိုက်ခန်းသို့ပြန်ရောက်ပြီးနောက် လင်းရှန်သည် ကိုယ်ပွါး(၃)၏ တိုးတက်မှုကို ချက်ချင်းစစ်ဆေးခဲ့ပြီး ရလဒ်များက သူ့ကိုကျေနပ်စေသည်။

တစ်နေ့တည်းနဲ့ သူ၏ကျင့်ကြံမှုကို (၁၀)%တိုးစေခဲ့သည်။

ဒီအရှိန်နဲ့ဆို မနက်ဖြန် ဒီအချိန်ရောက်ရင် သူ့ရဲ့ နေမီးတောက်လက်ဝါးသည် ကျွမ်းကျင်မှုအဆင့်ကို ရောက်လိမ့်မည်ပင်။

“ သန့်စင်သော ယန်ခန္ဓာကိုယ်က အရမ်းမိုက်တယ်”

ခဏတာ ပျော်ရွှင်ပြီးနောက် လင်းရှန်သည် သူ့အာရုံများကို စုစည်းပြီး သူ၏ အရောင်အဝါကို ထိန်းထားရန် ကျင့်ကြံနည်းစနစ်ကို တွေးတောလိုက်သည်။

သာမန် ကိုယ်ခံပညာ ကျင့်ကြံနည်းစနစ်များနှင့် နှိုင်းယှဉ်ပါက လူတစ်ဦး၏ အရောင်အဝါကို ထိန်းထားနိုင်သည့် နည်းစနစ်များက ခက်ခဲသော်လည်း ရှိတော့ ရှိနေသည်။

သို့သော် လင်းရှန်လိုလူက ထိုအရာကို ရှာဖွေရန် အခွင့်အရေး အလွန်နည်းပါးသည်။

အချိန်အတော်ကြာစဉ်းစားပြီးနောက် ထိုနည်းစနစ်ကို ရရှိနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက စစ်မှန်သောကိုယ်ခံပညာဆိုင်ကရနိုင်တယ်ဆိုတာ သိလိုက်ရသည်။

စစ်မှန်သောကိုယ်ခံပညာဆိုင်သည် ကိုယ်ခံပညာကျင့်ကြံနည်းစနစ် အမျိုးမျိုးကို အထူးပြု ရောင်းချသည့် နဂါးမြို့တော်ရှိ ဆိုင်တစ်ဆိုင်ဖြစ်သည်။ ၎င်းသည် ဂိုဏ်းသုံးဂိုဏ်းက တရားဝင်ရောင်းချခွင့်ပေးသည့် တစ်ခုတည်းသော စီးပွားရေးအဖွဲ့အစည်းလည်းဖြစ်သည်။

လင်းရှန်ကျင့်ကြံခဲ့သော မူလအသက်ရှူခြင်းစနစ်နှင့် နေမီးတောက်လက်ဝါးနှစ်မျိုးလုံးကို စစ်မှန်သော ကိုယ်ခံပညာဆိုင်မှ ဝယ်ယူခဲ့တာဖြစ်သည်။

စစ်မှန်သော ကိုယ်ခံပညာဆိုင်မှလွဲ၍ အခြားသော ကျင့်ကြံနည်းစနစ်များကို ပြောင်ပြောင်တင်းတင်း ရောင်းချသည့် မည်သည့်ဆိုင်များကိုမဆို ဂိုဏ်းသုံးခု စီရင်စုက တားမြစ်ပြီး အပြစ်ပေးမည်ဖြစ်သည်။

သို့သော် မူလ အသက်ရှူခြင်းနည်းစနစ်နှင့် အခြေခံ ကျင့်ကြံနည်းစနစ်သုံးမျိုးမှလွဲ၍

စစ်မှန်သော ကိုယ်ခံပညာဆိုင်မှ ရောင်းချသည့် အခြားကျင့်ကြံနည်းစနစ်များသည် မယုံနိုင်လောက်အောင်စျေးကြီးသည်။ သန်းပေါင်းများစွာမဟုတ်ပါက ၎င်းတို့သည် ထောင်ဂဏန်း သို့မဟုတ် သောင်းနှင့်ချီသော နတ်ဝိညာဉ်င်္ဒဂါးများအထိ တန်ကြေးရှိသည်။ ထိုအရာတွေက လင်းရှန်တတ်နိုင်သည့်အရာနှင့် ဝေးကွာလွန်းသည်။

“လူတစ်ယောက်ရဲ့ အရောင်အဝါကို ထိန်းထားနိုင်တဲ့ ကျင့်ကြံနည်းစနစ်ရဲ့ စျေးနှုန်းတွေကဘသာမန်အရာတွေထက် ပိုစျေးကြီးတယ်။ လက်ရှိငွေကြေးနဲ့ဆိုရင်တော့ လုံးဝ မတတ်နိုင်ဘူး”

လင်းရှန်က ခေါင်းကို ခါယမ်းကာ ထိုကိစ္စကို ခေတ္တဘေးဖယ်ထားပြီး စနစ်

မျက်နှာပြင်ကို ဆင့်ခေါ်လိုက်သည်။

[ကိုယ်ပွါး ၄]

[ပေါင်းစပ်ခြင်း : လက်ရှိတိုးတက်မှု- ၅%]

“တစ်နေ့ကို ၅% နဲ့ ဆို ကိုယ်ပွါးအသစ်ကို ဖန်တီးဖို့ ရက် (၂၀)ကြာမယ်။”

လင်းရှန်က စိတ်လှုပ်ရှားလာသည်။

နောက်ထပ် (၁၉) ရက်ကြာသောအခါတွင် သူသည်အခြားကိုယ်ပွါးတစ်ခုကို ရမည်။ အဲဒီနောက်မှာတော့ သူ့ရဲ့ကျင့်ကြံမှုအရှိန်က အဆင့်သစ်တစ်ခုအထိ တိုးလာမည်ပင်။

လင်းရှန်သည် ကိုယ်ပွားများ၏ လှုပ်ရှားမှုအကွာအဝေးကိုလည်း စမ်းသပ်ခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း ပဉ္စမအဆင့်သို့ဖြတ်ကျော်ပြီးနောက် သုံးစွဲမှု သုညအကွာအဝေးကို မီတာ (၅၀) အထိ တိုးမြှင့်နိုင်ခဲ့သည်။

ကိုယ်ပွါးတစ်ခုတည်းဆို မီတာ (၃၀၀)အကွာအဝေးကို မိနစ်ဝက်ကြာအထိ သွားနိုင်သည်။

“အဲဒါကောင်းတယ်။ အနည်းဆုံးတော့ တိုက်ခန်း အဆောက်အဦး အနီးတစ်ဝိုက်မှာကိုယ်ပွါးတွေက စိတ်ကြိုက်သွားနိုင်တယ်”

ဆိတ်ငြိမ်သောနေမင်း ကိုယ်ခံပညာကျောင်းရှိ တိုက်ခိုက်ရေးအခန်းတွင်

ယန်ကျုံးရီက လင်းရှန်၏ ဘယ်ဘက်ပခုံးကို ရိုက်ချလိုက်တာကြောင့် ခိုင်ခံ့သော ကြွေပြား ကွဲအက်သွားသည်။ သို့သော် လင်းရှန်သည် ပြန်မပြင်ဆင်မီတွင် အနည်းငယ်မျှသာ တုန်လှုပ်သွားခဲ့သည်။ လင်းရှန်က တိုက်ခိုက်မှုကို တားဆီးရန် လက်နှစ်ဖက်လုံးကို ရှေ့သို့တင်ကာ ခံစစ်အနေအထားနဲ့ ခုခံခဲ့သည်။

“ဘာလဲ”

ယန်ကျုံးရီသူ့ကို အံ့သြတကြီးကြည့်ကာ မသေချာမရေရာ ပြောလိုက်သည် ။

“မင်းက ပိုသန်မာလာပုံပဲ”

ဖြတ်ကျော်မှုအကြောင်းကို လူတော်တော်များများ သိထားပြီးသားဖြစ်တာကြောင့် လင်းရှန်က အဲဒါကို ဖုံးကွယ်ဖို့ မရည်ရွယ်ထားချေ။ ဒါကိုကြားတော့ သူက “မနေ့က ချီအသွင်ပြောင်းခြင်း ပဉ္စမအဆင့်ကို ရောက်သွားတာ” ဟု ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။

ယန်းကျုံးရီက မျက်ခုံးပင့်လိုက်သည်။

လင်းရှန်သည် လွန်ခဲ့သည့် အပတ်ကမှ စတုတ္ထအဆင့်သို့ ဖြတ်သွားသည်ကို သူမသိသောကြောင့် အလွန်အံ့သြခြင်းမရှိပေ။ အဲဒီအစား သူက ကျယ်လောင်စွာရယ်မောလိုက်သည်။

“အဲဒါကောင်းတယ်။ ဒါဆို မင်းကြာကြာ ခံနိုင်ရည်ရှိနေပြီပေါ့။ ဒီနေ့ကနေစပြီး လေ့ကျင့်ချိန်ကို နှစ်နာရီလောက် ထပ်တိုးမလား။”

လင်းရှန်က အနည်းငယ် အံ့အားသင့်သွားသည်။ ထို့နောက် မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။

“ပြဿနာမရှိပါဘူး”

သူက ဒီထက်ပိုပြီး ပိုက်ဆံရှာနိုင်တာကြောင့် အဲဒါကို မလုပ်ဘူးဟု မပြောချေ။

ဘာဖြစ်ဖြစ် ဇွဲလုံ့လနဲ့ဆို မည်မျှပင်

ပင်ပန်းပါ၊ စေ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနိုင်သည်။

သဘောတူညီမှုရရှိပြီးသည်နှင့် ဆက်လက် အတန်းစကြသည်။

တိုက်ခိုက်ရေးအခန်းအပြင်ဘက်ရှိ စင်္ကြမှာတော့ ဂေါင်ကျန်သည် ယန်းကျုံးရီ၏ ပြင်းထန်သောတိုက်ခိုက်မှုအောက်တွင် သက်တောင့်သက်သာဖြစ်နေပြီဖြစ်သော လင်းရှန်ကိုကြည့်ကာ ရင်တွင်းမှသက်ပြင်းချလိုက်သည်။

“ ဒီကလေးကတော်တာပဲ။ သိပ်မကြာပေမယ့် သူက လေ့ကျင့်ရေးတွဲဖက်ကောင်းတစ်

ယောက် ဖြစ်နေပြီ။ ခုံဟုန်က ကျောင်းသားတွေကို စာသင်တာ တော်တော်ကောင်းတာပဲ”

မျက်စိတစ်မှိတ်အတွင်း နှစ်နာရီကြာသွားသည်။

မပြန်ခင်မှာ ယန်ကျုံးရီက လင်းရှန်ကို ပေါ့ပေါ့ပါးပါး ပြောခဲ့သည် “စကားမစပ် မကြာသေးမီကမှ အရှေ့ပိုင်းခရိုင်တွေမှာကျင့်ကြံသူ ရာဇ၀တ်ကောင်တွေ ပေါ်လာတယ်လို့ ငါကြားတယ်။ မင်းအဲဒီမှာနေတာ မလား။ အပြန်လမ်းမှာ သတိထားပြန်”

လင်းရှန်သည် အကာအကွယ်ပစ္စည်းများကို ဖယ်ရှားရင်း ရပ်နေသည်။ သူသည် လွန်ခဲ့သည့် တစ်ပတ်က သူတွေ့ခဲ့သော အဝါရောင် ခေါင်းစီးစစ်သည်တော်အား ပြန်

သတိရကာ နှလုံးက ခုန်တက်လာသည်။

သို့သော် သူသည် လျင်မြန်စွာ သတိပြန်ဝင်လာပြီး ယန်ကျုံးရီကို ပြုံးပြလိုက်သည်။

“ဟုတ်တယ်။ အခုလို ကြိုသတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ယန်ကျုံးရီက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းကာ အခန်းထဲက ထွက်သွားသည် ။

ထိုကာလအတွင်း လင်းရှန်နဲ့ယန်းကျုံးရီသည် ပို၍ရင်းနှီးလာခဲ့သည်။ ရံဖန်ရံခါတွင်ပင် သူတို့သည် စကားပြောကာ ရယ်မောဖြစ်ကြသည်။

လင်းရှန် ယခင်က မြင်ဖူးသော ဩဇာရှိသည့် မိသားစုများ၏ နောက်လိုက်များနှင့် မတူဘဲ ယန်းကျုံးရီသည် လင်းရှန်နှင့် ဖော်ရွေရုံသာမက ဆိတ်ငြိမ်သောနေမင်းကိုယ်ခံပညာကျောင်းရှိ အခြားသူများနှင့်လည်း ဆက်ဆံရေးကောင်းသည်။ သူက ပေါ့ပေါ့ပါးပါးနဲ့ နေတတ်ပြီး လူတိုင်းက သူ့ကို အထင်ကြီးကြသည်။

ဧည့်ကြိုနဲ့ ပရောပရည်လုပ်ရတာကို သဘောကျတတ်တာကလွဲလို့ တခြား အဆင်မပြေတဲ့ ချို့ယွင်းချက် မရှိချေ။

ယန်းကျုံးရီရဲ့ ပရောပရည်လုပ်တတ်တာတွေကိုတောင် ချို့ယွင်းချက်လို့ မမြင်ချေ။ အနည်းဆုံးတော့ သူနဲ့ ပရောပရည်လုပ်တဲ့ ဧည့်ကြိုတွေကလည်း စိတ်မဆိုးချေ ။ အဲဒီအစား သူတို့က ပိုပျော်နေကြသည်။

သူတို့က ယန်းကျုံးရီကို အကြိမ်များစွာ ပြုံးပြသည်ကို လင်းရှန်မြင်ဖူးသည်။

ယန်းကျုံးရီသည် အစွမ်းထက်ပြီး ရုပ်ရည်ချောမောသော ပလေးဘွိုင်း တစ်ယောက်ဖြစ်သည်။

ဒါကလည်း လင်းရှန်အနေနဲ့ ယန်းကျုံးရီအပေါ် အထင်ကြီးစရာပင်။

သူ့အား စိတ်ရှုပ်ထွေးစေသည့် တစ်ခုတည်းသောအချက်မှာ သြဇာကြီးသောမိသားစု၏ တပည့်တစ်ဦးအနေဖြင့် ယန်ကျုံးရီသည် အိမ်တွင် သူ၏လေ့ကျင့်ရေးတွဲဖက်အဖြစ် ကျွမ်းကျင်သူတစ်ဦးကို ငှါးရမ်းနိုင်သည်။ ဆိတ်ငြိမ်သော ကိုယ်ခံပညာကျောင်းကို နေ့တိုင်းလာဖို့ မလိုအပ်ချေ။

သို့သော် ယင်းသည် ယန်းကျုံးရီ၏ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သည်။ လင်းရှန်က ပဟေဠိဖြစ်နေသော်လည်း သူသည် မည်သည့်အရာမှ စုံစမ်းစစ်ဆေးရန် ရည်ရွယ်ချက်မရှိပေ။

ဆိတ်ငြိမ်သော ကိုယ်ခံပညာကျောင်းမှ ထွက်လာပြီးနောက် လင်းရှန်သည် တိုက်ခန်းဆီသို့ လျှောက်သွားသည်။

ဝိညာဉ်သားရဲအသားရောင်းတဲ့ဆိုင်က ဖြတ်သွားတဲ့အခါ ခါတိုင်းလိုပဲ ခေါင်းဖြူဝက်သားဝယ်ဖို့ ဝင်သွားသည်။

သူ၏ ကျင့်ကြံမှု အဆင့် တိုးလာသည်နှင့်အမျှ လင်းရှန်သည် ပိုစားလာပြီး သူ၏ အစာချေနိုင်စွမ်းသည် ယခင်ကထက် များစွာ တိုးတက်လာခဲ့သည်။

တစ်နေ့လျှင် ဝိညာဉ်သားရဲအသား ကီလိုဝက်သည် လင်းရှန်နှင့် သူ၏ကိုယ်ပွားနှစ်ခု စုပ်ယူနိုင်သည့် အမြင့်ဆုံးပမာဏထက် နည်းနေသည်။ ယခု သူမှာရှိသော ကိုယ်ပွါးအသစ်အတွက်တောင် မပါသေးချေ။

သို့သော် သူ့မှာ ပိုက်ဆံမရှိသောကြောင့်

လင်းရှန်သည် တစ်နေ့လျှင် ကီလိုတစ်ဝက်သာ ဝယ်နိုင်သည် ။

လေ့ကျင့်ရေးတွဲဖက်တစ်ယောက်အနေနဲ့ သူ့လစာက နှစ်ဆတိုးလာတော့ ပိုချမ်းသာလာသည်။ သူသည် သူ၏ဝိညာဉ်သားရဲအသားဖိုးကို နှစ်ဆတိုးရန် တွန့်ဆုတ်မနေချေ။

လင်းရှန်သည် သူ၏ကျင့်ကြံမှုကို တိုးတက်စေနိုင်မည့်အရင်းအမြစ်များဝယ်ရန် ငွေရှာခဲ့သည်။ ဤရှုထောင့်တွင် သူသည် တွန့်တိုနေမည်မဟုတ်ပေ။

အပြန်လမ်းတွင် လင်းရှန်သည် သူ့လက်ထဲတွင်ရှိသော ဝိညာဉ်သားရဲအသားအိတ်ကို လှမ်းကြည့်ကာ အထူးပျော်ရွှင်နေလေသည်။

သို့သော် အိမ်အပြန်လမ်းတွင် သူ့အမူအရာ က ရုတ်တရက် ပြောင်းလဲသွားသည်။ ထို့ကြောင့် အမြန်လှည့်ကြည့်လိုက်သည်။

သူ့ အထင်မှားတာလား မသိပေမယ့် အဲဒီအချိန်မှာ သူ့အပေါ် မကောင်းမြင်တဲ့ အကြည့်တွေကို ခံစားလိုက်ရသည်။

သို့သော်လည်း ပတ်ပတ်လည်ကို ကြည့်

လိုက်တော့ ထူးထူးခြားခြား ဘာမှ မတွေ့ချေ။

သူပြန်ပြီး စူးစိုက်ကြည့်လိုက်တော့ စူးစူးဝါးဝါး စိုက်ကြည့်နေတဲ့ ခံစားချက်က ပျောက်ကွယ် သွားသည်။

“ငါ အထင်မှားနေတာလား?”

လင်းရှန်က မျက်မှောင်ကြုတ်ပြီး ဆက်လျှောက်လာသည်။

ထူးဆန်းတဲ့အရာက သူ့တိုက်ခန်းပေါ်ရောက်တဲ့အထိ ဘယ်တော့မှ ပေါ်မလာတော့ချေ။

လင်းရှန်က သူ့ဘာသာ ရယ်လိုက်သည်။ ထို့နောက် သော့ကိုထုတ်ကာ တံခါးကိုဖွင့်ပြီး ဝင်လာခဲ့သည်။

All Chapters